Saturday, October 9, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၃၂) အဆက်

" ရှင်ကလည်း စကားကြော ရှည်နေလိုက်တာ။ တံခါးပိတ်ဆို မြန်မြန်ထပိတ်လိုက်တာမဟုတ်ဘူး။ ဒီမယ် ရှင်ဟာ ပိုက်ဆံတစ်ပြားမှ မရှိတော့တဲ့ လူမွဲတစ်ယောက်ဖြစ်ပေမယ့် ကျွန်မရဲ့ ချစ်သူပဲ။ ကျွန်မရဲ့ ခင်ပွန်းလောင်း လည်းဖြစ်တယ်။ ဒါကြောင့် အခုလို အချိန်မျိုးမှာ ကိုယ့်ခင်ပွန်းလောင်းနဲ့ ချစ်တင်းနှီးနှော တာ ဘာအပြစ်ရှိသလဲ "
နောက်တစ်နေ့နံနက် ဆယ်လီဆေးရုံမှဆင်းခွင့်ရသဖြင့် ခရိတ်ကိုယ်တိုင် သွားကြိုလေ သည်။

သူမသည် ဆေး၇ုံတက်ခဲ့စဉ်က ၀တ်ခဲ့သည့်အတိုင်း ဂျင်းဘောင်းဘီနှင့် ရှပ်အင်္ကျီတို့ကို ၀တ်ဆင်ထား လေသည်။
ခရိတ်၏ လင်းရိုဗာကားကိုမြင်လျှင် ဆယ်လီသည် အံ့အားသင့်သွားပုံ ရလေသည်။
"ဟင်…ဘယ်လိုလဲရှင့်၊ ရှင်ပြောတဲ့အတိုင်းဆိုရင် ကျွန်မတို့ဟာ ဆင်းရဲမွဲတေသူတွေ ဖြစ်နေကြပြီဆိုတော့ မော်တော်ကား တောင် စီးနိုင်တော့မှာ မဟုတ်ဘူးလို့ယူမိတယ်"
ဆယ်လီိက ပြောလျှင် ခရိတ်သည် ပြုံးလိုက်သည်။

"ကွန်ပျူတာစက်နဲ့ ငါ့ရဲ့ဘဏ္ဍာရေးအခြေအနေကို တွက်နေတာ မပြီးသေးဘူး နဲ့ တူတယ်။ လောလော ဆယ် မှာတော့ ငါအသုံးလိုရင် အကြွေးသုံးလို့ရတဲ့ အမေရိကန်ခရက်ဒစ်ကတ် (လက်မှတ်ထိုး ကြွေးယူ၍ ရသည့် ကတ်ပြား) ကအားလုံးက လက်ခံပြီးငါ သုံးချင်သလို သုံးနိုင်သေးတယ်ကွဲ့။ ဟဲ…ဟဲ…"
" တကယ်ဘဲလား ရှင်"
"တကယ်ပြောတာပါ ဆယ်လီရယ်။ နောက်တစ်ခုကလည်း ပေးဆပ်လျှော်ကြေးငွေ ဒေါ်လာ သိန်းငါးဆယ် လောက်ရှိနေတဲ့ လူတစ်ယောက်အဖို့ လောလောဆယ် ဒေါ်လာ နှစ်ရာလောက်သုံးတာ အကြောင်း မထူး လှပါဘူး။ မင်းစားချင်တာ စိတ်တိုင်းကျ စားရ အောင် အခုခေါ်သွားမယ်"
 ပြောပြော ဆိုဆို ခရိတ်သည် ဆယ်လီအား ကားပေါ်တက်စေပြီးနောက် မောင်းထွက် လေသည်။

"အခုအခြေအနေမှာ ငါတို့နှစ်ယောက်စလုံး အသက်ရှင်နေသေးတယ် မဟုတ်လား။ ဒါအရေးအကြီးဆုံးပဲ။ ငွေများများ ရှိတုန်းက အဲဒီငွေတွေ ဆုံးရှုံးမှာ စိုးရိမ်နေရတာမျိုးလည်း အခုတော့ မရှိတော့ဘူး။"
" ကျွန်မက ရှင့်ရဲ့အဖြစ်ကိုကြည့်ပြီး စိတ်မျကောင်းလို့်ပါရှင်။ အခုဆိုရင် ရှင့်မှာ ဘာပစ္စည်းမှ မရှိတော့ဘူး။ ရှိသမျှ အားလုံး ဆုံးရှုံးသွားပြီ မဟုတ်လား"
"ဒါတော့ ဟုတ်ပါတယ်။ ငါ့အနေနဲ့ တာခြားပစ္စည်းတွေ ဆုံးရှုံးတာကို တယ်ပြီးဝမ်းမနည်း လှပါဘူး။ ကင်းလင်း မွေးမြူရေး ခြံကြီးနဲ့ ဇမ်ဘေဇီမြစ်ရေ အပန်းဖြေစခန်း လက်လွှတ်လိုက် ရမှာကိုပဲ ၀မ်းနည်း မိတယ်။ အဲဒီနေရာနှစ်ခုက မင်းနဲ့ငါတို့အတွက် စိတ်ချမ်းသာမှုတွေ အများကြီး ပေးစွမ်းနိုင်တယ်။ နောက်ပြီး ငါ့နေနဲ့ တွန်ဂါတာ အတွက်လည်း ၀မ်းနည်းမိ တယ်။"
" ဟုတ်ပါရဲ့နော်၊ သူ့ ခမျာ ကျွန်ကတို့ကြောင့် ဘ၀ပျက်သွားရရှာတယ်။ ကျွန်မတို့အနေနဲ့ သူ့ကို တစ်နည်း နည်း နဲ့ ကူညီနိုင် ရင်သိပ်ကောင်းမှာပဲ"
ဆယ်လီ က တကယ့် စေတနာဖြင့် ပြောလိုက်ရာ ခရိတ်က ခေါင်းခါပြလေသည်။

ငါတို့အနေနဲ့ ဘာမှ မတတ်နိုင်ဘူးကွဲ့။ ကတ်ပတိန် နီဘေဘီက ဘယ်လိုပဲ  ပြောပြော၊ လောလောဆယ် တွန်ဂါတာ အသက်ရှင်နေသေးရဲ့ လား ဆိုတာတောင် ငါတို့ တထစ်ချမသိဘူး။ တကယ်ဆို အသက်ရှင် နေတယ်ပဲ ထားဦး သူဘယ်မှာ ရှိနေမယ်ဆိုတာ လိုက်ရှာရမယ်ဆိုတာလည်း ငါတို့ မသိဘူး"
စကား တပြောပြောနှင့်ပင် သူတို့သည် ဖရန်စစ္စတောင်းမြို့၏ လမ်းမကြီးအတိုင်း ဆက် မောင်းသွား ကြသည်။ခရိတ်က ဒေသအခြေအနေကို ရှင်းပြလေသည်။

"ဒီအရပ်ကို မြောက်ဘက်က ရတနာလို့ ခေါ်ကြတယ်။ လူဦးရေက နှစ်ထောင်လောက်သာ ရှိပေမယ့် အရက် ယမကာ မျိုးစုံ ထုတ်လုပ်တဲ့ စက်ရုံတွေ ရှိတယ်"
မကြာမီ သူတို့သည် တစ်ခုတည်းသောဟိုတယ်သို့ ရောက်သွားကြရာ ခရိတ်က ကားကို ဟိုတယ် အပြင်ဘက်တွင် ရပ်လိုက်သည်။
"စောစောက ငါပြောခဲ့တဲ့မြို့က လူဦးရေအားလုံးနီးပါးဟာ ဒီဟိုတယ် က အရက်ဘားခန်းမှာ ရောက်နေကြ လိမ့်မယ်။ မင်းကြည့်ရင် မြင်ရပါလိမ့်မယ်"
ခရိတ် က ယမကာဘားခန်းဘက်သို့ ညွှန်ပြရင်း ပြောလိုက်သည်။

ထိုဟိုတယ်၌ ခရိတ်က တည်းခိုနေသဖြင့် ဧည့်ခန်းမှ တာဝန်ကျ စာရေးမကလေးသည် သူ့အားသိနေပြီ ဖြစ်သည်။ မိန်းကလေးက ရုပ်ရည်ချောမောလှပသလောက် ဖော်ရွေသူ လည်းဖြစ်သည်။
"ဟဲလို မစ္စတာခရိတ်၊ ရှင့်ကို အမျိုးသမီးတစ်ယောက် လာစောင့်နေပါတယ်။ ဟောဟိုမှာ ရှိလေရဲ့"
မိန်းကလေးကပြောသဖြင့် ခရိတ်လည်း လှမ်းကြည့်လိုက်ရာ ဧည့်သည် အမျိုးသမီးအား ရုတ်တရက် မမှတ်မိ သဖြင့် ငေးကြည့်နေစဉ် ဆယ်လီက လျင်မြန်သွက်လက်စွာ ပြေး၍ ထိုအမျိုးသမီးအား ဖက်လဲ တကင်း နှုတ်ဆက်လိုက်တော့မှ ခရိတ်သည် မှတ်မိလေ  တော့သည်။

သူမသည် အခြားမဟုတ်၊ ဆာရာ အမည်ရှိ ကျောင်းဆရာမကလေးပင်တည်း။
" ဆာရာ... ဆာရာ ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲဟင်။ ကျွန်မတို့ကို ဘယ်လို လိုက်ရှာတာလဲ"
ဆယ်လီ က ဆရာမကလေးဆာရာအား မေးလိုက်သည်။ ခရိတ်၏ ဟိုတယ်ခန်းတွင် ပရ ဘောဂအဖြစ် တစ်ယောက်အိပ် ခုတင်နှစ်လုံး တခုံတစ်ခု၊ ကုလားထိုင်တစ်လုံးရှိပြီး ကြမ်း ပြင်ကို ကော်ဇော အညံ့စား တစ်ခု ခင်းထားလေသည်။

မန်းကလေးနှစ်ဦးသည် ခုတင်တစ်လုံးပေါ်တွင် ထိုင်လိုက်ကြသည်။
"ကြက်ခြေနီအသင်းက ပုဂ္ဂိုလ်တွေ ပြောပြလို့ သိရပါတယ်။ ရှင့်တို့နှစ်ယောက်ကို သဲကန္တာရ ထဲမှာ တွေ့ရလို့ နယ်ခြားရဲတပ်ဖွဲ့က မြို့ကိုခေါ်လာခဲ့တယ်လို့ပြောပါတယ်။ ရှင်တို့နှစ်ယောက်ကို သဲန္တာရထဲမှာ တွေ့ရလို့ နယ်ခြားရဲတပ်ဖွဲ့ကမြို့ကိုခေါ်လာခဲ့တယ်လို့ ပြောပါတယ်။ ပထမတော့ ကျွန်မစိတ်ထဲမှာ သိမ်ငယ်သလို ဖြစ်နေမိပါတယ်။ ၀န်ကြီး တွန်ဂါတာရဲ့ အမှုစစ်ပြီးတဲ့နောက်ပိုင်း ရှင်တို့က ကျွန်မကို တွေ့ချင်ပါ့မလားလို့ သံသယ ဖြစ်မိပါတယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ ကျွန်မရဲ့ မိတ်ဆွေတွေ ပြောပြချက်အရ ရှင်တို့ကို ဖွန်ဂါဘီရာရဲ့ စစ်သားများက မတရား နှိပ်စက်ညှင်းပန်းခဲ့တယ်လို့ သိရပါတယ်။ ကျွန်မအကြောင်းလည်း ရှင်တို့ သိနေလောက်ပြီလို့ ယူဆမိပါတယ်။ နောက်ပြီး ၀န်ကြီး တွန်ဂါတာဟာ ပြစ်မှုကျူးလွန်တဲ့ တရားခံ ရာဇ၀တ်ကောင် မဟုတ်ကြောင်း၊ သူမှာမိတ် ဆွေကောင်းတွေ လိုအပ်နေကြောင်းလည်း ရှင်တို့ သဘောပေါက်လောက်ပြီ ထင်ပါတယ်"

ဆရာသည် ဆယ်လီအား ပြောနေရာမှ ခရိတမ်ဘက်သို့ လှည့်လိုက်ပြန်သည်။
"မစ္စတာခရိတ်ရှင့် တွန်ဂါတာဟာ ရှင့်ရဲ့သူငယ်ချင်း မိတ်ဆွေဟောင်း ဖြစ်ပါတယ်။ သူကိုယ်တိုင် ရှင့်အကြောင်း ပြောပြလို့ သိရပါတယ်။ သူဟာ ရှင့်အပေါ်အလွန်ခင်မင် လေးစားသူလည်း ဖြစ်ပါတယ်။ သူဟာ ရှင်က ဇင်ဘာတွေနိုင်ငံကို ပြန်လာတာ သိရတော့ ရှင့်အတွက် တွန်ဂါတာက အထူးစိုးရိမ်မိခဲ့ပါတယ်။ ရှင်က ရှင်တို့မိသားစုပိုင်ဆိုင်ခဲ့တဲ့ မာတာလယ်လီနယ်က မြေယာကို ပြန်ပြီး အရယူချင်တာကို သိရတဲ့အတွက်လည်း ကြီးအကျယ် ဒုက္ခရောက်တော့မှာပဲလို့ သူက စိုးရိမ်ခဲ့မိပါတယ်။

တွန်ဂါတာက ပြောတော့ ရှင်ဟာ အလွန် စိတ်ထားနူးညံ့သိမ်မွေ့သူဖြစ်တဲ့အတွက် မကြာခင် ရင်ဆိုင်ရတော့မယ် အခြေအနေ ခရီးကြမ်းဒဏ်ကို ခံနိုင်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ သူက ရှင့်ကို စိတ်ကူယဉ်သမားတစ်ယောက်ပါလို့ ပြောပါတယ်။ သငူပြောခံတဲ့စကားကို ပြန်ပြောရရင် ဒီလူက အရင်တစ်ခါတုန်းက ခြေတစ်ဖက် ဆုံးရှုံးခဲ့တယ်။ အခုတစ်ခေါက်မှာတော့ အသက်ပါ ဆုံးရှုံးနိုင်တယ်။ ငါ့အနေနဲ့ သူ့မိတ်ဆွေကောင်း ပီသချင်ရင် သူ့ရန်သူလုပ်မှ ဖြစ်တော့မယ်။ သူ့ကို ဇင်ဘာတွေနိုင်ငံက ပြန်ထွက်သွားအောင် ဖြစ်တဲ့နည်းနဲ့ လုပ်မှပဲလို့ ပြောပါတယ်"
ဆရာက ပြောနေချိန်တွင် ခရိတ်သည် ၀န်ကြီး တွန်ဂါတာနှင့် တွေ့ဆုံခဲ့ပုံ၊ မိမိက ကင်းလင်းခြံကြီး ရယူနိုင်ရန်အတွက် အကူအညီးတောင်းရန် သွားသော်လည်း တွန်ဂါတာ က ရန်သူသဖွယ် ခါးခါးသီးသီး ဆက်ဆံခဲ့ပုံတို့ကို ပြန်လည် သတိရနေမိလေသည်။

ယခု ဆာရာပြောပြချက်အရဆိုလျှင် တွန်ဂါတာသည် ဟန်ဆောင်၍ မိမိအား ရန်သူလို ဆက်ဆံခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ဟန်ဆောင်ခြင်း အမှန်ဖြစ်ပါက တွန်ဂါတာသည် အလွန် သရုပ်ဆောင်ကောင်းသူတစ်ယောက်ဟု ဆိုရပေမည်။
"မစ္စတာခရိတ်ကို တောင်းပန်ပါတယ်။ ကျွန်မ အခုလိုပြောတာကို ခွင့်လွှတ်ပါနော်။ ကျွန်မက တွန်ဂါတာပြောခဲ့တဲ့အတိုင်း ပြန်ပြောပြရခြင်း ဖြစ်ပါတယ်။ သူဟာ တစ်ချိန်က ရှင့်မိတ်ဆွေတစ်ယောက်ဖြစ်ခဲ့သလို အခုလည်း သူဟာ ရှင့်မိတ်ဆွေ ဖြစ်နေပါသေးတယ်"

"အခု အခြေကျမှတော့ တွန်ဂါတာက ကျုပ်ကို ဘယ်လို သဘောထားတယ်ဆိုတာ အရေးမကြီး တော့ ပါဘူး။ အခုလောက်ဆိုရင် သူသေနေပြီ ထင်တယ် " 
 ခရိတ် က ဤသို့ ပြောလိုက်လျှူင် ဆာရာသည် ရုတ်တရက် ဒေါသထွက်လာပုံရသည်။ စကားပြောသည့် အသံ ကလည်း ပိုကျယ်လာသည်။
"မဟုတ်ဘူးရှင့် ဒီလိုမပြောပါနဲ့။ တွန်ဂါတာ မသေသေးပါဘူး။ အသက်ရှင်လျက် ရှိနေပါတယ်။ ကျွန်မ ကိုယ်တိုင် သူ့ကို မြင်ခဲ့ရတယ်။ စကားလည်း ပြောခဲ့ရပါတယ် "
ဤတွင် ခရိတ်သည် ချက်ချင်း စိတ်ဝင်စားလာသည်။

" ဟုတ်လား မင်းကိုယ်တိုင် သူ့ကို တွေ့ခဲ့ရသလား။ အဲဒါ ဘယ်တုန်းကလဲကွဲ့"
" လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကပါ"
" ဘယ်မှာ တွေ့ခဲ့တာလဲ"
" ဟို... တူတီစခန်းမှာပါပဲ"
" ဒါဖြင့် တွန်ဂါတာ ဟာ အသက်ရှင်နေသေူတာ အမှန်ပေါ့"

ပါးစပ်က ရေရွတ်ပြောဆိုလိုက်ရင်း ခရိတ်သည် ရုတ်တရက် စိတ်ဓာတ်တက်လာမိလေ သည်။ စောစော ကလို စိတ်ပျက်ခြင်း၊ အားငယ်ခြင်း မရှိတော့။
သူသည် ဆာရာကို မကြည့်ဘဲ သူမ၏ ခေါင်းပေါ်မှ နံရံကို ကြည့်နေမိလေသည်။ တွန်ဂါတာ မသေသေးဟု သိရသည်နှင့် ဦးနှောက်ထဲ ပေါ်လာသော စိတ်ကူးတို့်ကို ဆင်ခြင်သုံးသပ်နေမိခြင်းပင် ဖြစ်သည်။
သူ၏မျက်လုံးများက နံရံကိုသာ ကြည့်နေမိ၍လည်း ဆာရာ ငိုကြွေးနေသည်ကို မမြင်မိ ချေ။

ဆာရာသည် အကြီးအကျယ် စိတ်လှုပ်ရှားနေရာမှ ဆယ်လီက နှစ်သိမ့်အားပေးသည့် အနေဖြင့် သူမ၏ ပခုံးကို အသာဖက်ထားလိုက်သည်။
အို... အရှင်ဘုရားသခင် တွန်ဂါတာ ကို ကယ်တော်မူပါ။ ရှိုနာလူရိုင်းတွေက သူ့ကို မတရား နှိပ်စက် ခဲ့ ကြပါတယ်။ အစာရေစာ အငတ်ထားပြီး ရက်ရက်စက်စက် နှိပ်စက်ညှဉ်ပန်း ခဲ့ကြပါတယ်။ အခု တွန်ဂါတာ ခမျာ အားပြတ်ပြီး လမ်းလျှောက်တာတောင် အဘိုး အိုတစ်ယေက်လို တုန်ုတုန်ယင်ယင် လျှောက် နေရရှာတယ်။ သို့သော်လည်း သူ့မျက်လုံး များက တော့  ဇာတိမာန်အပြည့် ရှိနေပါသေးတယ်။

ဆာရာက ပါးစပ်မှ ဆုတောင်းရင်း ရေရွတ်နေပြန်ရာ ဆယ်လီက ဖတ်ထားလိုက်သည်။
ခရိတ်သည် ရုတ်တရက် ထိုင်ရာမှထပြီး အခန်းတွင်း၌ စင်္ကြလျှောက်နေလေသည်။ အခန်းက ကျဉ်းမြောက်းသဖြင့် ခြေလှမ်းလေးလှမ်းမျှ လမ်းရုံနှင့်  တစ်ဖက်နံရံသို့ ရောက်သွားပြီး ပြန်လှည့် လျှောက်ရ လေသည်။ ဒါထက် စက်ဆနာလေယာဉ်က ဘယ်တော့ အဆင်သင့် ဖြစ်မှလဲ ခရိတ်က လမ်းလျှောက်နေရာမှ ဆယ်လီအား မေးလိုက်သည်။

အရင်အပတ်ကတည်းက အဆင်သင့် ဖြစ်နေပြီလို့ ရှင့်ကို ကျွန်မပြောခဲ့တယ်မဟုတ်လား။
အဲဒီလေယာဉ်က လူအများဆုံး ဘယ်နှယောက် စီးလို့ရသလဲ။
စက်ဆနာလေယာဉ် နဲ့ ကျွန်မ လူကြီးခြောက်ယောက် တင်ခဲ့ဖူးတယ်။
အမှန်တော့ လေယာဉ်တည်ဆောက်ထားတာက ခရိးသည်ဦးရေ.....
ဆယ်လီသည် ပြောရင်း ရုတ်တရက် စကားကို ဖြတ်ထားလိုက်ခြင်းဖြစ်သည်။

ရှင်က ဘယ်လိုလဲ၊ ရှင်ရှုးနေပြီးလား
သို့ရာတွင်ခရိတ်သည် သူမ၏ မေးခွန်းကို လျစ်လျူရှုလျက်-
လေယာဉ် က လူအပြည့်တင်သွားရင် ဘယ်လောက်ဝေးဝေးအထိ ပျံသန်နိုင်သလဲဟု မေးလိုက် သည်။
မိုင်ပေါင်း တစ်ထောင်နှစ်ရာလောက်အထိ ပျံသန်းနိုင်တယ်။ နေစမ်းပါဦး ရှင့်၊ ရှင်က ဘာတွေများ စိတ်ကူး နေတာလဲ။
ထိုမေးခွန်းကိုလည်း ခရိတ်က ဂရုမစိုက်ဘဲ သူစိတ်ကူးရသည့်အတိုင်းသာ  ပြောဆိုလေသည်။

ငါက လင်းရိုဗာကားနဲ့ ဓာတ်ဆီပီပါနှစ်ပုံးလောက် တင်သွားလို့ဖြစ်တယ်။ မင်းက နယ်စပ်မှာ လေယာဉ်ခဏဆင်းပြီး ဓာတ်ဆီဖြည့်ထည့်နိုင်တယ်။
ဒီမယ် ခရိတ် တကယ်လို့ ကျွန်မတို့ကို သူတို့က ဖမ်းမိသွားရင် ဘာလုပ်မယ်ဆိုတာ သိရဲ့လား။
ထိုအချိန်၌ ဆာရာသည် ခရိတ်နှင့် ဆယ်လီတို့စကားပြောနေသည်ကို စိတ်ဝင်စားစွာ ကြည့်နေ လေသည်။
နောက်ပြီး ငါတို့ လက်နက်တွေလိုတယ်၊ ဘယ်ကမျာ ရနိုင်မလဲ၊ သံရုံးက မော်ဂင်ဆီက ရနိုင်မလား၊ ဟာ.... မဖြစ်နိုင်ပါဘူး၊ ဒီလူက ငါတို့ကို ဆက်ဆံတော့မှာ မဟုတ်ဘူး။
သေနက်တွေ လိုတာဟားဟင် ဆာရာက မေးလိုက်သည်။

သေနတ်တွေရော၊ လက်ပစ်ဗုံးတွေပ်၊ လိုတယ်။ ပြီးတော့ ဖောက်ခွဲဖို့ ဒိုင်းနမိုက် (ယမ်းဘီလူး) လည်း လိုတာယ်။ ရနိုင်သလောက် လိုချင်းတယ်။
ကျွန်မအနေနဲ့ သေနတ်တွေရအောင် ကြံပေးနိုင်ပါတယ်။ ကျွန်မတို့ လူတချို့က ထွက်ပြေး လွတ်မြောက်လာပြီး အခု ဒီဘော့ဆွာနာနိုင်ငံထဲမှာ ရောက်နေကြတယ်ရှင့်။ သူတို့အနေနဲ့ တော်လှန်ရေး စစ်ပွဲတုန်း က လက်ကျန် သေနတ်တွေကို တောထဲမှာ ၀ှက်ထားခဲ့ကြတယ်။

ဘယ်လို သေနတ်မျိုးတွေလဲ
သေနတ်ကတော့ ဘနားနားဂန်းလို့ခေါ်တဲ့ အမျိုးအစားပါပဲ။ ပြီတော့ လက်ပစ်ဗုံးတွေလည်း ရှိတယ်။
ဟုတ်လား အဲဒါ အေကေ-၄၇မောင်းပြန်သေနတ်တွေပဲ၊ သိပ်ကောင်းတာပေါ့။ ဒီမယ် ဆာရာ၊ မင်းက ဒီပွဲမှာ အဓိက ဇတ်ဆောင်တစ်ယောက် ဖြစ်နေပြီကွဲ့၊
ဆယ်လီသည် ခရိတ် စိတ်အားထက်သန်းပုံကို ကြည့်ပြီး စိုးရိမ်မကင်းဖြစ်လာလေသည်။
"ဘာလဲ ကျွန်မတို့နှစ်ယောက်တည်းနဲ့ သွားတိုက်မှာလား။ ကျွန်မတို့နှစ်ယောက်နဲ့ တတိယ တပ်မဟာ တစ်တပ်လုံး ကို ရင်ဆိုင်တိုက်မလို့လား"
ဆယ်လီက မေးလိုက်ရာ ဆာရာက ၀င်၍ ပြောလေသည်။

"ကျွန်မလည်း လိုက်ခဲ့ပါ့မယ်။ ကျွန်မတို့အင်အားက သုံးယောက်ဖြစ်လာပြီရှင်"
ဆယ်လီလည်း သဘောကျသွားမိလေသည်။
"ဟုတ်ပြီ သုံးယောက်ဆိုတော့ ကျွန်မတို့ အင်အားတောင့်လာပြီပေါ့"
ဤတွင် ခရိတ်သည် စင်္ကြံလျှောက်နေရာမှ အမျိုးသမီးနှစ်ဦး၏ ရှေ့တွင် လာရပ်၍ အစီအစဉ်ကို ပြောလေသည်။
"ကျုပ်တို့လုပ်ရမှာက နံပါတ်တစ် တူတီစခန်းရဲ့ အသေးစိတ် မြေပုံတစ်ခုဆွဲရမယ်။ အဲဒါ အရေး ကြီးတယ်"
ဆာရာ နှင့် ဆယ်လီတို့က ဘာမှမပြောဘဲ နေ့စဉ် ခရိတ်က ဆက်ပြောပြန်သည်။

"နံပါတ်နှစ်က ငါတို့ဟာ ဆာရာရဲ့မိတ်ဆွေတွေနဲ့ သွားတွေ့ပြီး သူတို့ဘယ်လောက်ထိအောင် ကူညီနိုင်မယ်ဆိုတာ လေ့လာစုံစမ်းရမယ်။ နံပါတ်သုံးအစီအစဉ်ကတော့ ဆယ်လီက ဂျိုဟာ နစ္စဘတ်မြို့ကို ရိုးရိုး ခရီးသည်တင်လေယာဉ်နဲ့ လိုက်သွားပြီး စက်ဆနာလေယာဉ်ကို မောင်းယူ လာခဲ့ရမယ်။ အဲဒါ ဘယ်လောက်ကြာမလဲ"
"သုံးရက်အတွင်း ပြန်ရောက်လာနိုင်တာပဲ။ ဒါက ကျွန်မ သွားဖို့ ဆုံးဖြတ်မှနော်"
"အိုကေ ဟုတ်ပြီ။ ငါတို့ မြေပုံကို စဆွဲနိုင်ကြပြီ"

ဤသို့ပြောပြီးနောက် ခရိတ်သည် ဟိုတယ် ထမင်းစားခန်းမှ ၀ိုင်အရက်တစ်ပုလင်းနှင့် အသားညှပ် ပေါင်မုန့်များ မှာယူလိုက်သည်။
ထို့နောက် သုံးယောက်သားထိုင်၍ မြေပုံဆွဲကြရာ သန်းခေါင်ကျော်၍ နှစ်နာရီပင် ထိုးသွားလေ သည်။
ဆာရာက သူပြန်မည်၊ နံနက်စာစားချိန် ပြန်လာခဲ့ပါမည်ဟုဆိုကာ ထွက်သွားလေသည်။
ခရိတ်နှင့် ဆယ်လီတို့သည် စိတ်လှုပ်ရှားနေသဖြင့် အိပ်၍ မပျော်ကြချေ။

"လက်စသတ်တော့ တွန်ဂါတာဟာ ငါ့ကို ကာကွယ်ပေးခဲ့တာကိုး။ သူဟာ တောက်လျှောက် ငါ့ အကျိုး အတွက် ဆောင်ရွက်ခဲ့တယ်"
ခရိတ်ပြောလိုက်ရာ ဆယ်လီသည် ခရိတ်ရင်ခွင်ထဲသို့ တိုးဝင်လာရင်း
"တွန်ဂါတာအကြောင်း ကျွန်မကို ပြောပြပါဦးရှင့်"ဟု ခပ်တိုးတိုး ပြောလိုက်သည်။
ခရိတ်လည်း မာတာဘယ်လီခေါင်းဆောင် တွန်ဂါတာအကြောင်း အသေးစိတ် ပြောပြလိုက်သည်။

သူ၏ စကားအဆုံးတွင် ဆယ်လီက-
"ရှင် အခုလုပ်မယ့် အစီအစဉ်ကို တကယ် လေးလေးနက်နက် လုပ်တော့မှာလား"ဟုမေးရာ ခရိတ် ကလည်း-
"တကယ် လေးလေးနက်နက် လုပ်မှာပေါ့ကွဲ့။ ဒါထက် မင်းကော ငါနဲ့အတူ လိုက်မှာလား"ဟု မေး လိုက်သည်။
"လုပ်ရမှာကတော့ အတော့်ကို အန္တရာယ်များတယ်။ ဒါပေမဲ့ ရှင်ကိုယ်တိုင် ဦးဆောင်လုပ်နေမှတော့ ကျွန်မလည်း မနေခဲ့ဘူး။ ရှင်နဲ့အတူ လိုက်မှာပဲ"

အခန်း (၃၃) ဆက်ရန်
.

1 comment:

kztk said...

ဇာတ်လမ်းကတော့ ကောင်းခန်း ရောက်လာပြန်ပြီနော်...