Wednesday, September 1, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၁၉) အဆက်

ခရိတ်နှင့်ဆယ်လီတို့သည် ရုပ်မြင်သံကြားစက်ရှေ့တွင် ထိုင်ကြည့်နေလေသည်။
ထိုအချိန်၌ ရုပ်မြင်သံကြားစက်မှ ဇင်ဘာဘွေ ၀န်ကြီးချုပ်က တိုင်းပြည်သို့ ကြောညာသည့် ကြောညာ ချက် ကို ထုတ်လွှင့်လျက်ရှိရာ ဂွဒွင်မိသားစု ရက်စက်စွာ သတ်ဖြတ်ခံရခြင်း ကိစ္စကို တိုင်းပြည် သို့ ပြောနေ လေ သည်။

ရုပ်မြင်သံကြား ပိတ်ကားပေါ်မှ ၀န်ကြီးချုပ်၏ ရုပ်အသွင်မှ ဂွတ်ဒွင်မိသားစု အသတ်ခံရသည့် အတွက်  အလွန် ဒေါသထွက်နေသည့် ဟန်မျိုး ဖြစ်နေသည်။
"ကျုပ်အနေနဲ့တိုင်းပြည်ကို အခိုင်အမာ ကတိပေးပါတယ်။ မာတာဘယ်လို သူပုန်တွေကို ဖြစ်တဲ့ နည်းနဲ့ မတွေ့ တွေ့အောင် ရှာဖွေပြီး အရေးယူပါမယ်။ သူတို့ကို သုတ်သင်ချေမှုန်းပစ်ပါမယ်။  စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ကိုလည်း  ဒီသူပုန်တွေကကို တောနင်းရှာဖို့ အမိန့်ပေးထားလိုက်ပါပြီ။ ဒီလို ရက်စက်ယုတ်မာ  လူမဆန် တဲ့ အပြုအမှုမျိုး ကျုးလွန်ခဲ့တဲ့ မာတာဘယ်လီ တောပုန်းတွေသာမက သူတို့ကို ထောက်ခံ အားပေးတဲ့ လူတွေကိုပါ ကျုပ်တို့က တွေ့အောင်ရှာဖွေ ဖော်ထုတ်ပြီး အရေး ယူပါ့မယ်"

ဝန်ကြီးချုပ်က ဤသို့ ပြောလိုက်သည်ကို နားထောင်းရင်း ဆယ်လီက -
"ဒီလိုဆိုတော့လည်း ဒီလူကြီးက မဆိုးလှပါဘူး"ဟု မှတ်ချက်ချလိုက်သည်။
သို့သော် ခရိတ်ကမူ သဘောမတူဟန်ဖြင့် ခေါင်းခါလိုက်သည်။

"သိပ်လည်း ကျေနပ်မနေနဲ့ဦးကွဲ့။ မင်း တစ်ခု သတိပြုဖို့က ဒါအာဖရီကတိုက်ဖြစ်တယ်။ အင်္ဂလန် သို့မဟုတ် အမေရိကန် မဟုတ်ဘူး။ အာဖရိကတိုက်ဆိုတာ မင်းတို့ အင်္ဂလန်၊ အမေရိကန်မှာ လိုလည်း အဓိပ္ပယ်ချင်း မတူဘူး။ မင်းတို့ နားလည်တဲ့ အဓိပ္ပာယ်မျိုး မဟုတ်ဘဲ တစ်မျိုးဖြစ်နေ တယ်တဲ့"
ဤတွင် ဆယ်လီသည် ခရိတ်အား ဝေဖန်သလိုဟန်မျိုးဖြင့် လှမ်းကြည့်လိုက်သည်။

"ရှင်ဟာ မာတာဘယ်လီ တိုင်းရင်းသားတွေဘက်က  လိုလားထောက်ခံသူတစ်ယောက်ဖြစ်တာ ကျွန်မသိပါတယ်။  ဒါပေမဲ့ အခုကိစ္စမှာက
ဆယ်လီက ပြော၍  စကားမဆုံးသေးမီ ခရိတ်က  ကြားဖြတ် ၀င်ပြောလေသည်။

"ဟုတ်တယ်လေ၊ ဒါကို ငါက ၀န်ခံပါတယ်။ ဒီမယ်ဆယ်လီ ငါတို့ မိသားစုဟာ  မာတာဘယ်လီလူ မျိုးတွေ နဲ့ အကြာကြီးအံတူနေခဲ့ဖူးလို့ သူတို့ကြောင်း ကောင်းကောင်းသိတယ်။ သူတို့ဟာ  အမြဲ လိုလို မတရား ဖိနှိပ်ခံရတယ်၊  ခေါင်းပုံဖြတ်ခံရတယ်။ ငါတို့ မျက်နှာဖြူလူမျိုးတွေက မာတာဘယ် လီတွေက သတ်ခဲ့ တာပါပဲ။ သို့သော်လည်း ကြာရှည်ပေါင်းလာတော့ ငါတို့ဟာ သူတို့အပေါ် နား လည်မှု ရှိလာတဲ့အတွက် လေးစားလာမိပါတယ်။ ငါကိုယ်တိုင်က မာတာဘယ်လီလူမျိုးတွေအပေါ် သံယောဇဉ် ဖြစ်လာမိတယ်။ လက်ရှိ အာဏရ ရှိနာလူမျိုးတွေကိုတော့ ငါမပြောတတ်ဘူး။ သူတို့က အလွန်လျှို့ဝှက်တယ်၊ ဥာဏ်များ တယ်၊ ကောက်ကျစ်စဉ်းလဲတယ်ဆိုတာ သိတယ်။ ငါ့အ နေနဲ့ ရှိုနာလူမျိုးတွေရဲ့၊ ဘာသာစကားကို မတတ်တဲ့ အတွက် သူတို့ကို ယုံကြည့်စိတ်ချမှု မရှိဘူး။ ဒါကြောင့် ငါဟာ ဒီဇင်ဘာဘွေနိုင်ငံကို ပြန်လာ တော့ မာတာလီလူမျိုး နေထိုင်တဲ့ နယ်မြေ လာနေ ဖို့ ဆုံးဖြတ်လိုက်တာပဲ"

"ဟာ ရှင်ကလည်း မာတာဘယ်လီလူမျိုးတွေကို တကယ့် သူတော်စင် သူတော်ကောင်း ဖြစ်သ ယောာင် ပြောနေပြန်ပါပြီ။ အခု ဂွတ်ဒွင်မိသားစု အသတ်ခံရတာကို ရက်စက်ယုတ်မာတဲ့ လုပ်ရပ်မျိုး မလုပ်နိုင် ဘူးလို့ ဆိုလိုချင်တာလား"
ဆယ်လီက မကျေနပ်ဟန်ဖြင့်  ပြန်ပြောလိုက်သည်။

"ဒီလို မဟုတ်ပါဘူးကွ။ မာတာဘယ်လီလူမျိုးတွေကဟာ တခြား အာဖရိက တိုင်းရင်းသားတွေ နည်းတူ  ရက်စက် ကြမ်းကြုတ်ပါတယ်။ စစ်မက်တိုက်ခိုက်ခြင်းကိုလည်း အလွန်ဝါသနာပါတယ်။ အတိတ်ကာလ တစ်ချိန်တုန်း က မာတာဘယ်လီ လူမျိုးတွေဟာ တခြားလူမျိုးအုပ်စုတစ်ခုနဲ့ စစ်တိုက်တဲ့အခါ ရန်သူလို လူမျိုးတွေ ရဲ့ ကလေးသူငယ်တွေကိုတောင် သက်ပစ်ခဲ့ဖူးတယ်။  မင်း တစ်ခု နားလည် ထားဖို့ ကောင်းတာက ဒီအာဖရိကတိုက်မှာ ရက်စက်ကြမ်းကြုတ်မှုကို  တိုင်းရင်း သားတွေက အမြင်တစ်မျိုးနဲ့ မြင်ကြတယ်။ ဒါကို မင်းက ဒီနိုင်ငံမှာနေမယ်ဆိုရင် နားလည်ထားဖို့ သင့်တယ်"

ခရိတ်  စကားကို ခေတ္တဖြတ်လျက် ပြုံးလိုက်ပြီးမှ ဆက်ပြောလေသည်။
"ငါ ပြောပြပါမယ်။ တစ်ခါတုန်းက ငါဟာ မာတာဘယ်လီလူမျိုး ပြောက်ကျား စစ်သည်ဟောင်းတစ် ဦးနဲ့ နိုင်ငံရေး အတွေးအခေါ် ဒဿနိကဗေဒအကြောင်း ဆွေးနွေးခဲ့ဖူးတယ်။ ဒီတော့ ငါက ဒီမိုက ရေစီ စနစ် အကြောင်း ရှင်းလင်းပြောပြတယ်။ သူက ဘာပြန်ပြောလဲ သိလား။ ဒီမိုကရေစီစနစ်ဟာ ခင်ဗျားတို့နိုင်ငံမှာ လက်တွေ့ကျင့် သုံးလို့ သင့်တော်ပေမယ့် ကျုပ်တို့ အာဖရိကမှာ လုံးဝမဖြစ်နိုင်ဘူး။ လက်တွေ့ အကောင်အထည်ဖော်လို့ မဖြစ်ဘူး။ အဲဒီလို ပြန်ပြောခဲ့တယ်။ ဒါကြောင့် အာဖရိကတိုက်က လူတွေ ရဲ့ အတွေးအခေါ်က တစ်မျိုးဖြစ်တယ်ဆိုတာ မင်းနားလည် ထားဖို့ လိုတယ်။ အာဖရိကတိုက်က တိုင်းရင်းသားတွေဟာ လူ့ကျင့်ဝတ်စည်းကမ်းတွေကို သူတို့ ဘာသာ သတ်မှတ်တယ်၊ လိုက်နာ ကျင့်သုံးကြတယ်။

ဒါနဲ့ပက်သက်လို့ အခုလာမယ့် ရက်သတ္တ အနည်းငယ်အတွင်းမှာပဲ မင်းကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ အဖြစ်အပျက် တွေ ကြုံတွေ့ရပြီး နားလည်သဘောပေါက်လာမှာ သေချာတယ်။ ငါပြောတာ မှန်ရမယ့်လို့ မင်းနဲ့ဒေါ်လာငွေ ဆယ်သိန်းကြေးတောင် လောင်းလိုက်ချင်းသေးတယ်။ အင်္ဂလန်နဲ့အမေရိန်မှ မကြုံဖူး မတွေဖူးတာ တွေမင်း ဧကန်မုချ ကြုံတွေရလိမ့်မယ်။ ဥပမာ ၀န်ကြီးချုပ် မူဂါဘီက ရန်သူကို အရေးယူ မယ်လို့  ပြောတယ်ဆိုရင် မင်းတို့နားလည်ထားတဲ့ တရားဥပဒေအရ ဖမ်းဆီးတရားစွဲဆိုတာမျိုး  မဟုတ် ဘူးကွဲ့။ အရေးယူမယ်၊ ချေမှုန်းမယ်ဆိုတာ တကယ့်ကို သုတ်သင်ချေမှုန်းပစ်မယ်လို့ဆိုလိုတယ်။ ဘာကြောင့် လဲဆိုတော့ မူဝါဘီကိုယ်တိုင်က အာဖရိက တိုင်းရင်းသားတစ်ဦး ဖြစ်တဲ့အတွက် သူတို့ လူမျိုးတွေ အတွေးအခေါ် အယူအဆနဲ့ ပြောလိုက်တာ ဖြစ်လို့ပဲ"

ယင်းသို့ သူတို့နှစ်ယောက် အချေအတင် ပြောနေကြသည်မှာ ဗုဒ္ဓဟူးနေ့ ဖြစ်သည်။ သောကြာနေ့မှာပင် ကင်းလင်းမွေးမြူရေးခြံဒေသ၌ ဈေးနေ့ဖြစ်ရာ ခရိတ်နှင့် ဆယ်လီတို့လည်း ဘူလာဝေသို့ မြို့သို့ ဈေုးဝယ်သွားရန်  ဆုံးဖြတ်လိုက်ကြသည်။
သူတို့သည် နံနက်စောစောအချိန်တွင် ထွက်ခဲ့ကြရာ လင်းရှိုဗာကားအပြင် မာတာဘယ်လီလူမျိုး အလုပ်သမား တွေပါသော ငါးတန်းကားကြီးတစ်စီးပါ သူတို့နောက်မှ လိုက်ပါစေပြီး မြို့သို့ သွားကြ လေသည်။

တိုင်းရင်းသားများသည် မြို့သို့ မော်တော်ကားစီ လိုက်ရသည်ကို ပျော်ရွှင်ကျေနပ်လျက် ကားပေါ် တွင်သီချင်းတွေဆိုရင် လိုက်ပါလာကြလေသည်။
ဘာဘာအင်ဒူနာအရပ်သို့ ရောက်သောအခါ သက်ဆိုင်ရာ လမ်းပိတ်ဆို့တားဆီး စစ်ဆေးသည့် ကင်းဂိတ် တစ်ခု ပြုလုပ်ထားကြောင့် တွေ့ရသည်။ ထိုလမ်းအတိုင်း မောင်းလာသော မော်တော် ယာဉ် အားလုံး ကို ရပ်တန့်စစ်ဆေးသည့် ဂိတ်ပင် ဖြစ်သည်။

ခရိတ်သည် ဆယ်လီအား လင်းရိုဗာကားပေါ်တွင် ခေတ္တစောင့်နေစေပြီးနောက် မော်တော်ကားများ တန်းစီ ရပ်ထားရာနေရာ၏ ရှေ့ဆုံးသို့လျှောက်သွားလေသည်။
လမ်းပိတ်ဆို့ ထားသည့်နေရာ  စက်သေနတ်ကြီးများ တပ်ဆင်ထားသည်ကို  တွေ့ရလေသည်။  မလှမ်းမကမ်း တွင်လည်း စက်သေနတ်ငယ်များ ရှိလေသည်။ ဂိတ်မှ တားဆီးသည်ကို  ရပ်မပေးဘဲ မောင်းပြေး သည့် ကားများကို ပစ်ခတ်ဖမ်းဆီးရန် ပြင်ဆင်ထားသည့်ဟု  ယူဆရပေသည်။

ထို့ပြင်ဂိတ်ပတ်ဝန်းကျင်တွင် သဲအိတ်များ စုပုံကာ ကတုတ်(ခံတပ်)တစ်ခုသဖွယ် ဖန်းတီးထား သည်ကိုလည်း သတိပြုမိသည်။
ဂိတ်တွင် တာဝန်ချထားသူများအား တတိယထပ်မဟာမှ ဆာဂျင် (တပ်ကြပ်ကြီး) တစ်ဦးက ဦးစီး ကွပ်ကဲ လျက် ရှိလေသည်။
"ဟဲလို ဆာဂျင်ကြီး၊ ဘာတွေဖြစ်နေတာလဲဗျ။ ဘာကြောင့် လမ်းပိတ်ထားတာ့လဲ"
ခရိတ်က မေးကြည်ရာ  တပ်ကြပ်ကြီးကလည်း-

"ဒီလမ်းကို ပိတ်ထားတယ် ခင်ဗျ။ စစ်တပ်က မော်တော်ယာဉ်တွေပဲ သွားခွင်ရှိပါတယ်" ဟု ရည်မွန် ယဉ်ကျေးစွာ ပင် ပြန်ပြောလေသည်။
"ကျုပ်က ဘူလာဝေယိုမြို့ကို သွားဖို့ အရေးကြီးတယ်ဗျ"

"၀မ်းနည်းပါတယ် ခင်ဗျာ။  ဒီနေ့အဖို့တော့ ဘူလာဝေယိုမြို့ကို မသွားချင်းစမ်းပါနဲ့။ ဒီနေ့ဆိုရင်မြို ကလည်း သွားချင်စရာ မကောင်းပါဘူး"
တပ်ကြပ်ကြီးက ခရိတ်အား သတိပေးသလို ပြောလိုက်ချိန်မှပင် မြို့ဘက်ဆီမှ သေနတ်ပစ်သံသဲသဲ လိုလို ကြားလိုက်ရသည်။
ရုတ်တရက်သော် ဗြောက်အိုးဖောက်သံဟု ထင်ရသော်လည်း စစ်ပွဲအတွေ့အကြုံရှိသူ ခရိတ်က သေနတ်သံ  အမှန်ဖြစ်ကြောင်း ချက်ချင်း ရိမ်မိလေသည်။ မောင်းပြန်ရိုင်ဖယ် သေနတ်ပစ်သံဖြစ် သည်ဟုတွက်မိလေသည်။

"လူကြီးမင်း လှည့်ပြီး ပြန်သွားပါ ခင်ဗျာ"
တပ်ကြပ်ကြီးက ပြောလိုက်ချိန်တွင် ခရိတ်သည် ငါးတန်ကားပေါ်ပါလာ မာတာဘယ်လီ တိုင်းရင်း သားများ အတွက် စိုးရိမ်မိပြီး သူတို့အား ကင်းလင်းမွေမြူရေးခြံသို့ အမြန်ဆုံး ပြန်ပို့မှ တော်မည်ဟု စစ်ဆေး မိလေသည်။

ထိုကြောင့် သူသည် လင်းရိုဗာကားရှိရာသို့ ခပ်သုတ်သုတ် ပြန်သွားလေသည်။ 
"ဘာဖြစ်နေတာလဲဟင်"
ဆယ်လီက မေးလျှင် ခရိတ်သည် ချက်ချင်းပြန်မဖြေဘဲ ကားပေါ်တက်၍ စက်နှိုးမောင်းထွက်ရင်း  "ငါ စိုးရိမ်မိတဲ့အဖြစ်ဟာ အခု စဖြစ်နေပြီ ထင်တာပဲ" ဟုသာ ပြန်ပြောလိုက်သည်။
ထိုအချိန် ၌ ငါးတန်ကားကြီးသည် နောက်မှ ခပ်မှန်မှန်လိုက်လာခဲ့ရာ လမ်းပိတ်ဆို့သည့်နေရာသို့ မရောက် သေးချေ။

ခရိတ်က လင်းရိုဗာကားကို ပြန်ကွေ့လျက် လျင်မြန်စွာ မောင်းသွားပြီး ငါးတန်ကားကြီးကို လမ်းမှ ဆီးတားလိုက်သည်။
ကားပေါ်မှ မာတာဘယ်လီတိုင်းရင်းသား (ယောက်ျား၊မိန်းမ) တွေက ပျော်ရွှင်စွာ သီချင်းဆိုလျက် ပင် ရှိသေးသည်။ ထိုကားပေါ်တွင် အဘိုးကြီး ရှာဒရပ်လည်း လိုက်ပါလာသည်။
"ဟေ့....ကားကိုပြန်လှည့်ပြီး ပြန်မောင်းပေတော့။  ဘူလာဝေယိုမြို့မှာ ပြဿနာ အကြီးအကျယ် ဖြစ်နေတယ် ကွ။ ခြံထဲကိုပြန်ပြီး မင်းတို့အားလုံး ဘယ်မှမထွက်ဘဲ ခြံထဲမှာပဲ နေရမယ်"
ခရိတ် က ညွှန်ကြားလိုက်ရာ အဘိုးကြီး ရှာဒရပ်က ပြန်၍ မေးခွန်းထုတ်လေသည်။

"ဘာလဲ ရှိုနာလူမျိုးစစ်သားတွေ ရှိနေလို့လား"
"ဟုတ်တယ် တတိယတပ်မဟာက စစ်သားတွေက ရှိနေတယ်"
"ဟာ.... ဒီခွေးကောင်တွေက  တယ်ပြီး ရှုပ်တာပဲကိုး"
အဘိုးကြီး ရှာဒရပ် စက်ဆုပ်ဟန်ဖြင့် ပြောရင်းထွီကနဲတံတွေး ထွေးချလိုက်သည်။

အခန်း (၂ဝ) ဆက်ရန်
.

2 comments:

Anonymous said...

ပြည်တွင်းစစ် ဖြစ်တော့မယ်ထင်တယ်နော်..
နောက်ပိုင်း ဘယ်လိုများ ဆက်ဖြစ်ကြမလဲ မသိဘူးနော်.. စောင့်မျှော် ဖတ်လိုက်ပါအုံးမယ်ခင်ဗျ..
ခင်မင်စွာဖြင့်
ဇော်သိင်္ခ

Anonymous said...

Thanks.

Ray