နေရင်းထိုင်ရင်း ကုသိုလ်ရလိုက်ခြင်း
စာရေးသူ - ဆင်ဖြူကျွန်း အောင်သိန်း
မြလှိုင်းတွန့် များပြေးလွှားသံမှ အပ လယ်ပြင်ကြီးတခုလုံး တိတ်ဆိတ်အေးချမးလျက် ရှိရာ ဒေါသတကြီး ထိုးဆင်း လာသော ငှက်ခါး တကောင်၏ အော်သံကြောင့် ပွက်လောရိုက် သွားတော့သည်။
ရီးဆေးရိုးမှာ တုန်ခါသွား၏ လက်ထဲမှ ဆေးပေါ့လိပ် လွတ်ကျလု လွတ်ကျခင် ဖြစ်သွားရ၏။ အဲဒါကြောင့် နင်တို့ကို ငှက်သရော နှဲကောမိလို့ ပြောတာ
မော်ကြည့်ပြီး မကျေမချမ်းပြောမိ၏
လယ်ပွဲအသီးသီးတွင် လယ်ကန်သင်းများ တစ်လျှောက် ပဲပင်များ စိုက်ထားကြသည် အပွင့် ဝါကလေးတွေ အပွင့်ပြာ အပွင့်ဖြူကလေး တွေ ပြူစပြုပြီ သားဦး ကို လွယ်စ မိန်းမချော၏ အလှနှယ် သန္ဓေတည်စ စပါးနှံ ငိုက်ငိုက် များတွင် နှင်းစက်နှင်းပေါက် ကလေးတွေ ခိုသီးနေသည်း။ သည်အရာများတွင် တကြည်နူးနူး တမြူးရွှင်ရွှင် အာရုံ ဝင်စား လာချုက်ကို ရုတ်တရက် ထိုးဆင်းလာသော ငှက်ခါးအော်သံက နှောင့် ယှက်လိုက်သော အခါ ရီးဆေးရိုးမှာ လန့်ဖျပ်သွားရတော့၏။ ငှက်ကား ရီးဆေးရိုး စိတ်ဆိုးသည် မဆိုး သည်ကို မသိပါ ထန်းပင်ပေါ် ပြန်ရောက်သွားကာ ကြမ်းတမ်းသော အသံဖြင့် တစ်ချက်ချုင်းမြည်နေလေ၏။ ပုဇွန်လုံး ကို တကောင်သည် တွင်းဝမှ ထွက်ကာ ပါးစပ်မှ အမြှုတ်တစီစီ ထုတ်ရင်း နေစာလှုံနေ၏း ရီးဆေးရိုးကို မြင်လျှင် အမြှုတ် အထုတ်ရပ်ကာ လက်မများကို ထောင်ထား၏၊
ရီးဆေးရိုးသည် ပုဇွန်လုံး အခွံတစ်ခုကို တက်နင်းခဲ့သည် ခွေးစားအပြီး ကျီးစား အပြီးတွင် ကျန်ခဲ့သော ကန်သင်းတစ်လျှောက် တင်နေသော ပုဇွန်လုံး အခွံများမှာ များသောအားဖြင့် ကျီးစားထားသော အကျန်အကြွင်းများ ဖြစ်၏။
ကျီးသည် တွင်းဝတွင် လာစောင့်နေပြီး ထွက်လာမှ ဖမ်းစားခြင်းထက် အတင်းထိုးသုတ် ဖမ်းဆီးသည်က များ၏ စားသည့် အခါ ပက်လက်လှန်ပြီး ဗိုက်သား အပျော့ကို ထိုးဖောက်စားရာ ကျန်ခဲ့သော အခွံများ သည် ပက်လက်ဟောင်းလောင်း အနေအထားချည်းတည်း။
ရီးဆေးရိုးမှာ ပုဇွန်လုံး အခွံကို နင်းမိမှ ငုံ့ကြည့်ရန် သတိရ၏။ ခြေဖဝါးသည် ဆင်သားရေတမျှ ထူထဲ မာကြောနေငြား ပုဇွန်လုံး ကို ကြောက်သည် ထို့ော့ာင့် ရှောင်ပြီး နင်းလာခဲ့ရသည်။
လယ်ပွဲထိပ်မှာ ညောင်ပင်ကြီးသည် ရွက်လှရွက်သစ်များ တဖျဖ်ဖျပ် ခတ်လျက် ရီးဆေးရိုးကို ကြိုလင့်သည်။ ရီးဆေးရိုးသည် ညောင်ပင်ရိပ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ပြီးနောက် လယ်နယ်ဘက်သို့ လျှောက်လာခဲ့သည်။ ကန်သင်းစုံအောင်၊ ကတွက်ပေါက်စုံအောင် ကြည့်ရင်း ရိတ်စရာမြက်ကို ရှာသည်။ မြက်များကား တိုသေးချေသည်။လက်လေးချောင်းဖြင့် ဖမ်းယူဆုပ်ကိုင်၍ အပေါ်သို့ အစမထွက်လျှင် ရိတ်၍မကောင်း။ ထို့ကြောင့် ကန်သင်းတစ်ခုပြီး တစ်ခု ဖြတ်သန်းခဲ့သည်။
အမှန်မှာမူ ရှိသောမြက်ကို တစ်ကန့်စီ တစ်ကန့်စီ ရိတ်ယူပြီး ကောက်ရိုးကောက်လှိုင်းတို့ဖြင့် နွားကျွေးလေ့ ရှိသည်။ သို့သော် မိမိက ချွေတာပြီး မွေးထားသမျှ မြက်မှာ မြက်သူခိုးအတွက် ဖြစ်နေတတ်သဖြင့် မွေးမထားတော့ပေ။ ရှည်လာလျှင် အကုန်ရိတ်၊ အကုန်ကျွေးပစ်ရသည်။ သည်နည်းဖြင့် ယခုကန်သင်းများတွင် ရိတ်နိုင်လောက်သော မြက် နည်းပါးနေရချေပြီ။ ကန်သင်းနှံ့အောင် လျှောက်ရသောကြောင့် ရီးဆေးရိုး၏ ဒူးအောက်ပိုင်း တစ်ခုလုံး ရွှဲရွှဲစိုနေသည်။ စပါးနှုံတွင် သီးနေသော နှင်းစက်များ၊ ပဲရွက်တွင် တွယ်နေသော နှင်းပွင့်များကြောင့် ဖြစ်သည်။
''ကဲ…လျှောက်နေလို့ မပြီးသေးဘူးဟ၊ ရိတ်ဦးမှ''
နောက်ဆုံးတွင် တစ်ကိုယ်တည်း ရွေရွှတ်ပြီး ငချိပ်ကောက်ညှင်းခင်းဘေးတွင် ထိုင်ချလိုက်၏။ သို့တစေ သည်မှာလည်း မရိတ်သာ။ ကောက်ညှင်းခင်းမှ ငချိပ်စပါးစေ့ကလေးများသည် အခွံမြှေးပါးကို ခွဲထွက်လာခဲ့ပြီ။ ညိုမှောင်သော ဇာတိသွေးကို ပြနေကြပြီ။ သည်ကောက်ညှင်းခင်းသည် အစောဆုံးစိုက်ရာ၊ အစောဆုံးရိတ်ရလိမ့်မည်။ သို့ဖြစ်ပါက ရိတ်နိုင်ပြီးလား။
ရိတ်နိုင်လျှင် ရိတ်ယူသွားပြီး ပုတ်ခါကာ စဉ်းကျွေးရသော် နွားများ ခေါင်းမဖော်အောင် စားကြလတ္တံ။ သည်အတွေးဖြင့် စပါးတစ်စေ့ကို အခွံခွာကြည့်သည်။ မရသေး၊ နို့ရည်ခဲသာသာမျှသာ ရှိသေး၏။
အိမ်တွင် ကောက်လှိုင်းရိုး ရှိသေးသည်။ ကောက်ရိုးပုံမှာလည်း အရာသော်မျှ မယွင်းသေးရှိသော်ငြား၊ လုပ်ဖော်ကိုင်ဖက်ကြီးတွေကို မြက်ရနေသော သည်နှယ်ရာသီ၌ ကောက်ရိုးချည်း ကျွေးရန်မှာ မတရားပေ။ မြက်စိမ်းစိမ်း စိုစိုကလေးပါမှ ဖြစ်မည်။
ရီးဆေးရိုး မျက်စိကစာသည်။ မြောင်းပေါင်ပေါ် မြက်ရှိသည်။ နွားကြိုက်သော မြက်ဟူ၍ နီရဲစွင့်လန်းသော နရားမြက် တစ်ပင်တလေသာရှိသည်။ အများစုမှာ မြက်ခါး၊ထို့နောက် လှီကင်းသော ပန်းတော်ဖြူများသာ၊ နွားကြိုက်သော ပန်းတော်နီ မရှိ။ သို့ဖြင့် သည်မြက်များကိုပင် ရီးဆေးရိုး ရိတ်ရတော့သည်။ ကောက်ရိုးချည်း ကျွေးရသည်နှင့်စာသော် တော်သေးစွ။
၂
မြက်ထုံးကိုရွက်လျက် ရမ်းဘိုးကုန်းရွာ တခါးဝတွင် ရီးဆေးရိုး ခြေချမိသည်နှင့် တစ်ပြိုက်နက် လေးထပ်ကျောင်းမှ ဆွမ်းစားခေါင်းလောင်းထုံးသံသည် လွင့်ဝဲလာလေ၏။ အေး လေး နေသော ခြေထော်များ သွက်လက်လာသည်။
နေမပူသည့်အတွက် စောသေးသည် ရီးဆေးရိုး ထင်နေခဲ့သောကြောင့် အေးဆေး နှေးကွေးနေခဲ့ခြင်း ဖြစ်ပေသည်။ ယခုသော်ကား ဖုတ်ပူမီးတိုက် ဖြစ်ပြီ။ အိမ်သို့ လှမ်းမျှော်ကြည့်သည်။ အမယ်ကြီးအို မရှိ။ အိမ်တံခါးကို သံကောက်ချိတ်ကာ ပိတ်ထားသည်။ ခိုင်းနွားကြီးနှစ်ကောင် နှင့် သားအမိသုံးကောင်မှာ မန်ကျည်းပင်ရိပ်တွင် ရှိနေဆဲ။ ၀ါးချိုင့်တွင်းမှ ကောက်ရိုးကို အသာပြေ၀ါးနေရငြား နွားတင်းကုပ်ဘက် တမျှော်မျှော်ဖြင့်။
'’ဒီအမယ်ကြီး ဘယ်သွားနေပါလိမ့်။ အခုထက်ထိ နွားမကျွေးရသေးပါကလား’'
ရီးဆေးရိုး ဗျစ်တောက်ဗျစ်တောက်မြည်ရင်း အိမ်ဝိုင်းထဲဝင်လာသည်။ မြက်ထုံးကို နန်းတိုင်ဘေးတွင် ချလိုက်ပြီး တင်းကုပ်ထဲဝင်လာသည်။ လူမရောက်မီ မျက်လုံးအစုံက နွားစာခေါင်းသို့ ရောက်သွားသည်။ ပုပ်ဟောင်နေသော နွားစာဟောင်းနှင့် ရေသိုးများ မရှိ။ ယမန်နေ့က ကျန်သော မြက်ကို စဉ်းကာ ကောက်ရိုးစဉ်းနှင့် ရောပြီး အသင့်ထည့်ထား၏။
''အင်း…တော်ပါသေးရဲ''
ယင်းသို့မဟုတ်ပါက နွားတွေမှာ ဆာလှပြီ။ သည်မှာက စဉ်း၍မပြီးသေးနှင့် အလွန်စိတ်ပင်ပန်းရသည်။ ယခု အသင့်ရှိနေသောအခါ ရီဆေးရိုး မျက်နှာကြည်လင်သည်။ ရေသည်မွှေနှောက်ပြီးလျှင် နွားများကို ရွှေ့ချည်ပေးလိုက်ကာ နွားစာစဉ်းသော နန်းတိုင်ဘေးတွင် ကားကားကြီး ထိုင်ချုလိုက်၏ ။ နွားစာစဉ်းပြီးသားမှာ ခြင်းကြားတောင်းဖြင့် တစ်လုံးအပြည့်သာ ရှိထားသဖြင့် နားနေ၍ မဖြစ်သေး။ စဉ်းရ ခုတ်ရဦးမည်။
သို့သော် အရေးထဲတွင် ဆေးလိပ်သောက်ချင်ရသေး၏။ ခါးပိုက်ထောင်ထဲမှ မီးခတ်နှင့် ဆေးလိပ်ကို ထုတ်ယူနေဆဲတွင် ''ဟော…အတော်ပဲ တော်ရ့၊ တော်ပြန်ရောက်တာနဲ့ အတော်ပ'' ဆိုသော ရီးကျီးဒန့်အသံကို ကျောဘက်မှ ကြားရ၏။ ရီးကျီးဒန် ဆက်ပြောမည့်အသံကို နားစွင့်ရင်း ရီးဆေးရိုး မီးခတ် ခတ်သည်။ ဆေးလိပ်ညှိသည်။ ဥနှဲရိုးဆေးစပ်ကို ပြောင်းဖူးဖက်ချေဖြင့် လိပ်ထားသော ဆေးလိပ်မှာ ချိုမွှေးလှသည်။
''ကဲ…နွားစာစဉ်းဖို့ကို ချထားလိုက်ဦး''
သူ့ဘေးနားသို့ ရီးကျီးဒန် ရောက်လာသည်။ရီဆေးရိုးသည် မြက်ထုံးဘွဲ့ (စည်းသောကြိုး) ကို ဓားဖြင့် ခုတ်ဖြတ်ပြီး မြက်တစ်ဆုပ် ဆွဲယူရာက ချထားလိုက်သည်။
''ကောက်လှိုင်းရိုး ၀ယ်မယ့်လူ လာနေလို့တော်ရဲ့''
''ဟေ''
ရီးဆေးရိုး ၀မ်းသာအားရ အော်၏ ။ လယ်ထဲမှ လှည်းဖြင့် တိုက်ယူလာခဲ့သော ကောက်လှိုင်းများကို နွားဖြင့် နယ်၍ စပါးစေ့များ စင်ကြယ်သွားသော အရာသည် ကောက်ရိုးဖြစ်၏။ ကောက်လှိုင်းတစ်လှိုင်းကို သုံးလေးဆုပ်ခွဲပြီး အလှိုင်းတစ်ရာကို ငါးကျပ် နှုန်းဖြင့် ငှားရမ်းပုတ်ခါကာ ပြည်လည်စည်းနှောင်ထားသော အရာကိုကား ကောက်လှိုင်းရိုးခေါ်၏။
သည်ကောက်လှိုင်းရိုးသည် ကောက်လှိုင်းလောက် မကြီးပေ။ တစ်ခါပုတ်နိုင်ရုံ ယူငင်ပြီး စည်နှေုာင်ထား သောကြောင့် ကောက်လှိုင်း၏ လေးပုံတစ်ပုံ၊ သုံးပုံတစ်ပုံမျှသာ ရှိသည်။ သည်ကောက်လှိုင်းရိုး၏ ပေါက်ဈေးမှာ တလင်းတွင် ၁၀ ကျပ်၊ ၂၀ ရှိ၍ တော်သလင်း၊ သီတင်းကျွတ်တွင် ၃၅ ကျပ်၊ ၄၀ ဈေး ဖြစ်လေ့ရှိသည်။
ယခု တန်ဆောင်မုန်းပင် ကုန်ခဲ့ပါပြီကော။ ကောက်ရိုးရှိသူပင် အတော်ရှားနေပြီ။ သို့ဆိုလျှင် ငါးဆယ်ဈေးသည် ပြေးမလွတ်ပါတကား။ သည်အတွေးကြောင့် ရီးဆေးရိုး ''ဟေ'' ခနဲ အော်ကာ ထသည်။ သူ့တင်ပါးတွင် ကပ်ပါလာသော ကောက်ရိုးစဉ်းဖတ်၊ မြက်စဉ်းဖတ်များသည် သူ့ခြေလှမ်း လှမ်းတိုင်း တဖွဲဖွဲ ပြုတ်ကြွေ ကျကျန်ခဲ့ကြလေ၏။
''ဘယ်မှာလဲဟ၊ နင့် ၀ယ်မယ့်လူက''
''လာမှာပေါ့တော်ရဲ့၊ ဒါလောက် အငမ်းမရ မလုပ်စမ်းပါနဲ့၊ ရောင်းချင်မှန်း လူသိသွားပါမယ်''
''ရောင်းချင်တာကိုးဟ၊ ပိုက်ဆံရမယ့်ဟာပဲ''
'' နေဦး၊ ရောင်းစရာကော ရှိသေးလို့လား''
''ရှိမှာပေါ့ဟာ၊ သုံးရာကျော် သုံးရာမဲ့မဲ''ဲ့ ဟု ဖြေအပြီးတွင် အိမ်ကပြင် (ကြမ်းပြင်) ခါးပန်းကို လက်ထောက်ကာ ခုန်၍ တစ်ဝက်အရောက်တွင် ခါးလိမ်းပြီး လှည့်ထိုင်လိုက်သည်။
''ကြပ်ကြပ်လုပ်၊ တောင်မရောက် မြောက်မရာဖြစ်ပြီး လိမ့်ကျတော့မှ ကျော်မကောင်း ကြားမကောင်း''
''ဒါထားစမ်းပါဟာ၊ ရေနွေးလေး ဘာလေး ''
၃
ပြောနေဆဲမှာပင် လူနှစ်ယောက် အိမ်ဝိုင်းထဲသို့ ၀င်လာကြ၏။ ရီးဆေးရိုးနည်းတူပင် အပေါ်ပိုင်း ဗလာကျင်း ထားကြသည်။ ရီးဆေးရိုးတို့ အသားမည်လှပြီ ထင်ထားခဲ့ရာ ထိုသူနှစ်ယောက် ရောက်လာတော့မှ ရီဆေးရိုးမှာ ဗျိုင်းဖြစ်သွားလေ၏။ နှစ်ယောက်လုံး၏ ပုဆိုးများမှ အကွက်မပေါ်ပေ။ ထို့ပြင် ဒူးခေါင်းဖုံးရုံမျှသာ ၀တ်ထားလေရာ သစ်စေးမျှင် မီးသွေးချောင်းကို အ၀တ်ပတ်ထား
သည်နှင့်ပင် တူတူသေးတော့။''
ရီးကျီးဒန်က သံမှန်ဖြင့် ပြောလိုက်က အသံမြှင့်လိုက်ပြီး လာကြပါ၊ အိမ်ပေါ်တက်ကြပါဦး ပြောသည်။
''ရွာကို မမှောင်ခင် ရောက်ချင်လို့ အစ်မရေ့၊ အစ်မ ကောက်လှိုင်းရိုး ရှိ၊ မရှိ မသိရသေးလို့''
ခေါင်းကို တဘက်ပေါင်ထားသူ နောက်ဖေးသို့ လည်ဆန့်ကြည့်ကာ ဖြေလိုက်သည်တွင် သူ၏အဖော် ကလည်း'' ရှိရင် လှည်းသွားယူမလို့ပါ''ဟု ၀င်ပြောသည်။
''ယူချင်လည်း ယူချေလေ၊ ကောက်လှိုင်းရိုးကတော့ ရှိပါတယ်။ ဒါပေမဲ့ ဈေးလည်း ပြောဦးလေ''
ထိုသူနှစ်ယောက်မှာ မျက်နှာချင်းဆိုင်မိသွားကြသည်။ တအော့က်လောက်ကြာမှ တဘက်ပေါင်းနှင့်လူက စတင်ပြောသည်။
''အစ်မတို့ပဲ ပြောပါဗျာ''
''ဒီအချိန်ကတော့ ငါးဆယ်ဈေးပဲ''
ထိုသူနှုစ်ယောက် တစ်ယောက်မျက့်နှာ တစ်ယောက်ကြည့် ကြပြန်သည်။ ထိုအချိန်တွင် ရီးဆေးရိုသည် ခါးပန်မှ လျှောဆင်းလာ၏။
''ဒီအချိန်ကြီးမှာ ကောက်လှိုင်းရိုး လိုက်ဝယ်ရအောင် ခင်ဗျားတို့ဆီမှာ ဒါလောက်တောင် မိုးခေါင်သလား''
''ပြောရင် ယုံမှာမဟုတ်ဘူး အစ်ကိုရေ့၊ တစ်မိုးလုံး မရွာတဲ့မိုးဟာ သီိတင်းကျွတ်လဆန်းက တစ်ခါရွာပါကော။ အဲဒီနောက်မှ မရွာဘဲ နေလိုက်တာ အခုထက်ထိပဲ။ မိုးမရွာတော့ ယာထဲက အပင်ကလေးတွေလည်း မျိုးဆုံးပေါ့ဗျာ။ နွားစားစရာမြက်လည်း နောက်မိုးမလာတော့ သေကုန်တာပေါ့''
''ရှိသမျှ အပင်စိမ်းစိမ်းစိုစိုတွေလည်း ငုံးငုံးတိုကုန်ပါပြီဗျာ။ နှမ်းရိုးအခြောက်တောင် နွားကျွေးပစ်ရလို့ အခု ဆောင်းတွင်းမှာ နှမ်းရိုး မီးမလှုံရပါဘူးဗျာ။ အခုဥစ္စက လူစာထက် နွားစာခက်နေတော့''
တဘက်ပေါင်းနှင့်လူသည် စကားတစ်ပိုင်းတစ်လစ်ဖြင့် ရပ်ကာ ခါးပိုက်ထောင်ထဲမှ ငေစက္ကူ အညစ်တစ်ထပ်ကို ထုတ်ယူသည်။ သူ့အဖော်ကလည်း ခါးပိုက်ထောင်ထဲမှ ထုတ်ကာ လှမ်းပေးသည်။
''ကျွုပ်တို့မှာ အဲဒါလောက် ဖြစ်နေကြပါတယ်ဗျာ၊ အဲဒါကြောင့် ကူညီတဲ့အနေနဲ့ ငါးဆယ်ဈေးတော့ မထားပါနဲ့ဗျာ''
ရီးဆေးရိုး သက်ပြင်းချမိသည်။ လုံးဝ အရသာမရှိ၊ လုံးဝ အာဟာရဓာတ်မပါသော နှမ်းရိုးပင်လျှင် မရှိတော့ အောင် မိုးခေါင်ပါသည်ဆိုသောအခါ နွားကစ္စမှာ အမှန်ပင် ၀န်ထုပ်ဝန်ပိုးကြီး ဖြစ်နေပြီ။ ထိုကြောင့် စကားခင်းပေးသည်။
''ကျုပ်လည်း နွားရှိတဲ့ လူပဲလေ၊ ကိုယ်ချင်းစာပါတယ်၊ ပြောသာပြောပါ။ အားမနာပါနဲ့''
တဘက်ပေါင်းနှင့်လူသည် မပြောသေးပေ။ သူ့အဖော်ကို တစ်ချက်ကြည့်ပြီးမှ စိတ်မဆိုးပါနဲ့ နောင်ကြီးရယ် ပြောပြန်၏
''မဆိုးပါဘူး၊ ပြောပါဗျ''
''ကျွုပ်တို့ မှန်းလာတာက အစိတ်ဈေးနဲ့ ရလောက်ရဲ့ ထင်လို့ လာတပါ။ ဒါလောက်ရရင် ကေက်လှိုင်းရိုး သုံးရာရမယ်။ ဟိုဟာ ဒီဟာလေးနဲ့ရောရင် တစ်ယောက်ကို နှစ်လ၊ သုံးလတော. နွားစာ ကျွေးစရာရမယ် ထင်နေတာကိုး။ပါတာက ၇၅ ကျပ် ဆိုတော့''
ထိုအခါတွင် ရီးဆေးရိုးလည်း ရီးကျီးဒန်ကို ကြည့်ရလေသည်။ ရီးကျီးဒန် မရှိတော့ပါ၊ နန်းတိုင်ဘေးသို့ ရောက်နေကာ နွားစာစဉ်းရန် ပြင်ဆင်လျက် ရှိ၏။
''ဒီိအချိန်မှာဆို ပေါက်ဈေးက ငါးဆယ်ဗျ''
'' ဗျာ'' ဆိုကာ မြောက်ဘက်သားနှစ်ယောက်မှာ ပါးစပ်ကြီးတွေ ဟထားမိကြလေ၏။ ရီးဆေးရိုးက ပြုံးလိုက်သည်။
''လန့်မသွားပါနဲ့ဗျာ၊ ခင်ဗျားတို့ ပိုက်ဆံနဲ့ဆိုရင် ၁၅၀ ပဲရမယ်။ ဒါပေမဲ့ ခင်ဗျားတို့ မျှော်မှန်းသလောက် တော့ မရနိုင်ဘူးထင်တယ်။''
ကောက်လှိုင်းရိုးဝယ်သူများမှာ အတော်ကလေး အားတက်သွားဟန်ရှိကာ ပိုက်ဆံကို ထိုးပေးသည်။ ကျေးဇူးတင်ပါသည် မပြောတတ်ငြား မျက်လုံးလေးလုံးတွင်မူ ကျေးဇူးတင်ပါသည် ဆိုသော ဝေါဟာရထက် လေးနက် ကြီးမားသော စကားလုံးများ အထင်းသားပေါ်လွင်နေသည်။ ရီးဆေးရိုးသည် ပိုက်ဆံကို ရီးကျီးဒန် ပစ်ပေးခဲ့ပြီး နွားတင်းကုပ်အစပ်တွင် ပုံထားသော ကောက်လှိုင်းရိုး များကို သယ်ထုတ်ပေးသည်။ စုစုပေါင်း အလှိုင်းပေါင်း သုံးရာ့အစိတ်ရှိသဖြင့် သုံးရာ အစိတ်တင်း ပေးလိုက်လေသည်။ ထိုသူနှစ်ယောက်၏လှည်း အိမ်ဝိုင်းထဲမှာ ထွက်သွားလျှင် ရီးဆေးရိုးသည် နွားစာစဉ်သည့် နေရာသို့ လျှောက်လာ၏။
''နည်းမှန်းသိပေမဲ့ မတတ်နိုင်ဘူး ကျီးဒန်ရေ့ ၊ ကဲ…ကဲ ထားခဲ့၊ ထမင်းစားဖို့ လုပ်ဦးဟ''
ရီးကျီးဒန်သည် နွားစာစဉ်းသော ဓားကို မှန်မှန်ခုတ်နေရာက ကျက်ပြီးသားပါတော် ဟု အေးဆေးစွာ ဖြေသည်။
'' ကျက်ပြီးသားဆိုရင် နွှေးစရာရှိတာ နွှေးဟ၊ မွန်းတိမ်းပြီး''
ထိုအခါကျမှ နွားစာစဉ်းသံ ရပ်သွား၏
၎
'' အမေရေ၊ အဖေရောက်ပြီလား၊ အိုး….အမေ''
လေးကန်တုံ့နှေးစွာဖြင့် ရီးကျီးဒန် ကုန်ထနေစဉ်တွင် သမီးကြီးချောစိန်သည် ပျာယီးပျာယာ ခေါ်သံဖြင်. အိမ်ဝိုင်းဝသို့ရောက်လာ၏
'' ဘာလဲ '' ကောက်လှိုင်းရိုးရောင်းလိုက်ရသည် ကြားသောကြောင့် ပိုက်ဆံချေးရန် လာသည်အထင်ဖြင့် ရီးကျီးဒန် ထူးသံ။
'' အဖေကော အမေ''
ထပ်၍ မေးရင်း ၀င်လာရာက မချောစိန်သည် သူ့အဖေ၏ သပိတ်ရောင် မျက်ျနှာကြီးကို မြင်သွား၏။
'' အဖေ၊ ကောက်ရိုးဝယ်ချင်လို့တဲ့။ ကျုပ်လည်း အဖေတို့မှာ ရောင်းစရာရှိတယ်ဆိုပြီး ခေါ်ခဲ့တာ၊ ဟိုမှာ''
မချောစိန်သည် အိမ်ဝိုင်းပြင်ဘက်သို့ နောက်ပြန် လက်ညိုန်းထိုးပြ၏။ ကမ္မ န်းရုပ် နွားနှစ်ကောင်နှင့် များစွာ မခြားနားသော လူတစ်ယောက်သည် လှည်းပေါ်မှ ဆင်းလာ၏
'' သူတို့ပဲ အဖေ''
မချောစိန်သည် ဧည့်သည်ကို လက်ညိုးထိုးပြခဲ့ပြီး အိမ်ဝိုင်းဘက်သို့ ခြေဦးလှည့်ရင်း '' အမေ ဘာချက် ''ဟုမေးသွား၏။
'' အေးအေး အဘိုးကြီး အဘွားကြီး သွားမှမရှိတာ၊ နှမ်းဖတ်ချဉ်နဲ့ ၀က်ဆီနဲ့ ချက်သအေ့။ ဟဲ့ ထိုင်ပါဦးလား''
တုံ့ပြန်သံက ချိုချိုကလေး။
ရီးဆေးရိုးသည် သားအမိချင်းပင် အသံနှစ်မျိုးထားသော သူ့အမယ်ကြီးအား သရော်ပြုံးကြည့်ပြီး ၀ိုင်းဝသို့ လှမ်းထွက်လာသည်။
'' ကောက်ရိုးဝယ်ချင်လို့လား၊ လာလေ ကောက်ရိုးပုံကို ဦးဆုံးလိုက်ကြည့်ပြီးမှ ပြောကြတာပေါ့ဗျာ''
သူရော ဧည့်သည်ပါ ရွာလယ်တံခါးမှ ထွက်လာခဲ့ကြကာ လှည်းကိုမူ တောင်တခါးမှကွေ့ လာခဲ့ရန် မှာခဲ့သည်။ကောက်ရိုးပုံမှာ ဓာတ်ပေါင်းစုဘုရား တောင်ဘက်ရှိး ဘုရားပြိုဘုရားပျက်များကြား
တွင် ခြံခတ်လျက်တည်ရှိ၏။ ပုံထားကတည်းက လူအသုံးမပြုသဖြင်. ချုံနွယ်များ တက်နေ၏။ နုတ်ရာဆွဲရာ တစ်စတလေမှအပ တစ်ပုံးလုံးမှာ မွဲသွေ့နေချေသည်။
'' အဲဒါပဲဗျာ၊ နှစ်စီးတိုက်သာသာ ရှိမယ်။ ပုံတိုက် ငါးရာ ''
''မများဘူးလားဗျာ''
ဧည့်သည်၏ အသံမှာ ပျော့လှသည်။
''အစောပိုင်းမှာတော့ တစ်စီးတိုက်ကို တစ်ရာ့အစိပ်၊ တစ်ရာ့သုံးဆယ်ပေါ့ဗျာ။ အခုလိုအချိန်မှာ တစ်စီးတိုက်ကို နှစ်ရာ့ အစိတ် နှစ်ရာ့ငါးဆယ်ဟာ ထုံးစံလို ဖြစ်နေပါပြီဗျာ''
ကျုပ်တို့ တစပုံလုံးလည်း မယူနိုင်ပါဘူး၊ အခုလာတာလည်း ဖျစ်ညှစ်စုဆောင်းပြီး လူတော့ ဖြစ်ချင်ရာဖြစ် နွားတော့ အသေမခံဘူးဆိုပြီး လာတာပါဗျာ ၊ ကျုပ်တို့ဘက်မှာ မိုးခေါင်လွန်းလို့ပါ..။
"ကျုပ်တို့ တစ်ပုံလုံးလည်း မယူနိုင်ပါဘူး။ အခုလာတာကလည်း ဖျစ်ညှစ်စုဆောင်းပြီး လူတော့ ဖြစ်ချင်ရာဖြစ် နွားကတော့ အသေမခံနိုင်ဘူးဆိုပြီး လာတာပေါ့ဗျာ။ ကျုပ်တို့ဘက်မှာ မိုးခေါင်လွန်းလို့ပါ"
ရီးဆေးရိုးသည် ထိုအခါကျမှ ဧည့်သည်ကို သတိထားကြည့်မိ၏ ခုနက ကောက်လှိုင်းရိုးဝယ်သူများ၏ ရွာနီးချုပ်စပ်မှပင် ဖြစ်ဖွယ်ရှိ၏။ သည်ရာသီကြီးတွင် နွားစာမျှမရှိအောင် မိုးခေါင်သော အရပ်မှာ ထိုအရပ်ပင်ဖြစ်ရမည်။
"ခင်ဗျားတို့အရပ်မှာ ခေါင်တော့ကောဗျာ၊ မြေနုဘက်ကို ရေလျဉ်ဘက်က စိမ့်စမ်းကောင်းတာပဲဗျ၊ နွားတွေ အဲဒီဘက် သွားကျောင်းပေါ့"
"အဲဒီနေရာတွေလည်း ကျုပ်တို့နှီပ်စက်လို့ မြက်မရှိတော့ဘူးဗျ။ တချို့တော့လည်း မရှိတဲ့ကြားမှာ ပေပြီး ကျောင်းနေကြတာပေါ့ဗျာ"
"အရှေ့ဘက် ကျွန်းထဲကိုင်းထဲကော"
"ဘာရှိမှာလဲဗျာ ရှိရှိသမျှ မြေတွေ စိုက်ခင်းပျိုးခင်းချည်းပဲ။ နွားစာကလေး နည်းနည်းပေးပါ သွားတောင်းရင် ပြောင်းပင်တွေ ပေးကြပါတယ်။ မငြင်းပါဘူး။ သို့သော် သူတို့မှာလည်း ဖက်လှီးဖို့ စိုက်ထားကြတာကလား။ သုံးခါထက်ပိုတောင်းလို့ ကောင်းပါ့မလား"
ရီးဆေးရိုး ဟင်းချလိုက်ရသည်။ သည်အရပ်သိ့ ပြောင်းခဲ့ပါလားဟူ၍လည်း အကြံမပေးရဲပါ။ ပြောင်းလာကြသော် နွားစာကား ရပါမည်။ လုပ်စားစရာမြေ အဘယ်မှာနည်း။
"တစ်ပုံလုံးမယူနိုင်ရင် တစ်စီးတင် တင်နိုင်သလောက် တင်သွားပေရော့ဗျာ"
"အဲ…ပိုက်…ပိုက်ဆံက"
ဧည့်သည်မှာ အားနာဟန်ဖြင့် ထစ်ထစ်ငေါ့ငေါ့ ပြောရင်း ခါးပိုက်ထောင်ထဲမှ ငွေစက္ကူများကို ထုတ်ယူနေရာက "ပါတာက နှစ်ရာ့အစိတ်တောင် မပြည့်တော့လိ့ပါဗျာ"ဟု တုံ့နှေးတုံ့နှေးပြောသည်။
"ပေးချင်သလောက်သာ ပေးသွားပါဗျာ၊ နွားဒုက္ခကိုးဗျ၊ ဘယ်တတ်နိုင်မလဲ"
ရီးဆေးရိုးသည် ဆင်းရဲသား လောဘသားမိုက ကောက်ရိုးတစ်စီးတိုက်ကို နှစ်ရာ့ငါးဆယ်လိုချင်ငြား မလိုချင်တော့ပါ။ စောစောပိုင်းဈေး ၁၃၀ ရလျှင်ပင် တော်ပါပြီ သဘောထားလိုက်တော့၏။ တောင်ဘက်တံခါးမှ လှည့်လာသော လှည်းလည်းရောက်လာ၏။ ရီးဆေးရိုးသည် ကောက်ရိုးပုံ ခြံတံခါးဖွင့်ပေးပြီး "တတ်နိုင်သလောက် တင်သွားကြပေတော့ဗျို့။ ပြီးရင်သာ တံခါးကို သေသေချာချာကလေး ပိတ်သွားကြဗျာ"ဆိုကာ ထွက်လာသည်တွင် ဧည့်သည်က ပြေးလိုက်လာ၏။
"နောင်ကြီး ပိုက်ဆံယူသွားပါဦး"
"ဘယ်လောက်လဲ"
"၂၂၀တော့ ရှိမယ်ထင်တာပဲ"
ရီးဆေးရိုးသည် ဆယ်တန်အနွမ်းများကို ရေတွက်ကြည့်သည်။ စုစုပေါင်း ၂၂ရွက်။
"တော်ပါပြီဗျာ ၁၅၀ ပဲပေးပါတော့"
ပြောပြောဆိုဆို ငွေစက္ကူ ခုနှစ်ရွက်ပြန်ပေးကာ ထွက်လာခဲ့၏။ ဧည့်သည်မှာ ယောင်ပေပေ ကျန်နေခဲ့ပြီးမှ ပြေးလိုက်လာပြန်၏။
"ငါးဆယ်ထပ်ယူပါ နောင်ကြီးရာ"
"တော်ပါပြီဗျာ၊ ရေနစ်သူကို ၀ါးကူမထိုးချင်ပါဘူး"
"ကျေးဇူးတင်လွန်းလို့ပါ နောင်ကြီးရာ"
ခါးပိုက်ထောင် ရှေ့ခါးကြားသို့ ငွေစက္ကူ အငါးရွက် အတင်းညှပ်ထိုးပေးသည်။ ပေးနေမှတော့ ရီးဆေးရိုးမငြင်းတော့ပါ။ သို့သော် သူ့စေတနာသည် သန့်ရှင်း၏ ကောက်ရိုးသည် လွှာလွှာကလေး ပါးပါးကလေးသာ စိမ်ပြေနပြေ တင်တတ်လျှင် သာမန် တစ်စီးခွဲတိုက်ကို တစ်ခေါက်တည်းဖြင့် ပါနိုင်သည်။ သို့ဖြစ်စေကာမူ သူပြန်မလာပါ။ ပြန်မကြည့်ပါ။ တင်နိုင်သမျှ တင်သွားကြပေစေတော့။ စိတ်အေးလက်အေးဖြင့် ထမင်းစားသည်။ ထမင်းစားပြီးခါရှိသေးသည် ကိုသန်းအုန်း၏ အသံကို ကြားရသည်။
"ဗျို့ကိုဆေးရိုး၊ မြောက်ခွင်ဘက်က မြေအင်းတို့၊ သီးပင်စုတို့၊ ငလူးအိုင်တို့မှာ မိုးခေါင်တာ နွားစာ ဆောင်းတွင်းကြီးမှာတောင် နွားစာမရှိဘူးတဲ့ဗျာ။ အဲဒါ ကောက်လှိုင်းကလေး ငါးဆယ်၊ တစ်ရာ၊ တစ်ရာ့ငါးဆယ်လောက် လှူပါဗျာ"
ကိုသန်းအုန်းသည် ရယ်ရယ်မောမောဖြင့် အိမ်ပေါ်တက်လာ၏။
"အခုလေးတင်ပဲ ရောင်းလိုက်ပြီကွ"
"သူတို့လည်း လယ်သမား ယာသမားတွေပါဗျာ။ ကျွန်တော်တို့ သွားပြီးကူညီချင်လို့ အခုလိုလိုက်ပြီး အကူအညီတောင်းတာပါ"
"ခက်တော့တာပဲကွာ၊ ကောက်ရှိးရှိတယ်၊ အဲဒီထဲက လှူမယ်ကဲ"
ရီးဆေးရိုးသည် ရေနွေးပန်းကန်ကို ကိုသန်းအုန်းရှေ့ ချပေး၏။ သူသည် ရေနွေးပန်းကန်ကို ကောက်ယူရင်း
"ဟာဗျာ၊ ကော်ကလှိုင်းရိုးကမှ သယ်ရယူရတာ လွယ်တာဗျ"ဟု စဉ်းစဉ်းစားစား ပြော၏။
"ပုတ်ခစည်းခကလည်း တစ်ရာကို ၅ကျပ်တော်ရဲ့"
ရီးကျီးဒန်ကမူ ပန်းကန်ဆေးရာမှ လှမ်းပြောသည်။
"ခမျာများ ဒုက္ခရောက်နေတာပါအေ"
"ခမျာများဆိုပြး ကောက်လှိုင်းရိုးဝယ်တဲ့လူကိုလည်း လျှော့ပေးလိုက်ရပြီးပြီ။ ကောက်ရိုးဝယ်တဲ့လူကျတော့ကော လျှော့ခဲ့ရပါသေးလား။
"ဒါနပေါ့အေ"
ထိုအချိန်တွင် ကိုသန်းအုန်းသည် ကောက်လှိုင်းရိုးများ ထမ်းထုတ်ကာ နှုတ်ဆက်သွား၏။
"အင်း.. သန်းအုန်းလည်း လူတစ်ကိုယ်တည်း သုံးကိုယ်လောက်ခွဲပြီး လုပ်နေရတာပါကလား။ သူတောင် အပင်ပန်းခံပြီး တစ်အိမ်တက်ဆင်း လိုကအလှူခံနိုင်သေးတာ တို့က ထိုင်ပြီးအသာကလေး လှူရတာများ ဘာပင်ပန်းတာမှတ်လို့"
ရီးကျီးဒန်သည် ခပ်မဆိတ်ပင် ဆေးလိပ်ကောက်ညှိသည်။ ထိုစဉ်တွင် ရီးဆေးရိုးက ထပ်၍ပြောလိုက်ပြန်သည်မှာ "စိတ်ထားတတ်ရင် မြတ်သတဲ့ဟ၊ ဒါနပြုတယ်လို့ သဘောထား"ဟူ၍ ဖြစ်ပေ၏။
ပြီးပါပြီ
.

3 comments:
Thanks for this article.
I remembered my small village and ....
Ray
ဟဟဟဟ စိတ်ထားတတ်ရင် မြတ်သတဲ့။
သဘာဝဘေးက တော်တော်ဆိုးတာနော်။
မိုးရွာလဲ ရွာလို့
မိုးခေါင်လဲ ခေါင်လို့ လယ်သမားတွေ ဒုက္ခရောက်ရတယ်။
ခု ရုရှားမှာ မိုးခေါင်လို့ ဂျုံခင်းတွေရေမရလို့ ဂျုံဈေးတောင် တက်အုံးမတဲ့။
ကမ္ဘာတ၀ှမ်း မိုးလေမှန်ကန်ပြီး သီးနှံတွေ ဖြစ်ထွန်းပါစေ ... လို့ဆုတောင်းနေရတယ်။
Post a Comment