ငထွန်းကား ပြူးပြူးပျာပျာထသည်။ ဇရပ်အရိပ်သို့ဝင်လာသော လူအူထဲမှ တစ်ယောက်ကို ခြေဖြင့် ကန်မိ သဖြင့် ဖြစ်၏
''ကန်တော့ ကန်တော့၊ ဟင် ဟုတ်ပေါင် မတော်လို့နော်၊ မတော်လို့ပါဗျာ''
ဗိုက်ကို အောင့်သွားတာပဲ''
ရင်ထဲတွင် အေးသွားသော အသံကလေး။ သို့သော် အသံကြောင့် မဟုတ်။ မျက်လုံးကလေး ထောင့်ကပ် လျက် ဆော့ကစားသွားသော ပပြုံးသလို ပြုံးသလို အကြည့်ကြောင် ဖြစ်သည်။ သည်အကြည့်ကို ငထွန်းကား ၏ ရင်ထဲ`၌ သိမ်းဆည်းထားခဲ့ရ သည်မှာ နံနက်ကတသည်းက။ ခုနတုန်းက ဇရပ်ရိပ်မခိုဘဲ တွေ့လိုတွေ့ငြား လိုက်လံ ရှာဖွေရန် စိတ်ကူးနေမိသူမှာ သူကလေးဖြစ်သည်။ ငထွန်းကား ၀မ်းသာလွန်းသဖြင့် ညီကလေး ပြန်ရောက် လာပြီး သူ့ဘေး`၌ လဲလျောင်းနေသည်ကို သတိမထားမိ။
သူကလေး တို့မှာ တစ်ကျိပ်ရှိသည်။ မဒီကလေး ၄ယောက်နှင့် မိန်းမရွယ် ၃ယောက်၊ အမယ်အို၂ယောက်။ ငထွန်းကား ထက် အသက်အနည်းငယ်ကြီးပုံရသည့် လူရွယ်တစ်ယေက်။ရေချမ်းစင်တွင် ရေသောက် ပြီးနောက် သူတို့တစ်တွေ ၀င်ထိုင်းသော နေရာမှာ ငထွန်းကားနှင့် မဝေးလှ။ သို့ကြောင့် သူကလေး၏ အမည် 'မယ်ငြိမ်းစည်' ဟု သိလိုက်ရသည်။ ဆေးရိုးနိုးလာသည်အထိ ငထွန်းကားသည် ငုတ်တုတ်မှမရွေ့။ ရေတွင်း မှ ဆေးရိုးပြန်လာသည်။ ငထွန်းကား မှာ နှဲကောမိနေသော ငှက်အဖြစ် မှ မပြောင်း။
"အမေက စောစောပြန်ခဲ့ပါလို့ မှာလိုက်တယ်လေ အစ်ကိုရဲ့"
"အေးပါကွာ ပူပါသေးတယ်"
ဆေးရိုးသည် ဟိုကြည့်သည်ကြည့် စူးစမ်းသည်။ ရှင်ငြိမ်းစည်တို့ ၀ိုင်းကို တွေ့သည်။ ရှင်ငြိမ်းစည်၏ လှပ တောက်ရွဲ သောမျက်လုံးကို သတိထားမိသည်။ တန်တော့ သည်လူအုပ်မရွေ့သမျှ ငထွန်းကား ထမည် မဟုတ်။ သူကသူ့အာရုံနှင့်သုမို့ ထိုင်နေ နိုင်သော်ငြား ဆေးရိုး မနေနိုင်။
''အစ်ကို ဆာတယ်''
ငထွန်းကား သည် ညီကို ငုံမကြည့်။ အိတ်ထဲမှ 'ပဲ'စေ့ တစ်စေ့ထုတ်ပေးသးည်။
''ညောင်ပင်အောက် မှာ မုန့်ပျားသလက်သည် ရှိတယ်ကွ၊ အဲသည်မှာ ၀ယ်စားပြီး လျှောက်သွားမနေနဲ့နော်''
ဆေးရိုး မျှော်ကြည့်သည်။ မြေအိုးကင်း သုံးချပ်ဖြင့် အလုပ်များနေသော မုန့်ပျားသလတ်သည်ကို လှမ်းမြင် ရသည်။
''ရွှေတိဂုံဘုရား ကျားတက်တာ ငါးရက်တောင် ကြာ၊ ဖူးချင်စရာ သိင်္ဂုတ္တရငယ်နဲ့ ကျိုက်ထီးရိုးဆိုတဲ့ ဆံတော်ရှင်၊ အဆန်းထွင်ဘုရား တစ်ပါးပါခင်ဗျာ့''
သစ်သား သေတ္တာတွင် ကြေးအိမ်ကွပ် အပေါက် နှစ်ပေါက်တပ်ထားရာ ကလေး တွေ လူကြီးတွေ အုံနေသည်။ လူကြီးတွေက အချင်းချင်း လှမ်းလှမ်းပြီး စကားပြောနေကြပုံ မှာ တအံ့တသြလေသံ။ ထိုကြေးကွင်း ပေါက် ကြည့်သူများ၏ဘေးတွင် ရပ်နေသူက လက်ခတ်စည်း တချွင်ချွင်တီးလျက် သံနေ သံထားဖြင့် ရွက်ဆိုနေသည်။ ထိုသူသည် သေတ္တာဘေးရှိ အတံကလေးကိုလည်း ဆွဲကာဆွဲကာ ချနေသည်။
''ဘာပါလိမ့်၊ ကြည့်ချင်လိုက်တာ''
ကြည့်ချင်ခြင်းထက် ဆာလောင်ခြင်းက ပိုသောကြောင့် မုန့်ပျားသလက်သည်ထံ ဆေးရိုး အရာက်ပြေးရ၏ ။ ဆီတွေ ရွှဲနေသော မုန့်ပျားသလက်ကို ကိုက်ကာကိုက်ကာစား ရင်း ပိုက်ဆံ သုံးပြားကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသော ဆေးရိုးသည် ''ဓာတ်ရှင် သေတ္တာ'' သို့ မရောက်။ ''လာကြနော်၊ လာကြ ၊ တောက်တဲ့စကြာ။ အမြီးတစ်ဆ ခေါင်းနှစ်ဆ ရမယ်'' အော်နေသည့် လောင်းကစားဝိုင်းရှေ့တွင် တောင့်တောင့်ကြီး အဖမ်းခံနေရလေ၏။
စက္ကူတစ်ချပ်ပေါ်တွင် စက်ဝိုင်းရေးထားသည်။ မျဉ်းကြောင်း တွေလည်း ပါသည်။ စက်ဝိုင်း၏ ဗဟိုတွင် တဂျစ်ဂျစ် လည်ပတ်နေသော တောက်တဲ့ရုပ်။ အရုပ်တစ်ကြိမ် ရပ်သွားတိုင်း ကားချပ်ပေါ်မှ ပိုက်ဆံကို ကောက်ယူ သူလည်း ရှိ၏ ''ဟာကွာ'' ဆိုပြီး လက်ဖျားခါသူလည်းရှိ၏ ။
''မုဆိုးနဂါး တောင်းပန်ငြား၊ ဘုရားရွှေစက်တော်၊ ဖူးကြစို့နော်၊ ညာဘက်က ရှိခိုးနေတာက သစ္စဗန္ဓမုဆိုး၊ ဘယ်ဘက် က နဂါးမကလေးတွေ ခြံရံပြီး ဦးခိုက်နေတာ ကတော့ သစ္စဗန္ဓနဂါးမင်း ခင်ဗျာ့။ မုဆိုးနဂါး တောင်းပန်ငြား ဘုရားရွှေစက်တော် ဖူးကြစို့ နော်၊ ကျောင်းတော်ရာရယ်က''
လွင်သော အသံနှင့် စည်းသံသည် လွင့်ဝဲလာ၏ သည်ခဏ၀ယ် ဆေးရိုး၏ ခြေအစုံသည် တောက်တဲ့ ဘေးမှ ခွာ၏ ။
''ကျိုက်ထီးရိုးတဲ့၊ ရွှေတိဂုံတဲ့၊ ကျောင်းတော်ရာတဲ့၊ ဟုတ်တယ်၊ ငါ မဖူးဖူးဘူး''
သုတ်သုတ် လှမ်းလာပြီးမှ အစ်ကို့အား ဆေးရိုး သတိရသည်။ ဇရပ်သို့ လှမ်းကြည့် သည်။ ငထွန်းကား ကျောက် မနှုတ်သေး။
''အဘ၊ ကျုပ်လည်းကြည့်ချင်လို့''
''ကြည့်ချင်ရင် တစ်ပြားပေး''
ဓာတ်ရှင် သေတ္တာ၏ ကြေးကွင်းစွပ်သည့် အပေါက်တစ်ပေါက်ကို ဖွင့်ပေးသည်။ ကြေးကွင်းပေါက်၏ အတွင်းပိုင်း ၌ မှန်ကာထားသည်။ ရွှေတိဂုံဘုရား ကျားတက်ခန်းဟု စာရေးထားသည်။ ရွှေရောင် ၀င်းလျှပ် နေသော စေတီတော်ကြီး အကြီးကြီးပါတကား။
ဆေးရိုး သဘောကျနေစဉ် သူ့ဘေးရှိအပေါက်သို့ ဆေးရိုးအောက်ငယ်သော ကလေးနှစ်ယောက် ရောက် လာသည်။ အပေါက် တစ်ပေါက်ကို ဖွင့်ပေးသည်။ ကြေးကွင်း ပေါက်၏ အတွင်းပိုင်း၌ မှန်ကာ ထားသည်။ ရွှေတိဂုံဘုရား ကျားတက်ခန်းဟု စာရေး ထားသည်။ ရွှေရောင်းဝင်းလျှပ်နေသော စေတီတော်ကြီး အကြီး ပါတကား။
ဆေးရိုး သဘောကျနေစဉ် သူ့ဘေးရှိအပေါက်သို့ ဆေးရိုးအောက်ငယ်သော ကလေးနှစ်ယောက် ရောက်လာသည်။ အပေါက်တစ်ပေါက်ကို နှစ်ယောက် ကြည့်ကြ သည်။ အပေါက်နှစ်ပေါက်တွင် လူပြည့် သွားပြီဖြစ်ရကား ဓာတ်ရှင်သေတ္တာသမားသည် စည်းနှစ်လုံးကို ခတ်လိုက်၊ စည်းနှစ်လုံးဖြင့် သေတ္တာကို ခေါက် လိုက်လုပ်ကာ သံနေ သံထားဖြင့် အော်ပါတော့သည်။
''ဓာတ်ရှင်ကားရယ်က စုံလင်စွာ၊ ဘုရားမြတ်စွာ ဆယ်ဆူဖူးတယ် ထူးတဲ့သမ္ဘာ၊ ကဲသည်မျှနဲ့ နိဌိတာပါပြီ ခင်ဗျာ''
ပြောပြောဆိုဆို ကြေးကွင်းကို အဖုံးကြိးလာစွပ်သဖြင့် ဆေးရိုးမှာ မချင့်မရဲဖြင့် ထရပ်လိုက်ရသည်။ ချက်ချင်း ငထွန်းကား ကို သတိတရ လှမ်းကြည့်သည်။ အစ်ကို ငထွန်းကားမှာ ဆေးရိုးဘက်သို့ ပီပီပြင်ပြင်ကျောပေးနေပြန်ပြီ။ မည်သို့ ဖြစ်စေ ဆေးရိုးမှာ အစ်ကို့ထံ ပြန်ရတော့မည်။ တစ်ယောက် တည်း လည်း လျှောက်မလည်ရဲ၊ အဖော်ကွဲသွားသော် ခက်ရချည့်။
လူတွေအုံနေသည်။ ဂိုးဂိုးဂေါက်ဂေါက် အသံလည်း ကြားရသည်။ ကိုယ်တစောင်းဖြင့် ဆေးရိုး ၀င်ကြည့် သည်။ ငါး ပုစွန် လိပ်နှင့် ကြက် ကျား ဆင်ရုပ်များရေးထားသော ဖယောင်းပုဆိုးတစ်ချပ်။
''လက်တွေ ရုပ်ကြ ရုပ်ကြ''
ဖယောင်းပုဆိုး၏ ဟိုဘက်ဘေး`၌ တင်ပျဉ်ခွေထိုင်နေသော လူကြီးက စက္ကူဘူးကို လက်ညှိုးဖြင်. တောက်ကာမ လိုက်၏ ၏။ အံစာသုံးလုံး ပေါ်လာသည်။ အံစာ၏ ဘေးမှာရော အပေါ်မှာပါ ရောင်စုံအရုပ် ကလေး တွေ။
''ကြွက်သုံးကောင်''
ထိုလူကြီးကပင် တစ်ဆက်တည်း အော်သည်။ သူပင်လျှင် ဆင်ရုပ် ကျားရုပ် ငါး ပုစွန် လိပ်ရုပ်များပေါ်ရှိ ပိုက်ဆံ များကို ဆွဲယူပြီး ကြက်ရုပ်ပေါ်သို့ ပိုက်ဆံသုံးပြား ပစ်ချသည်။
''လာကြ လာကြ၊ ထိုးကြ၊ ရုပ်ကြည့်လို့ အမြတ်မရှိဘူး၊ ထိုးကြည့်မှ အကျိုးရှိမှာ''
ဝိုင်းကြည့်နေသူများအား တစ်ချက်မော့ကြည့်ရာက အဖုံး ပြန်ဖုံးသည်။ ဂလောက် ဂလောက် မြည်အောင် သုံးလေးချက်ခေါက်ပြီး ချထားလိုက်သည်။
ဆေးရိုးသည် ဆုပ်ထားသော လက်ကို ဖြေကြည့်သည်။ ချွေးစေးတွေ ရွှဲနေသော ပိုက်ဆံနှစ်ပြား။ ယင်းအနက်မှ တစ်ပြားယူပြီး ကြက်ပေါ်သို့ ချလိုက်သည်။ သူ့နည်းတူပင် ဆင်ပေါ် ငါးပေါ် ပုစွန်ပေါ် စသည်ဖြင့် အရုပ် ၆ ရုပ်ပေါ်သို့ တစ်ပြီးစီချသူလည်းရှိ၏။ အရုပ်ပေါ်တည့်တည့်မချဘဲ မျဉ်းကြောင်းပေါ်သို့ ချသူ လည်း ရှိ၏။
''လက်ရှောင်၊ လက်ရှောင်၊ ပေါက်ကောင် ဖွင့်မယ်''
''ကြက်၊ ပုစွန်၊ လိပ်''
ဆေးရိုးမှာ တစ်ပြားအရော်ရလိုက်သဖြင့် ၀မ်းသာသွားကာ လိပ်ပေါ်သို့ တစ်ပြားပစ်ချသည်။ သည် တစ်ပြား ကား အလျော်မရ။ ''ပုဇွန်နှစ်ကောင် ဆင်ပါခင်ဗျာ'' ဆိုကာ စားသွားလေ၏
''ကျားသေနေတယ်ကွ၊ သည်တစ်ခါ ကျားပေါ်ရမယ်''
ဒလန်ဟူသည်ကို ဆေးရိုးမသိပါ။ သူတစ်ပါးပြောသံကြားသဖြင့် ကျားရုပ်ပေါ်သို့ တစ်ပြား ချသည်။ ဆင်သုံးကောင်ပေါ်လာပြီး ဆေးရိုး၏ ပိုက်ဆံတစ်ပြား ပါသွားသည်။
ဆေးရိုး စဥ်းစား၏ ကြက်သုံးကောင် ပေါ်အပြီးတွင် ကြက်ကိုထိုးရာ ကြက်တစ်ကောင် ပေါ်သဖြင့် အလျော် ရခဲ့၏ ယခုလည်း ဆင်သုံးကောင်ပေါ်သဖြင့် နောက်ဆုံးလက်ကျန် တစ်ပြားကို ဆင်ပေါ်သို့ ချ၏ ။
''လက်ရှောင်၊ ပေါက်ကောင်ဖွင့်မယ်''
''ကြက်ကွ''
''ပုဇွန်ကွ''
အခြားသူများက မိမိတို့လိုရာကိုအော်သော အခါ ဆေးရိုးလည်း ''ဆင်နှစ်ကောင်''ဟု အော်၏ ။
''အလွန်အစားစိတ်တဲ့ ပုဇွန် ငါး လိပ်ပါ ခင်ဗျာ''
ဆေးရိုး၏ ရင်ထဲတွင် ဟာသွား၏ ။ ခြေတွေ လက်တွေ မသယ်ချင်အောင်ဖြစ်လျက် ဇရပ်ကို လှမ်းကြည့်၏ ။ ငထွန်းကား မရှိတော့ပါ။
''ဆေးရိုးက ကုသိနာရုံဘုရားပွဲမှာ 'ခြောက်ကောင်' နှစ်ပြားဖိုး ရှုံးခဲ့သတဲ့''
ကိုယ့်အလုပ်ကိုသာ ရိုးသာအေးဆေးစွာ လုပ်ကိုင်နေခဲ့သော ရမ်းဘိုကုန်းရွာသူ ရွာသား များတွက် ခြောက်ကောင် ဟူသော ဝေါဟာရသည် အဆန်းဖြစ်နေ၏ ထိုထူးဆန်းသော အရာကို ကာလသားပေါက်စ မဖြစ် တဖြစ် ကောင်ကလေးက အဘယ်ကြောင့် ရှုံးရသနည်းဟု စဉ်းစား၍ မရကြ။ စဉ်းစား၍မရတိုင်း ဆေးရိုး ကို လာပြီးမေးကြ၏ ။ ဆေးရိုးမှာသည်မျှဖြင့် မပြီးသေး၊ ဓာတ်ရှင် သေတ္တာထဲတွင် ရွှေတိဂုံဘုရားနှင့် ရွှေမော်ဓော၊ ကျိုက်ထီးရိုးတို့ကိုပါ ဖူးခဲ့ရသည်ဆိုသောကြောင့် ကျီးဒန်တို့ ငွေသောတို့ကြားတွင် အကျော် ဒေးယျ ဖြစ်နေသေး၏ ထိုကိစ္စသည် ဆေးရိုးအတွက် တစ်နှစ်စာဖူလုံသည်။ တစ်နှစ်အတွင်း ပြော၍မပြီး၊ ပြော၍ မဆုံးတော့ပေ။
သို့သော် နောက်နှစ် ကုသိနာရုံဘုရားပွဲတော်သို့ကား ငထွန်းကားသည် ဆေးရိုးကို မခေါ်တော့ပေ။ ဆေးရိုး ကား သူ့အားသူ့အစ်ကိုက ထားခဲ့သည်ကိုလည်း မသိ။ ''ဘုရားပေါ်မှာ ကျားကြီးဟာ နည်းတာ မဟုတ် ဘူး ပါးစပ်ကြီးကလည်း ပြဲနေတာပဲ'' ဟူ၍ ပြောမဆုံးချေ။
တစ်နေ့ သော်ကား ဆေးရိုးတို့မောင်နှမ ထမင်းပွဲတွင် ကျန်နေခဲ့ကြစဉ် အိမ်ရှေ့မှ အမေ့အသံ ပေါ်လာ၏ ။
''အလိုလေးတော် ကျားသားမိုးကြိုး၊ ငါ့သား အရက်မသောက်ဘဲ စောစောစီးစီး ပြန်လာတယ်။ ''
ပါးစောင် တွင် ကွမ်းသွေးတွေရဲလျက်၊ ခေါင်းပေါင်းတာဘက်ကို ကုပ်ပေါ်တင်လျက်၊ သျှောင်က လည်း ပြောင်အိ နေကာ အစ်ကိုငထွန်းကားသည် သပ်ရပ်သန့်ရှင်းစွာဖြင့် အဖေ့ရှေ့တွင် ၀င်ထိုင်သည်။
''အဖေ၊ ကျုပ်ကို မိန်းမတောင်းပေးပါ''

အပိုင်း (၃) ဆက်ရန်
.
1 comment:
မကောင်းစ်..
လောင်းကစားဆို ဘယ်ဟာမှ မကောင်းစ်.....
Post a Comment