အခန်း(၁၅)
လူတွေအားလုံးသည် ရေဒီယိုဆက်သွယ်ရေး စက်ကိုသာ အာရုံစိုက်နေကြပြီဖြစ်သည်။ ရေဒီယိုစက် မှအသံမြည်လာသည်နှင့် လူတိုင်း၏ မျက်လုံးများသည် ထိုစက်ဆီသို့သာ ရောက်နေကြသည်။
ရေဒီယိုဖြင့် ဆက်သွယ်သတင်းပို့ချက်များ မှန်မှန်ကြီးလျာက် ရှိလေသည်။ ဗိုလ်ချုပ် ဖွန်ဂါဘီရာ၏ ယာယီ ဌာနချုပ် ရှိရာ တပ်စခန်းဆီသို့ မာစီးဒီးကားလာနေသည်ကို အဆက်မပြက် သတင်းပို့နေ ခြင်းဖြစ်သည်။ ထို့ပြင် တစ်ဖက်မှလာနေသည့် ကုန်တင်လော်လီကား၏ သွားလာလှုပ်ရှားမှုသည် တောက်လျှောက် သတင်းပို့လျက် ရှိလေသည်။
ရေဒီယိုမှ သတင်းပို့ချက်များ တစ်ခုနှင့်တစ်ခုအကြားဒ အားလပ်နေချိန်တွင် စည်သွတ်အမဲသား ဘူး၊ ပေါင်မုန့်နှင့် လက်ဖက်ရည်တို့ကို စားသောက်ရင် စောင့်နေကြလေသည်။
ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် အစားအသောက်ကို အနည်းငယ်မျှသာစားပြီး တပ်မှုး၏ စားပွဲတွင်ထိုင် ကာ စဉ်းစား နေလေသည်။
ခရိတ်သည် စီးကရက်ဖြတ်ထားပြီဖြစ်သော်လည်း ယခုတော့ စီးကရက်အလွန်သောက်ချင်စိတ် ဖြစ်ပေါ် လာသည်။ ထို့ကြောင့် စီးကရက်ကို တောင့်တမှုပြေပျောက်စေရန် ရုံးခန်းငယ်အတွင်း ခေါက်တုံ့ ခေါက်ပြန် စင်္ကြလျှောက်နေလေသည်။
ကက်ပတိန် နီဘေဘီသည် ရေဒီယိုမှလာသည့် သတင်းပို့ချက်တစ်ခုကို ရှိုနာဘာသာမှ အင်္ဂလိပ်လို ဘာသာပြန်၍ (အားလုံး နားလည်စေရန်) အစီရင်ခံနေလေသည်။
"မာစီးဒီးကားဟာ ကျေးရွာကို ရောက်လာပါပြီ။ အဲဒီရွာမှာရှိတဲ့ ဓာတ်ဆီဆိုင်ကိုဝင်ပြီး၊ ဓာတ်ဆီဖြည့် ထည့်တယ် လို့ သတင်းရရှိပါသည်။
ယခုအတိုင်းဆိုလျှင် ၀န်ကြီး တွန်ဂါတာသည် ခရိတ်တို့ရှိရာနှင့် အလွန်နီးကပ်သော နေရာသို့ ရောက်နေပြီ ဖြစ်သည်။ ယင်းအချက်ကို စဉ်စားသုံးသပ်ရင်း ခရိတ်သည် စိတ်မကောင်းဖြစ်မိလေ သည်။
တစ်ချိန် က သံယောဇဉ် ဖြစ်ခဲ့သော မိတ်ဆွေရင်းတစ်ဦး အနေဖြင့် တွန်ဂါတာအတွက် စိတ်မ ကောင်းသည် သဘောပင်ဖြစ်သည်။ ဤတွင် သူ့စိတ်ကို ပြန်၍ မစဉ်းစားဘဲ မိမိတို့လိုက်ဖမ်းရန် ကြိုးစား နေသော တရားခံ ဘာဒါ အဖြစ်သာ ယူုဆသင့်သည့်ဟု သူ့ကိုယ်သူ ပြန်ပြောသလို ဆင်ခြင် သုံးသပ် ကြည့်လေ သည်။ သို့ဖြစ်လင်ကစား တွန်ဂါတာသည် တစ်ချိန်က မိမိနှင့် အလွန်ခင်မင် ရင်းနှီးခဲ့သူ မိတ်ဆွေကောင်း တစ်ဦး ဖြစ်ခဲ့သည်ကို မေ့ပျောက်၍မရဘဲ ထပ်တလဲလဲ ပြန်လည် သတိရနေမိပြန်သည်။
ခရိတ်အနေဖြင့် မိတ်ဆွေရင်း တစ်ဦးအပေါ် သစ္စာစောင့်သိခြင်းနှင့် ရာဇ၀တ်မှုကျူးလွန်သူ တရားခံ အား ဖမ်းဆီး အပြစ်ပေး လိုသည့်စိတ် တည်းဟူသော ဆန္ဒတို့သည် အကြိတ်အနယ် လွန်ဆွဲသလို အားပြိုင် နေခြင်းကြောင့် စိတ်ထဲမကြည်လင်ဘဲ ဝေခွဲ၍မရနိုင်အောင် ဖြစ်နေမိလေသည်။
ခရိတ် သည် ရုံးခန်းအတွင် နေရာသည်ကို ကျဉ်းကျဉ်းသလို ဖြစ်မိသဖြင့် ပြင်ဘက်သို့ ခေတ္တ ထွက်ခဲ့လေ သည်။
ပြင်ဘက်တွင်ကား နေ၀င်သွားပြီဖြစ်၍ အာဖရိကတိုက်၏ နေ၀င်ဖျိုးဖျအချိန် ခရမ်းရောင်သန်း နေသော ကောင်းကင် ကို ခရိတ်က မော့ကြည့်နေမိလေသည်။
သူ၏ နှလုံးအတွင်း၌ကား နာကျခြင်း ဝေဒနာတစ်မျိုးကို ခံစားရလျက်ပင် ရှိသေးသည်။
ထိုအခိုက် သူ၏နောက်နားဆီမှ ခြေသံလိုလို ကြားလိုက်မိသဖြင့် လှည့်ကြည့်လိုက်ရာ ဆယ်လီဖြစ် နေသည် ကို တွေ့ရလေသည်။
"သိပ်ပြီးတော့လည်း စိတ်မကောင်းဖြစ်မနေစမ်းပါနဲ့ရှင်"
သူမက တကယ်ပင် စေတနာထားဟန်ဖြင့် ပြောလိုက်ရာ ခရိတ်သည် သာယာကြည်နူးသလို ဖြစ်မိလေ သည်။
"တရားခံ ကို လက်တွေ့ဖမ်းဆီးဖို့ သွားတဲ့အခါ ရှင်လိုက်မသွားဘဲ ဒီမှာနေရစ်လို့ ရပါတယ်"
ဆယ်လီ က ဆက်ပြောလျှင် ခရိတ်က ခေါင်းခါပြလေသည်။
"ကျုပ်ကိုယ်တိုင် ဟိုမှာ ဖြစ်ပျက်မှာကို လိုက်ကြည့်ချင်တယ်။ ဒါကြောင့် ရှင့်ကို ကျွန်မ အထူးပဲ လေးစားမိ ပါတယ်"
ခရိတ်သည် ဆယ်လီအား ကြည့်လိုက်ရာ သူမ၏ မျက်နှာကလေး မော့နေပုံက မိမိကို နမ်းစေချင်း သည့် ဟန်မျိုး ဖြစ်နေကြောင်း တွေ့ရလေသည်။ ခရိတ်ကိုယ်တိုင်ကလည်း ဆယ်လီအား ယုယမြတ်နိုးစွာ ပွေ့ဖက် နမ်းရှုပ်ချင်နေသည်မှာ ကြာပြီဖြစ်သည်။ ယခင်က သူ၏စိတ်ထဲ တောင့်တမိသော်လည်း အချိန် အခါ မသင့်သေးဟု ယူဆလျက် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုတော့ စောင့်ဆိုင်းရန် မလိုတော့သဖြင့် ဆယ်လီ၏မျက်နှာ အမှုအရာက အချက်ပြ နေပြီ ဖြစ်သည်။ သူမ ကိုယ်တိုင်က ခရိတ်၏ပွေ့ဖက်နမ်းရှုပ်ခြင်းကို ခံစားလိုသည့်ဆန္ဒ ဖြစ်ပေါ်နေ ကြောင်း ထင်ရှား နေပေပြီ။
ခရိတ်သည် ဆယ်လီ၏ပါးပြင်ကို လက်ချောင်းများဖြင့် အသာကိုင်လိုက်ရာ သူမ၏မျက်လုံးများ မှေးလျက် ခရိတ် ဘက် သို့ ခန္ခာကိုယ်ပါ ယိမ်းထိုးလာလေသည်။
ထိုအချိန်၌ ခရိတ်သည် သူ့ကိုယ်သူ ပြန်သုံးသပ်မိရာ သူသည် ဆယ်လီအား တကယ်ပင် ချစ်ခင်မြတ်နိုး နေပြီဟု သိလာလေသည်။
"ဆယ်လီ"
ခရိတ်က ခပ်တိုးတိုးခေါ်၍ သူမ၏ မျက်နှာအနီးသို့ ချဉ်းကပ်သွားစဉ် ရုံးခန်းတံခါး ပွင့်လာပြီး ဗိုလ်ချုပ်ဖွန်ဂါဘီရာသည် ပြင်ဘက်သို့ ထွက်လာလေသည်။
"ကိုင်း......ကိုယ့်လူတို့ ကျုပ်တို့ စထွက်ကြဖို့ အချိန်ရောက်ပြီး"
ဗိုလ်ချုပ် က ပြောလိုက်သဖြင့် ခရိတ်နှင့်ဆယ်လီတို့လည်း မတက်သာဘဲ လူချင်းခွာလိုက်ရလေ သည်။
ထို့နောက် သူတို့သည် ဗိုလ်ချုပ်ဖွန်ဂါဘီရာနှင့် ကက်ပတိန် နီဘေဘီတို့ နောက်သို့ လိုက်ပြီး ဂိတ်ဝရှိ လင်းရိုဗာ ကား ဆီသို့ လျှောက်လိုက်သွားကြလေသည်။
အာဖရိကတိုက်၏ ရာသီဥတုသည် နေ့အခါတွင် ပူပြင်းသလောက် နေ၀င်၍ ညချမ်းအချိန်သို့ ရောက်သောအခါ အေးလာသည့်အလျောက် လင်းရိုဗာကားပေါ်တွင် ထိုင်လိုက်သူများအဖို့ ညဥ့်ဦးယံ၏ လေအေးဒဏ် ကို ခံနေကြရလေသည်။
လင်ရိုးဗာကားကို ကက်ပတိန် နီဘေဘီက မောင်းနှင်းပြီး ဗိုလ်ချုပ်ဖွန်ဂါဘီရာက ယာဉ်မောင်းသူ၏ ဘေးမှထိုင်ကာ ခရိတ်နှင့် ဆယ်လီတို့ နှစ်ယောက်ကမူ ကား၏နောက်ပိုင်းတွင် တိုးဝှေ့ထိုင်ကြရ လေသည်။ ကားနောက်ပိုင်းတွင် သူတို့အပြင် ရေဒီယိုစက်နှင့် စက်ကိုင်သူ အော်ပရတာ ရဲဘော် တစ်ဦးလည်း လိုက်ပါလာသည်။
ကက်ပတိန် နီဘေဘီသည် ကား၏ရှေးမီးလုံးကြီးများ မဖွင့်ဘဲ ဆိုင်းလင်းမီးဟုခေါ်သော မီးသေးနှစ် လုံးကို သာ ဖွင့်လျက် သတိထားကာ မောင်းနှင်လေသည်။
သူတို့ ကားနောက်တွင်ကား တတိယတပ်မဟာမှ စစ်သားအပြည့်ပါသော လော်လီကားကြီးနှစ်စီး လိုက်ပါ လာသည်။
မာစီးဒီကား သည် သူတို့၏ရှေ့မိုင်ဝက်တွင် ရှိနေပေသည်။ လင်းရိုဗာကားပေါ်မှ မာစီးဒီးကား၏ နောက်မီးလုံး များကိုပင် မြင်နေရလေသည်။
အတန်ကြာကြာ မောင်းသွားကြပြီနောက် ဗိုလ်ချုပ်ဖွန်ဂါဘီရာသည် ကား၏ရှေ့ဒိုင်ခွက်များကို ကြည့်ပြီး ဤသို့ ပြောလေသည်။
"ကျုပ်တို့ အခုမောင်းလာခဲ့တာ နှစ်ဆယ့်သုံးမိုင်ရှိသွားပြီ။ ဆန်ယာတီဘက်ကွေ့တဲ့ လမ်းဆုံနဲ့ တူတီ သာသနာပြု မစ်ရှင်တို့ကို ရောက်ဖို့ နောက်ထပ်နှစ်မိုင်လောက်ပဲ လိုတော့တယ်"
တစ်ဆက်တည်းမှာပင် ဗီုလ်ချုပ်ဖွန်ဂါဘီရာသည် ကားမောင်းနေသူ ကက်ပတိန် နီဘေဘီ၏ ပခုံးကို လှမ်းပုတ်လိုက်သည်။
"ဟေ့...ကားကို လမ်းဘေးမှာ ခဏရပ်လိုက်စမ်း၊ ပြီးတော့ လမ်းဆုံးမှာရှိတဲ့ ငါတို့ရဲ့ ယူနစ်(တပ် ဖွဲ့)ကို ရေဒီယို နဲ့ ဆက်သွယ်ဖို့ လုပ်ပါ"
ဗိုလ်ချုပ် ဖွန်ဂါဘီရာက အမိန့်ပေးနေချိန်တွင် ခရိတ်သည် စိတ်တတ်ကြွလှုပ်ရှားနေသည့်ကြားမှ တစ်ချက် တချက် ကျောချမ်းသလိုလည်း ဖြစ်နေမိလေသည်။
ကက်ပတိန် နီဘေဘီသည် ဗိုလ်ချုပ်အတိုင်း ချက်ချင်းပင် လမ်းဆုံရှိ လမ်းမပေါ်ရှိနေခြင်းမဟုတ်။ လမ်းမမှ လုံးဝမမြင်ရသော ချုံနွယ်ပိတ်ပေါင်းကြား၌ လျှို့ဝှက်ပုန်းအောင်ပြီး နေရာယူထားခြင်း ဖြစ်သည်။
အဆက်အသွယ် ရ၍ တစ်ဖက်မှ သတင်းပို့ချက်ကို နားထောင်ပြီးနောက် ကက်ပတိန် နီဘေဘီ သည် အလွန် ၀မ်းသာအားရဟန်ဖြင့် ဖွန်ဂါဘီရာအား တစ်ဆင့်အစီရင်ခံလေသည်။
"ဗိုလ်ချုပ်ခင်ဗျား၊ ဘာဒါလမ်းမကြီးက ဘေးဘက်ကို ထွက်သွားပါပြီး။ ကုန်တင် လော်လီကားကြီး ကလည်း လမ်းဆုံက နှစ်မိုင်လောက်ဝေးတဲ့ နေရာမှာရပ်ထားတယ်။ ဒါဟာ သူတို့ကြိုတင် စီစဉ်ပြီး တွေ့ဆုံ ဖို့ ချိန်ထားတာ ဖြစ်ရမယ်"
"အေး ကောင်းပြီ။ မင်း ဒီကားကို ဆက်မောင်းသွားပေတော့။ သူတို့နောက်က ခြေရာခံလိုက်သွား ကြမယ်"
ကက်ပတိန် နီဘေဘီလည်း လင်းရိုဗာကားကို ခပ်သွက်သွက် မောင်းလေတော့သည်။
"ဟော ဟိုရှေ့နားမှာ လမ်းကွေ့ပဲ"
ဗိုလ်ချုပ် ဖွန်ဂါဘီရာက ညွှန်ပြရင်း ပြောလိုက်ရာ ကက်ပတိန် နီဘေဘီသည် ကားကို အရှိန်လျော့ မောင်းသွားပြီးနောက် လမ်းကွေ့အရောက်တွင် ချိုးဝင်လိုက်သည်။
ခဏမျှာကြာလျှင် တတိယတပ်မဟာမှ တပ်ကြပ်ကြီးတစ်ဦး မှောင်ထဲမှ ထွက်လာပြီး လင်းရိုဗာကား ၏ဘေးခြေခုံပေါ်သို့ တွယ်တက်လိုက်သည်။ သူ၏ လက်တစ်ဖက်ဖြင့် ဗိုလ်ချုပ်ဖွန်ဂါဘီရာကို လည်း အလေးပြုလိုက်သည်။
"သူတို့က ဒီကဖြတ်သွားတာ တစ်မိနစ်ကျော်ကျော်ပဲ ရှိပါဦးမယ် ဗိုလ်ချုပ်။ ကုန်တင်လော်လီကား ကြီးဟာ ရှေ့နားမှာ ရှိနေပါတယ်။ ကျွန်တော်တို့က လော်လီကားကြီးဖြတ်သွားပြီးနောက် လမ်းကို ပိတ်ဆို့ထား လိုက်ပါတယ်။ ရှေးနားမှာလည်း ကျွန်တော်တို့တပ်တွေက လမ်းပိတ်ထားပြီးပါပြီ။ သူတို့ကို ကျွန်တော် တို့က နှစ်ဖတ်ပိတ်ညှပ်ထားမိနေပြီ ဖြစ်ပါတယ်။
တပ်ကြပ်ကြီး က အစီရင် ခံလိုက်ရာ ဗိုလ်ချုပ်ဖွန်ဂါဘီရာသည် ကျေနပ်ဟန်ဖြင့်
"အေး......ကောင်းတယ်၊ မင်းတို့ လုပ်စရာရှိတာ ဆက်လုပ်ကြ"ဟု အမိန့်ပေးလိုက်ပြီးနောက် ကက်ပတိန် နီဘေဘီဘက်လှည့်၍ ညွှန်ကြားပြန်သည်။
"ဟေ့......လမ်းက ဒီနေရာမှာ ဆင်ခြေလျှော့ ဖြစ်နေတယ်။ ငါတို့နောက်က ကားကြီးတွေကို အင်ဂျင်စက် ရပ်ပြီး ဒီတိုင်း လှိမ့်ဆင်းသွားဖို့ ပြောလိုက်"
လမ်းက တကယ်ပင် ဆင်ခြေလျှော ဖြစ်နေရာ လင်းရိုဗာကားနှင့်တကွ နောက်မှ စစ်သည်များပါ သည့် ထရပ်ကား နှစ်စီးတို့သည် အင်ဂျင်စက်ရပ်၍ လှိမ့်ဆင်းသွားကြရာ ကုန်းဆင်းက အလွန်မတ် စောက်သဖြင့် ကားများသည် အရှိန်ပြင်းစွာဖြင့် လိမ့်ဆင်းသွားကြလေသည်။
ဆယ်လီသည် ကြောက်သဖြင့် ခရိတ်၏ လက်တစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရှာလေ သည်။
"ဟောဟိုမယ်၊ သူတို့ပဲ"
ဗိုလ်ချုပ် ဖွန်ဂါဘီရာက ရုတ်တရက် ပြောလိုက်သည်။
ခရိတ်သည် လှည့်ကြည့်လိုက်ရာ ရှေ့မှာ မာစီးဒီးကား၏ မီးလုံးများကို မြင်ရလေသည်။ သူတို့ လင်းရိုဗာကားသည် မာစီးဒီးကားကို တဖြည်းဖြည်း မီလာနေပြီဖြစ်သည်။
မကြာမီ မျက်နှာချင်းဆိုင်ဘက်မှ မော်တော်ကားတစ်စီး၏ ရှေ့မီးလုံးကြီးများ ပိတ်လိုက်ဖွင့်လိုက် သုံးကြိမ်တိတိ လုပ်သည်ကို မြင်ရပေသည်။ ကြိုတင်သတ်မှတ်ထားသည့်အတိုင်း မော်တော်ကား အချင်းချင်း အချက်ပေးဟန် တူပေသည်။
မာစီးဒီးကားသည် ရုတ်တရက်အရှိန်လျော့၍ မောင်းလေသည်။
"ဒီကောင်တွေကို ကျုပ်တို့ လက်ပူးလက်ကြပ် မိဖို့ သေချာပြီ"
ဖွန်ဂါဘီရာက ကျေနပ်အားရဟန်ဖြင့် ရေရွတ်လိုက်သည်။
မိုးကာဖျင် (တာလပတ်) ဖုံးအုပ်ထားသော ကုန်တင်လော်လီကားကြီးသည် တစ်နေရာတွင် ရပ် ထားပြီး ဖြစ်သည်။
မာစီးဒီးကားသည်လည်း ရပ်လိုက်ပြီး ကားပေါ်မှ လူနှစ်ယောက်ဆင်းကာ လော်လီကားရှိရာသို့ လျှောက်သွား ကြလေသည်။ လူနှစ်ယောက်နက် တစ်ယောက်က မောင်းပြန်ရိုင်ဖယ် သေနတ်တစ် လက် ကိုင်ဆောင် ထားသည်။
ထိုလူများသည် လော်လီကားမောင်းသူနှင့် စကားပြောနေကြလေသည်။
ခရိတ်တို့၏ လင်းရိုဗာကားသည် အင်ဂျင်စက် နှိုးမထားသဖြင့် အသံလုံးဝ မမြည်ဘဲ ထိုနေရာသို့ ဆင်ခြေလျှော အတိုင်း လိမ့်ဆင်းသွားစဉ် ဆယ်လီသည် ခရိတ်၏ လက်ကို တင်းကျပ် ဆုပ်ကိုင် ထားရှာသည်။
မာစီးဒီးကားပေါ်မှ ဆင်းလာသူနှစ်ယောက်အနက် တစ်ယောက်သည် ကုန်တင်ကား၏ နောက် ဘက်ဆီသို့ လှည့်၍ လျှောက်လာစပြုပြီးမှ ရုတ်တရက် ရပ်လိုက်ပြီး လာနေသော လင်းရိုဗာကား ဘက်သို့ အံ့သြဟန်ဖြင့် လှမ်းကြည့်လေသည်။
ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် လင်းရိုဗာကားမှ ရှေ့မီးလုံးကြီးများကို ရုတ်တရက်ဖွင့်လိုက်ရာ ပတ်ဝန်း ကျင် တစ်ခုလုံး ထိန်လင်းသွားလေသည်။
တစ်ချိန်တည်း မှာပင် ဗိုလ်ချုပ်သည် ရဲတပ်ဖွဲ့သုံး လက်ကိုင်အသံချဲ့စက် တစ်ခုကိုယူ၍ သူ၏ပါးစပ် တွင် တေ့ထား လိုက်သည်။
ဓဟေ့…ဘယ်သူမှ မလှုပ်ကြနဲ့၊ အားလုံး ငြိမ်နေလိုက်ပါ။ ထွက်ပြေးမယ်လည်း မကြံကြပါနဲ့။
ဗိုလ်ချုပ်ဖွန်ဂါဘီရာက အသံချဲ့စက်ဖြင့် အော်ပြောလိုက်ရာ လူနှစ်ယောက်သည် ချာခနဲ လှည့်ပြေး ပြီး မာစီးဒီးကားရှိရာသို့ ပြေးကြလေသည်။
ကက်ပတိန် နီဘေဘီက လင်းရိုဗာကား၏ အင်ဂျင်စက်ကို နှိုးလိုက်သည်။
ဓဟေ့လူတွေ၊ ခုချက်ချင်း ရပ်လိုက်ပါ၊ ခင်ဗျားတို့ရဲ့ လက်နက်တွေကိုလည်း ချလိုက်ဓ
ဗိုလ်ချုပ်ဖွန်ဂါဘီရာက ခပ်ထန်ထန် အော်ပြောလိုက်တော့မှ မာစီးဒီးကားပေါ်မှ လူနှစ်ယောက်သည် ရပ်လိုက်ပြီး တစ်ယောက်က သူ၏ ရိုင်ဖယ်သေနတ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
ထို့နောက် နှစ်ယောက်စလုံး လက်မြှောက်လိုက်ကြသည်။
ကက်ပတိန် နီဘေဘီသည် လင်းရိုဗာကားကို မာစီးဒီးကားရှေ့သို့မောင်း၍ လမ်းပိတ်ဆို့ထားလိုက် သည်။ ထို့နောက် သူသည် ကားပေါ်မှ ခုန်ဆင်း၍ မာစီးဒီးကားအနီးသို့ ချဉ်းကပ်သွားကာ အူဇီ အမျိုးအစား စက်သေနတ်ငယ်တစ်လက်ဖြင့် ကားတွင်းသို့ ချိန်ထားလိုက်သည်။
ကဲ…ကားပေါ်က ဆင်းကြ၊ အားလုံး တစ်ယောက်မကျန် ဆင်းခဲ့ကြ။
ကက်ပတိန်နီဘေဘီက ခပ်ထန်ထန် ပြောလိုက်သည်။
ထိုအခိုက်မှာပင် စစ်တပ်သုံး ထရပ်ကားကြီးနှစ်စီး ဆိုက်လာပြီး တတိယတပ်မဟာမှ လက်နက်ကိုင် စစ်သည်များ လျင်မြန်သွက်လက်စွာ မာစီးဒီးကားကို ဝိုင်းထားလိုက်ကြသည်။ စစ်သားတစ်ဦးသည် ကား၏ တံခါးကို ဆွဲဖွင့်ပြီး အတွင်းမှယာဉ်မောင်းသူနှင့် နောက်လူတစ်ယောက်ကို ခပ်ကြမ်းကြမ်း ဆွဲခေါ်ထုတ် လာသည်။
ထိုလူသည် အရပ်မြင့်မြင့် ထောင်ထောင်မောင်းမောင်းနှင့်ဖြစ်ပြီး လင်းရိုဗာကား၏ မီးရောင်တွင် မျက်နှာ ကိုပါ ထင်ရှားစွာ မြင်နေရသဖြင့် ခရိတ်အဖို့ ယုံမှားသံသယဖြစ်စရာ မရှိတော့ချေ။
ထိုလူကား မာတာဘယ်လီတိုင်းရင်းသား ဝန်ကြီးတွန်ဂါတာပင်တည်း။
သူသည် သူ့အား ဝိုင်းဖမ်းချုပ်ထားသူ စစ်သားများကို တွန်းဖယ်ပစ်ပြီး ခပ်တည်တည် ရပ်နေလေ သည်။
ဟေ့ကောင်တွေ၊ မင်းတို့ ငါ့ကို လုံးဝ လာမထိနဲ့။
ဤသို့လည်း တွန်ဂါတာက ငေါက်လိုက်သည်။
သူသည် အနက်ရောင် ဘောင်းဘီနှင့် ရှပ်အင်္ကျီအဖြူ ဝတ်ဆင်ထားလေသည်။
ဟေ့ ငါ ဘယ်သူဘယ်ဝါဆိုတာ မင်းတို့ သိရဲ့လားကွ၊ မင်းတို့ဟာ အင်မတန်ရိုင်းစိုင်း အောက် တန်းကျတဲ့ ကောင်တွေပဲ တွန်ဂါတာက ဤသို့ ခက်ထန်စွာ ပြောလိုက်သဖြင့် စစ်သားများသည် ရုတ်တရက် ရွံ့သွားကာ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ကြလေသည်။ သူတို့သည် လင်းရိုဗာကားဆီသို့ အကြံဉာဏ် တောင်းသလို လှမ်းကြည့်နေကြသည်။
ဤတွင် ဗိုလ်ချုပ်ဖွန်ဂါဘီရာက မှောင်ရိပ်ထဲမှ ထွက်လာရာ ဝန်ကြီး တွန်ဂါတာကလည်း ချက်ချင်း မှတ်မိ လေသည်။
လက်စသတ်တော့ ခင်ဗျား ဖြစ်နေတာကိုး၊ ခင်ဗျားက ပါးကွက်အာဏာသား အကြီးအကဲဆိုပ့ါ တော့ တွန်ဂါတာ က သရော်သလို ပြောလိုက်ရာ ဖွန်ဂါဘီရာသည် လျစ်လျူရှုလျက် သူ၏လူများအား ဟေ့…ဒီကားကြီးကို ဖွင့်လိုက်ကြစမ်းဓဟု အမိန့်ပေးလိုက်သည်။
သူ၏ မျက်လုံးများကတော့ ဝန်ကြီးတွန်ဂါတာ၏ မျက်နှာကိုသာ စိုက်ကြည့်နေသည်။
ဝန်ကြီး တွန်ဂါတာကလည်း လုံးဝ တုန်လှုပ်ကြောက်ရွံ့ဟန်မရှိဘဲ ဗိုလ်ချုပ်ဖွန်ဂါဘီရာအား ရဲရင့် တည်ကြည်စွာ ပင် ပြန်ကြည့်နေသည်။
တစ်ဦးက ရှိုနာတိုင်းရင်းသား၊ ကျန်တစ်ဦးက မာတာဘယ်လီ လူမျိုးဖြစ်နေသဖြင့် တစ်ဦးကိုတစ်ဦး ကိုက်စားချင် လောက်အောင် စက်ဆုပ်မုန်းတီးသူနှစ်ဦး မျက်နှာချင်းဆိုင်ကာ စိတ်ဓာတ်အင်အား ချင်း ပြိုင်နေသည် နှင့် တူနေလေသည်။ သူတို့နှစ်ဦးစလုံးသည် စိတ်ဓာတ်အင်အား ကြီးမားသူချည်း ဖြစ်ကြ သည်။ သြဇာတိက္ကမရှိသော လူမျိုးစုခေါင်းဆောင်လည်း ဖြစ်ကြသည်။ ယခုအချိန်တွင် သူ တို့နှစ်ဦး ယဉ်ကျေးမှု ဆိုင်ရာ ဟန်ဆောင်ခြင်းကင်းပြီး စစ်မြေပြင်၌ ရင်ဆိုင်နေကြသူ အာဖရိက တိုင်းရင်းသား စစ်သူကြီး နှင့် တူနေပေသည်။
ခရိတ်သည် လင်းရိုဗာကားပေါ်မှဆင်း၍ ရှေ့သို့ လျှောက်ထွက်လာရာမှ မာစီးဒီးကားနားသို့ အရောက် တွင် ရုတ်တရက် ခြေလှမ်းတန့်လျက် အလွန်အံ့အားသင့်နေမိလေသည်။ ယခုမြင်ရ သော မြင်ကွင်းမျိုးကို သူသည် မည်သည့်အခါကမှ မမျှော်လင့်မိခဲ့သောကြောင့် အကြီးအကျယ် အံ့ သြနေမိခြင်းပင် ဖြစ်သည်။
ဖွန်ဂါဘီရာ နှင့် တွန်ဂါတာတို့နှစ်ဦးကို ကြည့်ရသည်မှာ ခေတ်မီလက်နက်များမပေါ်မီက အာဖရိက တိုင်းရင်းသား လူမည်း သူရဲကောင်းများလို တစ်ယောက်ကိုတစ်ယောက် လက်ချည်းသက်သက် ဖြင့် တိုက်ခိုက် သတ်မှတ်ကြတော့မည့် ဟန်မျိုး ဖြစ်နေလေသည်။
ထိုအတောအတွင်း စစ်သားများသည် ထရပ်ကုန်တင်ကားကြီးပေါ်မှ ဘေထုပ်ကြီးများ၊ သစ်သား ပေါင်ရိုက် ထားသော ကုန်သေတ္တာကြီးများကို သယ်ယူထမ်းချလျက် ရှိကြလေသည်။ သစ်သား သေတ္တာကြီး တစ်ခုသည် ကားပေါ်မှ မြေကြီးပေါ်သို့အကျတွင် ကွဲပျက်သွားရာ အတွင်းမှ ဆင်စွယ် ကြီးများ ထွက်လာလေသည်။
စစ်သည်တစ်ဦးက ဘေထုပ်တစ်ထုပ်ကို ဖွင့်လိုက်ရာ အလွန်အဖိုးတန်သော သားမွေးများနှင့် ကျား သစ်ရေ များကို သေသပ်စွာထုပ်ပိုးထားကြောင်း တွေ့ရလေသည်။ နိုင်ငံခြားသို့ ခိုးထုတ်ရန် အထူး တလည် ပိရိစွာ ထုပ်ပိုးထားခြင်းဖြစ်ကြောင်း ထင်ရှားနေပေသည်။
အခန်း (၁၅) ဒုပိုင်း ဆက်ရန်
.
ဤတွင် ဗိုလ်ချုပ်ဖွန်ဂါဘီရာက မှောင်ရိပ်ထဲမှ ထွက်လာရာ ဝန်ကြီး တွန်ဂါတာကလည်း ချက်ချင်း မှတ်မိ လေသည်။
လက်စသတ်တော့ ခင်ဗျား ဖြစ်နေတာကိုး၊ ခင်ဗျားက ပါးကွက်အာဏာသား အကြီးအကဲဆိုပ့ါ တော့ တွန်ဂါတာ က သရော်သလို ပြောလိုက်ရာ ဖွန်ဂါဘီရာသည် လျစ်လျူရှုလျက် သူ၏လူများအား ဟေ့…ဒီကားကြီးကို ဖွင့်လိုက်ကြစမ်းဓဟု အမိန့်ပေးလိုက်သည်။
သူ၏ မျက်လုံးများကတော့ ဝန်ကြီးတွန်ဂါတာ၏ မျက်နှာကိုသာ စိုက်ကြည့်နေသည်။
ဝန်ကြီး တွန်ဂါတာကလည်း လုံးဝ တုန်လှုပ်ကြောက်ရွံ့ဟန်မရှိဘဲ ဗိုလ်ချုပ်ဖွန်ဂါဘီရာအား ရဲရင့် တည်ကြည်စွာ ပင် ပြန်ကြည့်နေသည်။
တစ်ဦးက ရှိုနာတိုင်းရင်းသား၊ ကျန်တစ်ဦးက မာတာဘယ်လီ လူမျိုးဖြစ်နေသဖြင့် တစ်ဦးကိုတစ်ဦး ကိုက်စားချင် လောက်အောင် စက်ဆုပ်မုန်းတီးသူနှစ်ဦး မျက်နှာချင်းဆိုင်ကာ စိတ်ဓာတ်အင်အား ချင်း ပြိုင်နေသည် နှင့် တူနေလေသည်။ သူတို့နှစ်ဦးစလုံးသည် စိတ်ဓာတ်အင်အား ကြီးမားသူချည်း ဖြစ်ကြ သည်။ သြဇာတိက္ကမရှိသော လူမျိုးစုခေါင်းဆောင်လည်း ဖြစ်ကြသည်။ ယခုအချိန်တွင် သူ တို့နှစ်ဦး ယဉ်ကျေးမှု ဆိုင်ရာ ဟန်ဆောင်ခြင်းကင်းပြီး စစ်မြေပြင်၌ ရင်ဆိုင်နေကြသူ အာဖရိက တိုင်းရင်းသား စစ်သူကြီး နှင့် တူနေပေသည်။
ခရိတ်သည် လင်းရိုဗာကားပေါ်မှဆင်း၍ ရှေ့သို့ လျှောက်ထွက်လာရာမှ မာစီးဒီးကားနားသို့ အရောက် တွင် ရုတ်တရက် ခြေလှမ်းတန့်လျက် အလွန်အံ့အားသင့်နေမိလေသည်။ ယခုမြင်ရ သော မြင်ကွင်းမျိုးကို သူသည် မည်သည့်အခါကမှ မမျှော်လင့်မိခဲ့သောကြောင့် အကြီးအကျယ် အံ့ သြနေမိခြင်းပင် ဖြစ်သည်။
ဖွန်ဂါဘီရာ နှင့် တွန်ဂါတာတို့နှစ်ဦးကို ကြည့်ရသည်မှာ ခေတ်မီလက်နက်များမပေါ်မီက အာဖရိက တိုင်းရင်းသား လူမည်း သူရဲကောင်းများလို တစ်ယောက်ကိုတစ်ယောက် လက်ချည်းသက်သက် ဖြင့် တိုက်ခိုက် သတ်မှတ်ကြတော့မည့် ဟန်မျိုး ဖြစ်နေလေသည်။
ထိုအတောအတွင်း စစ်သားများသည် ထရပ်ကုန်တင်ကားကြီးပေါ်မှ ဘေထုပ်ကြီးများ၊ သစ်သား ပေါင်ရိုက် ထားသော ကုန်သေတ္တာကြီးများကို သယ်ယူထမ်းချလျက် ရှိကြလေသည်။ သစ်သား သေတ္တာကြီး တစ်ခုသည် ကားပေါ်မှ မြေကြီးပေါ်သို့အကျတွင် ကွဲပျက်သွားရာ အတွင်းမှ ဆင်စွယ် ကြီးများ ထွက်လာလေသည်။
စစ်သည်တစ်ဦးက ဘေထုပ်တစ်ထုပ်ကို ဖွင့်လိုက်ရာ အလွန်အဖိုးတန်သော သားမွေးများနှင့် ကျား သစ်ရေ များကို သေသပ်စွာထုပ်ပိုးထားကြောင်း တွေ့ရလေသည်။ နိုင်ငံခြားသို့ ခိုးထုတ်ရန် အထူး တလည် ပိရိစွာ ထုပ်ပိုးထားခြင်းဖြစ်ကြောင်း ထင်ရှားနေပေသည်။
အခန်း (၁၅) ဒုပိုင်း ဆက်ရန်
.
2 comments:
Thankssssssss.
Ray
စိတ်ဝင်စားစရာတော့ တော်တော် ကောင်းလာပြီ ဆရာမရေ...
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
Post a Comment