Wednesday, August 11, 2010

ဂျာနယ်ကျော် မမလေး ပုံရိပ် ဆောင်းပါးများ (၁၃)

ကိုယ့်ကိုယ်ကို မနည်းပင်အားတင်းပြီး အိမ်အောက်ထပ်သို့ လှမ်းဝင်လိုက်ရသည်။ အောက်ထပ်က ပြတင်းပေါက် မရှိ၍ အတန်ငယ်မှောင်နေသည်။ ရပ်ကွက်သာရေး၊ နာရေးအသင်းမှ ပြုပြင်ကူညီထားမှူဖြင့် ဇာပဝါ အုပ်ဆောင်း အောက်မှာ ထာဝရမှေးစက်အိပ်ပျော် သွားပြီးဖြစ်သော အမေ့ မျက်နှာကို အတန် ကြာအောင် စိုက်ကြည့်နေ လိုက်မိပါသည်။

အမေ တစ်ယောက် ကွယ်လွန်သွားပြီ ဘဝမှာ   အမေ ဟုခေါ်စရာ နောက်နောင် မရှိတော့ပေ။ မနေ့ ညနေစောင်း အမေ့ထံ မှ တိုက်ခန်းသို့ မပြန်မီ ကြုံလှီဖျော့တော့ပြီး အားနည်းသည့်အသွင်ဆောင်နေသော အမေ့ ကို သမားတော်ကြီးနှင့် ရက်ချိန်းယူပြီးသွားပြရန် မိမိကပြောတော့ အမေက..  ရပါတယ် သားကြီးရယ်၊ အမေ နေကောင်းပါတယ် မင်းအလုပ်ပျက်နေပါဦးမယ်  ဟု ဆိုခဲ့သေးသည်။ နေဝင်စပျိုးဖျတွင် အမေ့ကို နှုတ်ဆက် ၍ တိုက်ခန်းသို့ ပြန်ခဲ့လိုက်သည်။ သမားတော်ကြီး စကားတစ်ခွန်းကိုလည်း ပြန်အမှတ်ရ နေမိပြန် သည်။
                                           
နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်သွားရင်းလည်း စိုးရိမ်ရတယ်  မှန်ပါသည်။ ကနေ့မနက်တွင် အမေသည် နေ့စဉ် သူပြုနေကျ ဆွမ်းထချက်ရင်း ထိုင်နေကျ ထိုင်ခုံလေးပေါ် လဏနားရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီး ဘဝသစ် သို့ အမေတစ်ယောက် ကူးပြောင်းသွားခဲ့ပြီ၊ ဇာပဝါပါးအောက်မှာ အမေ့မျက်နှာညိုညိုလေးကို ကြည့်ရင်း နှစ်ပေါင်း ၅၇နှစ်မျှ၊ မမောမပမ်း၊ ပြးလွှား ဖြတ်ူသန်းခဲ့ရသော ဘဝတစ်ခု နိဋ္ဌိတံခဲ့ရလေပြီဟု တွေးမိသည်။ အမေ၅ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပါစေတော့။   
   
(၂)   
                               
ပညာအရည်အချင်းလေးတန်းအောင်အဆင့်သာ ရှိခဲ့ပေမယ့် အမေက စာဖက်သည်။ စာအုပ်တွေ စုဆောင်း တတ်သည်။ အထူးသဖြင့်ဝတ္ထုရှည်ကြီးများကို မငြီးငွေ့တမ်း ဖတ်တတ်သည်။ မန္တလေး ဈေးချိုရုံကြီး ၁၂ ရုံ ရှိစဉ်က ဂျီရုံထဲတွင် အမေက အမေကြီး၏ ဆိုင်လက်ထောက်အဖြစ် ဈေးကူရောင်းရင်း ထိုခေတ်က ထင်ရှားသော စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေး၏   ရင်နင့်အောင် မွှေး၊    မုန်း၍မဟူ ၊   သွေး  တို့အမေ က တစ်ရှိုက်မက်မက် ဖက်ခဲ့သူ၊ စာဖက်ခြင်းက ဈေသည်ဘဝ ဈေးရောင်းရာတွင် တစ်နည်းတစ်ဖုံ အထောက် အပံ့ ဖြစ်စေခဲ့ပုံရသည်။ ဝယ်သူတွေ ဝယ်ချင်စိတ်တို့ နိုးကြွားလာအောင် ပြောတတ်၊ ဆိုတတ်၊ ရောင်းတတ် ခဲ့ခြင်းကလည်း   စာဖက်ခြင်း  မှ ပံ့ပိုးပေးခဲ့ပြန်သည်။

မိမိအရွယ်ရောက်လာတော့ အမေက ဝတ္ထုတွေဖက်ခိုင်းသည်။ စုခိုင်းသည်။ အမေက မိသားစု ဝန်တာ ထမ်းရွက် နေခဲ့သူမို့ ထိုမျှလောက်းသာ ဖက်ဖြစ်ခဲ့သည်။ မိမိတို့လို မိဘကျေးဇူးကြောင့် အေးအေးလူလူ စာဖတ်ခွင့်၊ စာပြုစုခွင့်ဘက် မလှည့်သာခဲ့ပေ။ အမေညွှန်သည့်အတိုင်း ဂျာနယ်ကျော်မမလေး၊ ခင်နှင်းယု၊ စိန်စိန် တို့၏ ဝတ္ထုများကို ဖတ်ဖြစ်ခဲ့သည်။ မိမိကဝတ္ထုရှည်ကြီးများထုက် ဝတ္ထုတိုများကို တိမ်းညွှတ်သူမို့ ဂျာနယ်ကျော် မမလေး၏   မုဆိုးမ ၊   ကာဖီ ၊ မြက်ကလေးတစ်ပင်။ ခင်နှင်းယု၏   ဓမ္မရက္ခိတ ၊   ခံပွင့်  စသည် တို့ကို အမေအား ပြောပြဖြစ်သောအခါ အမေက ပြုံးတမြမြဖြင့် နားထောင်ပေးတက်သည်။ သားကြီး ပြောသော ဝတ္ထုတိုများ နားထောင်ရင်း ဈေးရောင်းသည်၊ ဈေးဝယ်ေိခ်ါသည်။

အမေ့ကြိုးပမ်း မြော်မြင်ရှိမှူတို့ကြောင့် အိမ်၏ စီးပွားရေးမှာ တစ်ရိပ်ရိပ် တက်လာခဲ့းသည်။ ညနေ ဆိုင်သိမ်း ပြီး တစ်နေ့တာ ရောင်းရသည့်ငွေများ သိမ်းပြီဆိုလျှင် အမေ့မျက်နှာမှာဝင်းပနေတတ်သည်။ မိမိက ဆိုင် ကူသိမ်းရင်း မနက်ဖြန်ကျရင်ဝယ်ချင်သည့် စာအုပ်စင်ူကြီးက ဟီထလာခိဲ့ရသည်။ အမေ့ကျေးဇူးများပင်။ တစ်ခါ တရံ စဉ်းစားမိသည်။ အမေနှင့် စာအုပ်၊ စာအုပ်နှင့် အမေပြီးတော့ စာရေးဆရာမကြီး ဂျာနယ်ကျော် မမလေး တို့ ၏ ဆက်စပ်မှု ပုံရိပ်ကွင်းဆက်များ။                               

(၃)
             
          
အမေ့ကျေးဇူးဖြင့် စာတောပေတောထဲသို့ ရောက်ခဲ့ရသည်။ အမေက ဟင်းစား အပြင် ကွန်ချက် ပါ ပြပေးခဲ့သူမို့ မိမိ မှာ သဲကြီး မဲကြီး စာအုပ်မှော်ရုံတောထဲ အမေ့အားကိုးဖြင့် တောနင်းခဲ့ရသူဖြစ်သည်။ ဂျာနယ် ကျော်မမလေး ၏ ဝတ္ထုတိုများအပြင် ရှုမဝမဂ္ဂဇင်းထဲ မှ   ဆယ်နှစ် ၊ ပြည့်၊   ပြည်ရွှေဘိုမြို့ တောမြောင် ဆီက ၊   ဘဝဟူသည်   တို့အထိ ဆက်လက် ရှာဖွေဖတ်ရှုဖြစ်ခဲ့တော့သည်။ ထိုစာမှုများသည် သူမ ဘဝ နှင့် စပ်လျဉ်းပြီး မိသားစု၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေအပေါင်းအသင်းတို့နှင့် ပတ်သက်၍် မျက်မြင် ကြုံတွေ့ ခံစားရချက်များကို ရဆောင်းပါးဟန်ဖြင့် ရေးဖွဲ့ခဲ့သည်များ ဖြစ်သည်။ ထိုစာများကို စုစည်းပြီး ဖတ်ခွင့် ရလိုက်သော အခါ ဂျာနယ်ကျော်မမလေး၏ဘဝကို အပြည့်အစုံ မဟုတ်သည့်တိုင် တစ်စိတ် တစ်ပိုင်း ပုံရိပ် အဖြစ် လက်ခနဲ တွေ့လိုက် ရသည်။

ဖြစ်စဉ်များကို ဆက်စပ် တွေးတောမိပြီး ဖက်ရသူရင်ထဲ တလှပ်လှပ် ဖြစ်စေခဲ့သည်။ စွနူ့်စားခန်း ဝတ္ထုကြီး တစ်ပုဒ်  ဖတ်နေသလိုလို။ စာဖတ်သူများက   စွန့်စားခန်   ဟု ဆိုလျှင် ဘဝနှင့် ကင်းကွာပြီး စိတ်ကူး အိမ်မတ် ထဲ ၌ တည်ဆောက်ထားသည့် စွန့်စားခန်းမျိုကို နှစ်ခြိုက်တက်ကြသည်။ မိမိကတော့ ဘဝပင်လယ် ထဲ၌ ရုန်းကန် ရင်ဆိုင်၊ ကျော်လွှား ဖြတ်သန်းနိုင်ခဲသည့် စွန့်စားခန်းမျိုကို ပိုမိုနှစ်ခြိုက်တတ်သည်။ အများက ဂျာနယ်ကျော် မမလေး အကြောင်းတွေးကြလျှင် သူမ၏ ပထမခင်ပွန်းဖြစ်သူ ဂျာနယ်ကျော် ဦးချစ်မောင် ကို ဗဟိုပြု ၍ စဉ်းစားတတ်ကြသည်။

မိမိကတော့ ထိုသို့မဟုတ်၊ အထက်ဖော်ပြခဲ့သော ရသဆေင်းပါးသုံးပုဒ်အဆက်စပ်အရ ဒုတိယ အိမ်ထောင် ထူထောင် လိုက်ရခြင်းအပေါ် စာနာနားလည်စိတ်ဖြင့်ပင် သတိရ ရှိနေတက်သည်။    ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက် နေ့ က ဂျာနယ်ကျော်မမလေး၏ ခင်ပွန်းဖြစ်သူ ဦးစံလွင်(ခ)ဦးအောင်ဇေယျ (အသက်၈၄) နှစ် ကွယ်လွန် သွားကြောင်းသတင်းကို ဂျာနယ်နှစ်စောင်တွင်တစ်ပြိုင်နက်တည်း ဖတ်လိုက်ရမှ တစ်ချိန်က ဖတ်ဖြစ်ခဲ့ ကာလအတန်ကြာမေ့လျော့နေမိပြန်သည့် ရသဆောင်းပါး ၃ ပုဒ်၏ အဆက်စပ်ကို တန်းပြီး သတိရ လိုက်သည်   ဆယ်နှစ်   ဟူသည့် ရသ ဆောင်းပါး ထဲတွင်-        ဂျာနယ်ကျော် ဦးချစ်မောင် ကွယ်လွန် သွားပြီး နောင်ပိုင်း တွင် သား၊ သမီး ၃ ဦးနှင့်အတူ ခယောင်းလမ်းကို ဖြတ်ကျော်ခဲ့ရသည်။

အသက်၂၈ နှစ်တွင် ငယ်ငယ်ရွယ်ရွယ် မုဆိုးမ ဖြစ်သွားရးသူမို့ ဘဝကိုဇယျားကွက်ချပြီး စတင် ဖြတ်သန်း ခဲ့ရသည်။ အိုးအိမ်ပြန်တည်မည်၊ ဂျာနယ်ကျော်ဆက်ထတ်မည်၊ ဦးချစ်မောင်ထုတ်ချင်သော ပြန်သူ့ဟစ်တိုင် သတင်းစာ ထုတ်ဖြစ်အောင် ထုတ်မည်။ ကလေးတွေကို ပညာသင်မည်။ ဦးချစ်မောင်မကွယ်လွန်မီ တစ်လ လောက် က ဝယ်ခဲ့သော စက်နှစ်လုံး သည် ခိုးရာပါပစù္စည်းများဆိုပြီး ရုံတင်တရားစွဲခံရသည်။ အမှု ရင်ဆိုင် ရသည်။ ပြီး အိမ်မီးလောင်ခံသေးသည်။ သတင်းစာအလုပ်၊ဂျာနယ်အလုပ်အပြင် အခြား ပုံနှိပ်လုပ်ငန်း များကိုပါ လက်ခံကာ နေ့မနား ညမအားကြဲလေတော့သည်။ သူမ၏ သတင်းစာကို ကွန်မြူနစ်သတင်းစာဟု သမုတ် ခံရ၍ သတင်းစာစောင်ရေ က ထိုးကျသွားသည်။

လစဉ်ကုန်ကျစရိတ်များကို   ထေး   နိုင်အောင်   သူလိုလူ  စာအုပ်ကို ၁၄ ရက် တိုင်တိုင် ညသန်းခေါင် နံနက်လင်း သည်အထိ ဖိရေးခဲ့ရပြန်သည်။ သတင်းစာစောင်ရေက ဗိုလ်ချုပ်တို့ ကွယ်လွန်ပြီးနောက် ပြန်ထိုးတက် လာ၍ သိတ်အေးမည်ရှိသေး ပုံနှိပ်တိုက်ကြီးကို မွမွကြေအောင် ထုရိုက် ဖျက်ဆီး ခံလိုက်ရ ပြန်တော့သည်။ ပုံနှိပ်တိုက်ပျက်ပြီး ငွေသုံးသောင်းနှင့်အစိုးရ အမတ်တော်ကြေးကြွးတို့တင်သွားရသည်။ မခြေအနေ မှာ တစ်နေ့ တစ်ခြား ဆိုးဝါးလာ၍ အိမ်ပေါ်က ဆင်းပေးရမည့် အခြေအနေပင် ဆိုက်နေရပြီ။

ဖျတ်ဆို ကံတရားက ကူမပေးသည်မို့ ရွှေဘုံလမ်းတွင်   တင်လှိုင်ကုမ္ပဏီ  ဟူ၍ ဖွင့်နိုင်ခဲ့ပြန်သည်။ ဘယ်အရာမှ မတည်မြဲဟု အသည်းတွင်စွဲနေတက်ပြီး ဝမ်းသာစရာတွေတွေ့၊ ဝမ်းနည်းစရာေ တွတွေ့၊ ဒေါးသဖြစ်စရာ တွေတွေ့၊ သည်းခံတက်သူ တစ်ယောက်လည်း ဖြစ်ခဲ့ပြီ။ ထိုကာလမှာပင် ကုန်လုပ်ငန်း၊ လိုင်ဆင် လုပ်ငန်းများ တစ်ရှိထိုး ကျဆင်းသွား ၍ လက်ဝတ်လက်စားအချို့ကို ဘဏ်သို့ ပြန် ပေါင်ရပြန် သေးသည်။ သည်ကြားထဲ စိန်တစ်ဆင်စာ ပစ္စည်းထုပ်သည် နှုတ်မှညည်းမိရုံဖြင့် ကြားလိုက်သော လင်မယား နှစ်ယောက် က သူမအား အသိလာမပေးဘဲ ဘဏ်မှသွားထုတ်၊ ရောင်းချပြီး မစို့မပို့ ငွေနှစ်ထောင် လာပေးသည်။

သားစဉ်မြေးဆက်ထိမ်းသိမ်းခဲ့ရသော စိန်ကြယ်စေ့ကို အစွဲလမ်းဆုံးမို့ အမြဲမပြတ်ယောင်ယမ်း တမ်းတ နေမိရသည်။ ဘောက်ထော်တိုက်ကို ရောင်းပြစ်လိုက်ပြန်သည်။ သည်ကြားထဲ သားဖြစ်သူ မောင်သိန်းတန် က ကျောင်းပြေး စိတ်လေပြီး လောကအကြောင်း အကုန်သိအောင် လုပ်စမ်းဟု မြှေက်ပေး သွားသည့် ဒါရိုက်တာ တစ်ဦးစကားကြောင့် အဟုတ်မှတ်ကာ သွေးကြွပျက်စီး ရလေ တော့သည်။ အတော်ကြီး ပင် စိတ်သောက ရောက်ရပြန်သည်။ စီးပွားရေးတေစ်ဖက်၊ အိမ်တစ်ဖက်၊ အလုပ် တစ်ဖက်၊ သားသမီး တစ်ဖက်ဖြင့် ထို  ဆယ်နှစ်  သည်...

ပြည်ရွှေဘိုမြို့ တေော်မြောက်ဆီမှ  ဟူသည့် ရသဆောင်းပါးထဲတွင်.သူမရှုမဝတွင် ရေးသားလိုက်သော   ဆယ်နှစ်  ဆောင်းပါးကို ဖက်ရှုပြီး လွန်စွာစိတ်ထိခိုက်၍ တောင်တွင်းမှ အမည်မပြော လိုသူတစ်ဦးထံမှ စာ ရောက်လာ ပြီးနောက် မမျှော်မလင့် သူမနှုတ်ဖျားမှ သီချင်းလေးတစ်စ ညည်းလိုက်မိသည်။    

ရန်ကြီးအောင်
ကုန်းဘောင်ခပါလို့၊
ငါးမည်ရပြည်ရွှေဘို၊
ဘေးရန်ကပြို
မုဆိုးဖို
ရန်ပြိုတဲ့ နန်းသိင်္ခ၊
ဘိုးတော်ဒေသ ...။

တစ်ဖက်ခန်း ခုတင်ပေါ်၌ လှဲနေသော သူမ ဒေါ်လေးက   မမလေး သီချင်းဆိုတာများ ဒေါ်လေးဖြင့် တစ်သက်လုံး မကြားဖူးတော့  ဟု လှမ်းပြောရာ သူမသည် ရှက်ရှက်ဖြင့် ရယ်မောလျက် ရှိနေခဲ့ရသည်။ သူ့ ထံ မှ စာရသောနေ့၌ အမှတ်တမဲ့ မဆိုစဖူး ဆိုဖူးသော ဤတေေးကို အစွဲပြုကာ အမည် မပြောလိုသည့် သူ့ကို   ကိုအောင်ဇေယျ  ဟုအမည်ပေးလိုက်ရသည်။ ခင်ပွန်သည် ဦးချစ်မောင်ကွယ်လွန်ပြီး ရုန်းကန် လှုပ်ရှား လာခဲ့ရသော ဘဝမှာ ကြမ်းတမ်းခက်ခဲလှ၏။ ဖေးမကူညီမည့်သူပေါ်လာမည့် အရိပ်အယောင်မို့ မိန်းမသား တစ်ဦး အနေနှင့်...။

ဘဝဟူသည်  ဆိုသည့် ရသဆောင်းပါးထဲတွင်- ၁၉၅၉ ခုမေလ ၁၇ ရက်နေ့တွင် သူမ ထမ်းထားရသော ဝန်ထုပ် ဝန်ပိုးကြီး ကို ကိုအောင်ဇေယျ(ခ)ကိုစံလွင် ပခုံးပေါ်သို့ ပြောင်းတင်ပေးလိုက်ပြီး ခြောက်လ(သို့) တစ်နှစ် တန်သည် အနားယူတော့မည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။ လောကဇာတ်ခုံပေါ်၌ ဆယ်သုံးနှစ် တိုင်တိုင် မင်းသားလဲ ကိုယ်၊ မင်းသမီးလဲ ကိုယ်ပင်၊ လူတစ်ယောက်တည်း နှစ်ကိုယ် ခွဲကာ မီးကုန်၊ ယမ်းကုန် ကျဲလာခဲ့ရ၍ အနားမရသော ခန္ဓာကိုယ်အား ရပ်နားခွင့်၊ ချမ်းသာခွင့်ပေးတော့မည်၊ စားဝတ်နေရေး ရှိရှိသမျှသော တာဝန်များအတွက် ကြံရဖန်ရခြင်းဖြင့် လုံးပမ်းကာ နွမ်းလှိုက် ခွေနုံးလာခဲ့သော စိတ်နှလုံး ကိုလည်း ငြိမ်းအေးခွင့် တည်ငြိမ်ခွင့် ပြုတော့မည်ဟု.......။

ဖော်ပြခဲ့သည့် အဆက်အစပ်များအရ ဂျာနယ်ကျော် မမလေး၏ ဘဝပုံရိပ်တစ်စွန်းတစ်စ မြင်တန် ကောင်းပါရဲ့ ဟုအောက်မေ့မိပါသည်။ မိမိကတော့ ထိုရသဆောင်းပါး၃ပုဒ်ဖတ်ပြီး   စာနာနားလည်စိတ်  အဆောက်အဦး ပိုမို ရင့်သန်ဖွံ့ဖြိုးလာခဲ့သည်ဟု မှတ်ယူမိသည်။

(၄)

ပုရွတ်ဆိတ်သည် ပုရွက်အုံကို ဖွဲ့သကဲ့သို့ ခြသည်တောင်ပို့ကို ဆောက်သကဲ့သို့ စာဘူးတောင်း သည် သူ့အသိုက် ကို ဆောက်သကဲ့သို့ ဂျာနယ်ကျော်မမလေးသည် သူ့ဘဝကို ဖြည်းညင်းစွာ စိတ်ရှည်စွာ ဇွဲရှိစွာ တည်ဆောက် နိုင်ခဲ့သူပင် မဟုတ်လား။

စာရေးသူ - ဇော်ခိုင်ဦး
.

No comments: