အသွင်တူမှ အိမ်သူဖြစ်တယ် တဲ့... တခါတလေ တော့လည်း အသွင်မတူ ပေမဲ့ အိမ်သူဖြစ်သွားတာ တွေ အများကြီး....
ကျနော့် ဖေဖေ နဲ့ မေမေ ဟာ လုံးဝ လုံးဝ အသွင်မတူ ကြပါဘူး ... ဒါပေမဲ့ တူတာ တခုရှိလို့ အခုထိ ပေါင်းဖြစ်ပြီး ကျနော်တို့ သားသမီး ၆ယောက် မွေးလာကြပါတယ်... တလွဲ မထင်ကြပါနဲ့ ကျနော် ပြောတဲ့ တူတာ တခုဆိုတာ အချစ်.. အချစ် တူကြလို့ သူတို့ ပေါင်းဖြစ်နေကြပါတယ်....
ဖေဖေ နဲ့ မေမေ ဟာ အသွင် မတူ ၊ တခုဘဲ တူတာကြောင့် ကျနော် တို့ သားသမီး များ ဟာ အလွန် စိတ်ညစ် ခဲ့ ရပါတယ်... အဲဒါကြောင့် ကျနော် ဟာ ယောက်ကျားတွေ ကို ကိုယ့် အဖေ နဲ့ နှိုင်းယှဉ် ပြီး မနှစ်သက် တဲ့ စိတ်တောင် ဝင်မိပါတယ်... ယောက်ကျားဆိုတာ မိန်းမတွေကို အနိုင်ကျင့်တယ်... ကိုယ်ချင်း မစာဘူး... သူတို့ဘဲ အနိုင်ယူကြတယ် ဆိုပြီး တော်တော် မုန်းမိတယ်... ဒါပေမဲ့ ကြီးလာတဲ့ အခါကြတော့ ဖေဖေ ကို ဘဲ အပြစ် ပြောလို့ မရတဲ့ အကြောင်းတွေ အများကြီး ရှိလာတယ်... ။
တချို့ ကိစ္စတွေ တော်တော်များများ မှာ ဖေဖေ ပြောတာ မှန်ပါတယ်...၊ ဒါပေမဲ့ မေမေ့ ရဲ့ နားလည် နိုင်စွမ်း က နဲ နေလို့ သူတို့ အဆင်မပြေကြတာဘဲ..... နောက်တခု က တယောက် လက်မခံတာကို လက်ခံဘို့ အတင်း ကျိုးစား ကြ တဲ့ အခါ ဖြစ်ပေါ်လာတဲ့ ဖေဖေ ရဲ့ အနိုင်ကျင့် တဲ့ စိတ်ကို မုန်းမိပြန်တယ်.. ။
မေမေ ကိုတော့ ဘယ်လိုမှ အပြစ်တင်လို့ မရခဲ့ဘူး မေမေ လုပ်တာတွေဟာ သာမန် လုပ်ရိုးလုပ်စဉ် တွေဘဲ ဖေဖေ သာ နဲနဲ လောက် ခွင့် လွှတ်နားလည် လိုက်ရင် ကျနော် တို့ မိသားစု ကြီး ဟာ သာယာမှာဘဲ ... ဒါပေမဲ့ ဖေဖေ ဟာ သူစကားနားမထောင်တာကို အသေးအဖွဲ လေးက အစ ခွင့်မလွှတ်ခဲ့ဘူး.. အဲဒီတော့ ကျနော်တို့ ဟာ ဘယ်တော့ မှ မိဘ နဲ့ ပတ်သက် ပြီးပျော်ရွှင်မှု့ မရခဲ့ဘူး....။
ဒါကြောင့် ကျနော် ဟာ တသက်လုံး ယောက်ကျား မယူဘူး ... ယောက်ကျား တွေရဲ့ အနိုင်ကျင့် ခြင်း ကို ဘယ်တော့မှ မခံဘူး.... ယူရမယ် ဆိုရင်တောင် ကျနော့် ဖေဖေ နဲ့ မတူတဲ့ ယောက်ကျား ကိုဘဲ ရွေးယူမယ် လို့ ဆုံးဖြတ်ထားခဲ့တယ်...။
အဲဒီလို တချိန်လုံးယူဆ ထားတဲ့ အတွက် ချစ်ချစ်ကြီး ကို တွေ့တဲ့ အချိန်မှာ ကျနော့် စိတ်မှာ ဘယ်လို မှ ခံစား လို့မရခဲ့ဘူး... ယောက်ကျား တွေ ဟာ ကျနော့် နဲ့ ဘယ်လိုမှ မသက်ဆိုင်ဘူးလို့ ထင်ခဲ့တာကိုး... အဲဒီ အတွက် မြင်မြင်ချင်း ချစ်မိတယ်... မျက်လုံးခြင်း ဆုံတာနဲ့ ရင်ခုန် တယ် ဆိုတဲ့ စကား ဟာ တကယ် ကို ကျနော့် အတွက် လုံးဝလုံးဝ မှားပါတယ်... ချစ်ချစ်ကြီးဟာ မြင်မြင်ခြင်း ကျနော့် ကို တချိန်လုံး ကြည့်နေခဲ့ ပါတယ် ... ကျနော်က ပြန်ကြည့် ခဲ့ပေမဲ့ ဘယ်လိုမှ မခံစားခဲ့ ရပါဘူး...။
နောက်ဆက်တွဲ အနေနဲ့ ကျနော့် အချစ်ကို ရဘို့ ကျိုးစားပါတယ်... ကျနော် တုံပြန် လက်ခံ လိုက်ပါတယ်.. အချစ်ကြောင့် တော့ မဟုတ်ဘူး ... မိသားစု အဆင်မပြေမှု့တွေ မွန်းကျပ်မှု့တွေ ကြောင့် ထွက်ပေါက် တခု အဖြစ် ယူဆပြီး လက်ခံခဲ့တာပါ...။
လက်ခံ ခဲ့ တာလို့ ပြောပေမဲ့ ချစ်ခဲ့ တာတော့ မဟုတ်ဘူး... သူ ဘယ်လို ယောက်ကျားလည်း ဆိုတာ စောင့်ကြည့် တာလောက်ဘဲ ရှိသေးတာပါ... သူ့ အတွေးအခေါ်တွေ စိတ်သဘောထားတွေ အယူအဆ တွေ ဒါတွေကို ကျနော် ကြည့်တာပါ... ကျနော် လက်ခံနိုင်ရဲ့လားပေါ့... သူ ကလည်း နောက်မှ ပြောပြတယ်... ကျနော့် ကို လည်း သူ ကြည့် သေးတယ် ... ကျနော့် အတွေးအခေါ် တွေ ကို တခါတခါ ကြောက်လို့ ထွက်ပြေး ဘို့တောင် ကြံခဲ့သေး တယ်တဲ့... ။
အဲဒီလို တယောက်နဲ့ တယောက် ယုံကြည်မှု့ တည်ဆောက်တဲ့ အချိန်ဟာ တော်တော်ကြာခဲ့ပါတယ်... အင်း မင်း သေ မှ ယုံကြည်မယ် လို့ ရည်ရွယ်ချက်ထား ပြီးတော့ ယုံကြည်မှု့ တည်ဆောက် ခဲ့ တဲ့ အချိန် တွေ လောက် တော့ မကြာ ခဲ့ပါဘူး... ။
မတူတာတော့ ဘယ်နေရာမှ မတူခဲ့ပါဘူး.. ဒါပေမဲ့ ချစ်ချစ်ကြီး မှာ လူသားတယောက် ထားရမဲ့ အခြေခံ သဘောထား တွေ ရှိတယ်.. အမှန်တရား ကို ချစ်မြတ်နိုးတယ် ... အဲဒီ အတွက် ကျနော် တို့ ပေါင်းလို့ ဖြစ်နေကြ ပါတယ်...။
မတူတာတွေ ကို ပြောရရင်
အစားအသောက် စားတာ က စ ပြီး ထမင်း ကို ကျနော်က မာမှ ကြိုက်တယ် ... မစီး တဲ့ ဆန် မနော် လိုမျိုး မှ ကျနော် စားတယ်... သူက ထမင်း ပျော့လေ ကြိုက်လေ... နောက်ပြီး ပေါ်ဆန်းမွှေးလို ဆန်မျိုးကြိုက်တယ်... ။
ဟင်းချက်ရင် သူက မစားတာတွေများတယ်... အသားအားလုံးမစားဘူး .. အရိုးများတဲ့ငါး ညှီတဲ့ငါး မစားဘူး... ကျနော် က အသား ပါမှ စားတယ် ငါး တိုင်း မစားဘူး...၊ နောက်ပြီး ချစ်ချစ်ကြီး က နေ့ တိုင်း ဘဲဥ ကြက်ဥ ၊ ပဲ ၊ ဟင်းသီးဟင်းရွက် နဲ့ စားတယ်... ဂျီးမများဘူး... ကျနော်က အသား ငါးတောင် ကျနော် ကြိုက်တဲ့ ပုံစံ နဲ့ ချက် မှ စားတာ ချက်နည်း မကြိုက်ရင် မစားဘူး.... သူက ရှိတာနဲ့ ခဏခဏ စားတယ် .. ကျနော် က တနေ့ ၂ကြိမ် ၊ ကျနော် ကြိုက်တဲ့ ဟင်းနဲ့ ဘဲ စားတယ်....။
မီးဖို ထဲမှာ ကျနော် အပင်ပန်းခံပြီး ချက်ပြုတ်နေရင် အတူ ချက်ဖို့ နေနေသာသာ အစားတလုပ် အတွက် ဒီလောက် ဒုက္ခခံ နေတာကို သနားတယ်တဲ့.... အင်း ကျနော့် သဘောပြောရရင် တက်ညီလက်ညီ နဲ့ ချက်ကြ စားကြ မျိုးကို လိုချင်တာပါ.. ဖြစ်နိုင်ရင် သူ က တောင် ချက်ကြွေးစေချင်သေးတယ်... အခုတော့ တခြားစီမှ တခြားစီပါ.... အတူ ချက်ဘို့ ဝေးလို့ အတူ စားကြ ရင် တောင် မတူ တာတွေ ရွေးစားကြပါတယ်...။
အဲဒီ အတွက် ကောင်းတဲ့ တချက်ကတော့ ထမင်း ဆိုင်က ဟင်းဝယ်စားရင် ကျနော် က ဟင်းကောင်း နဲ့ စားတယ်.. သူက ဟင်းရံ နဲ့ စားတယ် အဆင်ကို ပြေလို့...။
နောက်ပြီး ဖတ်ကြတဲ့ စာအုပ် အမျိုးအစား သူ က ဘာသာပြန်တွေ ဖတ်တယ်... ၊ တရားစာအုပ် တွေ ဖတ်တယ်... ကျနော် က စာအုပ် အားလုံး ဖတ်တယ်...၊ မဂ္ဂဇင်း ဖတ်ရင် ချစ်ချစ်ကြီး က ကဗျာတွေ နဲ့ ဆောင်းပါး တွေ ရွေးဖတ်တယ်.. ဝတ္ထုတွေ ကျော်သွားတယ် ... ကျနော် က ဝတ္ထု တွေဘဲ အရင် ရွေးဖတ် တယ်... သိပ် လှတဲ့ ကဗျာမျိုး ကျနော် ခံစားတတ်တဲ့ ကဗျာမျိုးတွေ မှ ရွေးဖတ်တယ်... ။
ရုပ်ရှင်တွေ တီဗွီ တွေ ကြည့်ရင် သူကြည့် တဲ့ ကားမျိုးတွေ ကျနော် ဘယ်တော့ မှ မကြည့်ဘူး.. ကျနော် တခါ တလေ မှ ကြည့် တဲ့ ကားမျိုးကို လည်း သူ ဘယ်တော့ မှ မကြည့်ဘူး... ။
နောက်ပြီး ဘုရား တရား နဲ့ ပတ်သက်ရင် ချစ်ချစ်ကြီးက ရိပ်သာ ကြုံ သလို ဝင်တယ်.. အိမ် မှာ အချိန် ရ ရင် ရသလို တရားမှတ်တယ်... ကျနော် ကတော့ ရိပ်သာ တခါမှ မဝင်ဘူး... အချိန်ရှိသမျှ စာအုပ်ဖတ်တယ်... ဘလော့ဂင်း တယ်....။
နောက်တခါ တူတာတွေ ပြောရရင်
လွတ်လပ်ခြင်း .... ကျနော် ကြိုက်တာကို သူ့ က ခွင့် ပေးခဲ့ သလို သူ ကြိုက် တာတွေကို လည်း ကျနော့် က ခွင့် ပေးခဲ့ပါတယ်... ကျနော် တို့ နှစ်ယောက် စလုံး လွတ်လပ်ခြင်း ကို ချစ်မြတ်နိုး တဲ့ နေရာမှာ တူညီ ကြ ပါတယ်...။
နောက် တခု .... တူညီတာ တချက် ကတော့ တခါတလေ ချစ်ချစ်ကြီး နဲ့ ကျနော် နဲ့ ပျင်းစရာ ကောင်းလွန်း လှ တဲ့ လောကကြီး က ထွက်ပြေးချင်ရင် .... မောင် ရေ ဆိုရင် ... ချစ် ရေ ဆိုပြီး ချစ်ချစ်ကြီး တခွက် ရွှေစင်ဦး နှစ်ခွက်.......။
နောက်ဆုံး.... အချစ် ..... အရေးအကြီးဆုံး အချစ် ... အချစ် တူညီ ကြပါတယ်...
အဲဒီ အတွက် ....... ဘာတွေ မတူ မတူ အချစ်တူ လို့သာ အားလုံး အဆင်ပြေ နေကြတယ်လို့ ထင်မြင် မိပါ ကြောင်း ပြောကြားရင်း ကိုဧရာ နဲ့ မသီတာ တို့ ရဲ့ အသွင်မတူ အိမ်သူ မဖြစ် ဆိုတဲ့ တက်ဂ် ပိုစ့် လေး ကို အဆုံးသတ် လိုက် ပရစေတော့ဗျာ... ကျေးဇူးပါ...။
ဒီတခါ တော့ ကျနော် ဆက်လက်ပြီး တက်ဂ် ချင်ပါတယ်...
ကျန် မောင်နှမ များကတော့ ဒီပိုစ် လေး ကို ဆက်ပြီး တက်ဂ် စေချင်ရန် အမြန်ကျိုးစား ကြပါ.... အချိန် ရပါသေးတယ် ....
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
35 comments:
မမရွှေစင်ဦးရေ
အမှတ်တရ တကယ်ကို ဖြစ်ပါတယ်။
နိဒါန်းမှာ ရေးထားတဲ့ ဖေဖေနဲ့ မေမေ အကြောင်းလေးတွေက မသီတာ ခံစားခဲ့ရတာတွေနဲ့ တော်တော် တူပါတယ်။ ဒီပို့စ်ကို ရေးဖို့ စ စဉ်းစားတော့လည်း အဖေနဲ့ အမေကို တချိန်လုံးသတိရနေမိပါတယ်။
စ တဂ်တဲ့ သက်ဝေကိုရော...
တဂ်လို့ ရေးပေးတဲ့ သူတွေကိုရော
အကြည်ဓာတ်လေးနဲ့ ကျေးဇူးတင်နေမိပါတယ်။
မမရွှေစင်နဲ့ ချစ်ချစ်ကြီး ပျော်ရွှင်ချမ်းမြေ့ပါစေ
ဟေ့ .... အသက်ရှု ပုံ ချင်း တောင်မတူ တဲ့ လူတွေ
ဘယ်မှာ အရာရာ တူနိုင်ပါ့ မလဲ လို့ ။
အဲ .. စုံမက် ချစ်ခင် မိ ခဲ့ ပြီ ဆိုရင်တော့ 
သူ နဲ့  ပတ်သက်တာ အရာရာ အားလုံးကို
ကိုယ်က ကျေကျေနပ်နပ် လက္ခံ လိုက်တာပါပဲ။
တစ်ယောက်နဲ့  တစ်ယောက် အပြန်ပြန်အလှန်လှန် လေးစား
နေကြမယ်ဆိုရင် အရာရာ ဟာ အသေးအဖွဲ လေးတွေပဲ
ဖြစ်နေတော့ မှာပါ။ ချစ်တဲ့ သူချင်း ပေါင်းရတဲ့ 
ကံကောင်းချင်းကို ဆက်လက်သယ်ဆောင်နိုင်ကြပါစေ။
ဆရာမရေ..ပျင်းစရာကောင်းလှတဲ့ လောကကြီးက ထွက်ပြေးချင်ရင်..... ချစ်ချစ်ကြီး တခွက် ရွှေစင်ဦး နှစ်ခွက်.. ဆို.. အဲဒီလိုလေး တူတာလေးကို က.. တော်တော် သာယာတဲ့ အိမ်ထောင်ရေး ဘ၀ တစ်ခု ဖြစ်စေတယ်လို့ ကျွန်တော်ထင်ပါတယ်.. :)
ဆရာမ တို့ မိသားစုလေး အမြဲ ပျော်ရွှင် ချမ်းမြေ့ ပါစေနော်...
အကြောင်းရှာတော့ ခေါင်းမှာချာချာလည် ပျင်းစရာကောင်းတဲ့လောကကြီးတဲ့ဗျာ ပြီးရင်လာအုံးမယ် ဘလော့ပရိတ်သတ် ၁၀၀၀၀ ပြည့်တို့ ၅၀၀၀၀ပြည့်တို့ မွေးနေ့မို့ အေးလို့မို့ (RAY)ကို စောင်းပြောခြင်းမဟုတ်ပါ လျှာနဲ့သွား ဇာတ်လမ်း တွေများပြန်ပြီ ပျိုပျိုမေတွေ တော့ ပျင်းပြန်အုံးမယ် ဦးကိုကြီးနဲ့ မရွှင် ဘယ်သူက သဒ္ဒါတရားပိုတာလည်း မုန့်ဖိုးများများတောင်းကောင်းအောင်လို့
ချစ်ညီမ
seesein
ပထမတခေါက် လာဖတ်တုန်းက ကိုမိုး နာမည်တစ်ခုပဲ
တွေ့မိသလိုပဲ။ အင်း ဘာပဲပြောပြော လောလောဆယ်
တော့ ဘောပွဲကိုက်နေတယ် အမ၊ အခု ရေးလက်စ
ကားဇာတ်လမ်းတောင် ရှေ့ဆက်ဖို့ ပြန်စဉ်းစားနေတုန်း၊
သတိတရ တက်ဂ်တာ ကျေးဇူးပါ၊ အားရင် အဆင်ပြေ
ရင် ရေးပေးပါ့မယ်၊ မရေးဖြစ်တော့လည်း အကြွေးတစ်ခု
လို သဘောထားပါ ...း)
တစ်နေရာလေးတူရင်တောင် တစ်သက်လုံးပေါင်းလို့ ရတာဘဲ။ မဆိုးဘူး။ ၀ါသနာချင်း အားလုံး တူပြန်ရင်လဲ ဒုက်ခ။ အမရွှေစင်ရဲ့ ချစ်ချစ်ကြီးကတော့ ဒီပုံအတိုင်းဆို မြင်ယောင်မိသေးတယ်။ စိပ်ပုတီးနဲ့ ရိပ်ကြီးခိုမှာကိုလေ။းဝ)
ချစ်ချစ်ကြီးက လိမ္မာလိုက်တာ၊ ရိပ်သာလဲ ၀င်တယ်၊ တရားလဲ ထိုင်တယ်။ တို့အမ မရွှေစင်က မလိမ္မာတာတော့ မဟုတ်ပါဘူး၊ ပါရမီ မရင့်သန်သေးတာပေါ့နော် ... ဟဲဟဲ။
မောင် ရေ ချစ်ရေဆိုပြီး ချစ်ချစ်ကြီးတခွက် ရွှေစင်ဦးတခွက် ဆိုတဲ့နေရာမှာ အော်ရယ်ပစ်လိုက်တယ်။ တယ်လဲ ဟုတ်တဲ့ မရွှေစင်ပဲ။
အင်း မင်း သေ မှ ယုံကြည်မယ် လို့ ရည်ရွယ်ချက်ထား ပြီးတော့ ယုံကြည်မှု့ တည်ဆောက် ခဲ့ တဲ့ အချိန်
ယုံကြည်မှုတည်ဆောက်တာကလည်း အဲဒီလောက်ကို ကြာသလား မင်းသေမှ မင်းသေမှ ..........ဒါနဲ့တောင်.......
အေးပေါ့လေ. . .ပြောအားရှိနေတဲ့ လူတွေကတော့ ပြောထားဦး ၊ တတ်ဂ်ထားဦး ၊ ရေးထားဦးပေါ့ဂျာ။
အနော်တို့ ၊ မြစ်မြစ်တို့ ၊ ကိုဏီတို့ကတော့ မျက်နှာငယ်ရပါ့။ ကိုယ့်အလှည့်ကျမှ မောင်တစ်ပုံး မယ်တစ်ပုလင်း လုပ်ပစ်မကွ။
မောင်တစ်ခွက် မယ်နှစ်ခွက်ကို အကြိုက်ဆုံးပဲ အစ်မရေ ဟဲဟဲ....မတူတာလေးတွေ ဖတ်သွားပါ၏
ခင်တဲ့(ချိုကျ)
မိုက်တယ်ဗျာ...အာကျတယ်....
“ချစ်ချစ်ကြီး တခွက် ရွှေစင်ဦး နှစ်ခွက် ” ကိုတော့
သဘောအကျဆုံး......။
ကောင်းပါ၏ မရွှေစင်......။
ဒီလိုပါပဲ.... မတူတာတွေ အများသား.. ညှိနေစရာလည်း မလိုပါဘူး(ညီမအထင်)...၊ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်မနေသရွေ့ပေါ့....။
ချစ်ချစ်ကြီး တခွက် ရွှေစင်ဦး နှစ်ခွက် ... မှာ ပြုံးမိတယ်....
ရွှေစင်ရေ..ကိုကြီးကျောက် တယောက်ထဲသမား..ဘယ်သူနဲ့ လိုက်အသွင်တူရမလဲ ကြိုးစားနေရတုန်း..
မိုက်တယ်ကွာ....ချစ်ချစ်ကြီးက တစ်ခွက် ရွှေစင်ဦးက နှစ်ခွက်တဲ့....း)))
ငါ့အစ်မတို့စုံတွဲ သက်ထက်ဆုံးတိုင်အောင် ဒီလိုပဲ ချစ်ချစ်ခင်ခင် ပျော်ရွှင်ချမ်းမြေ့စွာ အတူယှဉ်တွဲ နေထိုင်သွားနိုင်ကြပါစေ.....
ချစ်ညီမလေး
ချစ်ချစ်ကြီးက တစ်ခွက် ရွှေစင်ဦးက နှစ်ခွက်တဲ့...
ုကြိုက်သွားပြီ...ဟာဟ
ချစ်တဲ့
ယွန်း
ဟီး ရွှေစင်ဦးက ၂ ခွက် ၂ ခွက် အပေါ်က ကွန်မန့်မှာ ရေးတာ မှားသွားလို့ ခုမှ ပြန်ဖတ်ပြီး ပြန်ပြင်လိုက်တယ်။ :D
ဒီညတော့ ဘောပွဲကြည့်ရတော့ဘူး ဦးရီးတော်နဲ့ အပြင်လိုက်သွားရမယ် .. ဟင့် :(
တော်သေး..
တူစရာအသွင်မရှိသေးတာ ၀မ်းသာစရာ
မဟုတ်ရင် ရေးနေရဦးမယ် ဟိဟိ
အစ်မချစ်ချစ်က အချိန်ရရင်ရသလို ရိပ်သာဝင်တယ်.. အစ်မက တစ်ခါမှမ၀င်ဘူး စာအုပ်ဖတ်တယ် ဘလော့ဂင်းတယ်ဆိုလို့ အသံထွက်အောင်ရယ်လိုက်မိသေး...
မကြိုက်တာတွေကြိုက်တာတွေ မတူကြပေမဲ့
နားလည်မှုနဲ့ချစ်ခြင်းမေတ္တာသာ ခိုင်ခိုင်မာမာရှိနေရင်လည်း တူညီသော ချစ်ခြင်းကို ပိုင်ဆိုင်နိုင်ကြတယ်ဆိုတာ အစ်မတို့ကို ကြည့်ပြီး သင်ခန်းစာလေး ရသွားပါကြောင်း...
အားကျသွားပါကြောင်း.............း)
အရက်သောက် ဆေးလိပ်သောက် ကမ္ဘာက သိအောင် ကြေငြာနေတာ ကောင်းလားဗျာ
တူသလား...မတူသလား...
တူတူရေ၀ါး...
သားတို့ တော့ ဘာတွေတူလို့ ဘာတွေမတူမှန်းတောင်
မသိပါဘူး...
သတိရလိုက်တဲ့ အချိန်မှာ တော့ ....
ဟိုးချောက်ထဲမှာ...
ဟဲဟဲ....
မမရွှေစင်...ပျော်စရာကြီးနော်...အမချစ်ချစ်ကြီးက အလွန်ချစ်စရာကောင်းတာပဲ...အယ်...ဟားဟား:P
ဟုတ်တယ်အမ လူတိုင်းမှာ လွတ်လပ်စွာ ကြံစည်တွေးတော ပြောဆို လုပ်ကိုင်နိုင်ခွင့်တွေ ရှိရမယ်...ဆက်လုပ် အမ...:))
Chit Cit Gyi 1- Ma SZ 2
I like this and agree unconditionally.
By the way,
Dear SSS,
What about you? How many ?????
:D:D
Ray
Thu ya Chit Chit Gyi and Thu yar couple.
Coolllllllllll.
:D
Ray
မရွှေစင် တို့က မောင်တခွက် မယ်တမော့ ပေါ့။ :)
ပျော်ရွှင်ချမ်းမြေ့ပါစေ။
ရေးမယ်ဗျာ.. အားရပါးရပဲ။ အခု ဘောပွဲကိုက်နေလို့ ပို့စ်တောင်မရေးနိုင်ဘူးဖြစ်နေတယ်။ မနက်ဖြန်..သန်ဘက်ခါလောက်ကို တင်လိုက်မယ် အစ်မရေ။ အခုမှရောက်လာတာ ခွင့်လွှတ်ပါ။
အမရေ..
အခုမှလာဖတ်ဖြစ်တယ်...။
မတူတာတွေကိုတော့ အတင်းညှိလို့မရပါဘူး..။ အိမ်ထောင်ရေးမှ မဟုတ်ပါဘူး..လောကလူသားများ အားလုံးကြားမှာပေါ့ ..။ ဒါပေမယ့် အတူနေထိုင်သွားမဲ့ လူသား ၂ ယောက်ကြတော့ သိပ်အရေးကြီးသလို ဖြစ်သွားတယ်ထင်တာပါပဲ..။ ဦးစားပေးအဆင့်ပေါ့.. ကျန်တဲ့ နိုင်ငံရေးမှသည် လူမှုရေးကတော့ နဲနဲအဆင့်တမျိုးဖြစ်မယ် ထင်ပါရဲ့..။
အိမ်ထောင်ရေး ယူနစ်ထဲမှာ ကြတော့ တယောက်နဲ့တယောက် တည်ဆောက်ကြပြီ ဆိုရင်တော့လည်း အချစ် ဆိုတဲ့စိတ်နဲ့ အပြန်အလှန် နားလည်ပေးရတာတွေ ရှိရတယ်.. အဓိကကတော့ အချစ်စိတ် ရှိနေသေးသမျှ ခွင့်လွတ်နိုင်တဲ့စိတ်က အနိုင်ယူသွားတက်တယ် ထင်တာပဲ.. ။
အမရွေစင်တို့ ဇနီးမောင်နှံကလည်း တူတာတွေရှိသလို မတူတာလေးတွေလည်းရှိနေပေမဲ့ ချစ်တာက အိမ်ထောင်ရေးကို မြဲစေနေတယ်ထင်ပါရဲ့..။ ဗေဗေတို့လည်း ဒီလိုပါပဲ.. အချစ်စိတ်လေးနဲ့ တည်ဆောက်ထားရမြဲပေါ့..။
မဗေဒါ (၈၈)
ဖတ်ပြီးတော့ ဂရေဟမ်နဲ့ ရတနာဦးတို့ရဲ့ အေးအတူပူအမျှ သီချင်းလေးနားထောင်ဖြစ်တယ်
အိုအောင်မင်းအောင်သက်ဆုံးတိုင် ပါစေ။
အသွင်မတူပေမယ့် တယောက်ကို တယောက် လေးစားပြီး ဆက်ဆံရင် အစစ အဆင်ပြေမယ် ထင်ပါတယ်။
လိမ္မာပြီး စကားနားထောင်တဲ့ သူလေးပဲ ရှာလိုက်တော့မယ်း)
အစ်မရွေစင်..ရဲ့ တစ်ခွက် နှစ်ခွက် ရှင်းတမ်းကိုတော့ အရမ်းသဘောကျသွားပြီ..။ အသွင်မတူလည်း ချစ်တတ်တာဗျာ လွန်ရော လွန်ရေား))
မမ ပူးတေတို့ရောပဲ မတူတာတွေများတယ်.... တူတာလဲ ရှိပါတယ်... စိတ်ကြီးတဲ့နေရာမှာ အတူတူပဲ...ပြီးရင်တော့ အိမ်က ပစ္စည်းတခုမဟုတ် တစ်ခုတော့ အသစ်ပြန်ဝယ်ရတယ်... တခါတလေ တယောက်ယောက်က အရမ်းစိတ်ဆိုးလာရင် အိမ်ကဘာပစ္စည်းယောင်းနေပြီလဲ....ဖုန်းဟန်းဆက် အသစ်လဲချင်နေပြီနဲ့တူတယ်နဲ့...ပြန်သတိပေးနေကြရတာလေ...
:)
အမရေ....နောက်ကျမှရောက်လာရတယ်။
အကြွေးတွေအကုန်စုဖတ်သွားတယ်။
ချစ်ချစ်ကြီးနဲ့အမရာသက်ပန်ပြီးပြည့်စုံသော
ဘ၀ကိုဆက်လက်ပိုင်ဆိုင်နိုင်ပါစေ။
အမရေ..
ခင်မင်စွါဖြင့်
ခိုင်နုငယ်
မတူ လေကောင်းလေပဲ။ ဒါပေမယ့် ကျနော်နဲ့ ကျနော့်မဒီ တူတဲ့ အချက် တွေရှိတယ်၊ သူ့ခြေသလုံးက ကျနော့်ပေါင် လောက် ရှိပြီး ကျနော့် ခန္ဓာကိုယ် က သူု့ ပေါင် လောက် ရှိတယ်။ သူ လုံးဝ မသိစေနဲ့ နော်။ သူ့ကို မကြောက်ပေမယ့် သူ့ဘော်ဒီ ကိုတော့ နည်းနည်း ရှိန်တယ်.. :))
မရွှေစင်ဦးရေ
အဖေနဲ့အမေကို သတိရသွားတယ်၊ သားသမီး၉ယောက်တောင် မွေးခဲ့တာ၊ ဒါပေမဲ့ ဘယ်နေရာမှ မတူဘူး၊ အမေကစာဖတ်၊ စာရေး အေးအေးနေချင်၊ အဖေက စာအုပ်ကောက်ကိုင် အရုပ်ကြည့်ပြန်ချထား၊ အပြင်သွားချင်၊ လူများများရှိတဲ့နေရာပျော် အဲလို
မရွှေစင်က ဟင်းကောင်းစား .. မရွှေစင်ချစ်ချစ်ကြီးက ဟင်းရံစား အဲဒါအကြိုက်ဆုံးပဲ .. :D
ကျနော် ကျနော်နဲ့ စာရေးကောင်းသူ မရွှေစင်နဲ့ ချစ်ချစ်ကြီး အမြဲပျော်ရွှင်ချမ်းမြေ့ကြပါစေ
အမရေ..
ခုမှလာမန့်ရတယ်..ဖတ်တာကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဖတ်တာအမသိပါတယ်နော်။ ဟီး
အမရေ..ချစ်ချစ်ကြီးတခွက် ရွှေစင်ဦး၂ခွက်ကို သဘောအကျဆုံးပဲ..ဟီးးး
အမရေးတဲ့ ကိုယ်ပိုင်စာတွေကို သိပ်သဘောကျတာပဲ။
မြတ်နိုး
အားလုံးလည်း ဖတ်ပြီးကုန်ကြပြီနဲ့ တူပါတယ် အိုးမလုံအုံပွင့် သူ ရွှေစင်ဦး လေး ရေးပါအုန်းမယ်
အပေါ်က ကောမန့် တခု ကျနော် ဖျက်ထားပါတယ် အဲဒါ အပြင် စာဖတ်သူ တွေရဲ့ ကော့မန် လို့ထင်မှာဆိုးလို့ပါ ကျနော်ကိုယ်တိုင်ရေးပြီး ကျနော် ကိုယ်တိုင် ပြန်ဖျက်လိုက်တာပါ စိတ်တိုင်းမကျလို့ပါ ရွှေစင်ဦး နံမည် နဲ့ ရေးပြီး အမည်မသိ နဲ့ တင်ထားတာပါ
တခြားမည်သူ့ ကော့မန် ကိုမှ မဖျက်ဘူးပါ ကောင်းသည် ရေးသည်ဖြစ်စေ ဆိုးသည် ရေးသည် ဖြစ်စေ တခါ မှ မတခါ ဘူးပါ အခုတခါဘဲ ကိုယ့် ကောမန့် ကိုယ် ပြန် ဖျက်ခြင်းဖြစ်ပါသည် ဖြစ်ကြောင်း အသိပေးပါသည်ဗျာ
အားလုံးအား လေးစားစွာဖြင့်
ရွှေစင်ဦး
Post a Comment