နတ်ကနားပွဲ
ကိုဒေါင်းစိန်သည် သူ့အိမ်နှင့် မနီးမဝေးတွင် ဆောက်လုပ်ထားသော နတ်ကနားကို ကြည့်ရှုရင်း မိုးဦးမှသည် မိုးနှောင်းသို့ ပင်ပန်းကြီးစွာ ဖြတ်သန်းလာခဲ့ ရသော သူ့ဘ၀ခရီးစဉ်ကို ပြန်လှန်သုံးသပ် ကြည့်ရှု၍ နေ၏။
သူ့အိမ်အတွင်း သူနှင့် မနီးမဝေး၌မူ ပဲခူးနတ်ကရန် ဖက်စပ်ပါဝင်သော နံကရိုင်းအနွယ် မိန်းမ ခုနှစ်ဦးသည် နတ်ကရန် အစီအစသ်များကို ဆွေးနွေးတိုင်ပင်နေကြ၏။ သည်အထဲ၌ ကိုလေးဖိုးကွန့်၏ မိန်းမ မပြားကြီးကလည်းပါ၏။ ကိုလူမောင်၏ ဇနီးသ်ကလျာ မဖွာသက်လည်း ပါ၏။ အိမ်ထောင်ကျစ မိန်းမရွယ် များလည်း ပါ၏။ ကိုလေးဖျိုးကွန့်က သူ နတ်ကရမှာ ရှက်သည်ဟု ဆိုသောကြောင့် မပြားကြီးမှာ လင်အငှား နှင့် ကရမည်ဖြစ်သည်။ နတ်ပွဲပြီးသောအခါ ထိုအငှားလင်ကို ကွမ်းတစ်ယာနှင့် ကွာပစ်ရသည်။ သို့မဟုတ်က နတ်ပေးစားသော လင်ဖြစ်၍ ထို အငှားလင်မှာ အတည်ဖြစ်သည်ဟု အယူရှိကြသည်။
ထိုအချိန်တွင် ဦးပဉ္စင်းတစ်ပါးနှင့် ရွာမှ စာကြည့်တိုက်မှူး လူငယ်သည် ကိုဒေါင်းစိနတို့ အိမ်သို့ ၀င်လာရာ ကိုဒေါင်းစိန်သည် ခေါင်းရင်းဘက်တွင် ဖျာတစ်ချပ် ထ ခင်း၍ ဦးပဉ္စင်းအား နေရာချထားပေး၏။ လူငယ် မှာမူ ကိုဒေါင်းစိန်နှင့်အတူ ၀င်ထိုင်၏။ စောစောက နတ်ကရန် အစီအစဉ်များကို ဆွေးနွေး တိုင်ပင်လျက်ရှိသော မပြားကြီးတို့ မိန်းမအုပ်မှာလည်း ဦးပဉ္စင်း ရောက်လာသည်မှ စ၍ တိတ်ဆိတ် သွားကာ ဦးပဉ္စင်းအား ၀တ်ပြုပြီးနောက် ဆိတ်ငြိမ်စွာ ထိုင်နေကြ၏။
ကိုဒေါင်းစိန်ကား ဦးပဉ္စင်းသည် မည်သည့် ကိစ္စအတွက် ကြွရောက်လာခြင်း ဖြစ်သည်ကို မသိသဖြင့် ဦးပဉ္စင်း အား ငေးကြည့်ရင်း ဦးပဉ္စင်းနှုတ်မှ ထွက်လာမည့်စကားကို နားစွင့်နေ၏။ ဦးပဉ္စင်းမှာ သက်တော် ၂၈ နှစ်ခန့် ရှိပြီဖြစ်၍ ညောင်တုန်းမြို့ သုဓမ္မာ ပရိယတ္တိ ပထမပြန်စာမေးပွဲ အကြီးတန်းနှင့် အစိုးရ ပထမပြန် စာမေးပွဲ အကြီးတန်းကို ဖြေဆိုအောင်မြင်ပြီးသော ကျမ်းတတ် ပုဂ္ဂိုလ်ဖြစ်၍ ရပ်ရွာ ဒကာ ဒကာမများ၏ ကြည်ညို လေးစားမှုကို ခံယူရရှိထားသော ဦးပဉ္စင်းဖြစ်သည်။ ငယ်ရွယ်သော ပဉ္စင်းပျိုပင် ဖြစ်စေကာမူ တည်ငြိမ် ရင့်ကျက်သော ဣနြေ္ဒသိက္ခာ ရှိခြင်းကြောင့် မြင်ရသူ လူတိုင်းကပင် ကြည်ညိုလေးစားကြသည်။ ကျယ်ပြန့်သော နဖူးပြင်၊ ပေါ်လွင်ထင်ရှားသော နှာခေါင်း၊ စေ့စပ်သေသပ်ပိရိသော နှုတ်ခမ်းတို့ကား ဦးပဉ္စင်း ၏ ထင်ရှားသော ရုပ်လက္ခဏာများပင် ဖြစ်သည်။
ခက်ခဲနက်နဲသော ကျမ်းဂန်များကို စူးစူးစိုက်စိုက် သင်အံ လေ့လာခဲ့ရသူပီပီ ဦးပဉ္စင်း၏ မျက်လုံးအစုံမှာ စူးရှ နက်နဲသော အသွင်ကို ဆောင်သည့် ရောင်ခြည်များ လျှမ်းလျှမ်းတောက် ကွန့်မြူးနေသည်။ အတန်ကြာ သော အခါ ဦးပဉ္စင်းသည် နတ်ကနားကို လက်ညှိုးညွှန်၍ -
'ကိုင်း ပြောကြစမ်းပါဦး၊ အခု နတ်ကမယ့် အထဲမှာ ဘယ်သူတွေ ပါသလဲ'ဟု မေးလိုက်၏။
အားလုံးက သူ့ကြည့်ငါ့ကြည့်နှင့် မည်သူမျှ မဖြေပဲ ရှိကြရာမှ မပြားကြီးက 'အားလုံး ပါပါတယ် ဘုရာ့'ဟု ၀င်၍ အဖြေပေးလိုက်၏။
'ကဲ ဒါဖြင့် အားလုံး နားထောင်ကြပါ။ ဒကာကြီးတို့ ဒကာမကြီးတို့ဟာ ကျုပ်တို့ သံဃာတော်တွေရဲ့ ဆွမ်းဒကာ ဆွမ်းဒကာမတွေဖြစ်လိုက မကောင်းမြစ်တားပြီး ကောင်းရာကို ညွှန်ပြရမယ့် တာဝန် ကျုပ်တို့မှာ ရှိတယ်။ ဒါကြောင့် နတ်ကိုးကွယ် ယုံကြည်မှုရဲ့ အကောင်းအဆိုး အကျိုးအပြစ်ကို ကျမ်းဂန် အကိုးအကားနဲ့ ကျုပ် ပြောပြမယ်။ ပထမဆုံး နတ်ဆိုတဲ့ ဝေါဟာ့က ဘယ်ကနေ ဆင်းသက်လာတယ်ဆိုတဲ့ အရင်းအမြစ်ကို ကျုပ်တို့ ရှာဖွေရမယ်။
နတ်ဆိုတာ မဂဓဘာသာမှ နာထသဒ္ဒါကို အစွဲပြုပြီး နတ်ရယ်လို့ ခေါ်ဝေါ်ခြင်းဖြစ်ကြောင့် ကျုပ်တို့ နားလည် ထားရမယ်။ အဲဒီ နာထသဒ္ဒါဟာ ကိုးကွယ်ရာအနက်ကို ဟောတယ်။ ကမ္ဘာဦးသူတွေဟာ ကိုးကွယ်ရာ ကို ရှာဖွေရင်း ကိုယ်စိတ်ကူးတည့်ရာကို မျှော်မှန်း ရော်ရမ်းပြီး ကိုးကွယ်လာရာကစပြီးတော့ အဲဒီ နာထ၊ မြန်မာလိုတော့ နတ်ဆိုတဲ့ ဝေါဟာရ ပေါ်လာတယ်လို့ ယူဆဖွယ်ရှိတယ်။ တကယ့် ကိုးကွယ်ရာ အစစ်က အဲဒီနတ်တွေ ဟုတ်ရဲ့လား၊ အဲဒီ မေးခွန်းကို ကျုပ်ကိုယ်တိုင် မဖြေဘူး၊ ဘုရားဟော ဓမ္မပဒ ပါဠိတော် ထဲက ထုတ်နုတ်ကိုးကားပြီးဖြေမယ်။ "အတ္တာဟိအတ္တနောနာထော၊ ကောဟိနာထော ပရောသိယာ"တဲ့၊ အနက်ကတော့ "အတ္တာဟိအတ္တာဧ၀၊ မိမိကိုယ် မိမိသည်သာလျှင်။ အတ္တနောနာထော၊ မိမိ ကိုးကွယ်ရာ အစစ်ဖြစ်၏။ ပရော၊ မိမိမှ တစ်ပါးသော။ ကော၊ အဘယ်မည်သော သူမျှ။ နာထော၊ ကိုးကွယ် ရာသည်။ သိရာ၊ ဖြစ်ချမ့်မည်နည်း။"တဲ့ဗျ၊ မိမိကိုယ် မိမိသာလျှင် မိမိ၏ ကိုးကွယ်ရာ အစစ် ဖြစ်တယ်။
မိမိမှ တစ်ပါး အဘယ်မည်သောသူ တစ်စုံတစ်ယောက်သည် မိမိ၏ ကိုးကွယ်ရာ ဖြစ်နိုင်မည်လဲတဲ့။ ဒါကြောင့် ခင်ဗျားတို့ရဲ့ ကိုးကွယ်ရာ အစစ်ဟာ နတ်တွေ မဟုတ်ဘဲ ခင်ဗျားတို့ကိုယ်တိုင်သာ ဖြစ်တယ် ဆိုတာ မြဲမြဲကြီး မှတ်ထားကြပါ'
အားလုံးပင် ခေါင်းငုံ့ တိတ်ဆိတ်လျက် ရှိကြစဉ် စာကြည့်တိုက်မှူး လူငယ်က၀င်၍ "မှန်တယ်၊ ကိုယ့်ကြမ္မာ ကို ကိုယ်သာလျှင် ဖန်တီးနိုင်တယ်။ ကိုယ်ရဲ့ ကောင်းကျိုး ဆိုးကျိုးကို ကိုယ့်ကိုယ်ကို ကိုယ့်ကိုယ် တိုင်သာလျှင် ပေးစွမ်းနိုင်တယ်။ ဘယ်နတ်ဘယ်သိကြား ဘယ်ကံကြမ္မာကမှ ပေးစွမ်းနိုင်ခြင်း မရှိဘူး"ဟု ၀င်ထောက် လိုက်၏။
'အဲဒီလောက်ကလေးနဲ့ သဘောမပေါက်နိုင်သေးဘူးဆိုရင်လည်း ရှေးပညာရှိ စာဆို အကျော်အမော် တွေရဲ့ ပျို့ကဗျာများမှ ထုတ်နုတ် ကိုးကားပြီး ကွင်းခနဲ ကွက်ကနဲနေအောင် ရှင်းပြပါဦးမယ်'
ဦးပဉ္စင်းသည် ပြတ်သွားသော စကားဆက်ကို ပြန်ကောက်လာရာမှ ဤ နေရာသိုက အရောက် ခေတ္တ ရပ်နားလိုက်၍ သူ ထုတ်နုတ်ကိုးကားရမည့် အချက်အလက်များကို ပြန်လည်သုံးသပ်နေဟန်ဖြင့် အတန်ကြာအောင်ပင် ဆိတ်ငြိမ်စွာ စသ်းစားနေပြီးနောက်မှ -
'အဲ အခု ကိုးကား ပြောဆိုမယ့် ကဗျာကတော့ စာဆို အရှင်မဟာသီလ၀ံသ ၈၅၃ ခုနှစ်မှာ စပ်ဆိုတဲ့ သံဝေဂခန်း ပျို့ထဲက ထုတ်နုတ်ကိုးကားမယ့် ကဗျာ ဖြစ်တယ်။ အဓိပ္ပာယ်ရှိပြီး ထိလွန်း မိလွန်းလို့ တစ်ဆိတ် ကလေး ကြိုးစားပြီး နားထောင်ကြစမ်းပါ။ အဲဒီ သံဝေဂခန်းပျို့ အပိုဒ် ၃၅ မှာ "ကာလရှည်လျား၊ လူ့ငနွားတို့၊ ကြီးမားယုတ်မာ၊ နတ်မိစ္ဆာကို၊ ဘိုးလာ ဘွားဘက်၊ မြေးသားဆက်၍၊ မပျက်ခုတိုင်၊ နတ်ခရိုင်နှင့်၊ ပန်းခိုင်ရေအိုး၊ ဆယ်စုံဖြိုး၍၊ မြတ်နိုးနှစ်သက်၊ အနက်အနီ၊ တစ်လီခေါင်းပေါင်း၊ တင်အုပ်ဆောင်းနှင့်၊ အပေါင်း စုဝေး၊ အမွှေးအကြိုင်၊ မုန့်ဆိုင်မုန့်ခဲ၊ ကြက်ဝက်လဲ၍၊ ဗုံနှဲခရာ၊ တီးမှုတ်ကာနှင့်၊ ချမ်းသာဆင်းရဲ၊ ပေးစမြဲဟု၊ စိတ်ထဲထင်မှတ်၊ ငါတို့နတ်ကို၊ မပြတ်ကိုးကွယ်၊ အန္တရာယ်လည်း၊ ကိုယ်ဝယ်လွတ်ကင်း၊ မရှိ လျဉ်း၏"တဲ့၊ ရှင်းပါပေ့ဗျာ။
မိုက်မဲတဲ့ လူ့ငနွားတွေဟာ အကြီးအကျယ် ယုတ်မာလှတဲ့ နတ်မိစ္ဆာတွေကို ဘိုးစဉ်ဘောင်ဆက်ကစ မြေးသားတိုင်အောင် ဆက်ပြီးတော့ နတ်ခရိုင်ဆောက်လုပ်၊ ပန်းခိုင်ရေအိုး ခေါင်းပေါင်း အနီအနက်တွေနဲ့ ပူဇော်ပသရုံမျှမက အပေါင်းအဖော်တွေ စုဝေးပြီး အမွှေးအကြိုင် မုန့်ဆိုင်မုန့်ခဲ၊ ကြက်ဝက်လဲ၍ ၊ ဗုံနှဲခရာ၊ တီးမှုတ်ကာနှင့်၊ ချမ်းသာဆင်းရဲ၊ ပေးစမြဲဟု၊ စိတ်ထဲထင်မှတ်၊ ငါတို့နတ်ကို၊ မပြတ်ကိုးကွယ်၊ အန္တရာယ်လညှ်း၊ ကိုယ်ဝယ်လွတ်ကင်း၊ မရှိလျဉ်း၏"တဲ့၊ ရှင်ပါပေ့ဗျာ။ မိုက်မဲတဲ့ လူ့ငနွားတွေဟာ အကြီး အကျယ် ယုတ်မာလှတဲ့ နတ်မိစ္ဆာတွေကို ဘိုးစဉ်ဘောင်စက်ကစ မြေးသား တိုင်အောင် ဆက်ပြီးတာ့ နတ်ခရိုင် ဆောက်လုပ်၊ ပန်းခိုင်ရေအိုး ခေါင်းပေါင်း အနီအနက်တွေနဲ့ ပူဇော်ပသရုံမျှ မက အပေါင်း အဖော် တွေ စုဝေးပြီး အမွှေးအကြိုင် မုန့်ဆိုင်မုန့်ခဲ ကြက်ဝက်ပါလဲပြီး ဗုံနှဲခရာတွေကို တီးကာ မှုတ်ကာနဲ့ ဒီနတ် တွေဟာ ချမ်းသာဆင်းရဲကို ပေးနိုင်တယ်။ သူတို့ကို မပြတ်ကိုးကွယ်ရင် ဘေးအန္တရာယ်များ ကင်းလွတ်မယ် လို့ စိတ်ထဲမှာ စွဲမှတ်ထားကြတယ်တဲ့။ ဒီအတိုင်းပဲ မဟုတ်လားဗျို့'
အားလုံးကား သည်အတိုင်း မှန်ပါသည်ဟု ၀န်ခံနေကြသည့်အလား တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ရင်း ဆိတ်ငြိမ်နေကြ၏။ သူတို့၏ စိတ်တွင်း၌မူ သူတို့ လုပ်ပုံကိုင်ပုံ စွဲမှတ်ထားပုံတွေကို ကွင်းခနဲ ကွက်ခနဲ ဖော်ပြနိုင်စွမ်းရှိသော သူတို့ မသိသည့် စာဆို အရှင်အား အံ့သြနေမိကြ၏။
'နောက်ပြီးတော့ "ဆောင်နှင်းမင်္ဂလာ၊ လှူဒါပုည၊ ပြုကာလလည်း၊ မိဘရှေ့မှတ်၊ ငါတို့နတ်ကို၊ ပေးအပ် အပ်လျှင်၊ ပွဲလမ်းပြင်၍၊ အရှင် မှတ်မှတ်၊ ကိုယ်ဝယ် ကြပ်လျက်၊ မပြတ်ထင်ရှား၊ မမေ့မှားဟု၊ ဆုများ ရွယ်ရွယ်၊ ရှက်စဖွယ်နှင့်၊ ဘယ်ဝယ်တကာ၊ ကိုယ်တိုင်လာ၍၊ ဥစ္စာထင်ရှား၊ ဘယ်သူ့အားကိုး၊ နတ်များပို့လာ၊ ရှိဖူးပါအံ့"တဲ့ဗျ။ မင်္ဂလာဆောင်တဲ့အခါ၊ အလှူကောင်းမှု ပြုတဲ့အခါများမှာ ဆိုရင်လည်း မိဘ ရှေ့မှောက် မှာ နတ်ကို အပ်နှံတဲ့သဘောနဲ့ ပွဲလမ်းပြင်ပြီး အရှင်မှတ်မှတ်နဲ့ ကိုယ်မှာ ကြပ်မတ်ပြီး မပြတ် သတိရနေပါမယ်လို့ ဆုများတောင် ရွယ်လိုက်သေး။
ဘယ်လောက်ရှက်ဖို့ကောင်းပါသလဲတဲ့၊ အဲဒီလို ပေးအပ်ပူဇော်ပသတဲ့အတွက် ဘယ်တုန်းကများ နတ် ကိုယ်တိုင် လာရောက်ပြီး ဥစ္စာထင်ရှား ' ဘယ်သူ့ အားကိုး နဲ့ ပေးဖူးပါသလဲ တဲ့ ခင်ဗျားတို့ ပဲခူးနတ် အဆက် နံကရိုင်းအနွယ်တွေ ဟာလည်း ဒီလိုပံ မင်္ဂလာဆောင်တဲ့ အခါမှာ ခင်ဗျားတို့ နတ်ကို ပေးအပ် ကြရတာပဲ မဟုတ်လား အဲဒီလို ပေးအပ်ပူဇော် ပသတဲ့ အတွက် ခင်ဗျားတို့ ကိုရော ခင်ဗျားတို့ နတ်က သစ္စာ ထင်ရှား ပေးဖူးပါသလား
မည်သူ မျှ မလှုပ် သူတို့၏ သဘာဝ ကို ဤမျှ ပေါက်ပေါက် ရှာရှာ ရေးနိုင်စွမ်းရှိသည့် စာဆိုအရှင်ကိုသာ သူတို့ အံ့ချီးကျူးနေမိကြ၏ သူတို့၏ အတွင်းစိတ်မှာတော့ မှန်လိုက်လေ ဟု ကျိတ်၍ ဝန်ခံနေကြ၏။
မိစ္ဆာစွဲမျတ် ဘယ်အရပ်မှာ နတ်တို့ နေရာ အိမ်ခန်းဝါနှင့် သာယာခမ်းနား နတ်မယားနှင့် နတ်သားနှင့် နတ်သား နတ်လင် ကြည့်မမြင်တည့် တဲ့ ခင်ဗျားတို့ မှားထွင်းစွာ စွဲမှတ်ထားတဲ့ နတ်တွေ နေထိုင်ရာ အိမ်ခန်းဝါ နဲ့ သာယာခမ်းနားတဲ့ နတ်မယားတွေ နတ်သားနတ်လင်တွေကို ဘယ်အရပ်မှာလဲ ဆိုတာ သူကြည့် လို့ မမြင်ဘူးတဲ့ ခင်ဗျားတို့ကော မြင်ကြရဲ့လား..။
ဤတွင် မပြားကြီး က ဝင်၍ ဘယ်မြင်ရမလဲ ဘုရာ့ သူတို့ က ကမ္မသိဒ္ဓိ တန်ခိုးရှင် တွေမို့ တပည့်တော်တို့ သာမန် လူသားတွေ ဘယ်မြင်နိုင်မလဲ စောဒက ဝင်လိုက်ရာ ဦးပဉ္စင်းက အားရပါး ပြုံးလိုက်ပြီးနောက် ရှေ့ အပိုဒ် ကို ကောက်ဆက်ပြန်သည်။
ငြိုငြင်စိတ်စွဲ အံသွားခဲ၍ ညှင်းဆဲ နှိပ်စက် နတ်တို့ လက်နှင့် ထုတ်လျက် ဆွဲငင် ပြုကြအင်ကို မမြင်ဖူးပါ တဲ့ ဒေါသ တကြီး အံသွားကို ခဲပြီး နတ်တို့ လက်နဲ့ တွန်းထိုး ရိုက်ပုတ် ညှဉ်းဆဲ နှိပ်စက်တာကိုလည်း သူမမြင်ဖူး ပါတဲ့ ခင်ဗျားတို့ကော မြင်ဖူးကြလား၊
ဘယ်မြင်ဖူးမလဲ ဘုရာ့ သူတို့ က ကိုယ်ထိလက်ရောက် ရိုက်ပုတ်ထုထောင်း ပြီး နှိပ်စက်တာမှ မဟုတ် ဘဲကိုး နတ်တို့ ရဲ့ တန်ခိုးနဲ့ ဖမ်းစားနှိပ်စက် တာမို့ ဘယ်မြင်ရလိမ်လဲ ဘုရာ့၊
မပြားကြီး ၏ အကြောင်းပြချက်ကို ဦးပဉ္စင်းက ရှေးနည်း အတူ ပြုံး တော်မူ၍ သာလျှင် ရှေ့အပိုဒ်ကို ဆက်နေ ပြန်၏။
သ်ညအရာကို မိစ္ဆာမောဟ အယူ ခွ၍ နတ်များသခင် နတ်ဘုရင် ဟု နတ်တွင် အကြီး ငါ့သမီးကို ဖမ်းဆီးတတ်ငြား ငါ့မယားကို ဖမ်းစားတတ် ချေဟု နတ်တွင်အကြီး ငါ့သမီးကို ဖမ်းဆီးတတ်ငြား ငါမယားကို ဖမ်းစား တတ်ချေ ချမ်းသာစေဟု ကချေ ပွဲလမ်း အခမ်းအနား နတ်ထိမ်း များနှင့် သောက်စားဟစ် အော် တကြော်ကြော် နှင့် မေင်တော်ရှင်ချစ် နတ်သံပစ်၍ မူးယစ်မှိုင်ဝေ အထွေထွေလျှင် လူ့မြေရပ်ရွာ နတ်မိစ္ဆာကို ကံသာအရင်း ပြုဖန်ဆင်းဟု ယူလျှင်အပ်စွာ ယခုမျာ ကား ချမ်းသာဆင်းရဲ နတ်ခပဲသည် ပေးမြဲတို့မှာ ထင်မှတ်ရာသည် မိစ္ဆာယူမိယူမှားတည်း တဲ့ ၊ အကျယ်ရှင်းပြနေဖို့ မလိုအောင် ရှင်းနေတာပါပဲ အဲဒီလို ဖမ်းဆီးမလား ငါ့မယားကို များ ဖမ်းစားလေမလားဆိုတဲ့ မိစ္ဆာမောဟ တွေ ဖုံးလွှမ်းပြီး နတ်တွေသာလျှင် ငါတို့ကို ကယ်နိုင်မယ် ဆိုတဲ့ မိစ္ဆာ အယူအရ ကချေပွဲလမ်း အခမ်းအနား နတ်ထိန်းများ နဲ့ သောက်စား ဟစ်အော် တကြော်ကြော် နဲ့ မောင်တော် ရှင်ချစ် နတ်သံပစ်ပြီး မူးကြ ရူးကြ ကကြ ခုန်ကြ ဒီလို မဟုတ်လား ဗုဒ္ဓဘာသာ တရားတော်အရ နတ်လူဗြဟ္မာ သတ္တဝါ အားလုံးကို ကံသာအရင်းပြု ဖန်ဆင်း၏ လို့ ယူဆ ရမယ် အစားထခုတောပ ချမ်းသာ ဆင်းရဲကို နတ်များကသာ ပေးစွမ်းနိုင်မြဲ လို့ ထင်မှတ်နေကြတော့ ခင်ဗျား တို့ဟာ ဗဒ္ဓဘာသာ အမည်ခံထားပေမဲ့ အပါယ်သွားမယ့် မိစ္ဆာ ဒိဌိတွေ ဖြစ်ကုန်ကြပါမကောလား...။
နေရာတကာ၌ လျှာရှည်ရမှ ကျေနပ်လေ့ရှိသော မပြားကြီးပင် ဤ အပိုင်းတွင် စောဒက ဝင်စရာမရှိသလို ငြိမ်ချက်သား ကောင်းနေ၏။ ကိုဒေါင်းစိတ်ကတော့ ဦးပဉ္စင်း ပြောသမျှ စကားလုံးများ အချက်အလက်များ အားလုံး ကိုလုံးစေ့ ပတ်စေ့ နားလည်ခြင်မရှိသော်လည်း သူတို့ဘဝနှင့် ဟပ်မိသော အကိုးအကား အထောက် အထား အကြောင်းပြချက် များကြောင့် အာလုံ့း အမှန်တရား များသာ ဖြစ်မည်ဟု လက်ခံ ယုံကြည် ထား၏။
ဆက်ရန်
.
No comments:
Post a Comment