Wednesday, June 2, 2010

ကမ္ဘာ့ဖလား ( တက်ဂ်)


ကမ္ဘာ့ဖလား ဘောလုံးပွဲ ကို ကိုအောင် (ပျူနိုင်ငံ)က တက်ဂ်ပါတယ် တဲ့..၊  လေးနှစ် တကြိမ် ... ပရိတ်သတ် အချစ်တော် ဘောလုံး သမား များ မိမိ တိုင်းပြည် အတွက် ကန် ကြတဲ့ ပွဲတွေ မှာ ဘယ် နိုင်ငံ များ နိုင်မလည်း ဆိုတာ ကို အသဲ တထိတ်ထိတ် ရင်တဖိုဖို နဲ့ ကြည့်ရတဲ့ အတွက် အားလုံးက နှစ်သက် ကြပါတယ်... စိတ်ဝင်စား ကြပါတယ်....။

ကမ္ဘာ့ ဖလား မှာ ကျနော် တို့ ရွှေမြန်မာနိုင်ငံ (မအယ်... (ရွှေစစ် ရွှေစစ်) ပြောတာ နော်) ကြီး မပါဝင် ပေမဲ့... ကျနော် တို့ အားလုံး လည်း သဲသဲလှုတ် ခဲ့ ကြပါတယ် ... ၊ နိုင်ငံ တကာ က ဘောလုံး သမား များကို ကိုယ့် စိတ်ကြိုက် ရွေးလို့ ကိုယ် အားပေးတဲ့ အသင်း  မှ မနိုင်ရင် ကိုယ့် ရီးစားပစ် သွားတာ ထက် တောင် ဝမ်းနဲ ကြေကွဲ မိပါသေးတယ် ..... တကမ္ဘာ လုံး ဒီအတိုင်း ကြီးပါဘဲ..။

လူတိုင်းဟာ... ကိုယ် အားပေးတဲ့ အသင်း ကို ဘဲ  ကိုယ် နိုင်စေ ချင်တာ  သဘာဝ တရားပါ ...၊  အားလုံး ဟာ ကမ္ဘာ့ အဆင့် ဆိုတော့ လည်း သူ မသာ ကိုယ် မသာ တွေပါဘဲ ...၊ ဘာဘဲဖြစ်ဖြစ် ပိုကောင်းတဲ့ အသင်း နိုင်ရ မှာပေါ့.. နိုင်ပေ စေ့ပေါ့......။

အင်း ဒါပေမဲ့ လည်း ဘယ် လောက်  ဘဲ အပြတ်အသတ် နိုင်ခဲ့ နိုင်ခဲ့  ကောင်းခဲ့ ကောင်းခဲ့...၊ နောက်ဆုံး ရလဒ် က ဆန့်ကျင့် သွားတာတွေ လည်း ရှိတော့ ပြောရခက် ကြီးပါ..... ။

ကျနော် ကတော့ ကမ္ဘာဖလား ဆို ရင် ကိုယ် ကန် ခဲ့တာလေး ပြန်ပြန် သတိရတယ်...ကဲ... ဘယ်လိုများ ကန် ခဲ့ လည်း ဆိုတာ လေး စမြုံပြန် လိုက်ရအောင်....။

ရွှေစင်ဦး မှာ လည်း အချစ်တော် ဘောလုံးသမား လေးတွေ ရှိခဲ့ ဘူး ပါတယ် ဗျာ.. တဘက်သတ် အချစ် ပေါ့... အဲဒီတော့ တဘက်သတ် အားပေးရတာပေါ့.. ကိုယ့် ချစ်သူ ပါတဲ့ အသင်း (နိုင်ငံ) နိုင်စေပေါ့... အဲဒီအခါ ကြည့်ရတာ ပိုပြီးတော့ မတော် မတရား စိတ်တွေ များများ လာ ပါတယ်ဗျာ...၊ ကိုယ် အားပေး တဲ့ အသင်း နိုင်စေချင်တဲ့ တဘက်သတ် စိတ်ဓါတ်က ကိုယ့် ကို တချိန်လုံး ဒုက္ခ ပေးလာပါတယ် ... ။

နောက်တခါ ပိုဆိုးလာတာက အရသာ ပိုရှိအောင် လို့ ဆိုပြီး ကိုယ်ချစ်တဲ့ အသင်းဘက် က လောင်းကြေး လေး ထဲ့ လိုက်တာဘဲ.... ပိုပြီး စိတ်လှုတ်ရှား လာသလို ကိုယ်ပါ ဝင်ကန်ရသလို နှလုံးတုန် ရင်ခုန် ဖြစ်လာ ရ တာပါဘဲ... ။

ကျနော် နောက်ဆုံး ကြည့်ခဲ့ တဲ့ ကမ္ဘာ့ဖလား ပွဲ မှာ တော့ စိတ်ကြိုက် အားပေး ရအောင်  ဆိုပြီး ၂ယောက် တလုံး ( တခြား အလုံး မထင်ပါနဲ့ ... TV ပါ)...၊  ကြည့်ချင်တာ နဲ့ ကိုယ့် ဆိုင်  မှာ ကိုယ်  နှစ်ယောက်ထဲ သွားကြည့် တယ်ဗျ... ၊ ၂ယောက် တကမ္ဘာ လွတ်၂ လပ်၂ ငြင်းခုံ သတ်ဖြတ် ရ အောင်ပါ..၊ နောက်ဆုံး ဖိုင်နယ် မတိုင်ခင် မှာ တော့ ဒီလိုဘဲ ငြင်းလိုက် ခုံလိုက် နဲ့ ပြီး သွားတယ် .. ဖိုင်နယ် မှာ တော့ အားပေးတဲ့ အသင်း က တူနေတော့ စိတ်တူ ကိုယ်တူ အသင်းတူ ဖြစ်သွားပြီး... အရှုံးလည်း တူသွားပါတယ်..။

ရှုံးရုံ နဲ့ မပြီးသေးဘူး ကိုယ် မသိအောင် သူ လောင်း သူ မသိအောင် ကိုယ်လောင်း တာတွေ ကလည်း နဲနဲ များ သွားတော့ ကိုယ့် ဒုက္ခ နဲ့ ကိုယ် စိတ်တွေညစ်... ရက်ပေါင်း များစွာ အိပ်ရေးပျက် တဲ့ ဒဏ်ကြောင့် မျက်တွင်း ဟောက်ပက် နဲ့ ရှုံးထား တဲ့ ပိုက်ပိုက် တွေ ကို မြင်ယောင် တသ ရင်း ကိုယ့် အရိပ် ကိုယ် ရန်သူ ထင်နေ တဲ့ ရွှေစင်ဦး နဲ့ ရှုံး မဲ မဲ ပြီး .... ဘောလုံး သမား တွေ  ကို ပြောင်းဖူး ရိုး နဲ့ ထုမရ ... ဒိုင် ကို ကလော်တုတ်  မရ တဲ့ ချစ်ချစ်ကြီး ဟာ  တယောက် နဲ့ တယောက် ရန်စကြရင်း  အဟဲ.. နှစ်ယောက် သား ကန် လိုက်ကြ တာ အားရ ပါးရ ...၊  ဖီဖာ ဒိုင် ကလည်း မရှိတော့ တော်တော် နဲ့ ကို အနိုင်အရှုံး မခန့်မှန်း နိုင်အောင် ဖြစ်ခဲ့ ကြတယ်... ။

အဲဒီနောက် ရွှေစင်ဦး လည်း ကမ္ဘာ့ ဖလား ပွဲ ကို  မကြည့်တော့ ပါဘူး ... ကန် ရတာ ပျင်းသွား တဲ့ အတွက် ပါ .... တပွဲ လွတ်သွား တယ်ပေါ့... ၊ အင်း ဒီနှစ် တော့ မသိ သေးဘူး ရင်ခုံ စရာလေး များ (အမှတ် က မရှိ သေးဘူး) တွဲ ပါရင်တော့ ကြည့်ချင်သား ကဲ လောင်းလိုက် ကြရ အောင်...ယောင်လို့ ပါဗျာ.. ခန့်မှန်း ကြည့်လိုက် ကြရ အောင်.... ။ 

သြ ... နောက်ဆုံး သတင်းထူး ပြောရရင် ခန့်မှန်းတာ အားလုံး မှန်သူ ကို ကိုအောင် (ပျူနိုင်ငံ) က ရွှေဘောလုံး ဘလော့ဂ် ဆု ကြီး ကို ချီးမြှင့် ပါမယ်တဲ့ ခင်ဗျား (အလုံး နဲ့ မခြင်း)....။

နောက်ဆုံး လေးသင်း အဖြစ် ကျနော် ကတော့

အင်္ဂလန် နဲ့ ဟောလန် .....
အာဂျင်တီးနား နဲ့ စပိန် ......

တွေ့ကြမယ်လို့ ခန့်မှန်းပါတယ်... နောက် ဆုံး ဖိုင်နယ် ပွဲမှာတော့ ဟောလန် နဲ့ အာဂျင်တီးနား တွေ့ ကြမယ် လို့ ယူဆပြီး  အာဂျင်တီးနား ကို ဘဲ ဒီနှစ် အနိုင် ပေးလိုက်ပါတယ်.....

ပထမ    -  အာဂျင်တီးနား
ဒုတိယ  -  ဟောလန်
တတိယ -  စပိန်
စတုတ္ထ  -  အင်္ဂလန်

ဒါပေမဲ့ ဘောလုံး ဆိုတာ အလုံးကြီး ဆိုတော့ လည်း သူလိမ့်ချင်ရာ လိမ့်မှာပါ ခင်ဗျား.....
ကဲ .... ကိုအောင် ရေ ကျေနပ်မယ် ထင်ပါတယ်

ကျေးဇူးတင်စွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.

20 comments:

ကိုအောင် said...

အာဂျင်တိုင်းတွေ ဖလားရသွားလို့ကတော့
လက်နဲ့ ဂိုးသွင်းခဲ့တဲ့ မာရာဒိုနာ အကြီးအကျယ်
ကျိန်ဝါးနေတယ် မရွှေစင်ရေ။
ခန့်မှန်းတာ အားလုံး မှန်တဲ့သူတွေက ကျနော့်ကို
ဆုချီးမြှင့်ရမှာ ...း)
Tag ဂိမ်းကို ရေးပေးလို့ ကျေးဇူးအရမ်းတင်ပါတယ်။
ခင်မင်လျက် ...

Anonymous said...

ဘောလုံးဆိုတာ အလုံးကြီး အင်..ရွှေစင်ဦးပြောတာတယ်မှန် သူလိမ့်ချင်ရာလိမ့်ပါဘူးဗျာ ကန်တဲ့ဘက်လိမ့်မှပါ
ဒီနှစ်ကော ချစ်ချစ်ကြီးနဲ့ အတူတူတွဲကန်အံးမှာလား အဟား လစာကောင်းကောင်းပေးရင်ဒိုင်လာလုပ်ပေးမယ်


ချစ်ညီမ

ကိုဇော် said...

ကျနော့် အကြိုက်ဆုံး အသင်းက အာဂျင်တီးနားပဲ။
ပြီးမှ အင်္ဂလန် ၊ အီတလီ။
ဒီနှစ်တော့ စောင့်ကြည့်ဦးမယ် မရွှေစင် နဲ့ အတူတူ။

ကာရံဆူး said...

ဘောလုံးပွဲ မကြိုက်တဲ့ အတွက် မသိပါ မမရွှေစင်ရေ...ကန်တဲ့ သူတွေကိုတော့ သနားတယ်...ဒီတစ်လုံးထဲ ၀ိုင်းလုနေလို့ ..
:P

Anonymous said...

အဟမ်း အဟမ်း ရောက်လာပါတယ် မရွေစင် .. ဘာလေးရေးရေး အားပေးလိုက်ရမှ ..

ဘောလုံးပွဲကတော့ လိက် တွေလောက် စိတ်မဝင်စားဘူး.. ဟဲ.. အဆင့်မြင့်နေချက်.. (ကြံဖန်မြင့်ကြည့်တာပါ..)..။ ဒါပေမယ့်လည်း ကိုယ့်အာရှ အသင်းကိုတော့ အားပေးလိုက်ရမှ ( မယ်ရွေးပွဲလိုပဲပေါ့.. ဘယ်သူလှလှ မလှလှ အာရှက ပါနေပြီရင် အားပေးလိုက်ရမှ ကျေနပ်သွားပေါ့..).. မကုန်တဲ့ အတ္တတွေ ဖွင့်ပြနေချက်..။

အဟမ်း.. အခု ကတော့ ဘောလုံးပွဲထက် တင်းနစ်တွေဘက် စိတ်ရောက်နေတယ် အမ.. ကြီးလေးကြီးက ပြင်သစ်ပွဲ.. မနေ့က ဖယ်ဒရယ်လေး ဆွီဒင်သားလေး ကို ရူံးရှာတယ်.. ချိတ်မကောင်းဘူးဖြစ်သွားတယ်.. ဥရောပ အခြင်းဂျင်းဆိုတော့ ကိုယ်လည်း ဝမ်းနည်းသွားတယ် ( ဒါပေမယ့် ကာစိတ် မရှိဘူး.. ဒီနေ့ အချဉ်ရည် ဟင်းနဲ့ စားမယ် အမ.. ဥရောပရောက် ဆင်းရဲသားလေး မဗေဒါပေါ့..).. ကြွားတယ် မထင်ကောင်းပါ..။

မဗေဒါ (၈၈)

မဗေဒါ (၈၈) said...

အမရွေစင်..

မဗေဒါ ရေးပြီး နှိပ်လိုက်တာ မြန်သွားတယ်.. ။

ကြည့်လိုက်ပေဦးတော့.. ဒါပေမယ့်လည်း မဗေဒါ (၈၈) လို့ ရေးပါတယ်.. တော်ကြာနေ.. တူများတွေ တမျိုးထင်မှာချိုးလို့.. နာမည်တူ ဘာညာ.. သာဓကာပေါ့..။

ခင်တဲ့

မဗေဒါ (၈၈)

Anonymous said...

အမကို..စိတ်ကောက်တယ်..

မီးမီး အီတလီကို ခန့်မှန်းမပေးလို့...

တော်ပီ..ခေါ်တော့ဘူး။

မြတ်နိုး

အင်ကြင်းသန့် said...

(နိုင်ငံ တကာ က ဘောလုံး သမား များကို ကိုယ့် စိတ်ကြိုက် ရွေးလို့ ကိုယ် အားပေးတဲ့ အသင်း မှ မနိုင်ရင် ကိုယ့် ရီးစားပစ် သွားတာ ထက် တောင် ဝမ်းနဲ ကြေကွဲ မိပါသေးတယ် ....)

မှန်လိုက်လေခြင်း ငါ့အစ်မရေ....ဘောလုံးပွဲအားပေးရတာလည်း အမြဲတမ်း ပွဲလည်းအပြီး လူလည်းနှလုံးရောဂါမဖြစ်ရုံတမယ်ပဲ ကျန်ခဲ့တတ်တာမျိုးလေ :))

ချစ်ညီမလေး

ရွှေရတုမှတ်တမ်း said...

ကဲ..ချစ်ချစ်ကြီးနဲ့ ရန်ပွဲတွေ စကြစို့လား

မြစ်ကျိုးအင်း said...

သူက ဒါလည်း ရတာပဲ။
ဒီတကြိမ်အတွက် ဘတ်ငွေ ကြိုရှာထားလေ။ မလောင်းရင် ကြည့်မကောင်းသလိုလို

ဗိုလ်စွဲဖို့ ဘရာဇီး ၊ စပိန် ၊ အင်္ဂလန် လို့ပဲ ထင်မြင်မိတယ်။

sosegado said...

ဥရောပပဲ ကြိုက်တယ်ထင်တယ်၊ တော်သေးတာပေါ့ အာဂျင်တီးနားပါနေလို့၊ ဘောလုံး ဆိုတာ အလုံးကြီး လိမ့်ချင်ရာ လိမ့်မှာ၊ ဟုတ်တယ်၊

blackroze said...

ညီမကတော့အီတလီပါဘဲ...

Anonymous said...

ဥရောပရောက် ဆင်းရဲသားတဲ့..ဒါမျိုးတွေပေါ့
မမြင်ဖူးတာတွေမြင် မစားဘူးတာတွေစားပီး အီးစိမ်းတွေပန်းနေတာ.ကိုယ့်မြန်မာပြည်ကိုစော်ကားနေတာ။

သော်ဇင်စိုး said...

ကျတော်တို့ကတော့ အင်္ဂလန်ကလွဲပြီး ဘယ်အသင်းကိုမှ ဗိုလ်စွဲခွင့်မပြုဘူး.. ဟီး..ဟီး..
fighting ENGLAND>>>!!!!!

ဧပရယ်လ်ပူး@ပူးတေ said...

မမရေ... မမနိုင်မယ်ထင်တဲ့ အသင်းဘက်ကနေ ပုံလောင်းလိုက်မယ်နော်... ရှုံးသွားရင် မမပြန်လျော်ပေးရမယ်နော်... နိုင်ရင်တော့ ပူးတေ အကုန်ယူမယ်.... ဟိ
ခင်လို့ နောက်တာပါနော်မမ.. ချိတ်မချိုးနဲ့။ ဘောလုံးဆို နကန်းတလုံးမှ မသိတဲ့ လူပါ။ ကိုယ့်မေဂျာက ကန်တဲ့ ပွဲတွေပဲသိတယ်... ခုထိသတိရနေတုန်း...:D

An Asian Tour Operator said...

အီတလီ!!!!
(အားမပေးရင် စိတ်ဆိုးမဲ့ ခဏခဏ ပါစတာကြွေးတဲ့သူတွေရှိလို့)

မောင်သီဟ said...

း) ဟင်ဂလန်ပဲ အားပေးမယ်
း)

သဒ္ဓါလှိုင်း said...

မမရွှေစင်ရေ..
ကိုယ်ကြိုက်တဲ့ဘောလုံးသမားပါတဲ့အသင်းကိုအားပေး
ရတာအမောပေါ့..။ ဥရောပဖလားတုန်းကလည်း
ဝမ်းနည်းခဲ့ရဖူးတယ်။ ကိုယ်ကြိုက်တဲ့သူပါတဲ့အသင်း
ရှုံးသွားလို့လေ။သဒ္ဓါက ပေါ်တူဂီကဘောလုံးသမားလေးကို
ကြိုက်နေလို့သူ့အသင်းပဲအားပေးလိုက်တော့မယ်။
အားရှိအောင်လေနော်........
ခင်တဲ့
ညီမသဒ္ဓါ

လသာည said...

အစ်မရွှေစင်ဘက်ကနေပြီး အားလုံးအောပြီး ပုံလောင်းတယ်ဗျာ..။ နိုင်ချင်သူ နိုင်ပဲ..:D
(အစ်မရွှေစင်လေသံနဲ့ ပြောသွားသည်)

သူကြီးမင်း (တုံးဖလား) said...

အမှန်တကယ် ဗိုလ်စွဲစေချင်တာကတော့ အာရှက အသင်းတွေပါဘဲ။ ဂျပန်ပထမ၊ တောင်ကိုရီးယား ဒုတိယပေါ့။ ဒါပေမဲ့.. ဒါပေမဲ့.. ဂလိုပါဘဲ။ ဗိုလ်စွဲတဲ့အသင်းကို အားပေးတာ စိတ်အချမ်းသာဆုံးဖြစ်မှာသေချာတယ်။းဝ)