မဟာဗောဓီတန်ဆောင်းကြီး ရေစက်ချအမျှပေးဝေစာ
ရွှေတိဂုံ စေတီတော် မြောက်ဘက်ယင်ပြင်တော်ရှိ မဟာဗောဓိတန်ဆောင်းတော်ကြီးကို တည်ဆောက် ပြီးစီး ပါသဖြင့် .....
၁၃၂၂- ခုနှစတ်ပေါင်းလ္ဆန်း ၅-ရက်စနေနေ့နံနက်(၇)နာရီ ၁၉၆၁-ခုဖေဖေါ်ဝါရီလ ၁၈-ရက်နေ့တွင် တန်ဆောင်းအမ ဒေါ်ဒဂုန်ခင်ခင်လေးက ရဟန်းသံဃာတော်အရှင်မြတ်တို့အား လှူဘွယ်ဝတ္ထုတို့ ဆက်ကပ် လှူန်းဒါန်း၍ ပရိတ်တရားတော် နာကြားပြီးမဟာဗောဓိ တန်ဆောင်းတော်ကြီးနှင့်တကွ အောက်စာရင်းပါ အလှူ ကောင်းမှူများကို တပါတည်းရေစက်သွန်းချလှူဒါန်းပြီးလျှင် တန်ဆောင်းအတွင်း နှင့် ရွှေတိဂုံ စေတီတော်ကြီး ယင်ပြင်လည်တွင် ရတနာမျိုးစုံကြဲဖြန့် ပူဇော်ခြင်း ပြုကာသုံးဆယ့်တဘုံရှိ ဗုဒ္ဓဘာသာဝင် သူတော်ဝင် ပေါင်းတို့အား အမျှပေးဝေခြင်းပြုပါကြောင်း။
မဟာဗောဓိတန်ဆေင်းနှင့်အတူ
ကိုယ်တိုင်သွားရောက်ခြင်း မပြုနိုင်သော အမြို့မြို့ရှိ အောက်ပါအလှူများကိုပါ တပါတည်း ရေစက် သွန်းချပြီး အမျှပေးဝေပါကြောင်း။
၁။ ပုသိမ်ခရိုင်၊ လိပ်ကျွန်းပေါ်၌တည်ထားလှူဒါန်းသော လောကဥသျှောင်စေတီတော်၊
၂။ သံတွဲမြို့ ငပလီကမ်းခြေ ငါအောင်တောင်ထိပ်တွင် တည်ထားလှူဒါန်းသော ဇီနမာန်အောင် စေတီတော်။
၃။ ပေါင်းတည်မြို့ရွှေကျောင်းဆောင်စေတီတော်၏ ထီးတော်။
၎။ ပြည်ခရိုင်၊ ပြလို့ရွာရှိ ဆုတောင်းပြည့်ဘုရားထီးတော်။
၅။ မုံရွာမြို့၊ ဖိုးဦးတောင် ဘုရားများ ပူဇော်သော ဓါတ်မီးစက်။
၆။ ပြည်မြို့၊ တဘက်ကမ်း ဖိုးဦးတောင်ဘုရား ဓါတ်မီးစက်။
၇။ ပျဉ်းမနားမြို့၊ ဆင်ဖြူတော်ဘုရား ဓါတ်မီးစက်။
၈။ စစ်ကိုင်းတောင်၊ မင်းကွန်းလူအိုရုံသို့ လှူဒါန်းသော ၅-ခန်းအဆောက်အဦး။
အထက်ပါအရပ်ရပ်သော ကောင်းမှူကုသိုလ်များကို ဗုဒ္ဓဘာသာ တရားတော်အရ ကံ-ကံ၏အကျိုး ကို သက်ဝင် ယုံကြည်သူ တစ်ဦးအဖြစ် မဂ်, ဖိုလ်နိဗ္ဗာန်ကို ရည်မှန်း၍ လှူဒါန်းပူဇော်ပါသည်၊ နိဗ္ဗာန် မရမှီ အကြား ဖြစ်လေရာဘ၀တိုင်းတို့တွင် ကောက်ကျစ်စဉ်းလဲသော ခင်ပွန်း၊ ဆွေမျိုး၊ မိဆွေ တပည့် သားမြေး များ နှင့် မကြုံကြိုက်ရသည် ဖြစ်စေသော်။
ကျမ ဘ၀ဖြစ်စဉ် အတို်င်း တွေ့ဆုံကြုံကြိုက်ခဲ့ရသမျှမှာ လောကဓံနှင့် ရင်ဆိုင်ရဖန်များသောကြောင့် များစွာ အရေထူ လျက် ရှိပါသည်၊ ယခုကဲ့သို့ အိုမင်းရင့်ရော်နေချိန်မှာတော့ တရားကိုလက်ဝယ်ပိုက် ထားမီပြီ ဖြစ်သော ကြောင့် တုန်လှုပ်မှုမရှိတော့ပါ။ နားအေး၊ စိတ်အေးနေရခြင်းဖြင့် တရားနှလုံး သွင်းစရာ၊ အာရုံ ပြုစရာ အချိန်တွေများများ ရရှိနေလိုခြင်းတခုသာ ရည်မှန်းနေပါတော့သည်၊
ကျမသည် အမြတ်တော်ကြေး ဌာနသို့ ချိပ်ပိတ်ထားသော ပစ္စည်းများကို အချိန်မရွေး လေလံပစ် ရောင်းချ ယူရန် ထိုးအပ်ပေးထားပြီးနောက် သတင်းစာတိုက်မှလဲ ရသရွေ့ ၀င်ငွေမှ ကြွေးဆပ် နိုင်သမျှဆပ်ရန် တာဝန် တွေ ဆွဲရုန်းနေဆဲမှာဘဲ မန်နေဂျာရုံးခန်းမှ ဦးဗအေးက ကျမအား အမြတ်တော်ကြေးတွေများလှ၍ အယူခံ ဘို့ တိုက်တွန်းပါသည်၊ စောစောပိုင်းက စာတစောင်တင် ထားခဲ့သည်မှအပ နောက်ထပ်ဘာမျှ ကြိုးစား တင်ထားခဲ့သည်မှအပ နောက်ထပ်ဘာမျှ ကြိုးစားလို စိတ်မရှိ၊ ကိုယ်တိုင်မသိသော စာရင်းများကို ဘယ်လို မှ ပြုပြင်စစ်ဆေး၍ ရတော့မည်မဟုတ်၊ စိတ်ရှုပ်မခံလို၊ ရှိသမျှထိုးအပ်လိုက်ရခြင်းက ဦးခေါင်း ရှင်း သွားမည် ဖြစ်ကြောင်းသာ ပြောထားလိုက် ပါသည်။ သူတို့ သဘောကား ဒီငွေ(၈)သိန်းခွဲအတွက် ကျမက နှမြော တွန့်တို နေလိမ့်မည်ထင်သည်။ မိန်းမသားဖြစ်၍လည်း သည်အရေးကိစ္စကြီးကို ရင်မဆိုင်ဝံ့ဟု ထင်ပုံ ရပါသည်။ ရင်မဆိုင်ဝံ့၍ ကယ်ပါ ယူပါ ဖြစ်လာသောအခါမှ သူတို့အလိုသို့ ဥပါယ်တမည်နှင့် ပါလာအောင် ဆွဲဆောင် ယူမည်ဟု ရည်ရွယ်ထားသည်။
ဆရာ့ အမိန့်အတိုင်း ခင်မောင်အေးနှင့် ဦးဗအေးတို့သည် အမြတ်တော်ကြေးကိစ္စကို နောက်ကွယ်မှ တွန်းပို့ နေကြ ရသည်ဟု ကျမနားလည်ပြီးသားဖြစ်ပါသည်။ ရွှေတိဂုံစေတီ ထီးတော်၌ လှူဒါန်းရန် ရေစက်ချ အပ်နှံ ထားသော စိန်ကျောက်ပတ္တမြား ပစ္စည်းများ အပ်နှံထားရာ လုံခြုံရေးဘဏ်ရှိ ကျမ သေတ္တာကို ချိပ်ပိတ်ရန် လာသော အမြတ်တော်ကြေးရုံးမှ ဆိုင်ရာ အရာရှိတဦးနှင့်အတူ ဦးဗအေး၊ ခင်မောင်အး စသူတို့ ပါလာကြ သည်ဟု သိရပါသည်။ ကျမ ပစ္စည်းသေတ္တာ ဒီမှာ ထားကြောင်းကိုလဲ သူတို့ဘဲ သွားသတင်းပေးရုံမက ချိပ်ပိတ်ရာ ၌ပင် ကိုယ်တိုင်ကိုယ်ကျ လိုက်ပါညွှန်ပြပေးကြသည်၊ ဘုရားလှူထားသော ပစ္စည်းသိုက်ကို လိုက်၍ ညွှန်ပြသည် နှင့် လည်း တူပါသည်။
ကျမက မွန်မွန် မြတ်မြတ်လှူထားသော ပစ္စည်းများဖြစ်သည်၊ ဒီပစ္စည်းများကို တရားလက်လွတ် သံသရာ မကြောက်ဘဲ ပြုရဲ ပြစ်မှားရသြည်မှာ ကြက်သီးထစရာ ကောင်းလှပါသည်။ ကျမ ထိုးအပ်ထားသော ပုံနှိပ် စက်ပစ္စည်း များနှင့် အိမ်ခြံတို့မှာ ၁၅-သိန်းနှင့် သိန်းနှစ်ဆယ်ကြား ကာလ တန်ဘိုးရှိနေပါသည်။ ပစ်စလက်ခပ် ချရောင်းဦး (၁၀)သိန်းထက် မနည်းရဘို့ ရှိပါလျက် အမြတ်တော်ခွန် (၈)သိန်းခွဲအတွက် ရေစက်ချ လှူထားပြီးသော စိန်ထည်များနှင့် ဓါတ်လှေခါးရံပုံငွေ၊ မဟာဗောဓိတန်ဆောင်း ရံပုံငွေများကိုပါ ထည့်ပြီး ချိပ်ပိတ်ခံရအောင် သူဘဲတမင်သွားပြပြီးမှ ဦးဗအေးသည် ကျမကိုလာ၍ စေတနာကောင်းနှင့် ပြော သယောင် ပြုပြန်ပါ သည်။ လှူထားသော ပစ္စည်းမှာ စွန့်လွှတ်ပြီးသားဖြစ်သည်။ စုံမက်မြတ်နိုး နေပါလျက် အစထဲက လှူရဲမည် မဟုတ်ပါ၊ ကျမသည် ဤကိစ္စများအတွက် ၀မ်းနည်းပက်လက်မဖြစ်မိဘဲ သံသရာ ကြွေး မကြောက် ပြုရဲသူ၊ တို့အတွက်သာ သနားမိပါတော့သည်။
................................
ဓမ္မ န္တရာယ်သူယုတ်မာ၏ခြေထိုးမှု
နောက်သံသရာ အတွက် စေတနာထက်သန်စွာ ရေစက်ချ၍ လှူဒါန်းထားသော မွန်မြတ်သည့် ရွှေတိဂုံ စေတီတော်ကြီး ၏ထီးတော်ထိပ်တွင် တပ်ဆင်မည်ဖြစ်သော ရတနာပစ္စည်းများကိုပါ ကာမဂုဏ် ကြွေး ပေးဆပ်ရန် ဓမ္မ န္တရာယ်ပြုရဲသည်မှာ ကိုယ့်အကုသိုလ်ကို ကိုယ်ရှာယူရဲခြင်းသာ ဖြစ်ပါသည်၊ အမြတ်တော် ကြွေး(၈)သိန်းခွဲသည် အလှူရတနာပစ္စည်းများ မပါဝင်စေဘဲနှင့်လည်း အခြားသော ဩ-သိန်းတန် ပစ္စည်း များနှင့်ပင် ကြေလည်သွားနိုင်ပါသည်။
ကျမသည် ရေစက်ချလှူထားသော အထက်ပါပစ္စည်းနှစ်ရပ်မှတပါး အားလုံး သိန်းကျုံး လျက် အမြတ်တော် ကြေး အတွက် ပုံအပ်ထားလိုက်သည်၊ အမြတ်တော်ကြေးဆိုင်ရာ အရာရှိအကြီးအကဲ များအား လည်းကောင်း၊ အခွန်တော်ဌာနဆိုင်ရာ ၀န်ကြီးအားလည်းကောင်း၊ သွားရောက် တွေ့ဆုံကာ ရေစက်ချ လှူထားသော ပစ္စည်းနှစ်ရပ်ကို ချန်လှပ်ပြီး ကျန်ပစ္စည်းများကို လိုသလိုပြုကြပါရန် နောက်ဆုံးတကြိမ် ထပ်မံ ပုံအပ် လိုက်ပြန်ပါသည်။
ဤသို့ ကိုယ်တိုင်သွားရောက် ပြောပြခြင်းမှာလည်း ကုသိုလ်ရေးအတွက် ဖြစ်၍သာ အပင်ပန်းခံလိုက်ခြင်း ဖြစ်ပါသည်။ ဓမ္မ န္တရာယ်ပြုရဲသူများက ဌာနဆိုင်ရာ အရာရှိတို့ နားရှုပ်ထွေးသွားစေအောင် ပြုသော် လည်း လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် ပြဋ္ဌာန်းသော နှစ်သစ်ဦး တွင်မှ ရွှေတိဂုံစေတီတော်ကြီးသို့ ရေစက်ချလှူထားသော ဘုရားပစ္စည်းများနှင့် ဓါတ်လှေခါး အလှူငွေ၊ မဟာဗောဓိတန်ဆောင်း နှစ်စဉ်မွမ်းမံရန်ရံပုံအလှူငွေများကိုပါ သိမ်းယူမည့် အမြတ်တော်ခွန် ၈-သိန်းခွဲ ထဲသို့ မပါဝင်၊ မရောထွေးသွားရအောင် ခွဲခြားချန်လှပ်ထားစေလိုသောကြောင့် သွားရောက် ရှင်းပြခြင်း ဖြစ်ပါသည်။ ကျမ၏ ကိုယ်ကျိုး ကိုယ့်စီးပွားအတွက်ငဲ့ကွက်၍တော့အပင်ပန်းမခံလိုပါ၊ ဤ ပစ္စည်း တွေ မြန်မြန်ကုန်သွားမှသာ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာ တရားအားထုတ်၍နေနိုင်မည်၊ ပစ္စည်းနှင့် ပတ်သက် ၍ ကျမအသက်ကိုပါ အမြဲစောင့်ပြီး ရန်ရှာနေသော လောဘသားတို့ အတွက်လည်း လောဘ ရမက် ငြိမ်းအေးသွားမည်ဖြစ်ပါသည်။
ဤအတောအတွင်းမှာ ရွှေတိဂုံစေတီတော်ကြီး၏ တောင်ဘက်တွင် ဆောက်လုပ်တပ်ဆင်နေသော ဓါတ်လှေခါး များ ပြီးစီးခါနီးသဖြင့် အခမ်းအနားနှင့် ဖွင့်လှစ်ရန် ဘဏ္ဍာတော်ထိန်းအဖွဲ့ဝင် ပုဂ္ဂိုလ်ကြီး များ ဆွေးနွေး နေချိန်ဖြစ်လာသည်၊ ကျမသွားရောက်ရှင်းပြသည့်အတွက် အခွန်တော်ဝန်ကြီးဌာနက အလှူ ပစ္စည်း များကို ဘဏ္ဍာတော်ထိန်းအဖွဲ့ဝင် ပုဂ္ဂိုလ်ကြီးများဆွေးနွေးနေချိန် ဖြစ်လာသည်၊ ကျမ သွားရောက် ရှင်းပြသည့် အတွက် အခွန်တော်ဝန်ကြီးဌာနက အလှူပစ္စည်းများကို ဘဏ္ဍာတော် ၀န်ကြီးဌာနက အလှူ ပစ္စည်း များကို ဘဏ္ဍာတော်ထိန်းအဖွဲ့၏ သက်သေအထောက်အထားပြကြ လျှင်၊ စစ်ဆေး၍ ခွင့်လွှတ် ပေးတော့မည် သတင်းကြားသောအခါ ဓမ္မ နံ္တရာယ် သူယုတ်မာသည် အောက်ပါအတိုင်း အမြတ်တော်ကြေး ဌာန မင်းကြီး ထံသို့ ကန့်ကွက်စာ တစောင်ပို့လိုက်ရာ ထိုဌာန မှတဆင့် ကျမထံသို့လည်း မိတ္တူတစောင် ရောက်လာ ပါသည်။
မြန်မာနိုင်ငံတော်
အမြတ်တော်ခွန်မင်းကြီး။ ရန်ကုန်မြို့။
နေ့စွဲ -
လူကြီးမင်းခင်ဗျား။
လူကြီးမင်းအား လေးစားစွာ စာရေးအကြောင်းကြားအပ်ပါသည်၊ ယခုအခါတွင် လူကြီးမင်းတို့ ဌာနမှ ဗမာ့ခေတ် သတင်းစာတိုက် အခွန်စည်းကြပ်မှုနှင့် ပတ်သက်၍ မပြေကျန်နေသေးသော အခွန်တော် များ အတွက် ကျွန်တော်နှင့် ဒေါ်ခင်ခင်လေး နှစ်ဦးပိုင်ပစ္စည်းအများအပြားကို တားဝရမ်းထုတ်ထားပါသည်၊ ထိုကိစ္စနှင့် ပတ်သက်၍ လူကြီးမင်းတို့က မည်ကဲ့သို့ပင် ဆက်လက် အရေးယူသည်ဖြစ်စေ၊ ဆုံးဖြတ်ရန် ရှိသည်ဖြစ်စေ၊ ကျွန်တော့်အား အကြောင်းကြား အသိပေးပြီးမှ ပြုလုပ်ပါရန် မေတ္တာရပ်ခံပါသည်။
ဒေါ်ခင်ခင်လေး အမည်နှင့် ရန်ကုန်မြို့နယ်သာလင်ဘဏ်တိုက်တွင်ထားရှိသော ငွေများနှင့်ရန်ကုန် မြို့ အမှတ် ၆၆၆- ကုန်သည်လမ်းလုံခြုံရေးဘဏ်တွင် ထားရှိသော စိန်၊ ရွှေ၊ ရတနာများမှာ အမှန် စင်စစ် နှစ်ဦး ပိုင် ပစ္စည်းများသာဖြစ်ပါသည်၊ ၎င်းတဦးတည်းနှင့် ဆုံးဖြတ်ပိုင်ခွင့်သဘောတူညီမှု ပေးခွင့်မရှိကြောင်း တင်ပြ လိုပါသည်။
အထက် ဖော်ပြပါ အကြောင်းတို့ကြောင့် အခွန်တော်ကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်စရာရှိသော အခါတွင် ဤအချက် ကို သတိပြု ဆောင်ရွက်ပါရန် မေတ္တာရပ်ခံပါသည်။
အုန်းခင်
ဟု ကန့်ကွက်စာ ပေးပို့သည်၊ စာချုပ်ကြီး အထင်ကရနှင့် မိမိကျူးလွန်ခဲ့သော အပြစ်အလျှောက်ပါ ဟုဆိုကာ ရှိပစ္စည်းများ စွန့်လွှတ်လက်မှတ်ထိုးကွာရှင်းပြီးခါမှ လှူထားသော စိန်၊ ရွှေ၊ ရတနာ ပစ္စည်း များကိုပင် သက်ဆိုင်ချင်သေးသည်၊ မူလ အကြောင်းပါစဉ်ကလဲ အိမ်ထောင်ကြီးချင်း ပါရင်း ဥစ္စာ ဆိုထား ပါလျက် အ၀တ်တထည် ကိုယ်တခုနှင့် အိမ်ပေါ်တက်လာပြီး ကျမပိုင် အရင်းအနှီးကို အမှီ၊ အခိုပြု နေထိုင်ခါ၊ နှစ်ပေါင်း ၂၀ ကြာမျှ အချိန်ရောက်လာမှ ဖေါက်ပြန် ယုတ်မာမှုတွေ ပေါ်လာပြီး ကွာရှင်း ကြပြီးသား ကို ယခုလိုမျက်နှာပြောင် တိုက်လျက် သက်ဆိုင်ပါ သည်ဟု ပြန်၍ဆိုရဲခြင်းမှာ ယိုသူမရှက် မြင်သူရှက် သကဲ့သို့ ဖြစ်ပျက်နေပါသည်။
လှူထားသောပစ္စည်းများကို ဆိုင်ပါသည်ဟုမရှက်မကြောက် ၀င်လုခြင်းမှာ ဘုရားရွှေခွါလိုသော သိမ်ဖျင်း လှသည့် သူယုတ်မာတဦး နှင့်လည်း ထူးမခြားနားဖြစ်နေပါသည်။
ကျမသည် အလှူကိစ္စတွင် ဤသို့ဝင်စွက်လာသောအခါ မနေသာတော့တဲ့ အရာမရောက်အကျွမ်း မ၀င်သော ၎င်း၏ကန့်ကွက်စာကို ပြန်လည်ကန့်ကွက်သည့်သဘောဖြင့် အမြတ်တော်ခွန်ဌာနမင်း ကြီးထံသို့ ကွာရှင်းစာချုပ်မိတ္တူဓါတ်ပုံများနှင့်တကွ ၎င်းနှင့်မည်သို့မျှပတ်သက်ပိုင်ဆိုင်ခြင်းမရှိတော့ ကြောင်း၊ ၁၉၆၀-ခု သြဂုတ်လ ၁၄-ရက်နေ့တွင် (ယခုတရားလွှတ်တော်တရားဝန်ကြီးချုပ် ဦးရန်အောင်) ယခင် အသိသက်သေအဖြစ် ကွာရှင်းစာချုပ်တွင် လက်မှတ်ပိုင်ရွှေ့ပြောင်းနိုင်သော ပစ္စည်း အရပ်ရပ် တို့ သာမက ဗမာ့ခေတ်သတင်းစာအမည် အကျိုးသတ်ရောက်မှု ခံစားခွင့်အရပ်ရပ် တို့ကိုပါစွန့်လွတ်ကြောင်း အဓိပ္ပါယ် ပါပြီးဖြစ်၍ ၎င်း၏ကန့်ကွက်စာသည် တရာမ၀င်သော ကန့်ကွက်စာသာဖြစ်ကြောင်း၊ အကြောင်း ပြန်စာ ကို တင်ပို့လိုက်၇ပါသည်။ ဘုရားပစ္စည်းကို တားဆီးပိတ်ပင်မှုမှာ သံသရာတွင်မက လောက မျက်မှောက် မှာပင် ဒိဌဓမ္မမကောင်းကျိုးပေးခြင်း ခံရတတ်သည်ဟု အကုသိုလ်ယုံကြည်သူတို့အဘို့မှာ ကြက်သီး ဖျန်းဖျန်း ထယူလောက်အောင်ဖြစ် ကြရပါသည်။
အကြံ ပက်စက်တဆင့်တက်၍
ယင်းသို့ ပစ္စည်းရှိသမျှ အမြတ်တော်ကြေးဌာနမှ (၆)နှစ်စာ ကြွေး(၈)သိန်းကို (၆)ရက်နှင့်မပေး၍ ညှပ်ပူး ညှပ်ပိတ် ချိတ်ပိတ်တားဆီးခံရသည့် အထည်းမှပင် သတင်းစာကို နေ့စဉ် အဆက်မပြတ် ထုတ်ဝေလာခဲ့ရာ ၁၉၆၁-ခုမတ်လ အလည်လောက်သို့ ရောက်ခဲ့ပါပြီ။ ဤအချိန်ပိုင်းဆီမှာဘဲ တရားလွတ်တော်သို့ ဆွဲတင် သွားသောအမှု (ထိုအမှုမှာ တသင်းစာတိုက်ကို ၀င်ရောက်အဓမ္မ အမည်တပ်ထားခြင်းအတွက် ကျမက တိုက်ပိတ် ထားပေရန် ပုဒ်မ၁၄၅-အရ တိုင်တန်းထားသဖြင့် ရန်ကုန်အရှေ့ပိုင်းနယ်ပိုင် ရာဇ၀တ် တရားသူကြီး ရုံး၌ စစ်ဆေးနေရာမှထိုတရားသူကြီးရုံးကစစ် ဆေးခွင့်မပြုရန် သူတို့ဘက်မှ တရား လွတ်တော် တက်ထားသောအမှုဖြစ်ပါသည်။) ထိုအမှုကို တရားလွှတ်တော်မှ အမိန့်ချ လိုက်ခြင်း ဖြစ်ပါသည်။
အမိန့်က ရန်ကုန်အရှေ့ပိုင်း နယ်ပိုင်ရာဇာဝတ်တရားသူကြီးရုံး၌ မစစ်ဆေးရ၊ ပုဒ်မ၁၄၅နှင့် သတင်းစာတိုက် မပိတ်ရတော့ဟု ယူဆကာ အခြေအနေသည် ပို၍တင်းမာလာကြသည်။ နေ့စဉ် အမြဲတမ်း အလုပ်သမား ၁၀၀-ကျော်ခန့်မှာ အကြံအစည်တစ်ခုပြုရန် တီးတိုး၊တီးတိုး လုပ်လျက် အပြင်ဘက်မှ စကား အဆက် အသွယ် အပို့အယူပြုနေကြလေသည်။ ထိုသူများမှာ အယ်ဒီတာဌာန မှ ဂိုဏ်းဝင်နှစ်ယောက် သုံးယောက် ပါသည်။ မန်နေဂျာရုံးခန်းမှမန်နေရဂျာငွေထိမ်း စာရေးစာချီ စသည့်(၁၀)ဦးခန့်လောက်နှင့် သတင်းစာ ခေါက်ပို့အလုပ်သမား ၄-၅ယောက်တို့ဖြစ်ကြပါသည်။
ညစဉ်ညတိုင်း တီးတိုးအချက်ပြစကားများဘက်တော်သား အချင်းချင်း စည်းဝါးကိုက်နေကြသည်ကို အခြားသော အလုပ်သမားများက ဘာမှမသိငေး၍သာ ကြည့်နေကြရပါသည်။ ဤတီးတိုးခေါင်း ချင်းရိုက် ကြသော အမှုအရာတွေမှာ ရက်အတန်ကြတော့ ကျမနားသို့ပေါက်ကြားလာပါသည်။
သူတို့တစ်ခုခု အကြံအစည် ပြုကြပြန်ပြီဟု ရိပ်းစားမိလာပါသည်။ သို့ကြောင့် တနေ့တွင် ဂိုဏ်ဝင် အယ်ဒီတာ ခင်မောင်လေးအားခေါ်၍ ကျမသတိပေးလိုက်ပါသည်။ မင်းတို့ဟာ တခုခုကိုအကြံအ စည်ပြု နေကြပြန်ပြီဟု ငါနားလည်သည်။ ယခင်လွန်ခဲ့တဲ့ ၃-လခန့်ကတကြိမ် အကြံအစည်ပြုလိုက် သဖြင့် ဗရမ်း ဗတာ ဖြစ်လျက် ရုံးပြင်ကန္နား တက်ကြရသည်အထိ တိုင်းသိပြည်သိ ဟိုးလေးတကျော် ဖြစ်ခဲ့၇သည်။ ယခု ၃-လ လောက် အချိန်ကြာလာခဲ့ပြန်ရာမှာ ဒုတိယတခါထပ်ပြီး အကြံကြီးကြလျှင် သတင်းစာ တိုက် ဖျက်ပစ်ရုံဘဲ ရှိတော့သည်။ မင်းတို့မတရား ၀ိုင်းဝန်းကြံစည် လုပ်ကြံသော်လည်း ခေါင်းငုံ့ခံနေမည့် မိန်းမစား မဟုတ်၊ ငါဘက်မှာ ဘယ်လိုပုဂ္ဂိုလ်မျိုးကမှ ၀င်ရောက်ကူညီစောင့် ရှောက်မှုမရသည့်တိုင်အောင် တယောက် ထဲ နှင့် ဒဏ်ပြန် ထိုးစစ်ဆင်ရမည်ဖြစ်သည်။
သို့ကြောင့် ရှေု့အဘို့ဆက်လက်၍ အကြံမပတ်စက်ကြပါနှင့် ရှင်းရှင်းဆိုရလျှင် အရင်တကြိမ် မင်းတို့အကြံ ပတ်စက် ကြလို့ ရုံးပြင်ကန္နား တက်ခဲ့ရပြီ၊ ယခုတကြိမ် ထပ်ပြီးမင်းတို့က မတရားသဖြင့် အကြံပက် စက်ကြဦး မည်ဆိုလျှင် ဗမာ့ခေတ်သတင်းစာတိုက် ပိတ်ပစ်လိုက်ရသည့်အခြေသို့ ရောက်သွား မည်။ သည် လိုက်ရသည့် အခြေသို့ ရောက်သွားမည်။ သည်တော့ ရှေ့နောက်ဆင်ခြင်စဉ်စားကြပါ မူလကလဲ သတင်း စာတိုက် ကို ငါပြန်မကြည့်ချင်တော့ဘဲ မင်းတို့အလုပ်သ္မားတတွေအတွက်သာ စိတ်ရှုပ်ခံ၍ ကြည့်ကြပ် အုပ်ချုပ်လာရခြင်းဖြစ်သည်။ ငါ့အဘို့မှာ ခေါင်းပေါ်တွင် အလေးခံ၍ ရွက် ထားရသော ရေအိုးကြီးကို လွှတ်ချပေါက်ခွဲပစ်လိုက်ဘို့ ဘယ်အခါမှ လက်နှေးလိမ့်မည်မဟုတ် ကြောင်း နားလည်စေ ချင် သည် ဟု အတိ အလင်းခေါ်ယူသတိပေးလိုက်ရပါသည်။
ထိုအခါမျိုးမှာတော့ ပြာပြာသလဲနှင့်ဒေါ်ဒေါ်ခင် အထင်မမှားပါနှင့်၊ ကျွန်တော်တို့ ဘာမှမကောင်းမ ကြံစည် ပါဘူး၊ အစစ အရာရာ ဒေါ်ဒေါ်ခင်၏စကား နားထောင်လုပ်ကိုင်နေပါမည်ဟု ၀န်ခံလေ သည်။ သို့ရာတွင် စကား အဖြစ်နှင့်သာ ပြောဆိုဝန်ခံသွားခြင်း ဖြစ်ပါသည်။ နောက်ကွယ်ရာမှာ ဆရာ သမားကြီး အား အဓမ္မ စံနစ်သုံးလျက် ရုံးခန်း အလုပ် ဌာနနှင့် ငွေရေးကြေးရေးကိုပါ အပြီးအ ငြိမ်းဒမြ တိုက်သိမ်း ယူလိုက်ဘို့ အကြံပြုနေကြခြင်း ဖြစ်ပါသည်။ ကျန်သောအလုပ်သမား (၈၀) ကျော်သည် ခေါင်းမော်၍မျှ မကြည့်ဝန့် ကြအောင် လူလက်တဆုပ်စာက ချယ်လှယ်ကြိုးကိုင်းထား ကြိုးကိုင်ထားကြသဖြင့် သူတို့ အဘို့ မှာ ဒီတစ်ခါပြန်လာရင်လဲ အရင်တစ်ခါလိုဘဲ ၀မ်းမြောက်ဝမ်း သာရှိလှပသည်။ ခင်းဗျားဟုဝိုင်းပြီး လက်ညှိုး ထောင်ကြရုံသာရှိကြပါသည်။
ဤရက်ပိုင်း အတွင်းမှာဘဲ ကျမအိမိသို့ ၀င်ထွက်နေသေးသော ယခင်ရေးခဲ့ဘူးသူ ဘီယာမယ် သူလျှိုမ သည် စကားအကူးအသန်းတစ်ခုပြု၍ လာလေသည်။ သူ၏စကားအရ ကျမကိုပြောပြပုံမှာ မမရေ- အကိုကြီး က လာပြောပါသည်။ သူမှားခဲ့ဒါတွေလဲအားလုံးဝန်ခံပါတယ်၊ သတင်းစာတိုက်မှာ ပေးစရာရှိတဲ့ အမြတ်တော်ကြေးတွေလဲ ၃-နှစ်နဲ့ပြေအောင် ပေးဆပ်ပြီး အမြတ်ကိုလဲ ၇၅-ရာခိုင်နှုန်းမမကို ပေးပါမည်၊ ရုံးပေါ်က အမှုတွေလဲ သိမ်းပေးပါလို့ဆိုသည်ဟု ပြောလေသည်။
ကျမသည် ကျားငစဉ်းလဲနှင့်မခြား ကောက်ကျစ်ညစ်ပတ်သော ညဉ်ရှိသူ၏ ပရိယာယ်ကိုအလွယ် တကူ ယုံကြည် စေရန် အတွေးခေါ်ဥာဏ်ခေါင်းပါးလှသူမဟုတ်တော့ပါ၊ ၃-နှစ်နှင့်အမြတ်တော်ကြွေး ဆပ်ဘို့ ကိစ္စမှာ သတင်းစာတိုက်မှ ၀င်ငွေပေါ်၌တည်ခြင်းဖြစ်ရာ သူသာမဟုတ် ကျမလဲ လုပ်ဆပ် တက်ပါသည်။ တရာလျှင် တရာလုံး အမြတ်ရစေကာမူ သူယုတ်မာတို့နှင့်ဖြင့်ဆက်သွယ်မှုမပြုဝံ့ တော့ကြောင်း ခေါင်းခါ ရသည်။ သည်စကားမျိုးကို နောက်တခါ ထပ်မပြောရန် တောင်းပန်းထားရပါ သည်။ ဤသို့ ပြော၍ မရသော အခါ ဘီယာမယ်သူလျှိုမသည် ၀တ်လုံတော်ရ ဦးညွှန့်ဟန်အိမ် သို့သွားကာ ကျမ အမှုကို လိုက်ပါ ဆောင်ရွက်မပေးဘို့ ဖျက်ဆီးသေးသည်ဟကြားရပါသည်။ ဦးညွှန့်ဟန်မှာတည်ကြည်ဖြောင့်မှန်သူ ပုဂ္ဂိုလ် ဖြစ်၍ သူလျို့မ၏စကားကို လက်မခံ၍ ပြန်ခဲ့ရသည်။ နည်းအမျိုးမျိုးနှင့် ညစ်ပတ်ခဲ့၍လည်းမရ၊ ဂျောက်တွန်း လို့လည်း မရ၊ ချောက်၍လည်းမကြောက်၊ စီပွားရေးနှင့်ဆွယ်၍ လည်းမပါသောအခါ နောက်ဆုံး စွန့်စားခြင်း တရပ်ကို ပြုကြပါတော့သည်။ ထိုစွန့်စားခြင်းမှာ ယခင်ကြံစည်ထားသော တီးတိုးဝါဒနှင့် အချိတ် အဆက် များ အတိုင်းဖြစ်ပါသည်။
ခိုးသားဒမြလမ်းစဉ်အဓမ္မစံနစ် ဆက်ရန် (နက်ဖြန် ဇာတ်သိမ်းမယ်)
.
No comments:
Post a Comment