Sunday, May 16, 2010

အပျိုရည် မပျက်သေး တဲ့ ရန်ကုန်

ငယ်ငယ်တုန်း က ရန်ကုန် ကို ရောက်ရင် အရာရာဟာ ထူးဆန်း နေတယ်..၊ အားလုံးဟာ တက်ကြွ လန်းဆန်း နေတယ်....၊ ကျနော်တို့ မန္တလေး နဲ့ နှိုင်းယှဉ် လိုက်တော့  တခြားစီပါ...၊ ကျနော့် မျက်လုံး ထဲမှာ .... ရန်ကုန် ဟာ ဘာနဲ့ တူသလည်း ဆိုတော့ လှပ တဲ့ အပျိုပေါက်မ လေး နဲ့ တူတယ်.. ။

အပျိုပေါက် မလေး ဆိုတော့ ဘာဘဲ လုပ်လုပ် ဖျတ်လတ် သွက်လက် .... နုပျို လှပ နေတာပေါ့... ကျနော် တို့ မြန်မာ သီချင်းလေး တောင်ရှိသေးတယ်.. ဒီအရွယ် တင့်တင့် တို့အရွယ်.. အပျိုဖြန်း ခေါ်မလား အပျိုမဒါန်း ခေါ်မလား ... ဆိုတာလေ... သစ်ရွက် လှုတ်တာ တောင် ရီတတ်တဲ့ အရွယ် လေးပေါ့.....ဒါက ငယ်ငယ် တုန်း က မန္တလေး မြို့ကြီး နဲ့ နှိုင်းယှဉ်ပြီး မြင်ခဲ့တဲ့ ကျနော့် ရဲ့ အမြင် တခုပါ.. ။

ရန်ကုန် ကို ကျနော် မရောက်တာ.. နှစ်ပေါင်း များစွာကြာ ပါပြီ... ၊ အခု တခေါက် သွားမယ် ဆိုတော့ ဒီ အပျိုပေါက် မလေး ဘာတွေများ ထူးခြားနေလည်းဆိုတာ အရမ်း သိချင်နေပါတယ်..၊ သူ့ ကို တွေ့ရဘို့ အတွက် ရင်ခုံသံတွေ တောင် မြန်နေသလားလို့.....။

အပျိုပေါက်မလေး က ကြမ်းတမ်း ဆိုးရွားလှတဲ့ နာဂစ် နဲ့ လည်း ဆုံခဲ့ ဘူးပြီး... ရမ်းကား ရိုင်းပြ လှတဲ့  ရက်စက် ယုတ်မာ လှတဲ့ လူတစု ရဲ့ စော်ကား မှု့ တွေကိုလည်း အကြိမ်ကြိမ် ခံစား ခဲ့ ရဘူးပြီ (ရိုးရာ ပွဲတော် မှာတောင် လက်မရှောင်ခဲ့ဘူးနော်) .. သူမ ဘယ်လိုများ ထူးခြား လာမလည်း လို့ ရင်ခုံစွာ နဲ့ ရောက်သွားခဲ့ ပါတယ်...။

သြ ...  အပျိုပေါက် မလေး အပျိုရည် မပျက်သေးပါလား... ဘာမှ ထူးခြားပြောင်းလဲ မှု့... ရင့်ကျက်မှု့... တိုးတက်မှု့ မရှိပါလားလို့.... အပျိုပေါက် မလေးဟာ အချိန် နဲ့ အမျှ ပြောင်း လဲ နေတဲ့ ကမ္ဘာပေါ်မှာ နှစ်ပေါင်း များစွာ ဒီလို ထူးမခြားနားစွာ နဲ့ နေ နေတဲ့ အတွက် ကျနော် ကတော့ အပျိုရည် မပျက်သေး တဲ့ ရန်ကုန် လို့ လှလှပပ လေး ရေးဖွဲ့ တင်စားလိုက်ချင်ပေမဲ့... နှလုံးသားထဲ ကတော့ သူငယ်ပြန် နေတဲ့ ရန်ကုန် များလားလို့ပေါ့လေ... ။

ဘာဖြစ်လို့ ထင်ရတာလည်း လို့ မမေးနဲ့ လေ .. နုပျို ချင်ရောင် ဆောင်ပြီး  .... လောကဒဏ် တရား ရဲ့ ရိုက်ချက် အောက်မှာ ..ဟန်ဆောင် ထားတဲ့ တက်ကြွမှု့တွေ နဲ့ ဆိုတော့ ..... ရွှေစင်ဦးလေး နဲ့ များ တူနေ သလား လို့ပါ .. (ကိုယ်ချင်းစာ တာပါလေ) .. ။

ထူးမခြားနား ရန်ကုန်လေး မှာ ရိုက်ခဲ့ တဲ့ ဓါတ်ပုံလေး များကို အလွမ်းပြေ တင်ပေးလိုက်ပါတယ် ... ရန်ကုန် မြို့ကြီး ကို မျက်လုံး နဲ့ ရိုက်ခဲ့ တဲ့ ဓါတ်ပုံ တွေ ဘဲ များနေတဲ့ အတွက် နဲနဲ ဘဲ တင်ပေးလိုက် နိုင်တယ်.. ၊ ပါးစပ် နဲ့ စား ခဲ့ တဲ့ ဓါတ်ပုံတွေ ကိုတော့ တော်တော် များများ ရိုက် လိုက်မိတယ် .... ရွှေစင်ဦး လေး မကောင်း တာ ပါဗျာ... ။

အဲဒါ ဝက်သားလုံးခေါက်ဆွဲ တဲ့ ဆန်ပြားဖတ်နဲ့ ဘဲသွေးနဲ့

 ဒါကတော့ ပြောစရာမလိုတော့ ပါဘူး

အားလုံး စားနေကြ တွေ ပါနော် ဟင်းခါး ရည်လေးကတော့
ငရုပ်ကောင်းနံ့လေး ကိုမွှေးနေတာဘဲ



            ဗိုက်စာပေမဲ့ မစားခိုင်းသေးလို့ ငေးနေရသေး  မုံဟင်းခါး ကတော့ တင်တင်အေး ရော စိန်ဥ 
                                                                            ရောစားခဲ့ပါတယ် .. ဒါကတော့ လေးဘမ်း 
                                                                            လေးပါ..  အားလုံး ကောင်းပါတယ်   

မန္တလေး မှာ စားလေ့ မရှိတဲ့ ရန်ကုန် ရောက်မှ စားဖြစ်တဲ့ အစာတွေကတော့ အီကြာကွေး အစာသွတ် တဲ့ အီကြာကွေး အပိုင်းလေး တွေ ထဲမှာ ကြက်သား အစာ သွပ်ပြီး ပြန်ကြော်ထားတာ.. ၊ နောက်ပြီး ကြက်သား ပလာတာ တဲ့ မဆလာနံ့ မွှေး နေတဲ့ ကြက်သား အနှစ်ထဲမှာ ကြက်သား အတုံးကြီးကြီး တတုံး .... အာလူး ၂လုံး... နဲ့ ပလာတာ ရွရွ လေး ကို မွထားတယ်.. အဲဒါ တင်တင်အေး ကပါ... ။

ကျန်တာ တွေ တော့ မစားဖြစ်တော့ဘူး.. ဒါတောင် ၂ ရက်ထဲ ရန်ကုန်မှာ နေခဲ့လို့ ဘာထမင်းမှ မစားဘဲ အပြင်စာတွေ ဘဲ လျှောက်စား လို့ ဒီလောက်စားနိုင်ခဲ့တာ... နောက်တခေါက်မှ စူဇကာ ပုဏ္ဏား လို စားပြီး အားလုံး ဓါတ်ပုံ ရိုက်ခဲ့မယ်နော်....။  


လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.

25 comments:

ကျော်နှင်းဆီလွင် said...

အီး မရေ
ပုံတွေထဲမှာ မကြိုက်တာတခုမှမရှိဘူး။
ခုတောင်ပြေးစားချင်လောက်အောင်ပဲ။
ဓါတ်ပုံတွေမြင်ရရုံနဲ့တင်အလွမ်းပြေတာမို့ ကျေးဇူးပါနော်။
:)

မဗေဒါ said...

အမရေ..

အပျိုရည် မပျက်သေးဘူးတဲ့လား..။

လူတွေကို တော်တော်လေး ဒုက္ခပေးတာပါလားနောာာာာာာာာ်....။

အင်း အတော်ပူနေကြမှာပဲနော်..။ စားနိုင်သူတွေ စားကြပါ စားကြပါ..။

မဗေဒါ ခ အိုင်ခေး

လုလု said...

ရန်ကုန်လာတာ မပြောဘူးတော့၊ နောက်တစ်ခေါက်လာရင် ပြောနော်။ တွေ့ကြမယ်နော်။ အခုတော့ ရွှေစင့်ဘလော့ဂ်ပေါ်က ရန်ကုန်စာတွေ အ၀စားသွားတယ်နော်။

ကိုကိုးအိမ် said...

ဆ၇ာမေ၇ ဒူး၇င်းသီးကလွဲရင် ကျန်တာအကုန်စားသွားတယ်ဗျ
အီး... ဗိုက်ကိုတင်းသွားတာပဲ

ခင်လျှက်
ကိုကိုးအိမ်

Flower said...

အစားအသောက်တွေမြင်တာနဲ့ ရန်ကုန်ကိုပြေးသွားချင်မိပါရဲ့
ဒါပေမဲ့ နွေနေအကြောင်းကြားတာနဲ့တင်
အစားစားချင်စိတ်လဲ လန့်ပြေးသွားတယ်..
ခါတိုင်းတောင် နွေဆိုဒီလောက်ပူတာ
ခုလို ထူးထူးခြားခြား အပူလွန်ကဲနေတယ်ဆိုမှတော့
တွေးတောင်မတွေးရဲအောင်ပါဘဲ..
ဒူးရင်းသီးနဲ့ အပူနဲ့ တည့်ပါ့မလား စဉ်းစားသွားမိပါတယ်. မရွှေစင်ရေ...

Anonymous said...

အမ..ဒီလောက်ပူနေချိန်မှာ ဒူးရင်းသီးမစားနဲ့နော်။

ကြက်မောက်သီးတော့ စားချင်တယ်။ မုန့်ဟင်းခါးရောပေါ့။

နွေနေအပူမှာ နုပျိုချင်ယောင်ဆောင်ထားတဲ့ ကျနော့်ရဲ့ မွေးဖွားရာ ရန်ကုန်မြေကို ..အဝေးကနေ မြင်ယောင်ရင်း..ဘာတွေဆက်လုပ်ရဦးမှာလဲဆိုတာကို ...တွေးတောနေမိပါတယ်။

မြန်မြန်မိုးရွာပါစေ..။
အပူမီးတွေ ..သောကအပူတွေ..ချုပ်ငြိမ်းပီး မြန်မာပြည်ကြီးလည်း အမြန်ဆုံး...အေးမြတဲ့မိုးစက်တွေအောက်မှာ ခိုလှုံနိုင်ပါစေ..။

မြတ်နိုး

Anonymous said...

wowwww!!!!!

Very delicious.

I like all. And want to eat everything you posted.

Thanks,

Ray

Anonymous said...

ဘာဘဲ ပြောပြော ရာဇ၀င်ရှိတယ်နော
ရိုးရာပွဲ မရိုးရာပွဲ ဘာမှမပွဲလည်း ရာဇ၀င်ရှိတယ် ပြီးခဲ့တာတွေ ပြီးခဲ့ပါပြီ....ဒါပေမယ့်လည်း.....(သီချင်းဆိုတာပါ)
သြ ရန်ကုန်ရောက်တာ ပြီးသွားပါပြီလို့
အပျိုရည်ပျက် မပျက်တော့သိဘူး မီးပျက်တာသိ ၊ ရေပျက်တာသိတယ် ထောက်ခံပါသလား ဘလာဂေါ လုလု

ခင်တဲ့
seesein

စိတ်၏ဖြေရာ said...

ငတ်ငတ်နဲ့အားလုံးစားသွားပါတယ်။
ရန်ကုန်မရောက်တာ၆နှစ်ရှိပါပြီ။
ကျွန်မအမြင်တော့ရန်ကုန်ဟာရောဂါတွေ၊
ဒဏ်ရာတွေဗလပွနဲ့ပါးရေတွန့်နေတဲ့အဖွားအို
ကိုမိတ်ကပ်လိမ်းထားတာနဲ့တူနေပါတယ်။

လသာည said...

အရမ်းပူမှာပဲဆိုတာ တွေးကြည့်ရုံနဲ့ စိတ်မကောင်းဘူး..။
နေပူပူမှာ နားနားပြီးသွား နားနားပြီး စားခဲ့ရတာပေါ့နော်..

ရွှေရတုမှတ်တမ်း said...

ရန်ကုန်က အပျိုရည်မပျက်သေးပေမဲ့ ဒို့ရွာက ဘုမတို့ ဗွေးတုတ်တို့ မြို့သူလိုလှချင်လွန်းလို့ အတင်းမိတ်ကပ်လိမ်းထားတဲ့ ပုံမျိုးပါအေ..တောသူဆန်းတော့..အိုးလုံးမှောက်ဆိုတာမျိုးပေါ့...မျက်နှာမှာသနပ်ခါး..ပေါင်မှာသေးစီးကြောင်းဆိုသလို...
ညစ်ပတ်လိုက်တာလဲ..အလွန်ပါပဲ..

kiki said...

အပေါ်က ဘကျောက် ကလည်း သူ တွေ့ ဖူးကြုံဖူးခဲ့သူတွေ နဲ့များ နှိုင်းပြောလိုက်တာ လားနော် ..း)) ။
ရန်ကုန် မြို့ တော်ကြီး ဆိုတာ .... အင်း...ဘယ်တုံး က ရှိခဲ့တာပါလိမ့် နော် ... သူ့ ခမျာ အပျိုရည် ပျက်မပျက်တော့ မသိ ။ ပြို နေ ပျက် နေ တာ တော့ ကြာပါရော့လား...
( မရွှေစင် အစားသောင်းကျန်း တယ် နော် ။ ပူ က ပူ နဲ့  ... စိတ်အဝင်စားဆုံးကတော့ ဝက်သားတုတ်ထိုးပါပဲ .. ခု သွားခဲ့တာ ဘယ်နေရာ က ဆိုင်လဲ ဟင် .. ကြော်ငြာ ဝင် ပေး ပါ လား.. ရောက်တဲ့ အခါ သွား စား မလို့  ပါ ) ။

(အမ ။ ပို့ စ် ထဲ မှာ အမှားထောက်ပြထားတာ ကျေးဇူး နော် ။။ စီဗုံး မှာ လည်း ရေးထားပါတယ် ။ ပြန် ပြင်ရေးထား ပြီးပါ ပြီ )

သက်ဝေ said...

စားစရာတွေ ခဏ ခဏ ပြပြီး စားချင်အောင်လုပ်တယ်...
ဆိုးတဲ့ မရွှေစင်ပဲ...း))

Anonymous said...

ရန်ကုန်မြို့ကြီးက အပျိုရည်ပျက် မပျက်တော့မသိဘူး
လူတွေရဲ့ စိတ်ဝင်စားမှုမခံရတဲ့ ကျုံလှီချို့တဲ့နေတဲ့အပျီုကြီးနဲ့တူနေတာပါ..

sosegado said...

၂ ဒီဂရီမြင့်လာတဲ့ ဒဏ် ရန်ကုန်လည်းခံနေရပါတယ်၊ နယူးယောက်လဲခံရမှာပဲ၊
ရန်ကုန်လဲ သူ့အလှနှင့် သူပါပဲ၊ နယူးယောက်လဲ သူ့အညစ်အကြေးတွေနဲ့သူ၊
အတိုင်းအတာတစ်ခုထိပေါ့၊ ဖြေးဖြေးပေါ့ လည်လာလိမ့်မယ်၊
အမရေ ပူရင် အစားအသောက် သတိထားပါ..

မောင်သီဟ said...

ချစ်ချစ်ကြီးကို မြန်မြန်ပြန်တွေ့ချင်တာနဲ့ မြန်မြန်ပြန်သွား တယ်ဆို ဟီး မစည်းစိမ်ပြောတား)း)

ကိုဇော် said...

နဂိုရေထက် အပျိုရည် မပျက်ဆို သူကလေ. . .
ဟိုဟာတွေတော့ ပျက်နေပြီ။ အဟီး . .စည်းကမ်း။

မုန့်ဟင်းခါးကတော့ တင်တင်အေးရော ၊ ရွှေလက်ရာ ၊ ရွေတောင်ကြား တော်တော် စားဖူးပါတယ်။ ဒါပေမဲ့ ကြိုက်ဘူး။ အကြိုက်ဆုံးကတော့ ဟင်္သာတ မုန့်ဟင်းခါးပဲ သူကလည်း ဆိုင်ခွဲ ၇ ဆိုင်လောက် ရှိတယ်။ တောင်ဥက္ကလာ စာတိုက်မှာလည်း ရှိတယ်။
အိုး . . .ကောင်းချက်ကတော့ဗျာ . .မနက် ၉ နာရီ ဆိုရင် မရှိတော့ဘူး။
ဒါနဲ့. . သွားရည်တွေ သုတ်လိုက်ဦး. .:P

kztk said...

ဆရာမ က ရန်ကုန်ကို အပျိုရည် မပျက်သေးဘူးလို့ ရေးနေတာ.. ကျွန်တော်ဖြင့် ရန်ကုန်က.. အပျိုဖျန်းလေးလား ... အပျိုဟိုင်းကြီးလား.. အိမ်ထောင်သည်လား ဆိုတာတောင် သေချာ မသိတော့ ဘယ်လို အစားအစာတွေ ရှိမှန်းတောင် မသိဘူးဗျ.. .. :):)
ဒါပေမယ့် ဆရာမ စားခဲ့တဲ့ စားစရာတွေတော့ ဒီမှာ လာပြီး စားသွားခဲ့တယ်နော်...

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

မြစ်ကျိုးအင်း said...

အဲဒီလို အထမ်းနဲ့ ဗန်းနဲ့တင်ထားတဲ့ ဝက်သား တုတ်ထိုးမြင်ရင် ပြန်ချင်စိတ်တွေ ပိုများလာရ တယ်။
အပျိုလေး ရန်ကုန်လည်း ဒဏ်ရာကင်းရှင်းပါစေ
အပျိုကြီး မန္တလေးလည်း လူမျိုးခြား လက်ချက်မှ ကင်းလွတ်ပါစေဗျာ...။

ဆောင်းနှင်းရွက် said...

လူဇိုးးးမမ ...
အဲ့လို ဓာတ်ပုံတွေ နဲ့ တင်ရသလားးး ..
ရက်စက်ပါ့ ...
ဟင့် ..ဟင့် .. :((

မောင်မောင် said...

သြော် နှစ်ပေါင်း ၃၀ ကျော် နေလာတဲ့ ကိုယ့် မြို့ ကြီး ရန်ကုန် ကို အပျိုရည်မပျက်သေး တဲ့ မြို့ လို့ တင်စားပေးတာ ကျေးဇူးတကယ်တင်ပါတယ်။
မရွှေစင်ဦး ပြောသလို မြင်ချင်ပါရဲ့ ဗျာ။ သို့ သော်လည်းပဲ မြို့ ရန်ကုန်ဟာ နွမ်းလျ မောဟိုက်နေတဲ့
အပျိုဟောင်းမြို့  မဖြစ် စေချင်တာပါပဲ။
ကျေးဇူးတင်ပါတယ် ဗျာ။

Sint Si said...

I am glad you enjoied the trip.

မောင်မိုး said...

ကျူပ်အပျိုရည်ပျက်မပျက် ညည်းမသိပါဘူးအေ..။ ညည်းကသာ အပျိုရည်မပျက်ဘူး ပြောနေတာ.. ငါ့မှာဖြင့် ဘတ်လဘိုင်လိုက်နေပြီ။ ကျူပ်တို့ဒေသစကားနဲ့ပြောရင် ထောင်းထောင်းပြိုနေပြီ ပေါ့အေ။။

အင်ကြင်းသန့် said...

မမရွှေစင်ရေ...အပျိုရည် ပျက်ပျက် မပျက်ပျက် ...နောက်တက် အပျိုတွေ ဘယ်လိုပဲ ပေါ်ပေါ်...ဘယ်လိုပဲ လှအောင်ဆင်ဆင် ရန်ကုန်ကိုဘယ်လိုမှ မှီမှာ မဟုတ်ဘူးလို့ ညီမလေးကတော့ထင်တယ်...မမရဲ့ ဓါတ်ပုံတွေ ကြည့်ပြီး ရန်ကုန်ကို အရမ်းလွမ်းသွားပြန်ပြီ...ဘာပဲ ပြောပြော ညီမလေးအတွက် မုန့်တွေ ပိုစားပေးခဲ့တယ်ဆိုလို့ ကျေးဇူးစ် :)))

ချစ်ညီမလေး

ကာရံဆူး said...

ရန်ကုန်ဟာ ဘယ်လိုပဲ ပြိုပျက်နေပါစေ...အစားအသောက်လေးတွေကတော့ ရိုးရာမပျက် ရောင်းချလျှက်ပဲနော်...ကန်ဘောင်က ၀က်သားတုတ်ထိုး..ကျောက်မြောင်း ကျားကွက်သစ်က ၀က်သားတုတ်ထိုး...လမ်း ၂၀က ၀က်သားတုတ်ထိုး..အားလုံးကို မရိုးနိုင်အောင် လွမ်းမိပါတယ်....ခုတော့ အရမ်းပူ ရေပျက် မီးပျက်မို့ လွမ်းသော်လဲ မသွားချင်သေးပါ...အစ်မ များများမှ စားခဲ့ရဲ့ လား...ကိုယ့်မွေးရပ် ရန်ကုန်ကို လူတစ်စုက အပယ်ခံ အကျည်းတန်အောင် ထားတာတော့ ၀မ်းနည်းမိတယ်...