ကိုယ့်အလှည့်ကျတော့ အထိမခံ
နှစ်ပေါင်း ၂၀အဆက်ကို နောက်နေ့ ထုတ် ဗမာ့ခေတ်သတင်းစာမှာ ဆက်မထည့်ဘဲလဲ မတားဝန့်၊ ဆက်ထည့် သွားလျှင်လဲ ဆရာသခင် ကျေးဇူးရှင်အတွက် အရှက်တကွဲ ရှိတော့မည်ဟု ဦးကိုလေး ခင်မောင်လေး အစရှိသော တပါးကျွန်တို့မှာ စိတ်နှလုံးပူဆာကုန်ကြသည်။ ခေါင်းချင်းဆိုင်၍ တိုင်ပင် ကြသည်။ ဘာလုပ်မရလဲဟု ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်နေကြပြီ။
သည်တော့ တယ်လီဖုန်းနှင့် အကြောင်း ကြားသည်။ သိပ်ဆိုးတဲ့အချက်အလက်တွေ ဖွင့်ချထားပါ သည်။ ကျွန်တော် တို့ ဘယ်လိုလုပ်ရမလဲဟု အကြံတောင်းသည်။
လူတော်၊ လူကောင်း အကျင့် ကောင်းကြီးကလည်း နောက်နောက်က သူတပါး အညှီအဟောက် အတွင်းရေး တွေကို မြိန်ရေ၊ ရှက်ရေ ရေးခဲ့ပေမဲ့၊ ကိုယ့်အလှည့်ကျတော့ အထိမခံဝန့်၊ ကြောက်ရွံ့ တုန်လှုပ် နေလေသည်။ ဘေးက ဘီက ကပ်စား မြှောက်စားနေကြသော သာပေါင်း ညာစားများကလည်း ကျေးဇူးရှင် ၏ အရေးတော်ပုံမှာ ဟုတ်တာဆိုနာလိုခံခက် ဖြစ်နေကြသည်။ အလုပ်တိုက်သို့ မထည့်ရန် တားသည်။ အလုပ်ခန်း မှာ တဘက်သတ်အလိုတော်ရိအချို့နှင့် လမ်းမှန် လုပ်နေသူများ အနည်းငယ် အငြင်းပွား ကြသည်။
သတင်းစာကို ယခုလက်ရှိ အုပ်ချုပ်လုပ်ကိုင်နေသူမှာ ကျမ ဖြစ်သည်။ သူသည် ကွာရှင်းပြီး ဆင်းသွား သည်မှာ ၂လကျော် ၃လနီးပါးပင် ရှိနေပြီဖြစ်၍ လက်ရှိအုပ်ချုပ်သူ၏ သြဇာကိုသာ လိုက် နာရမည်။ ဆောင်းပါး ကလည်း အဆက်ကြီးဖြစ်၍ ရပ်ထားရန် မသင့်ဟု ဆိုကြသည်။ ဒါကို အလို တော်ရိ တပါး ကျွန် ဆန်ဆန် ကျင့်သုံးသူများက လက်မခံနိုင်ကြပေ။
မနေ့ကပင် ဒီဆောင်းပါးကို ဆက်မထည့်ရန် ထားပေးဘို့ ဥပဒေသမားများနှင့် တိုင်ပင်ကြသေး သည်ဟု ဆိုရာ ဥပဒေမှာ တားမြစ်နိုင်ခွင့်မရှိ၍ ကြည့်နေရသည်။ ဒီကနေ့ ဆောင်းပါး အဆက် ကတော့ ပြတ်ပြတ် သားသား ဖွင့်ချထားခြင်း၊ သူ့အမှားကို ၀န်ခံထားသော စာမူရင်းကိုပါ ထုတ်ပြ ထားခြင်းကြောင့် ပို၍မဟာ အရှက် တော်ရတော့မည်။ သည်အဖြစ်ကို မကြုံစေချင်လျှင် မှတ်ပုံတင် ကိစ္စပြီးသည်အထိ ကတိ ထား ခဲ့သော ပြုဘွယ်ကိစ္စများကိုပြုရန် အတန်တန်ချိန်စောင့်ခဲ့သည်။
အကောက်ဥာဏ် အမျိုးမျိုးနှင့် အချိန်ဆွဲခဲ့သည်။ ထိုညစ်ပတ်မှုများကို ကျမက ဤနည်းကလွဲ၍ ဖြေရှင်းရန် မရှိပါ။ အယ်ဒီတာခန်းမှ မဆုံးဖြတ်နိုင်ကြမှီ ဆောင်းပါးအဆက်ကော်ပီကို စာစီခန်းသို့ ချပေးလိုက်ပြီဖြစ်၍ စာစီခန်း မှ စာများစီစ ပြု၍ပင် နေလေသည်။ လက်ရေးစာမူ အပိုင်းအစများကို လည်း ဘလောက်လုပ်ရန် ဘလောက်ခန်းထဲသို့ ချပေးထားကြလေသည်။
သို့အတွက် ဘက်တော်သားအယ်ဒီတာနှစ်ဦးမှာ အရူးမီးဝိုင်း အကြံခက်နေပြီး တယ်လီဖုန်းခွက်ထဲ မှာ နည်း အမျိုးမျိုး တောင်းခံပြီး ညစ်ပတ်ရန် အစွမ်းထုတ်ကြလေသည်။
ညနေ ၄နာရီခန့်ရှိသော အခါ တဘက်သတ်ပင်းနေသော အယ်ဒီတာ ဦးကိုလေးနှင့် ခင်မောင်လေး ခေါင်းဆောင် ၍ နိုင်ငံ ခြား အယ်ဒီတာ ဦးချစ်သိမ်းနှင့် အခြားအယ်ဒီတာ တဦး၊ နှစ်ဦး လူ၎-၅ယောက် အိမ်ပေါ် ရောက် လာကြသည်။ ထိုဆောင်းပါး ဆက်ထည့်ရန် ကိစ္စနှင့် ပတ်သက်ပြီး ကျမ၏ အဆုံး အဖြတ် ကို နာခံပါမည်ဟု လာပြောကြသည်။ စာစီဋ္ဌာန၏ အကြီးအမှူး ဦးဘိုးကျားက စာရွက်ငယ် အခေါက် တခု ကိုလည်း ကိုင်ထားသည်။
သူတို့တတွေ၏ မျက်စိမျက်နှာများမှာ ပျက်နေကြပါသည်။ အယ်ဒီတာအဖွဲ့၏ အသက်အကြီးဆုံး ဖြစ်သူ ဦးချစ်သိမ်း ကစ၍ စကားဆိုပါသည်။ နှစ်ပေါင်း ၂၀ဆောင်းပါးကို ယနေ့မထည့်ရန် တားမြစ်သော စာတစောင် ရောက်လာပါသည်။ သို့အတွက် ဆက်လက်ထည့်ရန် မထည့်ရန် ဒေါ်ခင်ခင်လေးသဘောကို လာရောက် မေးသည်ဟု ဆိုပါသည်။ ကျမ အုပ်ချုပ် လုပ်ကိုင်လာ သော သတင်းစာသာလျှင် ဖြစ်၍ မည်သူ မျှ တားမြစ်ပိုင်ခွင့်မရှိ ဒါတော့ မှန်ပါသည်။ သို့ရာတွင် သူတို့မှာ တော့ ကြားက မျက်နှာပူစရာ ဖြစ်နပါ ပြီ။ ဒေါ်ခင်ခင်လေး က ဆက်ထည့်ရမည်ဆိုလျှင်တော့ ငြင်း ပယ်နိုင်ခွင့်မရှိပါဟူ၍ ပြောပါသည်။
စာစီ ဋ္ဌာနမှူး ဦးဘိုးကျားကလည်း အောက်ပါ စာခေါက်ကလေးကို ပေးပါသည်။
ကျွန်တော်တို့ကို ဆရာက ဒီစာနှင့် ရေးပြီး တားမြစ်ပါသည်။ ကျွန်တော်တို့ကို ယခု ဦးစီးချုပ်ကိုင်နေသူက မမ ဖြစ်၍ မမ၏သြဇာသာနာခံရမည့် ၀တ္တရား ရှိပါလျက် အပြင်ဘက်ရောက်နေသော ဆရာက ဒီစာကို ပေး၍ တားမြစ်သော်လည်း လက်ရှိအုပ်ချုပ်သူ၏ စကားကိုသာ နားထောင်ပါမည်ဟု ဆိုပါသည်။ စာကို ဖတ်ကြည့် သောအခါ အလုပ်သမားများ အပေါ်တွင် အောက်ပါအတိုင်း ပြင်းပြင်းထန်ထန် အောက်ခြေ လွတ် တရားမဲ့ မျက်နှာပြောင်တိုက် ရေးထားသည်ကို တွေ့ရပါသည်။
၁၈-၁၁-၆၀
ဗမာခေတ်သတင်းစာတိုက် အလုပ်သမားများ သိစေရန်
ဗမာ့ခေတ်သတင်းစာ ထုတ်ဝေခြင်းကို ယခုအချိန် ၁၈-၁၁-၆၀ခုနေ့ ညနေ ၅နာရီမှစ၍ ရပ်ဆိုင်း ထားလိုက် သည်။
ထို့ကြောင့် ဗမာ့ခေတ် သတင်းစာတိုက် အလုပ်သမားများအားလုံးသည် အလုပ်ခွင်သို့ ၀င်ရောက် လုပ်ကိုင် ခြင်း မပြုလုပ်ရန် တားမြစ်လိုက်သည်။
အထက်ပါ ကျွန်တော်၏အမိန့်ကို မလိုက်နာသူ အလုပ်သမားများအား တရားဥပဒေအရ အရေး ယူမည်။
အုန်းခင်။
ဟူ၍ ဖြစ်ရာ။ တရားဥပဒေ အပြင်ဘက်ထွက်၍ အောက်ခြေလွတ်နေသည့် မပိုင်ဆိုင်တော့ပါဟု ကွာရှင်း ဆင်းသွား ရသူက လူပါးဝလွန်းရာကျသည်။ အလုပ်သမားများကိုလည်း ဗလာသက်သက် စော်ကား ထားခြင်း ဖြစ်သည်။
ကာမပွဲစားများက ရဲဆေးတင်ပေးလိုက်ခြင်း ဆက်ရန်
.

No comments:
Post a Comment