ပုထိုးတော်ကြီးဘုရားမှထီး
အမပူရမြို့ ပုထိုးတော်ကြီးဘုရားသို့ တင်လှူခဲ့သော ထီးတော်ကြီးမှာ ရန်ကုန်မြို့ ရွှေတိဂုံစေတီ တော်ကြီး၏ ထီးတော်ထက် တတောင်မျှသာ ငယ်ပါသည်။ ကျမ လှူဒါန်းထိုက်သော ကံကြောင့် အခွင့်အခါ ကြုံလာ ရသဖြင့် ကျမကိုယ်တိုင် ၀တ်ဆင်ခဲ့ဘူးသော (၁၈)ရတီခန့် စိန်တလုံးနားကပ်ကို ရောင်းချပြီး စင်ကြယ် စွာ ရေစက်သွန်းချ၍ လှူဒါန်းခြင်း ဖြစ်ပါသည်။ ၎င်းစိန်မှာ ၁၉၄၇ခုနှစ် မဂိုလမ်း ဒိုင်းဂိုးစိန်တိုက်က တရတီ လျှင် ၇၀၀ိ ဈေးနှင့် ၀ယ်ခဲ့သော ဖြတ်ပိုင်းရှိ၍ ပြန်ရောင်းသော အခါ တရတီလျှင် ၃၀၀၀ိဈေးအထိ စိန်ဈေးတက် နေချိန် တွင် ရောင်းရသဖြင့် ကျမ၏ ထီးတော် အလှူကြီး အောင်မြင်ပြီးစီးခဲ့ရသည်။
၎င်းထီးတော် အလှူငွေကိုလည်း သီးခြားသပ်သပ် ဖြစ်ပါလျက် ပုထိုးတော်ကြီးဘုရား အလှူရံပုံငွေ မှာ ရှုပ်ရှက် ခပ်အောင် ထည့်သွင်းထားသည်ဟု ကြားသိရပါသည်။
၎င်းထီးတော် တင်ပွဲ၌ပင် သူသည် နိုင်ငံရေးသမားများနှင့် အမြတ်ထုတ်ခြင်း၊ လှေပွဲပြုလုပ်ခါ သူ့ကို ကပ်၍ မြှောက်ပင့် စားနေသူတို့အား ဖြန့်ဖြူးခြင်းဖြင့် အချို့ရေလည်စွာ မသိနားမလည်သူများက ထီးတော်တကာ လှေပွဲနိုင် အမြတ်ထွက်၍ ထီးဘိုးကြေသွားပြီးဟု စွပ်စွဲခြင်းဖြင့် ကျမ၏ စင်ကြယ် သန့်ရှင်းသော အလှူကို အဖြူ တွင် အမဲစက်တင်အောင် ပြုလုပ်ခဲ့သေးသည်။
(ထိုကိစ္စကို မန္တလေးသတင်းစာတစောင်က ဖွင့်ချရေးသည်ကို ကျမ မတွေ့အောင် ၎င်းသတင်းစာ အား ၀ှက်ထား သည်၊ အလားတူ မန္တလေးမှ မိန်းမလယ်တွေနှင့် ရှုပ်သမျှ ရေးထားသော သတင်းစာ ကိုလည်း အိမ်ကြီးပေါ် မရောက်စေနှင့် ဖျောက်ဖျက်ပစ်လိုက်သည်ဟု နောက်မှ သိရပါသည်။
မန္တလေး တွင်လည်း ဗမာ့ခေတ်တိုက်ခွဲ ကိုယ်စားလည်အား ပုံနှိပ်တိုက်နှင့် မန္တလေးမှ မိန်းမလယ် တွေနှင့် ရှုပ်သမျှ ရေးထားသော သတင်းစာကိုလည်း အိမ်ကြီးပေါ်မရောက်စေနှင့်ဟု ဖျောက်ဖျက် ပစ်လိုက်သည်ဟု နောက်မှ သိရပါသည်)
မန္တလေးတွင်လ်း ဗမာ့ခေတ်တိုက်ခွဲ ကိုယ်စားလည်အား ပုံနှိပ်တိုက်နှင့် မန္တလေးဗမာ့ခေတ်ညှပ် သတင်းစာ တခု တည်ထောင်ပေးခဲ့သည်။
(မန္တလေး ဗမာ့ခေတ် ညနေညှပ်သတင်းအဖြစ် ပူးတွဲထုတ်ဝေရာ အချို့က ၎င်းညနေညှပ်သတင်းစာ အား ဘာရည်ရွယ်ချက်မှန်းမသိ၊ သန်းခေါင်ယံထုတ် ကပ်ကြေးကိုက်သတင်းစာဟု နောက်ပြောင် ခေါ်ဝေါ်ကြ သည်ကို ဟိုတုန်းက နားမလည်သော်လည်း ယခုတော့ အဓိပ္ပါယ်ရှင်းနေပါပြီ)
နှစ်ပေါင်း ၂၀ခရီး ဇာတ်သိမ်းခန်းအစ
၎င်းမန္တလေး ဗမာ့ခေတ်သတင်း ကိုယ်စားလည် ဗမာ့ခေတ် ညနေညှပ်သတင်းစာနှင့် ပုံနှိပ်တိုက်ခွဲ တည်ထောင် ပေးခဲ့သူ ကိုယ်စားလည်မှာ ဘုန်းကြီးဘ၀ကပင် ကျမနှင့် ပတ်သက်သိကျွမ်း၍ ရွှေဂုံ တိုင်အိမ်မှ အစပြု ၀င်ထွက် တည်းခိုနေကြ ဖြစ်ပါသည်။ ဘုန်းကြီး လူထွက်ပြီး မယားယူသောအခါ အလုပ်အကိုင်မရှိ၍ ဗမာ့ခေတ် သတင်းစာကို မန္တလေးမြို့အတွက် ကိုယ်စားလည်ပေးလိုက်ပါသည်။ ၎င်းအလုပ်နှင့်ပင် အကျိုးထူး ခံစားရ၍ အိမ်ပိုင်၊ ကားပိုင်များ သာမက ပုံနှိပ်စက်နှင့် သတင်းစာ ပိုင်ရှင်အထိ အခြေအနေ တိုးတက်ခဲ့ ရာမှ နောက်ပိုင်းတွင် သူ့ဘက်တော်သားအဖြစ်နှင့် အမျိုးမျိုး သော အရှုပ်ဇာတ်များ ခင်းပေးရင်း ဗမာ့ခေတ် တိုက်မှ သတင်းစာဘိုး အကြွေးငွေ နှစ်သောင်းကျော် ကို ယနေ့အထိ မပေးဆပ်သေးဘဲ ရှိနေ သေး သည်။ (၎င်းမှာလည်း အကောင်အထည် ပေါ်လာဦး မည့် ကဏ္ဍတရပ်ပင် ဖြစ်ပါသည်။)
ဤကိစ္စကလေးများမှာ မရေးလျှင်မပြီးသည့်အတွက် အစဖေါ်၍ ရေးရခြင်း ဖြစ်ပါသည်။ အိမ်ထောင် သက် နှစ်ပေါင်း၂၀ပြည့်ခါနီး လွန်ခဲ့သော ၁၉၅၈ခုနှစ် ၅၉-၆၀ခုနှစ်များသို့ ကူးခဲ့ပါပြီ၊ ဖဆပလ နှစ်ခြမ်းကွဲ၍ သန့်ရှင်း တည်မြဲ အမတ်လုပွဲ၌ အလုပ်တိုက်မှ ငွေများကို ကျောက်ခဲသလဲကဲ့သို့ သုံးဖြန်းလျက် ရှိသည်။ ပမညတ အမတ်လူဦးရေ သုံးလေးဆယ်ကို အိမ်ပေါ်၌ ခေါ်ယူ ပိတ်လှောင် ထိန်းသိမ်းကျွေးမွေး ပြုစုခြင်းဖြင့် ကူညီ ခဲ့သည်။ သန့်ရှင်း(ဂ)မဲနှင့် နိုင်သွားသောအခါ နေ့မစဲ၊ ညမစဲ ထမင်းစားပွဲကြီးများ တည်ခင်း၍ တီးဝိုင်း များဖြင့် ဆက်တိုက် ဧည့်ခံခြင်း ပြုနေသော အချိန်၌ ကျမ မှာ မကျန်းမာ၍ အိပ်ရာထည်းတွင် လဲနေသော အခိုက် အခါ ဖြစ်ပါသည်။
ဤအချိန်မှစ၍ အလုပ်တိုက်မှ ငွေများကို မန်နေဂျာက သူ့ဘက်တော်သားအဖြစ်နှင့် အမျိုးမျိုး ထုတ်ယူ သုံးစွဲ ပေးရသည်။ ဗိုလ်ချုပ်အစိုးရ တက်လာချိန်၌ ခေတ္တငြိမ်သွားသော်လည်း ရွေးကောက် ပွဲ လုပ်ပေး တော့မည်ဟု ဆိုသောအချိန်ကစ၍ ပြန်လည်ထကြွ လှုပ်ရှားလာခဲ့သည်။ (သာသည် ထင်၍ နားလာသော ခါတော်မှီ ကိုယ်ကျိုးရှာလိုသော) နိုင်ငံရေး ဂျပိုးကြီးဂျပိုးငယ် အရွယ်အစား စားတို့ ၀င်လာမစဲတသဲသဲနှင့် စုရုံး စုရုံး ဖြစ်နေသည်။ ဘိလိယက်ခုံနှင့် အရက်ဝိုင်းမှာ သောသော ညံ စည်ကားနေသည်။
ဗိုလ်ချုပ် အစိုးရလက်ထက်က (သတင်းစာတိုက် အပိတ်ခံရပါစေဟု ကျမ ဆုတောင်းခဲ့သော် လည်း) ကျမ ဆုတောင်း မပြည့်ခဲ့သေးဘဲ (ခိုးသား ၄၀တို့၏) ကံကောင်းထောက်မသဖြင့် ချိပ်ပိတ် မခံခဲ့ရသော ပတ်လည် စက်ကြီးမှာ အထူးသဖြင့် ထိုအချိန်ထိုအခါတွင် အလုပ်အများဆုံး အသုံး တော်ခံနေရသည်။ ဦးနု၏ ရွှေဝါရောင် ဘလောက်ပုံကြီးများ၊ မိန့်ခွန်း ရှည်ကြီးများ၊ ကျေညာချက်ကြီး များ၊ စာအုပ်စာတမ်းများသည် သိန်းနှင့် ချီ၍ ၀ယ်ယူသိုလှောင်ထားရသော စက္ကူလိပ်ဂိုဒေါင်မှ ပြောင်သလင်း မခါရုံတမယ် ကျန်ခဲ့ သည်အထိ ရိုက်နှိပ်ပေးခဲ့ရသည်။
နောက်ဆုံး ရွှေဝါရောင် (သန့်ရှင်း)ပင် နိုင်ခဲ့သည်။ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ (ရာထူးခွဲဝေ) နေသားတကျ ရှိသွားပြီ၊ သူ့မှာကား အရက်သမား ၀ါရင့်ကြီးဘ၀နှင့် သာပေါင်း ညာစားများ ခြံရံခံ နေရသော ဘ၀ဆိုးကြီး အဖတ်တင် (အမြတ်) ကျန်ရစ်ခဲ့ရသည်။
ဤတနှစ်အတွင်း ကြည့်၍မရအောင် ကျမစိတ်မှာ သဘောကွဲလွဲလာခဲ့သည်။ ကျမဖြစ်စေချင်သည် မှာ အသက် ၆၀ပြည့်ရန် ၂နှစ်မျှသာ လိုတော့၍ ဆံဖြူနေပြီ၊ အရွယ်နှင့် ဂုဏ်သိက္ခာကို ထောက်၍ ဣနြေ္ဒရရ တည်ကြည် စွာ နေထိုင်စေလိုသည်။ ကျမ ပြုလုပ်ခဲ့သမျှ ကောင်းမှုကုသိုလ်များကို အတူ တကွ ရေစက် ချခဲ့သည်။ သံသရာတလျှောက် မြင့်ရာသို့ ရောက်အောင် လက်တွဲ၍ ခေါ်ခဲ့ပါသည်။
နောက်ဆုံး လွန်ခဲ့သော ၀ါခေါင်လက ပြည်မြို့နိဗ္ဗိန္ဒချောင်တွင် ရဟန်းခံပေးသည့်အချိန်အထိ သူ၏ အတွင်း ဇာတ်ရှုပ် များကို လားလားမျှ နဲနဲပါးပါးမျှ မရိပ်စားမိခဲ့ပါ။
၎င်း နှစ်ပေါင်း ၂၀ဆောင်းပါးသည် ၁၉၆၀ခု နိုဝင်ဘာလ ၁၇ရက်နှင့် ၁၈ရက်နေ့များတွင် နှစ်ရက် ဆက် ထည့်ထဲ့ရာ ဤနေရာတွင် ဆုံးသည်။ မနက်ဖန် ၁၉-၁၁-၆၀ နေ့ထုတ် သတင်းစာအတွက် ဆောင်းပါး အဆက် ကော်ပီများ စီရန်ချပေးလိုက်ပြီး ၎င်းဆောင်းပါး ကော်ပီများနှင့်အတူ လက်ရေး စာမူအတွက် ဘလောက် လုပ်သူအတူ လက်ရေးစာမူအတွက် ဘလောက်လုပ်သူထည့်သွင်းရန် လက်ရေးစာများကို ဓာတ်ပုံ ရိုက်ထားသော ဓာတ်ပုံစာရွက်များ ဖြစ်ပသါည်။
နှစ်ပေါင်း ၂၀ ဆောင်းပါး၏ တတိယနေ့ အဆက်ထည့်သွင်းရမည့် စာမူ၏ အဓိပ္ပာယ်မှာ ယခု ရေးလာ ခဲ့သော နှစ်ပေါင်း ၆၀၊ ကျမအတ္ထုပတ္တိမှ ဖေါ်ပြခဲ့ပြီးသော အချက်အလက်များလောက် မစုံလင်လှပါ၊ တိုတို ဘဲ ဖြစ်ပါသည်။ ရဟန်းခံပေးပြီးမှ အလုံးစုံသိရသည့် အတွင်းရေးကလိန်ကျမှု လူသိက္ခာ မစောင့်စည်းဘဲ ကိုယ့်အိမ်မှာ လာရောက်မှီခို နေသူ လင်ရှိ မယားတို့နှင့် မှားယွင်းကြူး လွန်မှု အလုပ်တိုက်မှာ လာရောက် လုပ်ကိုင် ၀မ်းကျောင်းသူအချို့အား ဘလက်ကာယ ကြူးလွန်မှု၊ အချို့အမြှောင်မများကို ထားသော မြို့ရွာ ဒေသပါ။ ၆ယောက် ၇ယောက် သိတန်သလောက် ထုတ်ဖေါ်ညွှန်ပြရေးသားပြီး၊ ဤအဖြစ်များကို ကြူးလွန်သူ ကာယကံရှင်ကိုယ်တိုင် ၀န်ခံသော စာ (နှစ်ပေါင်း ၆၀ တွင် အပြည့်အစုံ ဖေါ်ပြပြီး ဖြစ်ပါ သည်။ ၏ တစိပ်တဒေသ ဓာတ်ပုံရိုက်ထားသော ဘလောက်များထည့်ရန် ဖြစ်ပေသည်။
၎င်း ၁၉-၁၁-၆၀နေ့ထုတ်အတွက် ချပေးလိုက်သော နှစ်ပေါင်း ၂၀ကော်ပီ ရရှိသောအခါ အလိုတော် ရိ အယ်ဒီတာနှစ်ဦးမှာ ပြာပြာသလဲ ဖြစ်ကုန်ကြပါသည်။ သူတို့ဆရာ မဟာ အရှက်တော် ကွဲချည်ရဲ့ ဟု စိုးရိမ်ပူပန်ပြီး အရူးမီးဝိုင်းသလို ဖြစ်ကုန်ကြပါသည်။
ကိုယ့်အလှည့်ကျတော့ အထိမခံ ဆက်ရန်
.

No comments:
Post a Comment