Wednesday, April 21, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၈၃)

ဗမာ့ခေတ်ဖျက်ရန် ရောက်လာသူ

အမြှောက်အပင့် နှင့် တကွ သည်းချေ ကြိုက်ဓာတ်စာကို ရှာဖွေတင်ဆက်နေသော လက်ရင်း လူယုံ တော်များ အဘို့ ဒိဋ္ဌဓမ္မ အကျိုးကျေးဇူးကြီးမားလှသော်လည်း သူတို့အကျိုးပျက်စီးရန် ကျ သောအခါ အမှန် တရား ကြီးက ထုတ်ဖေါ်ပြလိုက်၍ တ၀တအီ ခိုးယူ ခူးဆွတ် စားနေရသော ဗမာ့ခေတ်သတင်းစာ ပဒေသာ ပင်ကြီးကို အမြစ်မှ တူးဖြိုခုတ်လှဲပစ်လိုက်သော ယခုအခါမျိုး၌ ခိုးကဲ့ ယူထားပြီးသား လက်ကျန် ကလေး များနှင့် ရေရှည်ဆွဲ၍ စားသောက်နေကြရသည်။

ပညာရည် မပြည့်ဝသူများဖြစ်၍ လခစား အဖြစ်နှင့် မယ်မယ်ရရ အလုပ် လုပ်နိုင်ကြသူများ မဟုတ် သော ကြောင့် ကျောင်းဒကာ ၄၀တို့၏ ကိုးကွယ်ရာ ဗိုလ်ဦးစီးချုပ်ထံ၌ ၀ိုင်းရကပ်တွင် နေကြရလေ သည်။ ကဲ့ထုတ် ထားသော ဥစ္စာပစ္စည်းအရင်းအနှီးနှင့် မလောက်သေးပါက အပြင်အပမှ နည်းအမျိုး မျိုးနှင့် မက်လုံး ပြပြီး ဖြီးဖြန်းညာဝါးနိုင်မှ ထမင်းနပ်မှန်စားရရုံရှိမည်။ ကျောပေါ် စုပုံတင်နေ ကာမဂုဏ်ဝန်ထုပ် ၀န်ပိုး တွေ ကလည်း ကြီးလေးစွာ ထမ်းနေရသည်။ ပွဲတော်ကြီး ကြုံကြိုက်တုန်း က ကဲ့သို့ဖြင့် ဖြုန်းသုံး ၀င့်ကြွား နေနိုင်ကြရန် လမ်းမမြင်တော့ဘဲ၊ သမ္ပတ္တိခေတ်ကောင်းကြီးနှင့် ဤတသက်လွဲချက်က နာကြ ရှာလေပြီ။

ဤအဖြစ်ဆိုး နှင့် မတိုးမိအောင် တတ်နိုင်သမျှတော့ ကြံဆောင်ကြိုးပမ်းကြပါသေးသည်။ မန္တလေး တသိုက်မှ အကြံကြီး လိုက်ပုံကလည်း (မောင်ကာမကြီးအား တဏှာရာဂနှင့် မျှား၍) လူရော ပစ္စည်းပါ သတင်းစာ တိုက်ကြီးနှင့်တကွ အပိုင်သိမ်းလိုက်ရရောဟု ၀က်မစွတ်မောင်မောင်ကြီး၏ သားသမီးမြေးတို့ မိသားစုဝိုင်း၍ လုကြသော်လည်း ဥစ္စာပစ္စည်းဆိုသည်မှာ ကံပေးမှ ရသည်။ လုယု ၍ မရပါ။ ထိုက်သူသာ စံရသည်။ မန္တလေးသူ တို့ အင်မတန်သားရေ ကျခဲ့သော ကျမပိုင် ပစ္စည်း စိန်အလုံးကြီးတွေကလည်း ရေစက်ချ၍ လှူပြီး၊ တန်းပြီး ဘုရားပစ္စည်းတွေ ဖြစ်နေပြီ၊ ထိုစိန် ကျောက်ရတနာများမှာ ကမ္ဘာမပျက်သမျှ ကာလပတ် လုံး သို့မဟုတ် ဟိုက်ဒရိုဂျင်ဗုံး ညူးထရွန်ဗုံး နှင့် မကြုံကြိုက်သမျှ ကာလပတ်လုံး ကမ္ဘာချည်းအောင် တည်ရှိမည် ဖြစ်သော ရွှေတိဂုံစေတီကြီး၏ ထီးတော်ထိပ်တွင် မွန်မြတ်စွာ တည်ရှိမည် ဖြစ်ပါသည်။

သူတို့ တတွေက မျက်နှာပြောင်တိုက်ပြီး မျက်စိစုံမှိတ်၍ ရသမျှ ကြိတ်လိုက်မည် ကြံစေကာမူ ကံ ကံငယ် ခေလှ၊ ကြုံရလေခြင်းဆိုသော သီချင်းကဲ့သို့ မျက်နှာပြောင် ၀ိုင်းတိုက်လိုက်ရသည်သာ အဖတ်တင်ပြီး ထင်သာ ထင် မ၀င်ဘူး ကျောင်းအမအဖြစ်နှင့် ဂျိုးကပ်၊ အိုးကပ် ကလေးလောက်မျှသာ ဝေစား မျှစား လုပ်နေကြ ရပါသည်။ သူတို့နှင့်အလားတူ အကြံတူ ဝေစား မျှစားလုပ်နေရသော ကျောက်ပန်းတောင်း ဆွေမျိုး တသိုက်မှ မိုနိုစာစီမကလည်း ရှိသေးသည်။ သူ့ကို ပို၍ အခွင့်အရေး ပေးရမည်။ ဘလက်မေးလ် ခေါ်လျှို့ဝှက် ကိစ္စ အကျိုးဆောင်ရသူဖြစ်၍ ပယ်ထာလို့ မရပေ။ ယခု လက်ငင်းအခြေအနေအရ အမျှောင် အငယ် တွေက တရွာတယ်လောက်အောင် များပြား၍ ထမင်းဝရုံအနိုင်နိုင်စားကြရမည်။ တွက်သား မကိုက် လှ သဖြင့် ခဲလေသမျှ သဲရေကျကြီး ဖြစ်ကုန်ကြလေသည်။ တနည်းအားဖြင့်လည်း မှန်းချက်နှင့် နှမ်းထွက် ကွာ၍ လူသိတာနာရုံသာ အမြတ်ကျန်ရစ်ကြပါတော့သည်။

ဆိုအပ်ခဲ့ပြီး အတိုင်း အလိုတော်ရိဘက်တော်သား ရုံးအလုပ်သမားများနှင့် ရင်ဆိုင်ကာ ဗမာ့ခေတ် သတင်းစာ ကို ကျမ အုပ်ချုပ်လာသည့် အတောအတွင်းမှာဘဲ အယ်ဒီတယဋ္ဌာန၌ သဘောကွဲလွဲမှု တွေ ပေါ်လာ လေသည်။ ကျမအား ခဏခဏ လာရောက်ပြီး တိုင်ကြ၊ တောကြနှင့် ခြေရှုပ်လာကြ သည်။ ပယောဂ ကြောင့်လော၊ သူတို့ဘာသာ သွေးရိုး၊ သားရိုး မတည့်ကြခြင်း ပေလောဟု အတတ် မသိနိုင် အောင် ရှိပါသည်။ သူတို့အားလုံး၏  အဆိုမှာ လက်ရှိ အယ်ဒီတာချုပ်နှင့် အလုပ်မလုပ်လို ဟု ဆိုသည်။ အဆို ကို ဦးစီး ဦးဆောင်ပြု၍ လာပြောသူမှာ အယ်ဒီတာ ဦးကိုလေးနှင့် လက်ထောက် အယ်ဒီတာ ခင်မောင်လေး ဆိုသူ ဖြစ်ပါသည်။ သူတို့နှင့်အတူ စစ်ကူအဖေါ်တွေကိုလည်း ကျမထံ ခေါ်လာသေးသည်။

အယ်ဒီတာချုပ် မှာ မောင်သန်းညွန့် ဖြစ်ပါသည်။ မောင်သန်းညွန့်မှာ ကိစ္စတွေ ပေါ်စက မန်နေဂျာ ကလည်း ဒုတ်တပြတ်၊ ဒါးတပြတ်နှင့် ကြိမ်းမောင်းဘူးလေသည်ဟု သိရသည်။ သူမန်နေဂျာ အလုပ်မှ ဖြုတ်ချ ခံရသည်မှာ မောင်သန်းညွန့်က ဖြစ်သမ ကိစ္စတွေ ကျမ သိအောင်သွား ပြော၍ ဤသို့ ဖြစ်ရသည်။ သူ မန်နေဂျာ အလုပ်နေရာကိုပင် မောင်သန်းညွန့်က လိုချင်၍ တိုက်ထုတ်သည် ဟု စွပ်စွဲပုတ်ခတ်ခံရသည်ဟု ဆိုသည်။ ကိုယ့်အပြစ်ကို မမြင်ဘဲ ဤသို့ စွပ်စွဲသောအခါက မောင်သန်းညွန့်ကလည်း ဤသို့ စွပ်စွဲလျှင် သူပါ အလုပ်ထွက်ပြမည်ဟု ဆိုပြီး အလုပ်ထွက်စာ ရေးတင်သည်ဟု သိရပါသည်။ သို့ရာတွင် ထိုအချိန်က မောင်သန်းညွန့် တင်သည်ဆိုသော အလုပ် နှုတ်ထွက်စာမှာ ကျမထံသို့ ရောက်မလာခဲ့ဘဲ ယာယီမန်နေဂျာ ဦးဗအေး လက်ထဲမှာ သိမ်းထား သည်။ ထို့ကြောင့် ထွက်စာမတင်ဖြစ်ဟု သိရပါသည်။

ယခု ဦးကိုလေး၊ ခင်မောင်လေးတို့ လာပြောသောအခါ ထွက်စာတင်လျှင် လက်ခံပါဟု ဆိုကြပါ သည်။ ဘယ်လို ကိစ္စနှင့် မသင့်မမြတ် ဖြစ်ကြသည်ကို မေးမြန်းသောအခါ ၀ါဒချင်းလည်း မတူပါ။ သူဟာ တောတွင်း က လူတွေနှင့် ဆက်နေပါသည်။ အဖျက်လုပ်ငန်းကို လုပ်ရန် ဗမာ့ခေတ် သတင်း စာကို ရောက်လာခြင်း ဖြစ်သည်။ ယခုလို တိုက်ရှင် ဇနီးခင်ပွန်းအထင် အမြင် မှားပြီး စိတ်အခန့် မသင့် ဖြစ်ရဒါဟာ သူ့စနက် သာ ဖြစ်ပသါည်။ သူသည် ဟိုကို တမျိုးသွား ပြောပြီး ဒီကိုလည်း တစ်မျိုးလှည့်တွန်းနေသည်။

အယ်ဒီတာ အချင်းချင်းတွေ အပေါ်မှာလည်း လက်မ ထောင်လွန်း သည်။ ဒေါ်ဒေါ်ခင် မကောင်းကြောင်း၊ အမနာပ စကားတွေကိုလဲ ညတိုင်း အယ်ဒီတာ စားပွဲမှာ ထိုင်ပြောနေပါသည်။ ထိုမျှမက တောတွင်းက လူတွေ အား ဗမာ့ခေတ် သတင်းစာကို သူတာဝန် ယူ၍ ပျက်အောင် ဖျက်ဆီးပေးမည်။ ယခုလည်း သူ့လက်ချက်ကြောင့် ပျက်စကွဲစပြုလာပြီဟု ၀ါဒတူသူတစုအပေါ်၌ ကြွေးကြော် နေပါသည်။ နောက်ဆုံး အရေးကြီးတာက ခြံဝင်းပေါက်ဝမှ သူနေသော အိမ်သို့ အချိန်မတော်မှာ တောတွင်းက လူတွေ လာတွေ့ သည်ကို လက်ခံပါသည်။ ဒါဟာကြောက်စရာ အကောင်းဆုံးပါဘဲဟု အယ်ဒီတာ ဦးကိုလေးနှင့် ခင်မောင်လေး ခေါင်းဆောင် ပြုလျက် ထိုအချက်အလက်များ တင်ပြကြပါသည်။

အယ်ဒီတာ မောင်သန်းညွှန့်မှာ တောခိုရာမှ အလင်းဝင်လာသူ ဖြစ်ပြီး ဗမာ့ခေတ်သတင်းစာတွင် ၀င်ရေက် လုပ်ကိုင် နေသည်ပင် ၅နှစ်နီးပါး ရှိပြီး ဖြစ်ရာ သူတို့ လာရောက်ပြောသော စကားများ ထည်းမှ ကွဲအောင် ခြေထိုး သည်။ တွန်းသည်။ တိုက်သည်ဟု စွပ်စွဲခြင်းများကိုတော့ ကျမအနေနှင့် လက်မခံနိုင်ပါ။ ယခု အတွင်းရှုပ် ကိစ္စတွေ ပေါ်လာပြီး ကွာရှင်းကြသည်အထိ ဖြစ်လာရသည်မှာ မောင်သန်းညွန့် ပယောဂဆို၍ လုံးဝ မပါရှိကြောင်း ကာယကံရှင် ကျမကိုယ်တိုင်ပင် သိသူ ဖြစ်နေ ပါသည်။

သူသည် သက်ကြားအို ရှုပ်ပွေ ယုတ်မာသမျှကို အများနည်းတူ သိသလို အများနည်းတူ ဖုံးအုပ် လျှို့ဝှက်    ပေးခဲ့သူဘဲ ဖြစ်ပါသည်။ ဒီအကွာအရှင်းအထိ ခရီးရောက်အောင် ကောက်ကျစ် ယုတ်မာမှု အထွေထွေကို သူအနေနှင့်လည်း ဘာမှမဆိုင်၍ ၀င်မပြောခဲ့ဘူးပါ။ အယ်ဒီတာအနေနှင့် အတွင်းရေးကိစ္စမှာ ဘာမျှမပါ ရှင်းရှင်းနေလာသူဖြစ်ကြောင်း နားလည်ပါသည်။

ဗမာ့ခေတ်အယ်ဒီတယအဖွဲ့ပဋိပက္ခ

ကွာရှင်းမှု ကိစ္စများပြီးစီးသည့်နောက် လူပါအပြင်ရောက်သွားမှ ကျန်းမာရေးကလည်း အတော် အတန် ကောင်းလာသဖြင့် သတင်းစာတိုက်ကိစ္စတွေကို ကျမ ၀င်ရောက် ကြည့်ရှုလာမှ ကျမ ခိုင်းသည်ကို အယ်ဒီတာ မောင်သန်းညွန့်က လုပ်သင့်သမျှ သူနှင့်ဆိုင်ရာမှ ဆောင်ရွက်လုပ်ကိုင် ပေးရခြင်း ဖြစ်ပါ၏။ အတွင်းရေး အရှုပ်အထွေကိစ္စတွေ ပေါ်လာစအချိန်ကလည်း အိမ်ပေါ်သို့ ခေါ်ယူ၍ မေးမြန်းစရာရှိလျှင် မေးမြန်းပြီး ခိုင်းစရာရှိလျှင် ခိုင်းသည်။ ဤမျှထက် ဘာမှ မပိုပါ။ ဗမာ့ခေတ်သတင်းစာကို ပျက်အောင် ဖျက်ဘို့ဆိုသည်မှာလည်း တောထဲက လူတွေထက်သော်၎င်း၊ မောင်သန်းညွန့်ထက်သော်၎င်းသော်၎င်း၊ မောင်သန်းညွန့် ထက်သော်၎င်း၊ ကျမကပို၍ ဖျက်ဆီးပစ် ချင်နေသူ ဖြစ်ပါသည်။

တိုင်းပြည်အတွက် ထက်မြက်သော သတင်းစာကြီးတစောင်အဖြစ်နှင့် အင်အားတောင့်တင်း ခိုင်မာ ၍ ဘယ်သူဖျက်ဖျက် (၁၀)နှစ် (၁၀)မိုး မပျက်နိုင်ဘဲ ခိုင်မြဲတိုးတက်၍ပင် လာခဲ့သေးသည်တိုင် အောင် ကောက်ကျစ် စဉ်းလဲသော ခိုးသား ၄၀ကို ဖယ်ထုတ်ပစ်ဘို့ကိစ္စမှာ သတင်းစာတိုက်ကို တခါတည်း ပိတ်ပစ်မှဘဲ ဖြစ်တော့မည်ဆိုသည်ကို ကျမက ကြိုတင်သိမြင်တွေးမိပြီးသူ ဖြစ်ပါ သည်။
သို့ရာတွင် ရုတ်တရက် ဖျက်ဆီးပစ်လိုက်ဘို့က မလွယ်ကူပါ။ တိုင်းပြည်အတွက်လည်း ဂုဏ်ယူ ဘွယ်ကောင်းနေသော အောင်မြင်နေသည့် သတင်းစာကြီးတစောင် လျှော့နည်းသွားမည်။ ခိုးသား ၄၀လူနည်းစုထက် ရိုးရိုးသားသား လုပ်စားနေကြသော အလုပ်သမား ၁၀၀ကျော်အတွက်ကို ငဲ့ကွက်၍သာ ကျမက ကျန်းမာရေး မခိုင်လုံသေးဘဲနှင့် ဆက်လက် အုပ်ချုပ်လုပ်ကိုင် လာခဲ့ရခြင်း ဖြစ်ပါသည်။

ကျမက စိတ်ပျက်၍ အလုပ်ဆက်မလုပ်လိုဟု ဆိုသောအခါ အယ်ဒီတာတဖွဲ့လုံးနှင့် အလုပ်သမား ခေါင်းဆောင်များကိုယ်တိုင် ကျမထံလာရောက်ပြီး အလုပ်တိုက်ကြီးကို ပိတ်မပစ်ဘို့ သူတို့တိုက်သာျးားအား ငဲ့ညှာ ၍ ဆက်လက် ထုတ်ဝေလုပ်ကိုင် သွားပါရစေဟူ၍လည်း စောစော ပိုင်းက လာရောက်တောင်းပန် ထားကြဘူး သော စကားလည်း ရှိသည်။ သူတို့အား မရိုးမဖြောင့် သော ခိုးသားများကြောင့် ဆက်လက်၍ ဤ အလုပ်ကြီး ကို ဦးစီးနေရလျှင် ရင်ဆိုင်ရမည့် စိတ်အနှောင့်အယှက်များကို လက်မခံလို၊ ကိုယ်၏ ကျမ်းမာရေး မှာ စိတ်အနှောင့်အယှက်မရှိမှ သက်သာရာရမည်ဖြစ်သည်ဟု ထိုစဉ်က ပြောခဲ့ဘူးရာ မရိုးသား သော ခေါင်းဆောင်ကြီးနှင့်တကွ အပြစ်ထင်ရှားသော လက်ထောက် ဂိုဏ်းအုပ်များ အလုပ်တိုက် မှ ထွက်ခွာသွားကြရပြီ ဖြစ်ပါသည်။

အကျန်အကြွင်း အကိုင်းအခက်ကလေးများကိုလဲ အပြစ်ရှိလျှင် ရှိသလို အရေးယူ အလုပ်မှ တခါ ထည်း ထုတ်ပစ် ပေးပါမည်။ ခိုးဖွက်ကဲ့ဝှက်ခြင်းများ ဆက်မလုပ်နိုင်စေရန် အာမခံနှင့် ကြည့်ရှု ခိုင်းစေပါမည်ဟု ယာယီမျန်နေဂျာအစ တိုက်မှ အယ်ဒီတာ ၀ါအရင့်ဆုံး လုပ်သက်အများဆုံး ဖြစ် သူ တာဝနခံ ထုတ်ဝေသူ အယ်ဒီတာ ဦးကိုလေးတို့က ကတိပေးကြပါသည်။ ဒါကြောင့်သာ စိတ်မပါလှဘဲ ဆက်လက်အုပ်ချုပ်၍ သတင်းစာကို ထုတ်ဝေလာခဲ့ခြင်း ဖြစ်ပါသည်။

သည်တော့ တိုက်ကို ပျက်အောင်ဖျက်မည်ဆိုသော စကားလုံးမျိုးကြောင့် ကျမစိတ်၌ အနှောင့် အယှက် မဖြစ်စေနိုင်ပါ။ ပျက်အောင်ဖျက်ပေးနိုင်ပါလျှင် ကျမကပင် ကျေးဇူးတင်စွာနှင့် လက်ခံဦး မည်သူ့ ဖြစ်ပါသည်။ ဆိုအပ်ပြီးသည့်အတိုင်း အယ်ဒီတာဦးကိုလေးနှင့် လက်ထောက် အယ်ဒီတာ ခင်မောင်လေးတို့ အဖွဲ့က အယ်ဒီတာ မောင်သန်းညွန့်၏ အပြစ်များကို တင်ပြလျက် သူ့အလုပ် ထွက်စာကိကု လက်ခံဘို့ရာ လာပြော ကြရာ၌ အဆိုပါ သတင်းစာတိုက် ဖျက်ပစ်မည်ဆိုသော အကြောင်းပြချက်ကို လက်သင့် မခံ သော်လည်း၊ ညအချိန်မတော် ခြံဝင်းထဲသို့ တောတွင်းမှ လူများ တခါတရံ ၀င်ထွက်နေသည်ဆိုသော စကား ကိုတော့ အကယ်၍ ဟုတ်ခဲ့သည်ရှိသော် မတော်တဆ အရှုပ်အရှင်း ဖြစ်လာရလျှင် သတင်းစာတိုက် အမည် ပါလာမည်။

ခြံဝင်းပိုင်ရှင် ကျမအမည်ကို လည်း မလွှဲမက်ငးသာဘဲ ပါကောင်းပါလာမည်။ အခြေအနေမှာ တောတွင်းက သူများ ရန်ကုန်မြို့ ပေါ်တွင် မကြာခဏ လာတတ်၍ အဖမ်းအဆီးအမိအရ များနေချိန် ဖြစ်သောကြောင့် အရှုပ်အရှင်း ဖြစ်လာမှာ ကြောင့်ကြမိသော စိတ်မျိုးတော့ ဖြစ်ပေါ်လာမိပါသည်။ ကျမမှာ ကိုယ့်ကိစ္စနှင့်ကိုယ်မှ ရှုပ်ထွေးနေရ၊ ရန်သူဝိုင်းခံနေချိန် ကျန်းမောရးကို ငဲ့ကွက်နေရချိန်မျိုးမှာ အပိုအရှုပ်အရှင်းတွေ မဖြစ် စေချင်ပါ။ ယမန်နှစ် ဗိုလ်ချုပ်အစိုးရ လက်ထက်တုန်းကလည်း ကျမအိမ်မှာ လာနေသော မန္တလေး မစိုးရိမ်တိုက်မှ ဘုန်းတော်ကြီး အာဂန္တုတပါး ဖြစ်သည့် ဦးဥာဏေဘာသအား တောခို ဗိုလ်အာဠာဝ က ကိစ္စနှင့် ဆက်စပ်ခါ လာရောက် ဖမ်းဆီးခေါ်သွားဘူးသည်။

ကျမ အိမ်ခန်းထဲမှာပင် ကုတင် အောက် ဘီဒိုအောက်များ လက်နှိပ်ဓါတ်မီးနှင့် ထိုးကြည့်ကာ လက်နက် ပုန်း ရှိသည်ထင်၍ ရှာဖွေ ခံလိုက်ရဘူးသည်။ ဤအဖြစ်မျိုး ဒုတိယတကြိမ် ကြုံရမှာကို စိုးရိမ်မိပါသည်။ နောက်တချက် အကြောင်းပြမှုမှာ အယ်ဒီတာ မောင်သန်းညွန့်မှာ သူတို့ထက်ပို၍ ၀င်ဆန့်သူ ဖြစ်သည်။ ကျမဆီကို လည်း တမျိုးလာပြောသည်။ တွန်းသည်။ မိုးကြိုးတိုက်ကိုလည်း သွား၍ တမျိုးပြောသည်။ တွန်း သည်။ နှစ်ဘက်သွား ပြုနေသူ ဖြစ်သည်ပြုဟု စွပ်စွဲကြသည်။

ထို့ကြောင့် သူတို့လာပြောကြသော ကိစ္စ၌ ကျမသည် မည်သို့မျှ ရုတ်တရက် အဆုံးအဖြတ် မပေး သေးဘဲ မောင်သန်းညွန့်နှင့် မင်းတို့ မကျေနပ်သူ အချင်းချင်း မျက်နှာ ရင်ဆိုင် ဆွေးနွေးကြပါ။ မပြေလည်နိုင်သော အပြစ် များ ပေါ်လာလျှင်လည်း အချင်းချင်းဘဲ တိုးတိုးတိတ်တိတ်နှင့် ပြီးပြတ် အောင် လုပ်ပါ။ ထုတ်ပစ် ရတာ အထိ တော့ မလုပ်လိုဘူးဟူ၍ အကြောင်း ပြန်လိုက်ပါသည်။

အယ်ဒီတာဟောင်းမူမပြောင်း ဆက်ရန်
.

No comments: