ခိုးသား ၄၀ ခန့်နဲ့ အလီဘာဘာ ဗမာ့ခေတ်
၁၉၉၅- ခုနှစ်လောက်တွင် အစပြုပြီး အလုပ်တိုက်မှာ အလုပ်တွေများလာ၍ ဋ္ဌာနဆိုင်ရာ စာရေးစာချီ စာရင်းအင်းကိုင်များ တိုးချဲ့ ထားရကြောင်းကို သိရှိရပါသည်။ မူလစာရင်းကိုင်ချုပ်မှာတော့ လူဟောင်းကြီး ဖြစ်သော ဦးထွန်းစိန်က တာဝန်ယူလုပ်ကိုင်ပါသည်။ ဤအတွင်း အလုပ်တိုက်တွင်း မကြာခဏ ၀င်ထွက်သွားလာနေသူ လူ၀၀အသားညိုတဦးကိုလည်း မပြတ်, မပြတ် အိမ်ပေါ်မှ လှမ်းမြင်ရသည်။ သို့သော် ထိုသူကို မည်သူဖြစ်ကြောင်း မည်သည့်အတွက် အလုပ်တိုက်တွင် ၀င်ထွက်နေကြောင်းများကို စကား စပ်၍မမေးမိ၊ အမှုမဲ့, အမှတ်မဲ့ဘဲနေခဲ့သည်။
တနေ့တွင် မှတ်ပုံတင်ရုံးသို့ကျမရောက်သောအခါ ထိုသူက ဆီးကြိုနေသည်ကို တွေ့ရပါသည်။ မှတ်ပုံတင်ရုံးသို့ ကျမရောက်သွားသောကိစ္စမှာ ယခင် ဖေါ်ပြခဲ့ပြီးအတိုင်း ၁၉၅၅-ခုနှစ် လယ်ဆီမှ ကျမ၏ တိုင်းပြည်ပြု ပုံနှိပ်တိုက်အမည်မှ ဗမာ့ခေတ်သတင်းစာပုံနှိပ်တိုက်အမည် ပြောင်းလဲမှတ်ပုံတင်ကြရန်ဆိုပြီး ခေါ်လာ၍ ရောက်ရခြင်း ဖြစ်ပါသည်။ စင်စစ်မှာ ၁၉၅၅-ခုနှစ် ဒုတိယ အကြိမ် ထပ်မံပြုလုပ်သော ၅-ဦးပါတနာ လျှို့ဝှက် စာချုပ်ကို မှတ်ပုံတင်ရာ၌ ကျမကို မလိမ့်တပတ်လုပ်၍ လကတ်မှတ်ထိုးစေသော ကိစ္စဖြစ်ကြောင်း။
၁၉၆၀-ခုရောက်မှ သိရခြင်းဖြစ်ါသည်။ ထိုအချိန်က ပါတနာစာချုပ် ပြုလုပ်ထားမှန်းမသိစေဘဲ သာမန်မှတ်ပုံတင်လက်မှတ်ထိုးရန်သာဟု အဆိုပြုထားသည်။ စာချုပ်ရှိလျှင် ထုံးစံမှာ မှတ်ပုံတင်အရာရှိက ၄င်း၏ရှေ့တွင် စာချုပ်သဘောကို ဘတ်ပြနားလည်စေပြီးမှ လက်မှတ်ထိုးရသော ထုံးစံရှိပါသည်။ ယခုမှာမူ ကျမအား မှတ်ပုံတင်အရာရှိနှင့် တွေ့ဆုံပြီး စာချုပ်ပါအချက်အလက်များ ဘတ်ကြားပြသမှုလည်း မရှိဘဲ စာရေးကြီးများ အခန်းတွင်ဝင်ပြီး စာအုပ်ကြီးတစ်ခုတွင် လက်မှတ်ထိုးယုံကလေးပဲ ဖြစ်ပါသည်။
မှတ်ပုံတင်ရုံးခန်းကို ၅-ဦးစုံညီ ရောက်လာသောအခါ အဆိုပါ အသားညိုညိုလူ၀၀က ဆီးကြိုပြီး အားလုံးအဆင်သင့် စီမံထားပြီးပါပြီ။ ကြာကြာစောင့်မနေရဘဲ လက်မှတ်ထိုးံကလေး ထိုးသွားကြဘို့သာ ကျနမပါတော့သည်ဟု ဆိုသည် ကျမက ထိုသူမည်သူဖြစ်ကြာင်း ထိုအခါကျ မေးမြန်းကြည်ရ သခင်ဗအေး ဆိုသူဖြစ်ကြောင်း ရုံးပြင်ကန္နားကိစ္စ၊ စာရင်းအင်းကိစ္စများ လယ်လယ် ၀ယ်ဝယ်ဆောင်ရွက် လုပ်ကိုင်နိုင်သူဖြစ်ကြောင်း သိရှိရပါသည်။ ဤသို့ လယ်လယ်ဝယ်ဝယ် လုပ်တတ်သော စွမ်းရည် ရှိသဖြင့်လည်း ဒုတိယလျှို့ဝှက် စာချုပ်ကြီးကို ဘာအဓိပ္ပါယ်မှ မသိရဘဲ မှတ်ပုံတင် အရာရှိ ရှေ့သို့လဲ မရောက်ခဲ့ ရဘဲ လွယ်လွယ်ကလေး လက်မှတ်ထိုးသော ကိစ္စ ပြီးမြောက်အောင် ဆောင်ရွက် လုပ်ကိုင် ပေးနိုင်ခြင်းဖြစ်ပါသည်။
ဤသခင်ဗအေးဆိုသူမှာ ခေသူမဟုတ်ပါ။ ဂျပန်ခေတ်တုန်းက တပ်မတော် အလှူငွေများအတွက် ရှိစည်းစိမ် တ၀က် လှူသည်ဟု ကြွေးကြော်လှူဒါန်းခြင်းဖြင့် အတော်လူသိများ ခဲ့ဘူးသူဖြစ်ပါသည်။ ၁၉၆၀-ခုနှစ် သြဂုတ်လ တွင် မန်နေဂျာခင်မောငအေး မရှိသည့်နောက် ၈-လ တိုင်တိုင် ကျမဦးစီးလာသော ဗမာ့ခေတ် သတင်းစာ၌ ဆက်လက်လုပ်ကိုင်လာသူ ဗမာ့ခေတ် မန်နေဂျာ သခင်ဗအေးဖြစ်ရာ၊ ၁၉၆၁-ဧပြီလ ၁-ရက်နေ့တွင် တိုက်သားများအတွက် ထုတ်ပေးရမည့် လခများနှင့်တကွ လင်းရိုဗာကား လက်နှိပ်စက်နှင့် အရေးကြီးသော စာရင်းစာအုပ်များကိုပါ မိုးကြိုးတိုက်သို့ သယ်ယူပေးခဲ့ရသူလည်းဖြစ်လာပါသည်။ ဤတွင်မှ ဗမာ့ခေတ်တိုက်သား တစု၏ ချွေးနှီးစာလခ မရမှုကြော်င့ အလုပ်မလုပ်ဘဲ ဆန္ဒပြပြီး၊ သတင်းစာ တိုက်ကြီး ကိုလည်း ကျမဘဲ ပိတ်ပစ်လိုက်သည်အထိ ကြည့်ကြပ် ဆောင်ရွက်သွားခဲ့ရသူဖြစ်ပါသည်။
၁၉၅၅-၅၆-ခုနှစ်လောက်မှ အစပြုပြီး ဗမာ့ခေတ် သတင်းစာမှာ ခလုပ်ကံဇင်းတွေ အမျိုးမျိုးကို ကျော်လွှားရင်း ထူထူထောင်ထောင်ရှိလာပါသည်။ ကျမက စွက်ဘက်ကူညီရခြင်းလည်း မရှိသလောက် သက်သာလာသည်။ အိမ်သုံးစရိတ်များကိုလည်း အကူအညီရလာသည် သို့ရာတွင် ဂျင်လိမ် ငဖါး တွေကလည်း ဋ္ဌာနအသီးသီး၌ သူ့အထွာနှင့်သူ ရှိနေကြလေပြီ။ ၁၉၅၇-ခုနှစ်မှ ၅၉, ခုနှစ်အတွင်းမှာတော့ ဗမာ့ခေတ်၏ တကဲ့ဝင်ငွေစာရင်းတွင် တသက်နှင့်တကိုယ် မကြုံဘူးအောင် ထူးခြား ခဲ့သည်ဟုနောက်ပိုင်းတွင် ရိုးတိုးရိပ်တိတ်မျှ သိလိုက်ရသောလည်း အသားတင်ပြထားသော စာရင်းမှာတော့ လေးချိုး, တချိုးမျှလောက်သာ ရှိသည်ဟု နားစွန်နားဖျားကြားလိုက်ရသည်။
ခေါင်းဆောင်ကစ၍ သူ့အထွာနှင့်သူလယ်သလို ယူဇာတ်ထုပ်ခင်းလိုက်သည်မှာ တိုက်တည်သူ, အိမ်ဝယ်သူ ကားဝယ်သူ မယားအတွက် စိန်ထည်များ ကြိတ်ဝယ်သူတွေနှင့် အထွေထွေဧည့်ခံထောက်ပံ့မှုတွေ စသဖြင့် ဆိုင်ရာ,ဆိုင်ရာ အမျိုးမျိုး ပြည်တော်သာ၍ နေကြသော်ငြားလည်း ကျမနားနှင့် မျက်စေ့ကို အမှောင်ချထားလေ့ရှိသည်။ ကျမမကြားသောလည်း အပြင်အပက လူများကတော့ သူတို့ အချင်းချင်း စကားစပ်မိသောအခါ ဗမာ့ခေတ် သတင်းစာတိုက်မှာ သူခိုးကြီးလေးဆယ်နှင့် အလီဘာဘာ ဇာတ်ခင်း နေကြသော အကြော်ငးများကို ပုံပြင်တခုပမာ ပြောစမှတ်ပြု၍ နေကြရသည်ဟု သိရပါသည်။
ရိုထရီပတ်လည်စက်နှင့် မိုနိုစာလုံးစသည်များကို ၀ယ်ရာတွင် သတင်းစာတိုက်၏ ၀င်ငွေနှင့်ဝယ်ရာတွင် သတင်းစာတိုက်၏ ၀င်ငွေနှင့် ၀ယ်ရသည်ကို ပါတနာ ၅-ဦးထံမှ ငွေချေးဝယ်ရသည်ဟု စာရင်းပြ၏။ ကျမကိုယ်တိုင် ငွေတပြားမှမထုတ် မချေးရဘူးဘဲနှင့် ခြောက်ပြားမှ မပါသူတွေကပါ ရိုထရီစက်ဝယ်ရာတွင် ငွေချေးစာရင်းပြထားသည်မှာလည်း အံ့တပါးဖြစ်နေပါသည်။ ဤနေရာတွင် လယ်လယ်ဝယ်အလွန်ရှိပြီး စာရင်းအင်းများကို ထုံးလိုချေ ရေလိုနှောက်နိုင်သည်အထိ ကျွမ်းကျင်တတ်သိသော စာရင်းချုပ်တပါး ကိုယ်ကျိုးရှာမန်နေဂျာနှင့် အမြတ်တော်ကြေးရုံးမှာ စာရေးလုပ်သက် ၁၀-နှစ် ခန့်ရလာသူတို့သုံးဦး ပေါင်း၍ လောင်းကျော်ဖြစ်လိုက်ခြင်းသာ ဖြစ်ပါသည်။
သတင်းစာ ကိုယ်စားလှယ် မလုပ်ရ၍
၁၉၅၆ ခုနှစ်လောက်တွင် မန္တလေးတောင်ခြေ၌ ဆောက်လုပ်ပြီးစီးနေတော မုခ်ဦးတန်ဆောင်း ကြီးကို ရေစက် ချရန် သွားရောက် ကြရပါသည်။ ထိုတန်ဆောင်းကြီးကို ဆောက်လုပ်လှုဒါန်းရသည်မှာ ရွှေမန်း ဆရာတော် ဥိးကေသရ၊ ရဟန်းပျို အဖွဲ့ အတွင်းရေးမှုး ဦးကုသလ စသော ပုဂ္ဂိုလ် တို့၏ တိုက်တွန်း ချက်အရ ထိုမုခ်ဦးတန်ဆောင်း ကြီးကို ဆောက်လုပ်လှုဒါန်းခြင်းဖြစ်ပါသည်၊ ထိုမုခ်ဦး တန်ဆောင်းကြီး သာမက၊ တန်ဆောင်းအနီး၌ သံဃာတော် များအတွက် စာကြည့်ပိဋ္ဌိကတ်တိုက် အဆောက်အဦး တခုနှင့် မန္တလေး တောင်တော် ကြငီးတတောင်လုံးကို ညဉ့်စဉ် ဓါတ်မီး ထွန်းလင်း ပူဇော်နိုင်ရန် ဓါတ်မီး အင်ဂျင် စက်ကြီး တခုကို လည်း ပူးတွဲ လှုဒါန်း လျှက် ရေစက်ချရန် သွားရောက် ရခြင်းဖြစ်ပါသည်။
တန်ဆောင်းရေစက်ချပွဲ အတွက် ရဟန်းရှင်လူ တို့ကို ဘိတ်ကြား၍ အလှုအတန်း၊ အကျွေးအမွေး အတီးအမှုတ် ဧည့်ခံရေးအထွေထွေကို တာဝန်ခံ ဆောင်ရွက်ရသူမှာ မန္တလေးမြို့ရှိ ဗမာ့ခေတ် သတင်းစာကိုယ်စားလည်ဖြစ်ပါသည်။ ကျွန်မတို့က ရန်ကုန်မှသွားပြီး ရေစက်ချရမည့် ဧည့်သည်များ သာဖြစ်ရာ ဘိတ်ကြားရာ၌ မိတ်သစ်မိတ်ဟောင်းတပည့်ငယ်သားဟောင်းများပါ မကျန်မကျွင်းစေအောင်၊ ဆွေမျိုးသားချင်း ၀မ်းကွဲတော်စပ်သူများက တာဝန်ယူ ဘိတ်ကြားပေးထားနှင့်သည်ဟု သိရပြီး ရေစက်ချ အခမ်းအနားနှင့် ဧည့်ခံ ကျွေးမွေးခြင်းဆိုင်ရာတို့မှာ ရဟန်းတော် ဦးကုသလနှင့် မန္တလေး ဗမာ့ခေတ် သတင်းစာ ကိုယ်စားလည်က တိုင်ပင် ညှိနှိုင်းစီမံထားကြပါသည်။
မန္တလေးမြို့အတွက် ခန့်ထားသော ဗမာ့ခေတ်သတင်းစာ ကိုယ်စားလည်မှာ ယခင်ကသင်္ကန်းဝတ်နှင့် ဖြစ်ပါသည်။ စစ်ပြီးခေတ် ရွှေတိဂုံတိုင်အိမ်မှာနေကြစဉ်က၊ မန္တလေးက ကျွန်မ၏ ၀မ်းကွဲအမများ၊ မောင်များ မကြာခဏ ၀င်ထွက်တည်းခိုနေကြစဉ် ၎င်းတို့နည်းတူ ရန်ကုန်လာလျှင် ကျွန်မနှင့်ပတ်သက်လျက် အိမ်မှာ လာရောက် တည်းခိုလေ့ရှိသော သံဃာတော်များအနက် အပါအ၀င်ဖြစ်ပါသည်။
မန္တလေး တောင်တော်ဘုန်းကြီး ဦးကုသလသည် ရဟန်းပျိုအဖွဲ့၌အတွင်းရေးမှူး တာဝန်ကို မယူမှီအချိန်က ကျွန်မအိမ် လာရောက်သီတင်းသုံးတိုင်း သူအတူပါခဲ့သည်။
ဘွဲ့မည်ကို မမှတ်မိပါ။ နောက်များမကြာမှီ လူဝတ်လဲ၍ အိမ်ထောင်ပြုလိုက်သော အခါမှ ကျွန်မတို့က မန္တလေးမြို့အတွက် ဗမာ့ခေတ် သတင်းစာ ကိုယ်စားလည်အဖြစ် ခန့်ထားလွှဲအပ်ပေးခဲ့သူဖြစ်ပါသည်။ ဗမာ့ခေတ် သတင်းစာကိုယ်စားလည် လုပ်ငန်းနှင့် စီးပွားဖြစ်ခဲ့စေယုံမက မန္တလေးထုတ် ဗမာ့ခေတ် သတင်းလွှာနှင့် ကြော်ငြာများ ပူးတွဲထုတ်ဝေယူစေခြင်း၊ ပုံနှိပ်တိုက်တစ်ခုနှင့်စာစီသမားများ၊ အယ်ဒီတာ၊ သတင်းထောက်စသည်များနှင့်တကွ၊ ကား ဒရိုင်ဘာ လခအထိ ရန်ကုန် ဗမာ့ခေတ် တိုက်ကြီး၏ အသုံးစရိတ်တွင်ထည့်ကာ မန္တလေး ဗမာ့ခေတ် သင်းလွှာကို ထုတ်ဝေအကျိုးခံစားစေပါသည်။ ထိုမျှမကသေး ဗမာ့ခေတ်တိုက်ထုတ် သတင်းစာနှင့် စာအုပ်စာတမ်းများ၊ ခဲစာလုံးများ ရောင်းချရာ ဌာနခွဲတစ်ခုကိုလည်း ဈေးချိုနာရီစင်ကြီးအနီးရှိ တိုက်တန်းကြီးတွင် အခန်းတခုငှား၍ ဖွင့်ထားလေသည်။
မန္တလေးရှိ ဗမာ့ခေတ် သတင်းစာကိုယ်စားလည်ကြီးပွားချမ်းသာလာသည်ကို မြင်ရသောအခါမှ ယခင်က ချမ်းသာလာသည်ကို မြင်ရသောအခါမှယခင်က ကျွန်မ၏ သွေးသားထည်းက လုပ်လိုသူရှိလျှင် ပေးပါမည် ပြောပါလျက် သေးနုပ်သော အလုပ်ထင်၍ လက်မခံချင်ကြသူမျူားသည် ဤအလုပ်ကိုပြန်၍ စိတ်ဝင်စားအားကျ လာသည်။ ပေးစဉ်အခါက မယူမိလေခြင်းဟုလည်း တငြီးတွားတွားနှင့် နောင်တတရားရကြောင်း မကြာခဏ စပ်မိတိုင်းပြောကြတော့သည်။
ဒီအခါတော့လဲ ကျွန်မက ဘာမှ တတ်နိုင်မည်မဟုတ်ပါ။ ကိုယ်တိုင်ပေးပြီးသူအား အပြစ်မရှိဘဲ ပြန်လည် ရုတ်သိမ်းခဲ့လျှင် တရားမည်မဟုတ်ပါ။ ယင်းသို့လျှင် ကိုယ်အလိုရှိရာကို ဆွဲငင်တိုင်း မပါ၍ အခဲမကြေဖြစ်ချင်လည်း ဖြစ်နေကြမည်၊ တချိန်မှာတော့ တနည်းနည်းနှင့် အပိုင်စီးလိုက်မည်ဟု နေသေးသပ ချုံထဲက လုပ်ချင်လည်း လုပ်နေကြမည်ဖြစ်သည်။
သို့နှင့် မန္တလေးတောင်ခြေ မုခ်ဦးတန်ဆောင်းကြီးနှင့်တကွ ဓါတ်မီးစက်ပိဋ္ဋကတ်တိုက်တို့ ရေစက်ချရန် ရောက်လာစဉ် ငယ်စဉ်ကကွဲကွာနေကြသော အသိမိတ်ဆွေများ၊ တပည့်ငယ်သားဟောင်းများနှင့် မန္တလေး နယ်နိမိတ်အပြင်တွင် နေထိုင်ကြသော ဆွေဖျားမျိုးဖားများပါ လာရောက်တွေ့ဆုံမိကြသဖြင့် နှုတ်ဆက်ခေါ်ပြော မေးမြန်းရသည်မှာ မော၍ပင် နေပါတော့သည်။ ရေစက်ချပွဲ၍ ဧည့်ပရိသတ် အတော်စဲသွားသောအခါ ကျွန်မ၏ အမ၀မ်းကွဲတော်သော (လွန်ခဲ့သည့် ၃-၄နှစ်ခန့်က ကွယ်လွန်ခဲ့သူ) ဒေါ်ခင်ခင်ဆွေသည်၊ ဆင်းရဲနွမ်းနယ်ပုံပေါက် သောသားအမိ နှစ်ယောက်အား ကျွန်မရှေ့နားသို့ ဆြွထုပ်ပြသည်၊ ဒီသားအမိကို သိသလားဟုမေးသည်။ ကျွန်မက မသိ၍ အဖြေမပေး ဒေါ်ခင်ခင်ဆွေက သူ့အဖေ၏ မိန်းမနှင့်သမီးဟုပြောတော့မှ ငယ်စဉ်ကအတိတ်ကို ပြန်၍ သတိရလာသည်။
ဒေါ်ခင်ခင်ဆွေမှာ ကျွန်မဘကြီးဖြစ်သူ ယခင် အိမ်ကျွေးသိမ်းကိစ္စ၌ ရေးသားဖော်ပြခဲ့ဘူးသော ၀က်မစွတ် မောင်မောင်ကြီး၏ သမီးအကြီးဆုံးဖြစ်ပါသည်။ ယခု ရန်ကုန်ဂွတ်တလစ်လမ်းနေ ပင်စင်စား မီးရထားရဲမင်းကြီးဟောင်း ဦးခင်မောင်လတ်၏ အမအရင်းလဲဖြစ်ပါသည်။ သူ့အဖေ မိန်းမဟု ပြောသည်မှာ သူ့အမေ မဟုတ်၍ ဖြစ်သည်။ သူ့အမေ အသက်ထင်ရှားရှိစဉ်က တရားမ၀င် အထင်ကရ မဟုတ်သော မိန်းမဖြစ်ကြောင်း ကျွန်မ အသိပင်ဖြစ်ပါသည်။
ဘကြီးမှာ ငွေရေးကြေးရေး၌ အတော်ဇယားကြေသူဖြစ်ရာ မယားကြီးကွယ်ရာ၌ တိတ်တဆိပ် အပျော် အပါးထားရာမှပင် စရိတ်စက အကုန်အကျမများပေးသလောက်နှင့် ၀အောင် စားမည့် မိန်းမမျိုးကိုမှ ရှာဖွေခဲ့သူ ဖြစ်သည်။ မရှိနွမ်းပါးသူများဘက်မှ နေကြည့်လျှင်လည်း ဈေးတောင်းခေါင်းရွက်ပင်ပန်းကြီးစွာ လုပ်ကိုင် ရှာဖွေစားရသည်ထက် သက်သက်သာသာနှင့် ၀မ်းစာ ဖူလုံအောင် ထောက်ပံ့မည့်သူကိုသာ ခိုလှုံမှာ အမှန် ပင်ဖြစ်သည်။
သူများသားသမီး နှင့် အငှား ပျော်ရွှင် ရ၏ ဆက်ရန်
.
No comments:
Post a Comment