စာတွင် '' အမျိုး သမီးများကို ထင်သလို သုံး၍ရနိုင်သော တောက်ကိုမည်ရ ပစ္စည်းများအ ဖြစ်သဘော မထား သင့်ကြောင်း၊ စခန်းမှူးနှင့် တကွ သူ၏အပြုအမူသည် ဂျီနီဗာ အစည်း အဝေးမှ ချမှတ်ထားသော ဥပဒေ စည်းကမ်း များနှင့် ဆန်ကျင်လျက်ရှိကြောင်း၊ မိမိတို့ သည်နိုင်ငံတကာ ကြက်ခြေနီအဖွဲ့သို့ တိုင်ကြား ရမည်လိမ့် ဖြစ်ကြောင်း၊ မိမိတို့သည်နိုင်ငံ တကာကြက်ခြေနီအဖွဲ့သို့ တိုင်ကြားရလိမ့်မည် ဖြစ်ကြောင်း''ဖြင့် ပြင်းပြင်းထန်ထန် ရေးသား ကန့်ကွက်ခဲ့ပါသည်။
ဂျပန်တို့ထံမှ တန်ပြန်ပေါက်ကွဲလာမည်ကို ကျွန်မတို့ စောင့်မျှော်နေကြသော်လည်း မည်သည်တို့ပြန်မူမှ မရှိပါ။ ကျွန်မတို့၏ ခြောက်လှန့်မူကပင် ထိရောက်၍ လော၊ သို့တည်းမဟုတ် သူတို့၏ အပြုအမူကို ပြန်ပြီးရှက်ရွံ့နေလား ဆိုသည်ကို မသိနိုင်ပါ။ အရေးကြီးဆုံးမှာ ကျွန်မတို့ထံမှ စားပွဲထိုးရန် မိန်းကလေးများ ထပ်မံ မတောင်းတော့ခြင်းနှင့် လက်စားမချေခြင်းပင် ဖြစ်ပါသည်။
ကျွန်မတို့အပေါ်ယခင်ကထက် တင်းကျပ်စွာ အုပ်ချုပ်ခြင်းနှင့်ထုတ်ပေးနေကျ အစားအစာ လျှော့ချ လိုက်ခြင်းတို့သည် သူတို့၏မကျေနပ်မှု့ သဘောထားကို ထုတ်ပြလိုက်ခြင်းသာ ဖြစ်ပါသည်။
ကျွန်မတို့အတွက် ယခုထက်ပိုပြီး စိတ်ဓာတ်ကျစရာ အကြောင်းမရှိတော့ပါ။ ကျွန်မတို့ကှို မငတ်ရုံတမည် ကျွေးမွေးပြီးသူတို့က ၀၀လင်လင်အလျှံပယ် စားနေကြသည်။ ကားကြီး တွေနှင့် နွားများကို မှန်မှန် သယ်ဆောင်လာကြသည်။ နွားများကသူတို့ကို နွားသတ်ရုံပို့တော့မည်မှန်း သိလေမလား မသိပါ။ ဆူညံစွာ အော်ဟစ် လာကြပါသည်။
ဂျပန်များက အသားများများစားပြီး ကျွန်မတို့တစ်တွေကို အရိုးပေးပါသည်။ အသား များမရှိတော့သည့် အရိုးကိုပင် သဘောထားပြည့်ဝသော မစ္စတာနီကိုလတ်(စ်)က အလွန်လိုအပ်သူများကိုသာ ခွဲဝေပေး ပါသည်။ အသက်၆၀ထက် ကြီးသူများနှင့် အသက် ၂၆နှစ် မပြည့်သေးသူများကို ဦးစားပေးရွေးစေပါသည်။ ကျန်သော အရိုးများကိုမူ အခြားသူများကို ဝေးပေးပါသည်။ ကျွန်မရရှိသော အရိုးများ ကိုမူထပ်ခါတလဲလဲ ကျိုပြီး စွပ်ပြုတ်အဖြစ်သောက်ကြပါသည်။
ဗိုက်မ၀သော်လည်း အာဟာရဓါတ် ပါရှိသဖြင့် အသားလုံးဝမစားရသည်နှင့် စာသော် များစွာ ကောင်းမွန် သည်ဟု ယူဆရပါသည်။
ထို့နောက်စခန်းကို အုပ်ချူပ်သည့် ရွံမုန်းဖွယ်ရာကောင်းသော စခန်းအုပ်ချူပ်သူ ဂျပန် စစ်ဗိုလ်၏နေရာသို့ ကပ္ပတိန်မူရန်ဆိုသူ ရောက်လာပါသည်။သူသည် စစ်ကြိုခေတ်က ရှေ့နေတစ်ဦးဖြစ် ၍ ယခင်က အုပ်ချုပ် ခဲ့သော စစ်ဗိုလ် နှင့် အဖက်ဖက်တွင် ကွာခြားလှပါ သည်။ သူ့အနေနှင့် စစ် ယူနီဖောင်းများကို ၀တ်ဆင် ထားစေကာမူ ငြိမ်းချမ်းသော အချိန်ကလုပ်ကိုင်ခဲ့သည့် အလုပ်၏ အစဉ်အလာများကို ရိုးသေလေးစား နေပါ သေးသည်။
သူသည်တိကျ၍ စည်းကမ်းကြီးသူဖြစ်သည်။ သူမတူအောင်တရားမျှတသူလည်း ဖြစ်ပါသည်။ သူထံချဉ်းကပ် တင်ပြခွင့် ရခြင်းသည်ကောင်းသော အခွင့်အရေးတစ် ရပ်ဖြစ်သည်။ ယခင်ကစစ်ဗိုလ်သည် အကျဉ်းသား များအားလုံး နှင့် ကင်းကင်းရှင်းရှင်း နေသူဖြစ်ပါသည်။
ကျွန်မက မူရန်ထံချဉ်းကပ်၍ ထိုးဆေးများ၊စားဆေးများထုတ်ပေးရန်နှင့် အချို့သော သူများကို ဆရာဝန် ထံသွားရောက် ပြခွင့် ပေးရန် ပြောဆိုသော အခါသူသည် တောင်းဆို ချက်များကိုအတတ်နိုင်ဆုံး ဆောင်ရွက် ပေးခဲ့ပါသည်။
မဟာမတ်တပ်များချီတက်လာမူသည် နှေးကွေးသော်လည်း မှန်မှန်ရှေ့တိုးလာသဖြင့် ကျွန်မတို့အတွက် ရှာရှင်များ ကိုသူအနေနှင့် တိုးတက်ကောင်းမွန်အောင် မလုပ်ပေးနိုင်ပါ။ သူ၏စစ်သားများအတွက် ရသမျှ ရိက္ခာ ကိုဦးစားပေးနေရပါသည်။
ကြာရှည်စွာတည်ရှိလာခဲ့သော တင်းကျပ်သည့် စည်းကမ်းများကိုလည်း လျှော့ချပေးပါ သည်။ အကျဉ်းသား များ အားလုံးကိုမိုးလင်းက ညနေထိအပြင်ထွက်ခွင့် ပြုပါသည်။ လူများအားလုံး အပြင်ထွက်၍ အလုပ်လုပ်ပြီး ငွေရှာ နိုင်ကြသည်။ ရလာသောငွေနှင့် စားစ ရာဝယ်နိုင်ကြသည်။ ၄င်းပြင်မိမိတို့ သိမ်းထားသောကစ္စည်းများနှင့် ဆား၊ သကြား၊ သစ်သီးများဖလှယ်နိုင်ကြသေးသည်။
ကိုဒါမ သည် သူရရှိသော ရာရှင်းများမှခွဲဝေ၍ မကြာခဏဆိုသလို ကျွန်မထံပို့ပေးပါသည်။
ထိုသို့ပို့ပေးသည်ကို လက်ပူးလက်ကြပ်မိခဲ့သော် စစ်ခုံရုံးအတင်ခံရမည် ဖြစ်ပါသည်။
တစ်နေ့ နံနက်ပိုင်းတွင် ကျွန်မ၏၀င်းခြံပတ်ဝန်းကျင်ကို လိုက်လံကြည့်ရှူခိုက် လွှင့်ပစ် ထားသော နွားခြေထောက် မှ ခွာပါသည့်အောက်ပိုင်းကို အမှတ်မထင်သွားတွေ့ရသည်။ အရိုးအရင်းများကို ဂျပန် များက မစ္စတာနီကိုလတ်(စ်) အားမပေးဘဲ နွားသတ်ရုံအပြင် ဘက်တွင်လွှင့်ပြစ်ထားခြင်းဖြစ်ပါသည်။ မည်သူ မျှမမြင်အောင် ၄င်းခြေထောက်များကို ကောက်ယူလာခဲ့ပါသည်။
နောင်သော မည်သူမျှအရေးတယူ မရှိသဖြင့် ကျွန်မသည် မှန်မှန်သွား၍ ကောက်ယူလေ့ရှိ ပါသည်။ စခန်းသို့ ရောက်သောအခါ ရစ်ချက်ကင်းက အမွေးများကု မှန်ကွဲနှင့်ရိတ်ပစ်ပါ သည်။ သူလက်တွင် မှန်ကွဲရှရာ ခြစ်ရာများနှင့် ပြည့်နေသော်လည်း ညည်းညူခြင်းမရှိပါ။ ယင်းနောက်ကျွန်မသည် နွားခွာ ကိုထုနက်ပြီး ခွာထုတ်တ်နိုင်သည်အထိဖုတ်ရပါသည်။ ၄င်းနောက်ရဲတင်းနှင့် နွားခြောက်ထောက်ကို ခုတ်ဖြတ်၍ နာရီပေါင်းများစွာ ကြာအောင် ပြုတ်ရပါသည်။အကောင်းဆုံးသော ကော်ရည်ကိုရရှိပါသည်။
အမဲရိုးများကို ပြုတ်ရသည်မှာ အချိန်အလွန်ကုန်သည် ဖြစ်၍ဤအတောအတွင်း လေယာဉ်ပျံများ ဗုံးလာကြဲလျှင် ပြသာနာတစ်ရပ်နှင့် ရင်ဆိုင်ရတော့မည်။ လေယာဉ်ပျံများ လာနေပြီဟူသော အချက်ပေး သံကြားလျှင်ကြားချင်း စခန်းအတွင်း မီးများအားလုံး ငြိမ်းသတ်ပစ်ရမယ်ဟု အမိန့်ထုတ်ခဲ့ သည်။ မီးမငြိမ်းဘဲ ထားခဲ့သော် လေယာဉ်ပျံများ အတွက်အချက်ပြ မီးများများဖြစ်နိုင်၍ အပေါ်မှဗုံးအလွယ်တကူ ကြဲချနိုင် ပေမည်။
လေကြောင်းအန္တရာယ် ကင်းရှင်းပြီဟူသော အချက်ပေးသံထွက်ပေါ်လာလျှင် မီးပြန်မွှေးခွင့် ရှိပါသော်လည်း ထင်များရေစိုကုန်ပြီဖြစ်၍ ပြန်မွှေးရန်မလွယ်ကူတော့ပေ။
နွားခြေတောက်ကော်ရည် စွပ်ပြုတ်သည်ကျွန်မတို့ မိသားစုအသက်ရှင်သန်ရေးအတွက် အဓိက အစာ ဖြစ်လာခဲ့ ပါသည်။ အကျဉ်းခံနေရစဉ်အတွင်းသူတို့သည် ပြင်းပြင်းထန်ထန် မကျန်းမမာ မဖြစ်ကြပါ။
မီးကို ရေနှင့်ငြိမ်းသက်ရာတွင် ကုသိုလ်ကံ မကောင်းသော ဖြစ်ရပ်များနှင့် ကြုံတွေ့ သေးသည်။
အကျဉ်းစခန်း၏ စည်းကမ်းများသည် စခန်းရှိ လူအများအဖို့ ကောင်းသော် လည်းလူနည်းစုအတွက် ပြောင်း ပြန်ဖြစ်နေတက်သည်။ သူတို့သည် လေယာဉ်ရောက် လာသည်ကိုခွင့်ကောင်းယူကာ သူတို့၏ အိမ်နားချင်းများထံမှ ရတတ် သမျှကို ခိုးယူတတ် ကြသည်။ ကျွန်မကိုယ်တိုင်ပင် အမဲရိုးများ၊ နွားခြေထောက် များပြန်ပြုတ်ရန် ပြင်ဆင်သော အခါအိုးထဲ၌မရှိတော့သည်ကို တွေ့ရတတ်ပါသည်။
တစ်ကြိမ် တွင် ကျွန်မသည် ဂျပန်များထံမှ နွားလျှာတစ်ခုလုံး ကိုခိုးယူလာခဲ့သည်။ ငတ်နေ သည်မှာ နှစ်နှင့် ချီကြာနေပြီ ဖြစ်၍မရှက်နိုင်တော့ပါ။ ရှားရှားပါးပါးရှာထားရသော ပစ္စည်းသည် လေယာဉ် ပျံဗုံးလာကြဲချိန်၌ ပျောက်ဆုံး သွားခဲ့ပါသည်။ ဤကစ္စကို မည်သို့ကို မျှတိုင်ကြား၍ မဖြစ်ပါ။ ပထမအချက်မှာ ပျောက်ဆုံးသော ပစ္စည်မှာ 'သူခိုးလက်မှသူဝှက်လု ခြင်း' မျိုးဖြစ်ပါသည်။
လေယာဉ်ပျံများ ဗုံးလာချသော အချိန်များ၌ မီးလင်းနေလျှင် ပစ်မှတ်ဖြစ်သွားနိုင်၍ မီးငြိမ်း သတ်ထား ရန်ကျွန်မကင်မစ္စတာနီကိုလက် (စ်)ကိုအကြံပေးခဲ့ပါသည်။ ထိုအချိန်က လူအများ လက်ခံရသည်ကို သိပါက လူအချို့ က '' တော်တော်လျှာရှည်တဲ့ ကောင်မ၊ ဖြစ်တာတောင် နည်းသေးတယ်'' ဟုအပြစ်တင် လာနိင် ပါသည်။
အခြားအမိန့် တစ်ခုမှာ ရန်သူလေယာဉ်ပျံများ ဗုံးကြဲနေချိန်တွင် လူအားလုံးဗုံးခိုကျင်းထဲသို့ ၀င်နေရ မည်ဟူသော အချက်ဖြစ်ပါသည်။
ကျွန်မ၏ဗုံးခိုကျင်းထဲ၌ ရေမှာခါးဝက်လောက် အထိရှိနေပါသည်။ ၄င်းပြင်ဗုံးတစ်ခါလာကြဲပြီဆိုလျှင် ၃နာရီထက် မနည်း ကြာတက်သည် ဖြစ်၍ ရေထဲတွင်၃နာရီကျော်ကျော် ရေစိမ်နေရသဖြင့် ဖျားနာ ကုန်ကြ သည်သည်။ ကျွန်မ၏ ဖခင်ကြီးကိုလည်းဗုံးခိုကျင်းထဲ အရောက်သယ်မသွားနိုင်ပါ၍ ယင်းအမိန့်ကိုမနာခံဘဲ ငြင်းဆန်ခဲ့ပါသည်။ ကျွန်မသည်ဖခင်ကြီးနှင့် အတူစားပွဲအောက် ၀င်၍ပုန်းအောင်း လေ့ရှိပါ သည်။
ကပ္ပန်တိန်မူရန်နိုကစိတ်ဆိုးသည်။
'' မင်းဟာတခြားလူတွေလို ငါ့အမိန့်ကို နာခံရမှာပေါ့ ၊ဗုံးခိုကျင်းခထဲသွားပြီးရှောင်နေ ရမှာပေါ့' ဟုကျွန်မ ကိုပြောပါသည်။
'' ကျွန်မတော့ မသွားနိုင်ဘူး၊ ရှင်ပဲသွားပြီး ခါးအထိရှိတဲ့ ရေထဲမှာမတ်တက်ရပ်နေကြပေါ့၊ ဗုံးခိုကျင်း ကိုအမိုးမိုး မပေးနိုင်သမျှ ကျွန်မတော့စားပွဲအောက်မှာ ၀င်ပုန်းရတာကို့ပဲ ပိုသဘောကျတယ်'' မုပြန်ပြော ခဲ့ပါသည်။
ကပ္ပတိန်မူရနိုင်သည်ယခုတစ်ကြိမ်တွင်းလည်း ကျိုးကြောင်းမျှတ၍ သည်းခံနိုင်သူ တစ်ဦးဖြစ်ကြောင်း တွေ့ရ ပါသည်။ ကျွန်မ၏ခေါင်းမာမူကို မသိကျိုးကျွန်ပြုလုပ်နေခဲ့သည့် အပြင် ဗုံးခိုကျင်းများကို ၀ါးကပ်များ မိုးပေးပါသည်။
ဖခင်၏ ကျန်းမာရေးမှာလည်း တစ်နေ့ထက်တစ်နေ့ ကျဆင်းနေပါသည်။ မူလကပုံမှန်ရှိခဲ့ သော ကိုယ်အလေးချိန် ၏ တစ်ဝက်ပင်မရှိတော့ပါ။ မိခင်ကြီးနှင့်ပြန်လည်ဆုံတွေ့ရတော့ မည်ဆိုသော အသိ စိတ်ဓာတ် တစ်ခုတည်းဖြင့် အသက်ရှင်နေခြင်းဖြစ်ပါသည်။ သူသည် အပေါင်းအသင်းများနှင့် နေတတ် သူမဟုတ်ဘဲ တစ်ဦးတည်း အေးအေးဆေးဆေးနေပြီး စာ ဖတ်ခြင်းကို အလွန်ဝါသနာပါသူဖြစ်၍ တောင်ကြီး မြို့ရှိကရိမိုးအိမ်မှစာကြည့် တိုက် ကိုအောက်မေ့သတိရနေပါသည်။
သူသည်နာရီပေါင်းများစွာအိမ်ရာပေါ်မှာ ထိုင်ရင်းဟာလာဟင်လင်း ဖြစ်နေသော အာကာသ ကို ငေးမော ကြည့်ရှူ နေတတ် ပါသည်။ သူစာဖတ်နိုင်ရန်ကြိုးစား၍ ဖြည့်ဆည်းပေးရပါသည်။ ပြင်ဦးလွင် သို့ ရောက်သောအခါ များတွင် လက်လှမ်းမီသမျှ စာရွက်ပေါ်တွင် ပုံနိုပ်ထား သော သတင်းစာ ဟောင်းများ၊ အစိုးရ နို့တစ်စာများ၊ ရုပ်ပြောင်များ၊ ပင်မင်းစာရွက်ပါမကျန်၊ ရှာဖွေ၍ ဖခင်ကြီးကိုပေးရပါသည်။ ဖခင်ကြီးသည် ဖတ်ပြီးသား စာလံုးများကိုပင် ထပ်ခါ တ လဲလဲဖတ်နေသည်ကိုတွေ့ရပါသည်။

ဆက်ရန်
.
No comments:
Post a Comment