ကိုယ့်စရိတ်နှင့် ကြားဝင်၍ အမုန်းခံမှု
နောက်တနှစ် တော်သလင်းသတွင် တောင်မြို့ ကျောက်တော်ကြီးဘုရား၏ ထီးတော်တင်ရမည့် ပွဲတော် ရက်ချိန်း ဖြစ်ပါသည်။ ၎င်းတော်သလင်းလမှာပဲ ပုထိုးတော်ကြီး ဘုရားပွဲတော် ရက်လဲ ကြုံ ကြိုက်ပါသည်။ အကြောင်းတခုကလည်း ယမန်နှစ်က ထီးတော်သစ် တင်ပြီးခဲံသော ပုထိုးတော်ကြီး ဘုရားမှာ ငှက်မြတ်နား နှင့် စိန်ဖူးတော်တိုင်မှာ ယိမ်းယိုင်နေသဖြင့် စိန်ဖူးတော်ကို ပြန်ချလျက် ငှက်မြတ်နားတိုင်ကို အသစ်ပြုပြင် ရပါ သည်။
ထို့ကြောင့် ပုထိုးတော်ကြီး ဘုရားပွဲတော်ရက်မှာ ၀န်ကြီးချုပ်က စိန်ဖူးတော်တင်ခြင်း၊ ကျမ လှူဒါန်း သော ကျောက်တော်ကြီး၏ ထီးတော်ကိုတင်ပေးခြင်း၊ ကျောက်တော်ကြီးဘုရား တင်လှူမည့် ထီး တော်ကြီးကို ကရ၀ိတ် ဖေါင်တော်ဖြင့် တောင်သမန်အင်း တဘက်ကမ်းအရောက် အခမ်းအနားနှင့် ပင့်ဆောင်ခြင်း ပြုလျက် အင်းကြီး၏ တဘက်ကမ်းရောက်သောအခါမှ ကရ၀ိတ်ဖေါင်တော်မှ တဆင့်ပင့်ဆောင်ကာ ထီးတော် ကို တင်လှူ ပူဇော်ရန် ဖြစ်ပါသည်။
ထို့ကြောင့် ပုထိုးတော်ကြီး ဘုရားပွဲနှင့် စိန်ဖူးတင်ပွဲ၊ တောင်သမန်အင်း တဘက်ကမ်းမှ ကျောက်တော် ကြီးဘုရား ထီးတော်တင်ပွဲမှာ တပြိုင်နက်တည်း ပြုလုပ်ခြင်းဖြင့် ယခင်နှစ်ကထက် ချိမ့်ချိမ့်သဲသဲ စည်းကား မည် ဖြစ်သည်။ တောင်သမန်အင်းကြီး၏ ဟိုဘက်ကမ်း သည်ဘက်ကမ်းမှ ဘိုးတော်ဘုရားနှင့် ဘကြီးတော် ဘုရား စသော ဘုရင်နှစ်ပါး၏ ကောင်းမှုတော်ဘုရား ၂-ဆူ၏ ပွဲ တော်ကြီး တပြိုင်နက် ဖြစ်သော ကြောင့်လည်း စိတ်ဝင်စားဘွယ် အလွန်ကောင်းသည်ဟု ယူဆကာ သွားရောက်လိုသူတွေ အလွန်များ နေပါသည်။
ထိုအကြောင်း များကြောင့် ယမန်နှစ်က လိုက်ဖူးကြ၍ လျှာလယ်နေသော အမျိုးသမီးတတွေနှင့် မရောက်ဘူး သေးသော အမျိုးသမီးသစ်တွေကပါ လိုက်ပါရစေဦး ဆိုလာကြသည်။ ကျမကလည်း မငြင်းပါ၊ ရွှေမန်းလွင် မီးရထား မှ ရိုးရိုးတန်းနှင့် အထက်တန်း တွဲရှည်ကြီး နှစ်တွဲကို ကြိုတင်၍ (ဘွတ်ခ) လုပ်ထားခဲ့ပါသည်။
သို့ရာတွင် ရက်ချိန်းနီးသောအခါ တိုင်းပြည် အခြေအနေတစ်မျိုး ပြောင်းလာသောကြောင့် မိန်းမ တွေချည်း ခရီးသွား ၍ မသင့်သေးဟု ထင်သဖြင့် ကျောက်တော်ကြီးဘုရား ထီးတင်ပွဲ သွားရန် အစီ အစဉ်ကို ဖျက်သိမ်း လိုက်ကြ ပါသည်။
တိုင်းပြည်အခြေအနေမှာ သန့်ရှင်းအစိုးရ သုံးလခွဲအချိန်၌ ဗိုလ်ချုပ်နေ၀င်းအား အစိုးရဖွဲ့ရန် လွှဲပြောင်း ပေးလိုက်ရသဖြင့် ဘယ်ရယ်လို့ မဟုတ် လှုပ်လှုပ်ယွယွ ဖြစ်နေကြသည်။ အစိုးရအဖွဲ့ လွှဲပြောင်းရမည့် ဆဲဆဲမှာပင် ကြိုတင်၍ ပြောချင်ရာ ပြေနေကြေသော ကောဠာဟလများကြောင့် လည်း စနိုးစနောင့်ဖြစ်ခါ ခရီး အသွားအလာ ဆင်ခြင်ကြရမည် ဖြစ်ပါသည်။
ယင်းသို့ လူတွေက တွေးချငက်ရာတွေး၊ ပြောချင်ရာ ပြေနေကြသောအခါ ကျမတို့ မိန်းမပိုင်းမှ မသွားဝန့် တော့ပါ၊ အထူးသဖြင့် ကျမနောက်မှ ပါကြမည့် အမျိုးသမီးကလေးများမှာ အပျိုအရွယ် တွေက အတော်များ နေ၍ ပိုပြီး စိုးရိမ်မကင်း ဖြစ်ရပါသည်။ သို့ကြောင့် ရွှေမန်းလွင်နှင့် သွားဘို့ အစီ အစဉ်ကို ဖျက်သိမ်းပြီးနောက် ၂-လ၊ သုံးလခန့် အခြေအနေ ငြိမ်သက်လာသောအခါမှ တောင်မြို့ ကျောက်တော် ကြီးဘုရားသာမက မုံရွာက ဖိုးဝန်းတောင် ဘုရားများအထိ သွားကြရန် ဆုံးဖြတ် လိုက်ပါသည်။
ထိုစဉ်က ဗမာ့ခေတ်သတင်းစာတိုက်၏ အခြေအနေမှာ ကျမ၏ ဟန့်တားမှုကြောင့် အစွန်း အစ မထွက် တည်ငြိမ်လျက် ရှိစေကာမူ၊ အပြင်လူတို့အမြင်မှာတော့ နေ့လား၊ ညလား ဘုရားတနေရပါ သည်။ သန့်ရှင်း နှင့် တည်မြဲ ကွဲကြ ဆဲကြစဉ်အချိန်မှာ မနေတောင့် မနေသာ ထူးထူးကဲကဲဝင်၍ နွှဲ လိုက်သည်။ ကိုယ့်စရိတ် ကိုယ်စား၍ ကြားဝင်အမုန်းခံမှုမှာ သိန်းနှင့်ချီရသလိုပင် အထင်မှား ခံရပြန် သည်။
နိုင်ငံရေး တဖွဲ့ တသင်းမှ ပါတီငွေနှင့် ထုတ်ဝေပေးနေသော သတင်းစာများထက်ပင် နက်နက်နဲနဲ လေးလေး ပင်ပင် ရှိလှသည်။ တန်ဘိုးရှိသော သတင်းစာကြီး တစောင်၏ £နြေ္ဒသိက္ခာကိုမျှ မထောက်မထား မထိန်း မသိန်းနိုင် သည်အထိ ဖြစ်ခဲ့ရသည်။ ဂုဏ်သိက္ခာ စောင့်သိသော ပါ တီ သံယောဇဉ် မရှိခဲ့သော သတင်းစာ တစောင် က မှန်သည်ထင်၍ ထောက်ခံလျှင် ဖြစ်စေ၊ မှားသည် ထင်၍ ဝေဘန်သည်ဖြစ်စေ၊ ဂုဏ်သိက္ခာကို ထောက်ဆ ၍ ကလေးကလား မဟုတ်ဘဲ £နြေ္ဒရ ရမည်။
ဗမာ့ခေတ်ပိတ်ရန် အလှည့်ကြုံပါစေ
ကျမ နားလည်သမျှဆိုလျှင် သတင်းစာကြီးတို့ မည်သည်သိက္ခာ£နြေ္ဒရှိရှိနှင့် သတင်းစာကြီးတို့ မည်သည့် သိက္ခာဣနြေ္ဒရှိရှိနှင့် တိုင်းပြည်နှင့် လူထု၏ အကျိုး ရှိရာရှိကြောင်း၊ နည်းကောင်း လမ်း ပြ ရေးသားရာ၌ ရဲရဲ ရင့်ရင့် ခန့်ခန့် ညားညား တည့်တည့် မတ်မတ် ရှေ့ရှုချီတက် သွားရမည်၊ ပုဂ္ဂိုလ် စွဲမလိုအပ်သော အကြောင်း အရာပင် ဖြစ်စေကာမူ ခံသာအောင် အကျိုးအပြစ်ပြ၍ ပုဂ္ဂိုလ်စွဲလိုလား သော အကြောင်းအရာဖြစ်လာလျှင်လည်း တရားလွန် ချီးမြှင့်မြှောက်ပင့်ခြင်းကင်နိုင်သမျှ ကင်းစေ ရမည်။ သို့မှသာ သတင်းစာကြီး တစောင်၏ ဂုဏ်သိက္ခာနှင့် ညီမျှ နိုင်ပါသည်။
ဖဆပလ နှစ်ခြမ်းအကွဲမှာ ဆိုင်ရာ ဆိုင်ရာမှ ပါတီစွဲသတင်းစာများသည် ပါတီသတင်းစာ ပီပီ ရေးသား ထုတ်ဝေ နေကြသည်။ ပါတီမှ ထုတ်ဝေသော သတင်းစာများ မဟုတ်သည့် အခြားသတင်း စာများမှာ ဘယ်ဘက်မှ လက်လွတ်စပါယ် မယိမ်းကြဘဲ ဣနြေ္ဒရရ နေကြစေကာမူ၊ ဗမာ့ခေတ်မှာ ဘယ်ပါတီ၊ ဘယ်အဖွဲ့ ၏ အငွေ့အသက်မှ မလှုံခဲ့သူ ဖြစ်၍ ပိုပြီးနေသာပါလျက် ဖဆပလအစိုးရ ဆယ်နှစ်ဆယ်မိုးလုံး ထုသား၊ ပေသားရအောင် အနှိပ်စက်ခံခဲ့ရပါလျက် ယောက်ယက် အခပ်ကြီး ခပ်လိုက်သည်။ ဤမျှနှင့် မပြီး သေးဘဲ အယုံအကြည် မရှိ အဆိုမဲခွဲရာတွင် တဘက်သို့ ပါမသွားစေ ရန် ပမညတ အမတ်ပေါင်း သုံးလေးဆယ်အား အိမ်တွင်ခေါ်ယူ ထိန်းသိမ်းပြုစုထားသေးသည်။ ယင်းသို့ ပင်ပန်းကြီးစွာ ပြုပါမှ (ဂ)မဲသာ အနိုင် ရ၍ သန့်ရှင်းအစိုးရ ဖွဲ့နိုင်စေကာမူ သုံးလခွဲမျှသာ သက်တမ်းရှည်ခဲ့သည်။
သို့ရာတွင် သတင်းစာမှာတော့ ကင်ပွန်းမတပ်ရဘဲ၊ ပါတီစွဲသတင်းစာ၊ သန့်ရှင်းတည်မြဲ မည်သူ ဆိုးသည် ကောင်းသည်၊ မည်သည့်ဘက်ထောက်ခံမှ မှန်သည်ဟု ကျမရေးသားနေခြင်း မဟုတ်ပါ၊ ဘယ်အခါကမှ ပါတီစွဲ ပုဂ္ဂိုလ်စွဲ မဖြစ်ခဲ့ဘူးဘဲ၊ သည်အကွဲတွင်မှ အူယား ဖါးယား အပြေးအလွှား ၀င်ရောက်ပြီး သတင်းစာ ကြီးတခုလုံး ခုတုံး ခါးပိုက်ဆောင် လှေခါးထစ်အဖြစ်ကြီး ဖြစ်လိုက်ရသည် ကိုသာဆိုလိုပါသည်။
ဗိုလ်ချုပ်အစိုးရလက်ထက်မှာ တိုင်းပြည်ကောင်းရာကောင်းကြောင်း အုပ်ချုပ်ရေး အပြောင်းအလွှဲ တွင် တောင်လဲရာ မြက်ပြတ်သလို မလိုသော ဋ္ဌာနမှ လူများ အလုပ်ပြုတ်ကုန်ကြရာတွင် ဗမာ့ ခေတ်မှာလာပြီး အလုပ်ပြုတ် ကုန်ကြရာတွင် ဗမာ့ခေတ်မှာ လာပြီးသောင်တင်နေသူတွေလည်း အတော်များသည်။ နိုင်ငံရေး နောက်လိုက် သာပေါင်း ညာစားများလည်း ၀င်လာမစဲ တသဲသဲဖြစ်လာသည်။ နိုင်ငံရေးခေါင်းဆောင် မယ်မယ် ရရ ပုဂ္ဂိုလ်များကိုမဆိုလိုသော်လည်း၊ ထိုခေါင်းဆောင် အမျိုးမျိုးထံ ထွက်ဝင်ခစား၍၊ နိုင်ငံရေး နောက်လိုက် လိုလို၊ နိုင်ငံရေးပွဲစားလိုလို၊ စားဖါး သာပေါင်း ညာစားများ အ၀င်အထွက်များသော အိမ်မျိုးမှာ ဖွတ်တက်ခံ ရသည်နှင့်မခြား၊ ပျက်စီးကိန်းကြုံရမည်သာ ဖြစ်ပါသည်။
အချို့မှာစား ကောင်းအောင် ဟိတ်ဟန်ထုတ်ပြကြသေး၏။ အ, သူယုံတမ်း(၀ါ) အမြှောက်ကြိုက် ယုံတမ်း ခေတ် မှာ၊ အဆိုပါ သာပေါင်းညာစားတို့က ဗမာ့ခေတ် အလုပ်တိုက်မှ။ လစဉ်တရာမှ နှစ်ရာအထိ အလုပ် မပြ ရဘဲ ကျင်လည်စွာ လခထုတ်ယူ နေနိုင်ကြသည်ဟု နောက်မှ ကျမသိရသည်။ ကျမသည် ဤမြင်ကွင်း မျိုးကို ကြည့်၍ မရနိုင်အောင် ဖြစ်လာသည်။
နေ့တရုံးရုံး ညတရုံးရုံးနှင့် ဗလုံးဗထွေးကိစ္စတွေ၊ အမြှောက်အပင့်သမားတွေ၊ နိုင်ငံရေးအစအပါးစားဖါးတွေ ခြေရှုပ် လွန်းလှ၍ အမြဲသတိပေးနေရလျက်ရှိသည်။ ဤတောအတွင်း၌ သတင်းစာ သုံးလေးစောင်ကို တိုက်ပိတ် ခံရသောအခါ ကျမကလည်း ဤမြင်ကွင်းကို ခဏနားအေးမျက်စေ့အေးဖြစ်ချင်လွန်းသဖြင့် ဗမာ့ခေတ် တိုက်ပိတ်ရန် အလှည့်ကြုံပါစေဟုသာ ကြိတ်၍ ဆုတောင်းနေမိပါသည်။ တခါတလေလည်း နှုတ်က ဖွင့်၍ ဆုတောင်းမိသဖြင့် အကြောင်းမသိသူများက အံ့အားသင့်ပြီး ကြည့်နေတတ်ကြသည်။
သို့ရာတွင် ဗမာ့ခေတ်သတင်းစာ တိုက်မှာ အပိတ်ခံရမည့်သတင်းစာထည်းတွင် နံပါတ်၁-ဟု သတင်းပြေး နေရာမှ အလှည့်ကိုမကျဘဲ အခြားသတင်းစာများသာ တစောင်ပြီးတစောင် အငြှိအစွန်းရှိ၍ အပိတ်ခံ ထိရသည်။ ကြေးမုံ၊ ရန်ကုန် ဗိုလ်တထောင်စသော သတင်းစာများ အပိတ်ခံရတတ်သော ရက်များမှာ များသော အားဖြင့် အင်္ဂလိပ်လန်း ပဋ္ဌမပါတ်အတွင်း အပိတ်ခံရတတ်သည်။ ကျမသည် လဆန်း ပဋ္ဌမပါတ် ရောက်တိုင်း ဗမာ့ခေတ် အလှည့်ကြုံပါစေတော့လို့ ကြိတ်ဆုတောင်းမိပါသည်။ သို့ရာတွင် ထိုစဉ်အခါက ဆုတောင်း မပြည့်ခဲ့ပါ။ ယင်းသို့နာမည်ကြီးပြီးမှ ထီးထီးကျန်ရစ်ရသောအခါ အချို့စားဖါးတို့၏ ဖျန်းသန်း ၀ါကြွားမှုနှင့် ဗမာ့ခေတ် အလုပ်တိုက်အတွင်းရှိ အလုပ်သမာကြီးငယ်တို့ ရပ်ကွက်တွင် အထင်ကြီး စေပါသည်။
သူတို့ကြွားလုံးမှာ ငါက ဘယ်ဗိုလ်မှူးကြီး ဘယ်သူ့ကို သွားပြောထားလိုက်လို့ ဗမာ့ခေတ်သတင်းစာတိုက် အပိတ်မခံ ရတာဘဲဟူသော အပြောမျိုးဖြစ်ပါသည်။ ဗိုလ်မှူးကြီး ဘယ်သူဆိုသော နေရာမျိုးမှာ ဧရာမ ဗိုလ်ကြီး ၏ အမည်ကို သူတို့တပည့် ငယ်သားကလေးများ ခေါ်သကဲ့သို့ ရင့်ရင့်,သီးသီး ခေါ်ပြ လိုက်ခြင်း အားဖြင့် လည်း အလုပ်သမား လူငယ်များအား အထင်ကြီးသွားစေသည်၊ ဤဖြီးလုံးမျိုးကြောင့် လူငယ်များ သာမက လူကြီးကြီးကလည်း အထင်ကြီးပြီး ဆည်းကပ်ကိုးကွယ်လျက် လက်သပ်မွေးပါလေတော့သည်။

ဘိလိယက်ခုံတွင် အရက်ချောင်းစီးပြီ
.
1 comment:
တော် တော့် ကို ဝါသနာ ကြီးတာပဲ စာကို..လေ။
ဒီလောက် များတဲ့  စာတွေကို သူ မို့ လို့  ရှာ
တင်နေနိုင်တယ်၊ အံ့ ရော ပဲ ။
Post a Comment