Monday, March 1, 2010
မြန်မာပြည်၏ ဟယ်လင် အပိုင်း(၃ဝ)
အဖမ်းခံနေရသူများ အားလုံးကျွန်မတို့ နေထိုင်လျက်ရှိသော တန်းလျာတစ်ခုတည်း၌ စုပေါင်းနေကြ ခြင်းတော့ မဟုတ်ပါ။ အခြားတန်းလျာဟောင်းများနှင့် တဲများတွင်လည်း နေရာချထား ပေးပါသည်။
ကျွန်မတို့ အထဲတွင် အုပ်စုငယ်ကလေးများ ပေါ်ထွက်လာပါသည်။ ဘရင်ဂျီသာဘာဝင်များ၊ ပရိုတက်စတင့် ဘာသာဝင်များ၊ ဂျူးလူမျိုးများ အာမေးနီးယန်းလူမျိုးများ စသည်ဖြင့်ပေါ်ထွက်လာ ပါသည်။ မိမိတို့ယုံကြည် ကိုးကွယ်သော ဘာသာအလိုက် တရားဓမ္မခံယူကြသဖြင့် မိမိတို့၏ ထုံတမ်းစဉ်လားများကို ထိန်းသိမ်း နိုင်ကြင်္ပြီး စိတ်ဓာတ်များ တက်ကြွလာကြပါသည်။
လူပေါင်း မြောက်မြားစွာကို သံဆူးကြိုးကာရံ၍ ၀င်းခြံကြီးတစ်ခုထဲတွင် ထိန်းသိမ်းခြင်း ခံနေကြရစေ ကာမှုမှာ မရှိသဘေလောက် ဖြစ်ပါသည်။
လူပေါင်းမြောက်မြားစွာကို သံဆူးကြိုးကာရံ၍ ၀င်းခြံကြီးတစ်ခုထဲတွင် ထိန်းသိမ်ခြင်း ခံနေကြရ စေကာမှု တစ်ဦးနှင့်တစ်ဦး ခိုက်ရန် ဖြစ်ပွားမှုမှာ မရှိသလောက် ဖြစ်ပါသည်။ တစ်ကိုယ်ကောင်း ဆန်းသူ လူနည်းစုသာ ရှိပါသည်။
သူတို့သည် တစ်ဖက်သားကို နစ်နာအောင် ပြုင်္ပြီးကိုယ်ကျိုးရှာ သူများဖြစ်ပါသည်။ ထို့သို့သော လူများကို လက်ဆုပ်လက်ကိုင်မိခဲ့ပါလျှင် ကျွန်မတို့နည်း ကျွန်မတို့ဟန်ဖြင့် ခပ်ကြမ်းကြမ်း ဒဏ်ခတ်လေ့ရှိပါသည်။ ထိုနည်းမှာ မြန်သည်၊ ထိရောက်သည်၊ ကြမ်းသည်။ သို့သော် အလွန်တစ်ကိုယ်ကောင်းဆန် သူများပင် အများအကျိုးအတွက် ကောင်းရာ ကောင်းကြောင်း မလုပ်ခဲ့သော် မိမိကိုယ်ကိုယ် ဒဏ်ခတ်သလို ပါလာဟူ၍ နားလည်သွးကြပါသည်။ သူတိ့သည် လူပေါင်းမြောက်မြားစွာနှင့် ၀င်းခြံတစ်ခုတည်းတွင် အတူနေ ကြရ သော်လည်း လူအများက ကြဉ်ထားခြင်း ခံရသောအခါ အထီးကျန်ဘ၀သို့ ရောက်သွားကြပါသည်။
အကျဉ်းစခန်းကို အုပ်ချုပ်သော ဂျပန်စစ်ဗိုလ်သည် အချိန်များ တစ်ရွေ့ရွေ့ ကုန်လာသည့်တိုင် ငဲ့ညှာထောက်ထားခြင်း မရှိခဲ့ပါ။ သူ့အနေနှင့် ပိုမိုရက်စက်လာပါသည်။ အခြားအကျဉ်းခံနေရသူ များထံမှ သိရသည်မှာ ကျွန်မတို့အထဲမှ မိန်းမပျိုလေးခြောက်ဦင်္းကို ဂျပန်အရာရှိ ရိပ်သာ၌ ခေါ်ယူ ခိုင်းစေလျက် ရှိကြောင်းပင် ဖြစ်သည်။ ယခုအချိန်အထိ ကျွန်မတို့နေထိုင်သော တန်းလျားမှခေါ် ယူခြင်းမခံရသေးပါ။ သို့သော်ကျွန်မတိုက၏ အလှည့်မကြာမီ ရောက်လာမည်ကို သိနေပါသည်။ တစ်ညနေတွင် စစ်သားတစ်ဦး ကျွန်မထံရောက်လာပြီး”မိန်းမလေးခြောက်ဦးကို အသင့်စုဆောင်း ထားရန်” ပြောပါသည်။
ကျွန်မက”မင်းရဲ့အရာရှိဆီး ပြန်သွားပြီးပြောပြပါ၊ အလကားအချိန်ကုန် မခံချင်ပါနဲ့လို့”ဟု ပြောပါသည်။
စစ်သားကမူကျွန်မ၏စကားကို လက်မခံပါ။ လက်နှစ်ဖက်ကို ထောင်၍တစ်ဖက်က ငါးချောင်း၊ တစ်ဖက်ကတစ်ချောင်း၊ လက်ခြောက်ချောင်းကို ပြကာ “မိန်းကလေး ခြောက်ယောက်”ဟုပြောပါသည်။
ကျွန်မသည် စစ်သားအား စောင့်နေရန်ပြော၍ မစ္စတာဂျော့နီကိုလတ်(စ်)ထံ အကျိုးအကြောင်းသွား ပြောသည်။ မိန်းကလေးရှင် မိဘများနှင့်ချက်ချင်း အစည်းအဝေး လုပ်ကြပါသည်။ အားလုံးမလွှတ် ရန် တင်းခံ ကြပါသည်။ မိန်းကလေး တစ်ဦးတစ်ယောက်ကိုမှ အရာရှိရိပ်သာသို့ မလွှတ်ရန်ဆုံး ဖြစ်ကြပါသည်။
ကျွန်မတွင် မွေးစားသမီးမျာ ရှိနေပြီးဖြစ်၍ ကျွန်မကိုယ်ကိုယ် သမီးရှင်တစ်ဦးအဖြစ် ခံယူထားပါသည်။
စားပွဲထိုးရန် သက်သက်ပါဟု မိန်းကလေးများကို လာခေါ်သူ စစ်သား၏ ပြောစ ကားကိုလည် မည်သို့ အလေးအနက် ထားနိုင်ပါမည်နည်း။ ကံမကောင်းအကြောင်းမှ၍ အရာရှိရိပ်သာ သို့ရောက်သွား နေသူများ အနက်မှ စားပွဲထိုး အလုပ်အပြင် အပိုတွေ မည်မျှလုပ်ခဲ့ ရသည်ကို ကျွန်မကြားသိပြီးဖြစ်ပါသည်။
ကျွန်မသည်စောင့်ဆိုင်းနေသော စစ်သားထံပြန်သွားပြီး..... “မင်း ပြန်သွားပြီး အုပ်ချုပ်ရေးအရာရှိ ကိုပြောပြပါ။” မိန်းကလေးကိုတော့ မရနိုင်ဘူး၊ တကယ်လို့ မဖြစ်နိုင်ဘူးဆိုရင်လည်း မိန်းမ အသက်ကြီးကြီး တွေ ရမယ်လို့ သတင်းပိုကလိုက်ပါဟု အလေးအနက် ပြန်ပြောပြလိုက် ပါသည်။
သူအလိုရှိသော အသက်အရွယ် ငယ်ငယ်မိန်းကလေးများကို ဧည့်ခံပွဲအတွက် မရခဲ့လျှင် ကျွန်မတို့ ကိုလက်ခံ လိမ့်မည် မဟုတ်ဟုမျှော် လင့်ခဲပါသည်။ ကျွန်မတို့၏ တင်းခံနေမှုနှင့် အတူကင်းလွတ် ခွင့်ရမည်မရမည်ကို မသိပါ။ ဟန်ဆောင်နေရစေကာမူ ကျွန်မတွင် တာဝန်ရှိပါသည်။ ကျွန်မ၏ အသက်နှင့်ခန္ဓာကိုယ် တည်မြဲ နေသမျှ အရက်မူးသမား၊ ဂျပန်တဏှာအိုးများ၏ ကစားစရာ အရုပ်များသဖွယ် ထင်ရာစိုင်းခြင်းကို ငုံ့ခံ နေမည် မဟုတ်ပါ။
စခန်းအုပ်ချုပ်သူ အရာရှိက ကျေနပ်လိမ့်မည်မဟုတ်ပါ။ သို့သေည် “အလကားရတဲ့နွား သွားဖြဲကြည့်မနေနဲ့” ဟူသော စကားပုံကို လက်ကိုင်ထားလေရော့သလား မသိပါ။ ကျွန်မတို့ အဆိုပြုချက်ကို လက်ခံ လိုက်ပါသည်။ မိန်းမကြီးကြီး ခြောက်ယောက်သည် တစ်ယောက်မျှ မရသည်ထက်တော့ ကောင်းသေး သည်ဟူ၍ သဘောထားဟန်တူပါသည်။
စာပွဲထိုးလုပ်မည့် သူများကို မိမိတို့ဆန္ဒအရ စာရင်းပေးသူများထဲမှ ခြောက်ဦးကို ရွေးပါသည်။ အလွန် အန္တရာယ် များ၍ဒုက္ခရောက်နိုင်သော အလုပ်ဖြစ်၍ သန်သန်မာမာ ဖျတ်ဖျတ်လတ်လတ် အမျိုးသမီးများကို ရွေးထုတ် ပါသည်။ ကျွန်မ၏ စေ့ဆော်ချက်ကြောင့် ယခုကဲ့သို့ အရေးတော်ပုံ ပေါ်ပေါက် လာသည်ဖြစ်၍ ကျွန်မ ကိုလည်း စားပွဲထိုး စာရင်းတွင် ထည့်ကြပါရန် တိုင်တွန်းရပါ သည်။
ကျွန်မတို့လူအုပ်သည် ဂျပန်တဏှာအိုများ စိတ်ကိုထကြွအောင် လှုံ့ဆော်နိုင်စွမ်းရှိသော မိန်းမချော မိန်းမလှ ကလေးများ မဟုတ်ပါ။ အ၀တ်အစားမျာမှာ ယက်ချည်ထက် ချုပ်ချည်က များပါသည်။ အစား၀၀မစာရ၍ ကိုယ်ကာယ အလှကလည်းမရှိ၊ အသားအရေကလည်း မွဲတေတေ၊ မွဲခြောက်ခြောက်နှင်ပါ။
တစ်ချိန် က ဘုန်းတော်ကြီး မစ္စတာစလေတာ၏ တောင်ကုန်းပေါ်၌ ဆောက်ထားသော အလွန်လှ ပသည့် တစ်ထပ်တိုက် ကလေးကို အရာရှိရိပ်သာ လုပ်ထားသည်ဖြစ်၍ ကျွန်မတို့တစ်တွေ တောင်ကုန်း ပေါ်သို့တက်လာကြရပါသည်။ ထိုအိမ်ကို စစ်တပ်က သိမ်းထားသော်လည်း မစ္စတာစလေတာ ဂုဏ်ယူ ပြောလေ့ရှိသော နှင်းဆီဥယျာဉ်မှာ အလွန်လှပသော အဖူးအဖွင့် များ ဖြင့် မွှေးကြိုင်းလျက်ပင် ရှိပါ သေးသည်။
အချိန်ကြာမြင့်ပြီဖြစ်၍ နာမည်များကို မေ့ပျောက်သွားပြီး ဖြစ်သော်လည်း မျက်နှာကိုတော့် မြင်ယောင် နေမိပါသည်။ ကျွန်မတို့ လူစုထဲမှ အလွန်စွဲမက်စရာကောင်းသော အမေရိကန်သူ မေရီထွန်းလှအောင် ကိုတော့ ကောင်းကောင်းမှတ်မိပါသည်။ သူ့ခင်ပွန်း ပုလိပ်အရာရှိ ဦးထွန်းလှ အောင်မှာ တစ်နေရာရာတွင် ထိုအချိန်၌ ဖမ်းခံနေရပါသည်။
စားပွဲရှည်ကြီးတွင် ထိုင်ပြီးစားသောက်နေကြသည့် ဂျပန်အရာရှိများအား ဟင်းခွက်များ လိုက်လံချ ပေးရ သည်ကပင် နှိပ်စက်ခ့နေရသလို ခံစားမိသည်။
ကျွန်မတို့သည် နေ့စဉ်ချို့ချို့တဲ့တဲ့ စားသောက် နေကြရသူများ ဖြစ်၍ လူချင်းဆုံမိလျှင် ဤစစ်ကြီးသာ ပြီးသွား ပါက ဘယ်လိုအစား အစာတွေစားလိုက် ကြမည်ဟုမစားရ ၀ခမန်းရသေ့စိတ်ဖြေ ပြောဆိုခဲ့ကြသည်။ ညစာ စားပွဲများ ကျင်းပခဲ့လျှင် ဘယ်လိုအစားအစာများနှင့် ဧည့်သည်များကို ဧည့်ဝတ်ပြုမည် ဟူ၍ နာရီပေါင်း များစွာ အိပ်မက်မက်ခဲ့ကြသည်။ ထို့ကြောင့် ယခုသူတို့စားသောက်နေသည်ကို ကြည့်ပြီးအနှိပ်စက်ခံနေရ သလို ဖြစ်ရ၏။
သို့သေည် သာယာမိပါသည်။ စိတ်ကူးယဉ်အိပ်မက်ထဲမှ အစားအစာများကို ကျွန်မကိုယ်တိုင်စိတ် ထဲမှ မြည်းစမ်း ကြည့်ခဲဖူးပါသည်။ ယခုထိုအစားအစာများကို ကိုယ်တိုင်မြင်တွေ့ ရသောအခါသွား ရည်ယိုမိ ပါသည်။
ဂျပန်များက ကျွန်မတို့၏ စိတ်လှုပ်ရှားမှုကို အမှတ်မဲ့နေကြသည်။ သူတို့သည် ဆာကေကို တစ်ခွက်ပြီး တစ်ခွက် အစားများနှင့်အတူ မျှောချနေကြပါသည်။ အရက်များများ သောက်လိုက်ကြ သောအခါ ပိုပြီး ဆူဆူ ညံညံ ဖြစ်လာခဲ့သည်။
နောက်ဆုံးပန်းကန် သိမ်းဆည်းပြီးသောအခါ စခန်းမှူးဂျပန်စစ်ဗိုလ်က အရက်မူးမူးဖြင့် ယိုင်တိယိုင်  တိုင်မတ်တတ်ရပါ၍ ကျွန်မတို့ကို သူတို့နှင့်အတူ ဧည့်ခန်းသို့ လိုက်ခဲ့ရန်ညွှန်ကြားပြသည်။ အမှန်အားဖြင့် ကျွန်မတို့သည် စားကြွင်းစားကျန် ပန်းကန်ခွက်ယောက်များကို ဆေးကြောသန့်စင် ရန်သာရှိပါသည်။ သို့သော် ဂျပန်များကမူ အမျိုးသမီးများသည် သေးသေးဖွဲဖွဲအလုပ်ကို လုပ်ရန်မဟုတ်။ ဂျပန် စစ်သည်တော် များအား ဖြေဖျော်ရမည့် တာဝန်က ရှိသည်ဟူ၍ မှတ်ထား ကြပါသည်။
ဆက်ရန်
.
3 comments:
Anonymous said...
အမ.. ပျောက်သွားပါပီ..ဟီး..
ညက အစောကြီးအိပ်သွားလို့..။
မြတ်နိုး said...
သူတို့သည် တစ်ဖက်သားကို နစ်နာအောင် ပြုင်္ပြီးကိုယ်ကျိုးရှာ သူများဖြစ်ပါသည်။ ထို့သို့သော လူများကို လက်ဆုပ်လက်ကိုင်မိခဲ့ပါလျှင် ကျွန်မတို့နည်း ကျွန်မတို့ဟန်ဖြင့် ခပ်ကြမ်းကြမ်း ဒဏ်ခတ်လေ့ရှိပါသည်။ ထိုနည်းမှာ မြန်သည်၊ ထိရောက်သည်၊ ကြမ်းသည်။ သို့သော် အလွန်တစ်ကိုယ်ကောင်းဆန် သူများပင် အများအကျိုးအတွက် ကောင်းရာ ကောင်းကြောင်း မလုပ်ခဲ့သော် မိမိကိုယ်ကိုယ် ဒဏ်ခတ်သလို ပါလာဟူ၍ နားလည်သွးကြပါသည်။ သူတိ့သည် လူပေါင်းမြောက်မြားစွာနှင့် ၀င်းခြံတစ်ခုတည်းတွင် အတူနေ ကြရ သော်လည်း လူအများက ကြဉ်ထားခြင်း ခံရသောအခါ အထီးကျန်ဘ၀သို့ ရောက်သွားကြပါသည်။
အမှန်ပဲ...။
မောင်မောင် said...
စာလာဖတ်ပါတယ် ခင်ဗျာ။
အပိုင်း ဘယ်လောက်ထိ ရှိလဲ မရွှေစင်ဦး?
တစ်ခါတည်း တင်ပေးယင်သိပ်ကောင်းမှာ :)
ကျေးဇူးများတင်စွာဖြင့်
ခင်မင်သော
မောင်မောင်