Thursday, February 25, 2010
http://shwezinu.blogspot.com နှင့် မြန်မာဘလော့ အကယ်ဒမီဆုကြီး (၇)
MBBA မြန်မာဘလော့ အကယ်ဒမီဆု ရွေးချယ်ရေး အဖွဲ့ကြီး
နှင့် ပတ်သက်၍
ရွှေစင်ဦး ၏ ယူဆချက်
အင်း အကယ်ဒမီ ဆု ကြီး နဲ့  ဒီနှစ်တော့ လွဲသွားပြီ (နောက်နှစ်တော့ ရမဲ့အတိုင်း)...၊ စတာပါဗျာ.. ဘယ်နှစ်မှာဘဲ လုပ်လုပ် ကျနော့် ရဲ့ မူဝါဒ နဲ့ မညီတဲ့ အတွက် ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ပါ...၊ ကျနော့် သဘောက ဂုဏ်သိက္ခာနဲ့ ဆိုင်တဲ့ ဆုတွေကို စာရင်းပေးပြီး ပြိုင်တာ မထောက်ခံဘူးဗျ..၊ အနိမ့်ဆုံး ဥပမာဗျာ.. ကျနော်တို့ ပြည်ကြီး မှာ စာပေ နဲ့ပတ်သက်ရင် အမျိုးသား စာပေဆု..၊ စာပေဗိမ္မာန်ဆု.. ဆိုပြီး နှစ်စဉ် ပေးလေ့ ရှိတယ်..၊ ဘယ်လို အနေအထား မျိုးမှာ ဆု ကိုရွေးချယ်လည်း ဆိုတာ ကျနော် သိသလောက် ပြောမယ်.. ကျနော် အမှတ်မှားရင် လည်း ပြင်ပေးကြပါ..။
စာပေဗိမ္မာန်ဆု အတွက်ဆိုရင် ပြိုင်ပွဲဝင်ရတယ်ဗျ..၊ အဲဒီပြိုင်ပွဲဝင် တဲ့ အထဲကမှ အကောင်းဆုံးလို့ ထင်တာကို ဆုရွေးချယ်ရေး အဖွဲ့က ဆုပေးတယ်..၊ နောက်တခါ အမျိုးသား စာပေဆု..၊ ဒီဆုကြတော့ တနှစ်အတွင်းမှာပုံ နှိပ် ထုတ်ဝေထား တဲ့ အထဲက ဆုရွေးချယ်ရေး အဖွဲ့က အကောင်းဆုံး လို့ သတ်မှတ်တဲ့ စာရေးဆရာ က ဆုရတယ်..၊ ပြိုင်ဘို့ မလိုဘူးဗျ.. ခင်ဗျားတို့ စဉ်းစားကြည့်ကြပေါ့ဗျာ.. ဘယ်လောက် ဂုဏ်ခြင်းကွာလည်း ဆိုတာ..၊ အကယ်ဒမီ အဖွဲ့ကြီး အနေနဲ့ ရည်ရွယ်ချက် ကောင်းကောင်း နဲ့ ဆုပေးပွဲ လုပ်တာကို ဝမ်းသာပါတယ်..၊ သို့သော် အားစိုက်ထုတ်မှု့ တခုတော့ လုပ်ပြီး ပြိုင်ပွဲ ဝင်ဘို့ အဆင့်မှီ တဲ့ ဘလော့ဂ် တွေကို တော့ အရင် ရွေးချယ်ပေးသင့်ပါတယ်..။
ဒီနှစ် အတွက် ဆိုရင် ပြိုင်ပွဲဝင် ဘလော့ဂ် တော်တော်များများ ဟာ ကိုယ့်သဘောမပါဘဲ ပြိုင်ပွဲ ဝင်ရတဲ့ သူတွေများ ဖြစ်နေပါတယ်.. စာဖတ်သူများ (သို့မဟုတ်) တယောက်ယောက် ကဂျောက်ချလိုက် လို့ ပါရတဲ့ ဘလော့ဂ် တော်တော် များများ ကျနော် တွေ့လို့ပါဘဲ.၊ စည်းမျဉ်း စည်းကမ်း ထဲမှာ ဘလော့ဂ် ပိုင်ရှင် ကိုယ်တိုင် စာရင်း သွင်းရမယ် ဆိုတာ ထဲ့ ထားပြီး စာရင်း သွင်းသူဟာ ဘလော့ဂ် ပိုင်ရှင် ဖြစ်မှန်း တောင် သိအောင် မစစ်ဆေးနိုင် ဘူး  ဆိုတာ တမျိုးကြီးပါဘဲ...။
နောက်ပြီး တချို့ ဘလော့ဂ် ဆု ခေါင်းစဉ် များဟာ ကိုယ်ကိုကိုယ့် အကောင်းဆုံးလို့ ယူဆပြီး ယှဉ် ပြိုင်ဘို့ မသင့်တော်တဲ့ ဆုများဖြစ်နေပါတယ်ဗျာ..၊ မြန်မာ ဘလော့ဂ်များ တိုးတက်ရေး ဘာ၊ ညာ အော်နေပြီး မြန်မာ ဘလောဂ်ဂါများ ဂုဏ်သိက္ခာ ရှိအောင် စဉ်းစား မပေးတာ လည်း နောက် တမျိုးကြီး ပါဘဲ..။
ကဲနောက်ဆုံး ပြောချင်တာကတော့ ကျနော် ဟာ ကျနော် လိုချင်တဲ့ မူ မဟုတ်တဲ့ မြန်မာ ဘလော့ဂ် အကယ်ဒမီ ဆု ပြိုင်ပွဲကို ဘယ်နှစ်မှာမှ ဝင်ပြိုင်မှာ မဟုတ် ပါဘူး..၊  နောက်ပြီး ကျနော်ဟာ  ပြိုင်ပွဲ မှာ ပြိုင်နိုင် လောက်အောင် လည်း အဆင့် မရှိပါဘူးဗျာ....၊  ဒီနှစ် လည်း ကျနော် ပြိုင်ပွဲ မှာ ပါတယ်ဆိုတာ သိရ တာနဲ့  နှုတ်ထွက် မလို့ပါဘဲ.. ဒါပေမဲ့ ကျနော့် ကို လေးစားလို့ ပေးထားတဲ့ မဲလေး မဲ ကို တန်ဘိုးထား တဲ့ အတွက် နှုတ်ထွက် ခြင်း မပြုခဲ့တာပါ... ဒါက ပြိုင်ပွဲ နဲ့ ပတ်သက်လို့ ပြောချင်တာလေးတွေပါ...။
အရှုံးကိုဝန်ခံခြင်း 
ကဲ အကယ်ဒမီ ပြိုင်ပွဲကြီးလည်း ပြီးသွားပြီ.. နိုင်တဲ့ သူတွေလည်း နိုင်..၊  ရှုံးတဲ့ သူတွေလည်း လဒ မှိုင် မှိုင်လို့  မျောက်ထိုင် ထိုင် နေတယ်..(ကျနော့် ကိုယ် ကျနော် ပြောတာဗျ) ..၊ ဒီနေ့ ဆုရ စာရင်း တွေ ထွက်တယ် ဆိုလို့ (ကိုမိုးကြီး လာပြောတာ..ကျေးဇူးပါ) ကျနော် လည်း ပြိုင်ပွဲ ဆုရစာရင်း တွေ သွားကြည့် ရင်း အင်း ငါတော့ ရှုံးပြီ.. ဒိုမိန်းကြီး နဲ့ လည်း လွဲပြီ ဆိုပြီး စိတ်ညစ်ညစ် နဲ့ ပြန်လာတယ်ဗျ... တကယ်တန်း တော့ ဗျာ.. စာဖတ်သူများ ဟာ အကင်းမပါးကြပါဘူး ..၊ ဘလော့ဂ် လောကကြီး အကျိုး အတွက် ဘယ်သူ က ဆောင်ရွက်နေလည်း ဆိုတာ လည်း မသိကြဘူး .... ကျနော် ဆိုရင် ဘလော့ လောကကြီး စည်ပင် သာယာရေးအတွက် ဘယ်လောက်များ ကြိုးစားခဲ့ ရသလည်း.. လမ်းတွေဖောက် ၊ တံတားတွေဆောက်...(ယောင်သွား လို့ပါဗျာ.. ခုလေးတင် သတင်းစာ ဖတ်ထားလို့ပါ) ဆိုတာ မသိချင် ယောင် ဆောင်နေ ကြ တာတော့ မကောင်းဘူးထင်တယ်ဗျ..။
ကဲ.. ထားလိုက်ပါတော့ဗျာ.. ရှုံးတာလည်းရှုံးပါပြီ.. ဒါပေမဲ့ ရှုံးတာကို ဝန်ခံရဲတဲ့ သတ္တိတော့ ရှိရမယ်ဗျ.. ၊ ကျနော်က ဝန်တော့ ခံချင်ပါတယ်.စိတ်ထဲတော့ သိတ်မပါဘူး..၊ ဒိုမိန်းကြီး နဲ့ ထိုင်းနိုင်ငံ စားရိတ်ငြိမ်း ဆိုတာကြီးက  ဝန်မခံရဲအောင်ကို ဖြစ်နေတယ်..၊ ကြီးလိုက်တဲ့ လောဘ.. ၊ မတော်တရား လုပ်ချင်တဲ့ လောဘ..  ဒီလောက် အများပြည်သူ ရှေ့မှာ..၊ ကမ္ဘာ အရပ်ရပ်က ဂုဏ်သိက္ခာရှိသော လူများရှေ့မှာ မဲပုံးကြီး ထောင်ပြီး ဒီလောက် မဲတွေပြတ်နေတာတောင် .. အရှုံးကို ဝန်မခံနိုင်အောင် ဖြစ်နေတယ်ဗျာ...၊ ဖြစ်နှိုင်ရင် အကယ်ဒမီ ဆုပေးပွဲ ကြီး နောက်တကြိမ်လုပ်ခိုင်းပြီး  မနိုင်မခြင်းပြိုင်ရ ကောင်းမလား လို့ပါ...အကြံဆိုးတွေ.. အကြံဆိုးတွေ .. ....။
ဒါပေမဲ့ ဒီတခါ ပြိုင်ပွဲ လုပ်ရင်တော့ ကျနော် မနှိင် နှိုင်တဲ့ လူတွေ မထည့်တော့ ဘူးဗျ.. ဥပမာ .. ဂုရုကြီးသမီး ဘလော့ဂ်တို့ မြစ်တို့၏ မာယာဘလော့ တို့ ကို မြစ်ကျိုးအင်း တို့ ဆိုရင် ကျနော် စာရင်း ကို အသွင်းမခံတော့ဘူး.. ကျနော့် ငယ်နိုင် တွေ ဖြစ်တဲ့ ကိုကြီးကျောက် တို့ ကိုမောင်တို့ ကိုမိုး တို့ ဆိုရင် လာခဲ့ လာခဲ့... သဘောထားကြီးကြီး နဲ့ ကျနော် ကိုယ်တိုင် မဲရုံကြီး ရှေ့မှာ မဲပုံးကြီး ဘေးထားပြီး ခန့်ခန့်ကြီး ကို ဓါတ်ပုံ အရိုက်ခံ အုန်းမှာဗျ..ကဲ ချစ်သော ဘလော့ဂ် ဂါ တို့ရေ  ဘယ်လိုလည်း ကျနော် မနိုင်မချင်း အကယ်ဒမီ ဆုကြီး အတွက် မဲပုံးထောင်ဘို့ ဘဘောတူကြတယ်နော် ....၊ ကဲ.... ကြာသလား လို့ ကျနော် ဆုရရင် မမေ့ပါဘူးဗျာ.. အတူတူ ဝေမျှ စားကြ တာပေါ့...။
ကဲ..ဒါကတော့  ကျနော် နဲ့ အတူ ပြိုင်ပွဲကို အသဲတထိပ်ထိပ် ရင်တဖိုဖို နဲ့ အရှုံး အနိုင်ကို ပဓါန မထားဘဲ.. ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြတဲ့. ချစ်သော အရှုံးသမား ဘလောဂ်ဂါများ ( မဲတမဲ တိုးသွားတိုင်း တိုးသွားတိုင်း...  တပက် တပက် တီးခဲ့ ကြတဲ့ ဘလော့ဂ်ဂါ အသောက်သမား များ  (ကိုမိုး.. ကိုနွေဆူး..ကိုဏီလင်းညို...)  တို့ကို မရည်ရွယ်ပါ... ) ကို.. အပြုံးလေး နဲ့ အရှုံးကို ယဉ်ဆိုင်ဘို့ စနောက် ပြီး ရေးခဲ့ တာပါ......။
တကယ်တန်းတော့ တသက်တခါ ဒီလိုလေး မဲပုံးထောင်ပြီး လူလိုသူလို အရွေးမခံရဘူး ဘူး ဆိုတော့ အခွင့် အရေး ရတုန်း ကျနော် ကိုယ် ကျနော် အမေရိကန် သမ္မတ ရွေးကောက်ပွဲ လိုလို ဘာလိုလို နဲ့ အရှုံးကို ဝန်ခံတာလေး ဘာလေးနဲ့ လုပ်နေတာပါဗျာ... ။
ကျနော်သာ အရှုံးကို ဝန်မခံရင် ပထမ ရတဲ့ ဘလော့ဂါလေး ခမျာ တလည်လည် နဲ့ တရားဝင် အနိုင်မရမှာ ကို ကိုယ်ချင်းစာပြီး သနားလွန်းလို့ပါ  http://shwezinu.blogspot.com  လေး အရှုံးကို ဝန်ခံပါတယ်. ကျနော် ဟာဖြင့် စာဖတ်သူ ပရိသတ် ကြိုက်အောင် လုပ်မပေးနိုင်ခဲ့ပါဘူး.. ကျနော် တကယ် ရှုံးပါတယ် .. ပထမ ရတဲ့ ဘလော့လေး က တော်လွန်းပါတယ်.. ကျနော်က ရှော်လွန်းပါတယ်.. ကဲ ပထမ ရတဲ့ ဘလော့ဂ် လေး ခင်ဗျား.. ဆက်လက် ပြီးတော့ အစွမ်းရှိသမျှ ကြိုးစား ဆောင်ရွက်နိုင် ပါစေလို့ ဆုတောင်း ပေးလိုက် ပါတယ် ။
နောက်ဆုံးအနေနဲ့ အခု မြန်မာဘလော့ အကယ်ဒမီဆုကြီးကို ဆွတ်ခူးသွားတဲ့ သက်ဆိုင်ရာ ခေါင်းစဉ် အလိုက် ဆုရခဲ့ ကြတဲ့ ချစ်သော ဘလော့ဂါ များကို ဂုဏ်ပြုချီးကျူးရင်း ကျနော် ရွှေစင်ဦး အရှုံးကို ဝန်ခံပါတယ်... ဆိုတာကို စာဖတ်သူများအား အသိပေးပြောကြားပါတယ် ခင်ဗျား.....။
လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
ဆုကြည်ချင်လျှင်- http://www.mmblogpress.org/for-regt-to-vote-for-vote/
.
(Connection မကောင်းတဲ့ အတွက် ကျနော် အနိုင်ရ ဆုမဲများကို မတင်ပြနိုင်ပါဘူး ဆီပုံးထဲမှာ ကိုမိုးကြီး ပြောထားတဲ့ လင့် အတိုင်းသွားကြည့် ကြပါခင်ဗျာ.. ကျနော် ခေါင်းစဉ် အောက်က ဆိုရင် နှင်းနဲ့မာယာ..၊ နောက်... ကိုပီတာ..၊ ကိုမြစ်ကျိုး တို့ ပထမ ဆုရသွားပါတယ် ဗျား )
.
16 comments:
Anonymous said...
ဟားဟား... အမ.. အမ..
အဲဒီလိုစာတွေကို မဖတ်ရရင် အသ်တိုမှာဆိုးလို့.. အမသဘော..အမသဘောလို့ပြောတာဗျ။
လမ်းတွေဖောက် ၊ တံတားတွေဆောက်...(ယောင်သွား လို့ပါဗျာ.. ခုလေးတင် သတင်းစာ ဖတ်ထားလို့ပါ) ဟီးဟီး... ကျန်သေးတယ်။ မီးတွေထိန်နေအောင်ပေးတာ။ ..
ဟီးဟီး..။
ဘာပဲဖြစ်ဖြစ်ပါအမရာ။ အမက ပျော်စရာအလွန်များတဲ့ တိုင်းပြည်မှာနေပီး မဲမရလို့ ငိုမနေနဲ့နော်။ တော်ကြာမှောင်နေတာပဲဆိုပီး ငိုနေတဲ့အချိန် ဗြုန်းဆို မီးထလာမှ .. အရှက်ကွဲမယ်။ ဟီးး
ပျော်စရာ အလွန်ပေါတယ်ဆိုလို့ မသိမှာဆိုးလို့ ရှင်းပြမယ်နော်.. မီးလာလဲ ပျော်..။ ရေလာလဲပျော်။အင်တာနက် ၀င်လို့ရရင်ပျော်..။ တွေးကြည့်ပါ.. ပျော်စရာတွေကြီးပဲ..။
ahphyulay said...
အင်း ပြောရမယ် ဆိုရင် ကျွန်တော်ကတော့  ဘလော့ 
လောကထဲမှာ ဟိုး.. အောက်ဆုံးက ဖြစ်နေတဲ့ အတွက်
ဘလော့ လေး ကိုလဲ ကိုယ်ရေးချင်နေတာလေးတွေ ရေး
နေရရင်ပြီး ရော လောက်ပဲ သဘော ထားနေတဲ့ သူတစ်ယောက်
အနေနဲ့  ဝေဖန်ရမှာ သိပ်မြင့် ပြီး သိပ်ခက်နေပါတယ်။
ဒါပေမဲ့  တစ်ခုတော့ ပြောခဲ့ ချင်တယ်။ ဆုရတာ မရတာ
အရေး မကြီးပဲ စာလေးတွေ ပဲ ဆက်ရေး နေနိုင်ရင် မပြီးဘူးလား။
ထင်တာ ပြောရရင် ဘလော့  လောက ကြီးက ဘာစံ ဘာ
ပေတံ မှ မရှိ ခဲ့ ပါဘူးလို့ ။ ပရိတ်သတ် က သူဖတ်ချင်တာ
လေးတွေပဲ ရွေးဖတ် နေကြ တာပါလို့ ။
ဒါပါပဲနော် များများ လဲ မပြောတတ်ပါ။
Anonymous said...
ဘယ်သူတွေပေးပေး မပေးပေး...
အစ်မရွှေစဉ်ရဲ့ စာတွေဖတ်နေတဲ့ပရိတ်သတ်အတွက်က
တော့  အကယ်ဒမီရွှေစဉ် ပါခင်ဗျာ...
ဆက်လက်ပြီးပို့ စ်တွေအများကြီးရေးနိုင်ပါစေ...
တင်နိုင်ပါစေဗျာ...
kiki said...
ဟဲ ဟဲ.. ချွန်တွန်း လေးတွေကို သဘောကျတယ် ..
ဂျူနို said...
သတင်းစာ ဖတ်ပြီးစ ဘလော့ မရေးနဲ့လေ စိတ်ထိန်းမှပေါ့။
ရှူံးတာကို ၀န်မခံရင် အနိုင်ရတဲ့သူမှာ တလည်လည်တဲ့ တယ်ဆိုတဲ့ စာပါလားနော်။:))
Anonymous said...
မရွှေစင်ဦး
ဟာသကြီး ခုနစ်ပုဒ်ထဲမှာ နောက်ဆုံးဖြစ်တဲ့ နံပါတ်-၇ ကတော့ အတွေးနည်းနည်း လွဲနေတယ်လို့ထင်ပါတယ်၊
ဝေဖန်ချက် ယူဆ ချက်တွေမှာ အကျိုးအကြောင်းခိုင်လုံဖို့လိုပါတယ်၊ ဥပမာ- မိမိက သိထားတာ လူတွေရှေ့ကို ချပြဖို့ ဟုတ်ရဲ့လား
မဟုတ်ဘူးလားဆိုတာကို အရင်ဆုံး google.com ကနေ ရှာကြည့်ပါ၊ နောက်တစ်ခုက wiki မှာ ရှာကြည့်ပြီး ပြောနိုင်ပါတယ်၊
အခုပြုလုပ်ပေးတဲ့ မြန်မာဘလော့ဂ် အကယ်ဒမီပေးပွဲဆိုတာ ဘယ်လိုမျိုးက ဆင်းသက်လာသလဲဆိုတာကို စဉ်းစားဖို့လိုပါတယ်၊
နိုင်ငံတစ်ကာမှာ ရှိကြတဲ့ Blogger တွေမှာ အကယ်ဒမီပေးပွဲရှိပါတယ်၊ သူတို့လည်း အခုလို့ မိမိကြိုက်နှစ်သက်ရာ Vote ပေးပြီးပြုလုပ်ကြပါတယ်၊
အခုက စာအုပ်ထုတ်တာမဟုတ်ပါ၊ စာပေဗိမာန်နဲ့ မဆိုင်ပါ၊ မတူညီပါ၊
တနှစ်အတွင်းမှာပုံ နှိပ် ထုတ်ဝေထား တဲ့ အထဲက ဆုရွေးချယ်ရေး အဖွဲ့က အကောင်းဆုံး လို့ သတ်မှတ်တဲ့ စာရေးဆရာ က ဆုရတယ်..၊ ပြိုင်ဘို့ မလိုဘူးဗျ..
အဲ့ဒါက စာအုပ်ထုတ်လုပ်ခြင်းတွေနဲ့ သက်ဆိုင်ပါတယ်၊ အပြင်လောက က စာရေးဆရာနဲ့ Online က စာရေးဆရာ မတူတာကို သိထားဖို့လိုပါတယ်၊
အပြင်လောက က စာရေးဆရာတွေက စာရေးရင် စာမူခ ရပါတယ်၊ Online က စာရေးစရာတွေက ပိုက်ဆံမရတဲ့အပြင် အင်တာနက် သုံးခတောင် ကုန်ပါတယ်၊
မရွှေစင်ဦးပြောသလို ဆုရွေးချယ်ရေးအဖွဲ့က အကောင်းဆုံးလို့ သတ်မှတ်ပေးရမယ်ဆိုရင် ကျွန်တော်တို့ မြန်မာလူမျိုးတွေအနေနဲ့ လက်ခံပါ့မလား၊ နဂိုကတည်းကမှ အကယ်ဒမီကို တောင်ပြောမြောက်ပြောနေကြတာကို သိနေပြီးသားလို့ ထင်ပါတယ်၊
စည်းမျဉ်း စည်းကမ်း ထဲမှာ ဘလော့ဂ် ပိုင်ရှင် ကိုယ်တိုင် စာရင်း သွင်းရမယ် ဆိုတာ ထဲ့ ထားပြီး စာရင်း သွင်းသူဟာ ဘလော့ဂ် ပိုင်ရှင် ဖြစ်မှန်း တောင် သိအောင် မစစ်ဆေးနိုင် ဘူး ဆိုတာ တမျိုးကြီးပါဘဲ...။
ပိုင်ရှင်ကိုယ်တိုင် မထည့်ပေမဲ့၊ ပိုင်ရှင်ရဲ့ email လိပ်စာနဲ့အတူ စရင်းသွင်းတာလည်းဖြစ်နိုင်ပါတယ်၊ လိမ်ညာမှုတွေများတဲ့ အင်တာနက်လောကမှာ ပိုင်ရှင်ကိုယ်တိုင် စရင်းမသွင်းဘူးဆိုတာ ဖြစ်နိုင်သော်ရှိ မဖြစ်နိုင်သော်ရှိ ဖြစ်ပါတယ်၊
တစ်ချို့က ဆုမရနိုင်မှန်းသိတော့ စရင်းထည့်တာ မဟုတ်ဘူးလို့ ပြောတတ်ကြပါတယ်၊
ဘလော့ဂ် ဆု ခေါင်းစဉ် များဟာ ကိုယ်ကိုကိုယ့် အကောင်းဆုံးလို့ ယူဆပြီး ယှဉ် ပြိုင်ဘို့ မသင့်တော်တဲ့ ဆုများဖြစ်နေပါတယ်ဗျာ..၊
ဒါဆို စဉ်းစားစရာဖြစ်လာပါတယ်၊ ခေါင်းစဉ်၁၀ခုထဲက တစ်ခုက မိမိ site နဲ့ သင့်လျော်ရာကို ရွေးကိုရွေးရပါမယ်၊ အဲ့လိုမဟုတ်ရင် ဘယ်နေရာကို စရင်းထည့်မလဲ၊ IT နဲ့ ပတ်သက်တဲ့ လူက ITပေါ့၊ ဖြစ်သင့်တဲ့ဟာကို မရွှေစင်ဦးက ကန့်ကွက်ချင်နေပေီသးတာလား?
------------------------------------
ဘယ်အရာကိုဖြစ်ဖြစ် ဝေဖန်မယ် ဆိုရင် ကျိုးကြောင်းခိုင်လုံဖို့လိုပါတယ်
ွကျွန်တော်လည်း ပြိုင်ပွဲစရင်းမှာ ပါတဲ့လူပါပဲ ဒါပေမဲ့ အကောင်းဘက်က တွေးပြီး မုဒိတာ ပွားဖို့ပဲလိုပါတယ်၊
မြန်မာပြည်ကြီး မတိုးတက်တာဟာ အကောင်းမမြင်နိုင်တဲ့ မျက်လုံးတွေကြောင့်ပါပဲ
အကြောင်းသိ said...
အမည်မဲ့ပြောတာက တမျိုးကြီးပဲ။
"ဆုမရနိုင်မှန်းသိတော့ စာရင်းထဲတာ မဟုတ်ဘူးလို့ပြောတတ်ကြတယ်" ဆိုတာက နည်းနည်းတော့ လွဲနေတယ်။ သိရသလောက်ပြောရင်တော့ ဘလော့ တော်တော်များများက ဘလော့ရှင်တွေကိုယ်တိုင် စာရင်းမပေးဘဲ စာရင်းဝင်သွားတာ အားလုံးအသိပါပဲ။
ပြီးတော့ မနှစ်က ဆုရခဲ့တဲ့သူတဦးရဲ့ အတွင်းစကားအရ သိရတာ အဲဒီဆုရတဲ့သူကိုယ်တိုင်ဟာ သူ့သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်း ရှိသမျှတွေ (သူ့ဘလော့ ဖတ်ဖူးဖူး မဖတ်ဖူးဖူး) အတင်းမဲပေးခိုင်းတယ်လို့ ဆိုပါတယ်။ အင်တာနက်ဆိုင်မှာ အလုပ်လုပ်သူ (ကွန်ပျူတာများစွာနဲ့ မဲပေးပေးခဲ့တဲ့သူ) ကိုယ်တိုင်လဲ ပြန်ပြောပြပါတယ်။
ဆိုတော့ ဒီလို မဲတွေက မျှတပါသလား။ ဒီလိုမဲတွေနဲ့ ရလာတဲ့ အကယ်ဒမီဟာ ထိုက်တန်ပါသလား။
ဖြစ်သင့်တာက အကယ်ဒမီ ရွေးချယ်ရေးအဖွဲ့ဟာ သက်ဆိုင်ရာ ခေါင်းစဉ်အသီးသီးအတွက် တတ်သိ နားလည်သူတွေ စုစည်းထားရမယ်။ (ဥပမာ အိုင်တီခေါင်းစဉ်အတွက် အိုင်တီနားလည်သူ၊ ဘာသာရေးအတွက် ဘာသာရေးနာလည်သူ) အဲဒီလို စုစည်းထားတဲ့ ဆုရွေးချယ်ရေး အကဲဖြတ်အဖွဲ့ကနေ သက်ဆိုင်ရာဘလော့တွေကို ဖတ်ပြီး ပဏာမ ဆန်ကာတင်ရွေးပေးရမယ်။ ဒီတော့ ကိုယ့်ဘလော့ ကိုယ်အရွေးခံတာမျိုး မဟုတ်တော့ဘူးပေါ့။ ဆန်ကာတင်ရွေးထားတဲ့ ဘလော့တွေကိုမှ ပရိသတ်ကို အသိပေး တင်ပြပြီး မဲပေးခွင့်ပြုရမယ်။ ပရိသတ်ပေးတဲ့ မဲတွေကိုမှ အကဲဖြတ်အဖွဲ့က ပြန်လည်စိစစ်ပြီး နောက်ဆုံး အဆင့် အကယ်ဒမီဆုကို ရွေးချယ်သင့်တယ်လို့ ထင်ပါတယ်။ လွယ်တော့မလွယ်ဘူး။ ဒါပေမဲ့ တရားမျှတဖို့၊ အားလုံးကျေနပ်ဖို့ နည်းစနစ်ကျကျ လုပ်သင့်တယ်လို့ ထင်မြင်ပါတယ်။
တကယ်တော့ အခုလို ဘလော့ အကယ်ဒမီဆုကြီးတွေ ပေးမှ မြန်မာဘလော့လောကကြီး တိုးတက်တော့မှာလား။
ဘလော့ရေးသူအများစုဟာ
(၁) စာရေးဝါသနာပါလို့
(၂) ကိုယ်သိထားတဲ့ ဗဟုသုတ၊ အသိပညာ၊ အတတ်ပညာတွေ မျှဝေ (ဖြန့်ဝေ) ချင်လို့၊
(၃) နေ့စဉ်ကြုံတွေ ခံစားရသမျှတွေ မှတ်တမ်းတင်ချင်လို့
ရေးနေကြတာပါ။ အကယ်ဒမီ ပေးပေးမပေးပေး ရရမရရ ရေးနေမှာပဲ။ အကောင်းဆုံးဘလော့ ဆု ပေးတာကောင်းပါတယ်။ သိုပေမယ့် သေချာမလုပ်နိုင်ဘဲ တော်ရိရော်ရိနဲ့တော့ ဘာမှ ထူးလာမှာ မဟုတ်ဘူး။
"မြန်မာပြည် မတိုးတက်တာ မရောင်ရာ ဆီလူးနေကြလို့ပဲ "
အင်ကြင်းသန့် said...
မမရယ်...ဘာဆုတွေ ညာဆုတွေ ရရ မရရ င့ါအစ်မကို ညီမလေးကတော့ အမြဲတမ်း ဆုပေးထားပြီးသား.....
ချစ်ညီမလေး
အင်ကြင်း
Welcome said...
သိလိုက်ပါဘူး။ ဘယ်ကစလို့ ဘယ်မှာဆုံးသွားမှန်းတောင်။ မကြီးရွှေစင် ထုမှပဲ ပြေးလာခဲ့တာ ...
လေးစားလျက်
ရွှေရတုမှတ်တမ်း said...
ရွှေစင်ရေ...သရော်စာကနေပွဲဆူလာရင် ပျော်စရာကြီး..
ပွဲမဆူတာကြာပြီ....သတင်းစာမဖတ်မီစာရေးပါရန် အကြံဉာဏ်ပေးပါရစေ..း))
SHWE ZIN U said...
အင်း မန့်ထားတာ အရှည်ကြီးဆိုတော့ ၀မ်းကိုသာသွားတာဘဲ နောက်ဆုံးတော့
ရွှေစင်ဦး လေးရဲ့ အမြင်မကျယ်မှု့ တွေကို ဖော်ထုတ် နေတာကိုး
ကျနော်ဝန်ခံပါတယ်ဗျာ ကမ္ဘာ အကယ်ဒမီ ဘလော့ဆုကြီး ကိုမသိတာ
ဒါပေမဲ့ သိလည်း ကျနော့် အတွေးတွေက ပြောင်းမှာ မဟုတ်ဘူး
ကမ္ဘာအဆင့် မှာ ဘာတွေဘဲလုပ်လုပ် ကျနော် လက်မခံတာတော့ လက်မခံတာပါဘဲ (မြန်မာပြည် သားဗျ..)
ကျနော် ပေးတဲ့ ဥပမာက နဲနဲ လွဲသွားတယ် ဒါပေမဲ့ သိပ်ကြီးကျယ် တယ်ထင်မှာဆိုးလို့
အခုတော့ ပြောရတော့မှာ ပေါ့ ကျနော် က နိုဘယ်လ် ဆုတော့သိတယ် လူ့တန်ဘိုးတော့ သိတယ် လူသိက္ခာကို လေးစားတယ်
မြန်မာပြည်က ဘုရားလူကြီးရွေးချယ်ပွဲတော့ သိတယ်
အခု ခင်ဗျားပြောတဲ့ အိုင်တီဆုတော့ မပါဘူး
ဒါပေမဲ့ အခုကျနော် ပြောမဲ့ ဆုတွေကတော့ ကိုယ်ဘာသာကိုယ် စာရင်းပေးပြီး ပြိုင်ပွဲ ဝင် ဘို့ မသင့်တော်ဘူးလို့ ကျနော်လုံးဝယူဆတယ် အဲဒီသဘော ကတော့ ဘယ်တော့မှ ပြောင်းမှာ မဟုတ်ဘူး
* အကောင်းဆုံး သာသနာတော် အကျိုးပြု
စာပေဘလော့ဂ်ဆု
* အကောင်းဆုံး နိုင်ငံ အကျိုးပြု
သတင်းနှင့်စာပေ ဘလော့ဂ်ဆု
* အကောင်းဆုံး လူမှုအကျိုးပြု ပရဟိတ
အသင်းအဖွဲ့ ဘလော့ဂ်ဆု
* အကောင်းဆုံး ပညာရေးနှင့် ပညာပေး
စာပေဘလော့ဂ်ဆု
ကိုယ့်ကိုကိုယ့် အဲဒီဆုတွေမှာ အကောင်းဆုံးပါလို့ စာရင်းပေးပြီး ပြိုင်ပွဲ ၀င်ဘို့ မသင့်တော်ဘူးလို့ထင်ပါတယ်
ဒါက ကျနော့် အယူအဆပါ လူသား အားလုံးဟာ လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ရှိပါတယ်
ဒါပေမဲ့ ကျနော့် ရဲ့ မကောင်းမြင်မှု့ တွေဟာ မြန်မာပြည်ကြီး မတိုးတက် တာနဲ့ တော့ မသက်ဆိုင်ဘူး ထင်တယ် အဟင်း.. ပုဇွန်ခေါင်း များစုနေသလားလို့
ကျနော့် ရဲ့ နောက်ဆုံးသဘောကတော့ တကမ္ဘာလုံး ဘာလုပ်လုပ် ဘယ်လိုခံယူ ခံယူ ကျနော့် ရဲ့ လူ့တန်ဖိုး ကို တန်ဖိုးထားမှု့ကတော့ ဘယ်တော့မှ မပြောင်းဘူး
ကဲ..အားလုံး ဘဲ လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့် ရှိပါတယ်
ကျနော် ဆုပေးပွဲ မဝင်တာနဲ့ လည်း ဘာမှ မဖြစ်ပါဘူး.. ၀င်ချင်တဲ့သူ ၀င်နိုင်ပါတယ်
နောက်တခုက ကျနော် မနိုင်နှိုင် တော့ မှ ကိုယ်ဘာသာ စာရင်းပေးတာ မဟုတ်ဘူး လို့ ပြောတာတော့ ကျနော် မဟုတ်ဘူးနော်.. ညာစရာ အကြောင်းလည်း မရှိဘူး ဘယ်သူ မှလည်း အဲဒီလို ညာမယ်မထင်ဘူး
ကဲ..အားလုံးဘဲ လွတ်လပ်စွာ သဘောထား ကွဲလွဲ နိုင်ပါတယ်ဗျာ
လေးစားစွာဖြင့်
ရွှေစင်ဦး
မြစ်ကျိုးအင်း said...
စာလာဖတ်ပါတယ် အမရေ
ကောင်းတယ်ဆိုးတယ် အရင်ကလည်း မပြောခဲ့သလို အခုလည်း ပြောမှာမဟုတ်ပါဘူး။
အရင်အတိုင်း ရတဲ့အချိန်လေးမှာ (စိတ်ပါသ၍) စာရေးတာကိုပဲ အာရုံစိုက်ကြပါစို့။
Anonymous said...
မြန်မာပြည်ကြီး မတိုးတက်တာဟာ အကောင်းမမြင်နိုင်တဲ့ မျက်လုံးတွေကြောင့်တဲ့ အင်း....ဟင်း.....။
အကောင်းမြင်လို့တိုးတက်မယ်ဆိုရင် အားလုံးကို အကောင်းဆုံးတွေဆိုပြီးမြင်ပေးပါ့မယ် ရှင်။
မီးလာလဲ ပျော်..။ ရေလာလဲပျော်။အင်တာနက် ၀င်လို့ရရင်ပျော်..။ တွေးကြည့်ပါ.. ပျော်စရာတွေကြီးပဲ..။ (copy from mmj)
ရွှေပြည်ကြီးတိုးတက်စေဖို့အရေး ယနေ့ကြွလာ ဘလော့ဂါများနှင့် ဘလော့လာ ပရိတ်သတ်များရှငိကျေးဇူးပြုပြီးးးး.....
အကောင်းမြင်...အကောင်းမြင်ပေး.........
အကောင်းမြင်ပေးကြပါခင်ဗျာ....
အင်း....မယောင်ရာ ဆီလူးပြန်ပြီ
ယဉ်ကျေးစွာဖြင့် လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် လွတ်လပ်စွာ တွေးခေါ်ခွင့် လွတ်လပ်စွာ ပြောဆို ဆွေးနွေးနိုင်ပါသည်။
လူသားအားလုံး နှစ်ဘက်အမြင်ဖြင့် မြင်နိုင်ကြပါစေ။
ခင်မင်ရင်းနှီးစွာဖြင့်
seesein
Unknown said...
Mr Anonymous,what I didn't understand is why you could not say,which blogger you were!!!!
But this sentence told me " WHAT YOU ARE ".It is so clear, right?
မြန်မာပြည်ကြီး မတိုးတက်တာဟာ အကောင်းမမြင်နိုင်တဲ့ မျက်လုံးတွေကြောင့်ပါပဲ
Ko Aphyulay,I think you are misunderstanding about the article.The bolgger is not talking about winning or losing the prize.It is not the objective.What I am saying to you is rude,I am so sorry.
Jasmine.
pyaepyae said...
ဟာသကြီး ခုနစ်ပုဒ် တဲ့
မရွှေစင် ရေးတဲ့ ဟာသကြီး တပုဒ်လောက် တောင်တန်ဘိုး မရှိတဲ့ အကယ်ဒမီဆုကြီးကို တန်ဘိုးထား နေတဲ့ အမည်မသိ ရဲ့ ဟာသ ကတော်တော် ကောင်းတာဘဲ
မြန်မာပြည်ကြီး မတိုးတက်တာဟာ ဟာသကြီး ခုနှစ်ပုဒ် ကို နားလည်နိုင်တဲ့ ဥာဏ် မရှိတဲ့ လူတွေများနေတဲ့ အတွက်ဘဲဗျို့
ညီမငယ်
မောင်မိုး said...
ဘလော့ဂ်အကယ်ဒမီပေးပွဲကနေ မြန်မာပြည်ကြီးမတိုးတက်တာအထိ ရောက်ကုန်ပြီ။ ဟီ..ဟိ။ နိုင်ငံရေးတောကြောင်၊ နိုင်ငံရေးလှေကြုံစီး။ ပြည်ပရောက်မှ တို့အရေးအော်တတ်တဲ့ကောင်တွေ ပြောလိုက်ရင်တလွဲကြီးပဲ။ အဲဒါကြောင့် ယူဂျီဟက်ကာတွေ ဗျင်းထည့်လိုက်တာ။ သတိထားကြဦးနော်။ ဟဲ..ဟဲ။ ဘလော့အကယ်ဒမီဆိုတာလည်း နိုင်ငံရေးတိုက်ကွက်ထဲက တစ်ခုပါပဲ။ ဘာရည်ရွယ်ချက်နဲ့ပဲလုပ်လုပ် ကောင်းပါတယ်။ မြန်မာဘလော့ဂ်လောကကြီးအတွက် ၀မ်းသာပါတယ်။ ဒါပေမဲ့ ကိုယ့်နာမည်ကိုယ်တောင် မပြောဝံ့ဘဲ မိန်းမတစ်ယောက်ရေးတဲ့ ဘလော့ဂ်မှာ မြန်မာပြည်ကြီးမတိုးတာ နင့်ကြောင့် ဆိုတဲ့ အရေးအသားမျိုးတော့ ရှုတ်ချတယ်ဗျာ။ မြန်မာပြည်ကြီးမတိုးတက်တာ ပြည်ပကိုရောက်နေတဲ့ နိုင်ငံရေးသမားတွေကြောင့်လည်းပါတယ်။ ရာခိုင်နှုန်းနဲ့ ပြောရင် ၇၀ စွန်းစွန်းပဲ။ နအဖ ကြောင့်က ၃၀ လောက်ပဲရှိတယ်။ မကျေနပ်ရင် မောင်မိုးကို ဒဲ့ချိန်းပြီး ပြောလို့ရတယ်။ ထိုင်းနိုင်ငံထဲက ဆိုရင် ဖုန်းနဲ့ချိန်းပြီး ရှင်းလို့ရတယ်။
မောင်မိုး
bloggermgmoe@gmail.com