Wednesday, February 3, 2010
http://shwezinu.blogspot.com နှင့် မြန်မာဘလော့ အကယ်ဒမီဆုကြီး (၃)
အကောင်းဆုံးလူမှု့ဘဝသရုပ်ဖော် စာပေဘလော့ဆု
    *မိုးချိုသင်း (http://moechothin.blogspot.com) (27%, 22 Votes)
    *နှင်းနဲ့မာယာ (http://mysterysnow.blogspot.com) (23%, 19 Votes)
    * မောင်မောင်၏ဘလော့ (http://maungmaungmfs.blogspot.com) (14%, 11 Votes)
    *ဖိုးစိန်(http://phoesein.blogspot.com) (14%, 11 Votes)
    * သက်ပိုင်သူ (http://www.thetpaingthu.com) (10%, 8 Votes)
    * For those who love reading (http://lettwebaw.mylovecafe.com) (9%, 7 Votes)
    * ရွှေရတုမှတ်တမ်း (http://penai22.blogspot.com) (5%, 4 Votes)
    * my NOTEBOOK (http://pan-nwe.blogspot.com) (5%, 4 Votes)
    * SHWE ZIN U (http://shwezinu.blogspot.com) (5%, 4 Votes)
    * လောရှည်ကတဲ့ပွဲ (http://opera.lawshay.com) (5%, 4 Votes)
    * လေနုအေး (http://laynuaye.blogspot.com) (2%, 2 Votes)
    * TTSweet (http://auntysweet.blogspot.com) (2%, 2 Votes)
    * သက်ဝေ (http://thet-wai-blog.blogspot.com) (-21%, 2 Votes)
အင်း....... မြန်မာဘလော့ အကယ်ဒမီဆုကြီး (၃) ကို ရေးရအုန်းမယ်ဗျ..၊ ကျနော်က ဒီဆုကြီး နဲ့ ဘယ်လို မှ မသက်ဆိုင်တဲ့အတွက် နှမလက်လျှော့ နေလေတော့လုပ်ထားတာ ကြာပါပြီဗျာ..၊ နောက်ပြီး ကျနော့် သဘောထား ကိုလည်း ကျနော့် ရဲ့ Myanmar Blogs  Label ထဲမှာ အကယ်ဒမီဆု (၁) ၊ (၂) ဆိုပြီး  ရေးထား ပြီးသားပါဗျာ..၊ စာရေးချင် လို့ ဘလော့ လေးတခုထောင်ပြီး စာရေးနေပါတယ်..စာဖတ်စေချင်လို့ စာကောင်းလေးတွေ တင်ထားပါတယ်..၊ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး.၊ အဲဒီ မြန်မာ ဘလော့ အကယ်ဒမီ  ဆုကြီး အကြောင်းကိုလည်း မနော်မြေ ဘလော့ ကို အလည်ရောက် သွားမှ ဖတ်မိ လို့ စာရေး ချင် စိတ် ပေါ်လာတာနဲ့ ရေးမိတာပါ....။
ကျနော့် သဘောနဲ့ ကျနော် ဘယ်တော့မှ စာရင်းပေးပြီး ပြိုင်မှာ မဟုတ်ပါဘူး....ပြိုင်ဘို့ အဆင့်လည်း မရှိပါဘူး..၊ နောက်တချက်က ကိုယ်ဘာသာကိုယ် စာရင်းသွင်းပြီး ပြိုင်ရတဲ့ မူကို မကြိုက်ပါဘူး..၊ အပိုင်း (၂) ထဲမှာ အတိအလင်း ရေးပြီးသားပါ..၊ မဖတ်ရသေးသူများ ပြန်လည် ဖတ်ကြည့်နိုင်ပါတယ်..။
ဒီနေ့ ကျနော် လိုင်းလေး နဲနဲ ကောင်းတာနဲ့ g-talk ထဲဝင်လိုက်ပါတယ်..၊ ချစ်မိတ်ဆွေ ဘလော့ဂါ တဦး နဲ့ တွေ့လို့ ကျနော့် နံမည် ကို မဲပေးလိုက်ကြောင်းပြောလာပါတယ်..၊ အဲဒီကြမှ ကျနော့် ဘလော့ နံမည်ဟာ ပြိုင်ပွဲ စာရင်းထဲမှာ ပါနေကြောင်း သိရပါတယ်..၊ ကျနော်လည်း ရှက်ရှက် နဲ့ ကျနော် စာရင်းမသွင်း ထားဘူး ဘယ်လို ရောက်နေလည်း မသိဘူးဆိုပြီး ရှက်စိတ်က ငယ်ထိပ် ရောက်သွားပါတယ်ဗျာ...၊ အဲဒါနဲ့ အမြန် သွားကြည့်တော့မှ ကျနော့် ဘလော့ နံမည် ဟာ အကောင်းဆုံးလူမှု့ဘဝသရုပ်ဖော် စာပေ ဘလော့ဆု   မှာ ထင်းထင်းကြီး တွေ့လိုက်ရပါတယ်ဗျာ..ရှက်ရှက်နဲ့ ငါ ဘဲဥ မှ ကွဲရဲ့လား ဆိုပြီး မရဲတရဲ နဲ့ view results မှာ ကြည့်လိုက်တော့ အ..ဟဲ..ဟဲ..  ၄ မဲ ဗျ.. ကောင်းလိုက်တာ ..၊ ဘဲဥတော့ ကွဲသွားပြီ ဆိုပြီး ပထမဆုံး စဉ်းစားလိုက်တယ်..။
ဒုတိယ က တရားခံရှာ ရတယ်ဗျ..အိမ်မှာ အနီးကပ်ဆုံးနေတဲ့ ချစ်ညီမ ကို ရန်လုပ်ပြီး မင်းများ စာရင်း ပေးလိုက်တာလား ဆိုပြီး ချောက်တခါ..ချော့တခါ လုပ်ရပြန်တယ်..၊ သူကလည်း မပေးပါဘူးဗျာ.. ကျုပ်တို့ ရွာသူ တွေ ဘယ်နားသွား ဘာလုပ်ရမှန်းတောင် သိတာ မဟုတ်ပါဘူး.. ဆိုပြီးပြောလိုက်မှ ယုံလိုက်ရတယ်..၊ နောက်တခါ ချစ်မောင်လေး ဗျ..၊ သူကလည်း ကျနော့် ဘလော့ ဖတ်နေကြဆိုတော့ သူများ စာရင်း သွင်းလိုက်လား ဆိုပြီး အိပ်ကောင်းခြင်း မအိပ် ရအောင် ခုလေးတင် ဖုန်းဆက် မေးလိုက်တယ်..၊ သူကလည်း မဟုတ်ပါဘူး တဲ့ဗျာ..၊ အဲဒီတော့ တရားခံ ချစ်ချစ်ကြီး ပေါ့ ..၊ အလကားစတာပါဗျာ..အခုမှ ကြုံလို့ ကြွား လိုက်ပါအုန်းမယ်.. ချစ်ချစ်ကြီးက ကျနော့် ဘလော့ကို မဖတ်ပါဘူး..၊ ကျနော်က သူကြိုက်မယ် ထင်တဲ့ ဟာလေးတွေ print ထုတ်ပေးမှ ဖတ်ပါတယ်..။
အဲဒီတော့ တယောက် ယောက် တော့ တယောက်ယောက်ပေါ့ ဗျာ.. ကျနော့် ကို ချစ်ခင်တာလား ဂျောက်ပေါက် ချတာလားတော့ မသိတော့ပါဘူး.. ချစ်ခင် တာဖြစ်ဘို့များပါတယ်..ဆု စာရင်းထဲ ထည့်ထား တာဆိုတော့ သူ့စိတ်ထဲမှာ ကျနော့် ဘလော့ ဟာ ဆု နဲ့ ထိုက်တန် တယ် ထင်လို့ နေမှာပေါ့ ဗျာ..၊ အစကတော့ ကျနော် ဆုရွေးချယ် ရေးအဖွဲ့ကို အကြောင်းကြားပြီး ဘလော့ နံမည် ဖျက်ခိုင်းမလို့ပါ အခုတော့ သဘောထားပြောင်းသွားပါပြီ..ကျနော့် ကို ချစ်ခင်လို့ ပေးထားတဲ့ မဲ လေး မဲ ကို အားနာတဲ့ အတွက် ကြောင့် ၎င်း ..၊ ဘဲဥ ကွဲ သွားပြီ ဖြစ်တဲ့ အတွက် ကြောင့်၎င်း..၊ နောက်ပြီး ဆုရွေးချယ် တဲ့ အဖွဲ့ကို အားနာ၍ ၎င်း.. ကျနော် စာရင်း မဖျက်ခိုင်းတော့ပါဘူး....၊ ကျနော် စာရင်း ပေးတာတော့  လုံးဝ မဟုတ် ပါဘူးနော်...  ဘုရားစူး..မိုးကြိုးပွတ် ...။
ကဲ..တရားခံ မမ လား ကိုကို လား မသိတော့ရေ......စာရင်းသွင်းပြီး မဲနိုင်အောင် ကွင်းဆင်း လှုတ်ရှား ပါလေတော့ .....၂၀၁၀ ဖေဖော်ဝါရီ ၁၅ ရက် မဲပိတ်ချိန်က နီးပါပြီ..စတင်ပြီးတော့ လူထု ထဲ ကွင်းဆင်း အဲ.. ယောင် လို့... ဘလော့ ထဲ ဆင်းပြီး... မဲ ဆွယ်ကြပါကုန်လော...လာဘ် ထိုး သင့် သည် များကို (ကျနော် ဟာတွေ မဟုတ်) သင်တို့ ဟာတွေ နဲ့ လာဘ် ထိုး ၊ ချိန်းခြောက် သင့်တာ ချိန်းခြောက်..၊ အနိုင်ကျင့် သင့်တာကျင့်....ပြီး အနိုင် ရအောင် လုပ်ပါတော့ဗျား..စာရင်းပေးသူမှာ တာဝန်အပြည့်ရှိပါသည် ခင်ဗျာ..။
အဲ..အဲ..ကိုကြီးကျောက်ကြီး နဲ့ မဲ တူနေတဲ့ အတွက် ကိုကြီးကျောက် ရဲ့ အောက်လမ်း ပညာများ၊ သရဲ..သစ္ဆေ..မှင်စာ..ဖုတ်ကောင် များကိုလည်း သတိထား ရှောင်ရှားကြလေလော...၊ နောက်တခု သတိပေး စရာကား မဲစာရင်း ကို အမြဲဖွင့် ပြီးတော့ check လုပ်နေပါလော ကိုကြီးကျောက် နိုင်မဲ့ သဘော ရှိရင် ဟိုး နောက်ဆုံး ပို့စ် ထဲမှာ ပါတဲ့ သူရဲ့ မော်တော်ကား သစ်သစ်ကြီးထဲမှာ ဘလော့ မရေးနိုင်အောင် ပိတ်လှောင် ထားစေသော်.. ကိုကြီးကျောက် ကြီး ဘလော့ ဆင်းပြီး မဲ မဆွယ်နိုင်ရင် ခင်ဗျားတို့ ချစ်တဲ့ http://shwezinu.blogspot.com ကြီး သေချာပေါက် နိုင်မှာဗျ..ကဲ ကိုယ်လူတို့ရေ ကြာသလားလို့... .ဝိုင်းလိုက်ကြရအောင်..ကိုကြီးကျောက် မော်တော်ကားကြီး......
စာရေးသူ-ရွှေစင်ဦး 
http://shwezinu.blogspot.com
မဲပေးချင်ရင်...http://www.mmblogpress.org/to-vote/
စာကြွင်း
ကဲ ကျနော် နဲ့ အတူ ပြိုင်ပွဲ ဝင်မဲ့ ချစ်သော ဘလော့ဂါ အပေါင်းတို့ ရေ စတင်ပြီးတော့ မတရားသော နည်းများဖြင့် ဗြောင်ကျကျ (မျက်နှာပြောင် တိုက်၍) မဲဆွယ် နေပါပြီ သတိထား၍ ရှောင်ကြ ရှားကြ လေလော .....
အပိုင်း (၁) ထဲမှာ ကျနော့် ကို မဲပေးထားတဲ့ ၁၄ ယောက်လည်း ဘယ်ပျောက် သွားကြတယ် မသိဘူး.. ဟင်းနော် သူများက အခုမှ ၄ မဲထဲ ရသေးတယ်.. သူများကို မဲပေးမယ် မဲပေးမယ် ဆိုပြီး.. မညာကြနဲ့ဗျ.....
(သြ.. ရောဂါ.. ရောဂါ.. နောက်ဆုံး အချိန် တွင်းနှုတ်ခမ်း နားရောက်နေတာတောင်.. မဲနိုင်ချင်တဲ့ ရောဂါ.. )
ကျွန်ုပ် မဲ မနိုင် လျှင်ကား သင်တို့ သေဖို့ သာ ပြင်ပေတော့.......အဲ..အဲ..ပြောတာလွန်သွားပြီ.. မနာလို စိတ်တွေ ကြီးလွန်းလှချီလား... သတိထား.. သတိထား...
ကဲ..ကဲ..စတာပါဗျာ..အားလုံးဘဲ ကိုယ်နှစ်သက်ရာကို ကိုယ့် ဆန္ဒ နဲ့ အညီ သွားရောက် မဲပေး နိုင်ကြပါပြီ....
တရားမျှ တ သော မဲ ပေးမှု့အား ကြိုဆိုလျှက်.....
.
12 comments:
မောင်မောင် said...
အင်းဗျာ မရွှေစင်ဦး ပိုစ်ရေးထားလို့ သာ အဲဒီ ဆုအကြောင်းသိရတော့တာ။
ပြီးတော့ ထပ်ဆင့် အံ့ သြတာက ကျွန်တော့် ရဲ့  ခပ်ညံ့ ညံ့  ဘလောဂ် ကလဲ နံပါတ် ၃ နေရာမှာပါနေပါတယ်ဗျ။
ဘယ်ကနေ ဘယ်လိုများ ရွေးလိုက်သည် မသိ၊ ကျွန်တော်လည်း မဲများများ ရအောင် ကိုကျောက် ဆီ သွား အကူညီ တောင်းရဦးမယ်။
မရွှေစင်ဦး ကို လဲ မဲထည့်ခဲ့ ပါမယ်ဗျာ။ ( မန္တလေး လာယင် မုန့် ကျွေးရမယ်နော် :) )
မေဓာဝီ said...
တူတူပဲ မရွှေစင်ဦးရေ ... ကျမလဲ သွားပြီး စာရင်းမပေးမိပါဘူး။ စိတ်လဲ မ၀င်စားဘူး။ ဒါပေမဲ့ စာရင်းထဲပါနေတော့ ... အင်း ဧကန္တ တယောက်ယောက်တော့ တယောက်ယောက်ပဲဖြစ်ရမယ်လို့ တွေးမိသား။ (တိကျသေချာတာ နော်) :P
အင်း မဲပေးတာတို့ မဲဆွယ်တာတို့ ဖတ်ရတော့ ဟိုး မဆလခေတ်က မဲရုံသီချင်းတောင် သွားသတိရမိတယ်။ အဲဒီခေတ်ကတော့ ဘယ်သူဘာထည့်ထည့် နောက်ဆုံး ဒါက ဒါပဲ ဆိုတော့ကာ .... ဘာမှမဘာတာက အကောင်းဆုံးလို့ ထင်တာပါပဲ .... :D
ရွှေရတုမှတ်တမ်း said...
ရွှေစင်ရေ..အဲဒီမဲစာရင်း ညည်းပြောမှသိတယ်၊ စာရင်းထဲပါတဲ့သူတွေကလဲ အကုန်လုံးက မောင်နှမရင်းလိုခင်တဲ့သူတွေချည့်ပဲ..
ဘယ်သူမှတော့ ကိုယ့်နာမည်စာရင်းကိုယ်သွင်းမယ်မထင်ပေါင်..
စာဖတ်သူတွေပေးကြတာနဲ့တူပါရဲ့
ကိုကြီးကျောက်ကတော့ကတုံးတုံးပြီးဓါတ်ရိုက်ထားတယ်နော်....း)))
Anonymous said...
အမ.. ဘလော့လောကက .. ကောင်းတာမကောင်းတာထက်သန်ရာသန်ရာမဲပေးနေကြတာပါ။ အဲ့ဒီအတွက် တချို့တွေ မဲအများကြီးမကောင်းပဲနဲ့ရသွားတဲ့ သာဓက မနှစ်ကရှိပါတယ်။
ဒီတော့.. အမဆုမရလို့လဲ ..စိတ်မပူပါနဲ့။ စာချစ်သူတွေက အမဘလော့ကိုအားပေးမြဲ အားပေးနေမှာပါ။ အစုလိုက်အဖွဲ့လိုက် ဘလော့ရွာပေါ်မှာ အေးအေးချမ်းချမ်းနေတဲ့ စာတွေကိုတကယ်မြတ်နိုးတဲ့ စာဖတ်သူတွေအမြဲရှိနေသ၍ အမဘလော့လေး ရှင်သန်နေမှာပါ။
အမကိုကျနော်မဲပေးထားပါတယ်။ ကျနော်ကတော့ အမှန်အကန်တွေကိုပဲပေးတာပါ။ ခင်တာမခင်တာကို စိတ်မ၀င်စားပါဘူး။
အမ..မေးလ်ရမလားမသိဘူး..ဘယ်မှာပြန်ရှာရမှန်းမသိလို့။
Anonymous said...
ဟားဟား နောက်ဆုံးချိန် သေခါနီး တွင်းနှုတ်ခမ်းနားရောက်နေတာတောင် မဲနိုင်ချင်တဲ့ရောဂါ
ဒီစကားတွေက လန်းလှချည်လား အမရွှေစင်
မိုးခါး said...
:D
ပြုံးပြုံးပြုံးပြုံးနဲ့ ဖတ်သွားပါတယ် .. :D
~ဏီလင်းညို~ said...
မရွှေဇင်ရေ...
သဇင်ပန်းဒွေရမယ်...သဇင်ပန်းဒွေရမယ်နော်...။
တစ်ခိုင်နှစ်ကျပ်...၊ သုံးခိုင်ငါးကျပ်...၊ တရုတ်နှစ်သစ်ကူးအထူးလျှော့ဈေးပါ....။ အကယ်ဒမီပွဲတက်ဖို့....ခိခိ...း)
(၀မ်းသာတယ်...စာဖတ်သူတွေပေးတာနေမှာပါဗျာ...၊ ကျွန်တော်တော့ အဲ့ဒီကိုသွားဖို့ပေးထားတဲ့လင့်ခ်တိုင်းကိုနှိပ်နေတာ..နက်အယ်ရာ..ပြပြနေလို့ အခုထက်ထိကိုရောက်သေးဘူး....။
ခင်မင်တဲ့
ဏီလင်းညို
မောင်မိုး said...
အနော်ကတော့ ကိုယ်တိုင်စာရင်းပေးမိတာဗျ။ အဟီးး သွားပြီးအားပေးလိုက်ကြပါဦး။ အနော်လည်း လိုက်ပေးနေပြီ။
(ရှက်လို့ အနော်သုံးထားသည်။)
မြစ်ကျိုးအင်း said...
အတူတူပါပဲအမရေ ကျနော့်ကိုလည်း ကိုကြီးမင်းဒင် လာပြောလို့သိတာပါ ။
မဲပေးထားတယ် ပြောတော့ ကိုယ်တောင် အူကြောင်ကြောင်ဖြစ်မိသေးတယ်။
ဒါနဲ့မေးကြည့်တော့ ဂျပန်က စာဖတ်တဲ့ ပရိတ်သတ်တွေက တောင်းဆိုလို့ ထည့်တာလို့ ပြောတာပါပဲ။
ကိုယ့်ကိုအားပေးတဲ့သူတွေရှိတာသိရတာနဲ့ တင် ကျေနပ်ဖို့ကောင်းလှပါပြီ။
အခုထိတော့ မဲမပေးရသေးပါဘူး ။ ဓါတ်ပုံရှင် တွေမျက်နာနဲ့ မဲပေးလိုက်အုံးမှ (အမရေ ခင်မင်လို့နောက်တာနော် )
နွေဆူးလင်္ကာ said...
အေးဗျာနော ဟိုလူ့ပေးမကောင်း ဒီလူ့ပေး မကောင်းနဲ့ ကျနော်တော့ သွားကို မကြည့်မိပါဘူး။
နွေဆူးလင်္ကာ said...
ပြောမှပဲ ကျနော်လည်း ကိုယ့်ကိုကိုယ် မသင်္ကာလို့ ပြေးကြည့်မိတယ်ဗျ။ ကျနော်လည်း ပါနေပါလား။ ဘုရားစူး ဒီကမှ တဆင့် ပထမဆုံး အဲဒီကို ရောက်ဖူးခြင်းပါ။ တရားခံ ဘယ်သူလဲဟေ့လို့တောင် အော်ရမလို ဖြစ်နေပြီ။ ကြည့်လိုက်တော့ လားလား တစ်ယောက်ကြီးများတောင် မဲပေးထားတာပါလား ဟီးဟီး။
အင်ကြင်းသန့် said...
မမရေ...
မဲသွားပေးခဲ့ပြီနော်...
ညီမလေးကတော့ရှင်းတယ်...ဘာ့ကြောင့်မမကိုပေးတာလဲဆိုတော့ မမကိုချစ်လို့ရယ် နောက်တစ်ခုက စာဖတ်သူတွေအပေါ်မှာထားရှိတဲ့ မမရဲ့ စေတနာကိုလေးစားလို့ရယ်...ဒါပါပဲ
(ငါ့အစ်မတစ်ယောက်တစ်ကယ်ဆုရပါစေ...)
ချစ်ညီမလေး