Wednesday, February 3, 2010

မြန်မာပြည်၏ ဟယ်လင် အပိုင်း ( ၃)

အခန်း(၁) အဆက်

တောင်ကြီးမြို့သည် အလွန်နေချင်စဖွယ်ကောင်းသောမြို့ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၄၅၀၀ ကျော်အမြင့်တွင် ရှိ၍ ရှုမျှော်ခင်းများက ထူးခြားလှပသည်။ ရာသီဥတုကလည်း အလွန်ကောင်းသည်။ နေသာ သောနေ့များ၌ တရုတ်ပြည်ဘက်မှ ဆီးနှင်းများကိုပင် လှမ်းမြင်ရသည်။ တောင်ကြီးမြို့၌ ကျွန်မ အလွန်ပျော်မွေ့ပါသည်။ တောင်ကြီးမြို့တွင် ကျွန်မ၏ ကလေးဘ၀ကို မြုပ်နှံလိုသည့်ဆန္ဒမှ တစ်ပါး အခြား မရှိပါ။

 ကျွန်မ၏မိဘများကမူ ထိုသို့မယူဆကြပါ။ မြင်းစီးလိုက်၊ ရေကူးလိုက်၊ ခုန်ပေါက်မြူးတူးလိုက်၊ မောင်ဖြူဟု နာမည် ပေးထားသော ကျွဲပေါ်တက်၍ မှိန်းလိုက်လုပ်နေ၍ မဖြစ်သေးကြောင်း ပြောပါသည်။ ကျွန်မအား မိဘများက တောင်ကြီးတွင် နေခွင့်မပေးသော်လုံးဝ ကျိုးကြောင်းမျှတမှု ရှိလိမ့်မည်မဟုတ်ပါ။ ကျွန်မ၏ အိမ်မက် ကမ္ဘာ ပျက်သုဉ်းသွားပါက ကျွန်မအားထိခိုက်နစ်နာဖွယ်ရှိပါသည် ဟုတင်ပြနေသော်လည်း ကျွန်မ၏ ဘ၀တွင် လူတစ်လုံး သူတစ်လုံးဖြစ်လာရေးအတွက် စာပေသင်ကြား ရန် လိုအပ်သည်ကို သိနေ ပါသည်။

မေမေသည် ကျွန်မကို အိဒင်ဘာရာသို့ခေါ်သွားပြီး ကျောင်းအပ်ပါသည်။ ကျွန်မ နေသားကျသွားစေရန် မေမေ ကိုယ်တိုင် တစ်နှစ်အတူနေပေးပြီးမှ မြန်မာပြည်သို့ ပြန်သွားခဲ့သည်။ ကျွန်မကိုအဘွားနင့် ထားရစ် ခဲ့သည်။ အီဒင်ဘာယာမြို့တွင် ပျော်သင့်သလောက် ပျော်စေကာမူ တောင်ကြီးမြို့၌ နေထိုင် ခဲ့ရသည် တို့ကို လွမ်းတသသ ဖြစ်ခဲ့ရသည်။ ပြန်ရမည့်နေ့ကိုသာ လက်ချိုးရေတွက်မိနေပါသည်။
 
ကျွန်မ၏ အဘွား ကွယ်လွန်သွားသောအခါ တောင်ကြီးမြို့ သို့ပြန်ချိန်ရောက်ပြီဟု နားလည်လိုက်ပါသည်။ လမ်းခရီးတွင် အုပ်ထိန်းသူအဖြစ် သဘောင်္ကပ္ပတိန်အား ကျွန်မကိုကျွန်မ ထိုးအပ်ပြီး မိဘများထံမှ တစ်စုံ တစ်ရာ အကြောင်း ကြားခြင်း၊ မရှိသေးမီ လစ်ဗာပူလ်မှ ရန်ကုန်သို့ ထွက်လာသောပင်လယ်ကူး   သဘောင်္နှင့် လိုက်ပါလာရပါသည်။ ကိုလံဘိုမြို့သို့ သဘောင်္ဆိုက်သောအခါ ကျွန်မအား ရန်ကုန်သဘောင်္ဆိပ် တွင် လာရောက်ကြိုဆို ပါရန် မိခင်ထံသို့ ကြေးနန်းရိုက် အကြောင်းကြားခဲ့ပါသည်။

ပျော်စရာကောင်းသော အိမ်ပြန်ခရီး ဖြစ်စေကာမူ တောင်ကြီးတွင်ကြာကြာ မနေရပါ။ အ၀တ်အစားများ ထုပ်ပိုးပြီး ပညာဆက်လက်သင်ကြားရန် ဒါချီလင်မြို့သို့ ထွက်ခဲ့ရပြန်သည်။ ကျွန်မ၏ ဖခင်သည်လည်း အလုပ်မှ အနားယူပြီး အိမ်တွင်နေကာ လက်သမားအလုပ်ကို လုပ်ကိုင်နေပါသည်။ ဖေဖေက ရယ်စရာ ပြောတတ် ပါသည်။
'' ငါဟာ အရိုးဖြတ် လွှဘ၀က စုတေပြီး သစ်သားဖြစ် လွှဖြစ်သွားပြီ'' ဟု ပြောလေ့ရှိပါသည်။

ကျွန်မတောင်ကြီးမြို့ကို ပြန်ရောက်သည့်အခါ အချိန်များသည်ရပ်နေပြီး ကျွန်မအလာကို စောင့်ဆိုင်း နေဘိသကဲ့သို့ ယခင်ကနှင့်ဘာမျှ ခြားနားသည်ကို မတွေ့ရပါ။
 
ဒါဘာပွဲများ၌ ဥရောပတိုက်သား အရာရှိကြီ်းများသည် တောက်ပြောင်သော ယူနီဖောင်းများကို ၀တ်ဆင်၍ သူတို့၏ ခါးတွင် ဓားများချိတ်ဆွဲလျက် သူတို့၏ ဇနီးများကလည်း လေတွင် တဖျက်ဖျက်လွင့် နေသော အကျီင်္ရှည်များကို ၀တ်ပြီး ခေါင်းတွင်လည်း ဘောင်လာဦးထုပ် ပုံသဏ္ဍန်ဗောင်းထုပ်များ အုပ်လျက်၊ နယ်ဘက် ဆိုင်ရာ အရာရှိများကလည်း ကိုယ်ကျပ်အကျီင်္နှင့် ပျံလွှားငှက်ကြီးကဲ့သို့ ရှည်လျား သောမနက်ခင်း ၀တ် အကျီင်္များကို ၀တ်ဆင်ကာ ဒါဘာဆုပေးပွဲသို့ စီတန်းတက်ရောက်လာကြသည် တို့ကို ကျွန်မ မှတ်မိနေပါ သေးသည်။

အင်းလေးကန်သို့ ကျွန်မတို့အပျော်ခရီးထွက်ရာတွင် လှေများကိုအလှအပများဖြင့် မွမ်းမြံ့ပင်ဆင်ထား ပါသည်။ လှေလှော်သူများမှာ အ ခြားဒေသများမှာကဲ့သို့ မဟုတ်ဘဲ ခြေထောက်ဖြင့် လှေတက်ကို ထိန်းပြီး လှော်ခတ်သူများ ဖြစ်ပါသည်။
ကျွန်မသည် သေနတ်ပစ်ရာတွင် ကျင်လည်၍ ငါးမျှားရာတွင်လည်း ကျွမ်းကျင်လှပါသည်။

အ၀တ်အစားများးကို စိတ်ကူးရသလို ၀တ်ဆင်ပြီး ကျင်းပသောပြိုင်ပွဲများတွင်လည်း ကျွန်မကသာ ဆုများ ရလေ့ ရှိပါသည်။ သို့သော်ပျော်ရွှင်ခြင်းကို အဆုံးသတ်ရပါတော့မည်။ ကျွန်မသည် အလုပ်တစ်ခု ကိုလုပ်ရ ပါတော့မည်။
ကျွန်မ၏မျက်နှာကို မှန်ထဲတွင် မကြာခဏ ကြည့်ဖူုးပါသည်။ ကာလသားများ ကြိုက်သည့် ပထမတန်းစား အလှ ပိုင်ရှင်မဟုတ်ပါ။ ရွက်ကြမ်းရေကျို အလှမျိုးသာ ဖြစ်ပါသည်။ ယင်းရုပ်ရည်မျိုး သည်ကျွန်မ၏ အလုပ် နှင့် အံဝင်ခွင်ကျပင် ဖြစ်ပါသည်။ ကျွန်မသည် ဖနောင့်တစ်ချက်ဆောင့်ရုံမျှဖြင့် လူတွေက ကျွန်မကို ဂရုစိုက် နိုင်လာအောင်နှင့် တင်းတင်းကျပ်ကျပ် အလုပ်ထားပါဘဲ အမိန့်ကို နာခံလာအောင် လုပ်နိုင်ခဲ့ပါသည်။

ကျွန်မသည် ဖေဖေနှင့် နီးနီး ကပ်ကပ် နေလာခဲ့ရသည်ဖြစ်၍ လူနာများကို စည်းရုံးနိုင်သော နည်းလမ်း များ ဖေ့ဖေ့ထံမှ ရခဲ့ပါသည်။ ဆေးက အ၀င်ဆိုး၍ ဆေးမသောက်လိုသူများ ဆေးသောက်ချင်လာအောင် စွမ်းဆောင် နိင်ခဲ့ပါသည်။ အလွန်စကားများသော လူနာများ၊ အလွန်ပင်ပန်း နွမ်းနယ်နေသော ရောဂါ သည်များ ငြိမ်သက်သွားစေရန် အဖျားတိုင်းပြဒါးတိုင်သည် အစွမ်းထက်သည့် လက်နက်တစ်မျိုးဟု သိလာ ပါသည်။

အခြေခံ အားဖြင့် ကျွန်မသည် ရှက်တတ် ကြောက်တက်ပါသည်။ ကျွန်မ၏ ပင်ကိုယ်သဘောမှာ မိမိနှင့်မ ဆိုင်သော ကိစ္စများ၌ စိတ်ဝင်စားမှု့ မရှိခြင်းပင် ဖြစ်ပါသည်။ ကျွန်မ၏ပွင့်လင်းသော အမူအကျင့်များ သည် မိမိ ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု နည်းပါးနေခြင်း အပေါ်တွင် ဖုံးကွယ် သွားပါသည်။ ကျွန်မ၏ အသက်က ငယ်ရွယ် စေကာမူ ကမ္ဘာပေါ်တွင် အလှပဆုံး ဒေသရှိ ဆေးရုံတစ်ရုံမှ သူနာပြု ဆရာမကြီး ဖြစ်သည်ကိုတော့ ပြင်ပကမ္ဘာက ကျွန်မကို အသိအမှတ် ပြုရပါသည်။

မြန်မာပြည်သည် စစ်ဘေစစ်ဒဏ် မခံရသေးပါ။ ဥရောပတိုက်တွင်မူ ဗြိတိန်နိုင်ငံသည် မိမိ၏ တည်မြဲမှု အတွက် စစ်တိုက်နေရသည်။ သို့သော် ဗြိတိသျှအင်ပါယာ၏ ချောင်ကျသော နေရာတွင် ရှိသည့်မြန်မာ နိုင်ငံကို မည်သူကမျှ ဂရုမစိုက်သဖြင့် စစ်တိုက်လာမည် မဟုတ်ဟု ကျွန်မတို့ကိုထပ်တလဲလဲ အာမခံ ချက်ပေးနေ၍ တောင်ကြီးမြို့သူ မြို့သားများသည် လွတ်လွတ်လပ်လပ် ပျော်ပျော် ပါးပါးနေခဲ့ကြပါ သည်။စစ်ဘေးစစ်ဒဏ်အတွက် တွေးတောပူပင်စရာ အကြောင်မရှိပါ။

သို့ဖြစ်၍ ဥရောပတိုက်သားများက အကမပျက် အသာက်မပျက်၊ အပျော်မပျက် နေခဲ့ကြသည်။
'' တို့တစ်တွေမကြာခင် ဘ၀ဆုံးတော့မှာပဲ'' ဆိုသောအသိကရှိနေလိုများ ထင်မြင်ရာ စွတ်လုပ်နေကြ လေရော့ သလား၊ သို့မဟုတ် ရင်ဆိုင်ကြုံ တွေ့လာမည့် ဘေးဆိုး အန္တရာယ်ကို သတိမမူ ဂူမမြင် ဖြစ်နေကြ လေရော့လား မသိပါ။
တောင်ကြီး မြို့တွင် ဥရောပတိုက်သားများ ၁၅၀ ခန့် ရှိပါသည်။ အများစုမှာ ဗြိတိသျှ အရာရှိများနှင့် သာသနာပြု အဖွဲ့မှ အီတာလျံ သီလရှင် များ ဖြစ်ပါသည်။
ငွေကြေးချမ်းသာသော ဗမာလူမျိုး၊ရှမ်းလူမျိုး၊အင်္ဂလိပ်မြန်မာ ကပြား၊အင်္ဂလိပ်ကုလားကပြား၊ ၀တ်လုံများ၊ ရှ့နေများ၊ ကျောင်းဆရာများ ကုန်သည်ပွဲစားများ သည် အငြိမ်းစားယူပြီး တောင်ကြီးမြို့၌ အခြေ ချနေကြ သည်။ အလွန်အေးချမ်းသောနေရာ၊ စစ်၏အနိဌာရုံများနှင့် ကင်းဝေးသည့်နေရာဟူ၍ မှတ်ထင် ထားခဲ့ ပါသည်။

ဝေးလံသောဒေသများမှ အမြောက်သံ၊ဗုံးသံများ တဖြည်းဖြည်းနီးကပ်လာနေသည်ကို သတိမမူမိကြပါ။ ကျွန်မ၀ယ်ထားသော ရေဒီယိုမှ ဂျပန်တို့ပုလဲဆိပ်ကမ်းကို ဗုံးကြဲပုံကို ၀င်ရောက် တိုက်ခိုက်ပုံ၊ ပရင့်စ်အော့်(ဖ်) ဝေးလ်နှင့်ရီပါ့လ်စ် စစ်သဘောင်္ကြီးနှုစ်စီး နစ်မြုပ်သွားပုံတို့ကို နားတောင်ကြားသိနေ ကြစေကာမူ ကျွန်မတို့ တစ်တွေသည် စစ်နယ်ပယ်အတွင်းသို့ မရောက်နိုင်ဟု ယုံကြည်နေကြလေသည်။
 
၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၃ ရက်နေ့တွင်ရန်ကုန်မြို့ကို ဂျပန်ဗုံးကြဲလေယာဉ်များက ဗုံးလာကြဲသည်။ စက်သေနက်နှင့်လည်း ပစ်သေးသည်။ အစိုးရလုပ်ငန်းများ ရပ်သွားခဲ့သည်။
အမှန်မှာ ဗုံးကြဲသည့်နေ့ကို အထူးတလည် မှတ်မိနေခြင်း မဟုတ်ပါ။ တောင်းကြီးမြို့' ဆေးကရက်ဟတ်' ဘုရားရှိခိုးကျောင်းတွင် ထိုနေ့က ကျွန်မ၏ ညီမအစ္စဘယ်လ်နှင့် ၀ါလတာဖူးလား တို့နှစ်ဦး လက်ထပ်သော နေ့နှင့် တိုက်ဆိုင်နေ၍  မှတ်မိနေခြင်းဖြစ်ပါသည်။ ပရိတ်သတ်အနည်းငယ်ကို သာဖိတ်ကြားထားသည် ဖြစ်၍ အေးအေးဆေးဆေး ရှိလှသည်။

ဝါလတာ၏ အစ်မနှစ်ဦးမှာလည်း သူနာပြု ဆရာမကြီးများပင်ဖြစ်၍ ရန်ကုန်ကို ဗုံးကြဲသောနေ့တွင် တောင်ကြီး မြို့သို့ ရောက်နေခဲ့ကြသည်။ သူတို့နှစ်ဦးစလုံးသည် အိန္ဒိယပြည်သို့ ကုန်းလမ်းမှ စစ်ပြေးကြ ရာတွင်လမ်းခရီး၌ သေဆုံးသွားကြသည်။ သူတို့နှစ်ဦး၏ ရုပ်ကလာပ်ကို လမ်းဘေးတစ်နေရာတွင် တွေ့ရသော အချိန်၌ လက်ထဲတွင် စာရွတ်တစ်ရွတ် ကိုင်ထားသည်ကို တွေ့ရသည်။ စာရွက်သည် မစ္စလ်ဘီ ဆိုသူ အမျိုးသမီးက သူနှင့်သူ၏ ကလေးသုံးဦး သေရအံ့ဆဲဆဲတွင် ပေးသွားသော သေတမ်းစာပင် ဖြစ်သည်။

မြန်မာပြည်ဘုရင်ခံ ဆာရယ်ဂျီနယ် ဒေါ်မန်စမစစ်သည် လူအများအား မိမိတို့တာဝန်ကျသော နေရာများ တွင် နေကြရန်စိတ်အားထက်သန်စွာ တိုက်တွန်းသွားပါသည်။ မြန်မာနိုင်ငံသည် ရန်သူကိုရင် ဆိုင်ရန် အသင့်ရှိ နေပါသည်ဟု ပြောသွားခဲ့သည်။ သို့သော်ရန်ကုန်မြို့ကို ပထမအကြိမ်ဗုံးကြဲ ခံရသည့် အချိန် တွင်ပင် မြို့ပေါ်ရှိ လူအများအပြားသည် ဘုရင်ခံ၏ စကားကို အယုံအကြည် မရှိကြ၍ တစ်သုတ် ပြီးတစ်သုတ် ထွက်ခွာ သွားလေတော့သည်။

ဒီဇင်ဘာ၊ ၂၅ ရက် ခရစ္စမတ်နေ့တွင် နောက်တစ်ကြိမ် ဗုံးလာရောက်ကြဲချသောအခါ ထောင်ပေါင်းများ စွာသောမြို့သူမြို့သားများသည် အထက်မြန်မာပြည်သို့ တစ်သုတ်ပြီး တစ်သုတ် ထွက်ပြေးကုန်ကြ သည်။ ဥရောပ တိုက်သားများနှင့် အခြားစစ်ပြေးများပါ တဖြည်းဖြည်း တောင်ကြီးမြို့သို့ရောက်လာကြ သည်။ ကျွန်မတို့ တစ်တွေက ဂရုမထားခဲ့စေကာမူ စစ်ကြီးသည်ကျွန်မတို့ထံသို့ ဆိုက်ရောက် လာပါပြီ။

သတင်းတွေကား မယုံနိုင်စရာ ဖြစ်နေသည်။ '' ကျွန်မတို့၏ စစ်သည်များသည် ဂျပန်လူဝါကလေးများ ထက် စစ်ရေး ကျွမ်းကျင်သည်၊ ကျွန်ုပ်တို့၏ လေယာဉ်တွေက ပိုမိုခေတ်ပြီးဂျပန်လေယာဉ်ပျံများကို မြန်မာ ကောင်းကင်မှ မကြာမတင် ရှင်းလင်းပစ်တော့မည် ဟူ၍ ကျွန်မတို့ကို သတင်းလွှင့်ထားပါသည်။ အမှန်မှာ ကျွန်မတို့တွင် လေယာဉ်မရှိပါ။ ကျွန်မတို့၏စစ်သားများကလည်း လေ့ကျင့်မှုမပြည့်ဝသည့် အပြင် လက်နက် များ က ခေတ်နောက်ကျနေပါပြီ။

မြန်မာပြည်မှ ဆုတ်ခွာရေးအစီအစဉ်ကို ကျွန်မဝေဖန်ချင်ပါသည်။ အစီအစဉ်က ကမောက်ကမနိုင်လှပါ သည်။ မြန်မာပြည်မှ ဆုတ်ခွာရာတွင် မည်သည့်အတွက် ရန်ကုန်ရေလမ်းခရီးဖြင့် မဆုတ်ခွာ စေသနည်း။ နယ်စပ် တောင်ပေါ်ဒေသများသို့ စစ်ပြေးများအား စေလွှတ်ရာတွင်သည့်တွက် ကြိုဆို လက်ခံရေးအဖွဲ့များ ကြိုတင်မစီစဉ်ခဲ့သနည်း။ တကယ်လို့များ တောင်ကြီးမြို့က ထွက်ခွာရ မည်ဆိုလျှင် မည်သို့ ထွက်ခွာ ကြမည်နည်း။ ကျွန်မသည် ထိုအချိန်အထိ တောင်ကြီးမြို့က ဆုတ်ခွာ ထွက်ပြေး ကြရ လိမ့်မည်ဟု မထင်မှတ် သေးပါ။မည်ဆိုပါလျှင် မည်သို့ထွက်ခွာကြမည်နည်း။ ကျွန်မသည် ထိုအချိန်ထိ တောင်ကြီးမြို့က ဆုတ်ခွာ ထွက်ပြေးကြ ရလိမ့်မည်ဟု မထင်မှတ်သေးပါသည်။

ပျော်ပျော်ပါးပါးနှင့် အချိန်များ ကုန်သွားခဲ့သည်။ တောင်ကြီးကလပ်တွင် ဖဲရိုက်မပျက်၊ အရက်သောက် မပျက်၊ အကမပျက်ရှိကြသည်။ ကျွန်မကတော့ အရာရှိကတော်အချို့ကို သူနာပြုသင်တန်းပေးသည်။ ဆေးသတ္တာများ ထုပ်ပုံထုပ်နည်း၊ ကျပ်စည်းပုံစည်းနည်းများ သင်ပြပေးသည်။ အရာရှိကတော် အချို့က လည်း ရှမ်းစော်ဘွားသားများ ကျောင်းတွင်ယာယီဖွင့်ထားသော စစ်ဆေးရုံရှိဒဏ်ရာရ စစ်သားများကို သွားရောက် အားပေးသည်။ ဂျပန်များ ရန်ကုန်သို့ ချီတတ်ရာတွင် ကြားဖြတ်ခုခံတိုက်ခိုက်ခဲ့၍ ဒဏ်ရာ ရလာသူများ ဖြစ်သည်။
ကျွန်မမှာ ပျော်အပါးကိုများကို စိတ်ကူးရန်အချိန်မရပါ။ ဆေးရုံအလုပ်နှင့်ပင် မအားလပ်အောင် ဖြစ်နေ ပါသည်။ ငှက်ဖျားရောဂါ၊ ၀မ်းကိုက်ရောဂါက တစ်မျိုး၊ ထိုခိုက်ဒဏ်ရာ ရသူများနှင့် ကိုယ်ဝန်ဆောင်များ က တစ်ဖုံ၊ အူအတတ်ပေါက်သူများ ခွဲစိတ်ကုသရေးက တစ်သွယ်ဖြင့် မိုးလင်းကမိုးချုပ် မအားရပါ။

ဆေးရုံတွင် အမှုထမ်းများက နည်းနေရသည့်အထဲ ဆေးရုံအုပ်ဆရာဝန် ဗိုမှုးကြီး တက်ကင်စတန်ကို စစ်တပ်က ဆွဲထားသေးသည်။ အစားပေးသူက တရုတ် မြန်မာ ကပြား၊ အသက်ကြီးပြီး ပင်စင်ပေးဖို့ပင်၊ လွန်နေသော အရွယ်ဖြစ်သည်။
နောက်ပြီးအမေရိကန် သာသနာပြုအဖွဲ့မှာ ဆရာဝန်ကြီးဂေါ်ဒင်ဆီးဂရေ့၏ ဆေးရုံမှ လေ့ကျင့်ပေး လိုက်သော သူနာပြု ဆရာမခြောက်ဦး၊ အဆောင့်စောင့်လေးဦးနှင့် တိုင်းရင်းသား ဆရာဝန် လေးဦးတို့ လည်း ဆေးရုံကို ရောက်လာကြပါသည်။

စစ်ပြေးဒုက္ခသည်များ တဖြည်းဖြည်းရောက်လာကြရာ ကျွန်မ တို့၏သီးသန့် အခန်းများကိုပင် ပေးထား ရသည်။ ကျွန်မတို့၏တာဝန်က ပိုကြီးလာသည်။ စစ်ပြေးများထဲတွင် မျက်နှာဖြူများလည်း ပါရှိ ပါသည်။ အချို့သော မျက်နှာဖြူများ၌ အဖိုးထိုက်အဖိုးတန် ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား များကို အင်္ကျီ အနားချုပ်ရိုး များတွင် ၀ှက်ပြီးယူလာသည်ကို တွေ့ရပါသည်။
 
ယခုကဲ့သို့ ၀ှက်ယူလာသည်များကို ကြုံတွေ့ရသောအခါ ဒေါပွမိသည်။ အမှန်တော့ အရေးရယ်အ ကြောင်းရယ် လို့ ပေါ်လာလျှင် ထုတ်သုံးဖို့ လွယ်ကူရန် ယူဆောင်လာကြသည်ကို ကျွန်မအနေဖြင့် ဒေါမပွ သင့်ပါ။ ထိုအချိန်အခါက ကျွန်မစိတ်ထဲတွင် "ဘယ်သူသေသေ ငတေမာ ပြီးရော" လူစားမျိုးကို ရွံ့မုန်း ခဲ့ပါသည်။ ထိုစိတ်ဓာတ်သည် ၁၉၁၉ခုနှစ်က ဖြစ်ပေါ်ခဲ့သော တုပ်ကွေးရောဂါ ကပ်ထဲ၌ကျွန်မ သေမလို ဖြစ်ခဲ့ရာမှ အမွေရ လိုက်ခြင်း ဖြစ်သည်ဟုမေမေက ပြောပါသည်။

ကျွန်မသည် ထိုအချိန်က မြန်မာပြည်၏အရှင်သခင်များ (အားလုံးတော့ မဟုတ်ပါ)ကို မျက်စိထဲတွင် ကြည့်မရ ခဲ့သည်ကိုတော့ ၀န်ခံပါသည်။ ထိုသို့သော အရှင်သခင်ကြီးများသည် တင်နစ်ကစားရာတွင် ဆားဗေစ်(စ်)စ ပေးရသည့် ရိုပ်ချက်ဟုထင်မှတ်နေကြသူများ ဖြစ်သည်။ သူတို့ကိုအပြစ်တင်၍လည်း မဖြစ်ပါ။ သူတို့သည် ပညာကိုကောင်းစွာ သင်ကြားလာကြသူများ ညာဏ်ရှိသူများဖြစ်သော်လည်း စနစ်တစ်ခု၏သားကောင်များ ဖြစ်ပါသည်။ တင်းကျပ်သော လူတန်းစားဖွဲ့စည်းပုံက သူတို့အားပေါ့ပေါ့ တန်တန်နေထိုင်သည့် အကျင့် ပါစေပြီးလူကို ထိုင်းမှိုင်းသွားစေခဲ့ပါသည်။
 
အရာရှိကြီး တစ်ဦးဦး၏အိမ်သားစာရင်း ၀င်သွားပြီဆိုပါလျှင် အခြွေအရံ၊ ကျေးကျွန်များက သူနေ့ရာနှင့် သူရှိနေကြပြီးဖြစ်၍ ဘာတစ်ခုမျှ ဘာတစ်ခုကိုယ်တိုင်လုပ်ရန် မလိုတော့ပါ။ ထမင်းချက်၊ ကလေးထိန်း၊ စားပွဲထိုး၊ အစေခံများကို အမိန့်ပေးရုံနှင့်အစစ ပြည့်စုံသွားကြ၍ကိုယ့်ကိုယ်ကိုယ် အားကိုးချင်စိတ်ပင် မရှိတော့ပါ။

အိန္ဒိယပြည်သို့ထွက်ပြေး လွတ်မြောက်သွားသူများတွင် စိတ်ဓာတ်ခိုင်မာသူများ၊ အစွမ်းအစရှိသူများ၊ ပါဝင်ကြပါသည်။ တောင်ကြီးသို့ရောက်လာ ကြသူများသည် ထိုသို့မဟုတ်ပါ။ သူတို့သည် ကလပ်ကို သူတို့၏ဘ၀ရပ်တည်ရေး လည်ပတ်ရန်အတွက် ဗဟိုပြုနေကြသည်။ ကလပ်မှနေ၍ လှုပ်ရှားနေခြင်း ဖြင့် လူဖြူမဟုတ်သော လူတန်းစားအလွှာ အသီးသီးထက် သီးခြားကင်းလွတ် မြင့်မြတ်သူများအဖြစ် ပြုမှု နေကြပါသည်။

ယနေ့ခေတ်လူတွေက အသားအရောင် ညိုမှောင်စေရန်အတွက နေပူစာလှုံရန်နေရာများကို ရှာဖွေကြ သည်။ မြန်မာပြည်တွင်မှု နေရောင်ကောင်းကောင်းရပါလျက် အမျိုးသမီးများက သူတို့၏ဆင်စွယ် ရောင် အသားကို ကာကွယ်ရန် နေရိပ်ကို ခိုကြသည်။ ဆင်စွယ်ရောင် အသားပိုင်ရှင် သည် သာ လူတန်း စားခွဲ ရာတွင် ထင်ပေါ်သည် မဟုတ်ပါလား။
ခြေအိတ်လတ်အိတ်အရှည်များ ၀တ်ခြင်း၊ အရိပ်ထဲ၌နေခြင်းတို့ကို ကျွန်မမကြိုက်ပါ။ ကျွန်မ၏ မိဘများက သူတို့၏အပေါင်းအသင်း ရိပ်မြုံထဲသို့ မ၀င်စေလို၍ မဟုတ်ပါ။ ကျွန်မ၏မိဘများသည် ဥရောပတိုက်သူ တိုက်သားများဖြစ်၍ ကျွန်မကိုအသားအရောင်ကြေင့် မညသည့်အခါတွင်မျှ သူတို့၏ အပေါင်းအသင်းမှ ဖယ်ထားခြင်းမရှိပါ။ အဖြူရောင်၏ အာနိသင်သည် မည်သည့်အရာနှင့် မဆိုကွဲပြား ခြားနားသည်ဟူသော အတွေးအခေါ်ကို ကျွန်မကြီးပြင်လာသော ပတ်ဝန်းကျင်က လက်ခံယုံကြည်နေ သောကြောင့်ဖြစ်ပါသည်။

ကျွန်မ၏ အသားအရေမျာပျားရည်ရောင် ထနေပါသည်။ ဥရောပါသူများလို ဖြူဖြူကြမ်းကြမ်း မဟုတ်ပါ။ အကယ်၍သာ ကျွန်မသည်အင်္ဂလိပ် မြန်မာကပြား၊ သို့တည်းမဟုတ် အင်္ဂလိပ်ကုလားကပြား ဖြစ်မည် ဆိုပါကနှိမ့်ချခြင်း၊ အပေါ်စီးမှကြည့်ခြင်၊ အထိတထိစောင်းမြောင်း ပြောဆိုခြင်းတို့ကို ခံရမည်မှာသေ ချာလှပါသည်။ ပေါ်တူဂီသွေးက တစ်ဝက်၊ စကော့သွေးက တစ်ဝက်ဖြစ်၍သာ သက်သာမှု ရှိခဲ့ပါ၏။

ကျွန်မ၏မိဘ အရင်းအချာများကို မဆိုထားဘိ၊ ပေါ်တူဂီလူမျိုး ဗတ်(စ်)ကိုဒဂါးမားနှင့် စကော့လူမျိုး ရောဘတ်ဆန်း(စ်)တို့နှင့် လူမျိုးတစ်မျိုးဖြစ်ရသည်ကို ပြောင်းလဲလိုစိတ် မရှိခဲ့ပါ။ သို့သော် ကျွန်မ၏ စိတ်ထဲတွင် လူဖြူမျိုး ဖြစ်ရသည့်အတွက် အခြားသူများထက် မြင့်မြတ်သည်ဟူ၍ မယူဆပါ။ လူပျိုလူလွတ် ဥရောပ တိုက်သားတစ်ဦးက တိုင်းရင်းသူ အမျိုးသမီး တစ်ဦးနှင့် တွဲလာနေသည်ကို မကြည့်လို၍ ကပွဲမှ ထွက်သွားသူများ အပေါ်တွင်လည်းကျွန်မက သည်းခံနိုင်သူ မဟုတ်ပါ။

ကျွန်မသည် အသားအရောင် ခွဲခြားခြင်းကိုဆန့်ကျင်သော စိတ်ဓာတ်ပြင်းထန်သူများ၏ ကိုယ်စားလှယ် တော့မဟုတ်ပါ။ အသားအရောင်ခွဲခြားမှု စနစ်၏မညီမျှမှုကို အဆုံးသတ်ရန် တောင်းဆိုနေသူ မဟုတ် သလိုအနှိမ်ခံ လူတန်းစားများအတွက် ၀မ်းနည်းပက်လက်ဖြစ်နေခြင်းလည်း မရှိပါ။ ကျွန်မအနေဖြင့် ထိုကဲ့သို့သော သူများအတွက် လက်ခုပ်တီးမိမည် ဖြစ်ပါသည်။ ကျွန်မ၏ဘ၀ အတွေ့အကြုံများက လူတန်းစား ခွဲခြားခြင်းသည် တန်ဖိုးမရှိဟူ၍ သင်ကြားပေးခဲ့ပါသည်။ ကျွန်မ၏ဘ၀တွင် ယင်းသင်ခန်း စာကို မေ့ပျောက်လိမ့် မည်မဟုတ်ပါ။

သူနာပြုလုပ်ငန်းသည် အယုတ်အလတ်အမြတ်ရွေး၍ ဖြစ်သောလုပ်ငန်း မဟုတ်။ လူတန်းစားအလွှာ အသီးသီးကို တစ်ပြေးညီတည်း ဖြစ်အောင် ညှိပေးရသော လက်နက်ပင်ဖြစ်ပါသည်။ အရေခွံအောက်၌ ရှိနေသောသွေးသည် လူမျိုးမရွေးနီကြသည်သာ ဖြစ်သည်။ တိတိကျကျပြောရပါလျှင် သွေးသည်ပြာ နေခဲ့သောသင်သည် သင်္ချိင်းသို့ ခပ်မြန်မြန်ကြွရပေတော့မည်။ ဒေ၀ဒနာခံစားရခြင်းသည်လည်း အသား အရောင်ခွဲခြားခြင်း မရှိပါ။ ကျွန်မ၏အလုပ်က ယင်းသို့စိတသဘောထားမျိုး ထားရှိရန်လမ်းညွှန် ပေးနေခြင်း မဟုတ်သော်လည်း ထိုအတွေးအခေါ်ကိုပင် ခံယူရမည်ဖြစ်ပါသည်။

ဘုရားတရားကို သက်ဝင်ယုံကြည် လေးစားသော မိသားစုမှ ကြီးပြင်းလာရသူဖြစ်၍ ကျွန်မတို့၏ ဘာသာ၌နိဗ္ဗာန်ဟူသည် အသားအရောင်မျိုးစုံတို့၏ ခိုလှုံရာဟုစွဲမြဲ ယုံကြည်ပါသည်။ ကျောင်းခန်းမ များ၌ချိတ်ဆွဲ ထားသော ၀ိတိုရိယ ဘုရင်မကြီး၏ ဓာတ်ပုံထဲတွင်သူမ ပိုင်ဆိုင်ထားသည့် နိုင်ငံများမှ အသား အရောင်ညိုမှောင်သော ကလေးငယ်များ ၀န်းရံနေကြသည်ကို ကျွန်မမြင်ယောင်နေမိပါသည်။
ကျွန်မတို့တွင် အိမ်ဖော်များရှိပါသည်။ ဖေဖေသည်အိမ်ဖော်များကို တန်းတူရည်တူ ဆက်ဆံခြင်းမရှိ စေကာမှု သူတို့သည် လူသားများဖြစ်သည်ကို မမေ့ကြရန်တော့ အမြဲသတိပေးလေ့ရှိပါသည်။ ကျွန်မတို့အားအိမ်ဖော်များနှင့် ဆက်ဆံစကားပြောရာတွင် အင်္ဂလိပ်ဘာသာနှင့် ပြောခွင့်မပြုပါ။ သို့ဖြင့် ကျွန်မသည် အူရဒူ၊ မြန်မာ၊ ဟိန္ဒူစတန်နီ စကားများကိုသွက်လက်စွာ ပြောဆိုနိုင်ပါသည်။

အိမ်ဖော်များသည် သူတို့အတွက်ပေးထားသော မြေကွက်များ၌ ကျွန်မတို့နည်းတူ စိုက်ပျိုးရေးမွေးမြူ ကြပါသည်။ ကျွန်မသည် မြန်မာလူမျိုးမဟုတ်ပါ။ သို့သော်မြန်မာ့မြေပေါ်၌ မွေးပြီးကြီးပြင်းလာခဲ့သူ ဖြစ်ပါသည်။ အင်္ဂလန်နိုင်ငံ၏ အလေ့အကျင့်များနှင့် ယဉ်ကျေးမှုများကို မြန်မာ့မြေပေါ်၌ ပြန်လည် အသက် သွင်းလိုသူများထဲ၌ ကျွန်မမပါပါ။
ကဗျာဆရာ ဘုန်းတော်ကြီး ဂျွန်ဒွန်နေကဲ့သို့ ကျွန်မသည်သီးခြား ကင်းလွတ်စွာ အထီးကျန်နေလိုသူ မဟုတ်ပါ။ အစုအဝေးတစ်ခု၏ အစိတ်အပိုင်းတစ်ခုအဖြစ် နေချင်ပါ၏။ အင်္ဂလန်နိုင်ငံ ဆားရေးနယ်မြေ မှ သယ်ဆောင်လာသော ၀တ္တက မြေပေါ်တွင် တည်ဆောက်ထားသည့် အလား 'ကလပ်'ကို ကိုးကွယ် ဆည်းကပ်ကြည်ညို နေကြသောလူစုများ၏ အလယ်တွင်တော့ ကျွန်မမနေလိုပါ။ စေတီပုထိုးများသည် ဗုဒ္ဓဘာသာ တိုက်သားများကလည်း ကလပ်သည်မြင့်မြတ်သူများ၏ ပျော်စံရာဖြစ်သည်ဟု ယုံကြည်ကျင့် သုံးနေကြ ပါသည်။

ဂျပန်များသည် မြောက်ဘက်အရပ်ဆီသို့ မှန်မှန်ချီတက်လျက်ရှိပြီး ရက်စက်မှု အပေါင်း၌ သရဖူ ဆောင်းနေကြစဉ် ကလပ်သည် အင်္ဂလိပ်များအတွက်သာ ဟူသော သဘောထားကိုသဲသဲမဲမဲ စွဲမှတ် ထားကြဆဲ ပင် ဖြစ်သည်။
အလွန်သန့်ရှင်းပြီး ခေါက်ရိုးမပျက် အ၀တ်အစားများးကို ၀တ်ဆင်ထားကြသည့် စားပွဲထိုးများသည် လှခန့်ညားသော ပရိဘောဂများကို ခင်းကျင်းထားပြီး ခန်းလုံးပြည့် ကော်ဇောများပေါ်တွင် တိတ်ဆိတ် စွာသွားလာလျက် ၀ီစကီ၊ ဂျင်၊ ဘရန်ဒီများကို ခွက်ကြီးခွက်ငယ်များ အတွင်းသို့ လိုက်လောင်းထည့်ပေး နေကြ ပါသည်။

ဆေးလိပ်သောက်သော အခန်း၊ ဘိလိယက်အခန်း၊ အမျိုးသမီးများ ဖဲရိုက်သည့်အခန်း၊ အကောင်းဆုံး အစားအစာများရသည့် ထမင်းစားခန်းအရက်ဘားခန်း၊ ရေကူးကန်နှင့် တင်းနှစ်ကွင်းများသည် ကလပ်၏ အဆောင် အယောင်များ ဖြစ်ပါသည်။ ကလပ်များသည် လူအများတွေ့ဆုံ၍ သတင်းများဖ လှယ်ရန်၊အတင်းအဖျင်း ပြောဆိုရန် ဆုံဆည်းကြသည့် နေရာလည်းဖြစ်ပါသည်။
ကျွန်မသည် ကလပ်ပေါ်တွင် စိတ်ဝင်စားမှု မရှိခဲ့ပါ။ သို့သော်စစ်ပြေးလာကြသူများက ကလပ်ကို ၄င်းတို့ ဇိမ်ယူရန်ခုတုံးလုပ် အသုံးပြုလာသည့် အခါကျမှ သတိမူမိခြင်း ဖြစ်ပါသည်။ ဒါတွေကို ယနေ့တိုင်အ မှတ်ထင်ထင် ပြန်လည်ဖော်ပြနေခြင်းမှာ ထိုအချိန်က ဥရောပတိုက်သားများ၏ ပတ်ဝန်းကျင် အခြေအနေကို ခြုံငုံသိရှိစေရန်နှင့် မြန်မာပြည်စစ်ပွဲ၌ မည်သည့်အတွက်မှ အဆင်သင့် မဖြစ်ခဲ့သည်တို့ ကိုနားလည် စေရန်ဖြစ်ပါသည်။

မြန်မာပြည်တွင်းသို့ ချင်းနင်းတိုက်ခိုက်လာသော ဂျပန်များက သွေးစုပ်ခံမြန်မာတစ်မျိုးသားလုံး အရင်ရှင်များလက်မှ ရုန်းတွက်နိုင်စေရန် ကူညီခြင်းပါဟု ကြေညာနိုင်အောင် သူတို့တစ်တွေ၏ နေပုံ ထိုင်ပုံ များက မီးထိုးပေးသလို ဖြစ်နေ့ပါသည်။ တစ်နည်းအားဖြင့် ဗမာလူမျိုးများသည်ကလပ်ပျော်  လူတန်းစားများ၏ လက်အောက်မှ လွတ်မြောက်လိုကြပါသည်။ ထို့ကြောင့်ပင် အင်အားတောင့်တင်း သောရန်သူ အားပေး မျိုးချစ်တပ်အများ အပြားပေါ်ပေါက်လာခဲ့ပြီး ၄င်းတို့၏ လက်ချက်ဖြင့် လူတန်းစား မရွေး လူမျိုးမရွေး၊ ဘာသာမရွေး အိန္ဒိယပြည်သို့ ထွက်ပြေးကြသူများး လမ်းခရီး၌ သေဆုံးကုန်ကြရ ခြင်းဖြစ် ပါသည်။

ထိုအချိန်တွင် မိမိတို့ဘက်မှ ဆုံးရှံးကျဆုံးမှုများက ရပ်နားနေသည်မဟုတ်ပါ။ ကျွန်မတို့မှာ အဖြစ်မှန်ကို ဘာမျှမသိကြသဖြင့် ပျော်ပျော်ပါးပါးဖြင့် အချိန်တွေ ကုန်ခဲ့သည်။ ကျွန်မတို့တွင်သတင်းစာများ မရိပါ ရေဒီယို ကလည်း အကောင်းဘက်ကနေပြီး အသံလွင့်နေသည်ကိုသာ ကြားနေရပါသည်။ တိုင်းသူပြည် သားများအား အမှန်တိုင်းထုတ်ဖော်ပြောပြခဲ့သော် စိတ်ဓာတ်ကျမည်ကို အာဏာပိုင်များက စိုးရိမ် နေပါ သည်။
စစ်ပြေးများသည် လားရှိုးဘက်သို့ ထွက်ခွာသွားကြ၏။ အချို့လည်းကျန်ရစ်ခဲ့၏။ ဆာရယ်ဂျီနယ် ဒေါ်မန် စမစ်က '' ရန်သူတွေ ရောက်မလာပါဘူး' ဟုပြောထားသည် မဟုတ်ပါလား။
မတ်လစောစောပိုင်းက ရန်သူများ၏ လက်သို့ ရန်ကုန်မြို့ကို စွန့်လွှတ်ခဲ့ရသည့် တိုင်အောင် နောင် ဖြစ်ပေါ် လာမည့် အခြေအနေများကို အချို့က လက်မခံလိုကြသေးပေ။ သူနာက သေတော့မည်၊ သူတို့ တစ်တွေ ကမူ ရောဂါဇာစ်မြစ်ကို ရှာဖွအတွေ့သေးသော ဆရာဝန်နှင့် တူကြပါသည်။ ရောဂါဇာစ် မြစ်ကို ရှာဖွေ ရန် အလိုတော့သည့် အခြအနေက ရောက်လာပေတော့သည်။
၁၉၄၂ ခုနှစ်၊ ဧပြီလ၊ ၁၀ရက်နေ့တွင် ဘေးဆိုင်အန္တရာယ်သည် အမှန်တကယ်ပင် ဆိုက်ရောက်လာခဲ့ ပါတော့သည်။

တစ်နေ့ကပင် မိတ်ဆွေဟောင်း ဗိုလ်မှူးကြီး ကင်စတန်သည်အင်းလေးကန်ထွက် ငါးကြီးကြီးများကို ၀ယ်လို၍ တောင်ကြီးမြို့သို့ ရောက်လာခဲ့ရာ ကျွန်မနှင့် အမှတ်မထင် တွေ့ကြပါသည်. သူသည် အေး ဆေးတည်ငြိမ်သူ တစ်ယောက်ဖြစ်သည့်ပြင် ကြောက်တတ်သူလည်း မဟုတ်သောကြောင့် သူ ပြောပြ သည်တို့ကို တလေး တစား နားထောင်ရသည်။ သူက'' မိထ္တီလာမှာ လူတွေငတ်ကုန်ကြပြီ ဂျပန်တွေ လည်း တဖြည်းဖြည်း နီးကပ် လာပြီ၊ အချိန်ရှိတုန်းရှိခိုက် မင်းရဲ့မိခင်နဲ့ ဖခင်တို့ကို ခေါ်ပြီး ထွက်သွားပါ'' ဟုအကြံပေးပါသည်။

ဖေဖေသည် အသက်ကလေးရလာပြီ ကျန်းမာရေးကလည်းမကောင်း၍ ခရီးဝေးသွားရမည်ကို ရင်လေးနေပါသည်။ လေယာဉ်ကွင်းသို့သွားရာတွင် သူပါနေ၍ ခရီးဖင့်နေမည်ကို သူကစိုးရိပ်နေမိ သည်။ သူ့အတွက်အစစအရာရာ ပြည့်စုံပြီး ပျော်ရွင်နေသော အိမ်မှ စွန့်ခွာသွားရမည်ကို အမှန်ပင် ၀န်လေး နေပါသည်။ ဘယ်လိုအကျိုးအကြာင်းပြပြ သူကတော့သူ့အိမ်မှ ခြေတစ်ဖ၀ါးမှ အခွာနိုင်ဟု ခေါင်းမာ နေပါသည်။ နောက်တစ်ကြိမ် ဂျပန်လေယာဉ်များ၊ မလာမီ ဖေဖေ့ကိုတော့ နားချ၍ ရမည်မ ဟုတ်ပါ။

ဗုံးကြဲခံရသည့် ပထမနေ့က ဖြစ်ပျက်ခဲ့သည်တို့မှာ အလွန်ထိတ်လန့် ရင်နာဖွယ်များ များပြားနေပါသည်။ ဘာတွေဖြစ်ခဲ့သည်ကို ကောင်းစွာလည်းမမှတ်မိတော့ပါ။ အားလုံးမှုန်ဝါးဝါး ဖြစ်နေခဲ့ပါသည်။
ဆေးရုံကို ဗုံးကြဲချပြီး ပထမအသုတ် ပျံသန်းသွားစဉ် ဗုံးဆန်ထိမှန်ခံထားရသော လူနာဆောင်မှ လွင့်စဉ် လာသည့် မှန်ကွဲစများကို ရည်ရွယ်ချက်မရှိဘဲ လမ်းလျေက်နေသော ဆရာဝန်ကြီးက ကောက်ယူ၍ အိတ်ကပ်ထဲ ထည့်နေသည်ကို တွေ့ရပါသည်။ ဆရာဝန်သည် တုန်လှုပ်မှုကြောင့်လား၊ ဗုံးပေါက်ကွဲမှု ကြောင့်လား မသိပါ။ သူ၏စိတ်ထားမှာ မမှန်ကန်တော့ပေ။ သူအားဆေးရုံမှ အမြန်ထွက်သွားစေရန် တိုက်တွန်းခြင်း သည်သာ ကိုယ်ချင်းစာနာမှုနှင့် လူဝတ္တရား ကျေပွန်ရာ ကျမည်ဟု ကျွန်မထင်ပါသည်။

အရေးကြီးဆေးကုသမှု ပေးရန် လူနာအများအပြားပင် ရောက်နေကြသည်။ စိတ်ဖောက်ပြန်သွားသော အဘိုးကြီးတစ်ဦးအတွက် ၀မ်းနည်းမျက်ရည်ကျရန် အချိန်မရပါ။ ကျွန်မတို့တစ်တွေသည် အနာများကို ဆေးကြောကာ ဆေးထည့်ရဦးမည်။ကွဲပြဲနေသည်တို့ကို ချုပ်ပေးရဦးမည်။ ကလေးများကို အစာ ကျွေးရ ဦးမည်။ သေဆုံးသူများကို ဖယ်ရှားသယ်မရဦးမည်၊လူမမာများအား ဗုံးခိုကျင်းထဲ ပို့ရဦးမည်။ အရေး ထဲတွင် ရင်ခွဲရုံက သေးသေးလေး သေသွားသည့် အလောင်းတွေက များလွန်းနေ၍ မဆံ့မပြဲဖြစ်နေ သည်။

အလုပ်နှင့် လက်မမျှအောင် အလွန်အလုပ်ရှုပ်နေစဉ် လူနာဆောင် သန့်ရှင်းရေး အမျိုးသမီးတစ်ဦးက ကျွန်မ အကျီင်္စကို ဆွဲပြီး သူနှင့်လိုက်ခဲ့ရန်ခေါ်သည်။
'' ဆရာမကြီး မြန်မြန်လာပါ၊ ဗုံးကြီးထဲက အသံတွေ မြည်နေတယ်'' ဟုပြောလည်းပြော၊ ဗုံးမြည်သံကို လည်း မြည်ပြနေပါသည်။
ကျွန်မက ဆေးရုံဝင်းထဲသို့  သူမနှင့်အတူ ထွက်လာခဲ့ရာ ရင်ခွဲရုံနှင့်မလှမ်းမကမ်းတွင် အခန်းတစ်ခန်း စာလောက်ကျယ်သည့် ချိုင့်ကြီးထဲ၌ မပေါက်ကွဲသေးသော ဗုံးတစ်လုံးကို တွေ့ရသည်။ ယနေ့ တိုင်အောင် ကျွန်မ၏စိတ်ထဲဝယ် ဗုံးမြည်သံ ထွက်ပေါ်နေခဲ့သည်ဟု ယုံကြည်နေပါသည်။ အမှန် အားဖြင့် ဗုံးပေါက်ကွဲသံ များကို အဆက်မပြတကြားနေရပြီး နားတွေအူကုန်သဖြင့် ထိုသို့မြည်သံ ကြားရခြင်းဖြစ်ကြောင်း ရှင်းပြကြ၍ ကျွန်မက လက်ခံထားပြီး ဖြစ်ပါသည်။ ကျွန်မသည် စာရွက် တစ်ရွက်ပေါ်တွင် စာရေး၍ လူနာဆောင်စောင့် အား မြို့စောင့်တပ်ဖွဲ့မှ အင်ဂျင်နီယာဂျော့(ခ်ျ) ဂရက်တီထံပေးခိုင်းလိုက်သည်။

အကယ်၍သူချက်ချင်း လိုက်မလာဘဲ ဗုံးဆန်ကို တစ်စုံတစ်ရာမလုပ်နိုင်ခဲ့သော သူလာရောက်လည် ပတ်ရန် ဆေးရုံသည် ရှိတော့မည်မဟုတ် ဟု စာရေးလိုက်ပါသည်။
ကျွန်မသည် အိမ်မွေ့အချခံထားရသူပမာ ဗုံးဆန်ကြီးကို ငေးစိုက်ကြည့်နေမိသည်။ ယခုပင်ထပြီး ပေါက်ကွဲ တော့မည်လားဟု ထင်နေသည်။ တောင်ကြီးမြို့ကို ရစရာမရှိအောင် ဗုံးကြဲထားပြီးဖြစ်၍ နောက်ထပ် ဗုံးတစ်လုံး ထပေါက်ရုံမျှနှင့် မည်သို့မျှ ခြားနာမှုမရှိနိုင်တော့ပါ။ ကျွန်မသည် လူနာများထံ ပြန်သွားပြီး အလုပ် လုပ်ရင်း စိတ် ကို ဖြေဖျောက်နေသော်လည်း စိတ်ကတော့ မပေါက်ကွဲသေးသည့် ဗုံးဆန်နှင့် ကျွန်မ စာပေးလိုက် သူတို့ထဲ ရောက်နေပါသည်။

အချိန်မည်မျှ ကြာသွားသည်မသိပါ။ စာပေးခိုင်းသူအမောတကောပြန်ရောက်လာသည်။ အရေးကြီး သောတာဝန်ဖြင့် အပြင်သို့သွားနေသော ဂျော့(ခ်ျ)ကို မတွေ့ခဲ့ရ၍ စာမပေးရ ပါဟု ပြန်ပြောပါသည်။ ဂျော့(ခ်ျ) တစ်ယောက်အားလပ်မှ ကျွန်မတို့ထံရောက်လာပြီး ဗုံးစစ်ဆေးမည့်အချိန်ကို စောင့်နေရပါ လျှင် လူတွေ တောင်ပုံရာပုံ သေဆုံးတော့မည့် အရေးကို မြင်ယောင်နေမိပါသည်။
ကျွန်မ၏ မိဘများအိမ်ရှိ စားပွဲပေါ်၌ အမြဲတမ်းထင်ထားလေ့ရှိသော မဂ္ဂဇင်းတစ်စောင်ကို ထိုအချိန်တွင် သွား၍ သတိရသည်။ ဖေဖေလစဉ်မှာယူ ဖတ်နေသော Scientific American နောက်ဆုံးထုတ် စာစောင်၌ ဗုံးတစ်လုံး ၏ပုံကို ဆွဲပြထားပြီး ဖြူး(စ်) စနက်တံမည်သို့ ဖြုတ်ရမည်ကို ရှင်းပြထားသည်။ ယခုကဲ့သို့ ဆောင်းပါး မျိုးကို မည်သူက အရေးတယူ ဖတ်မည်နည်း။ အချိန်ကုန်သည်ဟုပင် ကျွန်မက ယူဆခဲ့ ပါသေး သည်။

သို့သော် အယ်ဒီနာများက သူတို့၏ စာဖတ်ပရိသတ်များကို ရှေးတန်း စစ်မျက်နှာသို့ ရောက်နေသလို လုပ်ပေးရန် တာဝန်ရှိသည်ဟု သဘောထား ဟန်ရှိပါသည်။ ဆောင်းပါး၇ှင် အနေဖြင့် သူ၏ဆောင်းပါးကို ဖတ်ပြီး အရေးအကြောင်းပေါ်လာ၍ လက်တွေ့ကျင့်သုံးရလိမ့်မည်ဟု စိတ်ကူးမိချင်မှ ကူးမိပါလိမ့်မည်။ ကျွန်မသည် စာပေးခိုင်းလိုက်သူအား အိမ်သို့ထိုမဂ္ဂဇင်းကို သွားရောက်ယူငင်ရန် စေလွှတ် လိုက်ပါသည်။ မဂ္ဂဇင်း ရောက်လာသော အခါ ဆိတ်ငြိမ်သော ချောင်တစ်ခု၌ထိုင်၍ ဖတ်ကြည့်ပါသည်။

စက်ဘီး ကျွတ်ပေါက်သည်ကို ဖာထေးဖူးခြင်းနှင့် အောက်စီဂျင်လေဘူး ကို လဲလှယ်ဖူးသည်မှ အပ ကျွန်မတွင် စက်မှုပညာ အခြေခံမရှိခဲ့ပါ။ သို့ဖြစ်၍ ရုပ်ပုံဆွဲထားသည်တို့ကို လေ့လာပြီးအသေးစိတ် အချက် အလက်များကို အသည်းထဲနှလုံးထဲစွဲ နင့်ဝင်သွားအောင် ဖတ်ကြည့်ပါသည်။ နာရီဝက်ခန့် လေ့လာပြီးနောက် အရေးကြီးသော အချက်အလက် အားလုံးကို ကျွန်မသိသွားပါသည်။

ဆက်ရန်

2 comments:

Anonymous said...

အမရေ..ဖတ်တယ်။ မနေ့က ဂျပန်အဒေါ်တယောက်တခြားမြို့ကလာလို့ ..စားသောက်ဆိုင်သွားတာ ပြန်လာတော့ အိမ်ရှင်ဂျပန်တွေနဲ့ ပွါးနေတာ..ပြန်လာတော့ ည၁၂နာရီဖြစ်နေပီ။ လုပ်စရာရှိတာလုပ်ပီးတော့ ၁နာရီဖြစ်နေပီအိပ်ရင်းနဲ့ မျက်လုံးမနဲဖွင့်ပီးဖတ်တာ..
၂ပုဒ်စလုံး။

လက်ထဲမှာသာစာအုပ်ရှိလို့ကတော့ ၂အုပ်စလုံးအပီးမိုးလင်းထိဖတ်မှာပဲ။
အခုတော့ အမဆီမှာ စနစ်တကျလေးဖတ်ရတယ်။ အဲဒါလည်းကောင်းပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တယ်။

အင်ကြင်းသန့် said...

မမရေ...
ဟယ်လင်ကို ၂ ပြီးကတည်းက ဆက်မဖတ်ရသေးလို့ အခု ၃ကိုလာဖတ်တယ်...သူကတော့ တော့တိုးချန်နဲ့ မတူ ...ဖတ်ရတာ တစ်ပုံတစ်ပင် အားရစရာကြီးနော်...ဖြည်းဖြည်းချင်း အဆက်တွေကိုလာဖတ်မယ်...

ချစ်ညီမလေး