ရွှေပဟိုရ်စည်သံဖြင့် တစ်ရံမစဲ အမြဲသာယာ၍ သတ္တ၀ါ ဗိုလ်လူ-ပြည်သူအပေါင်းတို့၊ ကိုယ်စိတ်နှစ်ပါး အေးချမ်းလျက် ဘေးဘယာကင်းကွာ သီတာရေတမျှ ရှိကြသဖြင့် ရွှေနန်းမ အဆောင်တော်တွင် စည်းစိမ်ရှင် ဖြစ်တော်မူကြသော မင်းမိဖုရား၊ သားတော်၊ သမီးတော် များမှာလည်း အေးမြချမ်းသာ ပျော်ရွှင်စွာ စံစားလျှက်၊ ဘ၀ရှင် မင်းတရားကြီး ဘုရား၏ ဘုန်းတော်ရိပ်ကို ခိုလှုံ၍ နေကြရသည်မှာ ကုဏ္ဍလကြာအိုင်တွင် အဖြိုင်ဖြိုင် ပွင့်လန်းသော ပဒုမ္မာကြာပန်းများ၏ အလား အဆောင်ဆောင် အခန်းခန်းတို့တွင် ခြွေရံသင်းပင်းဖြင့် ပျော်ပွဲ ကျင်း၍သာ အချိန်ကုန်ကြ လေသတည်း။
အလယ်နန်းမတော် ဘုရား၏ အဆောင်တွင်သာ မယ်တော်လေးပါးဖြစ်ကုန်သော၊ မယ်တော် ဆင်ဖြူမရှင်၊ (ထိုစဉ်အခါက ဆင်ဖြူမကို သနားတော်မြတ် မခံရသေး) အလယ်နန်းမတော် ဘုရားနှင့် သမီးတော်ကြီး မိုင်းနောင်မြို့စား ထိပ်စုဖုရားကြီး၊ သမီးတော်လတ် မြတောင်မြို့စား ထိပ်စုဖုရားလတ်၊ သမီးတော်ငယ် ရမည်းသင်းမြို့စား ထိပ်စုဖုရားကလေးတို့မှာ လွန်ခဲ့သော လက ပြီးစီးခဲ့သည့် သုဓမ္မာ စာပြန်တော်ပွဲကြီး၏ စည်ကားပုံနှင့်တကွ ထိုစာတော်ပြန်ပွဲကြီးကို ဆွမ်းဘောဇဉ်နှင့် ချိုချဉ်ရသာတို့ကို မည်သူ့ထက် မည်သူကသာအောင် မည်သို့ လှူဒါန်း ကြောင်း၊ မည်သည့်ရဟန်းတော်မှာ မည်မျှအဖိုးတန် သော စာရေးတံ ဆွမ်းအုပ်ကို ရရှိကြောင်း၊ သုဓမ္မာရွှေဇရပ်တွင် ရက်ပေါင်း သုံးဆယ်လုံးလုံး နိုင်ငံတော်လေးရပ်မှာ ကြွရောက်ကုန်သော သံဃာတော်များနှင့် မြို့ခံဖြစ်သော သံဃာတော်တို့အား နံနက်ဆွမ်းစား ရန်အတွက် ကိုယ့်အတွက်နှင့်ကိုယ် တာဝန်အသီးသီးပို့ရောက်သော ဆွမ်းအုပ်များအပြင် အလယ် နန်းမတော် ဖုရားနှင့် သမီးတော်သုံးပါးတို့က ဆွမ်းအုပ်ရေ မည်၍မည်မျှဟု မပိုင်းမခြား လိုသလောက် တာဝန်ယူ၍ လှူဒါန်းခဲ့သည့် အကြောင်းများနှင့်တကွ သုဓမ္မာ စာပြန်ပွဲတော်ကြီးနှင့် စပ်လျဉ်းသမျှတို့ကို အမျိုးတော်များက မျက်နှာလိုအားရ လျှောက်တင်သမျှ များကိုသာ မယ်တော်လေးပါး အားရနှစ်သက်စွာ ရွှေနားဆင်၍ နေတော် မူကြစဉ် မယ်တော် မိဖုရားကြီး မှာ စာတော်ပြန်ပွဲတွင် ရဲရင့်စွာ ပထမ ပြန်ဆိုတော် မူသွားသော သားတော် သီပေါ မင်းသား ကို ရုတ်တရက် သတိရတော် မူသဖြင့်...
"အို... ဒါထက် စကားမစပ် သုဓမ္မာ စာသဘင်မှာ မကြာခင်က ၀င်ရောက်ပြီး ပထမပြန်ဆိုတော် မူသွားတဲ့ သီပေါ မင်းသားကလေး ဟာ အင်မတန်မှ ချီးမွမ်းစရာ ကောင်းပါသလား၊ ရွှေနန်းရင်ဘုရင်ရဲ့ သားတော်တွေထဲမှာဖြင့် ဗိုလ်ဆွဲခဲ့တဲ့ သားတော် တစ်ပါးပါပေပဲ၊ သက်တော်ကလေး ငယ်ငယ်နုနုနဲ့ ယခုလို တကယ့် စာတော်ပြန် ပွဲကြီးမှာ ဆရာတော်၊ သံဃာတော် အကျော်အမော်တွေရှေ့တွင် ရဲရဲဝံ့ဝံ့စွန်းစွန်းစားစား ပြန်ကြား ဖြေဆိုတော် မူနိုင်တဲ့အတွက် အဖိုးအနဂ္ဂထိုက်တန်တဲ့ သားကောင်းတစ်ပါးမို့ မယ်မယ်ဖျားဖြင့် ယခုလို အဖိုးတန်တဲ့ သားတော်ရဲ့မိခင်ဖြစ်တော်မူရလျှင် အင်မတန် ကောင်းမှာပဲ၊
သူ့မယ်တော် လောင်းရှည် မြို့စားဖြင့် ဘယ်လောက်များ အားရတော်မူ ရှာမလဲ၊ ရွှေနန်းရှင် ဘုရားလဲ သားတော် တွေ ငါးဆယ်ကျော်ထဲက ထူးထူးကဲကဲရဲရဲတောက် ပေါ်ထွက်လာတဲ့ သားတော်တစ်ပါးအတွက် အန်မတန်မှ အားရနှစ်သက်တော်မူပြီး အမြှောက်စားကြီး မြှောက်စား တော်မူလိုက်ပေတယ် အသက်ပင် ငယ်သော်လည်း အကြီးအကဲဖြစ်တဲ့ သားတော်ကြီးများ ထက် ပညာဘက်က အစွမ်းထက်တော် မူပါပေတယ်" ဟု ချီးမွမ်းစကား မိန်းကြားတော် မူလျှင် သမီးတော်သုံးပါး အနက်မှ တစ်ပါးကမျှ နှုတ်ပြန်မမြွက်ဘဲ မယ်တော်၏ အရိပ်အကဲ ကိုသာ ကြည့်ကြလျက် ဣနြေ္ဒမပျက် ခစား၍နေကြလေရာ မယ်တော်မိဖုရားလည်း စကားကို ဆက်လက်ခါ- "သားတော်ထဲမှာဖြင့် မြင်ကွန်းစားနဲ့ မြင်းခုံတိုင်စားတို့ဟာ အကဲဆုံးပါပဲ၊ တော်တော် လည်းမွှေလိုက်ပါပေရဲ့၊ မတ်တော်မောင် အိမ်ရှေ့မင်းလည်း တစ်ခါတည်း ကံတော်ကုန်ရှာ တယ်၊ မယ်မယ်ဖြင့် မတ်တော်မောင်အကြောင်းကို တွေးမိတိုင်းရွှေရင်တော် တခုန်ခုန်နဲ့ နှလုံးတုန်လွန်းလို့ သတိမရအောင် လုပ်တော်မူရတယ်" မိန့်တော်မူလျှင် မိုင်းနောင် ထိပ်စုဖုရားကြီးက၀င်၍-
"ဘထွေးတော် နတ်ရွာစံပြီးကတည်းက အိမ်ရှေ့မိဖုရား အရီးတော် လှိုပ်ထိပ်ထားမှာ စိတ်အား တော်တငယ်ငယ်၊ ရွှေမျက်ရည် အသွယ်သွယ်နဲ့ နွမ်းလျ ညှိုးငယ်စွာ စံတော်မူနေ ရာပါသတဲ့ မယ်မယ်ဖျား၊ ဘထွေးတော်ဘုရား ဥပစ္ဆေဒကကံနဲ့ ရုတ်တရက် နတ်ရွာလားရ လို့ လွမ်းဆွတ်တသတဲ့ ပရိဒေ၀မီးအပူကလည်း အူကျွမ်းလောက်အောင် ခတဲ့အတွက် အသက် အန္တရာယ်တော်ကိုပင် ထိခိုက်မှာ စိုးရိမ်ရတဲ့အခြေအနေရောက်နေလို့ ခမည်း တော်စိတ်အား မငယ်ရန် အတန်တန်တရားချပြီး မိကြီးတော်စကြာဒေ၀ီမဟေသီ မိဖုရား ခေါင်ကြီးဘုရားကလဲ အပါးတော်ကို မကြာမကြာခေါ်တော်မူပြီး တရားဓမ္မဟောပြမိန့်ကြား ရင်း အိမ်ရှေ့ထိပ်ထားကို သနားသဖြင့် အရေးတယူရှေးကထက်မြှောက်စားတော်မူသတဲ့၊
သို့ပေမဲ့ အရီးတော်ဘုရားမှာ သွားလေသူ မောင်တော်အတွက် တစ်ရက်မှစိတ်မအေးဘဲ တဆွေးတည်း ဆွေးတော်မူရှာလို့ အင်မတန်မှ သနားစရာကောင်းနေပါတယ် မယ်မယ်ဖျား" ဟု သနား ဂရုဏာသံနှင့် တင်လျှောက်လျှင် စိတ်တော်မြန်မြန်နှင့် မဟုတ်မခံချင်တတ် သည့်ဝါသနာ ရှိတော်မူသည့် ထိပ်စုဖုရားလတ်က ရုတ်တရက်ဝင်တဲ့ကာ-
"မယ်တော်ဖျား၊ စုထားဖြင့်ဘထွေးတော်ဘုရားအကြောင်း တွေးမိတိုင်း မောင်တော်မြင် ကွန်းစားကို လက်ရသွားဖမ်းပြီး ခမည်းတော် ရွှေနန်းရှင်ဘုရားလက်ကို အရောက် ဆက်ချင် တော့တာပဲ၊ တကယ့် တကယ်ဆိုရင် ရှင်ဘုရင်များ လုပ်ချင်ဦးတော့ ကိုယ့်ခမည်းတော်နဲ့ ဘထွေးတော်ကို ရက်ရက်စက်စက် ကြံတော်မူဖို့ မသင့်ပါဘူး၊ ဘထွေးတော် အိမ်ရှေ့ ဘုရားဟာ ဘထွေးတော် ဖြစ်ရုံမက မြင်ကွန်းကိုယ်တော် အင်မတန် မြတ်နိုးနေတဲ့ အတွက် တတုံ့မကြင် တတုံ့ကြင် ထိုက်ပါသေးတယ်။
ခုတော့ ကိုယ့်အကြံအစည်လည်း ခရီးမရောက်ဘဲနဲ့ မြင်ကွန်း ကိုယ်တော်ကြီး တယ်ဆိုးတယ် ဆိုတဲ့ သတင်းဆိုး ကြီးသာ အဖက်တင်ရတော့တာပဲ"ဟု ဆတ်ဆတ်ကြဲ ရဲရဲတောက်၊ တင်လျှောက် တော်မူလိုက်လျှင် မယ်တော်က ပြုံးလျှက်- "ငါ့သမီးတော် တင်လျှောက်လိုက် မှဖြင့် ဒိုးဒိုးဒေါက်ဒေါက် ရှိလှတယ်၊ မြင်ကွန်းစားများ ကြားလျှင် သီလ၀င်ဓား ထမ်းပြီး ငါ့သမီးတော် ဖမ်းသွားမှာ စိုးလှပါဘိ"ဟု ကျီစယ်တော် မူလိုက်ရာ..
"စုစုက ဘယ်သူ့မှ မကြောက်ဘူး မယ်မယ်ဖျား၊ သီလ၀င်ဓား မကလို့ ယိမ်းနွဲ့ပါး ဖြစ်ဖြစ် အပြစ်ရှိရင် ရှိသလို သံတော်ဦးတင်မှာပဲ၊ ဟုတ်တာပြောတာ မယ်မယ်ဖျား၊ မြင်ကွန်း ကိုယ်တော်ကြီး သေတော်မူပုံ များတော့ အရေးတော် မပေါ်မီ ခမည်းတော် ရွှေနန်းရှင် ဘုရားက သားတော်ကြီး တွေဖြစ်တဲ့ သုံးဆယ်မင်းသား၊ မက္ခရာမင်းသား၊ ကျပင်းမင်းသား၊ မြင်ကွန်း မင်းသားစတဲ့ မင်းသားကြီး များကို အပါးတော်မှာ ခစားကြတဲ့အခါ သားတော်များကို ရောနှော ချစ်ခင်တော် မူတဲ့ သဘောနဲ့ ငါ့သားတော်များ ကိုယ်တိုင်ချက်တဲ့ ဟင်းများကို ခမည်းတော် ဘုရား ပွဲတော်တည်ချင်တယ်။
"စုစုက ဘယ်သူ့မှ မကြောက်ဘူး မယ်မယ်ဖျား၊ သီလ၀င်ဓား မကလို့ ယိမ်းနွဲ့ပါး ဖြစ်ဖြစ် အပြစ်ရှိရင် ရှိသလို သံတော်ဦးတင်မှာပဲ၊ ဟုတ်တာပြောတာ မယ်မယ်ဖျား၊ မြင်ကွန်း ကိုယ်တော်ကြီး သေတော်မူပုံ များတော့ အရေးတော် မပေါ်မီ ခမည်းတော် ရွှေနန်းရှင် ဘုရားက သားတော်ကြီး တွေဖြစ်တဲ့ သုံးဆယ်မင်းသား၊ မက္ခရာမင်းသား၊ ကျပင်းမင်းသား၊ မြင်ကွန်း မင်းသားစတဲ့ မင်းသားကြီး များကို အပါးတော်မှာ ခစားကြတဲ့အခါ သားတော်များကို ရောနှော ချစ်ခင်တော် မူတဲ့ သဘောနဲ့ ငါ့သားတော်များ ကိုယ်တိုင်ချက်တဲ့ ဟင်းများကို ခမည်းတော် ဘုရား ပွဲတော်တည်ချင်တယ်။
ဘယ်ဟင်း၊ ဘယ်ဟင်းများကို ကောင်းကောင်း ချက်တတ်ကြ သလဲ လို့ သားတော်တွေကို တစ်လှည့်စီမေးတော်မူတဲ့အခါ မက္ခရာတို့ သုံးဆယ်တို့က အသီးသီး ကောင်းရာနိုးနိုး ကြိုက်တတ်ရာ ဟင်းများကို အမည်တပ်လျက် ချက်တတ်ကြောင်း၊ ကောင်းအောင် လျှောက်တင် ကြပေတဲ့၊ မြင်ကွန်းကိုယ်တော်အလှည့် ရောက်လို့ မေးတော်မူတဲ့အခါ- "မှန်လှပါဘုရား၊ သားတော် အမဲသားဟင်းကို ကောင်းကောင်း ချက်တတ်ပါတယ်"လို့ လျှောက်တင်လိုက်လို့ ခမည်းတော်ဘုရား ရွှေရင်တော်ထဲမှာ မသက်မသာ ဖြစ်တော် မူရ ရှာတယ်။
နိုင်ငံလေးရပ်မှာ အမဲကျွဲသား မစားရ၊ မသတ်ရလို့ အတင်းအကြပ် တားမြစ်နေတဲ့ ဘုရင်တစ်ဆူကို သူမို့အရွဲ့တိုက်ပြီး လျှောက်တင်ဝံ့တယ် မယ်မယ်ဖျား၊ စုစုလို ခမည်းတော် မျိုးဖြင့် ဒီနေရာတွင် ဓားတော်နဲ့ပိုင်းပြီး သင်္ချိုင်းပို့လိုက်ပါ ရဲ့၊ ခုတော့ သူတော်ကောင်း ဘုရင်မို့ထင်သလို အမက်မထားတော် မမူတာကလား မယ်မယ်ဖျား ရဲ့"ဟု နောက်တစ်ကြိမ် ဆင့်၍ လျှောက်တင်လေရာ မယ်တော်ဘုရားက စိုးရိမ်ထိတ်လန့် တော်မူသော မျက်နှာတော် ဖြင့် - "အို... တယ်ခက်တဲ့ လုံမကလေး ပါလား၊ မယ်ဖျား မိန့်တော် မူတာ နားထောင်တော် မူစမ်းပါဦး။
ဘုန်းတော်ကြီးလှသော ဘုရား စုထားပြောတဲ့ စကားတွေကို ရွှေနားတော်ကြားမှဖြင့် တယ် ထက်မြက်လှတော်မူတဲ့ သမီးတော်တစ်ပါးရယ်လို့ လက်သုံးတော်ဓားကို အပ်လို့ စစ်တပ် မှူးကြီးခန့်တော် မူပြီး မောင်တော် မြင်ကွန်းစားကြီးကို အဖမ်းခိုင်း တော်မူတာ့မှာပဲ"ဟု ရယ်ပွဲဖွဲ့သကဲ့သို့ ခနဲ့၍ မိန့်တော်မူလျှင် ထိပ်စုဖုရားလတ်က ပြုံးတော်မူကာ- "သားမယ်တော် အချင်းချင်းတွေ စံနေတော်မူတုန်းမို့ ပွင့်ပွင့်လင်းလင်း လျှောက်တင် မိတာပါ မယ်မယ်ဖျား၊ သူများကိုတာ့ ဘယ်မှာပြောတော် မူပါမတုံး၊ လျှောက်တင် လက်စနဲ့ စကားစပ်မိလို့ ဆက်လက် သံတော်ဦးတင်ပါရစေ၊ ခမည်းတော် ရွှေနန်းရှင် ဘုရားကြီးမှာ သားတော်ကြီး တွေကလည်း၊ အဆိုင်းအဆိုင်း၊ သားတော်လတ်၊ သားတော်ငယ် တွေကလည်း အသွယ်သွယ်၊ သမီးတော် အကြီးအငယ်တွေကလည်း အများအပြားမို့ အထိုက် အမ ထိုက် သင့်ရာသင့်ရာ မြှောက်စား ချီးမြှင့်တော်မူရတာလည်း ရွှေစိတ်တော် အားရရှာမယ် မဟုတ်ဘူး၊
ဘထွေးတော်ကို တိုင်းပြည် တည်ထောင်တော်မူဖက် ဖြစ်တော်မူတဲ့အတွက် နိုင်ငံတော် တစ်ဝက်နှင်းပြီး အိမ်ရှေ့မင်း စည်းစိမ်ကို ပေးတော်မူထားတာ၊ တရားနည်းလမ်း မှန်အတိုင်း ပြုတော်မူခြင်း ဖြစ်သော်လည်း ခမည်းတော် ထီးနန်းစံလျှင် သားတော်များသာ နန်းရံ ဖြစ်သင့်တယ် ဆိုတဲ့ စနစ်ကို လိုက်တော် မူချင်ကြတဲ့ သားတော်ကြီးများကဖြင့် ကျေနပ်တော် မူကြပုံ မရဘူးလို့ ခမည်းတော်ဘုရား က ရွှေဥာဏ်ရင်မို့ ဆင်ခြင် အကဲခတ်မိပြီ ဖြစ်လို့ သားတော်ကြီး တို့ကို စိတ်ဝမ်းမနည်းရအောင် အသီးအသီး ချီးမြှင့်မြှောက်စားတော်မူ ရာက သားတော်ကြီးတွေ၊ အဆိုင်းဆိုင်း ရှိတော်မူကြတဲ့ အထဲက မြင်ကွန်း၊ မြင်းခုံတိုင်၊ မောင်တော်ကြီး များက ထူးထူးချွန်ချွန် ဆိုးတော်မူ လိုက်ကြတာ၊ ဘထွေးတော် ဘုရားကလည်း ကံတော်ကုန် သွားရရှာပြီ၊ မောင်တော်ကြီးများမှာလည်း အကြံအစည် မအောင်ရုံမက အောက်ပြည် ရန်ကုန်ကို စုန်ဆင်းထွက်ပြေးတော်မူကြရတယ်၊
'သူများမနာလို ကိုယ်အကျိုး မရှိ'ဆိုတဲ့ စကားအတိုင်း ဘထွေးတော် အိမ်ရှေ့မင်း ကံတော်ကုန်ရတာ အဖတ်တင်ပြီး မြင်ကွန်း မောင်တော်ကြီး များလဲ စံစားခွင့် စံစားထိုက်ရှိသလောက်က ဝေးသထက်ဝေးတဲ့အပြင် ရှေ့ရေးအတွက် ဆိုတော့ ကျန်ရစ်တဲ့ သားတော်ကြီး တွေထဲက ခမည်းတော်ဘုရား နှစ်သက်တော် မူရာ ရွေးပြီး အိမ်ရှေ့ ပေးတော်မူဖို့ပဲရှိတဲ့အတွက် သားတော်ကြီးများ မိခင် ဖြစ်ကြတဲ့ မိဖုရားများက ဖြင့် စိတ်အား တကိုးကိုးနဲ့ အမျိုးမျိုး မျှော်လင့်တော်မူနေကြမှာပဲ မယ်မယ်ဖျား" "အင်း... ငါ့သမီးတော် လျှောက်တင်တဲ့ အတိုင်း သားတော် ကြီးကြီးမားမား ရှိကြတဲ့ မိဖုရား တွေကဖြင့် မျှော်လင့်ချက် ပေါ်လာတဲ့ အတွက် စိတ်လက် မအားအောင် ရှိကြ လိမ့်မယ်၊ မယ်မယ်ဖျားတောင် ကြီးကြီး မားမား သားတော် ယောက်ျား ထွန်းကားတော်မမူလို့၊ ဒီအပူမျိုး အေးရတာ၊ သူ့ခမြာ များမှာတော့ သူ့သားရနိုးနိုး၊ ငါ့သားရနိုးနိုး အမျှော်ကြီး မျှော်ကိုး နေရှာကြမယ်"
ထိပ်စုဖုရားကြီး။ ။ "ကိုယ်နဲ့မဆိုင်တဲ့ စကားမျိုးလိုဖြစ်သော်လည်း စကားစပ် မိတဲ့အတွက် ညီမတော် စုလတ် လျှောက်တင်တဲ့ စကားကို ၀င်လျှောက်ရပါဦးမယ်၊ ဒီအရေးနဲ့ ပတ်သက်ပြီး ထိပ်စုကြီး ထင်မြင်ချက်ကဖြင့် ခုရှိတဲ့ သားတော်ကြီးတွေဟာ မဟေသီ မိဖုရားခေါင်ကြီး ဘုရားက ဖွားတော်မူတာ မဟုတ်ဘဲ သူလိုကိုယ်လို မိဖုရားငယ် အချင်းချင်း တွေက ဖွားတော်မူ ထားတာ ဖြစ်ကြတဲ့အတွက် ခမည်းတော် ရွှေနန်းရှင်ဘုရားက အဂတိကို လိုက်စားပြီး ဘယ်သားတော် ကိုမှ ထူးထူးချွန်ချွန် သဒ္ဓါတော်မူဦးမယ် မဟုတ်ဘူးလို့ ထင်ပါတယ်၊ ပြည်သူအများကို ရင်ဝယ်သားကဲ့ သို့ သနားတော်မူပြီး မြတ်စွာဘုရား၏ သာသနာ တော်ကြီးလည်း နက်နက်နဲနဲ ခိုင်မြဲကြီးပွားအောင် အကျိုး ဆောင်တော်မူ ချင်တဲ့အတွက် မိမိကဲ့သို့ သာသနာအကျိုး၊ တိုင်းပြည်အကျိုးကို ငဲ့ညှာ ထောက်ထားပြီး တရားနဲ့အညီ တိုင်းပြည် ကို အုပ်ချုပ်နိုင်မဲ့ သားတော်မျိုးကိုမှ ထီးညွှန့်နန်းလျာ ထားတော် မူချင်တဲ့ လက္ခဏာပါ၊ ဒါကြောင့်သာ ခုထက်ထိ အတတ်မပြော နိုင်သေးပေတဲ့ ခမည်းတော် ဘုရားရဲ့ ရွှေစိတ်တော် ထဲမှာတော့ ဘယ်သားတော်နဲ့ သင့်လျှော်မယ် ဆိုတာ အတွင်းကြိတ် အကဲ ခတ်တော် မူတုန်း ရှိတော်မူမှာပဲ
"ထိပ်စုထားလတ်။ ။ "အမတော် မိန့်တော်မူတာ မှန်ပါတယ်၊ စုဖျားဖြင့်လေခမည်းတော် ဘုရား ရွှေစိတ်တော်ထဲ ၀င်ကြည့်တော်မူချင်စမ်းလှတယ်၊ ငယ်ရွယ်တဲ့ သားတော်တွေကို မထည့်ဘဲ သားတော်ကြီးကြီးမားမားတွေ ရှိတော်မူတဲ့အထဲက ဘယ်သူ့ကိုပိုပြီး ရွှေမေတ္တာ စူးရှတော် မူပါလိမ့်မလဲနော်
"ထိပ်စုဖုရားကြီး။ ။ "အစ်မတော်တို့ တစ်ဆင့်စကားနဲ့ မယ်ဖျား မိန့်တော်မူထားတာ ကြားရတော့ဖြင့် သားတော်ကျပင်းကိုယ်တော်ကြီးဟာ သဘောနှလုံးတော်ကလည်း အချိုတော် မူဆုံးမို့၊ ခမည်းတော် ဘုန်းတော်ကြီးလှသော မယ်တော်ဝင်စားတယ် ထင်တော်မူထားတဲ့၊ သမီးတော် ထဲမှာလည်း မယ်တော်ဝင်စားတယ် ထင်တော်မူထားတဲ့ စလင်းစုဖုရားခေါ်တဲ့ တစ်ပင်တိုင်နဲ့ထားတဲ့ သုသီရိမြတ်စွာ ရတနာဒေ၀ီကို ချစ်တော်အမူဆုံးမို့ (သားကျပင်း၊ သမီးစလင်း)လို့တောင် ကွယ်ရာမှာ အတိုကောက် မှတ်ဆစ်ကလေးလုပ်ပြီး ပြောနေကြပါ သေးတယ်၊ သို့ပေမဲ အရည်တူသမီးတော်တွေအများထဲက တစ်ပါးကိုတစ်ပင်တိုင်နန်း စံမြန်းစေ တာက မိန်းမသားများ ဖြစ်ကြတဲ့အတွက် မဆူမပွက်ကြပေမဲ့ အရည်တူ သားတော်တွေ အများအပြားထဲက သားတော်တစ်ပါးပါးကို အိမ်ရှေ့နန်းလျာ ထားတော် မူလိုက်ရင် သည့်ပြင်သား တော်များက ခံကြမှာမဟုတ်လို့ မြင်ကွန်း ကိုယ်တော်ကြီး အရေးတုန်းကလို ဗရုတ်သုတ်ခဖြစ်လာမှာ ကို ပညာရှိ မင်းဖြစ်တော်မူတဲ့ အတိုင်း ဆင်ခြင် စဉ်းစားတော် မူနေဟန် တူနေတယ်၊
တကယ်လို့ ကျပင်းကိုယ်တော်ကြီးကို အိမ်ရှေ့နှင်းတော် မူလိုက်ရင်လဲ မက္ခရာ ကိုယ်တော်ကြီး တို့ သုံးဆယ် မင်းသားကြီး၊ ပင်လယ်မင်းသားကြီးခေါ် သန္တိမင်းသား သာဂရမင်းများက ဓားထက်တဲ့မင်းသားတွေ ဖြစ်တဲ့အတွက် မငြိမ်မသက် ဖြစ်ကြ ရဦးမှာပဲ
"စုလတ်။ ။"အို...ဒီမင်းသားကြီးတွေထဲမှာ သာဂရမောင်တော်ကို ဆွဲမထည့်တော်မူပါနဲ့ အစ်မတော်ဘုရား၊ သူ့ခမြာတခြားမင်းသားတွေလို မဟုတ်ရှာပါဘူး၊ အေးအေး နေတော်မူတတ် ရှာပါတယ်၊ ရုပ်ဆင်းလက္ခဏာကလည်းလှ နူးညံ့သိမ်မွေ့ တဲ့ဘက်ကလည်း မိန်းကလေး ရှုံးလောက် ပြီးရှက်တတ်၊ ကြောက်တတ်တာကလည်း အလွန်မို့ ဟို... အချွန် စားမင်းသား တွေထဲ ဆွဲသွင်းတော် မမူပါနဲ့၊ သူက လူအေးပါ ဘယ်သူ ဘာလုပ်လုပ်ဆူဖို့ရှုပ်ဖို့ စိတ်ကူး ထည့်တော်မူမှာ မဟုတ်ပါဘူး၊ တကယ်ထက်မဲ့သားကတော့ မက္ခရာကိုယ်တော်ကြီးဗိုလ်ပဲဖျာ့ စုစုသိတော် မူရသလောက်ဖြင့် ခမည်းတော်ဘုရားကတောင် သူ့ကိုအလိုက်သင့် လုပ်တော် မူရတဲ့အခါ လုပ်တော်မူ ရပါသေးတယ်
"စုကြီး။ ။"ခမည်းတော်ဘုရားက ဘယ်လိုများအလိုက်သင့်လုပ်တော်မူရတာလဲ စုရယ်၊ စုဒီအကြောင်းတွေ ဘယ်ကကြားတော်မူသလဲ
"စုကြီး။ ။"ခမည်းတော်ဘုရားက ဘယ်လိုများအလိုက်သင့်လုပ်တော်မူရတာလဲ စုရယ်၊ စုဒီအကြောင်းတွေ ဘယ်ကကြားတော်မူသလဲ
"စုလတ်။ ။"စုစုကိုခစားတဲ့ ခင်ကြီးအမေ ကျောက်တစ်လုံးရွာသားဟာ ဘုန်းတော် ကြီးလှသော ခမည်းတော်ဘုရားအတွင်းဆောင်တော်မှာ အမြဲထမ်းရွက် ခံစားနေရတဲ့သူမို့ အတွင်း တော်က အရေးအကြောင်းမှန်လျှင် သူအကုန်ဒိုင်ခံသိပြီး သူ့သမီးခင်ကြီးကို တစ်ဆင့်ပြောရာက ခင်ကြီးကလဲ စုစုအပျင်းပြေလျှောက်တာနဲ့ စုစုသိရတာပေါ့
"စုကြီး။ "သြော်...ငါ့ညီမတော်ဟာ အမှတ်မဲ့နေတော်မမူဘူး တော်ပါသေးတယ်၊ ကဲ...ကဲ ဘယ်လိုအလိုက်သင့်လုပ်တော်မူရတာလဲ ညီမတော်စုစုရဲ့"
စုလတ်။ ။"စုစုကြားရတာကတော့ ဒီလိုတဲ့ဖျာ့၊ မောင်တော်မက္ခရာကိုယ်တော်ကြီးဟာ ပြင်အိမ်တော်မှာ ကိုယ်လုပ်တော်တွေနဲ့ ပျော်တော်မူနေတဲ့အတွက် ခမည်းတော်ဘုရားက သမီးတော် ပင်းမြို့စားသီရိသုကေသာ ဒေ၀ီနဲ့ ရေသွန်း နှင်းအပ်လက်ထပ် ပေးစားတော် မူထားတယ် မဟုတ်ပါလား
"ထိပ်စုကြီး။ ။"ဟုတ်ပေတယ် ဒီအကြောင်းတွေအားလုံး သိကြပြီးပဲ၊ အဲဒါယခု ဘာဖြစ်တော် မူပြန်သတဲ့တုံး စုစုရဲ့၊ မက္ခရာ ကိုယ်တော်ကြီးက နှစ်သက်တော် မမူဘူးတဲ့လား"
စုလတ်။ ။ "မှန်လှပါတယ်၊ ခမည်းတော်ဘုရား အမိန့်တော်နဲ့မို့သာ ခေါင်းခါလို့ ငြင်းတော်မမူဝံ့ဘဲ ရွံ့ရွံ့နဲ့ လက်ထပ်ပေးတော်မူတာ ခံလိုက်ရပေမဲ့ မောင်တော်ကြီးက ပင်မင်းသမီး ရဲ့ အဆောင်တော် ကို လုံးလုံးကူးတော်မမူလာဘဲ ပြင်အိမ်တော်က ကိုယ် လုပ်တော် များနဲ့သာ ပျော်ပါးတော် မူနေတဲ့အတွက် အစ်မတော်ပင်းမင်းသမီးမှာ လက်ထပ်တော် မူတဲ့ နာမည်နဲ့အအိုရယ် လို့ အထင်ခံရရုံသာ ရှိတော်မူတဲ့အတွက် ပင်းမင်းသမီးမှာ လက်ထပ်တော်မူတဲ့ နာမည်နဲ့အအို ရယ်လို့ အထင်ခံရရုံသာ ရှိတော်မူ တဲ့အတွက် ရှက်ရှက်နဲ့ အဆောင်တော်ထဲမှာသာ ကြိတ်ပြီး ငိုတော်မူနေရှာပါတယ်၊ စိတ်တော် ပဲ ဘယ်မှာ ချမ်းသာတော် မူနိုင်ပါ့မလဲ။
"အဲဒီလို ဖြစ်နေတာတွေကို ခမည်းတော်ဘုရား ရွှေနားတော်ကြားလို့ သားတော်ကို နှစ်ခါသုံးခါ 'အရိပ်ပြ အကောင်ထင်' ဆိုတာကို သတိပေးတော်မူတဲ့အခါ မက္ခရာ ကိုယ်တော်ကြီး က မှန်လှပါဘုရား၊ နှမတော်အဆောင်ကို သွားပါမယ်လို့ရှေ့တော်မှာ ၀န်ခံသွားပြီး သမီးတော် အဆောင်ကိုတော့ တစ်ခေါက်မှ ပေါ်တော်မူမလာဘူးတဲ့၊ အမတော့ဖျာ့ပင်မင်းသမီးမှာပဲ တငိုတည်း ငိုတော်မူရလွန်းလို့ 'စိတ်ထောင်းကိုယ်ကျေ'အရိုးနဲ့အရေ ဖြစ်တော်မူရှာတယ်၊ ခမည်းတော်ဘုရား ကလည်း သားတော်နဲ့ သမီးတော်စပ်ကြားမှာ အတော်ဗျာများ တော်မူလိုက် ရသေးတယ် အမတော်ဖျာ့"
"အတွင်းဆောင် စံတော်မူတဲ့အခါတိုင်း သမီးတော်ပင်းမင်းသမီး စိတ်မချမ်းမသာဖြစ်ရှာ တော်မူတဲ့အကြောင်းတွေ ရွှေနားတော်ကြားရတဲ့အတွက် အပါးတော်မှာ ခစားတဲ့လူများကို 'ဟဲ့ မောင်ရင်က ဘာဖြစ်လို့ငါ့သမီးတော်ရဲ့အဆောင်ကို မကူးရတာတုံး ဟရို့'လို့မေးတော် မူတဲ့အခါ အပါးမှာ ခစားရရှာသူတွေ ကတော့ သားတော်ကြီး အကြောင်းသိ တွေမို့ သံတော်ဦး မတင်လို့ မဖြစ်ချေဘူးဆိုပြီး။
"ကိုယ်တော်ကြီး အဆောင်တော်မကူး တဲ့ အကြောင်းရင်းတွေ ပြင်အိမ်တော်က ကိုယ်လုပ်တော်များ နဲ့သာ ချစ်ခင်ကြင်နာစွာ ပျော်ပါးတော်မူပြီး သမီးတော်ကို မေတ္တာ ယိမ်းတော်မမူလို့ပါ ဘုရား"လို့ မှန်ရာလျှောက်ထား သံတော်ဦးတင်ကြရတဲ့အခါ ခမည်းတော် ဘုရားက "ငါပေးစားတာ သင်းမကြည်ဖြူ နေရိုးလား"ဟု မိန့်တော်မူပြီး သမီးတော် အဆောင် သားတော် ကူးအောင်လို့ သားတော်မက္ခရာ ကိုယ်တော်ကြီးအား ရွှေနန်းတော်အတွင်း အိမ်တော်မှာ တစ်ပါးတည်း လာရောက် စံနေတော်မူရမယ်လို့ အမိန့်တော် ထုတ်တော် မူထားပါသတဲ့။
မက္ခရာ ကိုယ်တော်ကြီးလည်း မလွန်ဆန် သာတော်မူဘဲ အတွင်းအိမ်တော်မှာ ပြောင်းရွှေ့ စံနေတော်မူရတဲ့ အတောအတွင်းမှာ ပြင်အိမ်တော်မှ ကျန်ရစ်တဲ့ ကိုယ်လုပ်တော် များကို ခမည်းတော် မင်းတရားကြီး ဘုရား အမိန့်တော်နဲ့ မယ်မင်းတို့ ကိုယ့်မိဘအိမ် အသီးသီး ခေတ္တပြန်နေချေရမယ် လို့ အမိန့် ထုတ်ဆင့်တော်မူ တဲ့အခါ ကိုယ်လုပ်တော် များမှာလည်း ခမည်းတော်ဘုရား အမိန့်တော် ကို ကြောက်ရွံ့ရှာတဲ့အတွက် အထုပ်အပိုးများ ပြင်ဆင်ပြီး မြို့ပြင်ထွက်ရာ မက္ခရာကိုယ်တော်ကြီး ကို ကန်တော့ နှုတ်ဆက်ဖို့ စောင့်နေရှာ ကြတုန်း ကိုယ်တော်ကြီး ကလည်း လွှတ်တော်တက်ရာက လှည့်ပြီး ချစ်မငြီးတဲ့ ကိုယ် လုပ်တော် ကြီးများထံ ၀င်လာတော်မူတဲ့ အခိုက် ငိုကာ, ရယ်ကာနဲ့ ဘုရား ကျွန်မများ မိဘအိမ် ခေတ္တပြန် နေရမယ်လို့ အရှင့်ခမည်းတော် ဘုရားက အမိန့်တော် ထားလို့ သွားရပါမဲ့ အကြောင်းပါ ဘုရားလို့ လျှောက်ကြတဲ့ အခါ မက္ခရာ ကိုယ်တော်ကြီး ပြုံးတော်မူပြီး
"အေး...အေး...ခေတ္တခဏ သွားနေကြချေဦး၊ မသွားရင် အမိန့်တော် လွန်ဆန်တယ် ဆိုပြီး နင်တို့ကို သတ်လိမ့်မယ်၊ ကြွက်မနိုင် ကျီမီးရှို့နေတုန်း နင်တို့ ခဏရှောင် နေကြတာ ကောင်းတယ်" လို့ မိန့်တော်မူပြီး သူ့ကိုယ်လုပ်တော်ထဲက အချစ်ဆုံး ကလေး တစ်ယောက် ကိုတော့ မခွဲနိုင်လို့ထင်ရဲ့။
"နင်မလိုက်နဲ့ ဟောဒီမီးဖို အုတ်တိုက်ထဲ ပုန်းနေရစ်ခဲ့၊ ငါသော့နဲ့အပြင်က ခတ်သွားပြီး ရွှေလွှတ်တော်ကြီး က လာတိုင်း ငါဝင်လာမယ်"လို့ မိန့်တော်မူတယ်။
ကိုယ်တော်ကြီး လာတော့ ခမည်းတော်အာဏာ အတိုင်း အတွင်း အိမ်တော်မှာပဲ ဟန်မပျက် စံတော်မူတယ်ဘုရား၊ ခမည်းတော်ကတော့ အတွင်တော်ရောက်ရင် ပင်းမင်းသမီး အဆောင်တော် ကူးမှာပဲလို့ ထင်တော်မူတယ်၊ ကိုယ်တော်ကြီးကတော့ ဘယ်ကူးတော် မူလိမ့်မလဲ၊ အတော်ဇွဲကြီး တော်မူတာ၊ ခမည်းတော်အကြံကိုယ်ပဲ သိတော်မူသားမို့ သာပြီးမသွား မိအောင် ရှောင်တော်မူတဲ့ လက္ခဏာပဲ၊ ခမည်းတော်က မယ်တော်ဖြစ်သူ ကိုလည်း သားတော် ပင်းမင်းသမီးရဲ့ အဆောင်တော် ကို ကူးရဲ့လား ဆိုတာ အခါမပြတ် မေးတော် မူသတဲ့။
မယ်တော်ကလည်း မကူးကြောင်း သံတော်ဦးတင်ရရှာတယ်၊ သမီးတော်ပင်းမြို့စားမှာ ရှက်အားကြီးတာနဲ့ နောက်ဆုံးစိတ်တော်နောက်ပျက်ပျက် ဖြစ်လာပြီး တစ်ပါးတည်း ဟိုထွက်သွား၊ ဒီထွက်သွားသွားနေတဲ့အတွက် ခမည်းတော်ကိုယ်တိုင် သက်သာရာ မဲ့နည်းလမ်း မေးတော်မူမှာ "ဖျာ့ကျွန်မဖြင့် ရှက်လှချည်ရဲ့၊ ဒီမင်းသားနဲ့ မြန်မြန်ကွာရှင်း လို့သာ ပေးတော် မူပါ"လို့ ငိုယိုပူဆာ တာနဲ့ သားတော်ကို လက်လျှော့မှန်းမသိ လက်လျှော့ပြီး ကွာရှင်း ပေးတော် မူလိုက်ရတယ်တဲ့ အစ်မတော်ဘုရား။
ဒီအကြောင်းတွေ စုဖျာ့ အပျိုတော်ခင်ကြီးအမေက အားလုံးသိလို့ စုစုတို့ တစ်ဆင့် သိရတာ ပါဟုပြောတော်မူလျှင် သလွန်တော်တွင် သမီးတော်များစကားပြောကြသည်ကို နားဆင်တော် မူနေသော မယ်တော်က ပြုံးလျက်-
"အေး ငါ့သမီးကတော့ ရွှေနန်းတော်ကြီးပေါ်မှာ လွတ်လွတ်လပ်လပ်ကြီး ပျော်တော်မူနေ တဲ့အတိုင်း အဆောင်တော်အသီးသီးက သတင်း အမျိုးမျိုးတွေ ခရေစေ့တွင်းကျ သိတော်မူ ရတာပဲ ထင်ရဲ့၊ ဟဲ့... ခင်ကြီးရဲ့၊ နင့်အမေကပြောတာတွေ နင်မို့ စိတ်ရှည်လက်ရှည်၊ ငါ့သမီးကို လျှောက်နိုင် လေတယ်ကွယ်၊ ဒီမက္ခရာကလဲ တယ်ဇွဲကောင်းတဲ့ သားတော် ပါကလား၊ ပင်းမင်းသမီးကလေးဟာလည်း လှကလှတော်မူရှာပါဘိသနဲ့ သူမို့ မသနားမညှာ စိတ်ထားတတ်ရှာ လေတယ်၊ သူ့ကိုယ်လုပ်များကို တယ်ပြီးငဲ့ညှာ ထောက်ထား လိုက်ပါ ကလား၊ ဘယ်နှယောက်များ လှလှပပရှိသလဲ ခင်ကြီးရဲ့"
ခင်ကြီး။ ။"ဘုရားကျွန်မ မမပြောတော့ဆောင်ရ ကိုယ်လုပ်တော်ကြီးသားတော်၊ သမီးတော် တွေနဲ့ ခုနှစ်ယောက်ရှိပါသတဲ့ဘုရား၊ ခင်နန်းရင်ဆိုတာ တစ်ယောက်ပါဘုရား၊ ခင်မျိုးနွယ်၊ မရှင်လေး၊ ခင်သစ်၊ ခင်မိမိဆိုတဲ့ ခုနှစ်ယောက်ဟာလှလည်း အင်မတန်လှပြီး အဆောင်ရကိုယ်လုပ် တော်ကြီးတွေ ဖြစ်ပါတယ်၊ ဒီအထဲမှာ ခင်ခင်ကို သူများတကာထက်ပိုပြီး မြတ်နိုးတော် မူပါသတဲ့ ဘုရား"
မယ်တော်။ ။"အေး...အေး သန်တုန်း, မြန်တုန်း, ထက်တုန်း, အရွယ် လူငယ်တွေဆိုတော့ ကိုယ်ထင်ရာကိုယ် အကောင်း မှတ်ကြတာပေါ့၊ သူ့ခမျာကတော့ ခမည်းတော် ဘုရားကို ချစ်ခင်ကြည်ညိုတဲ့ သားတော်ပါ၊ မဟုတ်မခံဘူး ဆိုတဲ့ မာနကလေး လည်း ရှိတယ်၊ ခမည်းတော်က လည်း သားတော်ရဲ့သဘောကို သိတော်မူပြီး အချစ်ကြီး ချစ်တော် မူပါပေတယ်၊ ဘယ်သားတော် ကိုမှ မေတ္တာပြယ်တော်မူတယ်လို့ မရှိပါဘူး၊ မြင်ကွန်း မြင်ခုံတိုင်တို့အပေါ်မှာတောင် မေတ္တာတော် မပျက်ရုံမက တစ်ခါက ငါ့သားတော်များ ဆင်းဆင်း ရဲရဲများ ဖြစ်နေရှာကြမလားလို့ ဂရုဏာ စကား မိန့်ကြားတော်မူတာ ကြားရပါသေးတယ်။
မေတ္တာရေဆိုတာ နိမ့်ရာစီးမြဲပဲလေ ခုရှိကြတဲ့ သားတော်ကြီးတွေ အပထားပြီး ငယ်ရွယ်တဲ့ သားတော်တွေထဲကလည်း ဘယ်သူက ဘယ်လိုလာဦးမယ် မသိနိုင်ဘူး၊ အခါတိုင်း အမှတ်မဲ့ နေလာကြတဲ့ သီပေါမင်းသားကလေးဟာ သုဓမ္မာစာပြန်ပွဲမှာ ၀င်နွှဲတော် မူနိုင်တာ ထောက်ရင် နောက်ပေါက်တွေကလည်း အနည်းနှင့်အများ ထူးထူးခြားခြား အားကိုးအားထား ပြုလောက်မဲ့ အရာရောက်တဲ့ သားတော်တွေ ဖြစ်ဦးမှာပဲ၊
မေတ္တာရေဆိုတာ နိမ့်ရာစီးမြဲပဲလေ ခုရှိကြတဲ့ သားတော်ကြီးတွေ အပထားပြီး ငယ်ရွယ်တဲ့ သားတော်တွေထဲကလည်း ဘယ်သူက ဘယ်လိုလာဦးမယ် မသိနိုင်ဘူး၊ အခါတိုင်း အမှတ်မဲ့ နေလာကြတဲ့ သီပေါမင်းသားကလေးဟာ သုဓမ္မာစာပြန်ပွဲမှာ ၀င်နွှဲတော် မူနိုင်တာ ထောက်ရင် နောက်ပေါက်တွေကလည်း အနည်းနှင့်အများ ထူးထူးခြားခြား အားကိုးအားထား ပြုလောက်မဲ့ အရာရောက်တဲ့ သားတော်တွေ ဖြစ်ဦးမှာပဲ၊
အရည်တူ သားတော်ထဲက 'တောက်မဲ့ မီးအရှိန်နဲက ရဲရဲ' ဆိုသလို စိန်ကဲကျောက်ကဲခတ်သလို ဘယ်သူဘယ်လို ထူးချွန် လာမယ် ဆိုတာ စောင့်ကြည့်ကြဖို့ လိုတာပဲ"ဟု အဆောင်တော် ထဲတွင် သားမယ်တော်များ ပြောဆို စံနေတော် မူကြစဉ် မန်ကျည်းကန် ရွာစားအပျိုတော်ခင်နှစ် ၀င်လာပြီး မြတ်လေးကုံးကြီးများ ရွှေကလပ် တွင်တင်၍ ဆက်လာသဖြင့် မယ်တော်ဖျားက"ဟဲ့ မယ်နှစ်ကဲ့ဘယ့်နှယ် ဒီရာသီက မြတ်လေးပန်း ပေါ်တဲ့ ရာသီ မဟုတ်ပါကလား"
ခင်နှစ်။ ။"မှန်လှပါအရှင်ထိပ်စု မြတ်ဖုရားလတ် နှစ်သက်တော် မူတယ်လို့ မိန့်တော် မူတာနဲ့ ဖျာ့ကျွန်မတို့အဖေ အထူးရေလောင်း စိုက်ပျိုးပြီး အရေးတကြီး ပြုပြင်လာတဲ့ အတွက် အခါရာသီ မဟုတ်ဘဲ ရွက်နုတွေ ပေါက်ရာက ဖူးညှောက်တွေ ပေါ်လာပြီး တစ်ခါတည်း ပွင့်လာတဲ့ အတွက် ရွှေလက်တော် ရောက်ဆက်ပါဆိုပြီး အမေ လာပို့ပါသည်ဘုရား"
ထိပ်စု ဖုရားလတ်လည်း မြတ်လေးပန်းတစ်ခိုင်ကို လက်တော်နှင့်ကိုင်ယူ ရှုစားတော် မူပြီး မကြာမီက ရွှေစိတ်တော်တွင် စွဲငြိစွန်း ထင်လာသော အမှတ် အသားကလေး တစ်ခုသည် မြတ်လေး ပန်းယနံ့ကြောင့် ရုတ်တရက် ပေါ်ပေါက်တော်မူလာပြီး
"အင်း... ဒီပန်းရနံ့ကလေး ရှုစားမူမိတော့ နယုန်လဆီမှာ သုဓမ္မာ စာတော်ပြန်ပွဲကြီးကို တွေးမြင်တော်မူမိတယ်၊ နှစ်တိုင်းထက် စည်ကားလို့ အားရစရာလဲ အတော်ကောင်းတာပဲ၊ သုဓမ္မာ စာတော်ပြန်ပွဲမှာ မောင်တော်သီပေါမင်းသား ပါဝင်ဖြေဆိုတော်မူလို့လည်း အခါတိုင်း ထက် ကြီးကျယ် ခမ်းနားပါပေတယ်၊ နောက်လာမဲ့ ပွဲများမှာ ဒါလောက်မှ စည်ကားပါဦးမလား"
ခင်နှစ်။ ။"မှန်လှပါ စည်ကားကြီးကျယ်ဦးမယ်လို့ ဘုရားကျွန်မ ထင်ပါတယ်၊ သီပေါကိုယ်တော်ကလေးကလည်း သုဓမ္မာစာမေးပွဲတော်အတွက် ပထမလတ်ဖြေဆိုတော်မူရန် စာများအင်မတန်ကြိုးစားနေတော်မူတယ်လို့ လက်ဖက်ရည်တော် မောင်မောင်တုတ်တို့ လူစုက ပြောနေကြပါတယ်၊ ဘုရားကျွန်မတို့က အနောက်ပိုင်းကမို့ ရွှေနန်းတော် အရှေ့ပိုင်းက သတင်းများ အကြားအမြင်နည်းတော့ ဘကြီးအိမ်သွားတုန်းက အိမ်ဦးခန်းမှာ ဘဘတို့ ပြောနေကြတာ ကြားခဲ့ ရပါတယ်ဘုရား
"စု။ ။"အို...နောင်နှစ်ည်း မောင်တော် သီပေါမင်းသား သုဓမ္မာ စာပြန်ဆိုပွဲမှာ ၀င်နွှဲ ဖြေဆိုတော် မူဦးမယ်လို့လား"ခင်နှစ်။ ။"မှန်လှပါဘုရား၊ ဘုန်းတော်ကြီးလှသော အရှင့်သားတော် သီပေါကိုယ်တော် ကလေးဟာ ပထမငယ်, ပထမလပ်, ပထမကြီးအထိ အာဂုံပြန်ဆိုတော်မူရန် စိတ်ဇွဲတော် သန်လွန်း လို့ မှန်စီရွှေကျောင်းတော်မှာ ဦးခေါင်းတော်မျှ မဖော်နိုင်အောင် စာဝါကြိုးစား တော်မူနေတယ်၊ မယ်တော်လောင်းရှည်ဘုရားလည်း သားတော်အတွက် အလွန်အားတက် တော်မူ နေကြောင်းပါ ဘုရား"
စု။ ။"အင်း...သည်လိုဖြင့် လာမဲ့နယုန်လသုဓမ္မာစာပြန်ပွဲကြီးမှာ ပြီးခဲ့တဲ့နှစ်ကလို ကြီးကျယ် စည်ကားဦးတော့ မှာပနော်၊ မယ်မယ်ဖျားဖြင့် ဆွမ်းအုပ်တေါ များများလှူဖို့ စိတ်ကူးတော် မူနေမှာပဲ"
စု။ ။"အင်း...သည်လိုဖြင့် လာမဲ့နယုန်လသုဓမ္မာစာပြန်ပွဲကြီးမှာ ပြီးခဲ့တဲ့နှစ်ကလို ကြီးကျယ် စည်ကားဦးတော့ မှာပနော်၊ မယ်မယ်ဖျားဖြင့် ဆွမ်းအုပ်တေါ များများလှူဖို့ စိတ်ကူးတော် မူနေမှာပဲ"
အလယ်မနန်းတော်ဖုရားလည်း သမီးတော်များ ပြောနေကြသည့်စကားများကို သလွန် တော်ပေါ်မှ ပုတီးစိပ်တော်မူရင်း ကြားသိတော်မူရလျှင်
"ဟဲ့...ခုနကမိနှစ် စုလတ်ကို လျှောက်တင်တာ ဘာတဲ့၊ သီပေါမင်းသား ကလေး ဘာဖြစ်သလဲ " ဟု မေးတော် မူလျှင် ခင်နှစ်မှာ ထိပ်ထိပ်ပြာပြာနှင့်
သီပေါကိုယ်တော် ဘာမှမဖြစ်ပါဘုရား၊ အသျှင် ထိပ်စုမြတ်ဖုရားက မြတ်လေးပန်းနှင့် ပတ်သက်ပြီး စကားဆက်တော် မူမိတဲ့အတွက် နယုန်လ စာတော်ပြန်ပွဲ အကြောင်း ရောက်သွား ရာက နောက်နှစ်ကလောက် စည်ကားမှ စည်ကားတော့မယ်လို့ မိန့်တော်မူတဲ့ အတွက် လာမဲ့ နှစ်မှာလည်း သီပေါကိုယ်တော် ပထမလတ် ဖြေဆိုတော်မူဦးမယ်လို့ သတင်းအမှန် ကြားရသဖြင့် ပြီးခဲ့တဲ့နှစ်များ ကလို စည်ကား ကြီးကျယ်လိမ့်မယ် ထင်ကြောင်း လျှောက်တင် နေပါသည်ဘုရား"ဟု တင်လျှင် အလယ်နန်းမတော် ဖုရားလည်း မျက်ထားတော် ရွှင်ရွှင်နှင့်-
"သြော်...သီပေါမောင်ရင်က အင်မတန် ကြိုးစားတော် မူလိုက်ပါကလား၊ ဘုန်းတော် ကြီးမားလှသော ဘုရားကဖြင့် ဒီလိုထူးခြားတဲ့ သားတော်မျိုးကို အတော် အားကိုးရလိမ့်မယ်၊ ညီမတော် လောင်းရှည်မိမိ မှာလဲ ခုလိုထူးကဲတဲ့ သားတော်အတွက် ရှေးကလို ဆက်လက်ပြီး မျက်နှာ ပွင့်လန်းတော် မူစရာရှိပါရဲ့
"မိန့်တော်မူကာ အတန်ကြာလျှင် ညောင်းညာတော် မူသည်နှင့် သလွန်တော် ထက်တွက် လျောင်းစက်တော်မူလိုက်လျှင် အပျိုတော် ခင်ဖော့လည်း အနီးတွင် ဒူးပုဆစ်တုတ် ၀ပ်ခါ ခေါင်းယပ် တောင်ဖြင့် ဖြည်းညှင်းစွာ ယပ်လေသွေးဆက်နေလေလျှင် သမီးတော် ထိပ်စုဖုရားကြီး လည်း မိမိအဆောင်တော်ထဲသို့ ထွက်တော်မူ လာကာ တောင်ငူခရိုင်မှ ဆက်ရောက် လာသည့်များစွာသော ဂမုန်းအင်နှင့် သဇင်ပန်းများကို ကိုယ်တော်တိုင် ရွေးချယ် လျက် ပန်းထီးသဏ္ဍာန် လှပစွာ စီမံပြုလုပ်ခါ စွယ်တော်စင်ဘုရား နှင့် မဟာမြတ်မုနိ ရုပ်ပွားတော် များအား ဆက်ကပ် လှူဒါန်းပူဇော် လျက်နေတော်မူ လေ၏ ။
"မိန့်တော်မူကာ အတန်ကြာလျှင် ညောင်းညာတော် မူသည်နှင့် သလွန်တော် ထက်တွက် လျောင်းစက်တော်မူလိုက်လျှင် အပျိုတော် ခင်ဖော့လည်း အနီးတွင် ဒူးပုဆစ်တုတ် ၀ပ်ခါ ခေါင်းယပ် တောင်ဖြင့် ဖြည်းညှင်းစွာ ယပ်လေသွေးဆက်နေလေလျှင် သမီးတော် ထိပ်စုဖုရားကြီး လည်း မိမိအဆောင်တော်ထဲသို့ ထွက်တော်မူ လာကာ တောင်ငူခရိုင်မှ ဆက်ရောက် လာသည့်များစွာသော ဂမုန်းအင်နှင့် သဇင်ပန်းများကို ကိုယ်တော်တိုင် ရွေးချယ် လျက် ပန်းထီးသဏ္ဍာန် လှပစွာ စီမံပြုလုပ်ခါ စွယ်တော်စင်ဘုရား နှင့် မဟာမြတ်မုနိ ရုပ်ပွားတော် များအား ဆက်ကပ် လှူဒါန်းပူဇော် လျက်နေတော်မူ လေ၏ ။
ထိပ်စုဖုရားလတ်မှာလည်း မိမိ၏ အဆောင်တော်တွင် အပျိုတော်များနှင့် ညီမတော် ရမည်း သင်းစုဖုရား ကလေးပါ ငယ်ရွယ်သူ ဖြစ်သည့်အလျောက် ရွှေခဲ၊ ငွေခဲ၊ ပုလဲ ပတ္တမြား စသော ရတနာ များနှင့် ပျော်ရွှင်စွာ ဇယ်ထောက် ကစားတော်မူလျက် ရှိကြလေ သတည်း။
အခန်း (၄) ဆက်ရန်
No comments:
Post a Comment