Tuesday, December 25, 2012

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၁၇)

ထိုမှပင်လယ်ရေတက် ရေကျချိန်များတွင် အလှည့်ဖြင့် ယင်းဂါးပိုက်များကို မတင်ပြီး မျှင်ကလေးများ ကို တောင်းဖြင့် ခတ်ယူရပါသည်။ မျှင်ပုစွန်သည် ပြာနှမ်းနှမ်း အရောင်ဖြစ်ပြီး အကောင်ကလေးများမှာ အလွန်သေးငယ်လွန်း ရကား ယင်းပုစွန်ကလေးများကို မနက်ည နှစ်ရေဖမ်းပြီးသည်နှင့် တစ်ပြိုင်နက် လှေဖြင့် တင်၍ ပို့ရသည်။ ထိုမျှင်များကို ဆားဖြင့်နယ်ပြီး နေလှန်းခြောက်စေပါသည်။ လှန်းပြီးသော မျှင် များကို အလုံးကြီး အဖြစ်ထောင်း၍ သိုလှောင်ထားပါသည်။ ထို့နောက် ထို မျှင်လုံးကြီးများကို စက်ဖြင့်ကြိတ်ကာ အကောင်းစား မျှင်ငါးပိ၊ ယင်းမှထွက်သော အရည် ကို မျှင်ငံပြာရည် စသည်ဖြင့် လုပ်ကြပါ သည်။ "တော်တော်စိတ်ဝင်စားစရာ ကောင်းသလောက် သက်စွန့် ဆံဖျား လုပ်ရတာပါပဲလား၊ သခင်သာရင်ရယ်"
"အင်းပေါ့၊ ပင်လယ်ရေလုပ်ငန်းဆိုတာ အသက်နဲ့ ရင်နှီးလုပ်ရတာပါ၊ အကြောင်းမညီညွှတ်လို့ လှိုင်းလေပြင်း ရင် ကုလားပြည်တို့ တစ်ကျွန်တို့ဆီတောင် မျှောသွားခဲ့ကြဖူးတယ်"
ကို ဆက်ဖတ်ရန် ...

ကျွန်တော်တို့ စကားပြောနေခိုက် တပိုးတပါးသွားရန်ဆင်းသွားသော သခင်စံထူးသည် တဲအတွင်း သို့ ပြန်ဝင်လာပြီး သူနဲ့ သောစပ်ဆီသို့ လိုက်ခဲ့ရန် ပြောကြားပါသည်။ ကျွန်တော်နှင့်အတူ သခင်သာရင်နှင့် သခင် သာရင်နှင့် ကိုကြွက်တို့ပါ တစ်ပါတည်းလိုက်ခဲ့သည်။ သခင်စံထူးသည် ခင်တန်းကလေးကိုကျော်၍ အလင်းရောင် ထွက်ပေါ်နေသော နေရာဆီသို့ လက်ညှိုးညွှန်၍ ပြပါသည်။
"အဲဒါ ဖိုးဘကုန်း၊ ကျောင်းကုန်းဘက်ဆီကဗျ"
"အလင်းရောင်လိုလိုတော့ မြင်မိတယ်။ ဒါပေမယ့် သဲသဲကွဲကွဲတော့ မဟုတ်ဘူး"
"နည်းနည်းလှမ်းတယ် သခင်မြလှိုင်၊ ကျွန်တော်လက်ညှိုးညွှန်တဲ့နေရာဟာ ဖိုးဘကုန်းနဲ့ ကျောင်းကုန်းပဲ အဲဒီကနေ တောင်ဘက်ယွန်းယွန်းဆီက မည်းမည်းစုစုဟာ တယ်ပင်ဆိပ်၊ နောက်တယ်ပင်ဆိပ်က ဟို စနေထောင့် ဆီကိုကြည့်လိုက်ရင် ညောင်လန်းငူပဲ"

ထိုအခိုက် သခင်စံထူးပြသည့် ကျောင်းကုန်းရွာဆီမှ ပို၍ လင်းလာသည်ကိုတွေ့ရသည်။ ယခုအတိုင်းဆိုလျှင် သူကြီးကိုနက်တို့ရွာဆီမှ ဖြစ်ပေလိမ့်မည်။ ကိုနက်သည် သူကြီးဆိုသော်လည်း ကျွန်တော်နှင့် ဆွေရိပ်မျိုးရိပ်မကင်း ဖြစ်သည်။ ကျွန်တော်မိဘပိုင် လယ်ပွဲအချို့သည် ကိုနက်တို့ပင် လုပ်ကိုင် လျက်ရှိပါသည်။
"အခြေအနေအမှန်ကိုတော့ မနက်စောစောဆိုရင် ကျွန်တော်တို့ သိရမှာပါ"
"မနက်စောစောတော့ သိဦးမယ်မထင်ဘူး၊ သခင်မြလှိုင်မှာလိုက်တဲ့ အစီအစဉ် အရကတော့ မောင်နက် တို့လူသိုက် ဆိတ်မလိုက်သွားပြီးမှ အခြေအနေအပြောင်းအလဲကို သိရမယ်ထင်တယ်၊ ဒါပေမယ့် မနက်ဖြန်ည မီးဖိုဖို့ ကိစ္စကတော့ ဖြစ်တဲ့နည်းနဲ့ လုပ်ကြတာပေါ။ ဟေ့၊ မောင်ကြွက်၊ မနက်ကျရင် ကနစိုတုန်း (၅၀)လောက်ကို ဒီလွတ်မယ့်နေရာမှာ ပုံထားပေးကွာ"

ကျွန်တော်တို့လူသိုက် တဲပေါ်သို့ တက်လာခံသော်လည်း ကိုကြွက်တစ်ယောက်ကမူ ကျွန်တော်တို့နှင့် လိုက် မလာတော့ပဲ ခင်တန်းကလေးအတိုင်း ထွက်သွားပါတော့သည်။ ထိုညက ကျွန်တော်တို့ ၃ ယောက်သား အိပ်မပျော် ပဲ ရောက်တတ်ရာရာများကို ပြောဆိုနေမိသည်။
"ဒါနဲ့ သခင်သာရင် တို့ကိုပြောရဦးမယ်၊ ဒီမနက် အရုဏ်တက်ကကုလားထိပ်ရွာကို ရောက်တယ်၊ ကင်းတေါ ဘာတွေ လဲ မရှိဘူးဗျ၊ သခင်စိန်ချယ်ရဲ့ အိမ် ရွာသားတစ်ယောက်က လိုက်ပို့တယ်၊ လူသံတွေလည်း ကြားရော သခင်စိန်ချယ် နောက်ဖေးမလွယပေါက်က ကနစိုတောထဲကို တချိုးထဲ လစ်ပြေးတာ မနည်း လိုက်ခေါ် ယူရတယ်။ ဒါထက်ရယ်စရာကောင်းတာကတော့ သခင်စိန်ချယ် မိန်းမကြီး ထဘီကြီး ဇောက်ထိုးဝတ်ပြီး အိပ်မှုန်စုန်မွှား နဲ့ ထွက်လာလိုက်တာ ဟား...ဟား"
"ဒါက ဘာဟုတ်သေးလို့လဲ၊ တလောက သခင်စိန်ချယ်တို့ သူခိုးခိုးခံ လိုက်ရသေးတယ်လေ၊ အဲဒါ သူခိုးက လက်ဝတ် လက်စားတွေ ချွတ်ယူသွားလေရဲ့  ဟွန်...ဟွန်"

"အိပ်နေတဲ့လူဆီက ချွတ်တာလား"
"ဟုတ်ပ ဟုတ်ပ ဒါတင်ဘယ်ကမလဲ သူတို့လင်မယားက အအိပ်အနေ အလွန်ကြမ်းတာ် ထင်ပ သခင်စိန် ချယ်ပုဆိုး နဲ့ သူ့မိန်းမ ထဘီကို ငါးခြောက်လှန်းတဲ့ လင့်စင်ပေါ်မှာ အလံထူပစ်ခဲ့တယ်ဆိုပဲ ဟဲ...ဟဲ"
"ဟာဗျာ တော်တော်နောက်တဲ့ သူခိုးပဲ"
"အဲဒါ သခင်စိန်ချယ် မိန်းမက လက်ဝတ်လက်စားပါတာ မနှမြောပါဘူး ဟာ သူခိုးဘာတွေများ မြင်များသွားသလဲ မသိဘူး ရှက်လိုက်တာ လို့ ပြောသတဲ့များ ဟားဟား"
ကျွန်တော်တို့ စကားဝိုင်းသည် တွေ့ရာရှစ်သောင်း ဟိုရောက်သည်ရောက်ဖြင့် နံနက်လင်း ကြက်တွန်သည့် ဆီသို့ ရောက်ခဲ့ပါသည်။ ထိုအချိန်တွင် တဲခေါင်းရင်းမှ ခြေသံကြားပြီးနောက် ကိုကြွက် တဲပေါ်သို့ တက်လာ သည်ကို တွေ့ရပါသည်။

"ကိုကြွက် မအိပ်သေးဘူးလား"
"ကျုပ် ဖိုးဘကုန်းက ပြန်လာတာ"
"ရော... ဘယ်အချိန် က သွားလိုက်တာတုန်း ငကြွက်ရဲ့"
"ကိုစံထူတို့ တဲပေါ်ပြန်တက်တော့ ကျုပ်လည်း စိတ်ရလို့ လိုက်သွားလိုက်တယ်"
"ကိုင်း... ဒါဖြင့် ဘာတွေဖြစ်သလဲ ပြောစမ်းပါဦး"
"ကိုရင်နက်ျ ဓာမြက ကြိုးနဲ့တုတ်ပြီး ရိုက်သွားတယ်လို့ ပြောတယ်ဗျ"

ကျွန်တော်ပြုံးလိုက်မိသည်။ သူကြီး ကိုနက်သည် ကျွန်တော်ဆင်းပေးလိုက်သည်ထက်ပင် သူ့တာဝန် ကို ကျေပွန်စွာ ဆောင်ရွက်သွားပါသည်။ မနက်ဖြန် ဆိုလျှင် သူကြီးသေနတ်သည် ကျွန်တော်တို့ လက်ဝယ် သို့ ရောက်ရှိတော့မည်မှာ မလွဲတော့ပေ။ သို့သော် ကျွန်တော်တို့ လူသိုက်က မိမိတို့ ဆင်ပေးလိုက်သည့် အတိုင်း အောင်မြင် စွာ ဆောင်ရွက်နိုင်ခဲ့သဖြင့် ဝမ်းမြောက်ဝမ်းသာ ရှိသလောက် ကိုကြွက်ကမှု သူကြီးကိုနက်ကို ဓာမြက ရိုက်နှက်ပြီး ပစ္စည်းများလုယူသွားသည့်တွက် စိတ်မကောင်းဖြစ်နေသည့် အသွင်ကို ဆောင်နေပါသည်။ ထို့ထက် ကျွန်တော်တို့ကိုလည်း နားမလည်သည့် အမှုအရာဖြင့် ပြူကြောင် ကြောင်ကြည့် နေပါသည်။

သခင်စိန်ချယ်သည် မိုးလင်းသည်နှင့် တစ်ပြိုင်နက် ကောက်ညှင်းထုပ်တွဲကြီး တစ်တွဲကို ဆွဲလျက် တဲပေါ်သို့ တက်လာသည်။ သခင်စိန်ချယ် ရောက်ပြီးသည့်နောက် သူကြီးကိုနက်၏ သားဖြစ်သူ မောင်စံငြိမ်းသည် သူ့အဖေ ၏ နှစ်လုံးပြူးသေနတ်ကို လွယ်ကာ တဲပေါ်သို့ တက်လာသည်။ ထို့နောက် သခင်ဖိုးရှိန် လည်း ရော်က် လာသည်။ စံတင်တစ်ယောက်သာ ရောက်မလာသဖြင့် ကျွန်တော်တို့ ဆွေးနွေးဖွယ် ရှိသည်များ ကို ဆွေးနွေးကြ ပါသည်။
သခင်ဖိုးရှိန်၊ ကိုစံတင်တို့သည် သူကြီးကိုနက် လုပ်လိုက်သည့်အခြေအနေကို စောင်ျကြည့်ပြီးနောက် ယနေ့ သို့မဟုတ် နောက်တစ်နေ့ ညတွင် ကိုနက် လုပ်သည့် အတိုင်း လုပ်ကြမည်ဟု ပြောပြပါသည်။ မောင်စံငြိမ်း ၏ ပြောပြချက် အရ ညက သူကြီးကိုနက် စပါပုံက်ု မီးရှို့ပြီးသည့်နောက် ဆိတ်မ ကင်းဂါတ်သ်ု့ ချက်ချင်းပင် သွားရောက်တိုင်ကြားကြောင်း ဆိတ်မကင်းဂါတ်တွင် ပုလိပ် ၅ ယောက်ခန့် သာရှိ၍ ကျုံကဒွန်းရွာကို သခင် များ ဝင်စီးမည်ဟု သတိငိးရသဖြင့် ကျိုက်ကဒွန်းရွာသို့ တက်သွားကြကြောင်း ပြောပြပါသည်။

မောင်စံငြိမ်း ၏ ပြေားကြားချက် အရဆိုလျှင် ကျွန်တော်တို့သည် သခင်ဖိုးရှိန်နှင့် ကိုစံတင်တို့အား တာဝန်ပေးသည့် ကောက်ရိုးပုံ မီးရှို့သည့်ကိစ္စကို လုပ်ရန် မလိုတော့ ကြောင်း ဆုံးဖြတ်ကြပါသည်။ ထို့နောက် ယနေ့ည ကု လားထိပ်၊ ဓါးပြတ်(ကပြတ်) တွင် မီးဖို၍ အချက်ပြပြီး သခင်စံထူး ခေါင်းဆောင်သော အဖွဲ့ သည် နောက်မီး ကင်းစခန်းကို သွားရောက်စီးနင်းကာ ပုလိပ်များလက်မှ လက်နက်များ ယူလာရန် အစီစဉ်ေိရးဆွဲ ပါသည်။
"ကိုင်း... အခုပြောပြတဲ့ အစီစဉ်တွေကို ပြင်ချင်သေးလား၊ အကြံပေးချင်သေးလား"
"နောက်မီးကင်း စခန်းကို စီးပြီးရင် အဲဒီကရတဲ့ လက်နက်နဲ့ ဆိတ်မကို တစ်ခါတည်း ဝင်စီးရင်း ကောင်း မယ် ထင်တယ်၊ မဟုတ်ရင် ဆိတ်မက ဟိုကောင်တွေဆီက လက်နက်ကို မရလိုက်ပဲ နေမယ်"
"ကောင်းတော့ ကောင်းတယ်၊ ဒါပေမယ့် သခင်စံထူးပြောတဲ့အတိုင်းက ကျွန်တော်တို့ဘက်က သိပ်ပြီး သေချာ လွန်းတဲ့သဘော ဖြစ်နေတယ်၊ တကယ်က အရှုံးဘက်က ထွက်ထားရဦးမယ်ဗျ၊ မတော်လို့ ကျုပ်တို့ ကို ခုခံပြန်တိုက် ရင်ဆိုတာကို ဟစဉ်းစားပြီးမှ ဆောငိရွက်တာ ကောင်းတယ်"

"ဒါဖြင့် ဒီလိုလိုပ်ရင် မကောင်းလား ခုညမှာတော့ နောက်မီးလည်း မစီးနဲ့၊ ဆိတ်မလည်း မစီးနဲ့၊ မီးဖိုပြီး လက်နက်စောင့် တဲ့ အလုပ်ကို လုပ်ကြတာ ပေါ့ ၊ နောက်တစ်နေ့ ညကျတော့ နောက်မီးရော၊ ဆိတ်မရော တစ်ခါ တည်း ဝင်စီးကြမယ်"
သခင်သာရင် ပေးသော အကြံကို ကျွန်တော်တို့ အားလုံး လက်ခံလိုက်ကြသည်။ နောက်မီးကင်းစခန်းကို စီးရန် သခင်စံထူး အား တာဝန်ယူစေပြီး၊ ဆိတ်မကို စီးရန် ကျွန်တော်က တာဝန်ယူလိုက်သည်။
ညက တစ်ညလုံး မအိပ်ရသဖြင့် မျက်လုံးများ ကျိန်းစပ်လျိက် ရှိသည်။ သို့ဖြစ်၍ အိပ်ရာပေါ်တွင် ခေတ္တလှဲ ရင်း အနားလိုက် မိသည်။
"သခင်မြလှိုင် ထမင်းစားရအောင်"

"ဘယ်အချိန် ရှိပြီလဲဗျ"
"မွန်းတည့်တော့မယ်"
ထမင်းဝိုင်းတွင် ဟင်းလျာ စုံလင်လှသည်။ လိပ်ကျောက်ဟင်း၊ တောကြောင်သား၊ ပုစွန်ကြားများဖြင့် ဖွယ် ဖွယ် ရာရာ ပြင်ထားပါသည်။ ပင်လယ်ပိုင်းဖြစ်သဖြင့် ပုစွန် သားငါး ပေါများသော်လည်း လိပ်ကျောက် သား နှင့် တောကြာင်သား ကိုမူ ကျွန်တော် မစားဘူးချေ။ သို့ဖြစ်၍ ထိုဟင်းများကို စားရမည့်အတွက် လက်ရွံ့ လျက် ရှိ ပါသည်။
"သခင်မြလှိုင် တောကြောင်သား စားဗျ.... "
"ကျွန်တော် စားနေမကျလို့ မစားချင်ဘူးဗျ.... "
"ဟာ လုပ်ရော့မယ်၊ စားပါဗျ။ သိပ်ကောင်းတဲ့ အသား။ လူမြင်တိုင်း ညောင်ညောင်နဲ့ လုပ်နေပါဦးမယ်၊ ဟာ...ဟား ကျုပ်တို့ဆီမှာတော့ ဖွတ်သားလိပ်သဲ ကျွဲနို့ခဲ သောက်ကျိုး နည်းကောင်တဲ့ ညောင်လို့တောင် ဆို စမှတ် ရှိကြတယ်၊ ဟင်...ဟင်... "
"အဓိပ္ပာယ်လေး လင်းစမ်းပါဦး"

" ဥထဲမှာ ဖွတ်ဥအကောင်းဆုံး၊ နောက်ပြီး လိပ်သည်း လည်း အရသာ အရှိဆုံး၊ ကျွဲနို့ခဲ ကတော့  ဆိမ့်တာ ပေါ့ဗျာ၊ အဲဒီဟာတွေ အားလုံး ထဲမှာတော့ ကြောင်သား ဆိုတာက သောက်ကျိုးနည်းလောက်အောင်ကို ကောင်းတယ်လို့ ဆိုတယ်၊ ကိုင်း တစ်တုံးလောက် ဟဲ လိုက်စမ်းပါ... "
ကျွန်တော် သည်ျ သခင်စိန်ချယ် ခပ်၍ ထည့်ပေးလိုက်သည် တောကြောင်သား၏ အသားဖတ်ကို ထမင်း နှင့် မြှပ် ၍ တုတ်ထည့် လိုက်သည်။ အသားနှင့် ကပ်လျကိရှိသော အရေခွံကလေးသည် ဝက်ခေါက်ပါးကလေး ကဲ့သို့ နေသည်။

"ကောင်းသား ပဲ မဟုတ်ဘူး၊ သိပ်ကို ကောင်းတယ်၊ ကြောင်သားက ကိုင်တတ်မှဗျ  မကိုင်တတ်ရင် နည်း နည်း နံတယ်"
"ဘယ်လို ကိုင်တတ်ရသလဲ နည်းလေး ပြောပြပါဦး.... "
"သြော် ...ကြောင်တစ်ကောင် ရတယ်ဆိုပါတော့ဗျာ၊ အဲဒီကြောင်ကို တစ်ကောင်လုံး မီးမြှိုက် လိုက်ရတယ်၊ သူ့အရေခွံ မီးကျွမ်းသွား တဲ့အထိပေါ့၊ အဲဒီအခါမှ မီးနဲ့ ထိပြီး အဆီ ထွက်လာတယ်။ မီးမြှိုက်ထားပြီး ကောင် ကို အပေါ် အရေခွံ ပေါ်မှာရှိတဲ့  အမှေးတွေကို ဓားနဲ့ ခြစ်ပစ်လိုက်ပြီးမှ ကိုင်ရတယ်။ ဝမ်းပြင်း သားကတော့ အဆီပြင် မို့ ထုတ်ပစ်လိုက်ရတယ်၊ ကျန်တဲ့အသားကို ယူပြီး အမွှေးအကြိုင်နဲ့ ဆီသတ်ချက်ရတယ်၊ ကြောင် သား ကတော့ တခြား အကောင်ဗလောင် ဆူလို့ မမာဘူး ဗျ၊ သူ့ကို ကင်ချက်ချက်တာ စားလို့အကောင်းဆုံး ပဲ... "

ကျွန်တော်တို့ ပျော်ပျော်ပါးပါး ထမင်း စားသောက်ပြီးသောအခါ ညဘက်တွင် အချက်ပြ မီးဖိုရန် အတွက် နေရာရွးရန် ခါးပြတ် (ကပြတ်) သောင်ယံဆို ထွက်ခဲ့ကြပါသည်။ ခါးပြတ် (ကပြတ်) သောင်သည် အလျား လိုက် (၅) ပေခန့် ရှည်ပါသည်။ ပင်လယ်ပြင်မှ ရိုက်ခတ်လာသော လှိုင်းဂယက် များမှ သယ်ဆောင်လာ သည့် သဲနုန်း များသည် သောင်ပြင်ပေါ်သို့ တွန်တင် ဖိသိပ်ပေးသကဲ့သို့ ရှိသဖြင့် သဲသောင်ပြင်ကြီး သည် ကျောက်သားပကတိကဲ့သို့ မာကျောလျက်ရှိပါသည်။ ပြန့်ပြူးသာယာလှသော ဤဒေသ၏ အလှအပများ သည် ကျွန်တော့ ရင်ထဲတွင် ဝေဒနာတစ်မျိုးကဲသို့ ခံစားလျက်ရှိပါသည်။
"သခင်မြလှိုင်...ခါပြတ် (ကပြတ်) သောင်ကြီးက မလှဘူးလားဗျ"
"သိပ်လှတာပဲ သခင်စိန်ချယ်၊ အေးအေးဆေးဆေး နေရတဲ့အခါ ဒီနေရာ မျိုးကို လာပြီး အနားယူ ရရင် ကောင်းမယ်နော်... "

"တစ်ယောက်တည်းတော့ မကောင်းဘူး ဟဲ ဟဲ၊ ဒွိယံ၊ ရွှေလည်တွဲပြီး လာဖို့ ကောင်းတယ်"
"တ်ာခိုဖို့ နေရာထိုင်ခင်းကောင်းကောင်းမှ မရှိတာ၊ စုံတွဲအနေနဲ့တော့ မကောင်းလှပါဘူး၊ ကျွန်တော် တို့ ခေတ်ရောက် မှ ကမ်းခြေမှာ အိမ်တစ်လုံး လာဆောက်ရမယ်.... "
"မလိုပါဘူး သခင်မြလှိုင်ရယ်၊ ဟိုမှာတွေ့လား"
"ဘာကိုပြောတာလဲ။ အုန်းပင်တွေကို ပြတာလား"
"ထွီ...ဒါနဲ့ များ မြို့သားတဲ့၊ ဟီး..ဟီး၊ အုန်းတောကြီးက ညို့လို့ စိမ်းလို့၊ ဘာဆိုဘာမှ မလိုဘူး အုန်းတောထဲ ဝင်သွား ရင်း ဝင်္ကပါ ကျနေတာပဲ... လိုက်ရှာလို့တောင် မတွေ့နိုင်ဘူး...ဟဲ....ဟဲ"
"ကျုပ်ပြောတာလဲ ဒါပါပဲ အုန်းလက်မိုးကလေးနဲ့ ချက်ချင်းဆောက်လို့ရပါတယ်။ အမှတ်ရလို့ ပြောရဦးမယ်၊ မနှစ် က ခုလိုအချိန်ပဲပေါ့ဗျ၊ မြို့မျက်နှာဖြူအရေးပိုင်မင်းနဲ့ အဖွဲ့။ ပြွတ်ကနစ်ဆိုလားမသိဘူးဗျ၊ စုစုပေါင်း လူ (၂၀) လောက် ရှိလိမ့်မယ်ထင်တယ်"

"ပြွတ်ကနစ် မဟုတ်ပါဘူးဗျာ၊ ပစ်ကနစ် ဖြစ်ပါလိမ့်မယ်... ဟင်း...ဟင်း"
"သိဘူးလေဗျာ.. အဲဒါ သောင်ပြင်မှာ မိမွေးတိုင်း ဖမွေးတိုင်း ရချိုးခြင်း လိုက်တန်း ပြေတန်း ကစားကြ၊ ဘောကန်ကြနဲ့ တော်သလင်းလ ကျနေရာပဲ....
"ဟုတ်မှာပေါ့ မြန်မာဓလေ့စရိုက်နဲ့တော့ တခြားစီပေါ့ဗျာ၊ ဒါနဲ့ ဆက်ပါဦး... "
"သခင်မြလှိုင် လည်း ဒါမျိုး ဝါသနာပါတယ်နော်"
"ပါတာပေါဗျာ... "

"ဘာပြောကောင်းမလဲ၊ ကျုပ်တို့ရွာက ထင်ခိုးခုတ်တဲ့ကောင်တွေနဲ့ တွေ့ တယ်လေ၊ ဒီကောင် တွေက ကနစိုပင် တွေပေါ် တက်ပြီး ကြည့်ကြတယ် ဆိုပဲ၊ အဲလိုကြည့်တာ မြင်သွားပါလေရောဗျ... "
သေနတ် နဲ့ မပစ်ဘူးလား"
"ဟင်အင်း... သစ်ပင်ပေါ်က ဆင်းဖို့ ခေါ်ချပြီး သောင်ပြင်မှာထိုင်ကြည့် ခိုင်းသတဲ့ဗျ၊ ဟီး..ဟီး"
"ဒီအဖွဲ့ ထဲက သခင်စိန်ချယ် မပါဘူးလားဟင်"
"တောက်... မပါဘူး သခင်မြလှိုင်ရယ် ...၊ သူတို့ပြောပြတာတွေတောင် ဆွေမျိုးမေ့လောက်ရဲ့ ... ဟား..ဟား"

ငွေသောင်ယံတွင် တော်တော်နှင့် မမှောင်၊ အလင်းရောင်သည် ညဥ့် ရ နာရီခန့်တွင် စုံးစုံးကွယ်ပျောက် သွား ပါသည်။ ကျွန်တော်တို့လူသိုက် နေ့လယ်က စုပုံထားသည့် ထင်းတုံးများကို မြန်မြန်မီးစွဲစေရန် အုန်းလက်ခြောက် များကို မီးစာအဖြစ် မီးရှုံ့ကြသည်။ မကြာမီ မီးစွဲ လောင်စပြုပါသည်။ ကျွန်တော်တို့ ခါးပြတ်(ကပြတ်) သောင်မှ မီးတောက် များ အရှိန်နှင့် ထွက်ပေါ်လာသည်နှင့် မရှေးမနှောင်းပင် ကုလားထိပ် ရွာထိပ်မှ မီးရောင်ကလည်း စတင်မြင်ရပါတော့သည်။

ကျွန်တော်တစ်သက်တာတွင် ဤမျှကြီးမားသော တာဝန်နှင့် စွန်စားမှုမျိုးကို တစ်ဖူးမျှ မလုပ်ကိုင်ခဲ့သ ဖြင့် ယခု လုပ်ကိုင်နေရသည်ကို မိမိကိုယ်တိုင် အမှန်တကယ် လုပ်ကိုင်နေသည်မှ ဟုတ်ပါလေစဟု ထင်မှတ် မိသည်။ မိဘ ကျွေးမွေစောင့်ရှောက်မှုအောက်တွင် ရေသာခို၍  ကြီးပြင်းလာခဲ့ပြီး ဘဝဆိုသည်မှာ သာယာ ချမ်းမြေ့မှု အတိဖြင့်သာ ပြီးခဲ့ရသော ကျွန်တော်လို လူတစ်ယောက်သည် ဤမျှကြမ်းတမ်းသော သက်စွန့်ဆံ ဖျား အလုပ်ကို လုပ်ကိုင်နေခြင်းမှာ အိပ်မက်ဆန်လှသည် မဟုတ်ပါလော။ ကျွန်တော့်ရင်များသည် တလှပ် လှပ် ခုန်လျက် ရှိနေပါသည်။ မှောင်အတိကျနေသော အဏ္ဏဝါပြင်ကြီးကို ကြည့်၍ စိတ်ကူးသဏ္ဍန်များ သည် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာပါသည်။

မီးရောင်အောက်တွင် ကျွန်တော်တို့၏ မျက်နှာများသည် မျှော်လင့်ခြင်း၊ တက်ကြွခြင်း၊ စွန့်စားလိုခြင်း စသည့် နိမိတ်များ ထင်လျက်ရှိသည်။ အသီးသီးတွင် စိတ်ကူးပုံပြင် ကလေးများကို မိမိတို့ဘာသာ ပြောလျက် ရှိသည်ဟု ထင်မိပါသည်။ ကျွန်တော်စိတ်တွင်မှု ကျွန်တော်တို့ ယခု အချက်ပြမီးကို မြင်၍ လက်နက် များ ချပေးမည့် ရေငုပ်သင်္ဘောကြီး သည် ဘွားခနဲ ပေါ်လာခဲ့သော် ငါဘာလုပ်ရမည်နည်း ဟု မေးခွန်းထုတ်မိသည်။ ကိုအုန်းမောင်တို့ လူသိုက်သည် ယခုအခါ ကျွန်တော်ကဲ့သို့ပင် သံဒိတ်ကျွန်းတွင် လက် နက်ချပေးမည့် အဖွဲ့ကို စောင့်မျှော်လျက်  ရှိနေသေးသည်လား သို့တည်းမဟုတ် မည်သည့် အခြေအနေတွင် ရှိနေမည်နည်း စသည် တို့ကိုလည်း စဉ်းစား တွေးတောနေမိသည်။ ကျွန်တော် တို့၏ မြစ်ဝ ကျွန်းပေါ်ခေါင်းဆောင် များဖြစ်သည့် ဗိုလ်အောင်(ဗိုလ်ချုပ်မောင်မောင်)၊ ဗိုလ်ဝင်းတို့သည် ယခုအခါ မြောင်း မြနယ်တွင် ရောက်ရှိနေသည်ကိုသာ သိရပြီး နောက်ထပ် တစ်စုံတစ်ရာ အဆက်အသွယ် မရှိသည်ကိုလည်း စဉ်းစားရင်း အားငယ်မိသည်။
"သခင်မြလှိုင်...ဟိုပျပျမှာ ကြည့်စမ်း၊ သင်္ဘောတစ်စင်း မဟုတ်လား... "

သခင်သာရင် ညွှန်ပြသည့်နေရာသို့ ကြည့်လိုက်မိသည်။ မှန်ပါသည်။ မည်းမှောင်နေသော အမှောင်ထု အတွင်း တွင် မီးရောင်တန်းတစ်ခု လှုပ်ယမ်းနေသည်ကို တွေရသည်။ ထို့ပြင် မီးရောင် တန်းတစ်ခု လှုပ်ယမ်းနေ သည်ကို တွေ့ရသည်။ ထို့ပြင် မီးရောင်တန်းပေါ်တွင် လွင့်တက်နေသော မီးခိုးတန်းကလေး လို လို ကိုလည်း မြင် ရသည်။
"သင်္ဘောတစ်စင်းနှင့် တူတယ်ဗျ"
"ပင်လယ်ကူး သင်္ဘောတစ်စင်းလို့ ထင်ရတယ်၊ ဒါပေမယ့် တစ်ခါ တစ်ခါ ကျွနတော်တို့ဆီက ပင်လယ်ထဲကို ထွက်ပြီး ပိုက်ချ တဲ့ ငါးဖမ်းကတ္တု တွေလဲ ဖြစ်နိုင်တယ်"
သခင်စံထူးသည် သူတွေ့ဖူး ကြုံဖူးသော ပင်လယ်အတွေ့ အကြုံကို ကျွန်တော်အား ပြောပြပါသည်။ သို့သော် ကျွန်တော်သည် မမှိတ်မသုန်  သင်္ဘောဟု ထင်ရသော နေရာဆီသို့သာ စူးစိုက်ကြည့်နေမိသည်။ သေသေချာချာ ကြည့်သော အခါ မီးရောင်သညိ ပိုမို သဲကွဲလာသည်။

"သင်္ဘောကတော့ သင်္ဘောပဲဗျ၊ ဒါပေမယ့် ကျွန်တော်တို့ အချက်ပြတဲ့  ဆီကို လာတဲ့ သင်္ဘောလား၊ ဒါမှမဟုတ် ရိုးရိုး ပင်လယ်ကူး သင်္ဘောများလား ဆိုတာ ခွဲလို့တော့ မရဘူး"
"ခဏစောင့်ကြည့်ပါဦးလေ ကျွန်တော်တို့ အချက်ပြတဲ့ဆီကို ဦးတည်လာတာဆိုရင် နောက်တစ်နာရီထက် ပို စောင့်ရပါဘူး ရောက်လာမှာပါ ဟုတ်ဘူးလား"
သင်္ဘောသည် ပို၍ နီးကပ်လာသည်ဟု ထင်မှတ်ရသည်။အဘယ်ကြောင့်ဆိုသော် စောစောက ကျွန်တော် တို့ မြင်ရသော မီးရောင်လက်လက်သည် မီးပွင့်ကလေးများ သဏ္ဍန် အစီအရီ မြင်လာရသည်။ ကျွန်တော် စိတ်ဝယ် ဝမ်းသာခြင်း စိတ်အားထက်သန်ခြင်း တို့ကြောင့် မျက်ဝန်းတွင်  မျက်ရည်စို့စ ပြုလာပါသည် ကျွန် တော် တို့အား ညွှန်ကြားထားသည်မှာ နယ်ချဲ့ တော်လှန်ရေးအတွက် လိုအပ်သော လက်နက် ခဲယမ်းမီး ကျောက် များကို ပုသိမ်၊ ဖျာပုံ၊ ဒေးဒရဲ စသည့် ပင်လယ်ဝ လေကြောင်းမှ ဖြစ်စေ ချထားပေးမည်ဟု သိရှိ ထားကြပါသည်။

ကျွန်တော်တို့ လူသိုက် ဒေးဒရဲ သံဒိတ်ကျွန်းတွင် ရှိနေစဉ်ကဆိုလျှင် ညစဉ် မီးများဖို၍ စောင့်ဆိုင်းခဲ့ရာ တစ်နေ့သော ညတစ်ညတွင် အမျိုးအမည်အသိသော လေယဉ် တစ်စင်းသည် ကျွန်တော် တို့ အချက်ပြ ထားသည့်နေရာသို့ ခေါက်တုံခေါက်ပြန် ဝဲ၍ကြည့်ပါသည်။ ကျွန်တော်တို့ တစ်တွေ သောင်ပြင် ပေါ်တွင် ပက်လက်လှန် ၍ အိပ်နေလိုက်ရသည်အထိ နိမ့်ဆင်းလာပြီး ကြည်ပါသည်။ ထို့နောက် ရက်များ တွင်မူ ယင်းလေယဉ်ကို မတွေ့ရတောပေ။ ယခုလည်း ပင်လယ်ကူး သင်္ဘောကြီးကား မှန်ပါသည်။ သို့သော် ကျွန်တော်တို့ထံ လက်နက်ချပေးရန်လာသော သင်္ဘောဟုတ်သည် မဟုတ်သည်ကိုမူ ကျွန်တော်တို့ မမှန်း ဆ နိုင်ခဲ့ပါချေ။
"သခင်မြလှိုင် ပင်လယ်ကူးသင်္ဘောများလား မသိဘူး"
တစ်နာရီ ခန့်ကြသည်အထိ သင်္ဘောကြီးကို မြင်တွေ့နေရသည်။ အပြောကျယ်လှသော ပင်လယ်ပြင်ျကြီး အလယ် တွင် ခုတ်မောင်းနေသော သင်္ဘောကြီးသည် ကျွန်တော်စိတ်ဝယ် ရွေ့လျားနေသည်ဟု မထင်မိ ဘဲ ကျောက်ချရပ်နားနေသည်ဟု ထင်မှတ်မိပါသည်။ ကျွန်တော်သည် စိတ်ပျက်အားလျော့စွာ သောင်ပြင်ပေါ် တွင် လှဲချ လိုက်မိသည်။

"မိုးလင်းတဲ့ အထိတော့ မီးဖိုထားရမယ်၊ ဒီည မလာလဲ နောက်ညတွေ မှာ လာမှာပေါ့ သခင် မြလှိုင်ရာ မဟုတ်ဘူးလား"
ကျွန်တော်သည် သခင်စံထူး ပြေလာသည်ကို စကားပြန်မပြောနိုင်ဘဲ မျက်ရည်များ ကျဆင်းလာပါသည်။ ကျွန်တော် သည် နယ်ချဲ့ တော်လှန်ရေး၏ ဘက်တော်သားအဖြစ် သိမ်းပိုက်ထားခြင်း ခံရသည့်နောက် မိမိ ကိုယ်ရေး ကိုယ်တာ ကိစ္စများအားလုံးကို စွန့်လွှတ်၍ အမိနိုင်ငံ လွတ်လပ်ရေးအတွက် အပ်နှံထားရာ ယခုကဲ့သို့ ထိရောက် စွာ တော်လှန်နိုင်မည်နည်း။ ကျွန်တော် တို့သည် ဆရာစံခေါင်းဆောင်သော တောင် သူလယ်သမား မျိုးချစ်များ ၏ တော်လှန်ရေးကို သုံးသပ်ရာတွင် လည်းကောင်း၊ သီပေါဘုရင် ပါတော်မူပြီး သည့်နောက် သူ့ ကျွန်မခံ လိုသော တိုင်းရင်းသား မျိုးချစ်တို့၏ တော်လှန်ရေး သုံးသပ်ရာတွင်လည်းကောင်း အဓိကကျသော အထက်ပါ အချက်များကို ဖော်ထုတ် ဆွေးနွေးးခဲ့ကြလေသည်။
မိုးစင်စင်လင်း၍ သွားပါပြီ။

နေရောင်ခြည် နွေးနွေးသည် ကျွန်တော်မျက်နှာပေါ်သို့ ထွေးနွေးစွာ နမ်းရှုပ်လိုက်သည်။ တစ်နေ့တာ နေပူရှိန်ကြောင့် သဲမွေ့ရာသည် အပူဓါတ်ကို ပေးလျက် ရှိသည်။ ကျွန်တော်တို့လူသိုက် ဟိုမှ သည်မှ ပြန့်ကျဲ အိပ်ပျော်နေကြသည်။

ဆက်ရန်
.

No comments: