Sunday, December 23, 2012

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၁၅)

မြန်မြန်လုပ်ကွာ၊ မီးပြင်းထိုးပါကွ၊ တော်ကြာ အရုဏ်တက်မှ စားနေရပါဦးမယ်" သူကြီး ၏ လောဆော် မှုကြောင့် မကြာမီ သူကြီး၏အိမ်ဦးခန်းတွင် ညဥ့်လယ်ထမင်းစားပွဲကြီး ဟည်းနေ အောင် ပြင် ပြီး အသင့်တွေ့ရ ပါတော့သည်။ ကျွန်တော်ကတော့ ဟန်ပင် မဆောင်နိုင်။ ဦးစွာပင် ဝင်ထိုင် လိုက်မိ သည်။ တောထမင်းပွဲဖြစ်၍ ဟင်းများကို အပြည့်အလျှံ သံဇလုံကြီးဖြင့် စားပွဲအလယ်တွင် ထည့် ထားသည်။ ဟင်းချို ကမူ ပူရှိန်းရှိန်းဖြင့် ရှောက်ရွက်နုနုကို ရိတ်ရိတ်လှီး၍ ခတ်ထားသည်။

"သခင်မြလှိုင်၊ ဟင်းများများ ထည့်စားပါဗျ၊ ဒီရာသီ ဘဲငန်းတွေက ဆူပါဘိနဲ့" ထမင်းစားပြီးသော အခါ စားပို့နင့်သဖြင့် မျက်လုံးများစင်းလာသည်။ သို့ဖြစ်၍ တော်လှန်ရေး ရဲဘော်များ နှင့် နံနက်ဘက် တွင် ဆွေးနွေးရန် ချိန်းဆိုလိုက်ရပါသည်။ ထို့နောက် အိပ်ရာပေါ်သို့ ခေါင်းချလိုက် သောအခါ ချက်ချင်း ပင် အိပ်ပျော် သွားပါတော့သည်။
ကို ဆက်ဖတ်ရန် ........

မိုးစင်စင်လင်းမှ နိုးသည်။
နားထဲတွင် အိပ်မက်လိုလို၊ တကယ်လိုလိုဖြင့် အသံဗလံများ ကြားနေရသည်။ မနိုးတစ်ဝက် နိုးတစ်ဝက်ဖြစ်နေစဉ် အိမ်ပေါ်သို့ တက်လာသည့် ခြေသံကြားသဖြင့် အိပ်ရာမှ နိုးနေကြောင်း သိစေရန် ချောင်းတစ်ချက် ဟန့်လိုက်ပါသည်။ “နိုးနေပြီလား၊ သခင် မြလှိုင် …” “ဟင် … ဟင်း ၊ ဘဲငန်းသားဟင်းစားပြီး အဆီယစ် သွားတယ် ဗျာ …”

“ရပါတယ်၊ ရပါတယ်၊ အောက်မှာတော့ သခင်မြလှိုင်မှာထားတဲ့ ရဲဘော်တွေရောက်နေကြပြီ၊ ဒီမယ် သခင်မြလှိုင် ..၊ စောစောက ကျုံကဒွန်း ဌာနအုပ်ကိုလှကျော်တို့ အောက်ဘက်ကို ဆင်းသွားကြတယ်၊ သူတို့ အပြောကတော့ ဖျာပုံ အနောက်ဘက်က ကွင်းတွေမှာ ကုလားလယ်တဲတွေကို လူဆိုးတစ်သိုက်ဝင်မီးရှို့သွား တယ်ပြောတယ် …”
“ဒီမယ် … သူကြီး …” “ကျွန်တော် နေရာပြောင်းပြီး ဆွေးနွေးချင်တယ်၊ သူကြီးအိမ်က လုံခြုံပေမယ့် မတော်တဆခိုက်စရာ ဖြစ်သွားရင် မကောင်းဘူးဗျာ” “ကိစ္စမရှိပါဘူး၊ သခင်မြလှိုင်” ကျွန်တော် သည် အောက်ထပ်သို့ ဆင်းပြီး မျက်နှာအမြန်သစ်ကာ ကနိ၊ ကွန်ဒိုင်း၊ သမိန်ထောမှ စုစည်း ပြီး သော ကျေးရွာခေါင်းဆောင် များနှင့် တွေ့ဆုံဆွေးနွေးပါသည်။

သမိန်ထောကျေးရွာသည် အိမ်ခြေတစ်ထောင်ကျော်ရှိသော ရွာကြီးတစ်ရွာဖြစ်သည်နှင့်အညီ နိုင်ငံရေး အသိ လည်း ကြွယ်ဝကြွယ်တောင့် ရှိကြပါသည်။ ပညာတတ်များ၊ လူငယ်များသည် ဖျာပုံမြို့သာမက ရန်ကုန် တက္ကသိုလ် ထိ တိုင်အောင် ရောက်ကြသူများလည်း ရှိကြပါသည်။ ဗြိတိသျှအစိုးရအား လက်နက်စွဲ ကိုင်တော်လှန်ခြင်းနှင့် ပတ်သက် ၍ နိုင်ငံခြားအကူအညီ ရယူခြင်းများကို ရှင်းလင်းပြသောအခါ သတင်းစာ များ တွင် ပါရှိရေးသားထားသည့် ကမ္ဘာစစ်ရေးသတင်းများကို အခြေခံထား၍ ဂျပန်နိုင်ငံနှင့် စစ်ရေး ပူးပေါင်း ဆောင်ရွက်မှု အပေါ် သံသယရှိကြောင်း စောကြောလာသည်ကို တွေ့ရှိရပါသည်။

“သခင်မြလှိုင် သခင်အောင်ဆန်းတို့က ဂျပန်နဲ့ပူးပေါင်းပြီး မြန်မာပြည် လွတ်လပ်ရေးကို ကြိုးပမ်းရာမှာ ကျွန်တော် တို့ နိုင်ငံဟာ ဂျပန်နဲ့ အင်္ဂလိပ်တို့ရဲ့ စစ်တလင်းဖြစ်ပြီး ပြာအတိဖြစ်သွားနိုင်တယ် …”
ဆရာ ဦးဘထင် သည် မြန်မာကျောင်းဆရာကြီးတစ်ဦး ဖြစ်သော်လည်း ဗဟုသုတ ပြည့်စုံကြွယ်ဝသူပီပီ အရှေ့ အာရှတိုက် တွင် ဖြစ်ပွားလာမည့် စစ်ရေးအခြေအနေကို စိုးရိမ်ပူပန်စွာဖြင့် ပြောဆိုလာပါသည်။ ဆရာ ဦးဘတင် ၏ ပြောစကားကို ကြားရသောအခါ၊ ကျွန်တော်တို့တစ်တွေ ဂျပန်နှင့် ပူးပေါင်း၍ နယ်ချဲ့အင်္ဂလိပ် အား လက်နက် စွဲကိုင်တော်လှန် ရသည့်အကြောင်းနှင့် ပတ်သက်သည့် နယ်ချဲ့သမားကို လှည်းနေလှေအောင်း မကျန် လက်နက်စွဲကိုင် တော်လှန်ကြဟူသော သွေးလှန့်နှိုးဆော်သည့်စာတမ်းကို ပြေး၍ သတိရလိုက်မိသည်။ ယင်းစာတမ်း တွင် မြန်မာနိုင်ငံအနေဖြင့် နယ်ချဲ့သမားအား လက်နက်စွဲကိုင် တော်လှန်ရာတွင် နယ်ချဲ့သမား သည် မြန်မာနိုင်ငံကို ပြာပုံအဖြစ် ထားရှိခဲ့မည်ကို ဖော်ပြထားပြီးဖြစ်ပါသည်။ အမှန်ကလည်း ဗြိတိသျှတို့သည် စစ်ရေး၊ နိုင်ငံရေး ကြွယ်ဝသော နယ်ချဲကသမားဖြစ်သည် မဟုတ်ပါလော။

“ဒီလိုရှိပါတယ် ဆရာ၊ စစ်ရယ်လို့ ဖြစ်လာရင် အပျက်အစီး အသေအပျောက်ဆိုတာ ရှိစမြဲပါ၊ ဒါပေမယ့် ကျွန်တော် တို့ မြန်မာ တိုင်းရင်းသားတွေအနေနဲ့ ဗြိတိသျှတို့ချစ်တာက ကျွန်တော်တို့လူမျိုးနဲ့ ကျွန်တော် တို့ နိုင်ငံ ပဲ ဖြစ်ပါတယ်။ မြေအုတ်တို့ ပြိုလျှင် ကျောက်အုတ်ကို အစားထိုးရမှာပေါ့ ဆရာ”
ဆွေးနွေးပွဲ တွင် တိုက်ခိုက်ရေး၊ အုပ် ချုပ်ရေး၊ စည်းရုံးရေးများကို စဉ်းစားကြသည်။ တိုက်ခိုက်ရေးတွင် တက်ကြွသော လူငယ် အများအပြား ပါဝင်လာကြသည်ကို တွေ့ရပါသည်။ အုပ်ချုပ်ရေးနှင့် ပတ်သက်၍ ဆရာ ဦးဘတင်၊ ဦးထွန်လင်းနှင့် သူကြီး ဦးထွန်းစိန်တို့က တာဝန်ယူကြပါသည်။ စည်းရုံးရေးကို ကနိမှ ဦးလေးတ့်၊ သမိန်ထော မှ သခင်သန့်၊ အခြာကြီးမှ သခင်တင်တို့ကို တာဝန်ခွဲဝေပေးလိုက်သည်။ စစ်ခေါင်း ဆောင်အဖြစ်မှု သခင်ကျော်စိုး၏ ဆန္ဒအရ တာဝန်ပေးလိုက်ပါသည်။

ဆက်ရန်
နောက်နေ့မှများများတင်ပေးပါမယ်
.

No comments: