Monday, November 26, 2012

ရွှေစင်ဦး ရဲ့ ဆေးရုံပေါ်မှာ အပိုင်း (၅) (ဇာတ်သိမ်း)

 ဆေးရုံပေါ်မှာ (၁)  ဆေးရုံပေါ်မှာ (၂)  ဆေးရုံပေါ်မှာ (၃) ဆေးရုံပေါ်မှာ (၄) 
ရွှေစင်ဦး ကတော့ အဲလို ..... သရဲပုံပြင်တွေ နားထောင်ပြီးတဲ့ အချိန်ကြမှ... ငါ့ အလှည့် ကြရင် တော့ တရုတ်ကြီး က ဘဲ တက်ခွမလား... ကုလားကြီးလား... အင်္ဂလိပ်ကြီး လား ဆိုတဲ့ ကြောက်တွေးလေး နဲ့ အိပ်ရတာ ရင်တဖိုဖို နဲ့ အိပ်လို့တော့ ကောင်း သား...
ဒီလို့နဲ့ ... ဈေးသွားလိုက်... ချက်လိုက် .. ဖေဖေ ကို ကျွေးမွေးလိုက်... သရဲ ကြောက်လိုက် ... နဲ့  အချိန် များစွာ ကို ကျော်ဖြတ်ပြီး မှ ခွဲစိတ် ရမဲ့ ရက် က ရောက်လာပါတယ်...
ကို ဆက်ဖတ်ရန်....

ဖေဖေ ခွဲရတဲ့ ရက် က ဒီဇင်ဘာ (၁) ရက် (၂ဝ၁၁) ပါ... ပြင်သစ်ကြီးနဲ့ ခွဲမဲ့ လူနာ ၁ဝယောက် မှာ ဖေဖေ က အမှတ်စဉ် ၇ ပေါ့.... တနေ့ ကို မနက်တယောက်..ညနေတယောက် ခွဲပါတယ်... ဖေဖေ ကတော့  မနက်ပိုင်း မှာ ခွဲရမှာပါ... မခွဲခင် တရက် အလို ကထဲက ဆွေမျိုးများမိတ်ဆွေများ ကို အကြောင်းကြားထား တဲ့ အတွက် အားလုံး ဘဲ လာရောက်နှုတ်ဆက် အားပေးကြပါတယ်... အဝေး က မိတ်ဆွေများက လည်း ဖုန်း နဲ့ နှုတ်ဆက် အားပေးကြ ပါတယ်...ဖေဖေ ကို စိတ်ဓါတ်ခွန်အား မြှင့်တင်ပေးတဲ့ အတွက် အားလုံး ကို ကျေးဇူးတင်ပါတယ်.... မခွဲခင် တရက် မှာ အရှင်လတ်လတ် လူကိုယ်တိုင်လာပြီး.. ဖေဖေ့ ရောဂါနဲ့ ပတ်သက် လို့ ဖေဖေ သိချင်တာ အားလုံး ကို ဖြေပေးခဲ့ပြီး ... စိတ်အားတက်စေမဲ့ စကားများကို သာ ပြောကြား ခဲ့တဲ့ ဘလော့ဂါ ကိုသက်တန့် ကို လည်း ကျေးဇူးအထူးတင်မိပါတယ်.....

ဖေဖေ က ခွဲမဲ့ ညမှာ အိပ်မပျော် ရင် အိပ်ဆေး ပေးဖို့ သွားပြောထား ဆိုလို့ ပြောထားပါတယ်.... ဆရာဝန် များ ကလည်း ရိုးရိုးအိပ်ကြည့် ပါအုန်း.. မရရင် ပေးပါမယ်ပြောတယ်... ဒါပေမဲ့ ည(၁ဝ) နာရီ ဆေးသောက်ပြီး.. အိပ်ဆေး မကူ ဘဲနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါတယ်.... ကျနော် တို့ မောင်နှမ များနဲ့ မေမေ ကတော့ ခွဲစိတ်မဲ့ ဖေဖေ ထက် အဆပေါင်း များစွာ ပိုပြီးပူပန်နေကြ သလို.. တော်တော် နဲ့ မအိပ်နိုင်ပါဘူး....မနက် (၅) နာရီလောက် မှာ အားလုံးနိုးနေပြီး ... ဖေဖေ အတွက် ဘဲ မေတ္တာပို့ ပြီး ဘုရားစာများ ကို ရွတ်နေရပါတယ်...

မနက်၇ နာရီလောက် မှာ တော့ ခွဲစိတ်ခန်း ထဲကို ခေါ်သွားပါပြီ... ခွဲစိတ်ခန်း နဲ့ တည့်တည့် မှာ ဖေဖေ ခွဲမဲ့ နေရာကို မှန်းဆကြည့်ပြီး ရွှေစင်ဦး.. ချစ်ညီမ နဲ့ ညီမ နော်နော် တို့ တချိန်လုံး မေတ္တာပို့ပေးနေ ပါတယ်..  မေမေ နဲ့ ညီမငယ် ကလည်း ဖေဖေ့ အခန်းထဲ က နေ မထွက်တော့ ဘဲ တောက်လျှောက် ဘုရားစာ ရွတ်ပေးနေပါတယ်.... ကျနော် တို့ တတ်နိုင်တာ ဒီတခု ဘဲ ရှိပါတော့တယ်... မောင်လေး များကတော့ ခွဲစိတ် အပြီးမှာ အားလုံး ကို ကျွေးမွေးဖို့ မြို့ထဲ ကို မုန့် သွားဝယ်ကြ ပါ တယ်...

ဖေဖေ ခွဲစိတ် နေ တဲ့ အချိန်တွေ မှာ ဘေးမှာ ရှိနေပြီး... ခွဲစိတ်တဲ့ အခြေအနေ ကို ထွက်ပြောပေးတဲ့ အကိုကြီး ကို လည်း အထူးဘဲ ကျေးဇူးတင်ပါတယ်..... နေ့လည် တနာရီလောက်မှာတော့ ပြဿနာ တခုမှ မရှိ ဘဲ  အောင်မြင်စွာ ခွဲစိတ်ပြီးစီးသွားပါပြီ..... ညနေ မှာ ဖေဖေ ကိုတွေ့ခွင့် ရပါတယ်.. မနာကျင် တဲ့ ဆေးတွေ ထိုးထား...တိုက်ထား လို့ ထင်ပါတယ်... ထူးထူးခြားခြား သိပ်နာတယ်လို့.....ညည်းသံ မကြားရပါဘူး... အားလုံး ကောင်းကောင်းမွန်မွန် ပါဘဲ... နှာခေါင်းမှာတတ်ထားတဲ့ အောက်ဆီဂျင် ပိုက်ကလေး က လွဲလို့ အားလုံး ဖြုတ်လိုက်ရပါပြီ... အထူးကြပ်မတ်ဆောင်  ထဲ မှာပါဘဲ... မိသားစု က ဘာမှ လုပ်ပေးစရာ မလို ပါဘူး... ခွဲစိတ် တဲ့ လူနာ အားလုံး ကို သူတို့ ဝန်ထမ်း များ ကိုယ်တိုင် ကျွေးမွေး ဆေးတိုက် အပေါ့အလေး ကိစ္စ က စပြီး အကုန် လုပ်ပေးပါတယ်... လူနာရှင် များလည်း ခဏဘဲ ကြည့်ခွင့် ရပါတယ်...

ခွဲစိတ်ပြီးတဲ့နောက်...  တနေ့ထက်တနေ့ ထူးခြားသက်သာ လာပေမဲ့ ဝေဒနာ ခံစား ရတာ ပြင်းထန် ပါတယ်... ချစ်ဖေဖေ ကို တော်တော်ဘဲ သနားမိသလို... ရွှေစင်ဦး တို့တတ်နိုင်သမျှ အစွမ်းကုန် ပြုစု ပေးခဲ့ပါတယ်....

ဖေဖေ အောင်မြင်စွာ ခွဲစိတ်ပြီးစီးသွားတာ တပတ်မြောက်တဲ့ နေ့ ( ရွှေစင်ဦးနဲ့ အတူအိပ် တဲ့ ညီမ ငယ်ပြန် သွားပြီး တရက်) မှာဘဲ... ဖေဖေ တို့ အရင် ခွဲစိတ်ထားပေမဲ့ ဆီးချိုရောဂါ ကြောင့် အနာမကျက်ဘဲ ဒုက္ခ ခံနေရတဲ့ ... မမြသီ ရဲ့ အကိုကြီး အသဲအသန် စဖြစ်ပါတယ်... မျှော်လင့်ချက် မရှိသလောက်ဖြစ်နေပါပြီ... မမြသီ က အဲဒီနေ့ ညမှာဘဲ ရွှေစင်ဦး ကို ပြောပါတယ်... သူကတော့ သူ့အကိုကြီး ဒီနေ့ ည တောင် ခံမယ် မထင်ဘူး...  သူ့ တို့ မြို့ကို ဖုန်းဆက်ထားပြီး ဆွေမျိုး သားချင်း များ ကို ခေါ်ထားကြောင်းပြော ပါတယ်... နောက်ပြီး ရွှေစင်ဦး ကိုလည်း ချစ်ညီမ ကို ဖုန်းဆက်ပြီး ခေါ်ထား ဖို့ ပြောပါတယ်... သြ သူက စေတနာကောင်းနဲ့ သူ့ အကိုကြီး များဆုံးသွားခဲ့ရင် သူပြန်ရမှာဖြစ်တော့ ရွှေစင်ဦး တယောက်ထဲ အဖော်မရှိ  ကျန်ခဲ့မှာ စိုးလို့ စိတ်ပူပြီးပြောရှာတာပါ..

အဲဒီည မှာဘဲ မမြသီ ရဲ့ အကိုကြီး နဲ့ အတူ... ညနေ ဘက် ရောက်လာတဲ့လူနာဟောင်း နှလုံးရောဂါသည် တယောက် လည်း ဆုံးသွားပါတယ်... ဆေးရုံတခုလုံး ခြောက်သွေ့ တိတ်ဆိတ် သွားလိုက်တာ ... တကယ့် ကို ကြောက်စရာ ကောင်းလှပါတယ်..  ကျနော် တို့ ရောက်မှ ပထမဆုံး ဆုံးပါးသွားတဲ့ လူနာ  နှစ်ယောက် ပါဘဲ.... မမြသီ ရဲ့ အကိုကြီး ကတော့ ဆေးရုံမှာ အကြာဆုံး နေသွားတဲ့ လူနာတယောက် ဖြစ်သလို .. သူလှုပ်ရှား ခဲ့တဲ့ ပုံရိပ် တွေ က နေရာအနှံ မို့ မျက်စေ့ ထဲက ထုတ်မရတဲ့ ရွှေစင်ဦး တော့ ဒုက္ခ တွေ့နေပြီ...

ငိုယို နေကြတဲ့ မမြသီ နဲ့ မိသားစု ကို အားပေးအပြီး  .... ခြင်ထောင်ထဲ ဝင်ပြီး ချစ်ချစ်ကြီး ကိုဖုန်းဆက် ရပါတယ် ..  ချစ်ညီမ ကို အမြန်ဆုံး လွှတ်ပေးဖို့ပါ.. ဒါပေမဲ့ ဘယ်လိုဘဲဖြစ်ဖြစ် ဆိုင်ကိစ္စ တွေ ရှိနေသေးတော့... ရွှေစင်ဦး အတွက် မနက်ဖြန် တည ကတော့ အဖော်မရှိတော့ပါဘူး... အင်း မောင်လေး နှစ်ယောက် ကို ဘဲ ခေါ်အိပ်မယ် ဆိုပြီး စိတ်ဒုံးဒုံး ချလိုက်ပါတယ်...

အဲဒီအချိန်မှာ ဘဲ မမြသီ က ပစ္စည်းတွေ သိမ်းနေရာကနေ မရွှေစင် အိပ်ပြီးလား မေးပြီး... ကျနော့် အတွက် ဒီပစ္စည်း လေး တွေ ပေးခဲ့မှာ ဖြစ်ကြောင်းပြောပါတယ်... ရွှေစင်ဦး ဆက်ခံ ရတဲ့ ဆေးရုံပေါ်က အမွေ ပစ္စည်း များပါဘဲ ...  ကဲ ဘာတွေများလဲ.... ရေသန့်ဘူးကြီး တဝက်.. ခရမ်းချဉ်သီး ၁၀လုံး လောက်... ကြက်သွန် အလုံး ၂ဝ လောက် နဲ့ ကြက်ဥ ဆယ်လုံးခန့်... ဆန် နှစ်ပြည် နီးပါး... နဲ့ အားလူး နည်းနည်း ... ပဲ နည်းနည်း နဲ့ တိုလီမိုလီ လေး တွေ ထည့်ထားတဲ့ ကျွတ်ကျွတ်အိပ် တလုံး တို့ဘဲ ဖြစ်ပါတယ်... အင်း ရွှေစင်ဦး ကတော့ အမွေ ဆက်ခံထားရ တဲ့ ပစ္စည်းပုံ လေး ကိုကြည့်ကြည့် ပြီး ဟစ်လို့ သာ ငိုချင်မိ ပါတော့တယ်....

 ဒီလိုနဲ့ နောက်တည မှာတော့ တကိုယ်တည်း ရွှေစင်ဦး အဖော်ရဖို့ အတွက် မောင်အလတ် လေး လာအိပ်ပေး ပါတယ် ... မောင်အလတ် ကတော့ အစအနောက် တအားသန်တဲ့ အတွက် မောင်နှမ တွေ ထဲမှာ စံတင်ထား တဲ့သူပါ ... ညမအိပ်ခင် ကထဲက ရွှေစင်ဦး ကို ဘယ်လိုများ ဂျောက်ချ ရမလဲ ဆိုပြီး ပြုံးစိပြုံးစိ နဲ့ ဇာတ်လမ်း ဇာတ်ကွက် တွေရှာနေသလိုပါဘဲ.... ရွှေစင်ဦး လည်း ဘယ်ရမလဲ ချစ်ဖေဖေ ကျေးဇူးရှင် အာဏာရှင် ကြီး ကို တိုင်ပြော ရပါတယ် .... တကယ်တော့ အဲဒီမောင်အလတ် က ဖေဖေ အချစ်ဆုံးသား လို့ ထင်ရပါတယ် ... ဒါပေမဲ့ ပိုပြီး အချစ်ဆုံး ဖြစ်တဲ့ သမီးကြီး အတွက်ဆိုတော့ မောင်လေး ကို ခေါ်ပြီး ရာဇသံ ပေးပါတယ် (ဟဲ..ဟဲ... သဘောပေါက် နော် မောင်လေး) မျက်နှာတင်းတင်းကြီး နဲ့ပါ.... ဖေဖေ ကျေးဇူးကြောင့် ရွှေစင်ဦး အဲဒီ တည အေးအေးဆေးဆေး အိပ်ရပါတယ်.... နောက်ညမှာတော့ ချစ်ညီမ ရောက်လာတဲ့ အတွက် ပြဿနာ မရှိတော့ ပါဘူး...

ဒီလိုနဲ့ ဖေဖေ တဖြေးဖြေး သက်သာလာ တဲ့ အတွက် ဆေးရုံ က ၁၄-၁၂-၂၀၁၁ မှာ ဆင်းရပါတယ် ... ဖေဖေ က ရန်ကုန်မှာ ဆက်မနေချင်တော့ဘူး လို့ ပြောတဲ့ အတွက် ဆေးရုံ ကနေဘဲ တိုက်ရိုက် မန္တလေး ကို ပြန် လာပါတယ်... ရွှေစင်ဦး ရယ် ချစ်ညီမ ရယ် ညီမနော်နော် ရယ် .. ကတော့ အောင်ပွဲခံတဲ့ အနေနဲ့ ကျိုက်ထီးရိုး...  မော်လမြိုင်...ကျိုက်က္ခမီ .. စက်စဲ ကမ်းခြေ များ ကို အားရပါးရ လျှောက်လည်ပါတယ် ... ဘဝ မှာ တော်တော်ပျော်ခဲ့တဲ့ အချိန်တွေ ပါဘဲ .... ပျော်ရွှင်မှု့ ပုံရိပ်လေး တွေကို ဖော်ပြ ပေးထားပါတယ် ... ဒီမှာဘဲ ..  ရွှေစင်ဦး ရဲ့ ဆေးရုံပေါ်မှာ စာလေး ကိုလည်း အဆုံးသတ် ပါတော့ မယ်..

 နောက်ဆက်တွဲ အနေနဲ့တော့ ... ရွှေစင်ဦး ကို e-mail.. phone.. blog comment .. blog post တွေ အပြင် လူ ကိုယ်တိုင် လာရောက် အကူအညီပေး ... အားပေး ကြ တဲ့ ... ဘလော့ဂါဂျွန်မိုး (အဖြူလေး) ...  ဘလော့ဂါ အန်တီတင့် နှင့် ...ဘလော့ဂ်ဂါ မိတ်ဆွေ များ ...... စာဖတ်သူ ပရိသတ် များ... ချစ်ဖေဖေ ရဲ့ ပါရမီ ဖြည့်ဖက် ချစ်မေမေ၊  မိဘ ကျေးဇူး ကို သိတတ်စွာ နဲ့ မိသားစု စီးပွားရေး ... သားရေးသမီးရေး များ ကို အားလုံး ချန် ထားခဲ့ပြီး ...... အဖေကြီး စိတ်ချမ်းသာအောင် ရက်ပေါင်း များစွာ ဆေးရုံပေါ်မှာ လာရောက် ပြုစု စောင့်လျှောက်ပေး ကြ တဲ့ ချစ်သောမောင်နှမ များ (အဖေ ဇော ကပ်ပြီး ပြောမှားဆိုမှား ရှိခဲ့ရင် လည်း အမကြီး ကို ခွင့်လွှတ်ကြ ဖို့ တောင်းပန် ပါ တယ်)၊  ရွှေစင်ဦး နဲ့ အရာရာ မှာ ထပ်တူ ခံစားပေး တဲ့ ချစ်ညီမ (စည်းစိမ်ရှင်) နဲ့ အစစ လိုအပ်သမျှ အကူအညီ ပေးခဲ့တဲ့ စာဖတ်သူ ..ညီမ နော်နော်... ညီမ ဂျူလိုင်မျိုး နှင့် ... ချစ်ဖေဖေ ရဲ့ မိတ်ဆွေများ ... တပည့်များ ကို လည်း အထူးဘဲ ကျေးဇူး တင်ကြောင်း ပြော ပါရစေဗျာ ...

ဖေဖေ ကို ခွဲစိတ်ကုသပေး တဲ့ ပြင်သစ်ဆရာဝန်ကြီး နဲ့ ဆေးရုံပေါ်မှ ခွဲစိတ် လူနာ အားလုံး (အဆင့်အတန်း မရွေး) ကို  မေတ္တာအပြည့် နဲ့ အလေးအနက် ပြုစု စောင့်လျှောက် ခဲ့ကြတဲ့ ဆရာဝန်ကြီး များ နဲ့ ဝန်ထမ်းများ အားလုံး  ကို လည်း တသက်တာ မေ့မရအောင် အလေးအနက် ကျေးဇူးတင် မိပါတယ် ... တဦးနဲ့တဦး ဖေးမ ကူညီကြတဲ့.... ဆေးရုံပေါ်မှ လူနာ ပိုင်ရှင်များနဲ့ အထူးသဖြင့် ရွှေစင်ဦး ကို အမွေပုံကြီး ပေးခဲ့တဲ့ မမြသီ ... ဖေဖေ ကို စိတ်ရော ကိုယ်ပါ ခွန်အား ရှိအောင် အကူအညီ ပေးခဲ့ တဲ့ မမမာတူး နဲ့ အကိုကြီး ... ဆွေမျိုးသားချင်း အားလုံး နဲ့ ရွှေစင်ဦး ရဲ့ အလိုဆန္ဒ အားလုံး ကို ဖြည့်ပေးတဲ့ ချစ်ချစ်ကြီး ကို အထူး အထူး ဘဲ ကျေးဇူးတင်ရှိပါတယ် လို့ ပြောရင်း တကယ်ကို အဆုံးသတ်လိုက်ပါပြီ.... 



 လာမဲ့ ဒီဇင်ဘာ (၁) ရက် ဆိုရင်ချစ်ဖေဖေ ခွဲစိတ်တာ တနှစ်ပြည့်ပါပြီ ... မိသားစု ရဲ့ ချစ်ခြင်း ကို ထောက်ထားပြီး .. ဆေးမှန်မှန်သောက် ပါလို့ တောင်းပန်ချင်သလို ...  ဖေဖေ မြင်ချင်တဲ့ မြန်မာပြည်ကြီး ရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ အပြောင်းအလဲ များကို  မိသားစု နဲ့အတူ အသက်ရာကျော် နေထိုင်ရင်း တွေ့ မြင်နိုင်ပါစေလို့လည်း
 ပြန်လည်ရှင်သန်ခြင်း တနှစ်ပြည့် အတွက် ဆုမွန်တောင်းပါတယ်
       

 
ကျိုက်ကော် နဲ့သထုံ ကြားမှာ ရှိတဲ့ ညီမ နော်နော် တို့ရဲ့ ရိုးသားလှသော ကရင်ရွာလေး (နောင်ဘို) မှ ဧည်ခံကျွေးမွေးခဲ့တဲ့ မမေ့နိုင်သော ထမင်းတနပ်

12 comments:

နော်နော် said...

အဖေ့အပေါ် ကိုယ်ဖိရင်ဖိ ပြုစုပေးတဲ့ မမ၊ အောင်ပွဲခံတဲ့ ခရီးစဉ်မှာ ပျော်ရွှင်ခဲ့တယ်ဆိုလို့ ၀မ်းသာပါတယ်။အန်ကယ်ရေ.. ဆေးမှန်မှန်သောက်ပါနော်။

Anonymous said...

ဒါ..ဘယ်နေရာမှာလဲဆိုပြီး
မေးခဲ့တဲ့ပုံကိုပြန်မြင်နေရသော်လည်း..
အခုထိအဖြေရှာလို့မရသေးပါ။း)
အစ်မရွှေစင်ရဲ့ချစ်ဖေဖေ..
အသက်ရှည်အနာမဲ့စွာနဲ့
မိသားစုနဲ့အတူနေ့ရက်တိုင်း
ပျော်ရွှင်ချမ်းမြေ့ပါစေ..


(မမြသီကိုလည်းကျေးဇူးတင်ပါတယ် :D)

SHWE ZIN U said...

ညီမ နော်နော် ရဲ့ ခရီးစဉ် လေး ဟာ တကယ့် မေ့မရအောင် ပျော်ရွှင်ခဲ့ပါတယ်ညီမ ကျေးဇူး ..

အပေါ်က Anonymous ရေ အဲဒါ မော်လမြိုင် ကတုတ်တုတ် လေးပေါ်မှာပါ .. မော်လမြိုင် မုန့်ဟင်းခါး ရေစိမ် ရှာပြီး စားနေတာလေ..

သူကြီးမင်း (တုံးဖလား) said...

အခုဆို အမရွှေစင်တို့ မိသားစုတွေ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကြည်နူးမှု ပီတိတွေ ဖြာဝေနေကြရောပေါ့။

ကျန်းမာခြင်းဟာ ပျော်ရွှင်စရာ လာဘ်တစ်ပါးပါဘဲ။

မိသားစုအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း တောင်းဆုပြုလိုက်ပါတယ်။

PhyoPhyo said...

အစ်မရွှေစင် ဖေဖေ့အတွက် ဝမ်းသာလိုက်တာ။
အစ်မတို့မိသားစုနဲ့ နှစ်များစွာပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေ။
တစ်မိသားစုလုံးအတွက် ဆုတောင်းပေးလိုက်ပါတယ်။

Anonymous said...

အမေ၇ွှစင်.. အမကဆရာဦးလှမြင့်သမီးလားဟင်..အမကိုလည်းမြင်ဘူးနေပါတယ်...မန်uးniverstiy ထဲကမဟုတ်လားအမ...

မြသွေးနီ said...

မိဘကိုချစ်မြတ်နိုးရိုသေတဲ့သားသမီးတွေနဲ့
သားသမီးကိုချစ်ခင်တွယ်တာတဲ့မိဘတို့ကြားက အပြန်အလှန်ကူးလူးမေတ္တာကို ကြည်နူးစွာဖတ်သွားပါတယ် အစိမရွှေစင်..။

mstint said...

နွေးထွေးတဲ့မိသားစုရဲ့ ကျေးဇူးရှင် ဖခင်ကြီးဖြစ်တဲ့ ညီမရွှေစင်ရဲ့ ဖေဖေခွဲစိတ်တာ တစ်နှစ်တောင်ရှိသွားပြီပဲ။ မနေ့တစ်နေ့ကလိုပဲ ပုံရိပ်လေးတွေ ထင်ကျန်နေဆဲပါ။ တီတင့် ပြင်ဦးလွင်ဖက်ကို ရွှေစင် စစတို့နဲ့အတူ အလည်သွားကထဲ စည်းလုံးမှုလေးတွေနဲ့အတူ တစ်ဦးအပေါ်တစ်ဦး ချစ်ခင်ကြတဲ့ မောင်နှမတစ်စုကို မြင်တွေ့ပြီး သဘောကျခဲ့တယ်။ မေတ္တာတရားတွေ အပြည့်အဝကို ခံယူပြီး တိုတောင်းတဲ့ အချိန်အတွင်းမှာ လူကောင်းပကတိ ပြန်လည် ကျန်းမာလာတဲ့ ညီမဖေဖေအတွက် ဝမ်းသာမိတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်စုံတဲ့ မိသားစုလေးဖြစ်ပါစေ။

မေတ္တာဖြင့်
အန်တီတင့်

လသာည said...

မိဘကိုအခုလိုပြုစုစောင့်ရှောက်ခွင့်ရတာ အရမ်းကိုကံကောင်းတယ်လို့ ကိုယ်စားကြည်နှုးမိပါတယ်။

(အောင်ပွဲခံတဲ့ အနေနဲ့ ကျိုက်ထီးရိုး... မော်လမြိုင်...ကျိုက်က္ခမီ .. စက်စဲ ကမ်းခြေ များ ကို အားရပါးရ လျှောက်လည်ပါတယ် ...)

ဒါကိုလည်း အားကျမိပါကြောင်း :D

ညိမ်းနိုင် said...

အစ်မရွေစင်တို့ အောင်ပွဲခံပုံကိုတော့ သဘောကျတယ်
ဗျိုး....၊

Anonymous said...

း) ထပ်တူထမျှဝမ်းသာကြည်နှုးမိရင်း .......
ဘလော့ကဘယ်လိုဖြစ်တာတုန်း အစ်မရဲ့

ကျွန်တော်လည်း ဆက်သွယ်မှုပြင်ပရောက် ရောက်နေလို့ ဗျာာ


မောင်ဘကြိုင်

Anonymous said...

မိဘကိုအခုလိုပြုစုစောင့်ရှောက်ခွင့်ရတာ အရမ်းကိုကံကောင်းတယ်လို့ ကိုယ်စားကြည်နှုးမိပါတယ်။

(အောင်ပွဲခံတဲ့ အနေနဲ့ ကျိုက်ထီးရိုး... မော်လမြိုင်...ကျိုက်က္ခမီ .. စက်စဲ ကမ်းခြေ များ ကို အားရပါးရ လျှောက်လည်ပါတယ် ...)

ဒါကိုလည်း အားကျမိပါကြောင်း :D

ကူးချသွားပါကြောင်း...
ဖတ်ဖြစ်တာကြာပေမဲ့ အခုမှ ကော်မန့်လာပေးရပါကြောင်း.....

ညီမ