Wednesday, May 30, 2012

တင်မောင်မြင့် ၏ ဒက်ဒီ, အပိုင်း (၂ဝ)

ခုတော့ အော်လီဗာ စဉ်းစား ဖို့ ပြောတာ.. အင်း အဲဒါ.. စဉ်းစားဖူးပါတယ် ၊ အြေ ဖ တိတိ ကျကျ မရသေး ပါဘူး.. ခုလောလော ဆယ် အဲဒီအဖြေ ရှိဖို့လဲ မလိုသေးပါဘူးလေ..
သူ့ကို ပြုံးပြ လိုက်မိ၏။ ရှားလော့က ကော်ဖီငှဲ့ ပေးသည်။ အော်လီဗာ ရင်ထဲ တွင် ဗလောင် ဆူ ချင်နေ ပြီ.. သြော်..ခရစ္စမတ် ညစာ ဆိုတာ ဒါမျိုးမှ ပြည့်စုံတာပါလားဟုလည်း ဆင်ချင်မိ၏။ ရင်ထဲ တွင် တသိမ့်သိမ့် ကြည်နူးနေ ၏။ သည်မိန်းကလေး နှင့် နီးနီးကပ်ကပ် နေရသည့် အတွက်ပျော်နေ ၏။ ကို
ဆက်ဖတ်ရန်.....

မိမိဘ၀ အတွက် ပုံစံကျ မိန်းကလေးဟုထင်၏။ တစ်ခုပဲရှိသည်။ သူက ရှားလော့ ဆင်မဆင် ဖြစ်နေ သည့် ပြဿနာ။  'ကဲ… မင်းအကြောင်းလဲ ပြောပါဦး မိန်းကလေးရယ်' ရှားလော့က လူ့ကိုကြည့်ပြီး ပြုံးသည်။ 'ရင်းနှီးတဲ့ လူတွေခေါ်သလို ရှာလီလို့ဘဲ ခေါ်တော့နော်' မိမိကို ငယ်စာရင်းဝင်လို့ သဘောထားကြောင်း သိရသည့် အတွက် အော်လီဗာ ထပ်ပျော်သွားပြန်သည်။

'နှစ်ကုန်တိုင်း အဲဒီကိစ္စ အမြဲ စဉ်းစားတယ်၊ နောင်နှစ်မှာ ငါ ဘယ်ကို သွားမလဲ၊ ဘာ ဆက်လုပ်မလဲ။ ဒါပေမယ့် လက်ရှိအတိုင်း ချောမွေ့နေတော့ ဒီအတိုင်းဘဲ ဆက်သွားနေတယ် ဆိုပါတော့'
ပြဇာတ်နှင့် ရုပ်မြင်သံကြားလောကကို ရည်ညွှန်းကြောင်း နှစ်ယောက်စလုံး နားလည်ကြသည်။

'ကျန်ကားတွေကတော့ ဒီလိုဘဲ မီးစင်ကြည့်က ရတာပေါ့၊ လူတိုင်းလိုဘဲ ရှာလီမှာ စိတ်ကူးယဉ် အိပ်မက်တွေ ရှိ ပါတယ်။ တော်တော်များများက အိပ်မက်အတိုင်း တကယ်ဖြစ်လာပြီးပြီလေ'
သူ့ ဘ၀သူ ကျေနပ်နေပုံဖြင့် ပြောပြနေသည်။ ရှားလော့တွင် ရတာထက် ပိုပြီး ယူချင်သည့်လောဘမျိုး ရှိဟန် မတူ။
'အိမ်ထောင်ပြုပြီး သားတွေသမီးတွေနဲ့ နေချင်ပါတယ်။ ဒါပေမယ့် ပြင်းပြတဲ့ ဆန္ဒမျိုးနဲ့တော့ မဟုတ်ဘူး။ ဆန္ဒမပြင်းပြရင် ဘယ်ဖြစ်လာတော့မလဲ' လေးနက်တည်ငြိမ်စွာ ပြောနေခြင်းဖြစ်သည်။ အော်လီဗာက ပန်းကန်တွေ ၀ိုင်းဆေးပေးသည်။ စားပွဲို့ ရှင်းပေးသည်။ ဆယ်နာရီတွင် ကော်ဖီတစ်ခွက်စီ ထပ်သောက်ကြ သည်။ သန်းခေါင်မတိုင်မီ အော်လီဗာကားဖြင့် ဘီဗာလီတောင်ကုန်ဒေသရှိ ဘုရားကျောင်း သို့ ထွက်လာခဲ့ကြ သည်။

သန်းခေါင်ယံဝတ်ပြုပွဲတွင် နှစ်ယောက်သား ပူးပူးကပ်ကပ်ထိုင်ကြသည်။ ၀တ်ပြုဆုတောင်းပွဲမှာ စနစ်တကျ ရှိလှ၏။ ပြီးသည်နှင့် မီးတွေလင်းလာသည်။ ထိုအခါတွင်မှ ခရစ္စမတ် ဓမ္မတေးကို ငြိမ့်ညောင်း စွာ ရွတ်ဆိုကြသည် ဘုရားကျောင်းမှ ပြန်တော့တစ်နာရီခွဲနေပြီ။ ကားကို ခပ်ဖြည်းဖြည်း မောင်းပြီး ရှားလော့ ကို ပြန်ပို့သည်။ ရင်ထဲတွင် လိုင်းကြက်ခွပ်ကလေးများ ခုံနေသလို တဖျပ်ဖျပ် လှုပ်ရှားလျက်။ လောကသည်ပို၍ လှပသေည်ထင်၏။ ဘာမှ မလိုတော့အောင် ပြည့်စုံနေသလိုလည်း ခံစား ရ၏။ ကလေးတွေကို တမ်းတအောက်မေ့သည့်စိတ်ပင်လျှင် ပါးလျှလျှ ဖြစ်နေ၏။
ရှားလော့ ၏ အိမ်ရှေ့ရောက်တော့ ကားထိုးရပ်ပေးသည်။ သို့သော် ရှားလော့က မဆင်းသေး ဘဲ အော်လီဗာ့ ကို ငဲ့ကြည်သည်။ ထူးဆန်းသည်ဟု ထင်လိုက်၏။

'အော်လီဗာ့ အတွက် သိပ်ထူးဆန်းနေမလားတော့ မသိဘူး၊ ခုလို ညမျိုးမှာ တစ်ယောက်တည်း အိမ်ပြန် ရတာ သိပ်ခြောက်ကပ်ကပ် မနိုင်လွန်းဘူးလား၊ ဒီမှာဘဲ အိပ်လိုက်ပါလား၊ ဧည့်သည် အိပ်ခန်းရှိသားဘဲ'
မိမိဘ၀ အတွက် ပုံစံကျ မိန်းကလေးဟုထင်၏။ တစ်ခုပဲရှိသည်။ သူက ရှားလော့ ဆင်မဆင် ဖြစ်နေ သည့် ပြဿနာ။  'ကဲ… မင်းအကြောင်းလဲ ပြောပါဦး မိန်းကလေးရယ်' ရှားလော့က လူ့ကိုကြည့်ပြီး ပြုံးသည်။ 'ရင်းနှီးတဲ့ လူတွေခေါ်သလို ရှာလီလို့ဘဲ ခေါ်တော့နော်' မိမိကို ငယ်စာရင်းဝင်လို့ သဘော ထားကြောင်း သိရသည့်အတွက် အော်လီဗာ ထပ်ပျော်သွားပြန်သည်။

'နှစ်ကုန် တိုင်း အဲဒီကိစ္စ အမြဲ စဉ်စစားတယ်၊ နောင်နှစ်မှာ ငါ ဘယ်ကို သွားမလဲ၊ ဘာ ဆက်လုပ်မလဲ။ ဒါပေမယ့် လက်ရှိ အတိုင်း ချောမွေ့နေတော့ ဒီအတိုင်းဘဲ ဆက်သွားနေတယ် ဆိုပါတော့'
ပြဇာတ်နှင့်ရုပ်မြင်သံကြားလောကကို ရည်ညွှန်းကြောင်း နှစ်ယောက်စလုံး နားလည်ကြသည်။ 'ကျန်ကားတွေ ကတော့ ဒီလိုဘဲ မီးစင်ကြည့်က ရတာပေါ့၊ လူတိုင်းလိုဘဲ ရှာလီမှာ စိတ်ကူးယဉ် အိပ်မက်တွေ ရှိ ပါတယ်။ တော်တော်များများက အိပ်မက်အတိုင်း တကယ်ဖြစ်လာပြီးပြီလေ'
သူ့ဘ၀သူ ကျေနပ်နေပုံဖြင့် ပြောပြနေသည်။ ရှားလော့တွင် ရတာထက် ပိုပြီး ယူချင်သည့်လောဘမျိုး ရှိဟန် မတူ။

'အိမ်ထောင်ပြုပြီး သားတွေသမီးတွေနဲ့ နေချင်ပါတယ်။ ဒါပေမယ့် ပြင်းပြတဲ့ ဆန္ဒမျိုးနဲ့တော့ မဟုတ်ဘူး။ ဆန္ဒ မပြင်းပြရင် ဘယ်ဖြစ်လာတော့မလဲ' လေးနက်တည်ငြိမ်စွာ ပြောနေခြင်းဖြစ်သည်။ အော်လီဗာက ပန်းကန်တွေ ၀ိုင်းဆေးပေးသည်။ စားပွဲို့ ရှင်းပေးသည်။ ဆယ်နာရီတွင် ကော်ဖီတစ်ခွက်စီ ထပ်သောက် ကြသည်။ သန်းခေါင်မတိုင်မီ အော်လီဗာကားငြဖ့် ဘီဗာလီတောင်ကုန်းဒေသရှိ ဘုရားကျောင်းသို့ ထွက်လာ ခဲ့ကြ သည်။ သန်းခေါင်ယံဝတ်ပြုပွဲတွင် နှစ်ယောက်သား ပူးပူးကပ်ကပ်ထိုင်ကြသည်။
ဝတ်ပြုဆုတောင်းပွဲမှာ စနစ်တကျရှိလှ၏။ ပြီးသည်နှင့် မီးတွေလင်းလာသည်။ ထိုအခါတွင်မှ ခရစ္စမတ်ဓမ္မတေးကို ငြိမ့်ညောင်းစွာ ရွတ်ဆိုကြသည် ဘုရားကျောင်းမှ ပြန်တော့တစ်နာရီခွဲနေပြီ။ ကားကို ခပ်ဖြည်းဖြည်း မောင်းပြီး ရှားလော့ကို ပြန်ပို့သည်။ ရင်ထဲတွင် လိုင်းကြက်ခွပ်ကလေးများ ခုံနေသလို တျပ်ဖျပ်လှုပ်ရှားလျက်။ လောက သည်ပို၍ လှပသေည်ထင်၏။ ဘာမှ မလိုတော့အောင် ပြည့်စုံနေ သလို လည်း ခံစား ရ၏။ ကလေးတွေကို တမ်းတအောက်မေ့သည့်စိတ်ပင်လျှင် ပါးလျှလျှ ဖြစ်နေ၏။

ရှားလော့၏ အိမ်ရှေ့ရောက်တော့ ကားထိုးရပ်ပေးသည်။ သို့သော် ရှားလော့က မဆင်းသေး ဘဲ အော်လီဗာ့ ကို ငဲ့ကြည်သည်။ ထူးဆန်းသည်ဟု ထင်လိုက်၏။
'အော်လီဗာ့ အတွက် သိပ်ထူးဆန်းနေမလားတော့ မသိဘူး၊ ခုလို ညမျိုးမှာ တစ်ယောက်တည်း အိမ်ပြန် ရတာ သိပ်ခြောက်ကပ်ကပ် မနိုင်လွန်းဘူးလား၊ ဒီမှာဘဲ အိပ်လိုက်ပါလား၊ ဧည့်သည် အိပ်ခန်းရှိသားဘဲ'
တွေ့ဆုံသိကျွမ်းသည်မှာ နှစ်ရက်ပဲ ရှိသေးသည်။ ယခုမှာ အိပ်ဖို့ ဖိတ်နေပြီ၊ သို့သော် မီဂန်လို ရမ္မက် ဆန္ဒမျိုး မဟုတ်။ ကြင်နာခြင်း၊ စာနာခြင်းများဖြင့် လေးလေးစားစား ဖိတ်ကြားခြင်း ဖြစ်၏။ သည့်ထက် ကြီးမားသည့် အခွင့်အရေး မရှိနိုင်တော့ပြီ၊ "သိပ် နေချင်တာပေါ့ ရှာလီရယ်" အော်လီဗာက ရှားလော့ ကို ကျေးဇူးတင်စွာ နမ်းလိုက်သည်၊ ညင်သာစွာနှင့် သန့်ရှင်းစွာ နမ်းသည့်အနမ်းမျိုး၊ အိမ်ထဲ သို့ နှစ်ယောက်သား လက်ချင်းချိတ်ပြီး ၀င်သွားကြသည်။ ရှာလီက အပေါ်ထပ်သို့ ဦးဆောင်ခေါ် သွား ပြီ အိပ်ယာပြင်ပေးသည်။

အိပ်ခန်းမှာ ရေချိုးခန်း အိမ်သာနှင့် တွဲထားသည့် အိပ်ခန်းမျိုး ဖြစ်သည်။ ဧည့်သည်များအတွက် သီးသန့် ထားသည့် ညဥ့်ဝတ်ရုံများထဲမှ တစ်ထည် ထုတ်ယူပြီး ၀တ်ခိုင်းသည်။ ကလေးတစ်ယောက်ကို အမေက သိပ်သလို အိပ်ယာ ထဲတွင် နေရာချပြီးမှ နွေးထွေးစွာ ပြုံးလျက် နှုတ်ဆက်သည်။
"ပျော်စရာ ခရစ္စမတ်ပါအော်လီဗာ"
ပြောပြောဆိုဆို အခန်းထဲမှ ထွက်သွားသည်။ တော်တော်နှင့် အိပ်မပျော်။ အိပ်ယာပေါ်တွင်လှဲရင်း သူကလေး အကြောင်းကို တွေးနေမိ၏။ သူ့အခန်းဆီ ကို ကူးသွားချင်သော်လည်း သူ့စေတနာ ကို စော်ကား ရာ ရောက်မည်မို့ လိမ်မာသည့်ကလေးလေး တစ်ယောက်လို ငြိမ်ငြိမ်ကလေး အိပ်လိုက် သည်။ နောက်တစ်နေ့ အိပ်ယာ မှ နိုးတော့ ၀က်အူချောင်းနံ့၊ ကော်ဖီနံ့က အပေါ်ထပ် ထိ မွှေးပျံ့နေ ၏။ ရေချိုးခန်းထဲ တွင် သွားတိုက်ဖို့ အဆင်သင့်၊ မုတ်ဆိတ်ရိပ်ဖို့ အဆင်သင့်လုပ်ထားသည်။ ည၀တ် အင်္ကျီဖြင့် ပင် အောက်ထပ် သို့ ဆင်းခဲ့သည်။ သူ ဘာတွေများ လုပ်နေပါလိမ့်။

"ခရစ္စမတ်မှာ ပျော်ရွှင်ပါစေ အော်လီဗာ"
မီးဖိုဆောင် သို့ အ၀င်တွင် ရှားလော့က ဆီးကြိုနှုတ်ဆက်သည်။ သူလုပ်သမျှကို အော်လီဗာ ကြည့်ကောင်း ကောင်းနှင့် ကြည့်နေသည်။ မျက်နှာမှာ ပြုံးလျက်။ နှစ်မိနစ်အတွင်း အလွန်ပြည့်စုံဥည့် နံနက်စာ စားဝိုင်း ပြင်ဆင်ပြီးသွားသည်။
ဝက်ပေါင်ခြောက်၊ ကြက်ဥကျော်၊ ၀က်အူချောင်း စသည့် အကျော်ပွဲနှင့် မြိုင်လှသည်။ ပြီးတော့ လတ်လတ် ဆတ်ဆတ် ညှစ်ထားသည့် လိမ္မော်ရည်နှင့် အငွေ့တထောင်းထောင်း ထနေသည့် ကော်ဖီ၊
"ပျော်စရာ ခရစ္စမတ် ပါ ရှာလီ၊ မင်းကိုယ့်ကို အဲဒီလို ကျွေးရင်တော့ အိမ်ပေါ်က ကုတ်နဲ့ကော်ထုတ်ရလိမ့် မယ်။
ရှားလော့ က သဘောကျသွားပြီး တခစ်ခစ်ရယ်ရင်း "ကျွန်မလက်ရာကို သဘောကျလို့ ၀မ်းသာပါတယ် ရှင်" ဟု ထမင်းချက်မိန်းကလေး တစ်ယောက်၏ လေသံဖြင့် ပြောသည်။ ဘာမှ မပြောတော့ ဘဲ အော်လီဗာက ရှားလော၏ ခန္ဓာကိုယ်ကလေး ကို ဆွဲယူပြီး နမ်းလိုက်သည်။ ညကလို မရွှံ့မရဲ မဟုတ်တော့။ ခဏနေ မှ ရှားလော က အသာကလေး ရုန်းထွက်လိုက် သည်။

နှစ်ယောက်စလုံး အသက်ရှူ မြန်နေကြ၏။ ရှားလော့က မောဟိုက်နေသော လေသံဖြင့်-
"ဒုက္ခပါပဲ အော်လီဗာ ရယ်၊ သိပ်ရင်ခုန်စရာကောင်းတဲ့ မနက်ခင်းပဲနော်" "ဟောဒီမနက်စာဝိုင်း က ဟင်းလျာတွေကလဲ ရင်ခုန်စရာ ကောင်းတာပဲ ရှာလီ" ကြက်ဥကျော်ကို ပလုပ်ပလောင်း စားရင်း သူနှင့်ဝေးဝေး မနေနိုင်တော့သလို သူ့လက်ကလေးကို လှမ်းကိုင် ထားလိုက်သည်။ မျက်စိအောက် က ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေသည့်အလား။ 'ဟင်း.. အစားကို ကောင်းကောင်းစားလေ၊ ဘာလုပ်တာတုန်း' ရှားလော့က ပြုံးပြုံးကလေးနှင့် သူ့ကိုဆိုသည်။ အော်လီဗာသည် ခရစ္စမတ် အထူးအရောင်း ဆိုင်တွင် ကစားစရာတွေကို ရွေးနေသည့် ကလေးတစ်ယောက်လို စိတ်လှုပ်ရှားနေ၏။

'ကိုယ်တော့ ဘာကို ဦးစားပေးရမှန်းတောင် မသိတော့ဘူး၊ မနက်စာကိုလား၊ ရှားလော့ဆင်မဆင် ကိုလား ဆိုတာကို မဝေခွဲတတ်တော့ဘူး။' သူ့ကို မော့ကြည့်ပြုံးပြရင်း ဆက်ပြောလိုက်သည်။
'အခုအတိုင်း ဆိုရင်တော့ မင်းသမီးက အနိုင်ရနေတယ်၊' 'ဟင်းနော်၊ မကဲနဲ့၊ စားမှာစား၊ ခရစ္စမတ်ဘိုးဘိုး က လက်ဆောင်တွေ ယူမလာပေးဘဲ နေမယ်' 'ဟုတ်ကဲ့ပါမမလေး' စင်စစ်ခရစ္စမတ်ဘိုးဘိုးက အကောင်းဆုံး လက်ဆောင်မိမိအတွက် ယူလာပေးပြီးဖြစ်ပါ၏။ ရှားလော့ကို သူ့ခြေအိတ်ကြီးထဲမှာ ထည့်ပြီး ယူလာပေးသည် ဟု စိတ်ထဲ ထင်နေ၏။ စတူဒီယို က ဆရာသမားမှန်ပါပေ၏။ မပြုမပြင် ပင်ကို အလှ ကို စောစီးစွာ မြင်ရပြီလေ။ မျက်နှာကို ဘာမှ လိမ်းခြယ်မထား။

ဆံပင် ကို နောက်တွဲထုံးထား၏။ ရှင်းသန့်ကြည်လင်သည့်အလှသည် နံနက်ခင်းနှင့် အပြိုင် တောက်ပနေ သည်။ မိန်းမ ကျက်သရေ ဆိုတာ ဒါမျိုးပါလားဟု အော်လီဗာ ခုမှ သဘောပေါက် တော့သည်။ စားသောက်ပြီး သည်နှင့် ရှားလော့ပျောက်သွားသည်။ ပြန်လာတော့ လက်ထဲ တွင် အပြာရောင်ကတ္တီပါဖုံး စက္ကူဖာကလေး ပါလာ၏။ အော်လီဗာရှေ့ တွင် ချပေးလိုက်၏။ ဘုရားကျောင်း က အပြန်တွင်မှ သတိယခြင်းဖြစ် သည်။
သူဖွင့်နေသည် ကို ရှားလော့ ကျေနပ်စွာ စောင့်ကြည့်နေ၏။ ရှေးဟောင်း အိတ်ဆောင်နာရီ ကလေး ကြွေဒိုင်ခွက်ပေါ်တွင် ဧရာမ ဂဏန်းများက ဖောင်းဖောင်းကြွကြွ အော်လီဗာ အကြောင် သား ငေးကြည့် နေ သည်။
'ဘိုးဘိုး ရဲ့ နာရီလေ၊ အော်လီကြိုက်ရဲ့လားဟင်' 'ကြိုက်ပါတယ်၊ ဒါပေမယ့် ဒါက ရှားလော့ သိမ်းထား ရမယ့် ပစ္စည်း ဘဲ၊ မပေးနဲ့လေ' သူက ပြန်ပေးဖို့ ကြိုးစားသည်။ သို့သော် ရှားလော့က လက်မခံ။

'ယူထားနော်၊ အော်လီက ရှာလီရဲ့ထူးခြားတဲ့ မိတ်ဆွေတစ်ယောက်မို့ ဒီထူးခြားတဲ့ခရစ္စမတ်မှာ အမှတ်ထင်ထင် ရှိစေချင်လို့ပါ၊ နှစ်တိုင်း အိမ်ပြန်တယ်လို့ ပြောပြီးပြီနော်၊ ဒီနှစ် မပြန်နိုင်တော့ ခရစ္စမတ် မှာ ဘယ်သူနဲ့ အချိန်ဖြုန်းရမလဲ စဉ်းစားတော့ အသိအကျွမ်းတွေထဲက တစ်ယောက်မှ ရှာ မတွေ့ဘူး၊ အော်လီ နဲ့ ကံကောင်းထောက်မပြီး တွေ့တာလေ၊ ဒါကြောင့် အထူးအနေနဲ့ ရှာလီ သိပ်တန်ဖိုး ထားတဲ့ ဘိုးဘိုးရဲ့ နာရီကလေးကို ပေးတာ၊ ယူထားနော်၊ ပြီးတော့ ဒီခရစ္စမတ်ကို အမြဲ သတိရနေနော်'
ဝမ်းသာလွန်းလို့ အော်လီ မျက်ရည်တွေလည်လာသည်။ ကျေးဇူးတင်ကြောင်း ထပ်ပြောဖို့ သူ့ ကို မော့ကြည့်သည်။ သို့သော် မပြောဖြစ်တော့ဘဲ ရင်ခွင်ထဲ ဆွဲသွင်းပြီး နမ်းမိတော့၏။ သို့သော် ညင်ညင် သာသာကလေးနမ်းသည့်မေတ္တာ အနမ်းမျိုး။ ရင်ခွင်ထဲက ပြန်လွှတ်မပေးချင်တော့၊ တိုးတိုး ကလေး ပြောမိသည်။

'ချစ်နေမိပြီရှာလီရယ်၊ သုံးရက်ထဲရှိသေးတယ်၊ ဒီစကားမျိုးပြောသင့်၊ မပြောသင့်ကိုယ် မစဉ်းစားနိုင်တော့ ဘူး၊ အင်း…သုံးရက်မကတော့ပါဘူး၊ လေးရက်ထဲ ရောက်လာပြီပဲ၊ ကိုယ့်ကို ခွင့်လွှတ်ပါ ရှာလီရယ်'
သူတို့ စတွေ့သည့်နေ့က ကြာသပတေးနေ့။ သည်နေ့ တနင်္လာနေ့။ အများကြီး။ အပြန်အလှန် နားလည် ဖို့ ဖလှယ်စရာတွေလည်း ပြောမကုန်အောင် ရှိမည်ဧကန်။
ညနေပိုင်း တွင် ဘင်ဂျမင် ဆီ ဖုန်းဆက်သည်။ သားအဖစကားပြောနေသည်ကို နားထောင်ပြီး ရှားလော့ ကြင်နာစွာ ပြုံးနေ၏။  ကလေးနေကောင်းပါသည်တဲ့၊ ဆန္ဒရာ ကတော့ အိမ်တွင် မရှိ၊ အပြင် သွားနေကြောင်း ပြော သည်၊ အဖေ့အိမ်ကြီးမှာ လွတ်လွတ်လပ်လပ် နေရသည့်အတွက် အားလုံး အဆင်ပြေကြောင်း ပြောသည်။ ဖုန်းချလိုက်သည်အထိ ရှာလီ ပြုံးနေဆဲ။

'သားကြီးကို သိပ်ချစ်တာဘဲလားဟင်' အော်လီဗာက မဲ့ပြုံးပြုံးပြီး
'အင်း… ဆိုပါတော့၊ အဲဒီဘရုတ်သုတ်ခ ဘ၀ထဲက ရုန်းထွက်ပြီး ဒီကိုမြန်မြန်လိုက်လာနိုင်ပါစေလို့ဘဲ ဆုတောင်းနေ ရတယ်၊ ဒါမှ ကိုယ့်မျက်စိအောက်မှာ ပြန်ရောက်လာမှာလေ၊ အဲဒီတော့ မှ ကျောင်းပြန်တက်ခိုင်းမယ်၊ သူသက်သက် ဒီမိန်းကလေးနဲ့ အချိန်ဖြုန်းနေတာ၊ ကိုယ့်ကို ကိုယ် နှစ်နေတာ' 'သူ့ကို အချိန်ပေးပါဦးလေ၊ အချိန်တန်ရင် လမ်းကြောင်းပေါ်ပြန်ရောက်လာမှာပါ၊ သူတို့ လက်ထပ်ကြမှာလားဟင်' 'ကိုယ်တော့ မထင်ဘူး' အော်လီဗာ သက်ပြင်းချသည်။ ပြီးတော့မှ သူ့ကို သိုင်းဖက်ပြီး အပြင်ထွက်ဖို့ ခြေလှမ်းပြင်သည်။ ရှားလော့မိတ်ဆွေနှစ်ဦးမှာ ဒါရိုက်တာ များဖြစ်ကြသည်။ နာမည်ကျော် ရုပ်ရှင်နှင့် ပြဇာတ်များကို ဖန်တီးသူများဖြစ်၏။ သူတို့နှစ်ဦး၏ အိမ်တွင်တွေ့ ခဲ့ရသည့် ဧည့်သည်များ မှာလည်း နာမည်ကျော်တွေဖြစ်၏။

အားလုံး ဟိတ်ကြီးဟန်ကြီးမရှိဘဲ ပွင့်ပွင့်လင်းလင်းသမားများဖြစ်သည်။ ရှားလော့ တစ်ယောက် အော်လီဗာနှင့် တွဲ လာခြင်းကြောင့် သူတို့တစ်တွေလှုပ်လှုပ်ရှားရှားမဖြစ်ကြ။ သူတို့အထဲ တွင် မထင် ဘဲ အော်လီဗာပျော်ပျော်ရွှင်ရွှင်ဖြစ်နေသည်။ ကိုးနာရီမှ ပြန်ဖြစ်ကြသည်။
အော်လီဗာ့ရေကူးကန် တွင် ရေကူးဖို့ဆုံးဖြတ်ကြသည်။ အိမ်တွင် စားစရာဘာမှမရှိ။ သို့သော် တစ်နေ့လုံး မျိုးစုံ စားထားသဖြင့် နှစ်ယောက်သားမဆာကြ။
မယ်လီဆာ ၏ရေကူးဝတ်စုံတစ်ထည် အော်လီဗာက ထုတ်ပေးသည်။ ကန်ဘောင်ဆီ သို့ အော်လီဗာရောက်လာချိန် တွင် ရှားလော့ရေထဲရောက်နေပြီ။ တစ်ဘက်စွန်းမှ လှလှပပ ကူးချ လာသည်။
'သိပ်တော်တာဘဲ၊ မင်း မလုပ်နိုင်တာ ဘာများရှိသေးလဲ ရှာလီ' ရှားလော့က သူ့ကို မော့ကြည့်ပြီး ပြုံး သည်။

'အများကြီးပေါ့၊ ရေကူးတာတော့ အဓိကလေ့ကျင့်ခန်းလေ၊ ဒါကြောင့် ၀မလာတာပေါ့'
စနစ်တကျ ထိန်းသိမ်းထားသည့် ရှားလော့၏ ခန္ဓာကိုယ်အချိုးအစားမှာ ရင်သတ်ရှုမောလောက် ပါပေ၏။ ရေထဲမှာလည်းလှ၊ ကုန်းပေါ်မှာလည်းလှ၊ နေ့လည်းလှ၊ ညလည်းလှနေသည့် ကိုယ်နေဟန်မျိုး။
အော်လီဗာ သည် ချစ်စိတ်ကို အနိုင်နိုင်မြိုသိပ်ထားနေရ၏။ ရှားလော့သည် ဟောလီဝုဒ် မင်းသမီး တစ်လက်ဖြစ်သော်လည်း တစ်ချို့နေရာများတွင် ရှေးဆန်သည့် မိန်းကလေးမဟုတ်လား။ ဤသို့ဖြင့် ရေဆင်း ကူးလိုက်ရတော့သည်။
အော်လီဗာ့အနီးသို့ ရှားလော့ကူးလာပြီး ရယ်ကျဲကျဲအမူအရာဖြင့် 'လိုက်လေ'ဟု ဆိုသည်။
အော်လီဗာ တစ်ယောက် ရေကူးအသင်းတွင် ကပ္ပတိန်ဖြစ်ခဲ့ဖူးမှန်း ရှားလော့ မသိသေးပေ။ နှစ်ပေါင်း များစွာ ကြာခဲ့ပြီဖြစ်သော်လည်း အများကြီး ကျန်ပါသေးသည်။ ချက်ချင်း အမိဖမ်းနိုင်ပြီး အနမ်းဆုတွေ တ၀ကြီးပေး လိုက်၏။

'ကြည့်စမ်း…သူဒါလောက်ကောင်းမှန်း မသိဘူး'
'ရေကူးပြောတာလား၊ ဘာကို ပြောတာလဲ' 'နှစ်ခုစလုံး' ပြောပြောဆိုဆို ငါးကလေးတစ်ကောင် လို ရေအောက်ထဲ သို့ ငုတ်လျှိုးပြီး ကန်ဘောင်တစ်ဘက်သို့ ကူး သွားသည်။ အော်လီဗာနောက် မှ လိုက်ကူးသွား၏။ ကန်ရေပြင်ပေါ်တွင် လှိုင်းဂယက်ကလေးတွေ ကြမ်းသည်ထက် ကြမ်းလာသည်။
ဘော့စတန်တွင် နှစ်ပတ်နေပြီး ကလေးတွေပြန်လာကြသည်။ လေယာဉ်ကွင်းကို ကြို ဖို့ အော်လီဗာ ထွက်လာခဲ့သည်။ ရင်ထဲတွင် အချစ်ဖြင့် ရွှန်းစိုနွေးထွေးလျက်ရှိ၏။ ခါတိုင်းဆိုလျှင် သူတို့ သွားနေလျှင် အောက်မေ့ သည့် အနေဖြင့် တတမ်းတတ ဖြစ်နေတတ်၏။ သည်တစ်ခါတော့ အချိန်တွေ ဘယ်လို ဘယ်ပုံကုန်သွားမှန်းပင်မသိလိုက်။ သားနှင့်သမီးပြန်သွားလာလျှင် ပြောင်းလဲနေသည့် အဖြစ်ကို ရိပ်မိကြလေမည်ထင်၏။ မီဂန်နှင့်တုန်းက အဖြစ်ကို ပြန်သတိရနေသည်။

သို့သော် အခြေအနေချင်းက လုံးဝမတူပါချေ။ ရှားလော့က မီဂန်နှင့် တစ်ခြားစီ၊ ကြင်နာတတ်သည်၊ ချစ်ဖို့ကောင်းသည်၊ ပျော်ဖို့ ကောင်းသည်၊ အခြားနားဆုံး အချက်မှာ ရှားလော့က ကလေးတွေကို စိတ်ဝင်စားသည်၊ သူတို့နှင့် အပေါင်းအသင်းဖြစ်ချင်သည်။ ဆမ်ကလေးက ကွင်းထဲက ပြေးချလာပြီး ဖအေ့ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်သည်။ မယ်လီဆာက ဘယ်လောက်စကိတ်စီးလာသည်မသိ၊ အသားတွေ ညိုလာသည်။ နောက်မှ ပြေးလိုက်၏။ မျက်နှာကလေးမှာ ပြုံးချိုဝင်းပလျက်။ 'ကြည့်စမ်း…နှစ်ယောက် စလုံး အရမ်းပျော်လာကြတယ်၊ ဟုတ်လား' ပျော်ခဲ့ကြပါသည်။ မယ်လီဆာက ကားပေါ်တွင် အတွေ့အကြုံတွေ ကို ဖြည်းဖြည်းချင်းပြောပြလာသည်။ ဆာရာသည် ယန်းပီယာအတွက် ပူဆွေးသောက ရောက်နေရာ မှ တဖြည်းဖြည်း စိတ်သက်သာရာရနေပြီ။

'ဖေဖေ သားတို့ကို မအောက်မေ့ဘူးလားဟင်' ဆမ်က အဖေ့နားတိုးကပ်ပြီး မေးလိုက်သည်။
'ဘယ့်နှယ်ပြောပါလိမ့်သားရယ်၊ သားတို့မောင်နှမမရှိတော့ အိမ်ကြီးဟာ ဇရပ်ကြီးလို ဖြစ်နေတယ်လေ'
သာသာထိုးထိုးပြောလိုက်မိ ၍ ခေါင်းပေါ်ကျော်ပြီး မယ်လီဆာကို ကြည့်ရင်း… 'သမီးတို့ မရှိတော့ ဖေဖေပျင်းတာပေါ့' မယ်လီဆာသည် တစ်နေ့တစ်ခြားလူကြီးဖြစ်နေပြီ။ သိသိသာသာ ပုံပြောင်းလာ ၏။ ပို၍ တည်ငြိမ်လာသည်။
'အင်ဒီရော၊ ဟင် ဖေဖေ' ဆမ်က သူ့အချစ်တော်အကြောင်းမေးသည်။
ထုံးစံအတိုင်းပေါ့ကွာ၊ သိပ်ခွေးပါးဝတဲ့ကောင်၊ ဟိုနေ့ကကန်ထဲ ဆင်းကူးပြီး ရေစိုကြီးနဲ့ဆိုဖာတွေပေါ် တက် အိပ်တယ်လေ၊ အက်နက် က တံမြက်စည်းနဲ့လိုက်ရိုက်တယ်၊ လုံးလားထွေးလားနဲ့ ဘယ်သူနိုင် လဲတော့ မသိ ဘူး၊ ညနေကျတော့ သူ့ခန်းဆီးတွေကို အင်ဒီကိုက်ဖြဲပစ်တယ်လေ'

ဆက်ရန်
.

No comments: