သူ့စာများက ဖော်ပြသည့် သူ့စိတ်ဓာတ်၊
ဥာဏ်ပညာ နှင့် အရည်အချင်း
ဥာဏ်ပညာ နှင့် အရည်အချင်း
ဗိုလ်ချုပ်အောင်ဆန်း သည် စာများကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာစလုံးဖြင့် ရေးသားခဲ့ပါ သည်။ ဗိုလ်ချုပ်ဆောင်ရွက်ခဲ့သော လုပ်ငန်းတာဝန်အရ ထုတ်ပြန်ခဲ့သည့် အမိန့်များ၊ မိန့်ခွန်းများ၊ အုပ်ချုပ်ရေးနှင့် စစ်ရေး ဆိုင်ရာ စာများကို ဖယ်လိုက်လျှင် သူ့အား ပုံဖေါ်ယူရန် စာအနည်းငယ်သာ ကျန်ပါတော့သည်။
သို့ နည်းပါးစေကာမူ သူ့စာများက သူ၏ ဖြူစင်ရိုးဖြောင့်မှု၊ စိတ်ဓာတ် ကြံ့ခိုင်ဇွဲသန်မှု၊ စာပေ နှံ့စပ် ကျွမ်းကျင်မှု့ များကို ဖေါ်ပြနိုင်စွမ်း ရှိကြပါသည်။ ဘာသာရပ်မျိုးစုံကို ဖတ်ရှုလေ့လာထား ကြောင်း သူ့ စာများက ပုံဖော်ပေးကြပါသည်။
ဗိုလ်ချုပ်အောင်ဆန်း ဘုရားရှိခိုးချင်မှ ရှိခိုးလိမ့်မည်။ ဗုဒ္ဓဘာသာကို နက်ရှိုင်းစွာသိနားလည် ပြီး အရေးအရာ အားလုံးကို ဗုဒ္ဓဒဿနနှင့် တွဲဖက်သုံးသပ်နိုင်စွမ်းရှိကြောင်း သူ့စာများက ပြောကြ ပါသည်။
''Burma and Buddhism'' (မြန်မာနိုင်ငံနှင့် ဗုဒ္ဓဘာသာ) ဆောင်းပါးတွင်၊ ''ဗုဒ္ဓဘာသာ၏ အနှစ်သာရမှာ ဝေဖန် ဆန်းစစ်လက်တွေ့ ကျင့်သုံးနည်း ဖြစ်သည်။ ထိုနည်းမှာ ကေသမုတ္တိသုန်ခေါ် ကာလမသုတ္တန်လာ ဂေါတနမြတ်စွာဘုရား၏ ဟောကြားချက်ဖြစ်သည်.....'' ဟုရေးသားခဲ့ပါသည်။
ထိုရေးသားချက်က ကာလာမသုတ္တန်ကို လက်ခံသူဖြစ်ကြောင်း ဖော်ပြ၏။ ကာလာမ သုတ္တန်ကို လက်ခံသူတိုင်း မိမိကိုယ်တိုင် လွတ်လပ်စွာ တွေးတော ယုံကြည်လိုပြီး တစ်ပါးသူကို လည်း လွတ်လပ်စွာ တွေးခေါ်ယုံကြည်စေလိုသူဖြစ်ကြောင်း ဖော်ပြပေသည်။ ''Freedom of Dress in Schools'' (စာသင်ကျောင်း များနှင့် လွတ်လပ်စွာ ၀တ်စားဆင်ယင်ခွင့်) ဆောင်းပါးကား နောင်တွင် ကမ္ဘာ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖြစ်လာမည့် ဦးသန့်ရေးသည့် ''From My School Window''( စာသင်ကျောင်းများ နှင့် ကျွန်တော့်အမြင်) ဆောင်းပါးအား ပြန်လည် ချေပသည့် ဆောင်းပါးဖြစ်ပါသည်။
လယ်ဝေးကိုဘရီရေးသည့် ''စစ်ကဲဦးပုကလေး'' ဆောင်ပါးပါ၊ ဦးမင်းရောင်အကြောင်း မှား ယွင်းမှုနှင့် စပ်လျဉ်;၍ ''ကဆုန်လထုတ် သူရိယမဂ္ဂဇင်းတွင်၊ လယ်ဝေးကိုဘရီရေးသော ''ဦးပု(စစ်ကဲဦးပုကလေး) အတ္တုပ္ပတ္တိ'' တွင် မင်းကြီးဦးမင်းရောင်ကို ဦးပုဖမ်းမိသဖြင့် လယ်ဝေးအနီးတွင် ကားစင်အတင်ခံရ ကြောင်း ဖတ်ရှု့ ရပါသည်။ ထိုရေးသားချက်မှာ အမှန်မကျရောက်ပါ။ ကျွန်တော်သည် ၎င်းဦးမင်း ရောင်ဆိုသူ၏ မြေး တစ်ဝမ်းကွဲ တော်စပ်ပါသည်.... '' ဟု ပြန်လည်ချေပခဲ့ပါသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ ပြန်လည်ရေးသားချက် မှန်ကန်ပါကြောင်း လယ်ဝေးကိုဘရီ က ၁၉၃၅ ဇူလိုင်လ ထုတ်၊ သူရိယသတင်းစာတွင် ပြန်လည် ရေးသားခဲ့ပါသည်။
''လောက၀ိဟာ'' ဆောင်းပါးတွင် ဗိုလ်ချုပ်အောင်ဆန်းက ''သတ္တလောက၊ သင်္ခါရလောက နှင့် သြကာသ လောက'' အကြောင်း ကို ဦးစွာရှင်းပြ၏။ ထို့နောက် လူသားစတင်ဖြစ်ပေါ်လာပုံ၊ လူ ရိုင်းဘ၀မှ တဖြည်းဖြည်း ယဉ်ကျေးလာကြပုံ၊ စိုက်ပျိုးရေးလုပ်ကိုင်တတ်လာပုံ၊ အစိုးရပေါ်ပေါက်လာ ရခြင်း အကြောင်းရင်း၊ မင်းကျင့်တရားဆယ်ပါး၊ သင်္ဂဟတရားလေးပါး စသည်တို့ကို ရေးပြပြီး ၁၉၃၀ ခုနှစ် ၀န်းကျင် တွင် တိုးတက်ဖြစ်ပေါ်နေသော သိပ္ပံခေတ်အကြောင်း အရင်းရှင်စနစ်ကြောင့် ပေါ်ပေါက်ခဲ့ရသည့် ကမ္ဘာစစ်များအကြောင်း၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာနှင့် မူဆလင်ဘာသာ တို့၏ အဆုံးအမများအကြောင်း စသည်တို့ကို ရေးသားဖော်ပြထားပါသည်။
''ဤအချက်ကား ကမ္ဘာ့ရာဇ၀င်ကို တစ်မျိုးတစ်မည်ပြောင်းလဲစေသည့် ရီနေဆန်နှင့် ရီဖေါ် မေးရှင်းခေါ် ခေတ်သစ်ဝါဒလောက ဓါတ်ပညာ ပြန့်ပွားရာ အကြောင်းအရင်းတည်း။ ကျွန်န်ုပ်တို့၏ ဂေါတမဘုရားသခင် ဟောကြားသော ကာလာမသုတ္တန် သဘောပင်တည်း.. '' ''နိုင်ငံရေးအမျိုးမျိုး'' ဆောင်ပါး၌ ......
''နိုင်ငံရေးသည် လူမှုသူမှုကိစ္စအားလုံးပင်ဖြစ်၏။ လူဟူ၍ ကမ္ဘာတွင် ဖြစ်လာသည့်အခါမှ စ၍ လူ၏ အတန်းအစားအလျောက် လူလိုနေ၊ လူလိုဝတ်၊ လူလိုစား၊ လူလိုသောက်၊ လူလိုလုပ်လာ ၏။ လူလိုနေချင်လာ၏။ လူလိုလုပ်ရန် ကြိုးစားလာ၏။ အထမြောက်လာ၏။ ပိုမိုကျယ်ပြောလာ၏။ လူနှင့် တိရစ္ဆာန် ကွဲပြားမှုမှာ လူကထွင်တတ်သည့် အစွမ်း၊ မြင်တတ်သည့် အရည်ရှိခြင်းပင် ဖြစ်၏။ ထိုအရည်အစွမ်းမှာ အသိဥာဏ်ပင်ဖြစ်၏။ ထိုလူ၏ အသိဥာဏ်ဖြင့် လူ၏ လုပ်ငန်းဆောင်တာများ ကို ဆောင်ရွက်ကြရာ၌ ပိုမိုများပြား ရှုပ်ထွေးလာသောအခါ နိုင်ငံရေးတည်းဟူသော လူ့ ပင်မတရား ပေါ်ပေါက် လာ၏... ''ဟု ရေးသားခဲ့ပါသည်။
''ကမ္ဘာစစ်နှင့်ဗမာ'' ဆောင်းပါးတွင် ဗိုလ်ချုပ်အောင်ဆန်းက ဓနရှင်နယ်ချဲ့စနစ်ကြောင့် ကမ္ဘာစစ်ဖြစ်ရပုံကို ဦးစွာ ရေးပြသည်။ ထို့နောက် စစ်ကိုအလိုမရှိသော်လည်း မြန်မာ့အရေးနှင့် ကမ္ဘာ့အရေးတို့ ဆက်စပ် နေပုံကို ဖေါ်ပြထားပါသည်။
''ဗမာ့လွတ်လပ်ရေးအရေးတော်ပုံ'' တွင်
''မြန်မာနိုင်ငံ ၏ ကြမ္မာနှင့်ပတ်သက်၍ ကျွန်ုပ်သည် ဘယ်အခါကမျှ စိတ်သက်သာရာ မရခဲ့မိပေ။ အိပ်မက်များ အတွင်းမှာပင် ကျွန်ုပ်သည် ကျွန်ုပ်၏ မလွတ်လပ်သော နိုင်ငံအတွက် ယောင်ရ၏။ ငိုခဲ့၏....'' ဟု ရေးသားခဲ့ပါသည်။
ကိုယ်တိုင်ရေး အတ္တုပ္ပတ္တိကို ဇာတိနှင့် ကျောင်းသားဘ၀ဟူသည့် အခန်း ၂ ခန်းသာ ရေးသားပြီးစီး ခဲ့ပါသည်။ မူရင်းအင်္ဂလိပ်လို ရေးသားထားသည်ကို ဗိုလ်မှူးကြီးမောင်ဘိုက မြန်မာဘာသာသို့ ပြန်ဆို ခဲ့ ပါသည်။
သူ့ကလောင်အမည်များ
စင်စစ် ဗိုလ်ချုပ်အောင်ဆန်း၏ ဇာတာအမည်မှာ ''ထိန်လင်း''ဖြစ်ပါသည်။ အစ်ကိုဖြစ်သူ ဦးအောင်သန်းနှင့် ကာရန်ယူလျက် ''အောင်ဆန်း''ဟု ခေါ်ခဲ့ရာမှ အမည်ရင်း''ထိန်လင်း'' ပျောက် ကာ အောင်ဆန်း အမည် တွင်ခဲ့ခြင်း ဖြစ်ပါသည်။
ရဲဘော်သုံးကျိပ်ဝင် ဘ၀ သူ့အမည်ကား ''ဗိုလ်တေဇ''။ ဂျပန်အမည်လည်း ရှိပါသေးသည်။ ဗိုလ်ချုပ် အောင်ဆန်း ရေးသားသည့် အခါ အသုံးပြုခဲ့သည့်အမည်များမှာ
၁။ ပဲခူးကဝေ
၂။ မောင်အောင်ဆန်း
၃။ သခင်အောင်ဆန်း
၎။ အညာသားကလေး
၅။ ဗိုလ်ချုပ်အောင်ဆန်း တို့ ဖြစ်ပါသည်။
၂။ မောင်အောင်ဆန်း
၃။ သခင်အောင်ဆန်း
၎။ အညာသားကလေး
၅။ ဗိုလ်ချုပ်အောင်ဆန်း တို့ ဖြစ်ပါသည်။
ပဲခူးကဝေ ကလောင်အမည်ကို ဘာသာပြန်စာမူပြိုင်ပွဲတွင် တစ်ကြိမ်သာ အသုံးပြုခဲ့ပါ သည်။ တက္ကသိုလ် ကျောင်းသားဘ၀တွင် ''မောင်အောင်ဆန်း'' အမည်သုံးခဲ့ပါသည်။ အညာသား ကလေး ကလောင် အမည်ဖြင့် အဘိုးဖြစ်သူ ဦးမင်းရောင်အကြောင်း ဆောင်ပါး၂ပုဒ် ရေးခဲ့ပြီး ကျန်စာများကို ဗိုလ်ချုပ် အောင်ဆန်း အမည်ဖြင့် ရေးသားခဲ့ပါသည်။
ချန်လှပ်ခဲ့သော စာများ
ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ၊ ကြေညာစာတမ်းများ၊ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေး ဆိုင်ရာ စာများကို ချန်လှပ်ခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလိပ်ဘာသာဖြင့် ရေးသည့်စာများနှင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးထားသော စာများကို စုပေါင်း၍ဒေါက်တာမောင်မောင် စီစဉ် ထုတ်ဝေ ခဲ့သည့် '' Aung san of Burma'' စာအုပ်ကိုလည်း ချန်လှပ်ခဲ့ပါသည်။
သူ မရေးသော စာတစ်ပုဒ်
၁၉၃၆-၃၇ ခုနှစ်ထုတ် အိုးဝေမဂ္ဂဇင်းတွင် ဖေါ်ပြထားသည့် ''အနိုင်မခံ''ဟူသည့် ဘာသာ ပြန်ကဗျာမှာ သုံနှုန်း ထားသော စကားလုံးများ၊ ပြောင်မြောက်လွန်းသဖြင့် အများက သဘောကျခဲ့ကြပါသည်။ မူရင်းမှာ အင်္ဂလိပ် ကဗျာဆရာဟိန်းလေး (W.E Henley) ၏ Invidious'' ကဗျာဖြစ်၏။
ချန်လှပ်ခဲ့သော စာများ
ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ၊ ကြေညာစာတမ်းများ၊ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေး ဆိုင်ရာ စာများကို ချန်လှပ်ခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလိပ်ဘာသာဖြင့် ရေးသည့်စာများနှင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးထားသော စာများကို စုပေါင်း၍ဒေါက်တာမောင်မောင် စီစဉ် ထုတ်ဝေ ခဲ့သည့် '' Aung san of Burma'' စာအုပ်ကိုလည်း ချန်လှပ်ခဲ့ပါသည်။
သူ မရေးသော စာတစ်ပုဒ်
၁၉၃၆-၃၇ ခုနှစ်ထုတ် အိုးဝေမဂ္ဂဇင်းတွင် ဖေါ်ပြထားသည့် ''အနိုင်မခံ''ဟူသည့် ဘာသာ ပြန်ကဗျာမှာ သုံနှုန်း ထားသော စကားလုံးများ၊ ပြောင်မြောက်လွန်းသဖြင့် အများက သဘောကျခဲ့ကြပါသည်။ မူရင်းမှာ အင်္ဂလိပ် ကဗျာဆရာဟိန်းလေး (W.E Henley) ၏ Invidious'' ကဗျာဖြစ်၏။
ပြောင်မြောက်လှသော အနိုင်မခံ ကို ဗိုလ်ချုပ်အောင်ဆန်း ဘာသာပြန်သည့် စာအဖြစ် ဗိုလ်ချုပ်ပုံ နှင့် တကွ စာအုပ်စာစောင်များ တွင် မကြာခဏ ကိုးကားအသုံူး ပြုခဲ့ကြပါသည်။ စင်စစ် ထိုကဗျာကို ဘာသာပြန်ခဲ့သူက ဆရာညိုမြ ဖြစ်ပါသည်။
အနိုင်မခံ နှင့် ပတ်သက်၍ ၁၉၃၆ ခုနှစ်တွင် ကျနော်သည် တက္ကသိုလ် အိုးဝေ မဂ္ဂဇင်း ကို တာဝန်ခံ အယ်ဒီတာအဖြစ် ကိုအောင်ဆန်း နေရာကို ဆက်ခံခဲ့ပါသည်။ ထိုနှစ်က အိုးဝေခေါင်းကြီးပိုင်းတွင် အနိုင်မခံ ဟူသော ခေါင်းစဉ်ဖြင့် ရေးသားပါရှိခဲ့ရာ ထိုစာမှာ W.E Henley ခေါ် အင်္ဂလိပ်စာရေးဆရာ ရေးသားသည့် Invidlous ဟူသော ကဗျာကို မှီး ၍ ရေးသားခဲ့ခြင်းဖြစ်သည်။ ထိုနှစ်က ကျနော် သည် တက္ကသိုလ် ထမင်းစားခန်း ၌ ဆရာဇော်ဂျီ ဆရာမင်းသူဝဏ် တို့ နှင့် တစ်စားပွဲတည်း အတူ (ဗိုလ်ချုပ်အောင်ဆန်း လည်း ပါသည်) ထမင်းစားခဲ့ရာ မင်းသုဝဏ် က ကျွန်တော်၏ စာမူကို တည်းဖြစ် အချောကိုင်ပေးခဲ့ပါသည်။
ညိုမြ
ဖေဖော်ဝါရီ ၅ ၁၉၇၉
ဆက်ရန်
.
ဆက်ရန်
.
No comments:
Post a Comment