Wednesday, July 27, 2011

အထောက်တော်လှအောင် ဘာသာပြန် ကြမ္မာ အပိုင်း (၁၈)

(၁၉)

လှေကားထစ်များအတိုင်း ပြေးဆင်းလာရင်း မိမိကို မစ္စတာပါးရစ် သေချာပေါက် ဖမ်းမိတော့မည် ဖြစ် ကြောင်း မိုက်ကယ်အတပ်သိနေလေသည်။
သို့သော်လည်း ထိုသို့ အတပ်သိလိုက်သည့် အချိန်မှာပင် လေးလေးပင်သည့်အသံကြီးများကို ကြား လိုက်ရသည်။ လှေကားပေါ်မှ မစ္စတာပါးရစ်လိမ့်ကျသည့် အသံဖြစ်ကြောင်းကိုလည်း သူချက်ချင်း သဘောပေါက် သွားသည်။
ပါးရစ် ၏ အဖမ်းမခံလိုလျှင် လုံးဝအသံမပြုမှ ဖြစ်မည်။

သူတို့အိမ်လှေကားတွင် ခင်းထားသည့် ကော်ဇော်ဖြုတ်ပစ်လိုက်တုန်းက ခြေသံမကြားအောင် အဆင်း အတက် လုပ်ဖို့ သူတို့ မောင်နှမကို မာမီက ပြောခဲ့ဖူးသည်။ ထို့ကြောင့် လက်တန်းနား ကပ်ပြီး ခြေသံ မကြားအောင် သူတို့မောင်နှမ အဆင်းအတတ်လုပ်ခဲ့ကြရသည်။
ထိုအကြောင်း များကို ပြန်သတိရသည်။ ထို့ကြောင့် လက်တန်းနားကပ်ပြီးခြေသံလုံလုံဖြင့် အောက်ထပ်သို့ အပြေး ဆင်းခဲ့သည်။
မစ္စတာပါးရစ် အော်ခေါ်နေသံကိုလည်းကောင်း၊ ပြေးလို့မလွတ်၊ ပုန်းလို့မလုံနိုင်ကြောင်း အော်ဟစ် သတိပေး နေသည်ကိုလည်း သူအတိုင်းသား ကြားနေရသည်။
သည်အိမ်ကြီးထဲ မှ အပြင်သို့ရောက်အောင် ထွက်မှဖြစ်တော့မည်ကို သူသိသည်။

အပြင်ရောက်လျှင် ကွေ့နေသည့်လမ်းအတိုင်းပြေးရမည်။
ထိုလမ်း အတိုင်းဆက်ပြေးလျှင် ၀စ်ဂင်ဈေးဆိုင်သို့ ရောက်နိုင်ကြောင်း မိုက်ကယ်သိသည်။
သို့သော်လည်း သူမဝေခွဲနိုင်သည်မှာ ၀စ်ဂင်ဈေးဆိုင်သို့ ပြေးရမည်လား၊ သို့တည်းမဟုတ် အိမ်ဆီသို့ ပြေးရ မည်လား ဆိုခြင်းပင် ဖြစ်လေသည်။
မစ်စီ ကို ကယ်တင်နိုင်ဖို့ ဒက်ဒီင့်္ကို သွားခေါ်လာမှဖြစ်မည်။

မစ္စတာပါးရစ်ကို သူမကြိုက်ကြောင်း မနေ့တုန်းက၀စ်ဂင်းဆိုင်ထဲမှာ ဒက်ဒီ့ကို သူပြောခဲ့သေး သည်။ ယခု တော့ သူကိုကြောက်နေရပြီ။
မှောင်မည်းနေသည့် အိမ်ထဲတွင် ဖြစ်ပြေးရင်း ကြောက်လွန်းသောကြောင့် မိုက်ကယ်မှာ အသက်ရှူ မှားနေ တော့သည်။
မစ္စတာပါးရစ်သည် လူဆိုးကြီးဖြစ်သည်။ ထို့ကြောင်းလည်း သူတို့မောင်နှမနှစ်ယောက်ကို ကြိုးနှင့် တုပ်ပြီး ဗီရိုထဲမှာ ၀ှက်ထားခြင်း ဖြစ်သည်။
ထို့ကြောင့် မစ်စီသည် အကြောက်လွန်ပြီး အိပ်ရာမှ ပြန်နိုးမလာတော့ခြင်းဖြစ်သည်။
ဗီရို ထဲမှာတုန်းက မိုက်ကယ်က မစ်စီကို ကိုင်ကြည့်ဖို့ ကြိုးစားသေးသည်။

မစ်စီသိပ်ကြောက်နေကြောင်း သူသိသည်။
သို့သော်လည်း ကြိုးများနှင့် တင်းနေအောင် တုပ်ထားသဖြင့် မစ်စီကို သူကိုင်ကြည့်၍ မရပါ။
ဗီရိုထဲမှာ သူတို့ကိုထည့်ထားခိုက် အန်တီဒေါ်ရော်ဘီ၏ အသံကို သူကြားရသည်။
သို့သော် အန်တီဒေါ်ရောသီက သူတို့အကြောင်းကိုမမေး။ မိမိတို့မောင်နှမနှစ်ယောက် သည် အိမ်ကြီးထဲရှိ ဗီရိုထဲသို့ရောက်နေကြောင်း အန်တီဒေါ်ရော်ဘီ မခန့်မှန်းမိသောကြောင့် သာဖြစ်ရ မည်ဟု မိုက်ကယ်တွေးကြည့်သည်။

သူတို့နှင့် အလွန်းနီးသည့် နေရာသို့ အန်တီဒေါ်ရော်သီရောက်လာသည်။
မိမိတို့မောင်နှမက သူ့အကူအညီကို လိုအပ်နေခိုက် ထိုအကြောင်း အန်တီဒေါ်ရော်သီ မသိရ ကောင်းလား ဆိုကာ သူအရမ်းစိတ်ဆိုးမိလေသည်။
ဘာပဲဖြစ်ဖြစ် မိမိတို့နှစ်ယောက် သည်နေရာသို့ရောက်နေကြောင်း သူခန့်မှန်းကြည့်နိုင်ဖို့ ကောင်းသည်။
အရမ်းမှောင်နေပြီ။ ပတ်ဝန်းကျင်ကို မမြင်နိုင်လော်ကအောင် မှောင်နေပြီ။

လှေကားခြေရင်း ရောက်တော့ မိုက်ကယ် က ပတ်လည်ကိုလှည့်ကြည့်သည်။ ဘာလုပ်ရမှန်း မသိ အောင် စိတ်များ ရှုပ်ထွေးသွားသည်။
ပြီးတော့ အိမ်နောက်ဖေးဘက်သို့ သူသုတ်ခြေတင်ခဲ့သည်။
မီးဖိုချောင်ထဲ သို့ သူရောက်လာသည်။ အပြင်ထွက်သည် တံခါးပေါက်က ရှေ့နားမှာရှိသည်။ ထိုတံခါး ပေါက်ဆီ သို့ သူပြေးသည်။ လက်ကိုင်ကို လှမ်းဆွဲသည်။
လက်ကိုင်ကို လှည့်ပြီး တံခါးဖွင့်မည်အလုပ်တွင် သူ့ဆီသို့ နီးကပ်လာသည့် ခြေသံကို ကြားရ လေသည်။
မစ္စတာပါးရစ်……
မိုက်ကယ်၏ ဒူးနှစ်ဘက်မှ တဆက်ဆက်တုန်လာသည်။

တံခါးလက်ကိုင် ဒလက်ကကျပ်နေမည်ဆိုလျှင် မစ္စတာပါးရစ် ကြားသွားမည်။ မိမိကိုဖမ်းဆွဲလိုက် တော့ မည်။
အလွန်လျင်မြန်စွာ၊ အလွန်တိတ်ဆိတ်စွာ အခြားတံခါးတစ်ခုဆီသို့မိုက်ကယ်ပြေးပြန်သည်။ အခန်းကျဉ်း ကလေး တစ်ခုထဲသို့ ရောက်သွားသည်။ နောက်ဖေးဘက်မှ အခန်းကလေးဖြစ်ပုံရ သည်။ မစ္စတာပါးရစ် တံခါးမင်းတုပ် ထိုးနေသည်ကိုလည်းကောင်း၊ ကုလားထိုင်တစ်လုံးကို ဒယဥ့် တိုက်ဆွယူပြီးထိုတံခါးအား ခုနေသည့်ကိုလည်းကောင်း မိုက်ကယ်ကြားနေရသည်။
မီးဖိုချောင် ထဲမှ လျှပ်စစ်မီး ဖျတ်ခနဲ လင်းလာသည်။

မိုက်ကယ်အလွန်ကြီးသည့် ကွင်ပျစ်ကြီးနောက် ၀င်ပုန်းသည်။ ကွပ်ပျစ်ကြီးပေါ်တွင် ပစ္စည်းများ အပြည့် တင် ထားသည်။ အသံလုံးဝမထွက်အောင် ကြိုးစားရင်း ကိုယ်လုံးကလေးကို တတ်နိုင်သမျှ ကျုံ့ထားသည်။
ကွပ်ပျစ်နှင့် နံရံကြားတွင် နေရာကျဉ်းကျဉ်းကလေးရှိသည်။ သူ့ကိုယ်လုံးကလေးပင် ကောင်း ကောင်း မ၀င်သာပါ။
ကွပ်ပျစ်မှ ဖုန်မှုန့်များက သူ့နှာခေါင်းထဲသို့ တိုးဝင်လာသည်။ သူအရမ်းနှာချေချင်နေသည်။
မီးဖိုချောင်ထဲ မှ မီးက ရုတ်ရက် ငြိမ်းသွားသည်။ တစ်အိမ်လုံး ပိန်းပိတ်အောင် မှောင်သွားပြန်သည်။

မစ္စတာပါးရစ် လူးလာခေါက်တုံ့လျှော်ကနေသည်ကိုကြားရသည်။ ပြီးတော့ မီးခြစ်ခြစ်သံကိုပါ ကြားရ သည်။
ခဏကြာတော့ မီးဖိုချောင်ထဲမှာ နီကျင်ကျင် မီးရောင် တစ်ခုလင်းလာသည်။

ပြီးတော့…
"မိုက်ကယ် ပြန်လာတော့ မင်းကိုဘာမှမလုပ်တော့ဘူး ငါအလကား ပြောတာ၊ မင်းကိုစိတ်မဆိုးတော့ ပါဘူး၊ ပြန်လာခဲ့ မိုက်ကယ်၊ မင်းအမေဆီပြန်လိုက်ပို့ပေးမယ်"
ဟူသော မစ္စတာပါးရစ် အော်ခေါ်နေသည့် အသံကိုပါ ဆက်တိုက်ကြားရလေသည်။

အခန်း (၂ဝ) ဆက်ရန်
.

2 comments:

Anonymous said...

ကျေးဇူးပြုပြီဲးမြန်မြန်လေးတင်ပေးပါနော်။ဇတ်ရှိန်မြင့်လာ တော့ပိုပြီးစိတ်ဝင်စားစရာကောင်းလာလို့ပါ။ကျေးဇူးပါ နော်။

mstint said...

မနက်အထိ မစောင့်တော့ပဲ အိပ်ယာမဝင်ခင် ဖတ်သွားပြီ ညီမရေ။
စိတ်ဓာတ်အစဉ် ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်