(၁၇)
ကုတ္တနေပါးရစ်သည် ခုတင်ပေါ်ရှိ မလှုပ်မယှက် ငြိမ်သက်နေသော မစ်စီကို ကျောခိုင်းပြီး တစ်ဘက် သို့ လှည့် လိုက်သည်။
သက်ပြင်းရှည်ကြီးကို သူချသည်။
မစ်စီ၏ ခြေ နှင့် လက် များကို တုပ်ထားသည့် ကြိုးများဖြေပေးပြီးပြီ။
ပါးစပ် တွင် ဆို့ထားသည့် အ၀တ်ကို ဆွဲထုတ်ပြီးပြီ။
နူးညံ့ပျော့်ပျောင်းသည့် မစ်စီ၏ ဆံပင်များသည် ယခုအခါတွင် စေးထန်းပျစ်ခဲကာ ရှုပ်ထွေးနေ ချေပြီ။
ရေချိုးပေးသည့် အချိန်တွင် ထိုဆံပင်ကလေး များကိုပါ ရှင်းပေးမည်ဟု စောစောတုန်းကတော့ စိတ်ကူးခဲ့ သေးသည်။ ယခုတော့ မလိုတော့ပြီ။
သူလိုသည်မှာ မစ်စ် ၏ လှုပ်ရှားတုံ့ပြန်မှုသာ ဖြစ်လေ သည်။
မိုက်ကယ် က မူ ယခုအချိန်အထိ ဗီရိုထဲမှာ ရှိနေသေးသည်။
ကုတ္တနေပါးရစ်က သူ့ကိုသွားပွေ့ယူသောအခါ သူ၏ပြာသော မျက်လုံးကြီးများသည် ကြောက် ရွံ့စိုးထိတ်မှု ကို အထင်အရှား ဖော်ပြနေကြသည်။
မိုက်ကယ် ကို လည်း ခုတင်ပေါ်သို့ တင်ပေးသည်။
ပြီးတော့ ခြေ နှင့် လက်များကိုတုပ်ထားသည့် ကြိုးများ ကို ဖြေပေးသည်။
ပါးစပ်တွင်ဆို့ထားသည့် အ၀တ်ကို ဖြုတ်လိုက်သောအခါ မိုကယ်က နာကျင်စွာ တအား အော်သည်။
ပြီးတော့ သူ့နှုတ်းခမ်း ကို တင်းတင်းကြီး ကိုက်ထားသည်။ မိုက်ကယ်ထံမှာရသည့် တုံ့ပြန်မှုကမု လိုအပ်သည်ထက် ပိုနေသည်။
ထောင်ချောက်ထဲမှာ ဖမ်းမိထားသော တိရစ္တာန်တစ်ကောင်၏ သတ္တိမျိုးလည်း သူ့မှာရှိနေ သည်။
ကျွန်တော့် ညီမလေး ကို ခင်ဗျား ဘာလုပ်ထားတာလဲ
မိုက်ကယ်က လေသံမာမာထန်ထန်ဖြင့် မေးသည်။
ထိုအသံကြောင့် အိပ်ဆေးထည့်ထားသည့် နွားနို့ကို မိုက်ကယ်ကုန်အောင် မသောက်ကြောင်း ကုတ္တနေပါးရစ် သဘောပေါက်သွားသည်။
ဒေါ်ရော်ဘီ နှင့် ဂျွန်ကရက်ဂိုပေါ်လော့စ်တို့ ရောက်မလာမီက နွားနို့ထဲတွင် အိပ်ဆေးများ ထည့် ပြီး ကလေးနှစ်ယောက် ကို သူတိုက်ထားခဲ့သည်။
"မင်းညီမလေး အိပ်နေတယ်"
ကျွန်တော်တို့ကို အိပ်ပြန်လွှတ်ပါ၊ ကျွန်တောတို့ အိမ်ြ်ပန်ချင်တယ်၊ ခင်ဗျားကို ကျွန်တော် သဘော မကျ ဘူး၊ ခင်းဗျားကို သဘောမကျတဲ့အကြောင်း မနေ့တုန်းကတောင် ဒက်ဒီကို ကျွန်တော် ပြောခဲ့ မိသေးတယ်၊ နောက်ပြီးတော့ အန်တီဒေါ်ရော်သီလဲ ဒီနေရာကို ရောက်လာတယ်၊ ခင်ဗျားကျွန် တော်တို့နဲ့ ပေး မတွေ့ဘူး၊ ကျွန်တော်တို့ကို အန်တီ ဒေါ်ရော်သီမမြင်အောင် ၀ှက်ထားတယ်။
ကုတ္တနေ က မိုက်ကယ်၏ပါးပြင်ကလေးကို လက်တစ်ဖက်နှင့် ခပ်ဆက်ဆက်ရိုက်ချလိုက်လေသည်။
မိုက်ကယ်၏ ကိုယ်လုံးကလေးသည် နာကျင်မှုကြောင့် နောက်သို့ တွန့်သွားသည်။
ပြီးတော့ ကုတ္တနေ ၏ လက်ထဲမှ သူရုန်းကာ လှိမ့်ထွက်သွား လေသည်။
ကုတ္တနေ က သူ့ကိုလှမ်းဆွဲသည်။
သို့သော်လည်း မမိလိုက်။
သူ့မှာသာ အားလွန်ပြီး ခုတင်ပေါ်သို့ ကန့်လန့်ဖြတ်ကြီး လဲကျသွားသည်။
မစ်စီ၏ စေးထန်းပျစ်ခဲနေသော ဆံပင်ကို ပါးစပ်နှင့် သွားဟပ်မိသည်။
ခဏတော့ သူ့စိတ်အာရုံက မိုက်ကယ် ဆီမှ အခြားတစ်နေရာသို့ ရောက်သွားသည်။
သူ့စိတ်ကို ပြန်ထိုန်းသည်။
လဲနေရာ မှ လူးလဲထသည်။
ကြမ်းပေါ် မှာ မတ်တတ်ရပ်သည်။
မိုက်ကို ဖမ်းဆွဲဖို့ ကြိုးစားသည်။ မိုက်ကယ်က အိပ်ခန်းတံခါးဆီသို့ နောက်ဆုတ်ပြေးသည်။
ပြီးတော့ တံခါးကိုလျင်မြန်စွာဖွင့်ပြီး အပြင်ဧည့်ခန်းထဲသို့ ပြေးထွက်သွားသည်။
ကုတ္တနေက နောက်မှပြေးလိုက်သွားသည်။
အပြင်တံခါးကို သော့ ခတ်မထားရသေးကြောင်း သူသတိရသည်။
အောက်ထပ် သို့ ဒေါ်ရော်သီ တို့ ရောက်နေတုန်း သော့ခတ်သည့် အသံကို မကြားစေလိုသော ကြေင့် ထို အတိုင်း ထားခဲ့မိခြင်းဖြစ်သည်။
မိုက်ကယ် က သော့ခတ်မထားသည့် တံခါးကိုဆွဲဖွင့်ပြီး လှေကားဆီသို့ ပြေးသွားသည်။ ကော်ဇော ခင်း မထားသည့် လှေကားထစ်များ အတိုင်းဆင်းပြေးသွားသော သူ့ဖိနပ်သံကို ကြားရသည်။
တတိယထပ် သို့ သူဆင်းပြေးသွားသည်။
သူပြေးသွားပုံမှာ အလွန်တစ်ရာ လျင်မြန်လှလေသည်။
ကုတ္တနေ က နောက်မှအတင်းလိုက်သည်။ သို့သော်လည်း လှေကားတစ်ဝက်တွင် ဟန်ချက်ပျက် ပြီး သူ လဲကျသွားသည်။
လှေကားထစ်များအတိုင်း တလိမ့် ခေါက်ကွေးကျလာသည်။
လှေကားခြောက်တစ်လောက်ရောက်မှ လှေကားလက်တန်းကို လှမ်းဆွဲမိကာ သူ့ကိုယ်သူ ပြန် ထိန်း လိုက်နိုင်သည်။
သူ့ခေါင်းမူးနောက်သွားသည်။
ထို့ကြောင့် ခေါင်းကိုယမ်းခါပစ်လိုက်ြ်ပီး အမူးသက်သာအောင် ကြိုးစားရသည်။
လဲနေရာမှထသည်။ ခြေချင်းဝတ်နာသွားသည်။
မီးဖိုချောင်တံခါး ကို သော့ခတ်ထားမထား သူမသေချာပါ။
သော့ခတ် မထားလျှင် ထိုတံခါးမှ ထွက်ပြေးသွားနိုင်သည်။
နောက်ထပ် မိုက်ကယ် ၏ ခြေသံများကို မကြားရတော့ပါ။
တတိယထပ်ရှိ အိပ်ခန်းတစ်ခန်းထဲမှာ ကောင်းလေးဝင်ပုန်းနေတာ ဖြစ်နိုင်သည်ဟု သူတွေး ကြည့်သည်။ သည်လိုပုန်းနေသည်ဆိုလျှင် ဘာမှပူစရာမရှိပါ။ တွေ့အောင်ရှာဖို့ သူမှာ အချိန်တွေ အများကြီးရှိနေသည်။
ပွင့်နေ သည့် တံခါးပေါက်တစ်ခုခုမှနေ၍ အပြင်သို့ ပြေးထွက်မသွားရေးသာလျှင် အဓိကဖြစ်သည်။
ပထမဆုံး မီးဖိုချောင်တံခါးကို ကြည့်ရမည်။
ပြတင်းပေါက် များ က ပြဿနာမရှိ။
အပေါ်ချက်ကမြင့်သည်။ အပေါ်ရောအော်ကချက်ပါထိုးထားသည်။
အပေါ် ချက် ကို ကလေးတစ်ယောက် အနေဖြင့် မမီနိုင်။ အိမ်ရှေ့တံခါးကိုလည်း သော့ခတ်ထားပြီး ဖြစ် သည်။
ထို့ကြောင့် မီးဖိုးချောင်တံခါးကို သေချာအောင်သွားပိတ်ပြီးလျှင် အိမ်ထဲမှာ စိမ်ပြေနပြေ ရှာရုံသာ ရှိတော့ သည်။
တစ်ခန်းပြီး တစ်ခန်း ပိုက်စိပ်တိုက်ရှာရုံသာ ရှိတော့သည်။
ကလေး ကို အော်ခေါ်ရမည်။ ခြိမ်းခြောက်ရမည်။
မိုက်ကယ် အရမ်းကြောက်နေသည်။
သူ့မျက်လုံးများ က ဘယ်လောက်ကြောက်နေကြောင်း အထင်အရှား ဖော်ပြနေကြသည်။
ထိုသို့ ကြောက်လန့်နေပြန်တော့လည်း နန်စီ နှင့် ပိုတူလာသည်။ ဒါတွေကို စဉ်းစားနေ၍မဖြစ်။
တံခါးတွေလုံခြုံမှု ရှိမရှိနှင့် မိုက်ကယ်ကို အမြန်တွေ့ဖို့က အရေးကြီးကြောင်း သူ့ကိုယ်သူ သတိပေး နေမိပြန်သည်။
"မိုက်ကယ် ငါလာနေပြီနော်၊ မင်းပြေးလို့ လွတ်မယ်ထင်သလား၊ ပုန်းနေလို့ရမယ် ထင်သလား တော်တော်ဆိုး တဲ့ ကောင်လေး၊ မင်းနာတော့မယ်၊ အခုထွက်ခဲ့ ငါပြောနေတာ ကြားတယ်မဟုတ် လား မိုက်ကယ် အခုထွက်ခဲ့"
ညာဘက်မှာရှိသော အိပ်ခန်းထဲ မှ အသံကြားလိုက်ရသည်ဟု ထင်သည်။
ထို့ကြောင့် ထိုအခန်းထဲသို့ အပြေးအလွှား ၀င်ကြည့်သည်။ သို့သော် အခန်းထဲမှာ ဟာလာ ဟင်းလင်း ဖြစ် နေသည်။
ကောင်းလေးက ခန်းမကြီးကို ဖြတ်ပြေးကာ အိမ်ရှေ့လှေကားမှတစ်ဆင့်များ အောက်ထပ်သို့ ဆင်း သွား လေသလား။
ထိုသို့ စဉ်းစားလိုက်မိသည်တွင် သူအရမ်းကြောက်သွားသည်။
ကျန်နေသေးသည့် လှေကားထစ်များကို တစ်ထစ်ချင်းဆင်းမနေတော့ဘဲ တစ်ခါတည်း ခုန်ချလိုက် မိ လေသည်။
ကမ်းခြေရှိ ကျောက်ဆောင်များကိုလှိုင်းလုံးကြီးများ ရိုက်ခတ်နေသည့် အသံကို အပြင်မှ ကြားနေရ သည်။
မီးဖိုချောင် ထဲ သို့ ပြေးဝင်သွားသည်။ နောက်ဘက်သို့ထွက်သည့် တံခါးဆီသို့ အမြန်ဆုံး ချဉ်း ကပ်သည်။
ထိုအပေါက် မှ တစ်ဆင့် သာလျှင် အိမ်တွင်းနှင့် အိမ်ပြင် သူအ၀င်အထွက် လုပ်လေ့ရှိတတ်သည်။
တံခါးနားသို့ ရောက်သောအခါ သူပိုပြီး ဒေါသဖြစ်လာသည်။
တံခါး ကို ခပ်မြန်မြန် ဒေါသတကြီး ပိတ်သည်။
တံခါးချက်ထိုးရုံနှင့် အားမရသေးဘဲ သစ်သားခုံကြီး တစ်ခုကို ဆွဲယူပြီးတံခါးမှာ ခုထားလိုက် သည်။ ကလေး တစ်ယောက် ၏ အင်းအားဖြင့် မည်သို့မှ မရွေ့နိုင်အောင် လေးလံသော သစ်သားခုံကြီး ဖြစ်သည်။
ဒါလောက် ဆိုလျှင် အိမ်ထဲမှ ထွက်နိုင်သည့် အပေါက်လုံးဝမရှိတော့ချေ။
မုန်တိုင်း က ပို၍ ပြင်းထန်လာသည်။
နေ့ဘက် အလင်းရောင်လည်း ကွယ်ပျောက် သလောက်ဖြစ်နေပြီ။
ခေါင်းပေါ်မှာရှိသော မီးလုံးကို ကုတ္တနေက ဖွင့်သည်။
သို့သော်လည်း လျှပ်စစ်မီးသည် ခဏသာခင်းကာမှိတ်တုတ် မှိတ်တုတ်ဖြစ်ပြီး လုံးဝငြိမ်းသွား တော့သည်။
သစ်ပင်များလဲခြင်း၊ သစ်ကိုင်းများကျိုးကျခြင်းတို့ကြောင့် ဓာတ်ကြိုးများ ပြတ်ကုန်ပြီ ဖြစ်ကြောင်းကို လည်း သူ သဘောပေါက်လိုက်ပါသည်။
အလင်းရောင် မရှိတော့လျှင် မိုက်ကယ်ကိုအတော်ကြိုးစား ရှာရမည်။
အလင်းရောင်မရှိတော့လျှင် မိုက်ကယ်ကိုအတော် ကြိုးစားရှာရမည်။
မှောင်ကြီးထဲတွင် မြန်မြန်ဆန်ဆန် တွေ့ဖို့မလွယ်။
အထပ်တိုင်း ရှိ အိပ်ခန်းတိုင်းတွင် ဗီရို တွေ အများအပြားရှိသည်။
အထပ်က လေးထပ်၊ အိပ်ခန်းပေါင်းက မရေမတွက်နိုင်။
ဗီရို တွေကတော့ ပြောမနေနှင့်တော့။
ထိုသို့သော မြောက်မြားလှသည့် ဗီရိုများအနက် တစ်လု့းလုံးတွင် ၀င်ပုန်းနေသည့် ကလေးတစ် ယောက်ကို မှောင် နှင့် မည်းမည်းတွင် မည်သို့ ရှာရပါမည်နည်း။
မှန်အိမ်တစ်လုံး ကို ရှာထွန်းသည်။
အိမ်ကြီး ကို လေးပြင်းများက တိုးနေသည်။
ထိုအသံကိုလည်း ကျယ်လောင်စွာ ကြားနေရသည်။
ကုတ္တနေအော်ခေါ်ပြန်သည်။
"မိုက်ကယ်၊ ပြန်လာတော့၊ မင်းကိုဘာမှ မလုပ်တော့ဘူး၊ ဒါအလားပြောတာ၊ မင်းကို စိတ်မဆိုး ပါဘူး၊ ပြန်လာခဲ့မိုက်ကယ်၊ မင်းအမေဆီ ပြန်ပို့ပေးမယ်"
အခန်း (၁၈) ဆက်ရန်
.
No comments:
Post a Comment