Sunday, May 15, 2011

ကိုကြီးကျောက် ရဲ့ နောက်ဆုံးစကား နဲ့ ရွှေစင်ဦး ရဲ့ နှုတ်ဆက်စကား

ချစ်ခင်ရသော စာဖတ်သူ အားလုံး နဲ့ ချစ်မိတ်ဆွေ ဘလောဂ်ဂါ များသို့ 
ခွင့်ပန်ကြားချင်ပါတယ်.. 

ဘဝမှာ နေတတ်ဖို့ သေတတ်ဖို့ ကျနော် တို့ ရဲ့ အကိုကြီး က တော့ သင်ကြားပေးသွားပါပြီ....

နေတတ်ဖို့ သေတတ်ဖို့ ဘာမှ ပြင်ဆင်မထားတဲ့ ရွှေစင်ဦး လည်း တော်တော် အသိတရား ရသွားပါပြီ... နှစ်စဉ် ချစ်ညီမ က ရိပ်သာ ဝင်ဘို့ ခေါ်ပေမဲ့လည်း အကြောင်းအမျိုးမျိုးပြပြီး ရှောင်ခဲ့တာလည်း များ လှပါပြီ. ။

ဒီနှစ်တော့  မဟာစည် ချမ်းမြေ့ တရားရိပ်သာ (အနီးစခမ်း) မှာ သင်တန်းသွားတက် တော့ မှာ ဖြစ်ပါတယ်... ကျနော် သွားနေတဲ့ ရက်တွေမှာ စာအသစ် တင်နိုင် မှာ မဟုတ်ပါဘူး... scheduled နဲ့ တင်ဖို့ရာလည်း အဆင်မပြေ ပါဘူး တရက် တင်ဖို့ရာ တရက် ရိုက်ရတာ ဖြစ်တဲ့ အတွက်ပါ... ကျနော် ပြန်လာတော့ မှ အများကြီး တင်ပေးပါမယ်... ကျေးဇူးပြုပြီး သည်းခံပေးကြပါ... မဖတ်ရသေးတဲ့ စာလေး များကို ဖတ်နေကြပါလို့ ပြောရင်း နှုတ်ဆက်ခဲ့ပါတယ်.... အားလုံး စစ်မှန်တဲ့ ငြိမ်းချမ်းမှု့ ကို ရှာနိုင်ကြပါစေ...

ရိပ်သာ ဝင်နိုင်အောင် encouragement ပေးခဲ့တဲ့ ချစ်ညီမ နဲ့ ချစ်ချစ်ကြီး ကို ကျေးဇူးတင် ပါတယ်......

ကိုကြီးကျောက် နဲ့ နောက်ဆုံး ပြောခဲ့ တာလေး တွေ ကို လည်းအမှတ်တရ တင်ပေးလိုက်ပါတယ်


လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.

26 comments:

Anonymous said...

:(

An Asian Tour Operator said...

သြော်..အစ်မရွှေစင်ရယ်။ ;(
ကျနော့် ကိုတော့ ဧပြီလ ၂၁ ရက်နေ့မှာ နောက်ဆုံး နှုတ်ဆက် သွားရှာတယ်။

Cameron said...

တရားအားထုတ်သွားတဲ့ မမရွှေစင်ဦးအတွက် သာဓုခေါ်ပါတယ်....။ ကိုကြီးကျောက်အကြောင်းဖတ်ပြီး ပြန်သတိရသွားတယ်...း((


ခင်တဲ့
မိုးငွေ့

မြတ်မွန် said...

မမရေ...စိတ်မကောင်းဘူး..။:((

မိုးယံ said...

သတိ ရနေ ပေမယ့်.. အခုလို ပြန်ဖတ် မိတော့ စိတ်မကောင်း :(

အစ်မ ရွှေစင်လဲ မဂ်ဥာဏ် ဖိုလ် ဥာဏ် မြန်မြန် ရပါစေဗျာ။


ရတယ် စာတွေကတော့ ဖတ်လို့တောင် မကုန်သေး အေးဆေးပဲ။ ဖြည်းဖြည်းချင်း ဆက်ဖတ်နေဦးမှာ။

ချစ်ကြည်အေး said...

အမဇင်...စိတ်ချလက်ချ တရားအားထုတ်ပါ...ပြန်လာမှ တွေ့ကြတာပေါ့ :)

Mon Petit Avatar said...

Thank you for sharing the conversation Ma Ma Shwe Zin!

Angelhlaing(May everybody be happy and healthy! said...

မမရေ...ကြည်နူးဖွယ် တ၇ားခရီးစဉ်လေးအတွက်..သာဓုပါလို့...

ahphyulay said...

အင်းဗျာ ...
အဆင်ပြေပါစေ၊ အစစအရာရာ...။

မောင်သီဟ said...

သာဓုဗျာ သာဓု သာဓု

ကိုကြီးကျောက်ကိုသတိရတယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

ချစ်သော အစ်မရွှေစင်
တရားထူးတွေရှာဖွေဖို့ ဆုံးဖြတ်ချက်က သိပ်ကို သင့်တော်ပါတယ်။
ညီမတို့မှာတော့ အကြောင်းပြချက်တွေ ပြလို့ကောင်းနေတုန်းဘဲ ရှိပါသေးတယ်
ကြိုးစားပါမယ်။ ကိုယ့်နောက်ပါမဲ့အရေးလေးကို အားထုတ်ပြီးပါအောင်လုပ်ရမှာပေါ့နော်
ကိုကြီးကျောက်ကိုလည်း သိပ်သတိရမိပါတယ်။ သေခြင်းတရားကို သူ့လို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်အောင်ကြိုးစားပါ့မယ်

rose said...

အစ်မရွှေစင်ရေ... စိတ်ချလက်ချ ဘုရားတရား အလုပ် လုပ်နော်။ ပြန်လာမှ တွေ့ကြမယ်။ သတိရနေမယ်နော်။

ညိမ်းနိုင် said...

ကောင်းပါတယ်...အစ်မ...အေးဆေးသာလုပ်စရာရှိတာလုပ်
နော်...၊ဖတ်စရာကြွေးတွေကတစ်ပုံကြီးရယ်...:)
ကိုကြီးကျောက်စကားလေးတွေမြင်ရတော့ စိတ်မကောင်း
ဘူးအစ်မရာ...:(

သက်ဝေ said...

ဖတ်ရတာ စိတ်မကောင်းဘူးဗျာ... ပိုစ့်အသစ်တင်ရင် ကိုကြီးကျောက်ရဲ့ အပြောင်အနောက်နာမည်တွေနဲ့ လာရေးတဲ့ မှတ်ချက်တွေကိုသတိရနေတယ်...။

တရားအားထုတ်ပြီး ပြန်လာရင် ရခဲ့တဲ့ ကုသိုလ်တွေကို အမျှဝေပါနော်... သာဓုခေါ်ပါ့မယ်...
ကျန်းမာချမ်းသာစွာနဲ့ တရားထူး တရားမြတ်များ တွေ့နိုင်ပါစေ...

yar zar said...

အစ်မရွှေစင်ရေ.. စိတ်ဖြောင့်ဖြောင့်နဲ့သာ တရားအားထုတ်ပါ... ဘလော့ဂ်လေးကို ခဏတာ သံယောဇဉ် ဖြတ်ထားလိုက်အုံးနော်... အစ်မရွှေစင်
တရားထူး တရားမြတ် ရရှိပါစေ..

ကိုဇော် said...

ကောင်းတာလုပ်တာပဲ အစ်မရယ်။ လုပ်ပါ။ လုပ်သင့်တဲ့ အရာပဲလေ။ သာဓု သာဓု သာဓု . . . .

ကိုကိုမောင်(ပန်းရနံ့) said...

အေးချမ်းတဲ့ တရားအရသာ တပွေ့တပိုက်နဲ့ ပြန်လာနိုင်ပါစေ အမ။ သာဓုခေါ်ပါတယ်။ ဒါပေမဲ့ တရားရလာပြီး ပို့စ်တွေတော့ မတင်ဘဲ မနေနဲ့ဦး။ ပြောလို့ရတာ မဟုတ်ဘူး။ တရားထိုင်တာ ကြိုက်တဲ့သူက ထိုင်လို့ဘဲ နေချင်ကြတော့တာကလား။


ခင်မင်လျက်

စော(အဝါရောင်မြေ) said...

ကောင်းလိုက်တာ အမလို ဘဝလေး ရရင်ကောင်းမယ်။
သာဓုပါရှင်

sosegado said...

သာဓုပါအစ်မရေ၊ မှန်ကန်စစ်မှန်သော နည်းလမ်းဖြစ်ပါစေလို့၊ မန္တလေးမှာ ခပ်များများရယ်၊

မြစ်ကျိုးအင်း said...

ဘဝရဲ့အေးချမ်းရှာ၊ စိတ်ရဲ့တည်ငြိမ်ရာကို ရှာဖွေမယ့် အစ်မအတွက် ဝမ်းသာကြည်နူးမိပါတယ်။ ကျွန်တော်တို့တော့ တပ်မက်မှုတွေများတဲ့ ပင်လယ်ထဲ လက်ပစ်ကူးနေမိတုန်းပါပဲ။

ခနွဲ said...

တရားရိပ်သာ ကို သွားတဲ့ အတွက် သာဓု..သာဓု..သာဓု ပါဗျာ။ ဘကျောက်ကို လွမ်းသွားတယ်။

လသာည said...

မမ..

တရားမှာ စိတ်အစဉ်အေးချမ်းပါစေ..

Anonymous said...

သာဓုပါဗျာ

သောစေယျံ said...

သာဓုပါဗျာ

အင်ကြင်းသန့် said...

သေခြင်းတရားဆိုတာ အချိန်မရွေး နေရာမရွေးတတ်ဘူးနော်....အသေတတ်အောင် ညီမလေးတို့လည်း တော်တော်လေးပြင်ဆင်အားထုတ်ရဦးမယ်။

မမရွှေစင်အတွက်တော့ ၀မ်းသာတယ်။ နောင်ကိုလည်း ဆက်လက် အားထုတ်နိုင်ပါစေ။

ချစ်ညီမလေး

thaw said...

ကိုကြီးကျောက် ဆိုတာဘယ်သူလဲ