အခန်း ၃၆
လူတိုင်းထံမှ အကောင်းဆုံးကို ရှာကြည့်ပါ
လူတိုင်းထံမှ အကောင်းဆုံးကို ရှာကြည့်ပါ
ယခုပြောမည့်အကြံဥာဏ်မှာ ကျွန်တော် ဝေါ့ဒစ္စနေး အပျော်စီးစက်ယန္တရားတီထွင်ခြင်းဌာနတွင် အလုပ် လုပ်ခဲ့စဉ် တွေ့ခဲ့သော ကျွန်တော်၏ဟီးရိုးဖြစ်သူ ဂျွန်ဆနော့ဒီထံမှရခဲ့သော အကြံဥာဏ်ဖြစ်ပါ၏။ သူ ပြောပုံကို ကျွန်တော် အတော်သဘောကျသည်။ "မင်း ကြာကြာစောင့်ရင် လူတွေက အံ့အားသင့်ပြီး မင်းကို အထင်ကြီးလာလိမ့်မယ်ကွာ"တဲ့၊ သူက ပြောတယ်။
သူတွေးပုံ မြင်ပုံအရသော် လူတွေက သင့်အား စိတ်တိုအောင်လုပ်၍ သင်စိတ်ဆိုးရသည်မှာ သင်က သူတို့အား အချိန်အလုံအလောက် မပေးခဲ့သောကြောင့် ဖြစ်ဖွယ်ရာရှိသည်။
ဂျွန်က ကျွန်တော့်အား သတိပေး၏။ တစ်ခါတစ်ရံ သိပ်စိတ်ရှည်ရသည်။ နှစ်နှင့်ချီ၍ စောင့်ချင်စောင့်ရပါ သတဲ့။ "ဒါပေမယ့်ကွာ၊ နောက်ဆုံးတော့ လူတွေဟာ သူတို့ရဲ့ ကောင်းတဲ့ဘက်ကို မင်းကို ပြလာတာပါ ပဲ၊ လူတိုင်း လိုလိုမှာ ကောင်းတဲ့ဘက်က ရှိမြဲပါ၊ စောင့်သာ စောင့်နေပါ။ တစ်ချိန်ပေါ်ထွက်လာမှာပါပဲ" ဟု ဂျွန်က ပြောပါသည်။
အခန်း ၃၇
သူတို့ပြောတာကို မကြည့်ပါနဲ့၊ သူတို့လုပ်တာကို ကြည့်ပါ။
သူတို့ပြောတာကို မကြည့်ပါနဲ့၊ သူတို့လုပ်တာကို ကြည့်ပါ။
ကျွန်တော့် သမီးကလေးသည် တစ်နှစ်ခွဲသာရှိသေး၏။ ထို့ကြောင့် ဤစကားကို သူ့အား ယခုအချိန်ပြော ၍ကား မဖြစ်သေး၊ သို့ရာတွင် သူ နားလည်နိုင်လောက်သည့်အရွယ်ရောက်လာသည့်အခါ ကျွန်တော့် အား လုပ်ဖော် ကိုင်ဖက် အမျိုးသမီးတစ်ဦးက ပြောဖူးသောစကားကို သမီးကလေး ချလိုအား သိစေချင် သည်။ ထိုစကား မှာ အမျိုးသမီးငယ်တိုင်းအတွက် အကြံဥာဏ်ကောင်းတစ်ခုပင်၊ တကယ်တော့ ကျွန် တော် ကြားဖူး သမျှ တွင် အကောင်းဆုံးအကြံဥာဏ်ဖြစ်ပါသည်။
ကျွန်တော်၏လုပ်ဖော်ကိုင်ဖက်က "အချိန်တော်တော် ကြာခဲ့တာပေါ့၊ ဒါပေမယ့် နောက်ဆုံးတော့ ကျွန်မ စဉ်းစားလို့ ရသွားတယ်၊ ကိုယ့်ကိုချစ်တဲ့စိတ်နဲ့ စိတ်ဝင်စားနေတဲ့ ယောက်ျားမျိုးတွေနဲ့ကြုံရင် အလွယ်က လေးပဲ၊ သူတို့ပြောတာတွေကို ဘာမှခေါင်းထဲမထည့်ပဲ သူတို့လုပ်တာကိုပဲ ဂရုစိုက်ကြည့်နေလိုက်ရုံပါ ပဲ"
သူပြောသည့် စကားမှာ ထိုမျှသာဖြစ်သည်။ ထို့ကြောင့် သမီးကလေး ချလိုအတွက် မှတ်စရာစကားပင်။
ယခု ကျွန်တော် တို့ အကြောင်းကို ပြန်စဉ်းစားကြည့်မိသည်။ တစ်နေ့သောအခါတွင် ထိုစကားသည် ဒီလန် နှင့် လိုဂန်တို့အတွက်လည်း အသုံးဝင်လာနိုင်ပေသည်။
အခန်း ၃၈
ပထမတွင် သင် မအောင်မြင်ခဲ့ဘူးဆိုလျှင် ဖန်တစ်ရာတေ
စကားကိုပင် ပြောရပေမည်။ ကြိုးစားပါ၊ ကြိုးစားပါ။
ပထမတွင် သင် မအောင်မြင်ခဲ့ဘူးဆိုလျှင် ဖန်တစ်ရာတေ
စကားကိုပင် ပြောရပေမည်။ ကြိုးစားပါ၊ ကြိုးစားပါ။
ကျွန်တော်သည် ဆီသည်မ လက်သုတ်ပ၀ါလို ဖန်တရာတေစကားများကို ချစ်သည်။ ဒါတွေကလည်း အများကြီး ရှိသည်။ ကျွန်တော်သည် သစ်အယ်ပင်အိုကြီးတွေကို အလွန်တရာ လေးစားသည်။ တကယ် တန်းကြည့်လိုက် သည့်အခါ ဖန်တစ်ရာတေ စကားလုံးတွေကို ထပ်ပြန်တလဲလဲ သုံးစွဲနေကြခြင်း အကြောင်း မှာ ပိုက်ဆံငွေကြေးနဲ့ ပတ်သက်လာလျှင် ထိုဖန်တစ်ရာတေ စကားများသည် မှန်နေတတ် သောကြောင့်ပင်။
ပညာရေးပညာရှင်များသည် ဖန်တစ်ရာတေစကားများကို မကြောက်သင့်ကြ၊ အဘယ်ကြောင့်နည်း။ ကလေးတွေက ထိုဖန်တစ်ရာတေစကားအများစုကို မသိကြသောကြောင့်ပင်။ သူတို့မသိမကြားဖူုးတော့ သူတို့သည် ပရိတ်သတ်သစ်ဖြစ်လာ၏။ ထိုအခါ သူတို့ကို ဖန်တစ်ရာတေစကားများက ဖမ်းစားသွား သည်။ ဤသဘော ကို ကျွန်တော်သည် ကျွန်တော်၏စာသင်ခန်းတွင်း၌ အကြိမ်ကြိမ်တွေ့ဖူးလေပြီ။
သင့်ကို သစ္စာရှိသူနှင့်သာ က ပါ။ ဤစကားမှာ ကျွန်တော့်မိဘများ ကျွန်တော့်ကို အမြဲတမ်းပြောလေ့ရှိ သော ဖန်တစ်ရာတေ စကားဖြစ်သည်။ ဤစကားသည် ပွဲတက်ကသည့် ညတွင်သာမက အရာရာတွင် သုံး၍ ရသော ဖန်တစ်ရာတေစကားဖြစ်သည။် စီးပွားရေးလောက၌ မန္တန်တစ်ခုသဖွယ် သုံးနိုင်၏။ ပညာ ရှင်များ လောက၌ သုံးနိုင်၏။ အိမ်မှာလည်း သုံး၍ရ၏။ ဤစကားက သစ္စာရှိမှုနှင့် လေးစားအသိအမှတ် ပြုမှုတို့၏ အရေးပါမှု ကို နှိုးဆော်သတိပေးပေသည်။
ကံကောင်းခြင်းဟူသည် ပြင်ဆင်ထားတာနှင့် အခွင့်အလမ်းတို့ ပေါင်းဆုံမိသွားခြင်းဖြစ်သည်။ ဤဖန် တစ်ရာတေ စကားမှာ ဘီစီ ၅၀၀ စုတွင် မွေးဖွားခဲ့သော ရောမတွေးခေါ်ရှင်ကြီး ဆဲနီကာထံမှလာသော စကား ဖြစ်သည်။ ဤစကားသည် အနည်းဆုံးအားဖြင့် နောက်ထပ်အနှစ်နှစ်ထောင်ကြာမျှ အဖန်တလဲ လဲ သုံး နေထိုက်သော စကားဖြစ်ပေသည်။
သင် လုပ်နိုင်သည်ဟုထင်ထင် သို့မဟုတ် မလုပ်နိုင်ထင်ထင် သင့်အထင်မှန်သည်။ ထိုစကားမှာ နောက် လာမည့် ကျောင်းသားများအတွက် ကျွန်တော်၏ဖန်တစ်ရာတေစကားပဒေသာထဲမှ ထုတ်ပြ လိုက်သော စကား ဖြစ်သည်။
ဒါထက် မစ္စလင်ကွန်း ပြဇာတ်က ဘယ်လိုလဲ။ ဤစကားမှာ ကျောင်းသားများအား အရေးပါတာတွေကို တော့ လျစ်လျူရှုထားပြီး အရေးမပါသော အရာတွင် အာရုံစိုက်နေခြင်းမျိုး မပြုမိဖို့ ထုတ်ပြလိုက်သော စကား ဖြစ်သည်။
ကျွန်တော်သည် ပေါ့ယဉ်ကျေးမှုထဲမှ ဖန်တရာတေစကားများကိုလည်း အတော်သဘောကျသည်။ ကျွန်တော် သည် ကျွန်တော့်ကလေးတွေ စူပါမင်းရုပ်ရှင်ကားကို ကြည့်မည်ဆိုလျှင် ဘယ်လိုမှမအောက် မေ့။ စူပါမင်းကအားကြီး၍ မိုးပျံနိုင်၍မဟုတ်ပါ။ စူပါမင်းသည် အမှန်တရား၊ တရားမျှတမှုနှင့် အမေရိ ကန် လမ်းစဉ် တို့အတွက် တိုက်ပွဲဝင်သည်ဟု ဆိုသောကြောင့်ဖြစ်သည်။ ကျွန်တော် ထိုအကြောင်းကို အလွန် သဘော ကျသည်။
ကျွန်တော်သည် ရော့ကီးရုပ်ရှင်ကားကို ကြိုက်နှစ်သက်သည်။ ထိုကား၏ရည်ရွယ်ချက်ကို ဖော်ကျူး သည့် ဂီတကိုပင်လျှင် အလွန်သဘောကျသည်။ မူရင်းရော့ကီးရုပ်ရှင်ကို ကျွန်တော်အကြိုက်ဆုံးမှာ ရော့ကီးသည် ဇာတ်သိမ်းခန်း ထိုးသတ်ပွဲတွင် အနိုင်ရလိုက်သည်ကိုပင် ဘာမှ ဂရုထားမနေခြင်းဖြစ် သည်။ သူသည် တစ်ဖက်လူ ကို နိုင်ဖို့ထက် တစ်ဖက်လူက အလဲထိုးတာမခံလိုခြင်းသာဖြစ်သည်။ ယင်း အချက်သည် သူ၏ ရည်မှန်းချက် ပန်းတိုင်ဖြစ်၏။ ကျွန်တော့်ရောဂါအတွက် ကုသမှုခံယူနေရစဉ်အတွင်း ၌ အခံရခက်လှသည်။ ထိုအချိန်၌ ရော့ကီးသည် ကျွန်တော့်အား လှုံ့ဆော်အားပေးသူပင်။ အဘယ့် ကြောင့်ဆိုသော သူသည် ကျွန်တော့်အား "မင်း ဘယ်လောက်ပြင်းပြင်း ထိုးလိုက်တယ်ဆိုတာထက် မင်း ဘယ်လောက်ပြင်းပြင်း အထိုးခံ ရလိုက်ပြီး ရှေ့ကိုဘယ်လိုရွေ့လျားသွားနိုင်တယ်ဆိုတာက ပိုအရေးကြီးတယ်ကွ"ဟု သတိပေး ပြောဆို နေသောကြောင့်ပင်။
အမှန်မူကား လောက၌ရှိရှိသမျှ ဖန်တစ်ရာတေစကားများတွင် ကျွန်တော်အကြိုက်ဆုံးမှာ ဘောလုံး နှင့် ပက်သတ် သည့် ဖန်တစ်ရာတေစကားများဖြစ်သည်။ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်များသည် ကျွန်တော့် အား ကာနယ်ဂီမယ်လွန် တက္ကသိုလ်၏အခန်းများထဲ၌ ကျွန်တော့်ရှေ့တွင် ဘောလုံးကိုမြောက်တက် သွားလိုက် ကျလာလိုက်ဖြစ်အောင် တော့ရင်း လျှောက်ပတ်သွားနေသည်ကို မြင်တွေ့ရလေ့ရှိသည်။
ဤသို့ ဘောလုံးကိုတော့ရင်း လျှောက်သွားနေခြင်းသည် ကျွန်တော့်အား စဉ်းစားစရာပေးသည်။ ဘော လုံး စကား ဥပမာများမှာ တူညီသော အကျိုးသက်ရောက်မှုရှိသည်ဟု ကျွန်တော်ထင်နေရော့သလားဟု သူတို့ကတော့ ပြောကောင်းပြောမည်။ သို့ရာတွင် ကျွန်တော့်တပည့် ကျားကျားမမ အချို့သည် ညှိမယူ တတ်ကြ။ ညှိယူရာတွင် အခက်အခဲရှိကြသည်။ သူတို့က ကွန်ပျူတာ လောဂရစ်သမ်အကြောင်း ပြော ဆို ဆွေးနွေးနေကြစဉ် ကျွန်တော်က ဘောလုံးအကြောင်းပြောသည်။ "ဆောရီးကွာ"၊ ကျွန်တော်က သူ တို့ကို ပြောသည်။ "ဒါပေမဲ့ မင်းတို့အဖို့ ဘောလုံးရဲ့အခြေခံတွေကို လေ့လာရတာက ဆရာ့ဘ၀ရဲ့ဖန် တစ်ရာတေ စကားတစ်တွဲ ကို လေ့လာရတာထက် ပိုပြီးလွယ်ကူပါလိမ့်မယ်လေ"
ကျွန်တော်က ကျွန်တော့်တပည့်တွေကို ဂစ်ပါအတွက် တစ်ပွဲလောက်တော့နိုင်စေချင်၏။ အပြင်ထွက် ပြီး လက်တွေ့လုပ်ကြည့်စေချင်၏။ ပြင်းထန်သောဆန္ဒ အမြဲတမ်း ရှင်သန်နေစေချင်သည်။ ကွင်းပြင်ထဲ မှာ လျှောက်သွား စေချင်သည်။ ငွေကုန်ကြေးကျများသည်များကို ရှောင်စေချင်ကာ တနင်္လာနေ့ကျ တော့ စိတ်ထဲမှာ ခံစားရတာမျိုး ဖြစ်ခါမှဖြစ်စေတော့။ ခဲစာအုပ်အတွင်းက ကစားပွဲများတွင်ကား အနိုင် ရစေချင်၏။ တပည့် များကလည်း နိုင်သလား။ ရှုံးသလားဆိုသည်က ပဓာနမဟုတ်။ ဖန်တစ်ရာတေ စကားများကို ဘယ်ပုံ ကစားသည်ဆိုသည်က အရေးကြီးသည်ဟူသည်ကို သိကြပါပေသည်။
အခန်း ၃၉
ပထမဦးဆုံး ပင်ဂွင်းငှက် ဖြစ်ပါစေ
ပထမဦးဆုံး ပင်ဂွင်းငှက် ဖြစ်ပါစေ
အတွေ့အကြုံဆိုသည်မှာ သင် လိုချင်တာကို မရသောအခါမှာ ရသောအရာဖြစ်သည်။
ထိုစကားကို ကျွန်တော်သိခဲ့ရသည်မှာ ကျွန်တော်လေ့လာရေးခွင့်ယူ၍ ဗီဒီယိုဂိမ်း ထုတ်လုပ်သည့် အီလက်ထရောနစ်အတ်ကုမ္ပဏီတွင် သွားရောက်လေ့လာနေခဲ့စဉ်က ဖြစ်သည်။ ကျွန်တော်သည် ထိုစ ကား ကို စွဲနေပြီး ကျွန်တော့်တပည့်ကျောင်းသားများကိုလည်း ထပ်တလဲလဲပြောနေမိခဲ့သည်။
ထိုစကားသည် အုတ်နံရံအတားအဆီးနှင့်ကြုံရသည့်အခါတိုင်း၊ စိတ်ပျက်စရာကြုံရသည့်အခါတိုင်း စဉ်း စားစရာ ကောင်းသည့် စကားဖြစ်သည်။ ထိုစကားသည် ရှုံးနိမ့်မှုဆိုသည်မှာ လက်ခံနိုင်စရာ ဖြစ်သည် သာမက မရှိမဖြစ် အရေးပါသော အရာလည်း ဖြစ်ကြောင်းကို သတိပေးနေသောစကားဖြစ်သည်။
"ဗာချူယယ် လောကများကို တည်ဆောက်ခြင်း"ဟူသော သင်တန်းများကို ကျွန်တော် ပို့ချပေးခဲ့စဉ်က ကျွန်တော် သည် ခက်ခဲသောအရာများကို ကြိုးစားလုပ်ပါ။ ရှုံးနိမ့်မှာကို တွေးပြီးမပူပါနှင့်ဟု ကျောင်းသား များအား အားပေးလေ့ရှိသည်။ ကျွန်တော်သည် ထိုအတွေးအခေါ်မျိုးကို ဆုပေးချင်၏။ ထို့ကြောင့် စာ သင်နှစ်ဝက် ကုန်သွားတိုင်း ကျွန်တော်သည် ကျောင်းသားအသင်းတစ်သင်းကို အစာသွတ်ထားသော ပင်ဂွင်းငှက်ရုပ် တစ်ခုကို ပေးသည်။ "ပထမဦးဆုံး ပင်ဂွင်းဆု"ဟု ဆုကို အမည်ပေးထားပြီး စိတ်ကူးသစ် သို့မဟုတ် နည်းပညာသစ်ကိုကြိုးပမ်းရာ၌ အကြီးမားဆုံးကြိုးပမ်းအားထုတ်ခဲ့ပြီး မိမိတို့ကဘာဖြစ်စေရပါ မည်ဟု ဖော်ပြထားသော ရည်မှန်းချက်ပန်းတိုင်ကိုမရောက်ဘဲ ရှုံးနိမ့်သူများအသင်းက ထိုဆုကို ရ သ
ည်။ အနှစ်သာရအားဖြင့် ထိုဆုသည် "ဂုဏ်ကျက်သရေရှိသော ရှုံးနိမ့်မှုဆု"ဖြစ်၏။ စဉ်းစားရာတွင် သေတ္တာ အပြင်ထွက် စဉ်းစားခြင်းမျိုးနှင့် ရဲရင့်ဝံ့စားသော စိတ်ကူးမျိုးကို အသုံးချခြင်းတို့ကို ဂုဏ်ပြုပေး သောဆုလည်း ဖြစ်သည်။
ဤဆုကို မရကြသော အခြားကျောင်းသားများကလည်း ပထမဦးဆုံး ပင်ဂွင်းဆုရှင်များသည် ပန်းတိုင်မ ရောက်ဘဲ အခြားတစ်နေရာရာသို့ သေသေချာချာရောက်သွားကြကုန်သော ရှုံးနိမ့်သူများပါကလားဟု နားလည် လာကြသည်။
ထိုဆု၏အမည်ဖြစ်ပေါ်လာပုံမှာ ပင်ဂွင်းငှက်များသည် ရေထဲသို့ ခုန်ဆင်းမည်ပြုသည့်အခါ မိကျောင်း တွေ ဘာတွေ ရှိနေနိုင်သော ရေထဲသို့ပထမဦးဆုံး ခုန်ဆင်းမည့် ပင်ဂွင်းတစ်ကောင်ကောင် ကတော့ ရှိရ သည် ဟူသော အမှတ်သညာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ သို့ရာတွင် ရှုံးနိမ့်ဟူသော စကား၏နောက် ကွယ်တွင် မကောင်းသဘော အနက်တွေက ရှိနေမည်ဖြစ်၍ ကျောင်းသားများသည် ထိုရှုံးနိမ့်ဟူသော စကား၏ နောက်ကွယ်တွင် မကောင်းသဘောအနက်တွေက ရှိနေမည်ဖြစ်၍ ကျောင်းသားများသည် ထို ရှုံးနိမ့် ဟူသောစကားလုံးများပင် မကျော်လွှားနိုင်မည်စိုးရသေးပေသောကြောင့် အထက်ပါအတိုင်း ဆုအ မည် ကို ပြောင်းလဲခေါ်ရခြင်း ဖြစ်ပေသည်။
ဤသို့ သင်ပြပေးလာသည့်နှစ်များအတွင်း၌ ကျွန်တော်သည် ကျောင်းသားများအား ပြောရသည်။ ဖျော် ဖြေရေး လုပ်ငန်း တွင် မအောင်မြင်သောအနုပညာထုတ်ကုန်များ မရေအတွက်နိုင်အောင်ရှိကြကြောင်း ပြောပြရခြင်း ဖြစ်ပါသည်။ ဖန်တီးမှုအနုပညာဆိုသည်မှာ အိမ်ဆောက်သလိုမျိုးမဟုတ်။ အိမ်တစ်လုံးပြီး သွားလျှင် တစ်ဦးဦးတော့ တက်နေ၍ရသွားသည်သာ။ ဗွီဒီယိုဂိမ်းဆိုတာက ဤနည်းမျိုး နှင့် လုပ်ရသည့်မျိုး မဟုတ်ပေ။ ဂိမ်းတစ်ခုကား ပေါ်ထွက်လာ၏။ သို့ရာတွင် ကစားမည့်လူတစ်ဦးမှ မရှိတာမျိုးလည်း ရှိနိုင်၏။
ဗီဒီယိုဂိမ်း ကို တီထွင်ဖန်တီးနိုင်သူများကို လွန်စွာတန်ဖိုးထားကြသည်ဆိုသည်မှာ မှန်ပေ၏။ သို့ရာ တွင် ရှုံးနိမ့်သူ များကိုလည်း တန်ဖိုးထားကြပါသည်။ တစ်ခါတစ်ရံ အောင်မြင်သူများထက်တောင် ပို၍ တန်ဖိုး ထားကြ ပါသေးသည်။
တည်ထောင်စကုမ္ပဏီများသည် စီအီးအိုများကိုငှားရမ်းရာ၌ သူတို့၏နောက်ခံသမိုင်းတွင် အစ၌ရှုံးခဲ့ဖူး သူများ ကို ပို၍ငှားရမ်းလိုကြသည်။ ရှုံးနိမ့်ဖူးသူသည် အနာဂတ်တွင်ကြုံနိုင်သည့် ရှုံးနိမ့်မှုများကို ဘယ်လို ရှောင်ရှား ရမည်ကို သိကြသည်။ အောင်မြင်မှုကိုသာ သိနေသူသည် ကျရောက်နိုင်သော အန္တရာယ်များ ကို ပို၍ သတိမမူမိ ဖြစ်တတ်လေသည်။
အတွေ့အကြုံဟူသည် သင်လိုရာကို မရသောအခါတွင် ရတတ်သော အရာမျိုးဖြစ်သည်။ သင် ပေးရ မည့် တန်ဖိုး အရှိဆုံးအရာ မှာလည်း အတွေ့အကြုံပင်ဖြစ်နေတတ်လေသည်။
ဆက်ရန်
.
1 comment:
မမရေ အဆက် မျှော်နေမယ်နော်။ရန်ဒီရဲ့ သဘောလေးတေါဖတ်ရတာ ခွန်အားရတယ်။လန်းဆန်းတယ်။ကျေးဇူးပါနော်...။ အနော်။
Post a Comment