ပွဲကြည့်စင်ရဲ့ တစ်ဖက်စွန်းမှာ ကျွန်တော်နဲ့ ရွယ်တူကောင်လေး တစ်ယောက်ဆီ တိုးဝှေ့သွားပြီး သူ့အနား ရောက်တော့ သူ့ခြေထောက်ကို ကျွန်တော် တမင်တက်နင်းလိုက်တယ်။
ကောင်လေးက နာလွန်းလို့ အော်တယ်။
"အောင်မယ်လေး၊ ဟေ့ မင်းဘာလို့ ငါ့ခြေထောက်ကို နင်းတာလဲ"
"နင်းတော့ ဘာဖြစ်လဲ"
"မင်း ရိုင်းလှချေလား"
"ရိုင်းတော့ မင်းက ဘာလုပ်ချင်လဲ"
"ကောင်းပြီ၊ မင်းကို ငါ ချချင်တယ်"
"ဟုတ်ပြီ၊ ငါ့ဘက်က အသင့်ပဲ"
လက်သီးတွေ တစ်လုံးပြီးတစ်လုံး ကျွန်တော် ပစ်သွင်းလိုက်တယ်။ ဘယ်ဝိုက် ညာဝိုက်၊ ပင့်လိုက် ခုတ်လိုက်နဲ့ပေါ့။ မြန်လွန်းလို့ ကျွန်တော့်လက်တွေကို ခပ်ဝါးဝါးပဲ မြင်ရတော့တယ်။ ကောင်လေးကို သနားတာ နဲ့ ကျွန်တော်အသာ နောက်ဆုတ်လိုက်တယ်။ အဲဒီမှာ အံ့သြစရာနဲ့ ကြုံရတော့တာပဲ။ သူက ဘာမှ မဖြစ်သလို ရပ်လျက်ပဲ။ ရယ်တောင် နေလိုက်သေးတယ်။
နောက်တစ်ချီ ၀င်ထိုးမယ့်ဆဲဆဲမှာ သူ့လက်သီးက ကျွန်တော့် မျက်နှာတည့်တည့်ကို ၀င်လာတယ်။ မျက်လုံးထဲ မှာ ကြယ်တွေ လတွေ ၀င်းလက်သွားပြီး ကျွန်တော် မှောက်သွားတယ်။ အဲဒီမှာ သူက ခွပြီး ထိုးတော့တာပဲ။ မျက်နှာဦးခေါင်းနဲ့ အပေါ်ပိုင်းကို ထိုးလို့ အားရမှ ၀မ်းဗိုက်ကို ဖနောင့်နဲ့ ပေါက်ပါလေ ရော။ တော်ပါသေး ရဲ့၊ ဦးလေး ရောက်လာပြီး ဖျင်လို့။ ကျွန်တော့်တစ်ကိုယ်လုံး ဖုန်တွေ အလိမ်းလိမ်းနဲ့ ဖြစ်နေပါပြီ၊ နာလွန်းလို့ ကျွန်တော် ငိုချလိုက်မိပါတယ်။
"ဘာလို့ မင်း ရန်ဖြစ်တာလဲ ၀ီလျှံ၊ သူက မင်းထက် ဗလကောင်းတာ မတွေ့ဘူးလား"
အဘွားဆီ ပြန်ပြေးလာပြီး အခန်းအောင်း နေလိုက်ပါတယ်။ ရွာ ပြန်ရောက်တာနဲ့ ရှာဘာနီဆီသွားပြီး ချဲတာပေါ့။
"ဟေ့ကောင်၊ မင်းဆေး အလကားပဲ၊ ဒိုဝါမှာ ငါ အတီးခံခဲ့ရတယ်"
သူက ခဏ စဉ်းစားပြီး
"နေပါဦး၊ ငါ ဆေးစီရင်တဲ့နေ့က မင်း ရေချိုးသလား"
"ချိုးတယ်"
"ဟာ သေတော့မှာပဲ။ မင်းကို ရေမချိုးနဲ့လို့ ငါပြောလိုက်တယ်လေ"
"မင်း မပြောပါဘူး"
"ပြောပါတယ်"
"ဒါပေမဲ့"
သွားပြီ၊ ကျွန်တော် အလိမ်ခံလိုက်ရပြီ။ စိတ်ဓာတ်အကျကြီး ကျသွားပါတော့တယ်၊ မျက်နှာ ဓားနှင့် လှီးပစ်ချင် စရာ ကောင်းလောက်အောင် ရှက်ဖို့ကောင်းတဲ့ အဖြစ်ပါ။
ကောင်လေးက နာလွန်းလို့ အော်တယ်။
"အောင်မယ်လေး၊ ဟေ့ မင်းဘာလို့ ငါ့ခြေထောက်ကို နင်းတာလဲ"
"နင်းတော့ ဘာဖြစ်လဲ"
"မင်း ရိုင်းလှချေလား"
"ရိုင်းတော့ မင်းက ဘာလုပ်ချင်လဲ"
"ကောင်းပြီ၊ မင်းကို ငါ ချချင်တယ်"
"ဟုတ်ပြီ၊ ငါ့ဘက်က အသင့်ပဲ"
လက်သီးတွေ တစ်လုံးပြီးတစ်လုံး ကျွန်တော် ပစ်သွင်းလိုက်တယ်။ ဘယ်ဝိုက် ညာဝိုက်၊ ပင့်လိုက် ခုတ်လိုက်နဲ့ပေါ့။ မြန်လွန်းလို့ ကျွန်တော့်လက်တွေကို ခပ်ဝါးဝါးပဲ မြင်ရတော့တယ်။ ကောင်လေးကို သနားတာ နဲ့ ကျွန်တော်အသာ နောက်ဆုတ်လိုက်တယ်။ အဲဒီမှာ အံ့သြစရာနဲ့ ကြုံရတော့တာပဲ။ သူက ဘာမှ မဖြစ်သလို ရပ်လျက်ပဲ။ ရယ်တောင် နေလိုက်သေးတယ်။
နောက်တစ်ချီ ၀င်ထိုးမယ့်ဆဲဆဲမှာ သူ့လက်သီးက ကျွန်တော့် မျက်နှာတည့်တည့်ကို ၀င်လာတယ်။ မျက်လုံးထဲ မှာ ကြယ်တွေ လတွေ ၀င်းလက်သွားပြီး ကျွန်တော် မှောက်သွားတယ်။ အဲဒီမှာ သူက ခွပြီး ထိုးတော့တာပဲ။ မျက်နှာဦးခေါင်းနဲ့ အပေါ်ပိုင်းကို ထိုးလို့ အားရမှ ၀မ်းဗိုက်ကို ဖနောင့်နဲ့ ပေါက်ပါလေ ရော။ တော်ပါသေး ရဲ့၊ ဦးလေး ရောက်လာပြီး ဖျင်လို့။ ကျွန်တော့်တစ်ကိုယ်လုံး ဖုန်တွေ အလိမ်းလိမ်းနဲ့ ဖြစ်နေပါပြီ၊ နာလွန်းလို့ ကျွန်တော် ငိုချလိုက်မိပါတယ်။
"ဘာလို့ မင်း ရန်ဖြစ်တာလဲ ၀ီလျှံ၊ သူက မင်းထက် ဗလကောင်းတာ မတွေ့ဘူးလား"
အဘွားဆီ ပြန်ပြေးလာပြီး အခန်းအောင်း နေလိုက်ပါတယ်။ ရွာ ပြန်ရောက်တာနဲ့ ရှာဘာနီဆီသွားပြီး ချဲတာပေါ့။
"ဟေ့ကောင်၊ မင်းဆေး အလကားပဲ၊ ဒိုဝါမှာ ငါ အတီးခံခဲ့ရတယ်"
သူက ခဏ စဉ်းစားပြီး
"နေပါဦး၊ ငါ ဆေးစီရင်တဲ့နေ့က မင်း ရေချိုးသလား"
"ချိုးတယ်"
"ဟာ သေတော့မှာပဲ။ မင်းကို ရေမချိုးနဲ့လို့ ငါပြောလိုက်တယ်လေ"
"မင်း မပြောပါဘူး"
"ပြောပါတယ်"
"ဒါပေမဲ့"
သွားပြီ၊ ကျွန်တော် အလိမ်ခံလိုက်ရပြီ။ စိတ်ဓာတ်အကျကြီး ကျသွားပါတော့တယ်၊ မျက်နှာ ဓားနှင့် လှီးပစ်ချင် စရာ ကောင်းလောက်အောင် ရှက်ဖို့ကောင်းတဲ့ အဖြစ်ပါ။
အခန်း (၃)
၁၉၉၇ ခုနှစ် ဇန်န၀ါရီလထဲမှာ အန်ကယ်ဂျွန် အဆုတ်ရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ ကျန်တဲ့ ညီအစ်ကို နှစ်ယောက်လည်း အသုဘပို့ဖို့ ရောက်လာကြပါတယ်။ ကာစန်ဂူမှနေတဲ့ ဦးလေးမူဆယ်ေ၀၀းလ်နဲ့ ဦးလေး ဆိုကရေးတီးတို့ နှစ်ယောက်ပါ။
ဂျက်ဖရီတစ်ယောက် သူ့အဖေအတွက် ငိုလို့မပြီးနိုင်အောင် ဖြစ်နေရှာပါတယ်။ ဂီးလ်ဘတ်ရဲ့ အဖေ အကြီးအကဲ ငွာတာက အဘုဘမှာ စကားပြောပါတယ်။
"ဂျွန်ဟာ မိသားစုအတွက် ဥစ္စာပစ္စည်းတွေ ထားခဲ့ပါတယ်။ အဲဒီအထဲမှာ အဖိုးတန်ဆုံးကတော့ သား သမီးတွေပါပဲ။ သည်ကလေးတွေကို ထိန်းသိမ်းဖို့ တာဝန်ဟာ သူ့ညီ ဂျွန်ဖြစ်ပါစေလို့ ကျွန်တော်တို့ ဆန္ဒ ပြုပါတယ်။ သူ့အဖေဆန္ဒအတိုင်း သူတို့ကလေးတွေ အထက်တန်းအောင်တဲ့အထိ ညီတော်မောင် က ကျောင်းထား ပေးပါလိမ့်မယ်။ ပစ္စည်းဥစ္စာနဲ့ ပတ်သက်လို့လည်း မျှမျှတတ ဖြစ်အောင် စီမံခန့်ခွဲလိမ့်မယ် လို့ ကျွန်တော် တို့ မျှော်လင့်ပါတယ်။ ကလေးတွေရဲ့ ကျောင်းလခ၊ အ၀တ်အစား၊ စတာတွေကို ကူညီ ချင်တဲ့ လူများရှိရင်လည်း ကူညီကြဖို့ ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံပါတယ်။
ကာစန်ဂူက ရော်ကလာတဲ့ ဂျက်ဖရီ့အမေ အဒေါ် အင်နီဖာရဲ့ အစ်ကို မစ္စတာဂျုံစ်ကလည်း စကားပြော ပေးပါတယ်။
အန်ကယ်ဂျွန်ရဲ့ အလောင်းကို အဖေရဲ့အစ်မ နှစ်ယောက်ဖြစ်တဲ့ ဖန်နီနဲ့ အီဒစ်တို့ သဂြိုဟ်တဲ့ သုသာန် မှာပဲ သင်္ဂြိုဟ်လိုက်ပါတယ်။ အလွန် ကြေကွဲစရာကောင်းတဲ့ အသုဘပါ။
အန်ကယ်ဂျွန် မရှိတော့ အခက်အခဲတွေ အများကြီး ဖြစ်လာပါတယ်။ လုပ်ငန်းဆောင်တာ အ၀၀ဟာ အဖေ့ခေါင်းပေါ် ရောက်လာပါတော့တယ်။ အချိန်က စိုက်ပျိုးရာသီပါ။ ရိတ်သိမ်းချိန်အထိ အဖေ အလုပ်ရှုပ် ရပါတော့တယ်။ သူရင်းငှားတွေကိစ္စ၊ စာရင်းအင်းကိစ္စတွေနဲ့ အဖေ့မှာ လုံးဝ နားချိန် မရှိတော့ ပါဘူး။ နောက်ဆုံး ကျမှ အကြီးအကဲနဲ့ တိုင်ပင်င်္ပြီး ဦးလေးဂျွန်ရဲ့သား အကြီးဆုံး ဂျယ်ရီမီယာကို လွှဲပေး လိုက်ပါ တယ်။
ဂျယ်ရီမီယာက အသက်နှစ်ဆယ် ရှိပြီ။ အလုပ်ကြမ်းလုပ်ဖို့ သိပ် ၀ါသနာမပါဘူး။ ကျောင်းလည်း ကေင်းကောင်းမနေခဲ့တော့ အထက်တန်းလည်း မအောင်ဘူး။ ဘုံဆိုင်မှာ အပေါင်းအသင်းတွေနဲ့ အမြဲတမ်း အရက်မူး နေတတ်တဲ့ လူစားမျိုး။ အကြီးအကဲရဲ့ ဆန္ဒနဲ့ ရိုးရာဓလေ့အရ သူ့ကို လွှဲပေးလိုက် ရပေမယ့် အဖေ က လုံးဝ စိတ်မချဘူး။
ဆေးရွက်ကြီးတွေနဲ့ ပြောင်းဆန်တွေ ဈေးကောင်းကောင်းနဲ့ ရောင်းရသမျှ သူက အားလုံးသုံးဖြန်းပစ် တယ်။ နှစ်နှစ် အတွင်းမှာပဲ ပြောင်းဆန်ကြိတ် စက်ရုံကော နို့စားနွားမတွေပါ သူများလက်ထဲ ထိုးအပ် လိုက်ရတယ်။ ဒီအခါ မှာ အဖေလည်း သူ့မိသားစုအတွက် သူတို့ မြေကွက်ကလေးပဲ အားကိုးခဲ့ရတော့ တယ်။
၁၉၉၄ခုနှစ်မှာ မာလာဝီသမ္မတသစ် တက်လာတယ်။ ဘင်ဒါရွေးကောက်ပွဲ ရှုံးသွားပြီ၊ စိုက်ပျိုးရေး လုပ်ငန်းတွေ အခက်အခဲ ဖြစ်လာတယ်။ ဘင်ဒါ လက်ထက် နှစ်ပေါင်းသုံးဆယ်လုံးလုံး ပြည်သူတွေ လှိမ့်ပိန်ခံခဲ့ရတယ်။ တိုင်းပြည်လည်း မြောင်းထဲ ရောက်နေပြီ။ ဒီတော့မှ သူ့အတိုက်အခံတွေနဲ့ ပြည်သူ တွေ အုံကြွလာတော့တာ၊ သူက သူ့ကို မဲပေးဖို့ ပြည်သူတွေကို ခြိမ်းခြောက်သေးတယ်။ သူ့လူတွေက ခေါင်းတလား အလွတ်ကြီးထမ်းပြီး "ရာသက်ပန်သမ္မတ ကို မဲမပေးရင် မင်းတို့အားလုံး အသုဘဖြစ်ကုန် မယ်" ဆိုပြီး မြို့တကာ၊ နယ်တကာမှာ လိုက်ပြီး ခြိမ်းခြောက်စည်းရုံးတယ်။
ဒါပေမဲ့ အတိုက်အခံတွေ နိုင်သွားတယ်။ ဘင်ဒါ က အခြား အာဖရိက ခေါင်းဆောင်တွေလို ဆက်မညစ် ဘဲ အသာ ဆင်းပေးတယ်။ ၀န်ကြီးမူကူဇီ သမ္မတ ဖြစ်လာတော့ တိုင်းပြည်က ကုန်းကောက်စရာ မရှိ အောင် မွဲတေ နေပြီ။ ဒုက္ခ ပင်လယ် ဝေနေပြီ။
ဘင်ဒါ က ရက်စက်ပေမယ့် စိုက်ပျိုးရေးလုပ်ငန်းကို စိတ်ဝင်စားတယ်။ လယ်သမားတိုင်း မြေသြဇာရတယ်၊ မျိုးစပါး တွေ မျိုးစေ့တွေ ဈေးပေါသေးတယ်။ ယာသမားတိုင်း ဆေးရွက်ကြီး စိုက်ကြတယ်။ မိုးကောင်း နေသမျှ တောင်သူလယ်သမားတွေ ချောင်လည်ကြတယ်။
မူကူဇီ က နိုင်ငံရေးမလုပ်ခင် ချမ်းသာတဲ့ ကုန်သည်ကြီးတစ်ယောက်ဖြစ်ပါတယ်။ သူ့လက် ထက်မှာ ချမ်းသာ တဲ့ ကုန်သည်ပွဲစားတွေ ပိုချမ်းသာလာပြီး တောင်သူလယ်သမားတွေ မွဲသထက် မွဲလာသည်။
ကျွန်တော့် တို့ မိသားစုလည်း ပိုကျပ်တည်းလာတော့ လူငှားခ မတတ်နိုင်တော့ဘူး။ ဒါနဲ့ ကျွန်တော်ရော၊ ၀မ်းကွဲ တွေပါ လူငှားခ မတတ်နိုင်တော့ဘူး။ ကွင်းထဲဆင်းပြီး အလုပ်လုပ် ကြရတော့တာပေါ့။
အန်ကယ်ဂျွန် ဆုံးပြီး နောက်တစ်နှစ်မှာပဲ အန်ကယ်ဆိုကရေးတီး အလုပ်လုပ်နေတဲ့ အလုပ်ရုံပိတ်လိုက်ရလို့ မိသားစု နဲ့ အတူ ရွာပြန်ရောက်လာပါတယ်။ ကျွန်တော့်တို့အိမ်နား ကအစ်မနဲ့ ညီမတွေ သဘောကျ နေကြတယ်။ ဧရာမ ခွေးကြီးတစ်ကောင်လည်း ပါလာသည်။
အန်ကယ်ဆိုကရေးတီး က မိတ်ဆက်ပေးတယ်။ သူ့နာမည်က 'ခမ်ဘာ' တဲ့။ ကြက်ခြံနဲ့ ဆိတ်ခြံအတွက် စိတ်ချ တော့တဲ့။ သိပ်အားကိုးရတဲ့ ကောင်ကြီးဆိုပဲ။
ခမ်ဘာ ဟာ တော်တော် ထူးခြားတဲ့ခွေးကြီးပဲ၊ အဖြူပေါ်မှာ အမည်းအစက်အပျောက်တွေနဲ့။ တစ်ယောက်က သူ့ကို သင်္ဘောဆေးနဲ့ ပက်ထားတဲ့အတိုင်းပဲ။ ရွာထဲမှာ ရှိရှိသမျှ ခွေးတွေ ထက် ထွားတယ်။ နည်းတဲ့ ကောင်ကြီး မဟုတ်ဘူး။
သူနဲ့ ကျွန်တော် ချက်ချင်း ရင်းနှီးသွားတယ်။
အိမ်မှာ မိန်းကလေးတွေချည်းဆိုတော့ ခမ်ဘာ ခုမှ အဖော်ကောင်းတွေ့သွားတာလို့ ဦးလေးလုပ်သူက ပြောတယ်။
ကျွန်တော် တို့ အိမ်မှာ ခွေးမမွေးခဲ့ဖူးဘူး။ တကယ်ပဲ ခမ်ဘာဟာ ကျွန်တော့်သူငယ်ချင်း ဖြစ်လာတယ်။ ကျွန်တော့် အခန်းဝ မှာပဲ အိပ်တယ်။ ဦးလေး ပြောတဲ့အတိုင်း ဒီကောင်က ကြက်ခြံကို စောင့်တယ်။ ဆိတ် လည်း ကျောင်းပေးတယ်။
ကျွန်တော်သဘောကျဆုံးကတော့ အမဲလိုက်ရာမှာ ကျွန်တော်နဲ့ ၀ါသနာချင်း သွားတူနေလို့ပဲ။ အဆင်သင့် ချင်တော့ သူရောက်လာတဲ့ အချွန်က ငှက်တွေပေါတဲ့အချိန် ဖြစ်နေပါတယ်။ မိသားစု ငွေကြေး မပြေလည် တော့ သားငါးသိပ်မစားနိုင်ဘူး။ ဒီအချိန်မှာ ကျွန်တော်နဲ့ ခမ်ဘာ ငှက်တွေရလာရင် အိမ်မှာ ပျော်ပွဲကြီးပေါ့။
ကျွန်တော် တို့ ညီအစ်ကိုတွေက ငှက်လည်းပစ်တယ်။ ငှက်လည်းဖမ်းတယ်။ ထောင်ချောက် လည်း ထောင်တယ်။
''အမ်ဖာလာ '' ဆိုတဲ့ အဓိပ္ပာယ်က လူပျိုအိမ်လို့ အဓိပ္ပာယ်ရပါတယ်။ ကျွန်တော့်ဝမ်းကွဲ 'ချာရတီ' က အဲဒီမှာ နေပါတယ်။ အိမ်ဆိုပေမယ့် ကလပ်နဲ့ ပိုတူပါတယ်။ ကျွန်တော်တို့ အိမ်နဲ့ သိပ်မဝေးပါဘူး။ ဂျယ်ဖရီတို့ အိမ်လောက် ပဲ ဝေးပါတယ်။ အဲဒီအိမ်မှာ တစ်ခါတုန်းက ဂျိမ်းစ်နေခခဲ့ဖူးတယ်။ ဂျိမ်းစ်က ဖီရီနဲ့ဆော်ခဲ့တဲ့ လူလေ။ သူက ကျွန်တ်ာတို့ ရဲ့ စာရင်းငှားပါ။ သူမရှိတော့ ဒီအိမ် လွတ်နေပါ တယ်။ အဲဒီမှာ ချာရတီက သူ့ သူငယ်ချင်း မီဇက်နဲ့အတူ နေနေတယ်။ မီဇက်က ကျောင်းထုတ်ခံထားရပြီး ခုတော့ ဈေးရောင်း နေတယ်။ လူကောင် ကြီးကြီး၊ ဗလကောင်းကောင်းထဲကပါ။ ကလပ်က ဂီးလ်ဘတ်တို့ အိမ်နဲ့လည်း သိပ်မဝေးပါဘူး။ သူတို့ နှစ်ယောက်စလုံး မိဘတွေနဲ့ နေကြတာပါ။ ညညမှာ ပဲအဲဒီမှာ သွားအိပ်ကြတယ်။
အိမ်က ရှုပ်ပွနေတယ်။ မြေပဲခွံတွေ၊ သရက်သီး အစေ့တွေ၊ အ၀တ်ဟောင်းတွေနဲ့ ဘယ်သူ မှ သန့်ရှင်းရေးမလုပ်ကြဘူး၊ နံရံမှာ ဘောလုံးသင်း တစ်သင်းရဲ့ ပုံသာ ချိတ်မထား ရင်လူနေတယ်လို့ ထင်စရာ မရှိဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒီနေရာဟာ ကမ္ဘာပေါ်မှာ ပျော်စရာအကောင်းဆုံးလို့ ထင်တယ်။
ကျွန်တော်က အားလုံးထဲမှာ အငယ်ဆုံးမို့ ဒီနေရာကို လာခွင့်မရှိဘူး။ ဒါပေမဲ့ သူတို့အတွက် တစ်ခုခု လုပ်ပေးနိုင်တဲ့ အခါမျိုးမှာတော့ သူတို့နဲ့ ရောခွင့်ရတယ်။ ဥပမာ သရက်သီး ခိုးပေးတဲ့အခါမျိုးပေါ့။
ဒါပေမဲ့ သူတို့ပြောတာတွေ ကျွန်တော်နားမလည်ဘူး။ ကျွန်တော်က ဆယ့်တစ်နှစ်သားပဲ ရှိသေးတယ်လေ။ သူတို့ ပြောတာတွေက ကောင်မလေးတွေအကြောင်း ခပ်များများ။ တစ်ခါမှာတော့ မီဇက်က ချာရတီ့ကို ပြောနေသံ ကျွန်တော်ကြားတယ်။ မြို့ထဲမှာတော့ သူတွေ့ထားတဲ့ ကောင်မလေး တစ်ယောက် အကြောင်းပါ။ ပြီးတော့မှ ပြောရင်းတန်းလန်း ရပ်ပစ်လိုက်ပြီး
ဟေ့ တို့စကားပြောရင် သတိထားရမယ်ဟေ့၊ တို့အနားမှာ ချာတိတ်ရှိနေတဲ့ အခါ ဒီအကြောင်းတွေ ပြောဖို့ မသင့်ဘူးတဲ့။
ကျွန်တော်က ဘယ်အကြောခံမလဲ။
''ကျွန်တော် ချာတိတ်မဟုတ်တော့ဘူးဗျ။ ဆက်ပြောပါ၊ ကျွန်တော်လည်း ကောင်မလေးတွေအကြောင်း သိသင့် သလောက် သိပါတယ်။
'ဟုတ်လား၊ မင်းက ဘာတွေသိထားသလဲ၊ ပြောစမ်းပါဦး'
'သိတာပေါ့ ... ခင်ဗျားတို့ သိတာမျိုးတွေ အားလုံးသိတယ်'
တစ်နေ့မှာ ကျွန်တော်နဲ့ ခန်ဘာ ငှက်လိုက်ထွက်ကြတယ်။ သူတို့ဆီ သွားဖို့ ကျွန်တော် အခွင့်ကြုံခဲ့တယ်။ ကလပ်ထဲမှာ သူတို့နှစ်ယောက် ရှိနေမှန်းသိတော့ ကျွန်တော် တံခါးသွားခေါက်တယ်။ ချာရတီက တံခါး ဖွင့်ပေးပြီး
'မင်း ဘာလိုချင်လို့လဲ'
'ကျွန်တော်မှာ ငှက်လေးကောင်တောင် ပါလာတယ်။ ၀င်ခဲ့ရမလား'
သူက ပြုံးပြီး
အင်ဖာလာမှာ မင်းလိုကောင်မျိုး တို့လိုအပ်တယ်ကွ လို့ မီဇက်က ပြေတယ်။
ချာရတီကလည်း ၀မ်းသာအားရ ကဲ မီးမွှေးကြမယ်။
ကျွန်တော်က ဧရာမ မယ်ညိုကြီးတွေကို အမွှေးနုတ်ရတယ်။ ခေါင်းတွေဖြုတ်ပြီး သူ့ဝေစုအဖြစ် ခမ်ဘာဆီ ပစ်ပေးတယ်။ ဒီကောင် အားရပါးရ လွေးတော့တာပဲ။
မီးသွေးမီးဖို မှာ ကင်တော့ ကျွန်တော် သွားရည်ယိုလာတယ်။
ကျွန်တော်တော့ သွားရည်ကျနေပြီ လို့အော်ပြောတော့ သူတို့နှစ်ယောက်က ပြိုင်တူ ဟန့်တယ်။
ဟေ့ကောင် တိုးတိုး တဲ့။
ငှက်လေးကောင် မီးကင်ပြီး ရဲကျွတ်လာတော့ ကျွန်တော်တို့ အားရပါးရ စားကြပါတယ်။ ပြီးတာနဲ့ ကျွန်တော် မမျှော်လင့် တဲ့ စကား ကြားရတော့တာပဲ။
မီးဇက် က အလန့်တကြား ပုံစံဖြင့်
"ဟေ့ ၀ီလျံ မင်းအမေအော်ခေါ်နေတယ်"
"ကျွန်တော် မကြားပါဘူး"
ချာရတီကလည်း
"ဟုတ်တယ်ကွ၊ မင်းအမေ အသံ။ လစ်၊ လစ်၊ မြန်မြန်လစ်"
ကျွန်တော့် ကို မောင်းထုတ်ကြတာလေ။ ကျွန်တော်ဘာမှ မပြောနိုင်တော့ပါ။ ဒါနဲ့ ငှက်အိတ်ကိုယူ၊ ခွေးကို ခေါ်ပြီး မိန်းကလေးတွေ တစ်ပြုံကြီး ရှိရာ ကျွန်တော်တို့အိမ်ကို ပြန်လာခဲ့ရပါတော့တယ်။
ဆက်ရန်
.
No comments:
Post a Comment