"နေပါစေတော့ မောင်ရယ်၊ ဇင့်မှာ တစ်ခြား ဘာအလုပ်ရှိတာ မှတ်လို့။ နောက်ပြီး မိခင်ရဲ့ နို့ရည် ဟာ အလတ်ဆတ်ဆုံး၊ အသန့်ရှင်းဆုံးနဲ့ အာဟာရအပြည့်အ၀ဆုံးတဲ့ …။ ဇင် ကြားဖူးတယ်"
တော်ပါသေးရဲ့၊ နို့ဘူးသာ တိုက်လျှင်တော့ နို့မှုန်နို့ဆီဖိုးနဲ့ မောင် ခေါင်းပြောင်ရချည်ရဲ့။ ပြီး … နို့ဘူး တိုက်ရသည့် ကရိကထကလည်း နည်းလှသည်မဟုတ်။
တော်ပါသေးရဲ့၊ နို့ဘူးသာ တိုက်လျှင်တော့ နို့မှုန်နို့ဆီဖိုးနဲ့ မောင် ခေါင်းပြောင်ရချည်ရဲ့။ ပြီး … နို့ဘူး တိုက်ရသည့် ကရိကထကလည်း နည်းလှသည်မဟုတ်။
ဇင်တွင် ကောင်းစွာ ယုံကြည်သော အချက်တစ်ရပ်ကလည်း ရှိသည်။ ၎င်းမှာ သမီးကို အခြား အစာအဟာရ အကူအညီ မလိုဘဲ မိမိနို့ရည်ဖြင့်ပင် ကြီးပြင်အေင် မွေးမြူနိုင်မည်ဟူ၍ ဖြစ်သည်။
သို့ပေမယ့် … စင်စစ် ဤသည်မှာ ဇင်၏ အတွေးမျှသာ ဖြစ်သည်။
သမီးလေး အခါလည် အရွယ်သို့ ရောက်သောအခါ "နောက်တစ်ယောက်" သည် လာ၍ တံခါး ခေါက်ပြန် လေသည်။
သီချင်းတစ်ပုဒ် ရှိသည်။ သာဓု၏ "ဧည့်သည်" ရုပ်ရှင်ကားမှ ဖြစ်သည်။ လူကြမ်းမင်းသားကြီး မျိုးငြိမ်းက သီဆို ထားသည်။
"ပထမလာတော့ ရွှေဧည်သည်၊ ဒုတိယလာတော့
ငွေ ဧည့်သည်။ နောင်သောအခါဝယ် မကြာမကြာ ရောက်ဆိုသည့် သီချင်း။
သည်လိုပဲ ဖြစ်မည်။
ပထမ ကလေးရှိစဉ်တုန်းကတော့ ဇင်ရော မောင်ပါ ၀မ်းသာလိုက်ကြသည့် ဖြစ်ခြင်း။ ရွှေဧည့်သည် ပေါ့။ ယခု ဒုတိယအကြိမ် ရောက်လာပြန်ပြီဆိုတော့၊ နှစ်ယောက်စလံးက အင်တင်တင် ဖြစ်ချင်လာ သည်။
မောင့် ကို ဖွင့်ပြောတော့ … "ဇင်ကလဲကွာ" မောင်က ညည်းသလို ဆိုသည်။
"ဇင်က ဘာဖြစ်သလဲ မောင်"
"သြော် … ဘာမှ မဖြစ်ပါဘူး"
ဇင် သိပါသည်။ ရိပ်မိပါသည်။
မောင် သိပ်မကြည်ဖြူသည့်အဖြစ်။
သို့ပေမယ့် … ဇင်ကကော ဘာများတတ်နိုင်ပါမည်နည်း။
နှစ်ယောက်စလုံးပင် သည်လောက်နီးလိမ့်မည် မထင်ခဲ့။ ပြီးနှစ်ယောက်စလုံး မဆင်ခြင်နိုင်ခဲ့။
ယခုအခါ ပြန်တွေးလျှင်တော့ ဇင်အ၊ တာ တုံးတာ အမှန်ပင်။
ဇင့်တွင် သားသမီးကင်းဝေးရေးနှင့် ပတ်သက်သော ဗဟုသုတ မရှိ။ အသိဥာဏ် မရှိ။ ဆေးဆို သည်ကိုလည်း မသုံးတတ်ခဲ့ပါ။ "ရာသီခွင်ဇယား"တွင် ဘာတွေကိုလည်း မသိနားမလည်ခဲ့ပါ။
နောက်တစ်ခုက ဇင်သည် အလွန် အရှက်အကြောင့်ကြီးကာ ဤသည်နှင့် ပတ်သက်သော စာအုပ် စာတမ်း တွေ ဖတ်ဖို့နှင့် ဆွေးနွေးတိုင်ပင်ဖို့ ရှောင်ရှားနေခဲ့သည်။
ဇင် ကလေးများများ လိုချင်သည်မှာ မှန်သော်လည်း ခုလို အလွန်နီးကပ်ကပ်ကြီးမျိုးတော့ မဟုတ် ပေ။ နေသာ နားသာခွင့် ကလေးကိုတော့ ပေးစေချင်ပါသည်။
ဘာပဲပြောပြော ယခုတော့ "ငွေဧည့်သည်"ကို လက်ခံလိုက်ရပြီ။
"မင်းဟာ ကျန်းမာတယ်ဆိုပေမယ့် ခလေးနှစ်ယောက်ကို တစ်ပြိုင်နက် အစာကျွေးဖို့တော့ မသင့် ဘူး မသက်ဇင်။ မင်းရဲ့ အင်အားတွေကို မျှယူရတဲ့ ကလေးနှစ်ယောက်မှာလဲ ကြီးထွားမှု လျော့လာ လိမ့်မယ်" ဆိုသော ဆရာဝန်၏ စကားအရ သမီးဥမ္မာကို နို့ဖြတ်လိုက်ရသည်။
သည်အတွင်း မှာပင် ဇင်တို့ ရပ်ကွက်အိမ်ငှားမှ သည်မြို့လည်တိုက်ခန်းသို့ ပြောင်းရွှေ့ရသော အဖြစ်နှင့် ကြုံ လာ သည်။
မောင့် ဖေဖေကြောင့်ပင် ဖြစ်သည်။
တစ်နေ့သောအခါ အိမ်ရှေ့သို့ ကားတစ်စီး ထိုးဆိုက်လာသည်။
မာစီဒီးကား။
ကားထဲမှ မောင်နှင့် မောင့်ဖေဖေ ဆင်းလသည်။
ပစ္စည်း တွေ တပွေ့တပိုက်ကြီးနှင့် ဖြစ်သည်။
ဇင်သည် အံ့အားသင့်လျက် ရှိပေသည်။
"ဖေဖေက ရန်ကုန်ဆင်းလာရင် မောင့်ရုံးကို ရောက်လာခဲ့တယ် ဇင်။ ဇင့်ကိုလဲ တွေ့ချင်တယ်၊ သမီး ဥမ္မာ ကိုလဲ မြင်ချင်တယ်။ ဒါကြောင့် မောင်နဲ့အတူ လိုက်ခဲ့တာပဲ"
မောင့်ဖေဖေ မဆိုးကြောင်းကို ဇင် ယခင်ကတည်းက ရိပ်မိခဲ့သည်။ နားလည်မှုရှိသော လူကြီး လူကောင်း တစ်ယောက်။
ယခုလည်း မောင့်ဖေဖေက ဇင့်ကို နှစ်သိမ့်မှု ပေးပါသည်။
"ဖေဖေ့ သဘောအရဆိုရင်တော့ ဒီလိုဘယ်ဖြစ်ရမလဲ။ အားလုံး ပြေပြေလည်လည် ဖြစ်စေရမှာပေါ့။ ခုတော့ သားရဲ့ မေမေနဲ့ အမက သိပ်ကို တင်းမာနေတယ်လေ။ သူတို့က ပညာဗဟုသုတ နည်းရှား တယ်။ တစ်ယူသန် တယ်။ သားတို့ သမီးတို့ကို အခုလို တွေ့မြင်ရတော့ ဖေဖေ စိတ်မကောင်းပါဘူး ကွာ"
မောင့်ဖေဖေ သည် သမီးဥမ္မာကို ပွေ့ယူနမ်းရှုပ်သည်။
ကလေးက ကြောက်လန့်တကြား ငိုချလိုက်မည် ထင်သော်လည်း ပြုံးရယ်၍ နေလေသည်။
"ဒီရပ်ကွက်မှာနေတာ ဘယ်ကောင်းမလဲ၊ ကျန်းမာရေးနဲ့လဲ မညီဘူး။ မင်းထင်းကိစ္စလဲ စိုးရိမ်ရ တယ်။ ဒီထက် ကောင်း တဲ့ တစ်နေရာ ပြောင်းဖို့သင့်တယ်"
မောင် နှင့် သူ့ဖေဖေတို့ အစီအစဉ်ပြုကြသည်။ မောင့်လက်ထဲသို့ ငွေအတော်တော်များ ထည့်ပေးခဲ့ ဟန်တူသည်။
များမကြာမီ ဇင်တို့ မြို့လယ်ရပ်ကွက်ရှိ တိုက်ခန်းတစ်ခန်းသို့ ပြောင်းဖြစ်ခဲ့ကြသည်။
ယင်းနေရာသို့ ပြောင်းခဲ့ရသဖြင့် ဇင် မပျော်ပိုက်နိုင်ခဲ့သည်မှာ အမှန်ပင်။
ရပ်ကွက် က မြန်မာရပ်ကွက် မဟုတ်၊ အများအားဖြင့် လူမျိုးခြား တရုတ်ကုလားတွေကို မြင်နေရ သည်။
ဇင်တို့ အခန်းသည် သုံးထပ်မှာ ရှိသည်။ ဆယ့်နှစ်ပေခွဲ ပေငါးဆယ် ကျယ်ဝန်းသည်။
လုပ်ငန်းများ ရှိရာအရပ်မို့ ဘယ်အခါမှ ဆိတ်ငြိမ်မနေ။ တစ်နေကုန် စည်စည်ကားကားနှင့် ဆူညံနေ တော့သည်။ ညရောက်တော့လည်း ပုံနှိပ်စက်သံများ ညံနေသည်။ သန်ကောင်တိုင်အောင် လူငယ် တို့၏ ဂစ်တာသံ၊ အသံသေး အသံကြောင့်ဖြင့် အော်ဟစ်သံ၊ တစ်ခါတစ်ရံ ရန်ဖြစ်ပြီး တုတ်ဆွဲ ဓားဆွဲသံများ ကြားနေ ရတတ်သည်။
အဆိုးဆုံး ကတော့ သုံးထပ်အငြမ့်သို့ ကျဉ်းမြောင်းမည်း မှောင်ကာ မတ်စောက်သော လှေခါးမှ တက်ရခြင်း ဖြစ်သည်။ လှေခါးအဆုံးသို့ ရောက်သောအခါ တစ်နေ့တာ ရှုရှိုက်ထားသော အောက်ဆီဂျင်များ ကုန်ခမ်း သွားသလို မောပန်းနေတော့သည်။
ပြီး … ဗမာရပ်ကွက်တွေမှာလို တစ်အိမ်နှင့်တစ်အိမ် တစ်ခန်းနှင့်တစ်ခန်း ကူးလူးဆက်ဆံ၍ မရ။ အနေစိမ်း ကြသည်။ တစ်ဘက်ခန်းမှာ လူသတ်မှု ဖြစ်နေစေဦးတော့ သည်ဘက်ခန်းက သိလိုက် မည် မဟုတ်ချေ။
ဇင်သည် ဈေးသွားမည် ဆိုလျှင်လည်း ကလေးတစ်ဘက် ဈေးခြင်းတစ်ဘက်နှင့်။ ပြည့်သူဆိုင်က ဘာပေး သည် ဆိုလျှင်လည်း ကိုယ်တိုင် ကလေးချီပိုးကာ ပြေးပြီးတန်းစီရပြန်သည်။
မောင့် ကို အားကိုး၍လည်း မရနိုင်။
မောင်တို့ ယောက်ျားဆိုသည်က အလုပ်အများသားလေ။
ရုံးချိန်ကျပြန်တော့ ရုံးမှာမို့။ ရုံးချိန်ပြီးပြန်တော့ ရုပ်ရှင်တွေ၊ ဘောလုံးပွဲတွေမှာ အချိန်ဖြုန်းရပြန် သည်။ တစ်ခါတစ်ရံကျတော့ အဖော်အပေါင်း ကောင်းသည်နှင့် အရက်ဝိုင်းရှည်ကြာသွားပြီး ညည့်နက်မှ မူးရူးကာ အိမ်ပြန်ရောက်လာသည်။
ဇင်တို့ သမီးရည်းစားဘ၀က တွေးခဲ့သည့် ရှေ့ရေးနောင်ရေးတွေမှာ သည်အကြောင်း မပါဝင်ခဲ့ပါ။ ဆွေးနွေး ကြစဉ် ကလည်း ရုပ်ရှင်တွေ၊ ဘောလုံးပွဲတွေအကြောင်း မပါဝင်။ သူငယ်ချင်းတွေနှင့် အရက် သောက် အချိန်ဖြုန်းမည့် အကြောင်းတွေ မပါဝင်။
အင်္ဂလိပ် အမေရိကန် မဂ္ဂဇင်းတွေမှာ မြင်ရတတ်သည့် အိမ်ထောင်စုမျိုးကို စိတ်ကူးယဉ်ခဲ့သည်။ ဆေးရောင်စုံ ဓာတ်ပုံတွေထဲက လှပသည့် ဧည့်ခန်းမျိုးတွေ၊ သန့်ရှင်းသပ်ရပ်သည့် မီးဖိုခန်းတွေကို စိတ်ကူးယဉ် တည်ဆောက်ကာ မိမိကိုယ်မိမိ အိမ်ရှင်မကောင်း တစ်ယောက် ဖြစ်လာဖို့ လောက်ကို သာ ဇင် တွေးခဲ့သည်။
အိမ်ဖော်ထားဖို့ပင် စိတ်မကူးရဲသေး။ လခက အကြောင်းမဟုတ်။ လူတစ်ယောက်၏ စရိုက်ကို ကြည့်ရ သေးသည်။
မေမေ လာနေနိုင်လျှင်တော့ အကောင်းသားပေါ့။ သို့သော် … မေမေသည် ရန်ကုန် စရိုက်ကို မကြိုက်။ ရပ်ကွက် ထဲမှာ နေတုန်းကလည်း အိမ်သာပြဿနာ၊ မိလ္လာသိမ်းသည့် စနစ်များကို မေမေ့ မှာ လက်မခံ နိုင်အောင် ရှိသည်။
မြို့မှာဆိုလျှင်တော့ ရေလောင်းအိမ်သာ မတတ်နိုင်ဘူးထား၊ တွင်းနက်နက်ကြီးတွေတူးကာ သန့်ရှင်းစွာ အသုံးပြု နိုင်သည်။ ရန်ကုန် ဆင်းရဲသား ရပ်ကွက်များ၏ ဇလားအိမ်သာ စနစ်ကို မေမေ မနှစ်ခြိုက်နိုင်။ မိလ္လာ သိမ်း သည့် ကားလာလျှင် မေမေ စိတ်ဆင်းရဲနေလေ့ ရှိသည်။
ယခု မြို့လယ်တိုက်ခန်းကျတော့လည်း ပန်းနာရောဂါ ရှိသော မေမေနှင့် မကိုက်။ လှေခါးကို တစ်ကြိမ်တစ်ခါ ဆင်းရ တက်ရ မည့် အရေးကို သေမလောက် တွေးကြောက်သည်။ ပြတင်းမဲ့ အုတ်နံရံ နှစ်ဘက်အကြားမှာ နေရသည့် အတွက်လည်း လေကို ၀၀လင်လင် မရှုနိုင်။
သို့တိုင်အောင် မွေးဖွားရက် နီးလာပြီဆိုသောအခါ မေမေ ကြိုးစားပြီး လာနေပေးသည်။
"ငွေဧည့်သည်" မှာ ယောက်ျားကလေးဖြစ်၍ ၀မ်းသာရပါသေးသည်။
သားကို မွေးဖွားပြီးချိန်မှာ ဇင်သည် ပထမကလေးတုန်းကနှင့် မတူချေ။ မောပန်းနွမ်းလျကာ သတိမေ့တစ်ချက် လျော့တစ်ချက် ဖြစ်နေခဲ့သည်။ သွေးလွန်ကာ သွေးအစား သွင်းသည်။
မွေးဖွား ပေးသော ဆရာဝန်ကလည်း ဇင့်ကို သိပ်ကျန်းမာတဲ့ အမေဟု မချီးမွမ်းတော့ချေ။ ကျန်းမာရေး ဂရုစိုက်ဖို့ သတိပေးသည်။
သည်မှာ မောင်နှင့် ပတ်သက်၍ နာစရာတစ်ခုရလာသည်။
ဇင် ၀မ်းနာချိန်မှာ ညဥ့်နက်ပိုင်း ဖြစ်သည်။ တစ်နာရီခွဲ နေပြီ။ ထိုနေ့က ဇင်ကိုယ်တိုင် မသင်္ကာ၍ မောင့်ကို ရုံး မှ ခွင့်ယူခိုင်းထားသည်။ မောင်က အရေးတကြီး ကိစ္စရှိ၍ဆိုကာ ခွင့်မယူခဲ့။ ပြီး အချိန်တန်သည့်တိုင် အိမ်ပြန် မလာ။
ဖြစ်ရပုံများ … တစ်ဘက်ခန်းမှ လင်မယားကလည်း အဖော်မရ။ တံခါးခေါက်၍ အကူအညီ တောင်းသည့်တိုင် ဖွင့်မပေးခဲ့။
မေမေကိုယ်တိုင် တက္ကစီကား ဆင်းရှာရသည်။ ဇင့်ကို တွဲချ ပေးရသည်။
မေမေ ခမျာ ဖတ်သီ လိုက်နေသည်။ မောနေသည်။ လှေကား တက်ရဆင်းရနှင့် မေမေ့ရင်သည် ဖားဖိုလို နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ ဇင်မှာ မိမိကိုယ်ထက် မေမေ ရုတ်တရက်များ သေဆုံး သွားတော့မလား ထင်မိ သည်။
သမီးဥမ္မာကို နှိုးကာ သားအမိသုံးယောက် ဆေးရုံသို့ လာခဲ့ကြသည်။ ထိုနေ့ညက ဇင်သည် ဆေးရုံ မွေးလူနာခန်း ၌ သေလုမျောပါး ဝေဒနာ ခံစားနေရစဉ် ဆေးရုံစင်္ကြံ၌ မေမေနှင့် သမီးဥမ္မာတို့မှာ ညလုံး ပေါက် ချမ်းချမ်းစီးစီးနှင့် မိုးစင်စင် လင်းခဲ့ရသည်။
မနက်ကျတော့ မောင် ဆေးရုံသို့ ရောက်လာသည် မောင့်ကို ကြည့်ရသည်မှာ အရက်နာကျနေ သည့်ပုံမျိုး လွန်ထားသည့် ပုံမျိုး။
"မောင် တကယ်ပဲ စိတ်မကောင်းပါဘူး ဇင်ရယ်။ မောင့်ကို ပေးချင်တဲ့ အပြစ်ပေးပါ" ဆိုကာ မောင် မျက်ရည်ကျ ပြသည့်တိုင် ဇင့် ရင်ထဲမှ အကျိတ်အခဲက မကြေနိုင်ချေ။
ဇင်သည် မောင့်ကို ဘာတစ်ခွန်းမှ မပြောဘဲ မျက်ရည်တွေတွေ ကျသည်။
"နောင် ဒါမျိုး ဘယ်တော့မှ မဖြစ်စေရပါဘူး ဇင်ရယ်နော်။ ဒီတစ်ခါတော့ ခွင့်လွှတ်ပါကွယ်"
မောင်က သားအတွက် နာမည် ရွေးပေးသည်။
"မောင်နန္ဒာမင်း …" တဲ့။
ဇင်သည် သား၏အမည်ကို ရွတ်ဆိုရင်း ရှေ့ရေးအတွက် တွေးကာ သက်ပြင်းတစ်ချက်ကို ကျိတ်၍ ရှိုက်လိုက်မိလေသည်။
ဇင်သည် တစ်ခါတစ်ရံ မိမိကိုယ်မိမိ ရူးသွပ်သွားလေတော့မလား ထင်မှတ်မိသည့်တိုင်အောင် စိတ်ဓာတ် ကျဆင်း လျက် ရှိရသည်။
ဇင် စိတ်ပညာစာအုပ်မှ ဖတ်ဖူးသည်ကို ပထမဦးဆုံး ကလေးအမွေးတွင် ဖခင်ဖြစ်သူသည် ကလေး အပေါ် ၀န်တို စိတ်ရှိ သည်ဟု ဖြစ်သည်။ အကြောင်းမှာလည်း မိမိနှင့် ဇနီးတို့ အကြား ချစ်ခြင်းမေတ္တာ ကို လုယူ သွားသည်ဟု အထင်ရောက်သောကြောင့်ဟု ဆိုသည်။
ဇင် အမှတ်များ မှားလေသလား၊ သို့မဟုတ် စာအုပ်ကပဲ မှားလေသလား၊ သို့မဟုတ် မောင့် စိတ်ထားကပဲ မှားလေသလား။
မောင်နှင့် ကလေးတို့အကြား ၀န်တိုစိတ် ပွားလာသည်မှာ သားကို မွေးလာမှ ဖြစ်သည်။
စင်စစ် ပထမ ၀န်တိုသူက သမီး ဖြစ်သည်။ တစ်နှစ်ခွဲကျော် ကလေးမျှသာ ရှိသေးသော ဥမ္မာသည် မအေနှင့် ခွဲအိပ် ရသည့်အတွက် မအေ၏ ယုယမှုကို မခံရသည့်အတွက် မောင်ငယ်အပေါ် ၀န်တို လျက် ရှိသည်။
ဆက်ရန်
.
3 comments:
အင်း ကလေးအမေတွေ ပင်ပန်းတာ ကိုယ်ချင်းစာသား။
အဲဒီလို ကိုယ်ချင်းစာလို့ ကလေး ကိုယ့်ဆီလာလာနေတာကို ကလေးအမေအားနာလို့ အလုပ်တစ်ဖက်ကြားက ကူထိန်းပေးမိတယ်။ မကြာဘူး - သူ့အမေက မိုးလင်းတာနဲ့ ကိုယ့်ဆီ အတင်းသွားခိုင်း၊ ထိုးလွှတ်၊ ကလေးကို ကိုယ့်ဆီ မဟုတ်ရင်တောင် နီးရာလူလက်ထဲ အတင်းထိုးထည့်ပြီး သူက ဘာမှ မလုပ်ဘဲ အိမ်တကာလည် အရပ်တကာပတ်နေတော့ ကျွန်မလဲ မခံနိုင်၊ ကလေးအတင်းထိုးထည့်ပြီး အမေ ထွက်ပြေးတာ ခံရတဲ့ တခြားလူတွေလဲ စိတ်ဆိုးကုန်တယ်။ မိခင်တစ်ယောက်ကို စာနာငဲ့ညှာရမယ်ဆိုပေမယ့် ခံနေကြရတာက အသားလွတ်ကြီး။ မိခင်မေတ္တာအပြည့်နဲ့ အရပ်တကာလည် သူများအကြောင်း စပ်စုနိုင်အောင် သူ့ကလေး ထိန်းပေးရမလို ဖြစ်နေတယ်။ ခုတော့ အားမနာတော့ဘူး။ ကလေးညာထိန်းခိုင်းရင် ဆောရီးပဲ။
အင်း ကလေးအမေတွေ ပင်ပန်းတာ ကိုယ်ချင်းစာသား။
အဲဒီလို ကိုယ်ချင်းစာလို့ ကလေး ကိုယ့်ဆီလာလာနေတာကို ကလေးအမေအားနာလို့ အလုပ်တစ်ဖက်ကြားက ကူထိန်းပေးမိတယ်။ မကြာဘူး - သူ့အမေက မိုးလင်းတာနဲ့ ကိုယ့်ဆီ အတင်းသွားခိုင်း၊ ထိုးလွှတ်၊ ကလေးကို ကိုယ့်ဆီ မဟုတ်ရင်တောင် နီးရာလူလက်ထဲ အတင်းထိုးထည့်ပြီး သူက ဘာမှ မလုပ်ဘဲ အိမ်တကာလည် အရပ်တကာပတ်နေတော့ ကျွန်မလဲ မခံနိုင်၊ ကလေးအတင်းထိုးထည့်ပြီး အမေ ထွက်ပြေးတာ ခံရတဲ့ တခြားလူတွေလဲ စိတ်ဆိုးကုန်တယ်။ မိခင်တစ်ယောက်ကို စာနာငဲ့ညှာရမယ်ဆိုပေမယ့် ခံနေကြရတာက အသားလွတ်ကြီး။ မိခင်မေတ္တာအပြည့်နဲ့ အရပ်တကာလည် သူများအကြောင်း စပ်စုနိုင်အောင် သူ့ကလေး ထိန်းပေးရမလို ဖြစ်နေတယ်။ ခုတော့ အားမနာတော့ဘူး။ ကလေးညာထိန်းခိုင်းရင် ဆောရီးပဲ။
အဲဒီစိတ်ပညာ စာတော့ မဖတ်ဖူးဘူး...
အင်း . . .ဘယ်လို ဖြစ်လာမယ် မသိ။
Post a Comment