သူတို့ ကတော့ ပြောပါတယ်။ အိပ်ရင် အိပ်ပါတဲ့ ဘယ်လိုလုပ်အိပ်ရမှာလဲ၊ ဖိုးဘတင် အိပ်ရာက တီဗီဘေးမှာ ဘယ်လို မှ အိပ်တတ်ပေါင်ဗျာ။ တီဗီကိုကျလဲ ကြာရှည်ကြီး ဖိုးဘတင်မကြည့်ချင်ဘူး။ ဒေါင်ဒင်၊ ဒေါင်ဒင် တွေကို အကြာကြီးနားမထောင်နိုင်ပါ ဘူး။ တီဗီမှာ ဖိုးဘတင်ကြိုက်တာ ဂြိုဟ်တုသတင်းပဲရှိတယ်။ အဲ… မြန်မာသတင်း ဆိုလဲ ဖိုးဘတင်ကြည့်ပါတယ်။ ခရီးလှည့်လည်ရေး အစီအစဉ်တွေမှာ အညာကို ရိုက်ပြတာ တစ်ခါ တလေ ပါတတ်တယ်။ အလွမ်းပြေ ကြည့်ရတာပေါ့လေ၊ တစ်ခါ ဟာ စစ်ကိုင်းတံတားကြီးကို မြင်လိုက် ရတာ ရင်ထဲကို ဆို့သွားတာပဲ။
'ဒါဆို ဘီယာထွန်းတော့ ပျော်နေပြီပေါ့'
'ဘီယာ အာတော့ဆွေးမှာပဲ သူဖို့ပါမှာ မဟုတ်ဘူး'
အမြွာညီအစ်မရဲ့ တိုးတိုး ကျလိကျလိအသံတွေကို ဖိုးဘတင် အာရုံစိုက်ပြီး နား လည်ဖို့ကြိုးစာတယ်။ မိန်းကလေး တွေက ဘီယာအကြောင်း ဘာလို့ ပြောရမှာလဲ။
တီဗီက ရှစ်နာရီသတင်း တီးလုံးသံ ပေါ်လာတယ်။ တီဗီရှေ့မှာ ထိုင်ကြည့်နေတဲ့ ဆန်နီခင်က 'အာပါပါ' ဆိုတဲ့ အသံလဲ ပေါ်လာတယ်။ သံစုံနာရီကလဲ ရှစ်နာရီတီလုံး ကို တီးတယ်။ တစ်ပြိုင်တက်တည်းမှာပဲ တံခါး ခေါက်သံ ပေါ်လာတယ်။
'ဟော… မေကြီးတို့လာပြီ'
အမြွာညီအစ်မနှစ်ယောက် တံခါးပေါက်ဆီ ထပြေးကြတာကို ဆန်နီက ခေါင်းတွေ ညိတ်ပြီး သဘောကျ တယ်၊ ဖိုးဘတင်ကိုလဲ လှမ်းမေးငေါ့ပြလိုက်သေးတယ်။
'မေကြီး သမီးတို့ဖို့ ဘာပါလဲ'
'တုတ်ထိုးမ၀ယ်ခဲ့ဘူးလား မေကြီး'
'အို… ဘယ်လိုဖြစ်နေကြတာလဲ၊ မအေမယ် မောရတဲ့ထဲ၊ ဟောဒီ လှေကားကြီးတက် လာပြီးရင် အသက်ရှူ လို့ကို မ၀တော့ဘူး.. ဟူး'
ချွေးမပြန်လာတိုင်း ကြားလေ့ရှိတဲ့ သြဇာသံ နွမ်းပျော့ပျော့ကို ဖိုးဘတင် စတင်နာ ကြားရမြဲ။
'သိပါတယ်နော်၊ မေကြီး ဒီနေ့ ရေလျှံတယ်တဲ့'
'လျှံတာက နည်းနည်၊ ပြောရတာ ကတော့ အာကိုခြောက်ရော၊ သွားလိုက်ရတာလဲ ချာချာလည်လို့၊ ခင်ခင် လဲ ဓါတ်ဆီဖိုး တော်တော်ထိတယ်'
ချွေးမလုပ်သူ စကားအမျှင်မပြတ် ပြောပြီး ကြွပ်ကြွပ်အိတ်တွေထဲက ပစ္စည်းတွေကို ထုတ်နေတာကို ဖိုးဘတင် ကြည့်နေမိရင်း သူ့ကို ပြောတဲ့ ရေလျှံတယ်ဆိုတဲ့ အဓပ္ပါယ်ကို မသက်မသာ စဉ်းစားနေမိတယ်။ အဆင်ပြေ တာကို ပြောတာလား၊ ဘာကို ပြောတာလဲ။
'ရော့… ဟောဒါက လင်စာ'
ချွေမက အိတ်ကလေးတစ်အိတ်ကို သားလုပ်သူရှေ့ချလိုက်တာနဲ့ အမြွာညီအစ်မ တို့က ဟေးခနဲ အော်ကြတယ်။ သားလုပ်သူကတော့ သူ့ထုံးစံအတိုင်း ခပ်ပြုံးပြုံး။
'ရေခဲစိမ် ကုန်နေလို့ ရေခဲနဲ့ညှပ်ထည့်ပေးလိုက်တယ်။ အိမ်ကျမှ ရေခဲသေတ္တာထဲ ထည့်လိုက်ပေါ့၊ ရေခဲသေတ္တာ ရှိတယ် မဟုတ်လားတဲ့၊ ဆိုင်က အထင်ကြီးနေသေး တယ်၊ ရှက်စရာကောင်းတာ၊ ၀ယ်မယ်… ၀ယ်မယ်၊ ငါ ၀ယ်မယ်'
ထုံးစံအတိုင်း ချွေးမရဲ့ ရေခဲသေတ္တာလေး ခင်းပြသံကိုအားလုံး ကြားကြရတယ်။ သားလုပ်သူ့ရဲ့ရှေ့မှာ ဘီယာဘူး အစိမ်းလေးတစ်လုံးကို ဖိုးဘတင် မြင်ရတယ်။
'ကဲ. ရော့၊ ဟောဒါကသားစာ၊ သမီးစာ'
မအေ လုပ်သူချတဲ့ နောက်အထုပ်တွေကို သမီးနှစ်ယောက် အလုအယက် ဖွင့်ကြပြန် တယ်။
'တုတ်ထိုးတွေဟေ့၊ အမယ်…ပြောင်းဖူးပြုတ်က သူ့သားကြီးကြိုက်လို့ပေါ့ ဟုတ် လား'
'ဒါက ဘာလဲမေကြီး၊ ငှက်ပျောပူတင်းလား'
'ဟုတ်တယ်၊ ဒါက ၀က်အူချောင်း၊ နက်ဖြန်အတွက်၊ ညနေဈေးဝင်ဖို့ မမီတော့ဘူး လေ၊ ခုညလဲ ဟင်းမလောက် ရင် ကြော်စားကြပေါ့၊ စားပြီးကြပလား၊ ဘိုးဘိုးရောစား ပြီးပလား၊ ဒီမှာ ရော့..ရော့၊ ဘိုးဘိုး ကျွေးလိုက်၊ ဘိုးဘိုးအတွက် မလိုင်လုံး ၀ယ်လာတယ်၊ အချိုစားရအောင်လို့'
ဖိုးဘတင် အလှည့်က နောက်ဆုံးမှ ကျရောက်လာတယ်။ အမြွာညီတစ်ယောက်က မလိုင်လုံးအိတ်ကို မီးဖိုထဲ ယူသွားပြီး ပန်ကန်လုံးလေးထဲ ထည့်လာတယ်။
'ရော့.. ဘိုးဘိုး၊ ဘိုးဘိုးက စားပြီးပြီ၊ သမီးတို့မစားသေးဘူး၊ ဟင်းက နည်းနည်းပဲ ရှိတော့တယ်'
'အေးလေ၊ ဒီမှာ တုတ်ထိုးတွေ၊ ၀က်အူချောင်းတွေပါသားပဲ၊ အာကာရော မရောက် သေးဘူးလား'
'ရောက်သေးဘူး'
'ဟဲ..ဆန်နီ ကို မုန့်ကျွေးလိုက်ပါဦး၊ သမီးတို့ ခိုင်းစရာရှိရင်ဖြင့် ဆန်နီ၊ ဆန်နီနဲ့'
'ဟုတ်ကဲ့ပါ၊ ကျွေးမှာပဲ'
ဆန်နီကတော့ သတင်းကြေညာနေတဲ့ တီဗီမျက်နှာကိုပဲ စူးစိုက်လို့။ ဘယ်သူ့မှဂရုမ စိုက်ဘူး သတင်းကိုပဲ နားလည် သလို တစ်ခါတစ်ခါပြုံးလိုက်၊ ခေါင်းညိတ်လိုက်၊ ရှံ့မဲ့ လိုက်နဲ့။
'အဖေ စားလေ'
သာလုပ်သူဆီက စကားတစ်ခွန်းထွက်လာတယ်။ ပက်လက်ကုလားထိုင် လက် တန်းပေါ်က မလိုင်လုံး ပန်းကန်လေးကို ဖိုးဘတင် ယူလိုက်တယ်။ မလိုင်ရည်ပျစ် ပျစ်နဲ့ ပေသီးလောက် မလိုင်လုံးလေး၊ သုံးလုံး ကြည့်ရတာ စားသချင့်ဖွယ်တော့ ရှိသား၊ အာရောင်လေး ခပ်ညိုညို။
အင်း..ချွေးမကို ဒါတစ်ခုတော့ ချီးမွမ်းရမယ် ဖိုးဘတင် ချိုချိုအေးအေး ကြိုက်တာ မှတ်ထားတဲ့အတွက်ပါပဲ၊ ဖိုးဘတင် နည်းနည်း လဲဆာနေတယ်၊ ညနေထမင်းစား မကောင်းဘူး။ အမြွာမနှစ်ယောက် အ၀တ်တွေ လျှော်ကြတာနဲ့ ကိုယ်ဟာကိုယ် ခူးခပ်စားလိုက်တာ။ နွှေးလဲ မနွှေးတော့ဘူး။ ဟင်နည်းနေတာနဲ့ ညှာလဲစားလိုက်ရတယ်။
အဲ.. သူတို့ကတော့ ပေါရင်ပေါသလို စည်းကမ်းမရှိ စားကြတော့မယ်။
မလိုင်လုံး တစ်ခြမ်းကို ဇွန်းလေးနဲ့ ဖိုးဘတင် ကော်စားလိုက်တယ်။ အိုး- ဘယ်လို ကြီးလဲ၊ ချိုတာက ချိုပါရဲ့၊ ဒါပေမယ့် မလိုင်အရသာ မပေါ်ဘဲ၊ ဂျုံအရသာ ပေါ်နေ တယ်။ မလိုင်မစစ်ပါဘူး။ ဂျုံမှုန့်တွေနဲ့ ရောထား တာပါ။ ချိုပုံကလဲ တစ်မျိုးကြီး။
ဆက်ရန်
.

3 comments:
မရွှေစင်ရေ
မဖတ်ရသေးတာလေးတွေ အပြေးအလွှားဖတ်သွားတယ်။ မမန့်ဖြစ်တာ မအားလို့ အမကြီးရေ ...။
မရွှေစင်၊ အရီးလေးနဲ့ သမီးများ အားလုံး အဆင်ပြေ ပျော်ရွှင် နေကောင်းကြပါစေ ...
သရက်မလိုင်လုံး အစစ်မဟုတ်ဘူးထင်တယ်...
Hola,
ЎGracias por el artнculo. Cada vez que quieres leer.
[url=http://www.affhtc.com/]Garretot[/url]
Post a Comment