'ဆန်နီ့ကို ပြောင်းဖူးပြုတ်ကျွေးလိုက်မယ်၊ မေကြီး’
’ကျွေးလိုက်လေ’
ဖြူပြာက တီဗီကို စိတ်ဝင်းစားနေတွဲ ဆန်နီ့ပခုံးကိုတို့ လိုက်တော့ ဆန်နီ လှည်ကြည့်တယ်။ ပြီးတော့ ဖြူပြာပေးတဲ့ ပြောင်းဖူးပြုတ်ကို အတင်း ငြင်းတော့တာပဲ။ ဖြူပြာက နောက်ပြောင်ပြီး ကြည်ပြာ ကျွေးမှာလား ဆိုတဲ့ အမူအရာနဲ့ ကြည်ပြာ့ကို ပေးခိုင်းတော့လဲ မယူဘူး။ ဆန်နီ ရှက်နေတာကို ကြည်ပြီး အမြွှာညီအစ်မက သဘောကျနေတယ်
နောက်ဆုံး အတင်းလက်ထဲ ထည့်ပေးတော့မှ ယူပြီး စားတယ်။
’ဘိုးဘိုးရော ပြော်င်ဖူး ပြုတ်စားဦးမလား’
အမြွှာညီအစ်မက ပြောင်းဖုးပြုတ်တစ်ဖူးစီ စားနေရာက ဖိုးဘတင်ကို ပြောင်းဖူးတစ်ဖူး လှမ်းပေးတယ်။ စားချင်သလိုလိုရှိတာမို့ ဖိုးဘတင် တစ်ချိုး ချိုးယူလိုက်တယ်။
’အာကာဖို့ရော ကျန်သေးရဲ့လား’
’ကျန်ပါတယ်၊ ဘိုးဘိုးက သူ့မြေးကြီးအတွက် မကျန်မှာ ကြောက်နေတာ’
အညာဆောင်းတွင်း ပြောင်းအရာသာကို တွေးတောရင်း ပြောင်းဖူးတစ်တန်းကို ခြွေစားလိုက်တဲ့ ဖိုးဘဘင်ပါးစပ် ထွန့်ခနဲ ဖြစ်သွားတယ်။ ပြောင်းဖူးချို၊ ချိုတာတော့ မဟုတ်ဘူး။ ဟာ ဟုတ်ပလေ့ ၊ ခုနမလိုင်လုံးက အချိုမျိုးပဲ။ အစစ်၊ အစစ်၊ မလိုင်လုံးချိုနဲ့ ဒီအချို တူတူပဲ။ ဘယ့်နှယ်ဟာ တွေတုံး။
’ပြောင်းဖူးအရာသာကြီးက ချိုတိုတိုနဲ့ ဘာတွေများ ထည့်ထားတာတုံး၊ ဟေး... ဖြူပြာ’
ဖြူပြာက သူ့ပြောင်းဖူးကို အေးအေးဆေးဆေး ခြွေစာရင်း မထူးဆန်းသလို ဖြေတယ်။
’သကြားင်္ဆီ ထည့်ပြုတ်တာပေါ့ ဘိုးဘိုးရဲ့၊ဒါမှ ချိုမှာပေါ့’
’ဘာ သကြားဆီ၊ ဆေးသကြားလား’
’သကြားဆီပါဆို ဘိုးဘိုးကလဲ’
’အေး အေး ဟိုတ်ပါပြီ၊ အဘိုးတို့ဆီမှာက သကြားဆီကို ဆေးသကြားခေါ်တာ၊ သြော် ကောင်းရောကွာ၊ ဘယ့်နှယ့် ပြောင်းဖူးထဲက ဆေးသကြားထည့်ပြုတ်ရတယ်လို့၊ သူ့သဘာဝအချိုထက် တာကများ ပိုးကောင်းဦး မှာတုံး၊ ဟောဒီ မလိုင်လုံးထဲလဲ ဆေးသကြားတွေ ထည့်တယ် ထင်တယ်’
’ထည့်တာပဲ ဘိုဘိုးရေး၊ သကြား မတတ်နိုင်ကြတော့ မုန့်မှန်သမျှ အကုန် သကြားဆီထည့်ကြတာပဲ၊ သကြားဆီ က နည်းနည်းနဲ့ အရာရောက်တယ်လေ’
ချွေးမလုပ်သူက အံ့သြနေတဲ့ ဖိုးဘတင်ကို ၀င်းရှင်းပြတယ်။
’ညည်း မလိုင်းလုံးကရော ဘယ်လောက်များ ပေးခဲ့ရတုံး’
’တစ်လုံး သုံးကျပ်’
’ဟေ တစ်လုံးသုံးကျပ်၊ မလိုင်လုံးတစ်လုံး သုံးကျပ်တဲ့၊ တို့ငယ်ငယ်တုန်းကဆိုရင် ကုလာမလိုင်လုံးကြီး တစ်လုံးမှ တစ်ပဲရယ်’
သားအမိ သားအဖတစ်တွေ တစ်ယောက်မျက်နှက် တစ်ယောက် ကြည့်လိုက်ကြတာကို ဖိုးဘတင်ကဟော့ ဂရုမစိုက်မိပါဘူး။
’အရသာကလဲ ဒီလိုရေသာမျိုး ဘယ်ဟုတ်မလဲ၊ မလိုင်အရသာကို ပေါ်လို့၊ တစ်လုံးဆိုအီသွားတာပဲ၊ လိမ္မော်သီး အကြီးကြီး တစ်လုံးလဲ တစ်ပဲပဲ၊ ကြက်သားကြော်တစ်ပေါင် တစ်ပဲ၊ ကြက်ဥပြုတ်တစ်လုံး နှစ်ပြား’
အဲဒီအချိန်မှာ အခန်းတခါးခေါက်သံ ပေါ်လာတယ်။
’ကိုအာကာလာပြီ ’
အမြွမတစ်ယောက်က ၀မ်းသာအားရ အော်တယ်၊ အာကာပြန်လာလို့ မဟုတ်ဘူး၊ အဘိုးလုပ်သူရဲ့ ’ငယ်ငယ်တုန်းကဆိုရင် ’ဓတ်ပြားဟောင်းကြီး နားထောင်ရမယ့် အရေးကနေ လွတ်မြောက် သွားတဲ့အတွက် ၀မ်းသာတာ၊ အာကာကို အကြောင်းပြုပြီး မိသားစုတွေ ဓာတ်ပြားဟောင်းကြီး နားကနေ မသိမသာ ရှောင်ပြေးကြတယ်။
ဖိုးဘတင်ခမျာ သူ့ဓာတ်ပြားဟောင်းကြီးကို အသာလေးရပ်ထားလို့ရပြီး မြေးလုပ်သူ ၀င်လယတာကိုပဲ လှမ်းကြည့် နေလိုက်ရတော့တယ်။
’ဆာလိုက်တာ အရမ်းပဲ ဘာချက်လဲမေကြီး’
အာကာ့ထုံးစံအတိုင်း ဆာတာကို တတွက်တွက် အော်ဝင်လာတယ်။ မီဖိုးထဲ တန်းသွားမယ် ခြေလှမ်းတွေ ဧည့်ခန်းအလယ်မှာ ရပ်ဘွားတယ်။
’ဟာ ပြောင်းဖူးပြုတ်တွေပါလား၊ အမယ် ဖေကြီးက ဘီယာတွေ ဘာတွေနဲ့၊ မေကြီး ဒီနေ့ရေလျှံတယ်ပေါ့လေ’
ဟော လာပြန်ပြီ ရေလျှံတစ်ယောက်။ ဘာတွေမှန်းလဲ မသိပါဘူး။ ဖိုးဘတင်က မိုးလေ၀သ သတင်းဘက် ကိုပဲ အာရုံစိုက်လိုက်တော့တယ်။
’မေကြီးက သားအတွက်ကျ ဘီကာမပါဘူးလား’
’ဘာလို့ပါမှာလဲ ၊ အစရှိ နောင်နောင်၊ မသောက်ရပါဘူး’
မအေက ပြောနေတုန်း ဖအေလုပ်သူက သူ့လက်ထဲက ဘီယာလက်ကျန်းဘူးကို သားလုပ်တဲ့သူ့ကို လှမ်းပေး တယ်။ ’ရော့ ’တဲ့။
’ဖအေကြီး၊ တော်တော်အလိုလိုက်နော်၊ ဘီယာ၊ ဘီယာကနေ အရက်ပျော့၊ အရက်ပျော့ကနေ အရက်ပြင်း၊ အရက်သမား ဖြစ်မယ်။
မအေ ဘယ်လောက်ပြောပြော၊ သားလုပ်တဲ့သူကတော့ တဂွတ်ဂွတ် မော့နေလေရဲ။ ညီအစ်မနှစ်ကောက်က ဘီယာအာ၊ ဘီယာအာလို့’စတာကိုတောင် ခွန်းတုံးမပြန်ဘူး။
ဘီယာလေး တစ်ဘူး နှစ်ယောက်ခွဲသောက်နေရရှာတဲ့ သားအဖ နှစ်ကောင်ကို ဖိုးဘတင် သနားမိတယ်။ ဘီယာဆိုတာမျိုးက မစို့ မပို့သောက်လို့ တောင်းတာ မဟုတ်ဘူး။ အင်းလေ... ဈေးက စကား ပြောတာကိုး၊ ဖိုးဘတင်တို့ ငယ်ငယ် တုန်းကုတော့ တီတံဆိပ် ဘီယာပုလင်းတွေ ပေါမှပေါ။ ဒီကောင်တွေ တိုက်လိုက် စမ်းချင်တယ်။
’ဟင်း... ဘီယာကလဲ ရေငတ်တောင် မပြေဘူး၊ နည်းနည်းလေး၊ မေကြီးကလဲ ငါးဘူးလောက်တော့ ၀ယ်သင့် တာပေါ့’
’အမယ်လေး၊ ငါးဘူး၊ ဟုတ်လား။ တစ်ဘူးကို ခုနှစ်ဆယ်... နည်းလည်လား၊ ခုနှစ်ဆယ်...ဟဲ. ’
’တို့ တက္ကသိုလ်ကျောင်းသားတုန်းကကို ဘီယာတွေ ပေါပါသေးတယ်ကွာ’
သားလုပ်သူကို ချွေးမက မျက်စောင်းထိုးပြီး(ဖိုးဘတင်တို့ဘက် လှည့်နေတုန်းမှာ) ဖအေတူသား’တဲ့။
ဖိုးဘတင်ကတော့ ဂြိုဟ်တုသတင်းဘက် ရောက်သွားပြီ။ ဆန်နီရဲ့ အာပါပါးနဲ့ အပြိုင် ’ဟာ’ခနဲ ’ဟင် ’ ခနဲ လုပ်လိုက်၊ စုတ်သပ်လိုက်နဲ့ စိတ်ဝင်စားနေပြီ။
’ရေချိုးလိုက်ဦးမယ်၊ ပြီးမှ ထမင်းစားကြမယ်၊ ဟုတ်လား၊ အာကာဆာနေပလား၊ ဖြူပြာ ၀က်အူချောင်း နည်းနည်း ကြော်လိုက်လေ’
’ရပါတယ်၊ သားပြောင်းဖူး စားလိုက်ပြီလေ၊ မေကြီး ရေချိုးပြီးမှ စားမယ်၊ သားလဲချိုးဦးမှာ’
ဟော... ရေချိုးကြပြန်ပေဟေ့၊ မပြောဘူးလို့ပဲ၊ ဒါပေမယ့် နားထဲ ၀င်ဝင်လာတယ်၊ အချိန်မတော် မချိုးကြနဲ့လို့ ပြောတာ လဲ ဘယ်နှစ်ခါ ရှိပြီးတုံး။
’လူလေးကွာ၊ မင်း မနက်ကလဲ ချိုးတယ် မှုတ်လား၊ အပုပ်ချိန် ရေမချိုးရဘူးကွ’
ဖိုးဘတင် မနေနိုင်ဘဲ ပြောမိပြန်တယ်။
’ဟာ... အိုက်တယ် အဘိုးရ၊ ချွေးစေးတွေနဲ့ ဘတ်စ်ကာ၊ တအား တိုးလာရတာ၊ ချိုးမှဖြစ်မှာ’
ကဲ... ပြောမရမှဖြင့် ချိုးကြ၊ ချိုးကြ။ ဖိုးဘတင် မပြောတော့ဘူး။
’အာကာ...ရေခလုတ် သွားဖွင့်ဟေ့... ’
’ရေချိုးခန်းထဲက ချွေးမလုပ်သူ့ရဲ သြဇာသံ လွင်ပျံလာပြန်တယ်။ အာကာ ထထွက်သွားပြီး ပြန်လာတော့ လက်ခါပြီး ၀င်လာတယ်။
’မေကြီးရေ... ဖွင်လို့ မရသေးဘူး၊ အပေါ်က ဖွင့်ထားတယ်’
’ဟင်း... အပေါ်ကလဲ နှစ်ယောက်တည်း မို့သားဖွင့်...ဖွင့်နိုင်လွန်း’
ဟော... ကြည့်။ ကိုယ့်ဘက်တစ်ခုပဲ ကြည့်ပြီး ပြောတော့မယ်။ ညနေက အမြွှာမ နှစ်ယောက် အ၀တ်တွေ လျှော်နေတုန်း ကတည်းက တစ်ချိန်လုံး ဖွင်းထားတာ။ အ၀တ်လျှော်၊ သူတို့ သားအဖသုံးယောက်လုံးလဲ ရေချိုးနဲ့။ ပြီးတော့မှ ပိတ်တာ။ အပေါ်က နှစ်ယောက်လူ ဖြစ်တာကို ကျေးဇူးတင်ဦး။ ကိုယ်လို မိသားစု မျိုးသာဆိုရင် ခဏခဏ စကားပြောရမယ်။
’ဖြူပြာ... အ၀တ်တွေ အကုန်လျှော်ရဲ့လား’
’လျှော်တယ် ’
’၀က်အူချောင်း သွားကြော်တော့လေ’
’ဟုတ်ကဲ့ပါ ’
ချွေးမရဲ့ သြဇာသံက ရေချိုးခန်းထဲကနေ အိပ်ခန်းထဲ ရောက်သွားပြီ။ ခဏနေတော့ သနပ်ခါး မလိမ်း၊ ဘာမလိမ်း၊ မျက်နှာပြောင်တင်းနဲ့ ထွက်လာပြီး ပွေ့ပိုက်လာတဲ့ အ၀တ်တွေကို ကြမ်းပြင်ပေါ်မှာ ၀ုန်းခနဲ ပစ်ချလိုက်တယ်။
’မီးပူလဲ တိုက်ကြဦး၊ အ၀တ်တွေ တောင်လိုပုံနေပြီ၊ ဖြူပြာသွားတော့လေ၊ မေကြီး ဆာပြီ’
ဖြူပြာက မထချင်ထချင်နဲ့ ထတယ်။
’ကြည်ပြာ မီးပူတိုက်လိုက်၊ ဖြူပြာ...၀က်အူချောင်း ကြော်မယ်’
’အမ...ရမယ်၊ရမယ်၊ အ၀တ်တွေက အများကြီးပဲ၊ ကြည်ပြာ တစ်ယောက်တည်း မတိုက်နိုင်ပါဘူး’
’နှစ်ယောက်တူတူတိုက်၊ အာကာ... ရေကျန်သေးတယ်၊ သွားချိုး၊ ပြီးရင် ရေခလုတ် တစ်ခါသွားကြည့်’
’မေကြီး၊ မေကြီး ရေလျှံတဲ. အနေနဲ့သားကို တီရှပ် တစ်ထည် ၀ယ်ပေးနော်’
အာကာ အပျော့ဆွဲ ဆွဲတာကို မအေက ဘာမှတောင်ပျြန် မပြောရသေးဘူး။ အမြွှာနှစ်ကောင်က သံပြိုင် အော်လိုက်ကြတယ်။
’သမီးတို့လဲ ၀ယ်ပေးရမယ်’
’မေကြီး... မေကြီး၊ ရယ်ဒီ မိတ်အင်္ကျီလေ၊ မေကြီးကို ပူဆာတာ ကြာလှပြီ၊ ဆင်စွယ်ရောင်းလေးတွေ အရမ်းမိတာပဲ၊ ၀ယ်ပေးနော် မေကြီး’
’အမယ်လေးဟဲ့၊ ငါရလာတာက ငါးထောင်၊ လောက်တောင်လောက်မှာ မဟုတ်ဘူး၊ ကဲ...အစာ မစားဘဲ ဗိုက်မှောက်နေကြမလား’
’သား တီရှပ်က ထောင်မကျော်ပါဘူး’
’ထောင်မကျော်ပေမယ့် ထောင်ရဲ့တစ်ဝက်လေ၊ ငါးရာလောက်ရှိတာပဲ၊ ဟိုရယ်ဒိမိတ်တွေက ထောင့်ခြောက်ရာ လောက် ရှိတယ် ဘာမှတ်လဲ’
’အင်္ကျီ တစ်ထည်ကိုလား’
ဖိုးဘတင် မေးချင်တဲ့ မေးခွန်း သားလုပ်တဲ့သူ ပါးစပ်က တိုးတိုးထွက်လာတယ်။
’မှန်တာပေါ့ ဖအေကြီးရယ်၊ နှစ်ထော်ကျော်၊ သုံးထောင်တန်တောင် ရှိသေးတယ်’
’နှစ်ထောင်ကျော်...သုံးထောင်၊ ဟုတ်လား’
တီဗီက နိုင်ငံခြား ဇာတ်ကားကို စိတ်မ၀င်စားတော့တဲ့ ဖိုးဘတင်က ချောင်းဟန့်လိုက်တယ်။
’အဘိုးတို့... ငယ်ငယ်တုန်ကဆို ဘယ်လောက်လဲ’
ဦးအောင်မေးလိုက်တဲ့ အာကာမျက်နှာ စပ်ဖြဲဖြဲ ဖြစ်နေတာ၊ အမြွှာမ နှစ်ယောက်ရဲ့’မှားပါတယ်ဆိုတဲ့ အသ့တွေကို ဖိုးဘတင် သတိမထားမိပါဘူး။ သူ့ဓာတ်ပြား ဘောင်းကြီးကိုပဲ ဖွင့်ဖို့ အားတက်သရော ပြင်ဆင်တယ်။
’အင်္ကျီ တစ်ထည် ဘယ်လောက် ပေးရမှာလဲကွာ၊ အဘိုးတို့ ငယ်ငယ်တုန်းက ကဆိုရင်’
ဆက်ရန်
.

1 comment:
ဖတ်သွားပါတယ်။ နောက် အပိုင်းတွေလည်း မျှော်နေပါတယ်။ ကျေးဇူး...
ဆရာမရဲ့ လန်ဒန် စာပေဟောပြောပွဲ လင့်ခ် - http://www.kaungkin.com/index.php?option=com_content&view=article&id=399%3Aplayer&catid=51%3A2009-10-05-14-40-55&Itemid=92
Post a Comment