ရဟတ်ယာဉ်ပေါ်မှ နောက်တစ်ယောက် စက်သီးနှင့် ဆင်းလာပြန်သည်။ ထိုလူကား ရုရှားလူမျိုး ဗိုလ်မှူးကြီး ဘူခါရင် ပင် ဖြစ်သည်။
သူတို့နှစ်ဦးစလုံး စကားမပြောဘဲ ကိုယ့်စိတ်ကူးနှင့် ကိုယ်ဆိတ်နေရင်း လျှောက်သွားကြလေသည်။
လေယာဉ်ပျက်အနီးသို့ ရောက်တော့မှ ဘူခါ ရင်ကစ၍ စကားပြောလေသည်။
”ခင်ဗျားပြောတဲ့အတိုင်း သေချာရဲ့လားဗျ”
”သေချာ ပါတယ် လေယာဉ်ရဲ့ အမှတ်အသား ဇက်အက်စ် ကေ၀ိုင်အာရ်ဆိုတဲ့ စာလုံးတွေကို ကျုပ် ကောင်းကောင်း မှတ်မိတယ်။ ကျူပ်ကိုယ်တိုင် ဒီလေယာဉ်စီးဖူးတယ်လေဗျာ။ ဒါကြောင့် ကျူပ်က ကောင်းကောင်း မှတ်မိတာပေါ့”
ပြောရင်းနှင့် ဗိုလ်ချူပ် ဖွန်ဘီရာသည် လေယာဉ်၏ ကိုယ်ထည်နေရာသို့ လက်ဖြင့် စမ်းကြည့်လျက် ဘူခါရင် အား ညွှန်ပြကာ
”ခင်ဗျား ယုံကြည်အောင် အထောက်အထား ပြရမယ်ဆိုရင် ဟောဒီမယ်ကြည့်စမ်း ဒီအပေါက် မြင်ရဲ့ မဟုတ်လား ။အဲဒါ ကျူပ်တို့ တပ်သားတွေ မြေပြင်က လှမ်းပစ်လိုက်လို့ စက်သေနတ် ထိမှန်တာပဲ”ဟု ဆက်ပြော လိုက်သည်။
”လေယာဉ်ပျက်မှာ လူသေအလောင်းတွေကော မတွေဘူးလား”
ဗိုလ်မှူးကြီး ဘူခါရင်က မေးလိုက်ပြန်ရာ ဖွန်ဂါဘီရာက ခေါင်ခါပြလေသည်။
”အလောင်း တစ်လောင်းမှ မတွေ့ဘူး ။သွေးစ သွေးနလည်း မရှိဘူး။ လေယာဉ်ပေါ် လိုက်ပါလာ တဲ့လူတွေ ထိခိုက်ဒဏ်ရာရသွားကြောင်း အထောက်အထားလည်း ဘာမှ မတွေရဘူး ။ အဲဒါအပြင်လေယာဉ်မှာ တပ်ဆင်ထားတဲ့ ပစ္စည်းကိရိယာ တွေကို ဖြုတ်ယူထားတာ တွေ့ရတယ်။
ဒါတော့ ဒေသခံတိုင်းရင်းသားတွေက လေယာဉ်ပျက်ကျတာတွေ့လို့ ပစ္စည်းတွေ ဖြုတ်ယူတာ လည်းဖြစ်နိုင် တာပေါ့”
”ခင်ဗျားပြောသလို ဖြစ်နိုင်တာ မှန်သော်လည်း ကျုပ်တော့ ဒီလို မထင်ဘူးည်ကျုပ်တို့က ခြေရာခံကျွမ်းကျင်တဲ့ လူတစ်ယောက်ကို ခြေရာခံ လိုက်ကြည့်ခိုင်းလိုက်တော့ သူက ဒီလို သတင်းပို့တယ်။ လေယာဉ်ဟာ လွန်ခဲ့တဲ့ ဆယ့်နှစ်ရက်လောက်က ပျက်ကျပြီး လေယာဉ်ပေါ်က လူလေးယောက် ဆင်းသွားတယ်တဲ့ အနက် နှစ်ယောက်က အမျိုးသမီးတွေ ဖြစ်တယ်။ ယောက်ျားတစ်ယောက်ကလည်း လမ်းလျှောက်ရမှာ ခြေနှစ်ဖက် မညီဘဲ ခြေတစ်ဖက် ဆာနေတယ်။
လွန်ခဲ့တဲ့ သုံးဆယ့်ခြောက်နာရီအတွင်းကတော့ လူနှစ်ယောက် ဒီလေယာဉ်ဆီကို ပြန်လာပြန်တယ်တဲ့။ ခြေရာခံသူရဲ့ ခန်မှန်းတွက် ကြည့်ချက်တွေအရ ဒီလူနှစ်ယောက်ဟာ စောစောက လေယာဉ်ပေါ်က ဆင်းသွားခဲ့တဲ့ လူနှစ်ယောက်ပဲ ဖြစ်ရမယ်လို့ ဆိုတယ်။ ခြေရာတွေ ကြည့်လိုက်တော့ ခြေလှမ်းလှမ်း ပုံချင်းလည်း တူနေတယ်"
ဘူခါရင်က နားလည်ဟန်ဖြင့် ခေါင်းညိတ်လိုက်ရာ ဖွန်ဂါဘီရာသည် စကားဆက်ပြန်သည်။
"ဒီလူနှစ်ယောက်ဟာ ဒုတိယအကြိမ် လေယာဉ်ပျက်ဆီကို ပြန်လာတဲ့အခါ ကျတော့ လေယာဉ်ပေါ်က ပစ္စည်းကိရိယာတွေ ဖြုတ်ယူသွားတယ်။ သူတို့ ပြန်ထွက်သွားတော့ လေးလံတဲ့ အရာဝတ္ထုတွေကို ကိုင်သွားတာကိုလည်း သူတို့ရဲ့ ခြေရာကို ကြည့်ပြီး ပြောလို့ရတယ်။ ဒီနေရာက ခြောက်မိုင်လောက်ဝေး တဲ့ မြစ်ဝှမ်းဒေသတစ်နေရာကို ရောက်တော့မှ ခြေရာတွေ ရှုပ်ထွေးကုန်တယ်"
"သြော် ... ဒါဖြင့် ခင်ဗျားအနေနဲ့ ဆောင်ရွက်လို့ရတာတွေကို ပြောစမ်းပါဦး" ဘူခါရင်က ဖွန်ဂါဘီရာ အား အကဲခတ်ကြည့်ရင်း ပြောလိုက်သည်။
"လူလေးယောက်အနက် နှစ်ယောက်က တိုင်းရင်းသား လူမည်းဖြစ်ပြီး ကျန်နှစ်ဦးကတော့ မျက်နှာဖြူ လူမျိုး ဖြစ်တယ်။ အဲဒီလေးယောက်ကို ကျုပ်ကိုယ်တိုင် တူတီလေယာဉ်ကွင်းမှာ မြင်လိုက်ရတယ်။ လူမည်းနှစ်ဦးအနက် တစ်ဦးက ၀န်ကြီး တွန်ဂါတာပဲဆိုတာ သေချာတယ်။ ကျုပ်က သူ့ကို ကောင်းကောင်း မှတ်မိ တယ်"
"ဒါတော့ ခင်ဗျား စိတ်က ထင်တာ ဖြစ်ပါလိမ့်မယ်။ ခင်ဗျားနဲ့ ကျုပ်တို့ အပေးအယူ လုပ်ထားတာကို ခင်ဗျားက မပျက်ကွက်အောင် တစ်ခုတည်းသော မျှော်လင့်ချက်က ဒီလူပဲ မဟုတ်လား။ ဒါကြောင့် ခင်ဗျား စိတ်ကူးယဉ်ပြီး မျှော်လင့်မိတာကို ပြောနေတာ မဟုတ်လား"
ဗိုလ်မှူးကြီး ဘူခါရင်က ပြောလိုက်ပုံမှာ သရော်သံပါနေလေသည်။ သို့သော် ဖွန်ဂါဘီရာက မသိချင် ဟန်ဆောင်လျက်
"ကျုပ် ဒီလူ့ကို အချိန်မရွေး မှတ်မိပါတယ်" ဟု ပြောလိုက်သည်။
"လေယာဉ်ပေါ်က ကြည့်ရင်တောင် မှတ်မိတယ်လား"
"ဟုတ်တယ် လေယာဉ်ပေါ်က ကြည့်ရင်တောင် မှတ်မိနိုင်တယ်"
-------------------------------------------------------------------------------------------------------
ခရိတ်သည် နာရီအနည်းငယ် အိပ်လိုက်ပြီးနောက် အိပ်ရာမှ နိုးသောအခါ လေယာဉ်ပျက်ပေါ် မှ ယူလာခဲ့သော ပစ္စည်းကိရိယာများကို ရေအောက်၌ ငုပ်သည့်အခါ အသုံးပြုနိုင်အောင် ပြင်ဆင် တပ်ဆင် လေသည်။
သူအဖို့ အခက်ခဲဆုံးမှာ အောက်ဆီဂျင် ကိရိယာကို ပြင်ဆင်တပ်ဆင်ရခြင်းပင် ဖြစ်သည်။ နောက်ဆုံးပေါ် ခေတ်မီကိရိယာအချို့ မဟုတ်ဘဲ နှစ်ပေါင်းများစွာ အသုံးပြုလေ့ရှိသော ကိရိယာအမျိုးအစားဟောင်းဖြစ်၍ ခက်ခက်ခဲခဲ ပြင်ဆင်တပ်ဆင်ရလေသည်။
ခရိတ်သည် အလုပ်လုပ်ရင်း ဘေးနားရှိ လူများအား ပြလေသည်။
ရေအောင်ငုပ်လို့ လောလောဆယ် ပေလေးဆယ်လောက် အနက်ကိုရောက်ရင် ပရက်ရှာ (ဖိအား) က နှစ်အက်မိုစ်ဖိယာအောက် ရှိတယ်။ ရူပဗေဒဘာသာ သင်ကြားဖူး၇င်တော့ နားလည်းပါလိမ့်မယ်။ေ၇အောက် သုံးဆယ့်သုံးပေရဲ့ ဖိအားဟာ တစ်အက်မိုစ်ယာနဲ့ ညီမျှတယ်။ အဲဒီလို လေထုဖိအား ထည့်ပေါင်း လိုက်တော့ နှစ်အက်မိုစ်ဖီယာ ရှိတယ် ဆိုပါတော့''
ကျန်လူ များက စိတ်ပါဝင်စားစွာ နားစိုက်ထောင်နေကြခိုက် ခရိတ်ကပင် ဆက်လက် ရှင်းပြလေသည်။
''ဒီတော့ ကျုပ်အနေနဲ့ ရေအောက်ထဲမှာ အသက်ရှူနိုင်ဖို့်ရာ အောက်ဆီဂျင်ဓာတ် ကျုပ်ရဲ့ အဆုတ်ထဲကို အဆက်မပြတ် ၀င်နေဖို့ လိုတယ်. အေ၇းကြီးတာက အဲဒီအောက်ဆီဂျင် ဓာတ်ရဲ့ ပရက်ရှာ (ဖိအား) ဟာ ဘေးပတ်ဝန်းကျင်ကေ၇ရဲ့ ဖိအားနဲ့ထပ်တူဖြစ်နေရလိမ်မယ်။ တစ်နည်းအားဖြင့် ကျုပ်ေ၇အောက်ကို ယူဆောင်သွားတဲ့ ဘူထဲက အောက်ဆီဂျင်ဟာ ကျုပ်ခန္ဓာကိုယ်ရဲ့ ဖိအား(ပရက်ရှာ) နဲ့ အတူတူပဲ ဖြစ် ရမယ်''
ဤတွင် ဆယ်လီက-
''ကျွန်မရဲ့ ဒက်ဒီကြီးက ပြောဖူးတယ်ရှင့်။ လူမှာ အေ၇းကြီးတာက စိတ်ကူးဥာဏ် ကောင်းဖို့၊ ဦးနှောက် ကောင်းဖို့ပဲတဲ့။ ဟဲ… ဟဲ…''ဟု ရယ်သွမ်းသွေားကာ ပြောလိုက်သည်။
သို့သော် ခ၇ိတ်က မရယ်မောဘဲ ခပ်တည်တည်ပင် ဆက်ပြောလေသည်။
''ဟောဒီ သတ္ထဲုဘူးနှစ်ခုထဲမှာပါတဲ့ ဓာတုဗေဒ ဓာတ်ဆေးတွေက ကျုပ်ရှူထုတ် လိုက်တဲ့ ကဗ်ွဒိုင်အောက်ဆိုဒ် ဓာတ်နဲ့ ရေငွေ့တွေကို ဖယ်ရှားပေးတယ်။ ဒီတော့ သန့်စင်သွားတဲ့ အောင်ဆီဂျင် ပြငန်ဖြစ်လာတဲ့အခါ ကျုပ်ရဲ့ ကျောပိုးလွယ်ထား တဲ့  သံမဏိပုလင်းမှ ခလုတ်ကို နှိပ်ပြ၇ာ ဂက်စ်ငွေ့ ထွက်သံကြားနေရလေသည်။
''အခက်အခဲ ပြဿနာတွေတော့ ရှိသပေါ့''
ခရိတ်သည် သူ၏ ဦးခေါင်းဆောင်း (ခမောက်)ကို စွပ်ကြည့်ရင်း ပြောပြန်ရာ ဆယ်လီက-
''ဘယ်လို ပြဿနာမျိုးလဲရှင့်'' ဟုမေးလိုက်သည်။
''ပြဿနာတစ်ခု ဥပမာပြရရင် ဘွိုင်ယင်စီလို့ခေါ်တဲ့ ရေအောက်ထဲမှာ ဆွဲငင် ဓာတ်မရှိဘဲ ပေါ့နေတဲ့ကိစ္စပဲ။ ဆွဲငင်ဓာတ် လုံးလုံးမ၇ှိတာလည်း မဟုတ်ဘူး။
အောက်ဆီဂျင်ဓာတ်ငွေ့များများ အသုံးပြုကြည့်ရင် (ဘွိုင်ယင်စီ)ပေါ့တဲ့ ပမာဏ ဟာလျော့နည်းပြီး သံမဏိအောက်ဆီဂျင်ဘူးရဲ့ အလေးကြောင့် ငါ့ကို အောက်ထဲဆွဲချလိမ့်မယ်။ အောက်ဆီဂျင်များများ မသုံးရင်တော့ ငါကိုယ်က ပေါ့လွန်ြးံပီး ရေအောက်ထဲငုပ်ဖို့ ခက်ပြန်တယ်''
အဲဒီပြဿနာကို ရှင်က ဘယ်လိုလုပ်ပြီး ဖြေရှင်းမယ် စိတ်ကူးသလဲရှင့်''
''အရင်ဆုံး ငါ့ကိုယ်မှာ ကျောက်ခဲတုံးကြီးတွေ ဆွဲချည်ပြီး ရေထဲ ငုပ်ဆင်းမယ်။ ဒါမှ ဘုရင့်ရဲ့ သင်္ချုံင်းဂူရှိရာ ရေအောက်ကို သွားနိုင်မယ်။ ပြီးတော့မှ ကျောက်တုံးတွေ ဖြုတ်ပစ်ပြီး ငါ့ကိုယ်ကသင်္ချုံင်းဂူမှာ ကြိုးနဲ့ ချည်တုပ်ထားလိုက် မယ်''
ထိုအချိန်၌ ခရိတ်သည် အောက်ဆီဂျင်ဘူးနှင့် ကိရိယာများကို ပြင်ဆင်၍ သူ့ကိုယ်တွင် စမ်းသပ် လွယ်ကြည့် နေလေသည်။
''ကြုံတွေ့ရမည့် ပြဿနာ တွေထဲမျာ ဘွိုင်ယင်စီ(ခန္ဓာကိုယ်ပေါ့နေမှုက) အဓိက မဟုတ်ဘူးကွဲ့''
ခရိတ်က ပြောပြလေရာ ဆယ်လီက ''ဘာလဲ နောက်ထပ်ပြဿနာတွေ ရှိနေသေး လို့လားရှင့်'' ဟုမေးလိုက်သည်။
ခရိတ် က ပြုံးဖြဲဖြဲနှင့် သူမအား ပြန်ကြည့်လိုက်သည်။
''အောက်ဆီဂျင်ဓာတ်ရဲ့ သဘောက နှစ်အက်မိုစ်ဖီယာထက် ပိုကြာကြာ ရှူလိုက်ရင် (ရေအောက်ထဲ သုံးဆယ့် သုံးပေထက် ပိုနက်တဲ့ နေရာမှာ ဆက်တိုက်ရှူမိရင်) အဲဒီ အောက်ဆီဂျင်ဓာတ်ဟာ မသန့်စင် တော့ဘဲ အဆိပ် သင့်နိုင်တဲ့ ဓာတ်ငွေ့ တစ်မျိုးအဖြစ် ပြောင်းလဲလာတတ်တယ်''
''ဟင်… ဟုတ်လား၊ ဒါဖြင့်ရှင် ဘယ်လိုလုပ်မှာလဲ''
''ဘယ်လိုမှတော့ မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ေ၇ထဲဆင်းငုပ်တဲ့အချိန် ပမာဏကို သတိထားပြီး တွက်ချက် ချိန်ဆ ရမှာပဲ''
''အောက်ဆီဂျင်ဓာတ်ဟာ အဆိပ်သင့်နိုင်တဲ့ ဓာတ်ငွေ့ဖြစ်မလာခင် ဘယ် လောက်အချိန် ရနိုင်မယ် ဆိုတာက ''
ဆယ်လီ ၏ စကားမဆုံးမီ ခရိတ်က ကြားဖြတ်၍ ၀င်ပြောလေသည်။
မရဘူးကွဲ့ ။ အတိအကျုသိအောင် တွက်ချက်ဖို့က အလွန်ခက်တယ်။ ရှုပ်လည်း ရှုပ်တယ်။ ငါ့ရဲ့ခန္ဓာကိုယ် အလေးချိန်ပမာဏနဲ့ငါရောက်ရှိနေမယ့် ရေအတိမ် အနက် အတိအကျကို နှိုင်းယှဉ်ပြီး တွက်ချက် ၇မယ်ဆိုတော့ မလွယ်ဘူး။ တစ်ကြိမ်ေ၇ငုပ်လိုက်ချိန်နဲ့ နောက်တစ်ကြိမ် ထပ်ငုပ်လိုက်နဲ့ မတူဘူး။ ပိုပြီး ဆိုးလာတယ်''
ဆယ်လီ က စိတ်မကောင်းဟန်ဖြင့် ရေရွတ်လိုက်ရာ ခရိတ်သည် သူမကို နှစ်သိမ့် သလို ပြောလေသည်။
''သိပ်လည်းမစိုးရိမ်ပါနဲ့ကွယ်။ ငါက အန္တရာယ်မရှိအောင် အစီအစဉ်တွေ လုပ် ထားပါတယ်။ ငါက တစ်ကြိမ်ရေငုပ်၇င် သိပ်အကြာကြီးမနေဘဲ ခပ်မြန်မြန တွေကိုလည်း ကြိုတင် စီစဉ်ထားမယ်။ ဥပမာ မင်းက ငါ့ကိုယ်မှာ ချည်တုပ်ထားတဲ့ ကြိုးကိုကိုင်ထားပြီး တစ်မိနစ်တစ်ကြိမ် တုံ့ဆွဲပြီး အချက်ပေးလိုက်မယ်။ တကယ် လို့ ငါကပြပြီး တုံ့ပြန်ချက်မပေးဘူးဆိုရင် မင်းတို့က ချက်ခြင်းငါ့ကို အပေါ် ဆွဲတင်ကြပေတော့'
'' အောင်ဆီဂျင်က အဆိပ်ဓာတ်ငွေ့ ဖြစ်ပုံကလည်း တစ်ပြိုင်နက် အပြင်းအထန်မ ဖြစ်ဘူး။ဖြည်းဖြည်းချင်းမှ ဖြစ်တာမို့ နည်းနည်းတော့ အချိန်ရပါတယ်''
ပြောပြော ဆိုဆို ခရိတ်သည် အောက်ဆီိဂျင် ကိရိယာများကို သူ့ကိုယ်မှ ပြန်ဖြုတ် လိုက်ပြီး မီးဖိုနားသို့ သွားနေ လိုက်သည်။
''ဒီကိရိယာ ကို အားလုံးပြင်ဆင်ပြီးလို့ စမ်းသပ်ကြည့်ပြီးရင် ငါကောင်းကောင်းအ နားယူရမယ်''
''ဘယ်လောက်ကြာကြာ နားမှာလဲဟင်''
''နှစ်ဆယ့်လေးနာရီလောက်နားရမယ်''
''အကြာကြီးပါလားရှင့်''
''ဟုတ်တယ် ကြာကြာနားလိုက်မှ ငါ့ခန္ဓာကိုယ်ဟာ အောက်ဆီဂျင် အဆိပ်ဖြစ် တဲ့ဒဏ်ကို ပိုပြီး ခံနိုင်ရည်ရှိလာမယ်''
----------------------------------------------------------------------
သစ်ပင်တောအုပ်မှာ အလွန်ထူထပ်သဖြင့် ရဟတ်ယာဉ် ဆင်းသက်ရန် ခက်နေ လေသည်။
ထို့ကြောင့် ပိုင်းလော့(လေယာဉ်မှုး)က ရဟတ်ယာဉ်ကို သစ်ပင်ထိပ်ဖျားသာသာ ခပ်နိမ့်နိမ့် ပျံသန်းပြီး လေယာဉ်အင်ဂျင်နီယာက ဗိုလ်ချုပ်ဖွန်ဂါဘီရာအား စက်သီးကြိုးဖြင့် ဖြည်းဖြည်းချင်း မြေပြင်သို့ ချပေး လေသည်။
ထိုနေရာ၌ ရှိုနာလူမျိုး တပ်ကြပ်ကြီးက အသင့်စောင့်နေလေသည်။
မြေပြင်မှ ခြောက်ပေခန့်မြင့်သောနေရာသို့ ရောက်လျှင် ဖွန်ဂါဘီရာသည် စက်သီး ကြိုးကို ဖြုတ်၍ မြေပြင်သို့ ပေါ့ပါး ဖျတ်လတ်စွာ ခုန်ချလိုက်ရာ ဘားကျွမ်းကျင် လည်သူကဲ့သို့ ကြောင်ကျ ကျသွားလေသည်။
"ဆက်ပြောပါဦး"
"နောက် လူမည်းတစ်ယောက်ကိုတော့ ကျုပ် မမှတ်မိဘူး။ မျက်နှာဖြူနှစ်ယောက်ကိုလည်း ကောင်းကောင်း မမြင် လိုက်ရဘူး။ ဒါပေမဲ့ လေယာဉ်မောင်းသူကတော့ အမေရိကန် အမျိုးသမီး ဆယ်လီဆိုသူဖြစ်မှာ သေချာတယ်။ ဒီလေယာဉ်က ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက် ရေးအဖွဲ့က ပိုင်ပေမယ့် အဲဒီအမျိုးသမီးက ဒီလေယာဉ်ကို အသုံးပြုခွင့် ရရှိတယ်။ နောက်မျက်နှာဖြူ တစ်င်္ဦးကတော့ အဲဒီ အမျိုးသမီး ရဲ့ ချစ်သူ (ဗြိတိသျှလူမျိုး စာရေးဆရာ) ဖြစ်ဖို့များတယ်။ ဒီလူက ခြေတစ်ဖက် ဖြတ်ထားပြီး ခြေတု တပ်ထား ရဖို့ ခြေလှမ်းလှမ်းရင် ခြေတစ်ဖက် ဆာနေတာ ဖြစ်ရမယ်။ ကျုပ်တို့အဖို့ အဓိက အရေးကြီးတာက တွန်ဂါတာပဲ ဖြစ်တယ်။ အခု ဒီလူ အသက် ရှင်နေသေး ကြောင်းလည်း သိရပြီ"
"မှန်တယ် လေ၊ တွန်ဂါတာက ခင်ဗျားလက်က လွတ်အောင် ရှောင်တိမ်းသွားနိုင်ပြီဆိုတာလည်း ကျုပ်တို့ သိရပြီ မဟုတ်လား"
ဘူခါရင်က ထောက်ပြလိုက်သည်။
"ဒါပေမဲ့ ကြာရှည် ဆက်ပြီး တိမ်းရှောင်နေလို့ မရပါဘူး"
ဤသို့ ပြောပြီး ဖွန်ဂါဘီရာသည် ရှိုနာလူမျိုး တပ်ကြပ်ကြီးအား
"ဟေ့ ... မင်းက အခုအချိန်ထိ တာဝန် ကျေပွန်ပါတယ်" ဟု ပြောလိုက်ရာ တပ်ကြပ်ကြီးကလည်း သဘောကျ ကျေနပ် သွားပုံရသည်။
"ဟုတ်ကဲ့ ဗိုလ်ချုပ်"
"ဒီတော့ ငါတို့က ကျေးရွာက လူတွေကို မေးမြန်းစစ်ဆေးမယ်။ အနီးဆုံး ကျေးရွာကစပြီး မေးကြမယ်။ ဒါထက် ဒီနေရာက အနီးဆုံးကျေးရွာက ဘာရွာလဲကွ"
"ဒီတောင်ကြားလမ်း ဟိုဘက်မှာ ဗူဆာမန်ဇီရဲ့ရွာ ရှိပါတယ်"
"ဟုတ်ပြီ အဲဒီရွာက ငါတို့စမယ်။ မင်းတို့အဖွဲ့က ရွာကို ပတ်ပတ်လည် ၀ိုင်းထားလိုက်။ ရွာထဲက ဘယ်သူမှ အပြင် ကို မထွက်စေနဲ့။ လူကြီး၊ ကလေး တစ်ယောက်မှ အပြင်ဘက် မထွက်ရဘူး နားလည် လား"
"ဟုတ်ကဲ့ ဗိုလ်ချုပ်"
"မင်းတို့က ရွာကို ၀ိုင်းထားပြီးမှ ငါကိုယ်တိုင် လာခဲ့မယ်"
-----------------------------------------------------------------------------------------
ခရိတ်နှင့် တွန်ဂါတာတို့သည် လိုဘင်ဂူလာ၏ ရေအောက်သင်္ချိုင်းရှိရာ ရေအိုင်သို့ သုံးခေါက်တိတိ ဆင်း၍ ပစ္စည်းကိရိယာများ သယ်ယူသွားကြလေသည်။
ခရိတ်အနေဖြင့် တစ်ကြိမ် ရေငုပ်ပြီး၍ ပြန်တက်လာတိုင်း အအေးဒဏ်ခံနိုင်ရန် ခြုံစောင်များကိုပါ အဆင်သင့် ယူထားလိုက်သည်။ ရေငုပ်လျှင် မည်မျှကြာမည်ကို ခန့်မှန်း၍ မရသဖြင့် စားစရာ သောက်စရာ များကိုပါ ရေကန်အနီးတွင် အဆင်သင့် ယူထားလိုက်ကြသည်။
သူတို့အချင်းချင်း ဆွေးနွေးတိုင်ပင်ကြပြီးနောက် အမျိုးသမီးနှစ်ဦး က အလှည့်ကျ အပေါ်ဘက်ရှိ ခန်းမ ကျယ်ကြီး တွင် စောင့်ကြရန် သဘောတူလိုက်ကြသည်။ သို့မှသာလျှင် ကျေးရွာမှ မိန်းကလေးများက ရိက္ခာ နှင့် သတင်းများလာပို့လျှင် လက်ခံနိုင်မည်။
ဆက်ရန်
.

2 comments:
Thanks.
Ray
လိုင်းမကောင်းတဲ့ကြားက ဖြစ်အောင် တင်တင်ပေးနေတာ ကျေးဇူးအများကြီး တင်ပါတယ်နော်။
Post a Comment