Thursday, October 7, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၃၁) အဆက် (၂)

ထို့ကြောင့် ရှေ့ဆက်သွားကြပြန်ရာ တစ်နေရာတွင် လူရိုးများစုပုံ၍ နေသည်ကို တွေ့ရလေသည်။ အရိုးများ ထဲတွင် လူ၏ ဦးခေါင်းခွံတစ်ခုက သူတို့အား ပြုံးဖြဲဖြဲနှင့် ကြည့်နေသလို ထင်ရပေသည်။
ဗိုလ်ချုပ်ဖွန်ဂါဘီရာ သည် အလွန် သဘောကျသွားပုံ ရလေသည်။
"ဟုတ်ပြီ ဒီအရိုးစုဟာ လိုဘင်ဂူလာရဲ့ အရိုးစုပဲ ဖြစ်ရမယ်"
ပြောပြောဆိုဆို သူသည် စိတ်လှုပ်ရှား တက်ကြွစွာဖြင့် အရိုးစု၏ အနီးတွင် ဒူးထောက်ချလိုက် သည်။

တွန်ဂါတာကမူ မလှမ်းမကမ်းတွင် တစ်ယောက်တည်း ရပ်နေလေသည်။ အရိုးစု၏ အနေအထားကို မြင်ရုံ နှင့် လိုဘင်ဂူလာမဟုတ်ကြောင်း သိသာသဖြင့် တွန်ဂါတာက ခပ်ခွာခွာနေလိုက်ခြင်း ဖြစ် သည်။
အရိုးစုမှာ ခန္ဓာကိုယ် သေးသေးကွေးကွေးနှင့် အဘိုးကြီးတစ်ဦး၏ အရိုးစုဖြစ်နေသည်။ ဘုရင် လိုဘင်ဂူလာ က အလွန်ထွားကျိုင်း သန်မာသူတစ်ယောက် ဖြစ်သည်။

ထို့ပြင် လိုဘင်ဂူလာ၏ သွားများသည် အလွန်ခိုင်ခံ့လှပပြီး သူအသက်ထင်ရှားရှိစဉ်က ပြုံးရယ် လိုက်လျှင် ညီညာ လှပသော သွားများမှ အလွန်ထင်ရှားည်ဟုဆိုကြသည်။
ယခု အရိုးစုဦးခေါင်းခွံမှ သွားများက လှပပြည့်စုံခြင်းမရှိ။ ရှေ့သွားအတော်များများကျွတ်နေ လေသည်။ ယင်းအချက်ကြောင့်ပင်လျှင် ဘုရင်လိုဘင်ဂူလာ မဖြစ်နိုင်ကြောင်း ထင်ရှားနေပြီးဖြစ် သည်။
အရိုးစု တွင် တိုင်းရင်းသားဆေးဆရာ (မှော်ဆရာ) တစ်ဦး၏ အသုံးအဆောင်ပစ္စည်းများ (ပုတီးများ၊ ခရုခွံများ၊ တိရစ္ဆာန်ဦးချို စသည့်များ) ရှိနေသဖြင့်  တိုင်းရင်းသားမှော်ဆရာ အဘိုးကြီးတစ်ဦး၏  အရိုးစု ဖြစ်ဟန် တူပေသည်။

ထိုအချက်များကို ဗိုလ်ချုပ် ဖွန်ဂါဘီရာပင်လျှင် သတိပြုမိသဖြင့် ဒူးထောက်ရာမှ ပြန်ထလိုက်သည်။
"ဒါ လိုဘင်ဂူလာ မဟုတ်ဘူး။ မှော်ဆရာတစ်ဦးရဲ့ အရိုးစုသာ ဖြစ်တယ်။ စိန်ရတနာတွေကို စောင့်ရှောင်ဖို့ ယဇ်ာပူဇော် တဲ့ အနေနဲ့ မှော်ဆရာကြီးကို သတ်လိုက်တာနဲ့တူတယ်။
ဤတွင် ဖွန်ဂါဘီရာသည် တွန်ဂါတာဘက်သို့ လှည့်၍-
"ဟေ့လူ လိုဘင်ဂူလာအလောင်က ဘယ်မှာလဲ၊ ခင်ဗျား သိရမယ်။ ခင်ဗျားကို သူတို့က ပြောပြခဲ့ရ မယ်။ အလောင်းအစစ် က ဘယ်မှလဲ"ဟု မေးလိုက်သည်။

တွန်ဂါတာသည် ဘာမှမပြောဘဲ ဆိတ်ဆိတ်နေလိုက်သည်။ သူသည် အရိုးစု၏ အပေါ်နား၌ ကျောက်တုံး အပြင်ဘက် သို့ ချွန်ထွက်နေသည်ကို ဂရုစိုက်ကြည့်နေမိသည်။
ယင်းကျောက်အစွန်း ပေါ်တွင်ကား ဘုရင်လိုဘင်ဂူတာ၏  ပစ္စည်းအသုံးအဆောင်များ သပ်ရပ်စွာ စီတန်း ချထား လေသည်။

အောက်တည့်တည့် တွင် မှော်ဆရာအဘိုးကြီး၏ အရိုးစုရှိနေပုံသည် ကြည့်ရခြင်းအားဖြင့် ဘုရားစင် သဖွယ် ချွန်ထွက်နေသော ကျောက်တုံးအစွန်းပေါ်တွင် ဘုရင်၏ အလောင်းရှိနေရန် နီးစပ်ပေသည်။
ဗိုလ်ချုပ် ဖွန်ဂါဘီရာသည်လည်း တွန်ဂါတာကြည့်နေရာဘက်သို့ လိုက်ကြည့်ပြီး သဘောပေါက် လာသဖြင့်  လက်နှိပ်ဓာတ်မီးဖြင့် ကျောက်စွန်းပေါ်သို့ သေချာစွာထိုးကြည့်လိုက်သည်။
သို့ရာတွင် ဘာမှမရှိကြောင်း တွေ့ရပေသည်။

"ဟိုပေါ်မှာလည်း မရှိဘုး၊ လိုဘင်ဂူလာရဲ့ အလောင်းဟာ လုံးဝပျောက်နေပြီ"
ဖွန်ဂါဘီရာက စိတ်ပျက်ဟန်ဖြင့် ညည်းညူလိုက်သည်။
တွန်ဂါတာကမူ ပထမအကြိမ် ဘိုးအေကြီးနှင့်အတူ  ဤသင်္ချိုင်းဂူရှိရာသို့ လာရောက်ခဲ့ပုံကို ပြန်လည် သတိရနေသည်။
ထိုစဉ်က သူသည် ဂူအပြင်ဘက်အ၀နား၌ အမှတ်အသား လက္ခဏာအချို့ကို သတိပြုခဲ့မိရာ ယင်း အမှတ်အသား လက္ခဏများအရ ဘုရင်လိုဘင်ဂူလာ၏ သင်္ချိုင်းဂူသို့ တစ်စုံတစ်ယောက် သိရှိ ပြီး တိတ်တဆိတ် လာရောက်ဖောက်တွင်းကာ ရတနာများ ခိုးယူသွားလေပြီလောဟု ထိုစဉ်ကပင် သံသယ ဖြစ်ခဲ့ မိသည်။

ယခုတော့ မိမိထင်ခဲ့သည့်အတိုင်း မှန်နေပြီဟု ဆိုရမလို ဖြစ်နေပေသည်။ ယင်းသို့ တိတ်တဆိတ် ဖောက်ထွင်း ခိုးယူသွားသူကပင် ဂူဝကို ပြန်လည်ပိတ်ဆို့သွားခဲ့ခြင်း ဖြစ်ဟန်တူသည်။
ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် ဘုရားစင်သဖွယ် ဖြစ်နေသော ကျောက်အစွန်း (သို့မဟုတ်) ကျောက်ဖျာ ပေါ် သို့ တက်၍ လေးဖက်ထောက်ကာ ရှာဖွေကြည့်လေသည်။
သူ့ကို ကြည့်ပြီး တွန်ဂါတာ၏ စိတ်ထဲ၌  လောဘရမ္မက် လွန်ကဲလာလျှင်  နြေ္ဒမဆောင်နိုင်တော့ပါ တကား ဟု အောက်မေ့မိလေသည်။
"ဟောဒီမှာ ကြည့်စမ်း"

ဖွန်ဂါတာဘီရာက အနက်ရောင် အရာဝတ္တုငယ်တစ်ခုကို ကိုင်၍ပြသဖြင့် တွန်ဂါတာလည်း အနီးသို့ တိုး သွားပြီး ကြည့်လိုက်သည်။
ထိုအရာဝတ္တုမှာ ကြွေခွက်တစ်ခု၏  အပိုင်းအစ ဖြစ်နေသည်။ ယင်းကြွေခွက်၏ နှုတ်ခမ်းတစ် နေရာတွင် "စိန်"ပုံသဏ္ဍာန် အလှခြယ်ထားပုံမှာ မာတာဘယ်လီလူမျိုးတို့ရိုးရာ ဘီယာခွက်များ၌ အလှခြယ်ထားပုံနှင့် တစ်ပုံစံတည်းဖြစ်နေသည်။
"ဒါဟာ ဘီယာခွက်အပိုင်းအစပဲ၊ စိန်နဲ့အလှခြယ်ထားတဲ့ ဘီယာခွက်မျိုး ဖြစ်တယ်။
ပြောပြောဆိုဆို  ဖွန်ဂါဘီရာသည် ကြွေခွက်အပိုင်းအစကို အောက်သို့ ပစ်ချလိုက်သည်။

အောက်ကျ၍ ကွဲသွားပြီး အစိတ်စိတ် အမြွှာမြွှာဖြစ်သွားသေအခါ ဖွန်ဂါဘီရာသည် မြေကြီးထဲတွင် လက်ဖြင့် နှိုတ်၍ ရှာဖွေကြည့်လေသည်။
ခဏကြာလျှင် သူသည် အရာဝတ္တုငယ်တစ်ခု စမ်းမိသဖြင့် လက်ဖြင့် အသာကောက် ယူပြီး မြှောက်ကြည့် လိုက်လေသည်။
ယင်းအရာဝတ္တုမှာ လှည်းဘီးလုံးသဏ္ဍန် ရှိရာ လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်လိုက်သောအခါ အရောင် တဖျပ်ဖျပ် လက်လာလေသည်။ ထွက်လာသည့် အရောင်ကလည်း သက်တံရောင် (ရောင်စုံ) ကဲ့သို့ ဖြစ်နေသည်။

"ဟာ……ဒါစိန်ပဲ"
ဖွန်ဂါဘီရာ က အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်ရင်း သေချာစွာ လှည့်ပတ်ကြည့်လိုက်လေသည်။
လက်နှိပ်ဓာတ်မီး၏ အလင်းရောင်တွင် ထိုစိန်သည် အထူးပင် လှပလျက် အရည်အသွေးကောင်း လှကြောင်း ထင်းရှားနေသည်။
"အလွန်လှတဲ့၊ စိန်ပဲ၊ ဒါပေမဲ့ တစ်လုံးတည်းပဲတွေ့တယ်။ အဲဒါ အလျင်စလို လုပ်ကိုင်ရင်း အမှတ်တမဲ့ လွတ်ကျ သွားတာဖြစ်မယ်။ တကယ်တော့ စိန်တွေအပြည့်နဲ့ ဘီယာအိုး ငါးလုံး ရှိရ မယ်"
"ဒီကိစ္စကို ခင်ဗျား သိရမယ်။ ကျုပ်တို့ကို ခင်ဗျားက အမှန်အတိုင်း မပြောခဲ့ဘူး။ ဒီနေရာက စိန်တွေကို ဘယ်မှာ ရှိတယ်ဆိုတာလည်း ခင်ဗျားသိနေတယ် မဟုတ်လား။ အခု စိန်တွေ ဘယ်မှာ ရှိ တယ် ဆိုတာ လည်း ခင်ဗျား သိရမယ်။

ဖွန်ဂါဘီရာက စွပ်စွဲပြောလိုက်ရာ တွန်ဂါတာက ခေါင်းခါလိုက်သည်။
ဖွန်ဂါဘီရာသည် ဒေါသထွက်လာလေသည်။
"ခင်ဗျား သိတယ်မဟုတ်လား"
ပြောရင်းနှင့် သူသည် ပြေးလာပြီး ပစ္စတိုလ်သေနတ်ဒင်ဖြင့် တွန်ဂါတာ၏ မျက်နှာကို တအား လွှဲရိုက်လိုက်သည်။

တစ်ကြိမ်မဟုတ် ထပ်ကာ ထပ်ကာ ရိုက်လေသည်။
"စိန်တွေ ဘယ်မှာရှိသလဲ။ ပြောစမ်း"
သေနတ်ဒင်ဖြင့် တအားလွှဲရိုက်ခံရသဖြင့် တွန်ဂါတာ၏ ပါးရိုးနေရာတွင် ကွဲသွားပြီး သွေးများ ထွက်လာ လေသည်။

သူသည် ပြင်းစွာ ဒေါသထွက်လာသော်လည်း ကြိုးစား၍  စိတ်ကို ထိန်းချုပ်ထားလိုက်သည်။
"ခင်ဗျား ကျုပ်ကို နောက်ဆုံးကျတော့ ပြောရမှာပဲ။ ခင်များ ဘယ်လောက်ခေါင်းမာပေမယ့် မနေနိုင်အောင် လုပ်တဲ့ နည်းတွေ ရှိတယ်။ နောက်ဆုံးကျတော့ ခင်ဗျားဟာ မခံနိုင်တော့တဲ့ အခြေအနေရောက်ပြီး စိန် တွေရှိရာ ကို လိုက်ပြပါတော့မယ်လို့ တောင်းပန်ရတဲ့အထိ ဖြစ်စေရမယ်"

အခန်း (၃၂) ဆက်ရန်
.

2 comments:

Anonymous said...

ဘယ်သူများ ယူသွားပါလိမ့်..

ုkztk said...

စိန်တွေ ယူသွားတာ ... တစ်ယောက်ယောက်တော့ တစ်ယောက်ယောက် ဖြစ်မယ်ထင်တယ်နော်.. :P