Thursday, June 3, 2010
မောင်ပေါ်ထွန်း ဘာသာပြန် ကမ္ဘာရန် အပိုင်း (၃ဝ)
အခန်း (၃ဝ)
    အေဘယ်ရို့စနော့စကီးသည် လက်စတာဘဏ်နှင့်ပတ်သက်သော မည်သည့်ကုမ္ပဏီ များ၏ ရှယ်ယာ များကိုမျှ လုံးဝအရောင်းအ၀ယ်မလုပ်တော့ကြောင်း ရှေ့နေသာဒီးယပ်ကိုဟင်၏ အစီရင်ခံစာက ဖော်ပြ သည်။
    အေဘယ်သည် ယခုအချိန်တွင် ဥရောပနိုင်ငံများ၌ ဟိုတယ်များ တိုးချဲ့ဖွင့်လှစ်ရေးကိုသာ သဲသဲမဲမဲ အာရုံစိုက်လျက်ရှိသည်။ သူသည် စတော့ရောင်းဝယ်ရေး ကော်မရှင်က ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မချမီ အထိ အခြေအနေကို စောင့်ကြည့်နေခြင်းဖြစ်သည်ဟု ကိုဟင်က တင်ပြသည်။
    စတော့ရောင်းဝယ်ရေး ကော်မရှင်မှ ကိုယ်စားလှယ်များသည် ၀ီလျံ၏ရုံးသို့ အကြိမ်များစွာ လာရောက် စစ်ဆေးကြသည်။ ၀ီလျံကလည်း အမှန်အတိုင်းပင် ပြောပြသည်။ သို့သော် သူတို့၏ စုံစမ်းမှု အခြေအနေ ဘယ်အတိုင်းအတာအထိ ခရီးရောက်နေပြီဟု ဆိုသည်ကိုမူ ၀ီလျံအား လုံးဝမပြောပြကြ။
    နောက်ဆုံး စုံစမ်းစစ်ဆေးမှုလုပ်ငန်း ပြီးသွားသည်။ သူတို့က ၀ီလျံ၏ ပူးပေါင်းကူညီမှုအတွက် အထူးကျေးဇူးတင်ကြော်ငး ပြောသွားကြသည်။ သိ့သော် နောက်ထပ် ဘာသတင်းမျှတော့ မကြားရတော့။
    သမ္မတ ရွေးကောက်ပွဲသည် တစ်နေ့ထက်တစ်နေ့ နီးကပ်လာခဲ့ပြီး သည်လိုနှင့် အေဘယ်ရို ကစနော့စကီးသည် မြားချိတ်မှ လွတ်ထွက်သွားမည်ကို ၀ီလျံက စိုးရိမ်မိသည်။ အော့စဘွန်းသည် လွှတ်တော် တွင် အဆက်အသွယ်ရှိသည်။ နိုင်ငံရေးသမားတွေနှင့် ပေါင်းပြီး အမှုလွတ်အောင် ကြိုးစား နိုင်သည်။
    ထရူးမင်းရွေးကောက်ပွဲရန်ပုံငွေအတွက် နယ်စားကုမ္ပဏီက ငွေငါးသောင်းထည့်ဝင်ခဲ့ ကြောင်းကိုလည်း ကိုဟင်၏ အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ ထို့ပြင် အေဘယ်ရို့စနော့စကီး သည် အက်ဒလိုင် စတီဗင်ဆင် နှင့် အိုက်ဆင်ဟောင်ဝါတို့အတွက်လည်း ငါးသောင်းစီထည့်ဝင် ခဲ့ကြောင်း တွေ့ရပြန်သည်။ သူက လှေနံနှစ်ဖက်နင်းနေခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင် ဘယ်သူနိုင်နိုင် သူ့အတွက်တော့ အကျိုး ရှိသည် ချည်းပင်ဖြစ်သည်။
    ဗိုလ်ချုပ်ကြီး အိုက်ဆင်ဟောင်ဝါသည် ၁၉၅၂ခုနှစ် နိုဝင်ဘာလ ၄ရက်နေ့တွင် ၃၄ဆက်မြောက် အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံရသည်။
    သည်အတိုင်းဆိုလျှင် အေဘယ်ရို့စနော့စကီးတော့ အမှုက ကွင်းလုံးကျွတ်လွတ်ပြီဟု ၀ီလျံက တွက်ထား သည်။ သို့သော် ဟင်နရီအော့စဘွန်းသည် သူ၏ ချမ်းသာသော ဇနီးကို ကွာရှင်းပြီးနောက် သဲသဲမဲမဲ လောင်းစကားနေသဖြင့် အေဘယ်ရို့စနော့စကီးထံတွင် အကြွေးတွေ အများကြီး တင်နေသည် ဟုလည်း သတင်းထွက်နေသည်။
    သည်လိုနှင့် အချိန်တွေ ကုန်သွားခဲ့သည်။ ၀ီလျံက အေဘယ်ရို့စနော့စကီးအကြောင်းကို တွေးပင် မတွေးမိတော့။ သူသည် လက်စတာဘဏ်၏ စီးပွားရေးနှင့် ဂုဏ်သိက္ခာကို တိုးတက်ရေးအတွက်သာ ဖိသွန်ကြိုးစားလျက်ရှိသည်။ ယင်းသို့ကြိုးစားနေခြင်းမှာ တိုးတက်ရေး အတွက်သာ ဖိသွန်ကြိုးစား လျက် ရှိသည်။ ယင်းသို့ကြိုးစားနေခြင်းမှာ တစ်နည်းအားဖြင့် မျိုးဆက်တာဝန်ကို ဆက်ခံမည့် သားတော်မောင် ရစ်ချက်ကိန်း အတွက် အခြေခိုင်ခိုင် အုတ်မြစ်ချနေခြင်းလည်း ဖြစ်သည်။
    ရစ်ချက်သည် မကြာမီတွင် အသက်၂၁နှစ်တင်းတင်း ပြည့်တော့မည်။
    ယခုအခါ ရစ်ချက်သည် ဟားဗတ်တက္ကသိုလ်တွင် နောက်ဆုံးနှစ်ရောက်နေပြီ၊  ရစ်ချက်က စာမှာလည်း တော်သည်။ စကောလားရှစ်မရတောင်မှ အဆင့်မြင့်မြင့်နှင့်အောင်ရန် သေချာသည်။ သေချာသည်။ ပြီးတော့ သူက တက္ကသိုလ်တီးဝိုင်းတွင် တယောထိုးလည်း နာမည်ကြီးသည်။ တက္ကသိုလ် အားကစား အသင်း တွင် ဘေ့စ်ဘော ချန်ပီယံတစ်ယောက်လည်း ဖြစ်သည်။
    နောက်ဆုံးနှစ်သည် မကြာမီ ကုန်လွန်သွားခဲ့သည်။ ရစ်ချက်သည် ဟားဗတ်တက္ကသိုလ်မှ သင်္ချာအဓိက သိပ္ပံဘွဲ့ ဖြင့် ကျောင်းပြီးခဲ့သည်။
    ထို့နောက်သူသည် မေရီဘတ်ချလိုးဆိုသူ မိန်းကလေးနှင့်အတူ ဘာဘာဒိုးစ်သို့ အပန်းဖြေ ခရီးထွက်သွားသည်။ သူတို့နှစ်ယောက် တွဲနေတာ တော်တော်ကြာပြီ။ မိန်းကလေးက ကျောင်းမပြီး သေး၊ ဂီတ ပညာ ကို အဓိကယူထားသည်။ ၀ီလျံက သူမကို သဘောကျသည်။ တစိမ်လူလည်းမဟ်ုတ အလန်လွိုက်၏ မြေးဖြစ်နေသည်။
    ရစ်ချက်သည် ၁၉၉၅ ခှုနှစ် အောက်တိုဘာလတွင် ဟားဘတ်တက္ကသိုလ် စီးပွားကုန်သွယ်ရေး ကျောင်း သို့ ပြန်တက်သည်။ သူက ကျောင်းအိပ်ကျောင်းစားမနေဘဲ အိမ်မှပင် တက်သည်။ အိမ်ကိုလည်း သူ့စိတ်ကြိုက် အလှဆင်သည်။
    ယခင်သူ့ဖေဖေ၀ယ်ထားသော ဘကိမ်ကုလားထုင်နှင့် စာပွါ်များကို ထုတ်ပစ်လိုက်ပြီး ၀က်သစ်ချသား စားပွဲကုလားထိုင်များ ၀ယ်ယူထားရှိသည်။ စားသောက်ခန်းကို လိုလေသေးမရှိ ပြင်ဆင်သည်။ မီးဖိုခန်းတွင် ပန်းကန်ဆေးစက် တပ်ဆင်သည်။
    ကျောင်းအားရက်များတွင် မစ္စဘတ်ချလိုးကို အိမ်ခေါ်လာတတ်သည်။
    မိဘနှစ်ပါးကလည်း သူတို့သားကြီးကို ပျော်သလိုသာ နေပါစေ ဆိုပြီး အဆီးအတားမရှိ လွှတ်ပေးထား တော့သည်။
(တကယ့် ကို တိုတိုလေးပါဘဲ အခန်း ၃၁ နဲ့ တွဲတင်ဘို့ရာကလည်း ၃၁ ကမပြီးသေးလို့ပါ.. နက်ဖြင် မှသာ ရှည်ရှည် ဖတ်တော့)
အခန်း (၃၁) ဆက်ရန်
.
3 comments:
Unknown said...
အင်းဗျာ... တော်တော်တိုသွားတယ်...
နေ့ တိုင်း ဘယ်အချိန် များနောက်တစ်ပိုင်းရောက်လာမလဲ လာလာကြည့်နေတာ..:P
Anonymous said...
ဟုတ်တယ်..အမရာ.. တိုထှာ့။
အမ..ပီးတော့လည်း အပိုင်း၁ခုထဲကို ပပိုင်း ဒုပိုင်းခွဲပါနဲ့အေ့...နော်အေ့..။
အမရေ.. ၀ီလျံကိုလည်း မရှုံးနှိမ့်စေချင်သလို အေဘယ်လ်ကိုလဲ ဒီအတိုင်းလေးပဲ အောင်မြင်တာကိုမြင်ချင်တယ်။ ဘာဖြစ်လို့များ မကောင်းစိတ်မွေးချင်ရတာလဲသိဘူးနော်။ ကိုယ်တိုင်လဲ ချမ်းသာနေပီပဲ။
မြတ်နိုး
An Asian Tour Operator said...
ဟုတ်ပ... ဟွန်း :P