Tuesday, February 16, 2010

မြန်မာပြည်၏ ဟယ်လင် အပိုင်း (၁၆)

ကျွန်မတို့ ကားထွက်လာသောအခါ သူတစ်ဦးတည်း မတ်တတ်ရပ်၍ လက်ပြရင်းငိုယိုကျန်ခဲ့သည်။ ကျွန်မ တို့ပြန်လည်တွေ့ရန်မှာ အလားအလာ ရှိတော့မည် မဟုတ်ကြောင်း နှစ်ဦးစလုံးက သိနေကြပါ သည်။ တဲတစ်တဲ အတွင်း၌ကား သူမ မပစ်ပယ်နိုင်သူ တစ်ဦးက အရက်မူးပြီး အိပ်နေသည်။ သူ့အတွက် သူ့ဇနီးက မည်မျှ ကိုယ်ကျိုးစွန့်လွှတ်ခဲ့သည်ကို သူသိမည်မဟုတ်။ ဂရုစိုက်လိမ့်မည်လည်း မဟုတ်ပါ။
လမ်းမများ ပေါ်တွင် စစ်ပြေးဒုက္ခသည်များနှင့် ပြည့်ကျပ်နေဆဲပင် ဖြစ်သည်။

တောင်ကြီးမှ ၁၂မိုင်ဝေးသော ရွှေညောင်အထိ လူတန်းကြီးက ရှိနေ၍ ရောက်မှ ရောက်ပါတော့မလား ထင်ရသည်။
ကျွန်မတို့သည် ရွှေညောင်ဘူတာတွင် ပါလာသော ပစ္စည်းများကို ချပြီးကုန်များ အတင်အချလုပ်သည့် နေရာ၌ စခန်းချကြသည်။ ကျွန်မတို့အတွက် နောက်ခရီးကို သယ်ဆောင်ပေးရမည့် ရထားကို စိတ်ရှည် ရှည်ထား၍ စောင့်မျှော်ရပါဦးမည်။ ရုံပိုင်သည် ကျွန်မတို့လူစုအား တွဲနှစ်တွဲပေါ်သို့ တင်ပေးပြီး '' ရထားကိုမည်မျှလောက် ကြာအောင်စီးရမည်၊ ရထားသည်ကျွန်မတို့သွားလိုရာသို့ ရောက်မည်မ ရောက်မည်ကို သူကတိမပေးနိုင်ကြောင်း'' ပြောပါသည်။

အကြိမ်ပေါင်းများစွာ ပျက်ကွက်ပြီးနောက် ရွှေညောင်မှ ကလေသို့ ရထားသည် ကလင်ကလန်၊ ကလင် ကလန် စသောအသံများပေးကာ စတင်ထွက်ခွာ ပါတော့သည်။ မောင်းတံတစ်ခုကို ဆွဲလိုက်တိုင်း ခေါင်းတွဲကြီး တစ်စစီဖြစ်သွားမည်လားဟု စိုးရိမ်မိပါသည်။ ကလောတွင်လည်း မုန်းစရာကောင်းအောင် ကြန့်ကြာ နေပြီးမှ ခေါင်းတွဲကို စက်နှိုး၍ ရပါသည်။ ရထားသည်ဥသြဆွဲကာ တောင်အောက် လွင်ပြင်ဆီ သို့ခုတ်မောင်း သွားပါသည်။

ထိုအချိန်မှာ ဇွန်လဖြစ်၍ မခံမရပ်နိုင်အောင် ပူအိုက်လှပါသည်။ ဘွိုင်လာမီးအိုးနှင့် ပေအနည်းငယ်ခန့် အကွာတွင် ထိုင်နေရသလို ခံစားမိသည်။ မိုးရာသီကျေ၇ာက်ရန် နီးကပ်လာသည့်အထိမ်းအမှတ်ပင် ဖျြစ်ပါသည်။ ခေါင်းက အုံနေသည်။ မျက်စိကမှုန်ဝါးဝါး ဖြစ်နေပါသည်။ အပူရှိန် အဆက်မပြတ် ဖိစီးနှိပ် စက်မှုကို ခံစားနေရပါသည်။

ရေက အလွန်ရှားပါးသဖြင့် ဂရုတစိုက် ချွေတာရသည်။ လျှာများပေါ်မှ နာကျင်မှုကို သက်သာရုံ လည်ချောင်းကို ရေဆွတ်ရုံမျှ သောက်ကြရသည်။ ရထားလမ်း ဇလီဖားတုံးများ အကြား၌ မီးကို ကပျာကယာ မွှေးပြီး ထမင်းချက်ရသည်။ ဆန်မှာ ကျွန်မတို့၏ အဓိက စားစရာပင်ဖြစ်သည်။ ရေမရှိ၍ ရေမချိုးနိုင်ကြပါ။ တစ်ကိုယ်လုံး ဖုန်များဖြင့် လိမ်းကျံလျက်ရှိရာ ထွက်လာသော ချွေးများ ခြောက်သွားသောအခါ ကျွန်မတို့ ကိုယ်ကို ရွှံနှင့် မံထားလေသလားဟု ထင်ရသည်။

နောက်ဖေး နောက်ဖီသွားလိုသောအခါ ရထားလမ်းတစ်လျှောက်ပေါက်နေသော တောထဲသို့ဝင်၍ ကစ္စပြီး ရသည်။ တောထဲတွင်ကား လူဆိုးဓားပြများက ပစ္စည်းယူပြီး လူသတ်ရန်အသင့်စောင့်ဆိုင်း နေတတ် ကြပါသည်။ ကျွန်မတို့၏ အသက်ကိုဖက်ရွက်နှင်ထုပ်ပြီး ကိစ္စပြီးရခြင်း ဖြစ်ပါသည်။

ငါးရက်ခွဲ ကြာပြီးနောက်မန္တလေးမြို့သို့ ရောက်သွားကြပါသည်။ တစ်ကြိမ်တစ်ခါက အလွန်တရာ လှပ ခဲ့သော မြို့ကြီးသည် အပျက်အစီးများဖြင့် အထိပြီးနေပါသည်။ အဆက်မပြတ် ဗုံးကြဲခံရမှုကြောင့် အလွန်တရာ ခံညားခဲ့သည့် အဆောက်အအုံများသည် တစ်စစီဖြစ်နေသော ကျောက်ခဲပုံကြီးအဖြစ် ဘ၀ ပြောင်းကာ အရပ်သူအရပ်သားများ၏ သစ်သားများဖြင့်ဆောက်သောနေအိမ်များမှာမူ မီးလောင်ဗုံး များ ကြောင့် မီးလောင်ပြင်ကြီးဖြစ်နေပါသည်။

ကျွန်မတို့သည် ပြင်ဦးလွင်နှင့် မိုင်၄၀ ကွာဝေးနေပါသေးသည်။ လက်ရှိလာခဲ့သော နှုန်းအတိုင်းဆိုလျှင် နှစ်ရက် ခရီးပင် ဖြစ်သည်။ ခရီးလမ်း၏ကြမ်းတမ်းမှုဒဏ်ကို ကျွန်မမခံနိုင်သည်ထက်ပင် ဖခင်ကြီးနှင့် ကလေး များက ပိုဆိုးပါသည်။သူတို့ခမျာစိတ်ရောကိုယ်ပါ နွမ်းနယ်နေကြရှာသည်။ မော်တော်ကား ငှားရန် ပိုက်ဆံစုပါသည်။ တက္ကစီအရှထွက်ခဲ့၏။ အောင်မြင်ရန်လမ်းစနည်းသော်လည်း ကြိုးစားကြည့် ရပါသည်။

ကျွန်မဆယ်ကျော်သက်အရွယ်က မြင်တွေ့ခဲ့ရဖူးသော မန္တလေးမြို့ကို မမှတ်မိတော့ပါ။ အလွန်တရာလှ ပခဲ့သော မြို့ကြီးသည် ပျက်စီးနေပါသည်။ မြန်မာဘုရင် အဆက်ဆက်မှ နန်းတော်ကို ဗြိတိသျှတို့က ' 'ဒပ်ဖရင်ခံတပ်' ဟုအမည်ပြောင်းခေါ်ခဲ့သည်။ ၁၉၄၀ ခုနှစ်က ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့သော ဒါဘာ ဆုပေးပွဲ အဆောက်အအုံမှာ အကောင်းပကတိ ရှိနေသေးရာ ဂျပန်စစ်သားများနှင့် ပြည့်ကျပ်နေ တတ်သည့် လမ်းမ များတွင် လူသူရှင်းနေပါသည်။

နှစ်ရာပေါင်း များစွာ ကပင် လက်မှုပညာရှင်များ ထုတ်လုပ်သော ရွှေထီးငွေထီး ဆိုင်များသည်လည်း တိတ်ဆိတ်ပြီး လူသူကင်းမဲ့နေသည်။ မြန်မာပြည် အရပ်ရပ်မှ ထောင်ပေါင်းများစွာသော ဘုရားဖူးများ လည်းရောက် မလာနိုင်ကြတော့ပါ။ ရွှေပြာသာဒ်များ အောက်ဝယ်စံပယ်နေကြသော တန်ခိုးကြီးဘုရား များတွင် ဟာလာဟင်းလင်း ဖြစ်နေသည်။ တရားထိုင်နေကြေသောဘုန်းင်္ကြီးနှင့် သူတောင်းစား အနည်းငယ် ကိုသာ တွေ့ရသည်။

တစ်ရံတစ်ခါက လူများ၊ နွားလှည်းများဖြင့်၊ ပျားပန်းခပ်သွားလာလှုပ်ရှားနေကြပြီး ယခုလူသူကင်းရှင်း နေသော လမ်းများကို တစ်လမ်းဝင်တစ်လမ်းတွက် လျှောက်သွားခဲ့ရာ ဖို့ဒ်ကားစုတစ်စီးနှင့် သွားတိုးမိ သည်။ ပိုင်ရှင်ဖြစ်သူက ကျွန်မတို့ လူစုအားအခငွေလေးဆယ်ကျပ်ဖြင့် ပြင်ဦးလွင်သို့ လိုက်ပို့ရန် သဘောတူပါသည်။ ဤမျှလောက် အဖိုးအခကို ကျွန်မတို့မတတ်နိုင်ပါ။သို့သော်လည်း ကားနှင့် မသွား လျှင်ရထားနှင့် သွားရ တော့မည်။ ရထားနှင့်ဆိုလျှင် ခရီးလမ်းဆုံးရောက်သောအခါ အသက်နှင့် ကိုယ် အိုးစားကွဲဖို့သာရှိပါသည်။

ဟောလီးဝုဒ်ရုပ်ရှင်မှ ရိုက်ထုတ်သော ရယ်စရာ ဇာတ်ကားထဲမှမြင်ကွင်းနှင့် ကျွန်မတို့တစ်တွေ ကားစီး လာရပုံက တူနေသေးတော့သည်။ကားခေါင်းပိုင်းတွင် ကြက်နှင့် ဘဲတွေကတကွီကွီ တကော်ကော် အော်လာသည်။ ခွေးများက ခေါင်းများကို ကားပြင်ထုတ်၍ ဟောင်လာကြသည်။ကားထဲများက ကျွန်ုပ်တို့ တစ်တွေမှာ ငါးပိသိပ် ငါးချဉ်သိပ် ဖြစ်နေကြသည်။ ကလေးမျာက ကျဉ်းကျဉ်းကျပ်ကျပ် လိုက်လာခဲ့ရသဖြင့် မကျေနပ်ဘဲ ဆူပူအော်ဟစ် ငိုကြွေးလာကြသည်။

ဤမျှသေးငယ်သော မော်တော်ကားထဲသို့ ဖြစ်နိုင်လိမ့်မည်ဟုမထင်ရသော သူများအား ၀င်ဆံ့အောင် တင်နိင်သည်ကို မှတ်တမ်းတင်သူသာ တွေ့မြင်သွားပါလျှင် ဂရင်းနက်(စ်)၏ စံချိန်တင်စာအုပ်၌ မှတ်တမ်း ၀င်နိုင်ပါသည်။ ထိုခရီးသည် စိတ်ရောကိုယ်ပါ အသက်မသာ ဖြစ်ရသော်လည်း အင်ဂျင်စက် နှင့်ကားဘီးများ ရှိနေ သဖြင့် လိုရာခရီးကိုတော့ ပို့ဆောင်ပေးနိုင်ပါသည်။

လေယာဉ်ပျံများလာရောက် ဗုံးကြဲနေစဉ်မှာပင် ကျွန်မတို့သည် ပြင်ဦးလွင်သို့ ရောက်သွားခဲ့သည်။ ကိုဒါ မပေးလိုက်သော လိပ်စာအတိုင်း သစ်တောလမ်းထဲတွင် ရှိသည့် အိမ်သို့သွားပါသည်။စားပွဲကုလား ထိုင် နှင့် အိမ်ထောင်ပရိဘောဂ မရှိသည်မှအပ နေပျော်သော ဘန်ဂလိုတစ်ခု ဖြစ်ပါသည်။ ချစ်စရာကောင်းပြီး သပ်သပ် ရပ်ရပ် ပန်းခြံတစ်ခုလည်း ရှိပါသည်။ ဖေဖေ ကို ဧည့်ခန်းထဲတွင် နေရာချပေးသည်။

ကားမောင်းသမားသည် ကျွန်မ၏အခြေအနေကို ကြည့်ပြီးစိုးရိမ်နေပါသည်။ သယ်စရာပစ္စည်း များကို အိမ်တွင်း သို့ ကူညီသွင်းပေးခဲ့သည်။ ဘောက်ဆူးချသည်ကိုပင် လက်မခံပါ။
မတ်တတ်ရပ်၍ ရသောအခါ ဤအိမ်သို့ကိုဒါမ ကြိုတင်ပို့ပေးထားသော စားစရာများထဲမှ အချို့ကို ယူ၍ချက်ပြုတ်ပါသည်။ သို့သော်အဖော်မပါ တစ်ယောက်တည်း စားရမည်အထဲတွင် ရင်ကပါပြည့်နေသဖြင့် မစားဖြစ်တော့ပေ။ သို့ဖြင့် ကြမ်းပြင်ပေါ်သို့ လှဲချလိုက်ရာ ချက်ချင်းအိပ်ပျော် သွားခဲ့သည်။

နောက်တစ်နေ့မနတ်တွင် အရပ်ရပ်အခြေအနေကို သုံးသပ်ကြည့် ပါသည်။ ဈေးဝယ်ထွက်ရာ၌ ယာဉ်တစ်ခု ကို အသုံးမပြုလျှင် အဖြစ်ဟူ၍ ပထမဦးဆုံးဖြတ်လိုက်သည်။ ကျွန်မသည် မြို့ထဲသို့ လမ်းလျှောက်ထွက်ခဲ့ပြီး ဖွင်ထားသော ဆိုင်အချို့ကို ၀င်ကြည့်သည်။ စက်ဘီးတစ်စီး ထောာင်ထား သည်ကိုတွေ့ရ၍ ငွေ ၅၀ နှင့် ၀ယ်လာ ခဲ့သည်။

ကျွန်မတို့နေရသော အိမ်သည် ကျွန်မအတွက် ခေတ္တယာယီအားဖြင့် နိဗ္ဗာန်ဖြစ်ပါသည်။ နောက်ရက် သတ္တပတ်ကြာသောအခါ ကိုဒါမ ရုတ်တရက် ပေါက်လာပြီး ' ဂျိုင်းဗီးလ်' ဟုထူးထူးဆန်း ဆန်းမှည့် ခေါ်ထား သော ဘန်ဂလိုသို့ ပြောင်းရွှေ့ရန်ပြောပါသည်။ ယင်းအိမ်၏မူလပိုင်ရှင်မှာ မစ္စတာ ဂျယ်လီကို ဖြစ်ပါသညါ။ အလွန် လှပသော အိမ်ပင်ဖြစ်သော်လည်း အိမ်ထောင်ပရိဘောဂ မရှိကြောင်း တွေ့ရပြန်သည်။

အိပ်ရာကုတင်များ၊ စားပွဲများ၊ ကုလားထိုင်များကို ရှာဖွေနိုင်ခဲ့သော် ဤအိမ်တွင်စိတ်လက်ချမ်းသာ စွာ နေနိုင် လိမ့်မည် ဟူ၍ အိပ်ခန်းများကိုလိုက်လံ စစ်ဆေးကြည့်ရင်း ဆုံးဖြတ်ချက်ချလိုက်ပါသည်။ အိမ်ထောင် ပရိ ဘောဂများ ကို ရှာဖွေရန်ခတ်ခဲပါမည်။ ယင်းထက်တွေ့ရှိသည့်ပစ္စည်းများကို အိမ်သို့ သယ်လာ ရသည်က ပိုမိုခက်ခဲပါမည်။ သို့သောအဖြေကို မမျှော်လင့်သောနည်းလမ်းဖြင့် ရရှိပါသည်။
 
တစ်နေ့သော နံနက်ခင်း၌ အိမ်နားတွင်ရှိသော သစ်တောထဲသို့ဟင်းသီး ဟင်းရွက်နှင့်သစ်သီးရောင်း သူတစ်ဦးတလေ တွေ့ရနိုးမျှော်ကိုးပြီးလမ်းလျှောက်ထွက်ခဲ့ရာ အဘိုးကြီးတစ်ဦးသည် ထင်းများကို လိုက်လံ စုဆောင်း၍ အစည်းများစည်းကာ လက်တွန်းလှာ်းတစ်စီးပေါ်သို့ တင်နေသည်ကို တွေ့ရပါ သည်။

ကျွန်မက '' သူ၏လှည်းကိုငှားလျှင် ရပါမည်လော'' ဟုမေးကြည့်ရာ '' သူ့အလုပ်များပြီးစီးပါက ငှားပါမည်၊ တစ်ရက် လျှင်နှစ်ကျပ်ပေးရန်'' ပြောပါသည်။
နောက်ရက်သတ္တတတ်ပတ်လုံး အိမ်တစ်အိမ်ချင်းသို့ လိုက်လံပြီးပန်ကန်ခွက်ယောက်၊ မီးဖိုဆောင် သုံး အိုးခွက် နှင့် အိမ်ထောင်ပရိဘောဂများ ပါမကျန် စုဆောင်းသယ်ယူလာခဲ့သဖြင့် ဂျိုင်းဗီးလ်မှာ တဖြည်းဖြည်း ကျက်သရေမင်္ဂလာရှိလာခဲ့ပါသည်။

ငွေကြေးချမ်းသာသော သူများအပန်းဖြေရာ တောင်ပေါ်စခန်းမြို့ဖြစ်ပြီး အစိုးရနွေရာသီမြို့တော် လည်းဖြစ်သောကြောင့် အိမ်ထောင်ပရိဘောဂများမှာ ပိုလျှံနေပါသည်။ မြို့သူမြို့သားအများအပြား မှာသူတို့အိမ်များကို သော့ခတ်ပြီးထွက်ပြေးသွားသဖြင့် အိမ်အချို့မှာ ဖောက်ထွင်းလုယက်ခြင်း ခံထားကြ ရသည်။

ဤအိမ်များမှာ ပစ္စည်းများကိုငှားယူရ ခြင်းအတွက် ကျွန်မသည်ထူးထူးခြာခြား စိတ်မကောင်းခြင် မဖြစ်မိပါ။ ယင်းပစ္စည်းများကို အမှန်လည်းလိုအပ်နေပါသည်။ ကျွန်မယူမသုံးလျှင်လည်း အလဟဿ ဖြစ်နေကြပါမည်။ စွန့်ပစ် ထားသော ပီယာနိုတစ်ခုကို တွေ့သောအခါ မိမိကိုယ်ကိုမလုံသလို၊ လွန်ကဲ လာပြီလိုလို ခံစားရသည်။တန်ဖိုးကြီးသည့် ဇိမ်ခံပစ္စည်း တစ်ခုကို သိမ်းယူရန်မှာ ကျွန်မတွင်ရှိသော အသိဉာဏ်နှင့် အပ်စပ်မည်မဟုတ်ပါ။ သို့သော်ကိုဒါမက ကျွန်မယုံမှားသံသယ ဖြစ်နေသည်ကို ချေဖျက်ပစ်ရုံမက ယူရမည် ဟုပင် တိုက်တွန်းနေပါသေးသည်။ လှည်းပေါ်သို့ ပီယာနို ကို သူကိုယ်တိုင် ကူညီ တင်ပေးခဲ့ပါသည်။

မြန်မာနိုင်ငံအတွင်းသို့ ဂျပန်စစ်တပ်များ ၀င်လာပြီးမှစိတ်ချမ်းသာမှုနှင့် အေးဆေးငြိမ်သက်မှုကို ပထမ အကြိမ် စတင်ခံစားလာရပါသည်။ ကျွန်မအနေနှင့် အခြေတကျဖြစ်သွားခဲ့ပါသည်။
ရက်သတ္တပတ်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီးနောက် ကျွန်မသည်လက်မှတ်ရ သူနာပြုဆရာမတစ်ဦး ဖြစ်ကြောင်းသတင်းများ ပြန့်သွားခဲ့ပါသည်။ မြို့ပေါ်နှင့် ရွာနီးချူပ်စပ်မှ လူနာများဆေးကုသခံယူရန် ကျွန်မ ထံသို့ရောက်လာကြသည်။ ရွာသူရွာသားများက ငွေကြေး အခက်အခဲရှိသဖြင့် ဆေးကုခ မပေးနိုင်ပါဟု ပြောလာကြသည်။ ငွေအစားဂျုံနှင့် ဆန်များကြက်ဥများကို ပေးကြပါသည်။ ကျွန်မ၏စိတ်ကြိုက်ပင် ဖြစ်သွားပါတော့သည်။ အကယ်၍ငွေပေးခဲ့သော် အစာအစာများကို မှောင်ခို ဈေးမှအဆမတန်ပေးပြီး ၀ယ်ရ မည်ဖြစ်သဖြင့် ရသောငွေနှင့် ကာမိမည်မဟုတ်ပါ။

ကျွန်မဆေးကုသပေးရသော နေရာများမှာ တစ်စထက်တစ်စ ကျယ်ဝန်းလာသည်ဖြစ်၍ အစိုးရ အသိ အမှတ်မပြုသောခရိုင် သူနာပြုဆရာကြီးဖြစ်မှန်းမသိ ဖြစ်လာခဲ့သည်။ ကျေးရွာများးနှင့် လူနာများ စုပေါင်း နေကြသော နေရာများသို့ မှန်မှန်သွားရောက်ရသည်။ မိုးလင်းမိုးချုပ်သည်အထိ ငှက်ဖျား၊ ၀မ်းကိုက်၊ အာဟာရ ချို့တဲ့၍ ဖြစ်ပေါ်လာသော အနာစိမ်းများ၊ ကျည်ဆန် အစအနမှန်၍ ဒဏ်ရာများကို လှည့်လည် ကုသ ပေးရသည်။

ကျွန်မတို့၏ များပြားလာသော အုပ်စုထဲမှစိတ်ဓာတ်ကျပြီး နာမကျန်ြးုဖစ်သူများကိုလည်း ကုသပေးရပါသေးသည်။
စားဆေး၊ ထိုးဆေးများရှာဖွေရသည်မှာ ကျွန်မအတွက် အလွန်ကြီးလေးသော ပြဿနာတစ်ရပ် ဖြစ်သည်။ တိုင်းရင်းသူ အမျိုးသမီးကြီးများက ရာစုနှစ်ပေါင်းစွာက ဖော်စပ်လာသော ဆေးပင်၊ သစ်ဥ၊ သစ်မြစ်၊ မာသော အခေါက်များပါသည့် ဆေးဖော်နည်းများကိုပေးရာ အချို့သောရောဂါများကို ထိရောက်စွာ ကုသ နိုင်ခဲ့ပါသည်။

အချို့သောရောဂါများကိုမူ ခေတ်မီဆေးများ တိုက်ကျွေးမှသာကုသ၍ရပါသည်။ ယင်ရောဂါများအ တွက်သင့်လျော်သော ဆေးရှာရသည်မှာ အလွန့်အလွန် ခက်ခဲလှပါသည်။ တစ်ခါတစ်ရံ စစ်တပ်မှ တိရစ္ဆာန် ဆေးကု ဆရာဝန်ခိုးထုတ်လာသော ဆေးများရရှိ၍ တော်တော့သည်။ သို့သော်သူ၏ ဆေးလည်း ကြာရှည်ခံ သည်တော့ မဟုတ်ပါ။ အလွန်တရာကံကောင်းလွန်း၍သာ ဤဆေးကိုရရှိ ခြင်းဖြစ်ပါသည်။

ကျွန်မ၏ခွေးများအနက် ခွေးမလေးတစ်ကောင် သားပေါက်နေသည်။ တိရစ္ဆာန်ဆရာဝန်သည် တစ်နေ့တွင် မြင်းစီး၍ အိမ်ရှေ့မှဖြတ်အသွားမြင်တွေ့သွားသည်။သူကကျွန်မကို'ခွေးတစ်ကောင် ရောင်းပါ'' ဟုပြောလေ ရာ ကျွန်မက ခွေးပါးစပ်တစ်ပေါက် လျော့နည်းသွားမည်ကို ၀မ်းသာနေ၍ အလကား ပေးလိုက် သည်။ သူကကျေးဇူးဆပ်သည့်အနေဖြင့် ထိုးဆေးများ၊စားဆေးများကို မကြာ ခဏ လာရောက် ပေးလေ့ရှိသည်။ သူမြင်းစီးသွားသည့် အခါတိုင်းခွေးကလေးကို မြင်းကုန်းနှီးရှေ့ တွင်တင်ပြီးစီးလေ့ရှိသည်။

ဆေးနှင့် ပတ်သက်သော ကိရိယာပစ္စည်းများနှင့် ဆေးဝါးများကို ရနိုင်သောအခါ ' လိုအပ်ခြင်းသည် တီထွင်ခြင်း ၏ မိခင်ဖြစ်သည်' ဟူသောစကားပုံသည် မှန်ကန်လှကြေင်း ဆောလျင်စွာတွေ့ရပါသည်။
တစ်နေ့တွင်ကျွန်မသည် ကလေးမွေးပေားမှ စက်ဘီးစီးပြီး အပြန်ဈေးအနီးတွင် အသက် ၆ နှစ် အရွယ်ရှိ မွတ်စလင် မလေးတစ်ဦးအား ဂျပန်စစ်ကားက တိုက်သွားသည်ကို တွေ့ရသည်။ ကားနှင့် တိုက်မိရာမှ မိန်းကလေး သည် အပေါ်သို့ မြောက်တက်သွားပြီး ကားရှေ့ဘောနက်ပေါ်သို့ ကျလာခဲ့သည်။ ကားမောင်းသူ ဂျပန် က ဘာမျှ မဖြစ်သလို ကားကိုရပ်ပင်မပေးချေ။

ကျွန်မသည် စက်ဘီးပေါ်မှ ဆင်းပြီးကလေးမလေးထံသို့ အပြေးအလွှားသွားခဲ့သည်။ ကလေးမလေး၏ လက်မောင်း နှစ်နေရာတွင် အရိုးသွင်သွင်ကျိုးသွားသည်ကို အသေးစိတ် စစ်ဆေးကြည့်ရန်ပင် မလိုဘဲ အလွယ် တကူ ပင် တွေ့ရပါသည်။

သူမ၏ဖခင်သည် ကျွန်မအားတစ်ခုခု လုပ်ပေးပါရန် စိတ်ထိခိုက်စွာဖြင့် တောင်းပန်နေပါသည်။ ကျွန်မအနေဖြင့် မည်သို့ကုသပေးရမည်ကို ကောင်းစွာသိရှိငြားလည်း ပစ္စည်းကိရိယာရှိမှ ကု၍ရမည့်ကိစ္စ ဖြစ်နပါသည်။ အရိုးများကို ကျွန်မပြန်ဆက်ပေး၍ ရပါသည်။ သို့သော်ကျပ်စည်း ရန်အတွက် ပလာစတာနှင့် အုံထားမှဖြစ်ပါမည်။
ထိုအချိန်မှာပင် လမ်းဘေးရှိ ခြတောင်ပို့ကြီး တစ်ခုကို ကျွန်မလှမ်းမြင်လိုက်ပါသည်။

'' ကျွန်မကိုအ၀တ်စ နည်းနည်းပေးပါ'' ဟုတောင်းလိုက်၏။
စိတ်ဓာတ်ကျနေသော ဖခင်သည် ကြောက်ရွံ့နေသော ယုန်တစ်ကောင်အလား ပြေးထွက်သွား သည်။ ဘေးမှရပ်ကြည့်နေသော သူများအားတောင်ပို့မှ အနူးညံ့ဆုံး၊အမှုန့်ဆုံး မြေလက်တစ်ဆုပ်စာယူပေး ကြပါရန် ခိုင်းပါသည်။

ဆက်ရန်
.

No comments: