Friday, February 19, 2010

လွဲချက်ကနာ

ဒီနေ့ မနက် ဘာရေးရမလည်း စဉ်းစားနေတာ ဆီပုံး ထဲ ဖတ်လိုက်တော့ ကံဆိုးသူ ကိုဆိုဆီဂါးဒိုး (sosegado) ကိုသွားတွေ့ တယ်...၊ မန္တလေးမှာ လွဲသွားတယ် တဲ့..(ကိုဆိုဆီ ရေ လွဲချက်ကနာ ဗျ..)...။

ကျနော် ဘလော့ လေး စရေးဖြစ်တဲ့ အကြောင်းလေး စပြောချင်တယ်..၊ ကျနော့် ဆိုင်မှာ အင်တာနက် စတတ် ချိန်က စပြီးတော့ ဘလော့ဂ် တွေ လျှောက်ဖတ်တယ်ဗျ..၊ တချို့ ဘလော့ဂ်လေး တွေ ဖတ်လို့ တော်တော် ကောင်း တယ်..၊ ကျနော် လည်း ရေးချင်စိတ်ပေါက်လာတယ်..၊ ကိုမင်းဒင်တို့ ကိုနဗန တို့ဆို ကျနော် တော်တော်ကြိုက်တယ်..၊ စာရေးတော်တော် ကောင်းကြတယ်..၊ ဒါနဲ့ ငါလည်း ရေးမယ်ဆိုပြီး ရေးဖြစ် သွားပါတယ်..၊ ဘလော့ဂ် စ ရေးကထဲက ကျနော် ရဲ့ favorite ဘလော့ဂ်ဂါ များရဲ့ အကြံဥာဏ် တွေကို တောင်းပါတယ်..၊ စာရေးတာ ဘာတွေ လိုလည်း ပေါ့ ..၊ ၂ယောက်စလုံး သေသေချာချာ အကြံ ပေးကြ ပါတယ်..၊ ကျေးဇူးပါဗျာ..။

ကျနော် ဘလော့ မထောင်ဖြစ်ခင်က ကျနော်က ဆိုင်မှာ နေတာများတယ် ဆိုတော့ ချစ်ချစ်ကြီးတို့ ချစ်ညီမ တို့ အပြင်ထွက်တယ် ဆိုရင် ကျနော်က လိုက်ချင်တယ်..၊ ဘယ်လဲပေါ့..၊ ချစ်ချစ်ကြီးကလည်း အရင်တုန်းက တော့ ဘယ်သွားသွားခေါ်တယ်ဗျ..၊ နောက်ပိုင်း ကြ ကျနော့် ကို ရှုတ်တယ်ပေါ့ ..၊ သိပ်မခေါ်ချင်တော့ဘူး..၊ ဆိုင်တဘက်နဲ့ ဆိုတော့ ပိုဆိုးတာပေါ့..၊ ဆိုင်ပစ်ပြီးတော့ လိုက်ချင်တယ်ဆိုပြီး ပိုပြီးမခေါ်ချင်တော့ဘူး..၊ ချစ်ညီမ ကလည်း ဒီလိုဘဲ..၊ ကျနော်လည်း အဲဒီလို မခေါ်ချင်လေ လိုက်ချင်လေဘဲ..၊ ကျနော့် အလစ်ချောင်းပြီး အပြင် ထွက်ချင် တဲ့ သူတွေကို နောက်ကနေ အတင်းပြေးပြေး ပြီးတော့ မှီရာ ဆွဲ လိုက်တယ်ဗျ....၊ တလွဲ မတွေးနဲ့နော် ထမိန်တို့ ပုဆိုး တို့ပါ..။

အခုလို ဘလော့ဂ်ထောင်ပြီး စာရေးနေတဲ့ အခါကြတော့ ကျနော်က သူတို့ကို ဂရုကို မစိုက်တော့ဘူး.. ဒင်းတို့ ဘာသာ ငရဲပြည်သွားသွား နတ်ပြည်သွားသွား ငါ့အလုပ်မဟုတ်ဘူး ဆိုပြီး.. လှည့်ကို မကြည့် တာ..၊ အဲဒီအခါကြတော့ သူတို့က သဘောပြောင်းသွားပြီဗျ....၊ လူ့ စိတ်များ သိပ်ခက်ဆိုတာ ဒါမျိုးနေမှာ.. လိုက်ချင်တုန်းကတော့ ဟိုရှောင်ပြေး ဒီရှောင်ပြေး နဲ့ အခုကြ ကျနော် မလိုက်ချင်ဘူးဆိုတော့ ခေါ်ချင်ကြပြန်ရော.. မင်းမလိုက်ရင် မဖြစ်ပါဘူး.. အညောင်းမိလိမ့်မယ်.. လေညှင်းခံလေး လိုက်ခဲ့ပါအုန်း နဲ့ ခေါ်လိုက်ကြတာဗျာ..။

ရွှေစင်ဦး ကို ဒီလို စမ်းလို့ဘယ်ရမလည်း.. ၊ ရွှေစင်ဦး တို့က မင်းတို့သွားတဲ့ မန္တလေး မြို့ထဲက နေရာလေး တွေကို ပျင်းတယ်.. မင်းတို့ရဲ့ မန္တလေးက မိတ်ဆွေတွေကိုလည်း ပျင်းတယ်.. ငါ့မိတ်ဆွေတွေက ကမ္ဘာအနှံမှာ ရှိတယ်..၊ ရွှေစင်ဦး လေးကိုလည်း ခင်ကြတယ်.. ချစ်ကြတယ်.. လို့ပြန်ပြောလိုက်တယ်..၊ အမယ် ချစ်ချစ်ကြီးက ... ငါတော့ မယုံပါဘူးတဲ့.. ကျနော်လည်း ကိုဆိုဆီ နဲ့ သက်သေ ပြမယ်ပေါ့ .. သူက နှစ်ကူး လာမယ်ဆိုတော့ ကျနော့် စိတ်ထဲ သင်္ကြန်နှစ်ကူးမှတ်နေတာ...၊ သင်္ကြန်ကြရင်ကြည့်ပေါ့ ဆိုပြီး စောင့်နေတယ်ဗျ.. တရုပ်နှစ်ကူး မှာ ကိုဆိုဆီ က ရောက်လာတယ်..၊ လိပ်စာ ကလည်း အိမ်လိပ်စာ ဖုန်းကလည်း မောင်လေး ဖုန်းနံပါတ် ဆိုတော့ အိမ်ရှာရခက် ဖုန်းဆက်ခက် နဲ့ ကိုဆိုဆီ နဲ့ လွဲသွားတယ်ဗျာ..။

ဒါပေမဲ့လည်း သူခမျာ.. မေမြို့ရောက်တော့ ကို ဖုန်းလှန်းဆက်ရှာ ပါသေးတယ်..၊ ကိုဆိုဆီ ရဲ့ ညီမ ပါ တဲ့ အသံလေး ကလည်း သာယာလိုက်တာ လူလေး ဆိုရင် လည်း ဘယ်လောက် ချောလိုက်မလည်း.. အင်း... ရွှေစင်ဦး တို့ ကံဆိုးတာ.. ဆိုင် ကိုများ ရောက်လာခဲ့ရင်  ကျနော့် ရဲ့ချစ်ချစ်ကြီးတို့ ချစ်ညီမ တို့ ချစ်သား သမီး များတို့ကို ဘယ်လောက်များ ကြွားလို့ကောင်းလိုက်မလည်း.. အင်း ကိုဆိုဆီ ရေ လွဲချက်က တကယ် ကို နာပါတယ် ခင်ဗျား...။

(ရွှေစင်ဦး ကိုချစ်သူများ.. မန္တလေး ရောက်လို့များ ရွှေစင်ဦး လေးစီကို လာလည်ချင်ရင် Advertisement Label ထဲမှာ SS Public Internet Access, See Sein Computer and Copy ကမှ ကျနော် ရဲ့ လိပ်စာ အမှန်ပါ ခင်ဗျား.. ရောက်ရင် လည်း ဝင်ခဲ့ကြပါ.. ရွှေစင်ဦး လေး ကြွားဘို့ရာပါ.. )

စာရေးသူ-ရွှေစင်ဦး
.

8 comments:

ရွှေရတုမှတ်တမ်း said...

ကိုကြီးကျောက်လို..မန်းမှာအပ်ကျတာတောင်သိတဲ့သူဆိုရင်တော့မလွဲပါဘူး.
အဲ...မြို့သစ်တွေလဲမသိတော့ဘူး..
ဆွေမျိုးပေါက်ဖေါ်တွေလဲမသိဘူး..
နဲနဲတော့ ဒိတ်တော့အောက်နေပြီ

Anonymous said...

စိတ်ချ မမ
လာမယ်

ကိုရီးယား မင်းသမီးလေးလား ထင်မှတ်မှားရတဲ့ ညီမလေး လာမယ်။


မမကို တွေ့ချင်နေတဲ့
ညီမလေး
မဘုတို

သက်ဝေ said...

လာ အုံး မှာ . . . ဆ က် ဆ က် . . .

Anonymous said...

အင်း ဘလော့ဂါ ဒေါ်ရွှေစင် ခင်ဗျား အင်တာနက်သုံးပါဆိုတုန်းကတော့ အလုပ်ရှုပ်ရတဲ့အထဲဆိုပြီး ငူငူငေါင်ငေါင်နဲ့ ပြန်ပြောခဲ့သေးတယ် အခုကျတော့လည်း မခွဲနိုင် မခွါရက် ကျန်းမာရေးတောင် စိုးရိမ်ရသေး အညောင်းမိလိမ့်မယ်.. လေညှင်းခံလေး လိုက်ခဲ့ပါအုန်း ခေါ်ရတယ်ဗျို့ တော်ကြာ လေဖြတ်ရင် အနော်တို့ ခေါင်းပေါ် ကျအုံးမယ် ပြီးတော့ စားချိန်မမှန် အိပ်ချိန်မမှန် ရေသောက်ချိန် ရေချိုးချိန်က အစ လိုက်ပြောနေရတယ် ကိုးနက်ရှင်ကြီးကိုတောင် ကျေးဇူးတင်မိသေးတယ် သူမကောင်းရင်တော့ နည်းနည်း နတ်ပူးသက်သာသေးတယ် နို့မို့ တနေ့ ကိုယ်ပိုင်ရေးပို့စ်ကိုက ၃-၄ပုဒ် တင်ချင်နေတာ
စာငတ်တုန်း စာတွင်းထဲကျတဲ့ဗျာ ကောင်းပါရဲ့ရှင်

ချစ်ညီမ
seesein

သက်တန့်ချို said...

ဟေး..ရွှေစင်ဦးရေ..ငါ မန္တလေး ခဏခဏရောက်တယ်ဟ ဒီလိုမှန်းသိရင် လာတွေ့ပါတယ် ..နောက်တစ်ခါလာရင်တွေ့မယ်လေ ငါကလာရင် Swan Hotal မှာတည်းလေ့ရှိပါတယ် ။ ငါလာခါနီးကြိုအကြောင်းကြားလိုက်မယ် တွေ့ရင်သာမုန့်ကျွေးဖို့ မမေ့နဲ့း)

အင်ကြင်းသန့် said...

မမရွှေစင်...
ညီမလေးလည်းမမရွှေစင်ကိုချစ်တာပါပဲနော်...
မမရဲ့ ချစ်ချစ်ကြီးကိုကြွားလိုက်ဦးနော်...အဲလေ မုန့်ကျွေးလိုက်ဦးနော် :)))
ညီမလေး ကတော့ ပြောထားပြီးသားနော် မန်းလေးကို လာလို့ ထွက်ပြေးလို့ကတော့ မမရွှေစင်လိုပဲ မှီရာလိုက်ဆွဲမှာ...

ချစ်ညီမလေး

မေဓာဝီ said...

လာလည်ရင် ဘာကျွေးမှာလဲ မရွှေစင် ..
လောလောဆယ် စိတ်ဝင်စားနေတာ အရိုးဆန်ပြုတ်နဲ့ ခေါင်ရည် :P

SOSEGADO said...

မရွှေစင်ကို ဝင်တွေ့မလို့
ကိုယ်ကလည်း NC တို့ SS တို့မှတ်သွားတာဆိုတော့
မရွှေစင် မောင်လေးကလည်း ယောက်ျားလေး ဆက်ရင် မရဘူး၊ (သွားမပြောပါနဲ့)
မရွှေစင် ဒီမှာမရှိဘူး အမေကြီးခေါ်ပေးရမလားတဲ့၊
ကိုယ်ကလည်း အလည်ပြန်ရင်း ဖန်ကြိုးမျှင် ပွဲစားဝင်လုပ်သေးတော့
ရတနာပုံတယ်လီပို့နှင့် မေမြို့မှာတညအိပ်လိုက်ရတယ်၊
ဘာပဲဖြစ်ဖြစ် ၇၂ ၊ ၇၃ လမ်းကို ကျူးံကနေ ဗောဓိကုန်းထိ ၃ ပတ် ၄ ပတ်လောက် ပတ်ဖြစ်သွားပါတယ်၊ ပန်ဒိုရာနှင့် တခြား အင်တာနက်ဆိုင်တွေ ထိုင်ဖြစ်ခဲ့ပါတယ်၊
နောက်တခေါက်ပေါ့ မမရွှေစင် ရေ။
SOSEGADO