ကျနော့် မေမေ ဖေဖေနောက်လိုက်လာတော့ ဖေဖေရဲ့ အမှာစကား တွေကိုမှတ်မိသလောက် ပြောပြချင်ပါ သေးတယ်၊ ဖေဖေမှာ ညီမ၂ယောက်၊ အမ တယောက် ရှိပါတယ်၊ ညီအလတ်က ဒေါ်ခင်မေကြိုင်တဲ့ (အငြိမ်းစား အလယ်တန်း ကျောင်းအုပ်)၊ ကျနော်က ဒေါ်လတ် ဟုခေါ်ပါသည်၊ ညီမအငယ်ဆုံးက ဒေါ်ခင်ထွေးကြူ တဲ့ (သမ၀ါယမ ဌာနစုမှုး) အန်တီထွေးဟုခေါ်ပါသည်။ အမကြီး က ဒေါ်သန်းဌေး တဲ့ ကျနော်တို့က ဒေါ်ကြီးလို့ခေါ်ပါတယ်..။
အဲဒီ အချိန်တုန်းကတော့ ညီမ ၂ယောက်စလုံး တော်တော်ငယ်ကြသေးတယ်တဲ့၊ အထက်တန်း ကျောင်းတက် နေတုန်းပေါ့ ၊ ဖေဖေ က မေမေကို ဘယ်လိုပြော သလဲဆိုတော့ ဒီအိမ်မှာ `ခင်မေကြိုင်နဲ့ ရန်ဖြစ်ရင် ဖြစ်တဲ့သူအမှားတဲ့ သူက တအိမ်လုံးနဲ့ မတည့်ဘူးတဲ့..။
ရန်ဖြစ်ချင်လို့ ရန်စမှာဘဲတဲ့..၊ ပြောထားရဲ့ သားနဲ့ ဖြစ်ရင်တော့ ဖြစ်တဲ့သူအမှားပေါ့တဲ့၊ နောက်အငယ်ဆုံး ကတော့ `တအိမ်လုံးက အလိုလိုက် ထားတော့ သူ့ကို `မော်`လည်းအလိုလိုက်ရမယ်တဲ့ ၊ ကောင်းလိုက် တာနော်၊ တအိမ်လုံး မှာ ကျနော် မေမေမကြောက်ရတာ ဆိုလို့ တယောက်မှ ကိုမရှိတော့ဘူး၊ ငယ်သူ လည်း ငယ်သူအလျှောက် ကြီးသူလည်း ကြီးသူအလျှောက်ပေါ့။
ကျနော့် အဒေါ် ဒေါ်လတ်ဆိုးတာတော့ အားလုံးလက်မြှောက်ရအောင်ပါဘဲ၊ မနက်ဆိုစားစရာ ၀ယ်ထားရင်၊ မရှိတဲ့ အရာကိုမှ အမြဲတန်းတောင်းဆိုတယ်တဲ့ ၊ အီကြာကွေးဆိုရင်၊ နံပြား၊ နံပြားရှိရင် ကောက်ညှင်းပေါင်း၊ မရှိတဲ့ တမျိုးကိုဘဲ အမြဲတန်းပြောတယ်တဲ့၊ နောက်တော့ သူ့အတွက် ၂မျိုး ၃မျိုး ၀ယ်ထားပြီး၊ မရှိတဲ့ ဟာကိုအရင်ပြောမှ အဆင်ပြေသွားတယ်တဲ့။
နောက်ပြီးတယောက်ယောက်နဲ့ ရန်ဖြစ်ပြီး ရင် အိမ်ဝန်းထဲက မန်ကျီးပင် ကြီးထိပ်ဖျားမှာ တက်ပြီး ရန်ဖြစ်တဲ့လူကို ဆဲနေတာဘဲ လို့ပြောတယ်၊ ဘဘကြီး သူငယ်ချင်းတွေကဆိုရင် ဒေါ်လတ်နဲ့ တွေ့ရင် အဲဒီကောင်မလေး အနားမကပ်ကြပါနဲ့ မိုးကြိုးပစ်ရင် စက်ကွင်း မလွတ်မှာစိုးလို့ လို့ပြောတယ်၊။
မေမေကတော့ သူ့ကို သိပ်ကြောက်တာဘဲတဲ့၊ ဒါပေမဲ့မေမေ ရောက်လာတော့ သူု့မှာ ခေါ်စရာ အဖော် မရှိတော့ မေမေနဲ့ ပေါင်းချင်တော့ မေမေကို မုံတွေကျွေး၊ ဘန်ဒါစေ့တွေထုကျွေး သတဲ့၊ မေမေလည်း ကြောက်ကြောက်နဲ့ တည့်အောင်ပေါင်းရတာလို့ပြောပါတယ်၊ အန်တီထွေး ကတော့ မေမေ အတွက် ကျောင်းကပြန်လာတိုင်း မုန့် တမျိုးမျိုးဝယ် လာတယ်တဲ့၊ အချဉ် ထုတ် တို့ နေကြာစေ့ တို့ပေါ့၊ ကျေးဇူးတင်ပါတယ်၊
.

4 comments:
ပြောစေချင်ရင်လဲ ပြောရတာပေါ့ နော အမျိုးတော်ရမှာတောင် ကြောက်လာပြီဗျို့ အမျိုးအကြောင်းပြီးရင် သူငယ်ချင်းအကြောင်းတွေလာတော့မယ်နဲ့တူတယ် online မိတ်ဆွေများ ကြည့်လဲလုပ်ကြနော
စားများများရေးပါ စာကောင်းပေကောင်းများဖတ်ချင်ပါသည်
လာလည်သွားတယ်နော် စာတွေဖတ်ရလို့ ပျော်ပါတယ်
စာတွေရေးတာ ကျေးဇုးတင်ပါတယ်
လာလည်သွားတယ် carry on
မမရွှေစင်ရဲ့မေမေ သနားပါတယ်နော်....ဂျင်းတို့လိုစိတ်မျိုးနဲ့သာဆို အဲလိုမျိုးဘယ်ရလိမ့်မလဲ...။
ချစ်ညီမလေး
Post a Comment