Sunday, August 21, 2011

ရွှေစင်ဦး ရဲ့ တောင်ရောက်မြောက်ရောက် အပိုင်း (၃)

ဒီတခါ တောင်လည်းမရောက်နိုင် မြောက်လည်း မရောက်နိုင် နဲ့ တန်းလန်းကြီး ဖြစ်နေတာကြာပါပြီ ...... စာရေးတာလည်း စိတ်ကြည်ကြည်လင်လင် ရှိမှ ရေးလို့ကောင်းတယ်... စိတ် မကြည်လင် နိုင်အောင်လည်း အမှု့ကိစ္စ တခု က ကိုယ့်မျက်စေ့ ရှေ့တင်... ။

အဲဒီ ညအကြောင်း ပြန်ပြောရရင် ၁ဝနာရီဝန်းကျင်လောက် ထင်တယ် ကျနော်တောင် အိပ်ယာ ထဲ ရောက်နေလို့.. စာတောင်ဖတ်နေပြီ.. အဲဒီ အချိန်မှာဘဲ ပြေးသံတွေ အော်ဟစ်သံတွေ ကြားတာ နဲ့ ထကြည့်မိတယ် ကျနော်တို့ ဆိုင်နားလေးတင်ဘဲ ဖြစ်နေကြတာ..ကျနော် တို့ အခန်းကလည်း လမ်းဘက် ဆိုတော့ အကုန်မြင်နေရတယ်... ချစ်ချစ်ကြီး ကတော့ အသံကြားကထဲက အောက်ပြန်ဆင်းပြီး ကားသွင်း ဆိုင်ပိတ် ဘို့ သွားပြောတယ်... ကလေး တွေက အလုပ်လုပ်တုန်း ရုပ်ရှင်ကြည့်တုန်း.. ကပ်စတမ်မာ လည်း ရှိသေးတယ်... ။

ကျနော် ကတော့ အပေါ်ထပ် က အထူးတန်း ကကြည့်နေတဲ့ သဘော ပေါ့... သူ တို့ က အခြင်းခြင်း တွေဘဲ ထင်တယ် အုပ်စု နှစ်စု ပေါ့ တစု က လူနဲစု တစု ကတော့ များတယ် ၁ဝယောက်လောက် ပါမယ် ထင်တယ်.. တခြားနေရာ ကနေ ဖြစ်လာကြတယ်... လူနည်းစု ဘက်က တယောက် က အရိုက်ခံရတယ် နဲ့ တူတယ်.. အဲဒါကို ဟို အများစု ဘက်က ခေါင်းဆောင် တဲ့ ကလေး က လိုက်တောင်းပန်နေတာ... ကျနော် လည်း အခြေအနေမဆိုးသေးဘူး ပေါ့ ဆိုပြီး ဆက်ကြည့်နေလိုက်တယ်... ။

အရိုက်ခံရတဲ့ ကလေး က မကျေနပ်နိုင်ဖြစ်နေတယ်...  ဟို ဘက်က ကလေး ကတော်တော် တောင်းပန် ပါတယ်... ရန်ပွဲ မဆက်ဘို့ နဲ့ ကျေနပ်ဘို့ ကို တအားတောင်းပန်တယ်.. သူ့ ရိုက်သွားဆိုပြီး ခေါင်းလည်း ထိုးပေးတယ်... ဒါပေမဲ့ ခံရတဲ့ သူက အဲဒီကလေး ကို မရိုက်ဘဲ ရိုက်လိုက်တဲ့ ကောင်လေး ကိုဘဲ ပြန်ရိုက် ရမှ ဖြစ်နေတယ်... အဲဒါနဲ့ မကျေမလည် တွေ ဖြစ်နေကြတာ.. တော်တော်ကြာတယ်.. ။

အဲဒီလို ကြည့်နေရင်း တန်းလန်း ဘဲဗျာ ဟိုဘက် ဒီဘက် ပြေးလာပြီး ရိုက်လိုက်ကြ နှက်လိုက်ကြ နဲ့ လမ်းပေါ်မှာ သုံး ယောက် လဲသွားတယ်... လဲသွားတဲ့ လူတွေကိုလည်း ဆက်ရိုက်နေလိုက် ကြတာဗျာ.. တခွပ်ခွပ် နဲ့ ခဏလေး နေတော့ ဟေ့ တော်ကြတော့ သေသွားလိမ့်မယ် ပြောပြီး ဆိုင်ကယ် တွေပေါ် စုတက်ပြီး မောင်းပြေး သွားကြတယ်.. ။

လမ်းပေါ်မှာ လေးယောက် လဲကျနေခဲ့တယ်... စစ ရေ လာကြည့်အုန်းဆိုပြီး ခေါ်နေတုန်းရှိသေး ရဲ တွေလည်း ရောက်လာတယ်... အဲဒီအချိန်ကြမှ အောက်က သတ္တိခဲများလည်း ဆိုင်ပိတ်ကြတယ်... ရဲ တွေလည်း လဲနေတဲ့ ကလေး လေးယောက် ကို ဆေးရုံကားခေါ်ပြီး တင်သွားတယ်... လမ်းပေါ်မှာ သွေး တွေ အများကြီး... ဆိုင်ရှေ့ တည့်တည့် ရောက်နေတဲ့ ဆိုင်ရှင်အိမ်က ရေပုန်း နဲ့ ပက်ပက်ပြီး တံပျက်စည်း နဲ့ လှဲပြစ်ရတာ တော်တော် ကြာတယ်... ။

ကျနော် လည်း အဲဒီ အချိန်ထိ ရိုးရိုး ရိုက်မှု့ဘဲ ထင်နေတာ.. မနက်ကျ မှ ဘေးဆိုင်က သတင်းရလာတယ် သုံးယောက် က ပွဲခြင်းပြီး တဲ့ ... တယောက် ကဆေးရုံမှာ အခြေအနေမကောင်း တဲ့... အဲဒီတော့ မှ စိတ်ထဲ မှာ တော်တော် မကောင်းဖြစ်သွားတယ်... လူတွေရှေ့မှာ လူသတ်ခံရတယ်လို့ ငါ့မှာလည်း တာဝန် ရှိတယ်လို့.. နောက်ပြီး  ဆယ်ကျော်သက် လေးတွေ... အနာဂတ် ရဲ့ သားကောင် အဲ သားကောင်း ဖြစ်မယ့် သူလေးတွေ မို့ တော်တော် စိတ်ထိခိုက်မိတယ်...သေသူရော ရိုက်သူရော ဘဝ တွေ အများကြီး ဆုံးရှုံး သွားပြီလေ....။

ကျနော် တို့ ဆိုင်နားမှာ ကာရာအိုကေ ဆိုင်ရှိတယ်.. ကျောင်းသား အဆောင်တွေ ရှိတယ်..  အဲလို အုပ်စုလိုက် ရန်ဖြစ်ကြတာတွေဟာ ရိုးနေပါတယ်... ဒေါသ တကြီး နဲ့  ဒုတ်တွေ ခဲတွေ နဲ့ အုပ်စု ၂စု ကြား ဝင်တားရင် တားတဲ့ သူဘဲ ဝိုင်းရိုက်မယ် လို့ ထင်နေတဲ့ စိတ်လည်းပါတယ်..။

ရန်ပွဲတွေ ကလည်း ခဏ ခဏဖြစ် နေတာ ဆိုတော့ သိပ်တော့ အဆန်းလည်း မဟုတ်ဘူး ... ဒါပေမဲ့... ရန်ဖြစ်တာ တွေကို ကြည့်ရင်တော့  ရဲရဲ မကြည့်ရဲပါဘူး မီးပိတ်ပြီးကြည့်ရတယ်.. မမြင်အောင် ကွယ် ကြည့်ရတယ်.. တော်ကြာ ကြည့်ရမလား ဆိုပြီး တချက်လောက် ပေးသွားရင်မခက်လား...။

အင်း ဒီလိုနဲ့ အချိန်တော်တော်ကြာ စိတ်ထဲမှာ အဲဒီ အကြောင်းက မထွက်ဘူး..  တရက်တော့ မနက် အာရုံ မတက်ခင် ခွေးတွေ ဟောင် တာနဲ့ နိုးလာတယ်... ထုံးစံအတိုင်း ပြတင်းပေါက် ကနေ အဲဒီနေရာကို မျက်လုံး ရောက်သွားတယ် ... လမ်းပေါ်မှာ တော့ ဘာမှ မတွေ့ပါဘူး လမ်းဘေးမှာတော့ ဂျင်းဘောင်းဘီ နဲ့ လူငယ်လေး နှစ်ယောက် လမ်းလျှောက် လာကြတယ်... ဆက်မကြည့်ရဲ တာနဲ့ မျက်နှာလွှဲ လိုက် ရတယ်.. သူတို့ သုံးယောက် ထဲက နှစ်ယောက် တော့ မဟုတ်တန် ကောင်း  ပါဘူးလို့...။

*********************************************************

တနေ့ကလည်း ချစ်ညီမလည်း မရှိတာနဲ့ တယောက်ထဲဘဲ ဈေးသွားဝယ်ရတယ်... ဘယ်ဈေး သွားရ မလည်း စဉ်းစားတော့ ........

ကျနော်ဈေးဝယ်တဲ့ အထဲမှာ ဈေးအကြီးတွေ ရောက်သလို.. ဈေးအသေးတွေလည်း ရောက်ပါတယ်... အဲဒီအခါ တချို့ ဈေးမှာ ဈေးသယ် တွေ အားလုံး နီးပါး ချိုချိုသာသာ စကားပြောကြ သလို အလေးပြည့် ဈေးမှန် ရတတ်တယ်... တချို့ဈေးများ ကြတော့လည်း တော်တော်များများ စကားပြော ဟန်မကျသလို ဈေးကြီး တတ်တယ်... ။

သူဌေး ရပ်ကွက် အနားမှာ ရှိတဲ့ ဈေးတွေ ဆို ဝယ်လို့ မကောင်းဘူးတဲ့... ဈေးကြီးတယ် လို့ ပြောတာ ဘဲ... တချို့ ဈေးသေးလေး တွေ လည်း တရားဝင် ဖွင့် ထားသလား မဖွင့် ထားသလား မသိပေမဲ့ ... ကျနော် အသွားများ ပြီး ဝယ်ကောင်း တဲ့ ဈေးလေး တခု ကတော့ အလွန် အဖမ်းအစီးများပါတယ်...။

ကျနော်လည်း အဲဒီဈေးဘဲ သွားချင်တာ ဆို တော့ .... အဲဒီ ဈေးဘဲ သွားပါတယ်.... တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ တော့ မဖမ်းလောက်ပါဘူး ဆိုပြီး စိတ်ကူးမိတယ်... လွဲသလားတော့ မမေးနဲ့ .. အဖမ်းအစီး ရှိပါတယ်... အဲလို နေ့ မျိုးဆိုရင်  ဈေးသယ် တွေက နီးစပ်တဲ့ အိမ်ထဲကို ဝင်ရောင်းကြပါတယ်... ။

ကျနော် က ဝယ်နေကျ ဆိုတော့ ကိုယ် ဝယ်မဲ့ ဈေးသယ် က ဘယ်အိမ် ထဲ ဝင်ရောင်းလည်း ဆိုတာ သိပါတယ်.. ဒါနဲ့ ခြင်းလေး နဲ့ ထွက်လာတော့ နောက်က ချစ်ချစ်ကြီး က လိုက်လာတယ်.. အမယ် ဟုတ်လှချီလား ထင်နေတုန်း ရှိသေး ဈေးအလယ်နားမှာ ရှိတဲ့ လမ်းဘေး လဘက်ရည်ဆိုင် ထိုင် ကျန် နေပါတယ်...။

ကျနော် လည်း ဝယ်နေကြ ဈေးသယ် ရှိတဲ့ တိုက်ကြီး ထဲ ဝင်သွားပါတယ်... အသားဝယ်ပြီး ထွက်မယ် လည်း လုပ်ရော သံတံခါး ကြီး က သော့ခပ်ပြီးပြီး... အမ ရေ ဗိုလ်ကြီး စောင့်ဖမ်းနေလို့ ခဏစောင့် ပါနော် တဲ့... အင်း...စောင့်ရတာပေါ့ ... အမေ..တဒုန်းဒုန်း နဲ့ နင်းခုတ်မနေနဲ့ ခင်ဗျား ယောက်ကျား ဗိုလ်ကြီး က ရှေ့က စောင့်နေတယ် တဲ့... (မြူနီစပါယ် က နဲနဲကြီး တဲ့ လူကို ဗိုလ်ကြီး ခေါ်တယ် ထင်တယ်)..။

ဒါနဲ့ ကိုယ် လည်း ထွက်ချင်တာ နဲ့ အပေါက်နား ရစ်သီရစ်သီ လုပ်နေတုန်း ရှိသေး... ဟေ့ နင်တို့ သတ္တိရှိရင် တံခါးဖွင့်ကြည့် ငါ ဝင်ကိုဖမ်းမယ် တဲ့... ဗိုလ်ကြီး အော်သံ... ကျနော်လည်း ခဏတော့ စောင့် နေပါ သေးတယ်.... ဒါပေမဲ့ ... ရွှေစင်ဦး လည်း မြန်မြန်ထွက်ချင်လှပြီ ဆိုတော့ .. ဟေ့ ဟေ့ နင်တို့ အဖေ ဗိုလ်ကြီး စောင့်တာလည်း စောင့်ပေါ့... ငါလည်း ငါ့ချစ်ချစ်ကြီး ကစောင့် နေပြီ ထွက်တော့မယ်ဟေ့... လို့ ပြောလိုက် မှ တယောက်စာ တံခါးလေး အသာဟ ပေးလို့ အမြန်ပြေးထွက်ခဲ့ရတယ်... အမယ် ဗိုလ်ကြီး က လည်း မျက်စောင်းထိုး ကြည့်လို့ ... အင်း နောက်တခါ ဝယ်သူ ပါ ဗိုလ်ကြီး က ဖမ်းရင် ဒုက္ခလို့....။

********************************************************* 
ဈေးဝယ်ရတာလည်း သိပ်တော့ အဆင်ပြေတာ မဟုတ်ဘူး...  စားတဲ့သူတွေကလည်း အစားမညီတော့  စဉ်းစားပြီး ဝယ်ရတယ်...ကိုယ်သတ်မှတ်ထားတဲ့ ငွေ နဲ့ အားလုံးစားကောင်းအောင် လုပ်ရတယ်... ဟိုနေ့ ကတော့ မြစ်ဆိပ် နားက ဈေးမှာ ငါးပတ် ကောင်းတာနဲ့ ငါးပတ်မွှေချက် မယ်ဆိုပြီး ချိန်ခိုင်းတယ်...။

ခေါင်းပိုင်း လား အမြီးပိုင်း လား ဆိုတော့ မွှေချက်မှာ ဆိုပြီး ခေါင်းပိုင်းဘဲ (ခေါင်းကတော့ ဖြတ်ပြီးသားပါ) ချိန်ခိုင်း လိုက်တယ်.. ငါးဆယ်သား ရှိတာနဲ့ ယူမယ်ဆိုပြီး ... ဘိုက်ထဲက အူတွေ ဘာတွေ ထုတ်လိုက်တော့ ငါးဥ ကြီးက နှစ်ဆယ်သား လောက်ရှိတယ်... ထွက်လာတယ်....  စိတ်တော်တော် ညစ်သွားတယ် .. အသား မွှေချက် ချင်လို့ ပါဆို ဥ ကြီး မလိုချင်ဘူး ဆိုတော့... ဈေးသယ် က မရဘူးတဲ့ ... စစ ကလည်း မလောက်ရင် ထပ်ဝယ်လေ.. အဲဒါကြလည်း ရွှေစင်ဦး ကနှမြောသေး... အင်း ငါးဥတွေ များ ပေါလွန်းလို့ အသား ဝယ်တာ ကို ဥ တွေပါ မကျေမနပ် နဲ့ ယူခဲ့ရတယ်.... ။

ငါးပတ်မွှေ ချက်တယ်.. ချဉ်ပေါင်ဟင်းချက်တယ်... ငရုပ်သီးထောင်းလေး နဲ့ ပေါ့.. ဟင်းပြောင်းဟင်းလွဲ လေး ဆိုတော့ စားတော့ မြိန်ပါတယ်... အမြဲတမ်း ကြက်..ဝက်..ငါးကြော် ပျင်းစရာကောင်းတယ်... အိမ်မှာ ဆိုရင်တော့ မီးသွေးမီးဖို သုံး တာဆိုတော့ အခုအချိန်မှာ ကျွန်းခရမ်းသီး စိမ်းစိမ်း ကြီးတွေ မီးဖုတ်  မြေပဲလှော်ထောင်း.... ကြက်သွန်နီ များများ.... နံနံပင် များများ ဆီရွှဲရွှဲ နဲ့သုတ် စားလိုက်ရရင် လို့ စဉ်းစား ပေမဲ့... ဆိုင်မှာတော့ ဂက်စ် နဲ့ လျှပ်စစ် ဘဲဆိုတော့ အဲလို လည်း လုပ်မစားနိုင်ပါဘူး...ခရမ်းသီး ဆို ချက်တာ ဘဲ... တခါတလေ ငါးခြောက်ဖုတ်လေး စားချင်လည်း မစားနိုင်...။

ငါးပိရည် ဖျော်ရင်လည်း ငရုပ်သီးလေးလှော် ပြီး ထဲ့ချင်တာ ငါးပိရည် အိုး တည်ရင်ထွက်လာမဲ့ အနံအသက် နဲ့ ငရုပ်သီးလှော် နံ့ ပေါင်းသွားရင် ကတ်စတမ်မာ အားလုံး ထွက်ပြေးမှာ စိုးလို့ စားချင်တဲ့ စိတ် တွေဖျောက်... သိပ်စားချင်ရင် လူမရှိခင် လုပ်ထားရင်တော့ ရတယ်... အင်း စားချင်ရာ မစားရတဲ့ ဒုက္ခ တွေ ပေါ့... ရွှေစင်ဦး ကလည်း အတော် ဂျီးများ တယ် ရေကြီးနေတာ နဲ့ အတော်ဘဲ ဂျီးပြောင်အောင် ချွတ်မှ လို့....။

မန္တလေး မြို့ကြီး ဘာလို့ ဒီလောက် ရေကြီး ရသလည်း ... ချောင်းတွေ.. မြှောင်းတွေ.. ကန်တွေ ကော ကုန် တာ ပါမယ် ထင်ပါတယ် .......  မြန်မာမင်း လက်ထက်က တည်ထားခဲ့ တဲ့ မြို့တော် ကြီး ဟာ အင်္ဂလိပ် မင်း တွေ တည်ထား ခဲ့တဲ့ ရန်ကုန် မြို့ လို့ အင်္ဂလိပ်နည်း Town Plan  (အခုတော့ အဲဒီ ရန်ကုန် မြို့ကြီး အောက် က တန်းပလောင်း  တွေ လည်း ရေထဲ မြောကုန်ပါပြီ ... maintenance မလိုဘူးလေ .. အသစ် တွေ ဘဲ တည်ဆောက် တာ ဆိုတော့ ... ထားခဲ့တော့ မြှောင်းထဲ ပေါ့) တွေ ဘာတွေ မရှိပေမဲ့ မြန်မာ နည်း မြန်မာဟန် နဲ့ Town Plan ရှိခဲ့ပါတယ် ..... ။

မန္တလေး မြို့ ကြီးဟာ ဒီလောက် မိုးရေချိန် နဲ့ ဒီလောက် ရေလွှမ်း လေ့ မရှိပါဘူး .....ရေစီးစရာ တမြို့လုံး မှာ ချောင်းတွေ ကန်တွေ မြှောင်း တွေ... အပြည့်ကိုး အခုတော့... အောင်ပင်လယ် ဆိုတာ လူနေရပ်ကွက် တခု .. ရွှေတချောင်း မှာ လှေ တွေ သွားခဲ့တယ် ဆိုတာ ယုံတမ်းပုံပြင် တွေလားဟင် တဲ့.....ကယ်သူ မရှိတဲ့ ရွှေမန္တလေး သနားစရာပါဘဲ..... ရောမမြို့ ကြီး မီးလောင် ပေမဲ့ နီးရိုး ဘုရင် က တယောထိုး မပျက် ပါဘူးတဲ့ ... မန္တလေး မြို့ ကြီး ရေလျှံ တာ လောက် ကတော့ ....  နီးရိုးဘုရင်... အဲ... ရွှေစင်ဦး တို့ က တောင်ရောက် မြောက် ရောက် တောင်... အရေးမပျက်....။

သြ ဒါနဲ့ ရွှေစင်ဦး လည်း တခါတလေ တလုံး တခါတလေ ၂လုံး က နေ အခုတော့ အမြဲတန်း တလုံး ဖြစ်သွားပါပြီ... ချစ်ချစ်ကြီး က ပိုစ့်ရေးတာ သိသွားတယ် ထင်တယ်... အခုဆို ဆေးလုံး လေး ထောင် ပြပြီး သောက်ပြီးပြီလား တဲ့... အဟဲ ... သူလေ မေးဖော်ရလာတော့... ရွှေစင်ဦး လည်း တနေ့ တလုံး သောက် နဲ့ နေကောင်း နေပါကြောင်း... စာဖတ်သူ များ အကြံပေးတဲ့ အတိုင်း အစားလည်းဆေး ... ဆေးလည်း အစာ ဆိုသလို အစိမ်းရောင် အဝါရောင် အသီးအရွက်များ ကိုလည်း စားသောက်ပါကြောင်း တင်ပြရင်း... ဒီပိုစ့် မှာတော့ ဒီမျှသာပါဘဲ.....။

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.

17 comments:

ကိုအောင်(ပျူနိုင်ငံ) said...

စာတန်းတွေ အပေါ်နဲ့အောက် ကပ်နေတယ်၊ နည်းနည်းခွာပါ၊ ပြီးတော် အထုပ်ပြင်ထားတဲ့ ..... :P

ချစ်ကြည်အေး said...

ဖြစ်ရမယ် အမဇင်ရယ်၊ လူငယ်တွေ ရန်ဖြစ်တာ သဘာဝပေမဲ့ အသက်ဆုံးရှုံးရတဲ့အထိဆိုတော့ မိဘတွေလည်း ရင်ကျိုးရောပေါ့။ သတိထား အမရေ မြူနီစပယ်က ဈေးဝယ်ပါ ကားပေါ်တင်သွားမှ...။ ရေလျှံတာ ငွေပေါမဲ့ နမိတ်တဲ့ အမရဲ့ ဟဲဟဲ...:)

Anonymous said...

အစ်မရေ..
ရန်ကုန်မှာလဲဈေးသည်တွေမရောင်းရတော့ဘူးလေ
မနက်ကောညပါစောင့်နေကြတာ(ဖမ်းဖို့)
နေရင်းထိုင်ရင်းနဲ့စားစရာရှားသွားတာများ..
ဘယ်ကုသိုလ်လဲသိပါဘူး။

rose said...

ဟယ်... ရန်ပွဲကနေ ၃ ယောက်တောင် ပွဲချင်းပြီးဆုံးသွားတာ... စိတ်မကောင်းစရာကြီး။

အဲ့ဒီ မြူနီစပယ်တွေကလည်း မရှိလို့ ဈေးရောင်းနေတဲ့သူတွေကို ဖမ်းနေကြတယ်။ စိတ်ကုန်တာာာာာာ

မန္တလေးမှာ ရေကြီးနေတာလား...း( လူတွေတော့ ဒုက္ခပဲ။ အပူပေါ်အပူဆင့်ပြီ။

တောက်ပကြယ်စင် said...

မကြီးရွှေစင်ဦးရေ စိတ်မကောင်းစရာဘဲ။ သေကြေလောက်ထိ ဖြစ်ကြတာဆိုတော့ မိဘတွေ ရင်ကျိုးရောပေါ့။ အော်...ငါးမိနစ် ဆယ်မိနစ်စာ ဒေါသလေးတွေနော်...

မောင်မောင် said...

ဟောဗျာ လူငယ်တွေရိုက်ပွဲက ၃ ယောက်ပွဲချင်းပြီး
တစ်ယောက်က အခြေအနေ မကောင်း ပေါင်းယင်
၎ ယောက် တောင် သေအောင်ရိုက်နှက်ကြတယ်လား။
စိတ်မကောင်းစရာ..
အင်း အိမ်နားက ပျံကျဈေးနားမှာ ကြက်သားသည်က
သူ့ အလေး မပြည့်လို့  ၀ယ်သူယောက်ျားကြီး ကို
ဦးကြက်ကြီးက ကြက်ခုတ်တဲ့ ဓါးနဲ့နဲ့ ခုတ်လိုက်တာ
၁၅ ချက်လားမသိချုပ်လိုက်ရတာဟုတ်လို့  ဈေးသည်
တွေလဲ ၀ယ်သာဝယ်ရတယ်။ ပြန်မပြောရဲဘူး။
မန္တလေး ရေကြီးတာ ရေထွက်ပေါက် ပေါက် ချောင်းမြောင်း ကော တာကြောင့်တင် မကပဲ လူတွေက စည်းကမ်းမဲ့တာ အမှိုက်ပစ်တာတွေ
ကြောင့်လဲ ပါမယ်နော်။
အင်း ငါးဘတ်မွှေ ချက်တော့ ပင်စိမ်းနံ့ သင်းသင်းနဲ့ 
စားလို့ ကောင်းမယ်နဲ့တူပါ့။
တောင် လဲ ရောက် မြောက်လဲ ရောက်ခဲ့ ပြီး လို့ ပြန်ပြီဗျာ။

စံပယ်ချို said...

ဒီလောက်ရန်ပွဲလေးက
လူသေတဲ့အထိဖြသ်ရတယ်နော်......
စိတ်မကောင်းဖြစ်ရတယ်အမရွှေစင်ရေ
ချမ်းမြေ့ပါစေ

Myanmar Good Knowledg Co., Ltd said...

စိတ်မကောင်းစရာတွေပဲနော်။

အစ်မပြောသလို အဲလိုတွေနဲ့ တွေ့ကြုံနေရတော့ စိတ်မကြည်ဘူးဆိုတာ ဟုတ်မှာ။

အခြားသူအတွက် ဘာမှလုပ်မပေးနိုင်တော့လည်း ကိုယ့်ဘာသာပဲ တရားဆင်ခြင်လိုက်တော့မယ်။

အဆုံးနားကချစ်ချစ်ကြီးနဲ့ အကြောင်းက တော့ ပီတိဖြစ်စရာပဲ။
တော်သေးတယ် happy ending နဲ့။

An Asian Tour Operator said...

အစ်မရွှေစင် ရဲ့ အတွေ့ အကြုံတွေက လဲ နော်။ :)

Thet Oo said...

မီးသတ်ဗိုလ်တော့ ကြားဖူးတယ်။ အခုတော့ စည်ပင်မှာလည်း ဗိုလ်ကြီးတွေဘာတွေ ဖြစ်ကုန်ပြီလား။

စော(အဝါရောင်မြေ) said...

မြန်မာလူမျိုးတွေ တော်တော် လေး စိတ်ညစ်ရမှာ၊ ကိုယ်ချင်းစာပါရဲ့  အမရွှေစင်နဲ့  အမ စစရေ။
ဆေးလုံး တစ်နေ့  တစ်လုံး ဖြစ်သွားစိုလို့  တော်ပါသေးရဲ။ နှစ်လုံးသောက်တာ တကယ်တော့ ရေရှည် မကောင်းဘူးလေ။

ညီလင်းသစ် said...

၂၁ ရာစုထဲအထိ လူအချင်းချင်းကို ရိုက်နှက်နေကြတာ ကြားလို့လည်း မကောင်း၊ မြင်လို့လည်း မကောင်းပါဘူးဗျာ၊ ပြေပြေလည်လည် ဆွေးနွေးလို့ မရကြတော့ဘူးလား မသိပါဘူး၊ မရွှေဇင်ဦးရဲ့ တောင်ရောက်မြောက်ရောက်မှာ မျက်မှောက်အကြောင်း သိရတယ်...။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုယ့်မျက်စိရှေ့မှာ အရိုက်နှက်ခံရပြီး ဆုံးသွားတာ အတော်စိတ်ခြောက်ခြားစရာကောင်းမှာဘဲ
ဖတ်ရတာတောင် စိတ်ထဲ ဘယ်လိုဖြစ်မှန်းမသိဘူး
ခုခေတ်လူငယ်တွေ သွေးကြွလွန်းတယ်
တစ်ခုခုဆို ထုမယ် နှက်မယ်ဆိုတာကြီးဘဲ
သင်္ကြန်ဆိုတာများ ရိုက်ပွဲကိုဖြစ်လို့။
ရေကြီးတာရော ဘယ်လိုရှိလဲ စစပြောလို့ စိတ်ပူနေတာ
ခုရေကျသွားပြီလား
လူတွေက မကောင်း
ရာသီဥတုက ဖောက်
ဘာတွေဘယ်လိုဖြစ်မလဲဘဲ ရင်လေးနေရတော့တယ်

IDIOT-Ki said...

အင်းး လောကကြီးမှာဗျာ ..လူတွေလည်း ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ် နဲ့ လည်သလို စားကြတာ ပေါ့ နော် ။

ဗိုလ်ကြီးတွေ က အမြှီးစား ၊ ဝံဂျီးတွေက ခေါင်းစား၊
ရေကြီးတော့ လှေစီး ၊
ရေပျက်တော့ အနေခက် ၊
သူလည်းတရားပျက်..
ကိုယ်လည်း.. အဲ အဲ..
ကျုပ်ကျက်လိ ကြ ပါ ကုန်..

ခင်မင်စွာဖြင့်
မကိ..

လသာည said...

ပွဲချင်းပြီးသေသွားသတဲ့လား..။ သနားပါတယ်။ ညီမတော့ ရန်ဖြစ်သံကြားရင် ကြောက်လို့ ကိုယ်ကတုန်နေတာ..။

မမ အဲဒီဈေးက ဘယ်နားမှာလဲ၊ သွားကြည့်ချင်လို့ (^^)

ရောမ ရေကြီးတာ ဘာလုပ်ရမှာလဲ၊ အနားကတ်ရဲ့ သာကောင် ဟုတ်ဖူး အနာဂါတ်ရဲ့ သားကောင်များနဲ့အတူ နီပေါဘုရင် လသာညတောင် အေးဆေး ကော်ဖီသောက်နေတယ်..:D

Anonymous said...

ငါ့အစ်မကတော့ ဘာရေးရေးဖတ်လို့ကောင်းနေတာပဲ။ ကလေးတွေဖြစ်တာအတွက်တော့ စိတ်မကောင်းဘူး။ သနားပါတယ်။ မင်းမဲ့တိုင်းပြည်ကျနေတာပဲ။း(

မမရွှေစင်ရဲ့ချစ်ချစ်ကြီးက ဂရုတစိုက်နဲ့ဆေးတိုက်ကြောင်းသိရလို့
ဝမ်းသာရပါကြောင်း....

ချစ်ညီမလေး

Anonymous said...

အဆုံးနားကချစ်ချစ်ကြီးနဲ့ အကြောင်းက တော့ ပီတိဖြစ်စရာပဲ........ (Agree)

ကလေးတွေဖြစ်တာအတွက်တော့ စိတ်မကောင်းဘူး==မင်းမဲ့တိုင်းပြည်ကျနေတာပဲ။း( (Agree)

Ray