ဒီနေ့ မတ်လ (၃၁) ရက်၊ ချစ်ညီမ နှစ်တိုင်း ရိပ်သာဝင်တဲ့ နေ့ပါ..၊ မေလ (၁) ရက် မနက်ပိုင်း မှ သွားကြို ရပါတယ်၊ တလ တိတိကြာပါတယ်..၊ ချစ်ညီမ က မိုးထိအောင်စည် တရားရိပ်သာ မှာ ရိပ်သာ ဝင်တာ (၅) နှစ်လောက် ရှိပါပြီ..၊ အရင်နှစ် တွေက တော့ မိုးကုပ် မှာပါ..၊ အခုတော့ မဟာစည် ကျင့်စဉ် နဲ့ အဆင်ပြေနေတယ် ထင်ပါတယ်..၊ ကျနော် ကတော့ ဆရာတော်ကြီး ကို နောက်နှစ်....နောက်နှစ် နဲ့ ပြောထား ခဲ့တာဆိုတော့.. ဒီနှစ်တောင် ချစ်ညီမ ကို လိုက်ပို့ ရင်း နဲ့ ဆရာတော်ကြီး နဲ့ ဆရာလေး များကို ဘာဆင်ခြေ တွေများပေးရမယ် မသိဘူး..စိတ်များညစ်ပါရဲ့..။
အခု ချစ်ညီမ ဒီနေ့ ရိပ်သာဝင် မှာဖြစ်တဲ့ အတွက် ဆိုင်က သား၊ သမီး များ တပည့်များက ကန်တော့ ကြတဲ့ မုန့် များကို ကျနော် က သင်္ကြန်တွင်း ရိက္ခာ အဖြစ် သိမ်းပိုက်ပြီး ချစ်သော ဘလော့ဂါ မောင်နှမ များလည်း အခါကြီးရက်ကြီး မှာ ကန်တော့ ရမဲ့ မိဘ ဆွေမျိုးများ ဆရာသမားများကို သတိရ ကြဘို့ ရယ် ကိုယ် နဲ့ သင့်တော်ရာ ရိက္ခာ များကို စုဆောင်းထားဘို့ရယ်.. နိဗ္ဗ္ဗာန် ရောက်ကြောင်း ကျင့်စဉ် လေးတွေလည်း ကျင့်နိုင်ကြဘို့ သတိမေ့နေ မှာစိုးလို့.. နိဗ္ဗာန်ဆော် လုပ်ရင်း နဲ့ ချစ်ညီမ (seeseinshin@gmail.com) က ဒီတလ မှာ သူ ဘလောဂ် မလည် နိုင်တော့တဲ့ အကြောင်း ခွင့်ပန် အသိပေး ဘို့ အတွက် ဒီပို့စ်လေးကို ရေးလိုက်ပါတယ်ခင်ဗျာ...။
(အပေါ်က ရေခွက်ကလေး က သောက်ရေအိုး အစား ရေကန်တော့ တဲ့ ရိုးရာလေးပါ)
အားလုံးကျန်းမာ ချမ်းသာကြပါစေ...။
လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.
နိဗ္ဗာန်ဆော်လုပ်သော အမကြီးကိုယ်တိုင် နိဗ္ဗာန်ရောက်တရားတော်များ ကျင့်နိုင်ပါစေ။ ဘလော့ဂါမောင်နှမများ အားလုံး ဘလော့ဂီးရင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ။စာကောင်း ပေကောင်းများရေးပေးကြသော ဘလော့ဂါများအားလုံးကို ကျေးဇူးတင်လျှက်
တလကြာပြီးမှ ပြန်လည်ဆုံတွေ့ကြပါမယ်........
အားလုံးကို ကျေးဇူးတင်..လေးစားစွာဖြင့်
seeseinshin
.