ပထမဦးစွာ ကျွန်တော်ဆိုသော ကောင်လေးတစ်ယောက်နှင့် စာဖတ်သူကို မိတ်ဆက်ပေးဖို့ လိုမည်ဟု ထင်ပါသည်။ မိတ်ဆွေဖြစ်သွားကြသောအခါမှ ကျွန်တော့်ရင်ထဲက ပြောပြချင်သည်တို့ကို ရှင်းရှင်း လင်းလင်း ပြောပြ၍ ကောင်းမည်ဟု ကျွန်တော် ယုံကြည်နေမိသောကြောင့် ဖြစ်ပါသည်။
ကျွန်တော့်ကို ရင်းနှီးသူများက "ပေါက်ကလေး" ဟု ချစ်စနိုး ခေါ်ကြပါသည်။ အညာသား သူငယ်ချင်း တစ်ယောက်က "ဖိုးပေါက်" ဟု အားပါးတရအာလုပ်သံနှင့် ခေါ်တတ်သည်။ ကျွန်တော်၏ အဒေါ်နှင့် အမများကမူ ကျွန်တော့်ကို "မိပေါက်" ဟုခေါ်ကြသည်။ ပြောမနာဆိုမနာ သူငယ်ချင်းများကတော့ "ငပေါက်" ဟု အားရပါးရ ခေါ်လေ့ ရှိပါသည်။ ကျွန်တော့်ထက်ငယ်သူများကတော့ ရိုရိုသေသေနှင့် "ကိုပေါက်" ဟုခေါ်ပါသည်။ ဘယ်သူတွေက ဘယ်လိုခေါ်ခေါ်လေ တစ်ယောက်သောသူကမူ ကျွန်တော့်အား "မောင်" ဟုခေါ်ပါသည်။ သို့သော် ကျွန်တော့်ကို "ကိုကို" ဟုခေါ်သောသူ မရှိသေးပါ။ ဝမ်းနည်းစွာပြောရမည်ဆိုလျှင် ယခုအရွယ်အထိ ကျွန်တော့်မှာ ရည်းစားတစ်ယောက်တည်းသာ ရှိဖူး သေးသောကြောင့် ဖြစ်ပါသည်။
ကျွန်တော့်နာမည်ကို ပြောပြပြီးသောအခါ ကျွန်တော့်အလုပ်အကိုင်ကိုလည်း ပြောပြရပါဦးမည်။ ကျွန်တော် သည် ဆရာဝန်ပေါက်စလေးတစ်ဦး ဖြစ်ပါသည်။ ထို့ကြောင့်နာမည်နှင့် အလုပ်အကိုင် ကို ပေါင်းစပ်လိုက် လျှင် ကျွန်တော့်ကို "ဒေါက်တာပေါက်ကလေး" ဟုခေါ်ကြပါစို့။
ကျွန်တော့်၌ ငယ်ငယ်ကလေးတည်းကပင် အလွန်စဉ်းစားတွေးတောငေးမောတတ်သော၊ လူကလေး ပိစိကွေးနှင့် မလိုက်သော စာအုပ်ထူကြီးများကို လူကြီးများ မသိအောင် ချောင်တစ်ချောင်၌ ကုတ်ကုတ် ကလေး ဖတ် တတ်သော ဝါသနာ ရှိပါသည်။
ထို့ကြောင့် ကျွန်တော်သည် စာပေဝါသနာပါသော ဒေါက်တာပေါက်ကလေးဖြစ်သည့်အကြောင်း စာဖတ်သူနှင့် ပဏာမ မိတ်ဆက်ပေးလိုက်သည်။
(၂)
စာပေဝါသနာပါသော ကျွန်တော်သည် စာပေ၏လွှမ်းမိုးမှုကို ခံရမည်ဆိုသည်မှာ ယုံမှားသံသယ ရှိကြ မည် မထင်ပါ။ ယခု ကျွန်တော်၏ စိတ်နေသဘောထား အတွေးအခေါ်လောကအမြင် စသည်တို့သည် ကျွန်တော် ဖတ်ရှုခဲ့ရသော စာအုပ်များနှင့် များစွာသက်ဆိုင်နေသည်ဟု ကျွန်တော် ယုံကြည်ပါသည်။
စာအုပ်တစ်အုပ်ကို ခံစားချက်နှင့် ဖတ်သည်။ စူးစမ်းလိုစိတ်နှင့် ဖတ်သည်။ မည်သို့ပင်ဖတ်ဖတ် စာတစ်အုပ်ကို စာတစ်ပုဒ်ကို ဖတ်ပြီးလျှင်ကား စိတ်ထဲတွင် တစ်ခုခုကျန်ရစ်အောင် ကျွန်တေယ် ဖတ်လေ့ ရှိပါသည်။ ကျွန်တော့်၌ မှတ်စုစာအုပ်လေးတစ်အုပ် ရှိပါသည်။ ကျွန်တော်ဖတ်သော စာအုပ် များထဲမှ ကျွန်တော်၏စိတ်ထဲ ထိခိုက်သွားစေနိုင်သော အရေးအသားများ အတွေးအခေါ်များကို ထိုစာအုပ်လေး ထဲတွင် ကျွန်တော်ကူယူထားလေ့ ရှိသည်။ ပျင်းပျင်းရှိလျှင် ထိုစာအုပ်လေးကို ခဏခဏ ပြန်ဖတ် ၍ တွေးတောနေတတ်ပါသည်။ စာအုပ်ဖတ်ရင်း ပြုံးတတ် ရယ်တတ် မဲ့တတ် ငိုတတ်သော ကျွန်တော့်ကို နားမလည် သူများက အရူးဟု ပြောကြမည်ဆိုလျှင် စာပေဝါသနာရှင်များကမူ ကျွန်တော့် ဘက်မှ ကိုယ်ချင်းစာ ၍ နားလည်နိုင်ကြမည်ဟု ထင်ပါသည်။
ကျွန်တော် စတင်တွေးခေါ်တတ်ခါကစ ဖတ်ရသော စာအုပ်တစ်အုပ်ထဲမှ အတွေးအခေါ်တစ်ခုကို ကျွန်တော် များစွာ သဘောကျမိပါသည်။
ထိုစကားလေးများကို ကျွန်တော် တင်ပြလိုပါသည်။ ဤသည်ကို ဖတ်ရလျှင် ဤစကားသည် မည်သည့် ဝတ္ထုထဲမှ မည်သူပြောခဲ့သည့်စကားဆိုသည်ကို စာဖတ်သူများလည်း သိလိမ့်မည် ထင်ပါသည်။
"ကျုပ် ဗေဒင်ကို မယုံဘူး ... ဗေဒင်ဆိုတာ ကိုယ့်ကိုယ်ကိုယ် မယုံတဲ့သူတွေ မေးတာပဲ၊ ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်မယ် ဆိုတာ မသိလို့ တခြားသူမေးရတာဟာ အမှန်တော့ ရှက်စရာ အကောင်းဆုံး အလုပ်တစ်ခုပေါ့။ ကျုပ်ဘဝရဲ့ဗေဒင်ကို သူများ မေးစရာ မလိုဘူး။ ကျုပ်ဘာသာကျုပ် ဟောနိုင်တယ်။ ကျုပ်ဘာဖြစ်မယ် ဆိုတာကို ကျုပ်အရည်အချင်းနဲ့ ကြိုးစားမှုက အဆုံးအဖြတ်ပေးမှာပဲ"
ဆရာအောင်လင်း ၏ "အရိုင်းစံပယ်" ဝတ္ထုထဲမှ ဇာတ်လိုက်ကိုဘခက် ပြောခဲ့သော စကား ဖြစ်ပါသည်။ ထိုစကားအား စာအုပ်လေးထဲတွင် သေချာစွာ ကူးရေးထား၍ ခဏခဏ ဖတ်ကာ သဘောကျရင်း ကျရင်းမှ ထိုဇာတ်လိုက်ကဲ့သို့သော သဘောထားသည် ကျွန်တော့်သဘောထား ဖြစ်မှန်းမသိ ဖြစ်လာ ပါတော့သည်။
ထို့ကြောင့်လည်း ဘယ်အရပ် ဘယ်ဒေသရောက်ရောက် စုံစမ်းမေးမြန်း၍ ဗေဒင်မေးလေ့ ရှိသော ကျွန်တော့် အမေနှင့် အဒေါ်များအား ကျွန်တော်၏ ကိုယ့်အကြောင်းကို သူများ သွားမေးနေရတယ် မသိပါဘူး။ သူတို့မပြော လည်း ကိုယ့်အကြောင်းကိုယ် သိနေတာပဲ မဟုတ်လား။
(၃)
အမျိုးသမီးတိုင်း ဗေဒင်လက္ခဏာကို ယုံကြည်ဝါသနာပါသည်လို့တော့ ကျွန်တော် မပြောလိုပါ။ သို့သော် ကျွန်တော့် ပတ်ဝန်းကျင်မှ တွေ့ရသမျှသော အမျိုးသမီးအများစုသည် ဗေဒင်ဝါသနာပါသည် ဟုတော့ ကိုယ်တွေ့ မို့ သိနေပါသည်။
ကျွန်တော် ၏ မေမေဆိုလျှင် ဗေဒင်ကို အတော်ယုံ၏။ ကျွန်တော့်အား ဗေဒင်ဆရာဆီ ခေါ်သွားရန် မေမေ မကြာခဏ ကြိုးပမ်းဖူးပါသည်။ ဆရာဝန်ဖြစ်လာမည့်သားအား စိတ်မချနိုင်သော အမေ တစ်ယောက်၏ စိတ်ထားကို နားလည်နိုင်လိမ့်မည် ထင်ပါသည်။ အမေဘယ်လောက်ပင်ခေါ်ခေါ် ကျွန်တော်ကတော့ မလိုက်ရေးချ မလိုက်။
"မေမေကလည်းဗျာ ... ကိုယ့်အကြောင်းများ သူများ သွားမေးရမယ်လို့" ကျွန်တော် ဘာပြောပြော အမေ စိတ်မပျက်၊ ကျွန်တော်မပါလည်း အမေတစ်ယောက်တည်း ထီးကလေးဆောင်းပြီး ကျွန်တော့် ဇာတာပေရွက်ကလေးကိုင်ကာ ဗေဒင်ဆရာဆီသွားတတ်သည်။ ဗေဒင်ဆရာ၏ ဟောချက်များကို စာနှင့် သေချာ ရေးယူလာခဲ့သည်။ ကျွန်တော့်ကိုလည်း အလွတ်ကျက်ခိုင်းလိုခိုင်း၊ ပြီးတော့ ဗေဒင် ဆရာ ခိုင်းလိုက်သော ယတြာများ အဆောင်များကိုလည်း ခက်ခက်ခဲခဲ ရှာဖွေ လုပ်ကိုင်တတ်လေသည်။
တစ်ခါတုန်းက ကျွန်တော့်ကို ဗေဒင်ထဲမှ ကျွန်တော် မှတ်မိနေမိသည်မှာ ...
"ဤဇာတာရှင်သည် အလွန်စန်းပွင့်သည်။ မိန်းကလေးများ ပတ်လည်ဝိုင်းနေသည်။ အနောက်တောင် ဘက်မှ အမျိုးသမီးအနှောင့်အယှက်ကို သတိထားပါ။ ဒီနှစ်အတွင်း အရှေ့မြောက်ဘက်သို့ ခရီး မသွားပါနှင့်"
အမယ်မယ် တယ်ဟုတ်တဲ့ငါပါလား။ ဘဝင်တော်တော်မြင့်သွားမိလေသည်။ အမေစိတ်ပူမည်ဆိုလည်း စိတ်ပူစရာပါပဲ။ ဘာပဲဖြစ်ဖြစ်လေ အရှုံးရှိတာ မှတ်လို့။ ကျွန်တော့်စိတ်ထဲ အနောက်တောင်အရပ်မှ မိန်းကလေးတစ်ယောက် ရှာပြီး အရှေ့မြောက်ဘက်ဆီ ခရီးသွားချင်လိုက်တာ မပြောပါနှင့်တော့လေ။
ကျွန်တော်၏ ရည်စားသ်ညလည်း မိန်းကလေးတစ်ဦး ဖြစ်ပါသည်။ မိန်းကလေးတစ်ဦးမို့ ဗေဒင်ဝါသနာ ပါလိမ့်မည်ဆိုတာ ကျွန်တော်မပြောလည်း သိလိမ့်မည် ထင်သည်။ ကြုံတုန်းလေး အတိတ်ကံကို တစ်ခေါက်လှန်ပြီး ဇာတ်ကြောင်း ပြန်ပြချင်ပါသေးသည်။
ဟိုတစ်လောတုန်းက ကျွန်တော်တို့ နောက်ဆုံးနှစ်အပိုင်း(ခ)စာမေးပွဲကြီး ဖြေရခါနီး ဖြစ်ပါသည်။ ဒီစာမေးပွဲက ဆေးတက္ကသိုလ်ရဲ့နောက်ဆုံးနှစ် အခက်ခဲဆုံး၊ ကုသိုလ်ကံကောင်းဖို့လည်း အလိုအပ်ဆုံး၊ ဆရာဝန် တစ်ယောက် ဖြစ်ထိုက်၊ မဖြစ်ထိုက် အဆုံးအြဖတ်ပေးမည့် စာမေးပွဲ။ နေ့မအား ညမအား စာကျက်နေ ရချိန်၊ ငိုချင်သလိုလိုနှင့် ရူးချင်ချင်ဖြစ်ရသောအချိန် ဖြစ်ပါသည်။
အဲဒီအချိန်မှာ သူဘယ်လို စိတ်ရူးပေါက်သည်မသိ။ အခုဖြေရမယ့် စာမေးပွဲကြီးအောင် မအောင်ကို ဗေဒင်သွားမေးချင်သည်တဲ့။ စာမေးပွဲနီးလို့ စိတ်ညစ်ရတဲ့ကြားက သူကလည်းတစ်မှောင့်။ "ယောကျ်ား တို့ဘုန်း မိုးသို့ချုန်း" ဆိုသည့် စကားအတိုင်း ကျွန်တော်ရေရေလည်လည် ဟောက်ပစ် လိုက်လေ သည်။
"ဟာ မဟုတ်တာဘဲကွာ ... စာမေးပွဲအောင်မအောင်များ ဗေဒင်သွားမေးရဦးမှာလား။ ကိုယ်ကြိုးစား ရင် ကိုယ်တော်ရင် အောင်မယ်၊ ကိုယ်အသုံးမကျရင် ကျမှာဘဲ။ ဒါများ ဗေဒင်မေးစရာ မလိုပါဘူး။ ဘယ်သူဖြစ်ဖြစ် စဉ်းစားကြည့်လိုက်ရင် အသိသာကြီးပဲ" ထိုစကားကို ကြာသောအခါ သူမည်သို့ လုပ်သည်ဟု မိတ်ဆွေ ထင်ပါသနည်း။
"ခုမှသိရတော့တယ် ... သူ့ကို ချစ်မှမချစ်ဘဲ၊ မချစ်လို့ အလိုမလိုက်တာပေါ့။ ဒါလေးများ ဘာပင်ပန်း တာကျနေတာပဲ။ ဓူဝံကြယ်များသွားဆွတ်ခိုင်းရင် ဘယ်လိုများနေမယ် မသိဘူး" ဟု ဆိုကာ၊ ၂ရက် ၂နာရီနှင့် ၂မိနစ် တိတိ ကျွန်တော့်ကို စကားမပြောဘဲ စိတ်ကောက်ပါတော့သည်ခင်ဗျား။
အတောင်နှစ်ဆယ်ဝတ် မင်းယောကျ်ားကြီးဖြစ်သော ကျွန်တော်သည် ထိုလက်နက်၏ ဒဏ်ကို ကြံ့ကြံ့ မခံနိုင်ခဲ့တာ အမှန်ပါပဲ။ ခုနေတုန်းတော့ ဒင်းလုပ်ထားဦးပေါ့။ မရခင်တော့ ဖျာလိုလိပ်ပြီး ထိပ်ပေါ်တင်ရ မယ်လို့ ဘိုးဘေးဘီဘင် အဆက်ဆက်က မှာခဲ့သေးတာပဲဟု စိတ်ကို ဖြေလိုက်ကာ အမေ့တုန်း ကတင်း နိုင်သူ ကျွန်တော်တစ်ယောက် စက်ဘီးနောက်မှ သူ့ကိုတင်ပြီး မန္တလေးအခေါ်အပြ (၂၀)လောက် ကို လျှာထွက်အောင်နင်း၍ နာမည်ကြီး ကိုရွှေဗေဒင်ဆရာထံမှောက် အရောက်ပို့ ရပါတော့သည်။
ကြုံကြိုက်တုန်းမို့သာ ပြောရပါသည်။ ရှက်တော့လည်း အရှက်သား၊ သူများတွေ သိကုန်မှာ စိုးရသေး သည်။ ထို့ကြောင့် စာဖတ်သူအား ဤအကြောင်းတွေ သူများကို လျှောက်မပြောဖို့ ကြိုတင်၍ တောင်းပန်အပ်ပါသည်။
မထူးပါဘူးလေ ပြောလက်စနှင့် ဆက်ပြောရတော့မည်။ စလေအညာက ကိုရွှေဗေဒင်ဆရာ ဘာဟော သည်ထင်ပါသနည်း။ စာကြိုးစားဖို့ အထူးလိုသည်။ အနှောင့်အယှက်တွေ ရှိနေသည်။ ဒါကြောင့် ယတြာချေ ရမည်။ စာမေးပွဲခန်းထဲသို့ ဝင်တိုင်း အင်္ကျီတွင် အရွက်တစ်မျိုး (အခုတော့လည်း ပြီးပြီးရော ထုံးစံအတိုင်း နာမည်တော့မေ့သွားပြီ)ကို တွယ်၍ ဖြေမှ အနှောင့်အယှက်က ကင်းဝေးမည်ဟု ဆိုသည်။
စာကျက်ဖို့အချိန် မရှိရတဲ့ထဲမှာ ရှာရခက်မည့် အရွက်ကိုမှ ညွှန်းသော ဗေဒင်ဆရာအား ရိုက်ချင် စိတ် ပေါ်လာသည်။ ဒါပေမဲ့ တတ်နိုင်ပါဖူးလေ။ သမိုင်းပေးတာဝန်ဆိုတော့လည်း ရှောင်လွှဲနေလို့မှ မရတာ ဘဲ။ ဆရာကြီးရွှေဥဒေါင်း၏ စုံထောက်ဦးစံရှားဝတ္ထုများ ဖတ်ထားသူ၊ ကာတွန်းအောင်ရှိန်၏ စုံထောက် ကြီး ဦးရှံစားကာတွန်းများ ဖတ်ထားသူ ကျွန်တော့်အဖို့ ဒီအရွက်လောက်များတော့ အပျော့ပဲ၊ မန်းမြေ အနှံ့ခြေဆန့်ကာ ယတြာချေသော သစ်ရွက်အား ရှာဖွေပါတော့သည်။
အတိုချုပ် လိုက်လျှင် ... ယတြာတန်ခိုးတော်ကြောင့် ကျွန်တော်တို့နှစ်ယောက်လုံး စာမေးပွဲအောင်ခဲ့ သည်ဟုပဲ ဆိုပါတော့လေ။ စာမေးပွဲအောင်၍ အမေ့ဆီ ပြန်သောအခါတွင် အမေပြောသော စကား ကြောင့် ကျွန်တော် ပြုံးမိလေသည်။ "သားစာမေးပွဲအောင်ဖို့ အမေဗေဒင်ကြိုမေးပြီး အပင်ပန်းခံ ယတြာ ချေထား တယ်လေ" ဟု ဝမ်းသာအားရနှင့် အမေကပြောတော့ ကျွန်တော် မပြုံးမိရင် ကျွန်တော်က ဘာကောင် မို့လို့ပါလဲခင်ဗျာ။
(၄)
ဘာပဲဖြစ်ဖြစ်လေ ကျွန်တော်ကတော့ "ဆရာဝန်ပေါက်စလေးတစ်ယောက်" ဖြစ်လာပြီ။ ကျွန်တော် ဆရာဝန်ဖြစ်ပြီ အမေရေဟု ရင်ကော့ပြီး အမေ့ဆီ ပြန်လာခဲ့ရသည်။ ဆရာဝန်ဘွဲ့ကြီးကို ပိုက်ပြီး ဘွဲ့ရ အလုပ်လက်မဲ့ ဆရာဝန်လေးတစ်ယောက်လုပ်နေလို့တော့ မဖြစ်သေးပါဘူး။ ကျွန်တော် အလွန်အားကျ ကြည်ညိုသော နှလုံးလှ ဆရာဝန်ကြီးများဖြစ်သည့် ဒေါက်တာနော်မန်ဗက်သွန်းတို့၊ ဒေါက်တာအဲလ် ဘက်ရွိက်ဇာတို့လမ်းကို လိုက်ရမလား။ ဟုတ်ပြီ ဒီလမ်းကို လိုက်မယ်။ ဒီတော့ သူတို့လိုပဲ ငယ်ငယ် တုန်းတော့ အေးအေးဆေးဆေး နေပြီး အသက်ကြီးမှပဲ ကိုယ်ကျိုးစွန့်ပြီး ဆရာဝန်အလွန် လိုအပ်နေသော တရုတ်ပြည် တို့၊ အာဖရိကတောနက်ထဲတို့ကို သွားတော့မယ်။
လောလောဆယ်တော့ ဆရာဝန်ဖြစ်သည်အထိ (၁၇)နှစ်တိတိ ငွေကုန်ကြေးကျများပြားစွာ ပညာသင် ပေးခဲ့ပြီး ၍ နွမ်းလျနေပြီဖြစ်သော မိဘနှစ်ပါး ကို ကျေးဇူးဆပ်ရန် အတွက် နောင်တော့်နောင်တော် တို့၏ လမ်းစဉ်ကို စိတ်ထဲ အတွေးထဲမှ မလိုက်ချင် ပါဘဲလျက် လက်တွေ့မှာတော့ လိုက်ရကာ ဆေးခန်းငယ် လေးတစ်ခုကို ဖွင့်ရပါတော့သည်။ ဤသို့ဖြင့် "ဒေါက်တာပေါက်ကလေး" ၏ ဆေးခန်းပိစိကလေးတစ်ခု သည် ကျွန်တော်တို့ မြို့သေးသေးလေး၏ များပြားလှစွာသော ကွမ်းယာဆိုင် ဆံပင်ညှပ်ဆိုင်များနှင့် အပြိုင် လမ်းထောင့်တိုင်းတွင် တည်ရှိနေသော ဆေးခန်းကြားတွင် မထင်မရှား ပေါ်ထွက်လာခဲ့လေ သည်။
ပျော်စရာလား စိတ်ညစ်စရာလားတော့မသိ၊ ဒေါက်တာပေါက်ကလေးရဲ့ ဆေးခန်းမှာတော့ အမြဲတစေ လူရှင်းနေ တာ အမှန်ပါပဲ။ ဆေးရုံတို့ ဆေးခန်းတို့ဆိုတာ လူစည်ကားအပ်တဲ့နေရာ မဟုတ်ပါဘူးလေဟု စိတ်ကို ဖြေနေရသည်။ ကောင်းတာတစ်ချက်ကလည်း ရှိပါသေးသည်။ ခုမှပဲ ဆေးကျောင်းသား ကာလ ဆေးစာအုပ်ကြီးတွေကြားထဲမှာ မြှုပ်နှံထားရသော ကျွန်တော့် မျက်လုံးအစုံ ကို ကျွန်တော် ဝါသနာပါလှ သော စာပေထဲမှာ အေးဆေးစွာ နှစ်မြှုပ်နိုင်တော့သည် မဟုတ်ပါလား။
စာပေအကြောင်း ပြောလျှင် ကျွန်တော်အကြိုက်နှစ်သက်ဆုံး စာရေးဆရာအကြောင်းလည်း ပြောရပါ ဦးမည်။ သူကား ဆရာသော်တာဆွေပါတည်း။ ဆရာ့စာတွေကို ဖတ်၍ ရယ်မောပျော်ရွှင်ခဲ့ရသလို အတွေးနက်နက်တွေးကာ ဘဝ၏ အမှန်တရားများကို ရှာတတ်စေခဲ့ပါသည်။ ဆရာသော်တာဆွေ၏ အကြောင်းပြောနေခြင်းမှာ ကျွန်တော်ယခု ပြောပြချင်သည့်အကြောင်းနှင့် ဆရာသော်တာဆွေ၏ စာ တစ်ပုဒ်နှင့် များစွာသက်ဆိုင်နေသောကြောင့် ဖြစ်ပါသည်။
ဆေးခန်းလူမလာတော့လည်း ဘာအရေးစိုက်ရမှာလဲ။ လူနာစမ်းသပ်တဲ့ ခုတင်ကြီးအားနေတော့ အဲဒီ ခုတင်ပေါ်တက်အိပ်ပြီး အားပါးတရ စာအုပ်တွေ ဖတ်ပစ်လိုက်မှာပေါ့။ ဒါနဲ့ပဲ ဟိုတစ်နေ့က စာအုပ်ဆိုင် ကို သွား စာအုပ်တွေကိုမွှေနှောက်၊ ဆရာသော်တာဆွေဝတ္ထုပါတဲ့ မဂ္ဂဇင်းတွေအားလုံး ငှားခဲ့လေသည်။ ဆရာဝန်ကလေးဆိုပြီး အထင်တော့မကြီးလိုက်ပါနဲ့။ မဂ္ဂဇင်းအဟောင်းတွေကို တစ်အုပ်ကိုငါးမူးစီ ပေးပြီး ငှားနိုင်တဲ့ ဒေါက်တာလေးပါခင်ဗျာ။
အဲဒီနေ့က မှတ်မှတ်ရရ ဗေဒင်လက္ခဏာနဲ့ ပတ်သက်တဲ့ ဆရာသော်တာဆွေရဲ့ ငယ်မူပြန်ဝတ္ထုလေး တစ်ပုဒ် ကို ဖတ်လိုက်ရသည်။ ၁၉၈၅ခု ဧပြီလထုတ် ချယ်ရီမဂ္ဂဇင်းထဲက "မိုက်ကယ်ရယ်၊ သန်းဆွေရယ်၊ ခိုင်ရယ်၊ ကျွန်တော်ရယ်" ဆိုတဲ့ ဝတ္ထုလေး ဖြစ်ပါသည်။ အဲဒီဝတ္ထုထဲက ဗေဒင်ဆရာ မိုက်ကယ်၏ ပညာစွမ်းကို အံ့သြချီးမွမ်း မိလေသည်။
ထိုဝတ္ထုထဲမှာ ပါသော အချက်များထဲက ကျွန်တော် ပြောချင်သည့်အကြောင်းနှင့် တိုက်ရိုက် ပတ်သက် သော ဗေဒင်ဟောချက်တစ်ချက်တည်းကိုသာ တင်ပြလိုပါသည်။ ဆရာမိုက်ကယ်က စာရေးဆရာ သန်းဆွေ ကို ဒီလူဟာ နှစ်မကူးခင်သေမှာပဲဟု အတတ်ဟောပြောခဲ့သည်။ ဘယ်သူမှ မယုံချင်သော် လည်း ထိုနှစ် နှစ်မကူးခင်မှာ ဆရာသန်းဆွေရေနှစ်ပြီး တကယ့်ကို သေသွားခဲ့လေသည်။
ထိုဝတ္ထု ကို ဖတ်ပြီး အတွေးနယ်ချဲ့မိရင်းမှ ဗေဒင်လက္ခဏာကို မယုံကြည်ချင်သော ကျွန်တော် တစ်ယောက်တော့ဖြင့် အလွန်လေးစားသော ဆရာသော်တာဆွေ၏ ကိုယ်တွေ့ဝတ္ထုထဲမှ ဆရာ မိုက်ကယ် ၏ ဗေဒင်ပညာရပ်ကို မယုံနိုင်လောက်အောင် အံ့သြမိလေသည်။
(၅)
တွေးရင်းငေးရင်း မိုးချုပ်လာလေပြီ။ ဆေးခန်းပိတ်တော့မှပဲ။ လူနာတစ်ယောက်မှ မလာသေး ဘဲ ဆေးခန်းပိတ်ရမှာ ကိုယ့်လိပ်ပြာကိုယ် ရှက်မိလိုက်ပါဘိ။ တတ်နိုင်ပါဘူးလေ ကျောင်း မှာ နောက်ကြ ပြောင်ကြတုန်းကလို ငါတို့တွေ ဆေးဗန်းလေးခေါင်းမှာ ရွက်ပြီး "ဟောဒီက ဆရာဝန်ပါဗျို့ ... ဆေးထိုး ကြဦး မလား။ အားဆေးကောင်းကောင်းတွေ ပါတယ်။ တစ်ခါထိုးမှ တစ်မတ်တည်းရယ်" လို့ မအော်ရ သေးတာ ဝမ်းသာရမယ်လို့ ရသေ့စိတ်ဖြေတွေးနေမိစဉ် လူရိပ်နှစ်ခု ဆေးခန်း တံခါးဝသို့ ရောက်လာ သည်ကို တွေ့လိုက်ရလေသည်။
ဝမ်းမြောက်ဖွယ်ရာ တကယ့်လူနာပါလား။ တစ္ဆေခြောက်တာ မဟုတ်ပါဘူးဟု ဆိုတာ သေချာမှ ကျောင်းတုန်းက မသင်ခဲ့ရပေမယ့် ကိုယ့်ဘာသာလေ့လာထားသော ဦးနု၏ "လူပေါ်လူဇော်လုပ်နည်း" စာအုပ်ထဲကအတိုင်း ပြုံးရွှင်စွာ ကြိုဆိုလိုက်လေ သည်။ နေရာ ထိုင်ခင်းပေးပြီးသည်နှင့် စုံထောက်ကြီး ရှားလော့ဟုမ်းစတိုင်နှင့် လူနာကို အကဲခတ်လိုက်လေသည်။
ဒီနှစ်ယောက်ထဲကမှ လှပသွက်လက်တဲ့ မိန်းမပျိုလေးကတော့ လူနာဟုတ်မယ်မထင် ... မိုးရွာခါနီး အုံ့ဆိုင်းနေတဲ့ကောင်းကင်လို အသက်နဲ့စာရင် အိုမင်းနေပုံရတဲ့ သောကမျက်နှာပိုင်ရှင် အဘိုးကြီးဟာ လူနာ ဖြစ်ရမယ်။
"ကဲ အဘ ... ဘာဖြစ်သလဲခင်ဗျာ၊ ကျွန်တော့်ကို ပြောပြပါဦး"
အဘိုးကြီးက ကျွန်တော်မေးတာကို သူ့မေ်းတယ် လို့မှ အောက်မေ့ရဲ့လား မသိ တွေတွေကြီးငေးနေ လေ သည်။ ထိုအခါ မိန်းကလေးက "ဆရာ ဒါ ကျွန်မအဖေ ပါ၊ အဖေသိပ်နေမကောင်းလို့ ဆရာ့ဆီ ခေါ်လာတာပါ"
"သြော် ဟုတ်လား ... ဘယ်လို နေမကောင်းတာလဲ။ အနာသိရင် ဆေးရှိရမှာပေါ့ဗျာ၊ ကျွန်တော့် ကို သေချာပြောပြပါဦး။ ရောဂါကို သေချာသိရမှ ဆရာဝန်ဟာ အနာနဲ့ဆေးတည့်အောင် ပေးနိုင်မှာ ဖြစ်ပါ တယ်"
"ဆရာရေ ဒီလိုပါရှင် ... ဧပြီလထုတ် ချယ်ရီမဂ္ဂဇင်းထဲမှာပါတဲ့ သော်တာဆွေရဲ့ဝတ္ထုကို ဖတ်ပြီး တွေးနေ မိတာ မဟုတ်လား။ သို့သော် သေချာအောင် မေးလိုက်လေသည်။ ခုနက စားပွဲပေါ်ချထား လိုက်သော ချယ်ရီ မဂ္ဂဇင်းထဲက ဝတ္ထုကို ပြလိုက်ကာ ...
"ဒီဝတ္ထုလားဗျာ ... တိုက်တိုက်ဆိုင်ဆိုင် အခုပဲ ကျွန်တော် ဖတ်ပြီး သွားလို့ ဒီဝတ္ထုအကြောင်း တွေးနေတာဗျာ"
"ဟုတ်တာပေါ့ရှင် ... အဲဒီဝတ္ထုပေါ့။ ဒီဝတ္ထုကြောင့် အဖေဒီလို ဖြစ်ရတာ" တစ်ခဏအချိန်အတွင်းမှာပင် ကျွန်တော် သည် စာပေဝါသနာပါသူပီပီ စိတ်ဝင်စားဖွယ်ရာ ဆက်စပ်တွေးတောလိုက်လေသည်။ ဟာ ကြည့် ရတာ ... ဒီအဘိုးကြီး ဆရာသော်တာဆွေတို့နဲ့ ရွယ်တူပဲ။ သူ့ဝတ္ထုထဲက ခိုင်ဆိုတာနဲ့များ ဘယ်လို ပတ်သက်နေပါလိမ့်။ မဟုတ်မှာလွဲရော ခိုင့်ရဲ့ပန်းဦးကို ခူးသွားတဲ့ ငယ်ရည်းစားကြီးလား မသိဘူး။
ဇာတ်လမ်း ကတော့ စိတ်ဝင်စားစရာကောင်းလာပြီ။ "ကဲ ညီမလေး ဆရာတော့ သိပ်စိတ်ဝင်စားနေပြီ၊ ဆရာ့ ကို နားလည်အောင် သေချာရှင်းပြပါဦး"
"ဒီလိုပါဆရာ ... ကျွန်မအဖေဟာ ဒီလဆန်းကပဲ အသက်"၆၉နှစ်" ပြည့်ခဲ့တာပါ။ အရင်က ကျန်းကျန်း မာမာ ပါပဲ။ လွန်ခဲ့တဲ့ ၂လလောက်ကမှ ဒီဝတ္ထုပါတဲ့ မဂ္ဂဇင်းကို ဖတ်မိပြီးကတည်းက ဒီရောဂါစပြီးရတော့ တာပါ"
ထိုစဉ်မှာ အဘိုးကြီးသည် ကျွန်တော်တို့ စကားပြောနေသည်ကို စိတ်ဝင်စားပုံမပေါ်ဘဲ စားပွဲပေါ် ချထား သော ထိုဝတ္ထုပါသည့် ချယ်ရီမဂ္ဂဇင်းကို မျက်မှောင်ကြီးကုတ်ကာ စူးစိုက်ကြည့်နေလေသည်။
"ဒီဝတ္ထုကြောင့် ဘယ်လိုဖြစ်ရတာလဲဗျာ"
"သြော် ... ဟုတ်သားပဲလေ၊ သေချာမသိသေးတော့ ဆရာအံ့သြနေမှာပေါ့။ အစကစပြီး ပြောပြပါ့မယ် ရှင်။ ဒီလိုပါ ... ကျွန်မဖေဖေ ငယ်ငယ်တုန်းက သိပ်ခင်တဲ့ သူငယ်ချင်းတစ်ယောက် ရှိပါတယ်။ အဲဒီတုန်းက သူတို့နှစ်ယောက်လုံး ဆင်းဆင်းရဲရဲ ပေပေတေတေ နေခဲ့ကြတယ်။ တစ်နေ့ကျတော့ သူတို့နှစ်ယောက်ဟာ ဟိုဝတ္ထုထဲမှာပါတဲ့ ဗေဒင်ဆရာမိုက်ကယ်နဲ့ ခင်မိကြတယ်။ ဟိုဝတ္ထုထဲကလိုပဲ ဆရာမိုက်ကယ်ဟာ ခင်ပြီးမကြာခင် မှာဘဲ သူတို့နှစ်ယောက်လုံးကို ဗေဒင်ဟောပါလေရောရှင် ...
သူဟော ခဲ့တာ သူတို့နှစ်ယောက်အတွက် တစ်ယောက်တစ်ချက်စီတည်းပဲ။ အဖေ့သူငယ်ချင်းကို "ခင်ဗျား ဟာ အခုသာ ဆင်းရဲနေတယ်။ ဒါပေမဲ့ မကြာခင်မှာဘဲ ဘယ်လိုမှလည်း ပင်ပင်ပန်းပန်း မလုပ်ရ ပါဘဲနဲ့ ကျိကျိတက် ချမ်းသာလာလိမ့်မယ်လု့ ဟောလိုက်တယ်"
အဖေ့ကိုတော့ ထူးထူးဆန်းဆန်း ဟိုဝတ္ထုထဲမှာ ဆရာသန်းဆွေကို ဟောခဲ့သလိုပဲ" ခင်ဗျားဟာ အသက်(၇၀)မှာ သေမှာပဲ" ဆိုတဲ့ စကားတစ်ခွန်းတည်း ပြောခဲ့တယ်လေ။ အဲဒီတုန်းကတော့ အဖေရော သူ့သူငယ်ချင်းရော ရယ် နေလိုက်တာပဲ။ ဟောတာကလည်း အရက်ဝိုင်းမှာကိုး။ သူတို့ နှစ်ယောက်လုံး မယုံကြဘူး။ အလကားလျှောက်ပြောတယ် ပဲ အောက်မေ့ကြတာပေါ့။
ဒီလိုနဲ့ သူတို့(၃)ယောက် လုံး ကွဲသွားကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ဘယ်ရောက်လို့ ရောက်မှန်းလဲ မသိကြဘူးပေါ့။ အရင်(၄)လလောက်တုန်းက အဖေ ရန်ကုန်ကို ရောက်သွားတယ်။ ဗိုလ်ချုပ်ဈေး ထဲလျှောက်ရင်း မမျှော်လင့်ဘဲ သူနဲ့ကွဲသွားတဲ့ သူငယ်ချင်းကို သွားတွေ့တယ်။ မတွေ့တာ နှစ်ပေါင်း များစွာ ကြာပြီ ဆိုတော့ သူတို့သိပ်ဝမ်းသာကြတာပေါ့။ ဒါနဲ့ ဟိုတယ်တစ်ခုသွားပြီး စားရင်း သောက် ရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြတယ်။
ဒီအခါ ဖေဖေ့သူငယ်ချင်းက သူ့အကြောင်း ပြောပြတယ်။ သူ အဖေနဲ့ ကွဲသွားပြီး ဟိုလိုလိုနဲ့ မိုးကုတ် ဘက် ရောက် သွားတယ်။ အဲဒီမှာ မမျှော်လင့်ဘဲ ကံစွပ်ပြီး ကျောက်အောင်သွားတယ်။ ဒါနဲ့အဲဒီကစပြီး သူ သူဌေးဖြစ်သွားတယ် တဲ့လေ။ အခုဆိုရင် တကယ့်ကိုချမ်းသာတဲ့ သူဌေးကြီး ဖြစ်နေပြီတဲ့။
အဲဒီမှာ သူတို့နှစ်ယောက် ဆရာမိုက်ကယ် ဟောထားတဲ့ ဗေဒင်တော့ မှန်နေပြီဆိုတာ လက်ခံလိုက်ရ တယ်။ အဲဒီရန်ကုန်က ပြန်လာပြီး ဖေဖေမျက်နှာ သိပ်မကောင်းမှန်းတော့ ရိပ်မိတယ်။ ဒါပေမဲ့ ဘာမှန်း မသိကြ ဘူးပေါ့။ ဖေဖေကလည်း ဗေဒင်ကို သိပ်ယုံတာ မဟုတ်တော့ ဒီလိုပဲ စွပ်ရွပ်ပြီး မှန်သွားတာနဲ့ တူပါတယ်ဆိုပြီး သူ့စိတ်သူ ဖြေနိုင်ပါတယ်။
ဒီလိုနဲ့နေလာတာ ဟိုတစ်လောက ချယ်ရီမဂ္ဂဇင်းကို ကျွန်မတို့ ငှားဖတ်ကြတယ်။ ကျွန်မတို့ ဖတ်ပြီး ချထား တုန်း အဖေက ပျင်းပျင်းနဲ့ ကောက်ဖတ်လိုက်မိတယ်။ အဲဒီထဲက သော်တာဆွေရဲ့ ဝတ္ထုကို ဖတ်ပြီး အဖေဟာ သိသိ သာသာ မျက်နှာပျက်လာတယ်။
ညညဆိုရင်လည်း ကောင်းကောင်း မအိပ်ဘူး။ ထမင်းလည်း ကောင်းကောင်း မစားဘူး။ သူ့မှာ ဒီအရွယ် အထိ ဘာရောဂါမှလည်း ထွေထွေထူးထူး ရှိတာ မဟုတ်တော့ ကျွန်မတို့လည်း အတော် စဉ်းစားရကျပ် နေတာပေါ့။ ရုတ်တရက်ဗြုန်းစားကြီး ဖြစ်လာတာ မဟုတ်လား။ အိမ်မှာ ကျွန်မက အကြီးဆုံး သမီး၊ အဖေကအသက်ကြီးမှ အိမ်ထောင်ကျတော့ အခုသားအငယ်တွေက ကျောင်းနေကြတုန်း။ သားတွေ ကလည်း မလိမ်မာကြတော့ အဖေက သားသမီးတွေကို စိတ်မချဘူး။ သံယောဇဉ်သိပ်ကြီးတာပဲ ...
အဖေ ကတော့ ဒီနှစ်အတွင်း သေတော့မှာ သားသမီးတွေကို စိတ်မချဘူးလို့ ပြောလိုပြော။ သူသေရင် ဘယ်သူက ဘယ်လိုနဲ့ အမွေတွေ ခုကတည်းက ခွဲပေးလိုပေးနဲ့။ ဒီလိုတွေပြောလွန်းတော့ ကျွန်မတို့က အတင်းဝိုင်းပြီး မေးကြတာပေါ့။ အတန်တန်မေးမှ ဒီအဖြစ်မှန်တွေကိ ုသူပြောပြတယ်။
ခက်ပါတယ် ဆရာရယ် ဗေဒင်ဆိုတာကို ကျွန်မတို့ ယုံပါတယ်။ ဒါပေမဲ့ ဒီလောက်မှန်ပြီး မသိသင့်တာ ကြီး ကြိုသိနေတော့ ဘာများ အကျိုးရှိမှာမို့လဲ မသိဘူး။ ကိုယ့်သေနေ့ကို ကိုယ်ကြိုသိနေတယ် ဆိုတာမျိုး ဟာ ထောင်ထဲမှာ ကြိုးပေး သတ်ခံရမယ့် အကျဉ်းသားမျိုးမှာမှ ရှိကြတာမျိုး မဟုတ်လား။ ဆရာသော်တာဆွေ ကိုလည်း သွားပြီးရန်တွေ့ချင်လိုက်တာ အရမ်းပဲ။ ဆရာစဉ်းစားကြည့် ... မိုက်ကယ်ဟာ ကျွန်မအဖေအပြင်ကို တခြားလူဘယ်နှယောက်လောက်ကိုများ သေမယ့်ရက်တွေကို ပြောခဲ့သေးလဲ မသိပါဘူး။ အဲဒီလူတွေက မယုံဘူးဆိုရင်အကြောင်း မဟုတ်ဘူး။ ဒီလို ဆရာသော်တာဆွေရေးတဲ့ ဝတ္ထုကို ဖတ်ရပြီး ကျွန်မအဖေလို ဖြစ်ကုန်ရင် မခက်ပါဘူးရှင်။
ဟိုတစ်နေ့ ကပဲ ဧည့်သည်တစ်ယောက် အိမ်လာလည်ရင်း အဖေ့မျက်နှာကို မြင်တာနဲ့၊ ဟော ခင်ဗျား ဘာဖြစ်နေတာ လဲ။ ခင်ဗျားမျက်နှာကလည်းဗျာ အေးစက်စက်နဲ့ တစ်မျိုးကြီးပါပဲလားလို့ ပြောသွားတာနဲ့ အဖေ့မှာ တုန်လှုပ်လိုက်တာလေ။ ဟိုဝတ္ထုထဲမှာ သန်းဆွေသေခါနီး ကာတွန်းဦးဖေသိန်း မြင်လိုက်ရတဲ့ မျက်နှာ က လူသေမျက်နှာလို အေးစက်စက်ကြီးလို့ ရေးထားတာ မဟုတ်လား။
ကဲ အဲဒါ ဆရာအကြံပေးစမ်းပါဦးရှင် ... ကျွန်မတို့လည်း မကြံတတ်တော့ဘူး။ အဖေကလည်း အိမ်ပြင် ထွက် ရင်တောင် ကားတိုက်မှာစိုးလို့ မထွက်ရဲဘူး။ အခုတောင် အတင်းဆွဲခေါ်လာတာ။ အနီးဆုံးဖြစ်တဲ့ ဆရာ့ဆေးခန်းကို လာပြပြီး အကူအညီတောင်းရတာပါပဲရှင်"
ဤသို့သော စိတ်ဝင်စားဖွယ် ရှည်လျားလှသော စကားကို ဆက်တိုက်ပြောလိုက်ပြီး မိန်းကလေးသည် ကျွန်တော့်အား အားကိုသော မျက်လုံးများဖြင့် ကြည့်နေလေသည်။ ကျွန်တော့်အား အားကိုသော မျက်လုံးများဖြင့် ကြည့်နေလေသည်။ ကျွန်တော် အတော်အကျပ် တွေ့သွားလေသည်။ ကျွန်တော့်လို ဆရာဝန်ပေါက်စလေး တစ်ယောက်အတွက် ဒီရောဂါပြသဿနာဟာ နူးညံ့သိမ်မွေ့စွာ ခက်ခဲလွန်းနေ တာအမှန်ပါပဲ။
ကဲ ... ဗေဒင် ကို မယုံချင်တဲ့ စာပေဝါသနာရှင်လေး ဒေါက်တာပေါက်ပေါက်ရယ် ဗေဒင်ဆရာမိုက်ကယ် ရယ်၊ စာရေးဆရာသော်တာဆွေ ရယ် ဆေးကုရမယ့် လူနာတစ်ယောက်ရယ် ဗေဒင်နဲ့ ပတ်သက်နေ တဲ့ ရောဂါတစ်ခုရယ်ဟာ အပြန်ပြန်အလှန်လှန် ပတ်သက်လာပြီ ဖြစ်ပါတယ်။
စာဖတ်သူဟာ ကျွန်တော့်နေရာမှာဆိုရင် ဒီအဘိုးကြီးကို ဘယ်လိုပြောမလဲဗျာ။ ဗေဒင်ဆိုတာ အလကားပါ။ ကိုယ့်ကိုယ် ကိုယ် မယုံတဲ့သူတွေမေးတာပဲ။ ကိုယ့်ဘဝရဲ့ဗေဒင်ကို ကိုယ့်အရည်အချင်းနဲ့ ကြိုးစားမှုကို ကြည့်ပြီး ကိုယ့်ဘာသာဟောနိုင်တယ်လို့ အရင်တုန်းက ကျွန်တော် သူများတွေကို ပြောသလို အခုရော ပြော လို့ ဖြစ်နိုင်ပါ့မလား။
ဒါမှမဟုတ် ... ဒီမှာ အဘရယ် ဗေဒင်ဆိုတာရှိရင် ယတြာဆိုတာလည်း ရှိရမှာပဲ။ ဒီတော့ ဆရာ မိုက်ကယ် ဆီက ယတြာလေးဘာလေး တောင်းကြည့်ပါလားလို့ ကျွန်တော်ပြောပြရင်ကော။
(၆)
ဆရာဝန်လေးမောင်ပေါက်ပေါက် တစ်ယောက်တော့ဖြင့် ဆေးခန်းကို ရှားရှားပါးပါး လူနာ တစ်ယောက် ရောက်လာတာတောင် မပျော်နိုင်ဘူး ဖြစ်နေပါတယ်။ လူနာရဲ့ရောဂါကိုရော၊ ရောဂါဖြစ်ရတဲ့ အကြောင်းအရင်း ဇစ်မြစ်ကိုရော သေချာသိရပါလျက်နဲ့ ဘယ်လိုကုသရမယ်ဆိုတာ စဉ်းစားရင်း ဦးနှောက် ထဲမှာ ချာချာလည် နေပါသည်။
"အနာသိရင် ဆေးရှိရမယ်" ဆိုတဲ့ဆိုရိုးရှိတာမို့ ဒီလူနာအတွက်လည်း ဆေးတစ်ဖုံတော့ ရှိကိုရှိရမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါကြောင့် ဒီဆေးကို ကျွန်တော် အပူတပြင်း ရှာဖွေနေပါတယ်။
ဒီတော့ "ကျွန်တော်ရယ် ကျွန်တော့် လူနာတစ်ယောက်ရယ်အတွက် တတ်နိုင်လျှင် တစ်ခုခု ကူညီပါ ရန် လေးစားစွာ တောင်းပန်အပ်ပါသည် ဆရာမိုက်ကယ်နှင့် ဦးသော်တာဆွေတို့ခင်ဗျား ..."
ချစ်စွာသောစာဖတ်သူ
ကျွန်တော် ဆရာဝန်ပေါက်စဘဝက ထူးဆန်းသော လူနာတစ်ဦးနှင့် ဆုံခဲ့ရ၏။ ဆေးခန်းမှ အပြန်တွင် ဝေခွဲမရသောအတွေးများဖြင့် အိပ်မပျော်နိုင်ရာမှ ဤဝတ္ထုကလေးကို ညလုံးပေါက်ရေးခဲ့မိ၏။ ဤဝတ္ထု စာမူလေး ကျွန်တော့်သံသေတ္တာထဲတွင် ရှိနေသည်မှာ (၁၈)နှစ်တိတိ ကြာညောင်းခဲ့ကာ စာရွက်များပင် ဝါကြင်နေပြီ။ အချိန်တွေ ဤမျှကြာညောင်းခဲ့သော်လည်း ဘဝတစ်ကွေ့၌ တစ်ခဏသာ ဆုံတွေ့ခဲ့ရ သော လူနာ၏ အသွင်သည် ယနေ့တိုင် ကျွန်တော့်စိတ်အစဉ်တွင် စွဲထင်နေဆဲပင်။ မကြာမီက ကျွန်တော်နှင့် အစ်ကိုသဖွယ် ရင်းနှီးခင်မင်သော ဒေါက်တာခင်ဇော်လွင် (သုခချမ်းသာ မဂ္ဂဇင်း အယ်ဒီတာ)နှင့် ရှေးဟောင်းနှောင်းဖြစ်များ ပြောကြရင်း ကျွန်တော် ဆုံခဲ့ဖူးသည့် ထူးဆန်းသော လူနာ တစ်ဦး အကြောင်းကို သူ့အားရင်ဖွင့်ဖြစ်ခဲ့၏။
ဤသို့ဖြင့် မမျှော်လင့် မထင်မှတ်ပါဘဲနှင့် ကျွန်တော့်သံသေတ္တာလေးထဲ သိမ်းဆည်းထားခဲ့သော ကျွန်တော့် ရင်ထဲ ယနေ့တိုင် ပဟေဠိဖြစ်ဆဲ ဇာတ်လမ်းပုစ္ဆာလေးတစ်ပုဒ်သည် ယခု စာဖတ်သူ ၏ ရှေ့သို့ ရောက်ရှိလာခဲ့ပြီ။ ဤလူနာနှင့် သင့်လျော် မည့် ဆေးတစ်ဖုံကို သင်ရော စဉ်းစားမိပါ၏လော။ ကျွန်တော်သည် ဤလူနာနှင့် တွေ့ပြီး မည်သို့ ဆေးကုရမည်ကို စဉ်းစားနေဆဲမှာပင် ခရီးထွက်ခဲ့ ရ၏။ မြန်မာပြည်တစ်နံတစ်လျား လှည့်လည်တာဝန် ထမ်းဆောင်ရသော ဝန်ထမ်း ဆရာဝန်တစ်ဦး ဖြစ်ခဲ့ရ၏။ ကျွန်တော့်လူနာ၏ ကံကြမ္မာသည် မည်သို့ မည်ပုံ ဖန်ခဲ့ပါသနည်း။
ကျွန်တော် သိလိုလှပါ၏။ တိုင်းကျော်ပြည်ကျော် သွေးထွက်အောင် မှန်ကန် သည်ဟု နာမည်ကြီးလှသော ဆရာမိုက်ကယ်၏ ဗေဒင်သည် ယခုတစ်ကြိမ်တွင်ရော တကယ် မှန်ကန်ပါ၏လော။ သို့မဟုတ် လူနာရှင်မိသားစုသည် အစွမ်ထက်လှသော ယတြာတစ်ခုခုကိုများ ကံကောင်းထောက်မစွာ အချိန်မီ ရှာဖွေတွေ့ရှိ၍ လူနာသည် သေတွင်းမှ လွတ်ကင်းခဲ့ပါသလော။ အကယ်၍ လူနာရှင်မိသားစုသည် ဤဝတ္ထု ကို ဖတ်မိသည်ရှိသော် စာဖတ်သူမျာသည် သိလိုလှမည် ဖြစ်သော ပုစ္ဆာအဖြေ ကို အောက်ပါ လိပ်စာအတိုင်း ကျေးဇူးပြု၍ ပေးပို့ပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဒေါက်တာစိုးလင်း
သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး၊
ဗဟိုအမျိုးသမီးဆေးရုံကြီး၊ ရန်ကုန်မြို့။
.