Sunday, February 28, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆၀ အပိုင်း (၃၃)

ဖဆပလခေတ်

ယင်းသို့လျှင် ခေတ်အမျိုးမျိုးပြောင်း၍ လာရောက်နေထိုင်သူတွေသာ ပြောင်းလဲခဲ့သည်။ အိမ်ထည်း မှာတော့ လူမလျှော့ဘဲ အမြဲပြည့်လျက်ရှိနေပါသည်။ သတင်းစာလုပ်ငန်းမှာ ငွေရေးကြေးရေးလိုလာသမျှ ကျမ ဘက်က စိုက်ထုတ်ပေးနေရသည်။ စက္ကူဝယ်စရာ ငွေမပြည့်လျှင် ဖြည့်ခဲ့ရသည်။ အလုပ်တိုက် သားများ လခပေးစရာ ငွေမပြည့်လျှင်လည်း ဖြည့်ခဲ့ရသည်။ နေ့စဉ်ဝင်ငွေကို ထိန်းသိမ်းပေးရသော အလုပ်က တမျိုး၊ နေ့စဉ်အသုံးစရိတ် ပြန်လည်ထုတ်ပေးရသည်က မကြာခဏနှင့် အပိုကိစ္စတွေက ပင်ပန်း လာပြန်ပါသည်။

ထခါ,တခါလည်း အရေးတကြီးရိုက်လာသော ဓါတ်ပုံများရှိလျှင် ကျမကိုယ်တိုင် ဖလင်ဆေးခြင်း၊ ပုံကြီးချဲ့ ပေးခြင်းများကို လှေခါးအောက်ရှိဓါတ်ပုံ ဆေးကူးသော မှောင်ခန်းကလေးသည် ၀င်၍ ကူညီလုပ်ကိုင် ပေးခဲ့သည်။ ထိုစဉ်က ဗမာ့ခေတ် သတင်းစာတိုက်၌ အရေးပေါ် တနာရီအတွင်း ဓါတ်ပုံကူဆေးပေးနိုင်သူမှာ ကျမ တယောက်သာ ရှိပါသေးသည်။ နောက်ပိုင်းမှာတော့ လခနှင့် ဆရာ့ဆရာတွေ တသီကြီး ပေါ်လာ ပါတော့သည်။ ပင်ပန်းသော်လည်း လူတွေစုစုဝေးဝေးနှင့် သတင်းစာထုတ်ဝေးရေးမှာ တနေ့ထက်တနေ့ ကောင်းရာကောင်းကြောင်း တိုင်ပင်ဆွေးနွေးလုပ်ကိုင်ကြရသဖြင့် စိတ်ပျော်လက်ပျော် ဖြစ်ရပါသည်။

နိုင်ငံရေးသမားတွေ တစုတဝေး ရောလာလျှင်လည်း ပျော်ပျော်ပါးပါး စားလား, သောက်လားနှင့် ညီအကို မောင်နှမသားချင်းများပမာ တိုင်ပင်ညှိနှိုင်းပြီး ရင်းရင်းနှီးနှီး ရှိခဲ့ကြပါသေးသည်။
သူတို့တတွေမှာ အဖြူအနီအရောင်ဆိုးမှုလည်း မရှိကြသေးဘဲ၊ လက်တွေ့အခြေအနေ ပေါ်တွင် ရင်ဆိုင်ရင်း အချင်းချင်းနှီးနှော၍ သဘောကျရာ ၀ါဒကို ရှေ့မှချပြီး အဖွဲ့အစည်းပြုလုပ်ရန် ကြိးစားနေ ကြဆဲဖြစ်ပါသည်။ 1945-ခုနှစ်ကုန်ခါနီးမှစ၍ ၁၉၄၆-ခုနှင့် ၁၉၄၇-ခုနှစ်အထိ သုံးနှစ်အတွင်းသို့ ရောက်လာ သောအခါ ဗိုလ်ချုပ်အောင်ဆန်း အမှူးရှိသော ဖဆပလအဖွဲ့မှာ ပြည်လုံးကြိုက်အားပေးခြင်းခံရသော အင်အား အတောင့်ဆုံး အဖွဲ့ကြီးဖြစ်လာသည်။

ယာယီအစိုးရအဖွဲ့မှာ အင်္ဂလိပ် ဘုရင်ခံက ဦးစီးသော်လည်း ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသော်လည်း ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသော ဖဆပလအဖွဲ့ကြီးကို ခန့်ညားလေးစား နေရသည်။ အုပ်ချုပ်ရေးမှာ အရေးပါ သူတွေ အလတိုင်ပင်ခံတွေအထိ ဖ်ြစလာပြီး ယာယီဝန်ကြီးတွေလည်း ပုဂ္ဂိုလ်အသီးသီးထည်းမှ တဦးပြီး တဦး ဖြစ်လာကြသည်။ ဖဆပလဦးစီးနှင့် ဗိုလ်ချုပ်တို့မှာ ထိုစဉ်အခါက ဤမျှလောက်နှင့် ရပ်နား မနေသေးဘဲ ဗမာ့လွတ်လပ်ရေး ကိုယ်ပိုင်အုပ်ချုပ်ရေးစခန်းအထိ လက်လှမ်းခူးဆွတ်နိုင်စေရန် အမျိုးမျိုး အဘက်ဘက် မှ ကြံစည်အားထုတ်နေကြရသည်။

ကျမတို့သတင်းစာတိုက်မှာ ဤအရေးအခင်းနှင့် သတင်းအလှည့်များကို ကြိုးကြိုးစားစား အမှီလိုကေ နရချိန်ဖြစ်ပါသည်။ သတင်းစာတိုက် အလုပ်သမားအင်အား ဖြည့်တင်းရာမှာ ဆိုင်ရာဋ္ဌာနအလိုက် တိုးထား ရသည်။ ပညာအရည်အချင်းရှိသူ လူသစ်ကလေးများကို လက်ထောက် လက်သင်အယ်ဒီတာအဖြစ်၎င်း၊ သတင်းထောက် လက်သင်အယ်ဒီအဖြစ်၎င်း၊ သတင်းထောက်များဆိုင်ရာဋ္ဌာနတွင်၎င်း၊ လက်တွေ့ ဆည်းပူး သင်ကြားရင်း အလုပ်ခွင်သို့ ၀င်စေခဲ့သည်။

တောရွာမှာ လာရော်ကမှီခိုနေသော (....)၏ တူနှစ်ယောက်အား ကျမပင် မီးဖိုခန်းမှ ထုတ်ခါ သတင်းစာ ခေါက်သောဋ္ဌာန၌ တလ ၃၀ိ-နှင့် ခန့်ထားပေးလိုက်သည်။ စားရေး,နေရေးမှာတော့ ရှေးကလိုပင် တာဝန် ယူမြဲ ယူထားသည်။ ၄င်းတို့နှင့်အတူ လာရောက် မှီခိုနေကြသော သူတို့ တောပိုင်းမှ ဆွေတစမျိုးတစများ၊ ရပ်ဆွေ ရပ်မျိုးများမှာလည်း ၀မ်းရေးခက်တိုင်း တဖွဲဖွဲရော်လာလေ့ရှိရာ သတင်းစာခေါက်၊ သတင်းစာပို့ မှအစ စက်တည်းက အမှိုက်သိမ်းအထိ အရည်အချင်းရှိသလောက် အဆင့်အတန်းနှင့် ညီမျှသော အလုပ်အကိုင် များ အသီးသီးနေရာချထားကာ ချွေးသိပ်စေခဲ့ပါသည်။

ဤမျှသာမကသေး၊ မြစ်ဝကျွန်းပေါ်တောရပ်ဒေသ၏ လှေလှော် ငါးဖမ်းအလုပ်ကြမ်းသမား ကလေး တွေအဖြစ်မှ ဘ၀,၀မ်းရေးကို တဆင့်မြှင့်၍ လုပ်ကိုင်နိုင်စေခြင်းငှာ အင်္ဂလိပ်ပညာစာပေ အနည်းအပါး ရေးတတ်, ဘတ်တတ်လာရန် ညဥ့်ဦးပိုင်းမှာ အင်္ဂလိပ်စာ သင်ပေးမည့် ဆရာတယောက်ဖြစ်သူ ဦးစံမြင့်အား ငှားရမ်း၍ သင်ကြားပို့ချပေးစေပါသည်။ ဗမာ့ခေတ် သတင်းစာမှာ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ဖြစ်လာသည့် တိင်အောင် ငွေဝင်ငွေထွက် မျှတသေးဘဲ ရှိရာ လိုလာတိုင်း ကျမဘက်မှ စိုက်ထုတ်ကုန်ကျမှုက ပြတ်သည် မရှိရသေးဘဲ ဖြစ်နေပါသည်။

အပျံသင်လက်သင်တွေလည်း များသည်။ ဘိုးရေးချင်တွေလည်းများသည်။ သတင်းစာ ခေါင်းကြီးပိုင်း ရေးပေးသူကစပြီး ရေးသားနေသူဟူသရွေ့အား လွှတ်ပေးထားသကဲ့သို့ရှိရာ တခါတခါလည်း ခလုပ်ကံဇင်း တိုက်မိသလို သူ့ခိုက်မိ၊ ငါ့တိုက်မိနှင့် ပူညံပူညံ, ဖြစ်သံကြားရသည်။ အချို့ကလည်း ညှိုးထား, တေးထား ကြသည်။ ကလောင်တချက် ကလိလိုက်ရုံနှင့် စီးပွားရေး ထိခိုက်သွားလျှင်၊ ဘယ်သူမှခံချင်ကြမည်မဟုတ်ပါ။ ဤလိုအစွန်းအစ ကလေးပါလာလျှင် ကြီးကြပ် အုပ်ချု့်သူက ပြေပြစ်အောင် ထိန်းသိမ်းပြုပြင်ပေးရမည့် တာဝန်ရှိပါသည်။

တုန်းထိန်းသိမ်းပြုပြင်ပေးရမည့် တာဝန်ရှိပါသည်။ တနုးတိုက်တိုက်, တိုင်တိုက်တိုက် ဖြစ်ချင်ရာဖြစ်စေ လူတွေ လက်ခုပ်တီးပေးပြီးရောဆိုသော သဘောမျိုးကို ကျမမနှစ်မြို့ခဲ့ပါ။ ယုတ်စွအဆုံး စာအုပ်ဝေဘန်မှု အခန်းကပင် သူတပါး အကျိုးတရားပျက်စီးထိခိုက်သွားအောင် စိတ်ရှိသဘောက်က လောင်းကစား လိုက်သည်။ ခံရသူက သတင်းစာကို မဲပြီး အခဲမကျေဖြစ်ခဲ့လေသည်။ ရေးသူကတော့ ရေးရလည်းရသည်။ အမုန်း လည်းမခံရ၊ စာအုပ်ရှင်နှင့် အပြုံးမပျက် လည်ပင်းဖက်၍ နေကြရာကြားက တန်ဆာခံမှာ ဗမာ့ခေတ် သတင်းစာလျှင် ဖြစ်ပါသည်။

ယုယပိုက်ထွေးခဲ့ရပုံ

နောက်ထပ်ပြီး ဤနည်းဤပုံကိစ္စမျိုးကလေးတွေက မပြတ်ကြုံခဲ့ရသည်။ သတင်းစာထုတ်ဝေသူမှာ စိတ်ရှည်ရှည်သဘောကြီးကြီးနှင့် ဦးစီးကြီးကြပ်တည်းဖြတ်တတ်ပါမှ ကြည်ညိုမှု ရနိုင်မည်ဖြစ်ပါသည်။ တည်တန့်ကြန့်ခိုင်၍ မဏ္ဍိုင်ကဲ့သို့ကျင့်သုံးဘို့ ခဲယဉ်းသလောက်တစ်စုံတစ်ယောက်တဖွဲ့သတင်းတို့ ကို မလိုလျှင် မလိုသလိုလိုလျှင်လိုသလို ပြုလုပ်ရန်လွယ်ကူလှပါသည်။ လွတ်လပ်ရေးနှင့်ကိုယ်ပိုင် အုပ်ချုပ်ရေး အတွက် အဘက်ဘက်မှ ကြိုးစားနေကြသောအချိန်အခါတွင် ရှမ်း ကရင် ကချင်စသော တောင်တန်းဒေသများ အပါအ၀င်ပြည်ထောင်စုကြီးအဖြစ် မရောက်နိုင်အောင် နှောင့်ရှက်သွေးခွဲထားခဲ့ သော နယ်ချဲ့ပယောဂကို ကုစားရသည်က တစ်မျိုး၊ လွတ်လပ်ရေးတိုက်ပွဲ၌ ပြည်လုံးကျွတ်သပိတ်ကြီး အထိ ကြိုးပမ်း သွေးစည်ကြရသော ကိစ္စကတ၀၊ အကြိတ်အနယ်ဖြစ်လာကြရပါသည်။

ထို့ကြောင့် တနေ့တွင် အောင်ဆန်းအက်တလီစာချုပ်မှ ပင်လုံစာချုပ်ကိစ္စများအထိ အောင်မြင်ခဲ့သည်။ အထွေထွေသပိတ်ကြီးမှာလည်း ရှေးအခါက  မပေါ်ပေါက်ခဲ့ဘူးသော အစိုးရအမှုထမ်းအရာထမ်းများ နှင့် ပုလိပ်အရာရှိတို့ သပိတ်ကြီးများပါဝင်လာသောအခါ အုပ်ချုပ်ရေးစက်ယန္တရားကြီး ရပ်ဆိုင်းထားရ မလောက် စူးယှထက်မြက်လာသည်။ ဤအခါ၌ လွတ်လပ်ရေးကိုမပေးမနေသာတော့သော အချိန်အခါ တိုင်ရောက် လာသည်။ တင်းတင်းမာမာဖြစ်လာသောအခါ တပြည်လုံး၏ ညီညွှတ်သွေးစည်းမှုကို ဖြိုခွင်း ရန်နယ်ချဲ့၏ ပယောဂများဝင်လာသည်။

သွေးစည်းညီညွှတ်မှုကို ရာထားအာဏာအစာပြီးပြီး ခေါင်းဆောင်အကြီးပိုင်းကို သွေးခွဲဖြိုလှဲပစ်မည်ဟူ သော အစီအမံဖြင့် ရန်တိုက်ပေးလိုက်သော အခါကစပြီး လုပ်ကြံမှုကြီးပေါ်လာသည်၊ ဗိုလ်ချုပ်အောင်ဆန်း အမှူး ရှိသော အုပ်ချုပ်ရေးအဖွဲ့ဝင်အတိုင်ပင်ခံဝန်ကြီးများ အဖြစ်လွတ်လပ်ရေး ကြိုးပမ်းနေခိုက်မှာ အသက် စည်းစိမ် ဆုံးရှုံးအနစ်နာခံသွားရသော အာဇာနည်ပုဂ္ဂိုလ်များအတွက် တိုင်းပြည်တွင်ယူကြုံးမရဖြစ်ခဲ့ရသည်။
ဗြိတိသျှ အစိုးရများ ပြန်ရောက်လာသည်မှ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးရသော အချိန်ကာလ အပိုင်း အခြား ရောက်လာသော အခါ ဗမာ့ခေတ်သတင်းစာမှာ အဆင်းတွန်းခံရပါတော့သည်။

စောစောပိုင်းဆီ က ဆော်ခဲ့ကလော်ခဲ့လေသမျှ အတိုးချ၍တွန်းကြသည်။ ယခင်ကလည်းကွန်မြူနစ် ၂ ပါတီမှမိတ်ဆွေ များကိုကော်ဆဲမှုနှင့် စိတ်ဝမ်းကွဲပြီး သတင်းစာမီးရှို့ခံရသည်အထိ တုံ့ပြန်ကြသည်၊ ပုဒ်မ ၅၀၀ အသရေပျက်မှုတွေနှင့်လည်း အဆက်မပြတ်ရုံးတက်ရသည်။

သတင်းစာတို့မည်သည် ပုဒ်မ ၅၀၀မှာနေ့စဉ်သတင်းစာများအတွက် တခါမထိ တခါထိရမည်မှာ မလွတ်ကင်း နိုင်သော ဓမ္မာတာပင်ဖြစ်သော်ငြားလည်း တမင်တကာကိုယ့်အမှုကိုယ်ရှာ သလိုဖြစ်သော တမင်တကာ မသိသားဆိုးဝါးချက်မျိုးနှင့် ပတ်သက်၍ ခံရခြင်းမှာတော့ သတင်းနှင့်အရေးအသားကို ကျင်လည်စွာ လိုရာရောက်အောင် ထိန်းသိမ်းပြုမှုမပြုတတ်၍သာဟု ဆုံးဖြတ်သူရှိသလို၊ လက်ခုတ် တီးပြီး အောက်ခြေ လွတ်သွားအောင် မြှောက်ပေးနေသူများရှိသောကြောင့်လည်း ဖြစ်ခဲ့ရသည်။

အများကြိုက်ကို မျှောမလိုက်ရွဲ့တိုက်ရေးနေသော သတင်းစာဟုအထင်မှားစရာဖြစ်လာသည်တွင် သတင်းစာလုပ်ငန်းပေါ်မှာ ၀င်ငွေနှင့်ထွက်ငွေမမျှတဖြစ်လာသည်။ ဤအခါမျိုးမှာလည်း ကျမဘက်မှ သာငွေရေး ကြေးရေးနှင့်အားသစ် ဖြည့်လောင်းပေးခဲ့ရပါသည် လူကိုလည်း ပုဒ်မ ၅ နှင့်မကြာခဏ ဆွဲသွားခြင်း ခံရသည်။ ဆွဲပုံဆွဲနည်းကလေးမှာလည်း မှတ်သားလောက်ဘွယ်ရာကောင်းသည်။ ကွန်မြူနစ် ကို ပစ်ပစ်ခါခါဆဲနေသူအား အလံနီကွန်မြုနစ်များနှင့် ဆက်သွယ်မှုရှိသည်ဟု အကြောင်းပြ ၍ဆွဲပါသည်။

ဗိုလ်ချုပ်အောင်ဆန်းအမှူးရှိသော အာဇာနည်များ ကျဆုံးသွားပြီးနောက် လွတ်လပ်ရေးပန်းတိုင်ခရီး ရောက်ခါနီး၌ အစည်းအလုံးအင်အားစုကြီး ပျက်စီးမသွားရန် ဖဆပလတွင် ထိုအချိန်ကပါဝင်နေပြီ ဖြစ်သောဦးနုကခေါင်းဆောင်ပြီး လှမ်းလက်စလွတ်လပ်ရေး ခရီးစခန်းကို ပါဝင်နေပြီဖြစ်သော ဦးနုက ခေါင်းဆောင်ပြီး လှမ်းလက်စလွတ်လပ်ရေး ခရီးစခန်းကို လှမ်းတက်လာခဲ့ကြဆဲဖြစ်ပါသည်။

ယင်းသို့ပုဒ်မ ၅နှင့် ဆွဲ၍ဒုက္ခသုက္ခတွေရင်ဆိုင်ရသော အခါတိုင်းကျမက ဝေပုံကျဒုက္ခခံယူလျက် အလုပ်တိုက်နှင့်  သတင်းစာတိုက်ကို မပျက်မစီးမတိမ်းမစောင်းရလေအောင် ငွေရောလူပါ အားခွန်စွန် စိုက်ပိုက်ထွေးယုယထိန်းသိမ်းစောင့်ရှောက်ခဲ့ရပါသည်။ မည်သူမှလာရောက် ကူညီအားပေးခြင်းမရှိပါ။ အိမ်နေပရိတ်သတ်များကူညီအားပေးခြင်းမရှိခဲ့ပါ။

အိမ်နေပရိသတ်များကိုလည် အစားအနေမချို့တဲ့ စေရာ၊ဗုံးခိုကျင်းဆင်းခဲ့ရသော ခေတ်မှသည် ယခုပုဒ်မှ ၅အဆွဲခံရသော ခေတ်အထိ။ တသုတ်ဆင်း တသုတ်တက်ပြည့်နှက်နေသော အိမ်သူအိမ်သား ပရိတ်သတ် တို့မှာ အစားအနေမပျက်စေရပါ။ ထိုအခိုက်အတန့်မှာလက်ရှိအိမ်ပရိသတ်များကတော့ ယခင် ကလို လျှပ်ပေါ်လော်လီသူ ငါးခုံးမများမရှိကြတော့ဘဲ၊ သူ့အတွဲနှင့်သူနေကြသူ အစိုးရလခစားနှင့် ဗမာ့ခေတ် သတင်းစာ မှာ အလုပ်လုပ်သူအယ်ဒီတာအဖွဲ့ဝင်အချို့နှင့် အလုပ်သမားအချို့တို့ဖြစ်သည်။

မန္တလေးမှဆွေမျိုးသားချင်းထဲကလည်း ကျမပေါ်မှာအခိုက်အတန့်ကြုံလာသောတစ်နေ့၌ ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်လုပ်ကကျမအိမ်ပို့ထားပြီး ကျောင်းသွားစေသည်။ ကျမမှလည်း သားသမီးမရှိ ဖြစ်သောကြောင်း ထိုစဉ်ကအပြစ်ကင်းမဲ့ပေးသူခလေးများကို သားသ္မီးသဖွယ် လက်ခံ ထိန်းသိမ်း စောင့်ရှောက် ကျွေးမွေးထားပြီး၊ ကျောင်းသွားစေသည်မှာ မဂိုတန်းပလာတာ ကောလိပ်ခေါ်သော ကောလိပ် ကျောင်းသားမှ စိန်ဖလိုမီနာကျောင်း သူများအထိ ရှိခဲ့ပါသည်။

    သူတို့သ္မီးများ လာထားသည်ကို အကြောင်းပြုပြီး ဥဒဟို လာရောက်တည်းခို ၀င်ထွက်နေကြသောလည်း သူတို့၏ အဇ္ဈတ္တအတွင်း သဏ္ဏာန်မှာ အမြစ်တွယ်နေသော မကောင်းကြံလိုမှုကို ကျမကလုံးဝ မရိပ်မိ ခဲ့သူဖြစ်သည်။ ဤကျေးဇူးပြုထားသော အကျိုးတရားကြောင့် လည်းမည်သည့်နည်းနှင့် မှကျမအား ပျက်စီး ရာ ပျက်စီးကြောင်း-မကောင်းကြံကြ လိမ့်မည်ဟု မယူဆခဲ့မိပါ။ သို့သော်နှစ်ပေါင်း (၆၀)၏ စာရင်း ပိတ်ခါနီးတွင် လူသားစင်စစ်တိုက ပြုနိုင်ခဲ့သော အပြုအမူများပြုကြသည်ကို အံ့အား သင့်လောက် အောင် တွေ့မြင်ရပါမည်။

လွတ်လပ်ရေးရပြီးစ အချိန် ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

မြန်မာပြည်၏ ဟယ်လင် အပိုင်း (၂၉)

စည်းစိမ်ရှိရှိ နေလာခဲ့သော ရိုစလင်းသည် အလွန်ဆိုးရွားသော ဘေးအန္တရာယ်အသွယ်သွယ်နှင့် ရင်ဆိုင် ရင်း မသေမပျောက်ကျော်လွှား နိုင်ခဲ့သည့်အတွက် သူမ၏ကြံ့ခိုင်သော စိတ်ဓာတ်နှင့် ယုံကြည်မှုတို့ကို ဂုဏ်ပြု သင့်ပါသည်။

နောက်ဆုံးတွင် သစ္စာဖောက်မြန်မာတစ်ယောက်၏ လက်ထောက်ချမှုဖြင့် သူမတို့ထံသို့ ဂျပန်စစ် သားမျာ ရောက်လာကြပါသည်။ တစ်ဦးတည်းသာရှသော ယောကျာင်္းကို သေနတ်နှင့် ပစ်သတ်၍ မိန်းကလေး များအား မိုးကောင်ရှိ ဂျပန်စစ်ဗိုလ်ထံ ခေါ်သွားကြသည်။
အလွန် ကံကောင်းလှပါသည်။

ဂျပန်ဗိုလ်မှူးမှာ လူတစ်ဖက်သားအပေါ် ကြင်နာသနားတတ်သူ ဖြစ်ပါသည်။ မိန်းကလေးများကို အိမ်တစ်လုံး သတ်သတ်ပေးထားပြီး ဂျပန်စစ်စားများနှင့် ရွာသားများကပါ မစော်ကားနိုင်အောင် စောင့် ရှောက်ခဲ့ ပါသည်။ အလုပ်ကတော့ လုပ်ရပါသည်။ ဂျပန်အရာရှိများအတွက် ထမင်းချက်စားပွဲထိုး စသော အလုပ် များကို သူတို့အားလုံး လုပ်ပေးကြရ သည်။

တစ်ည၌အရက် အလွန်အကျွံမူးနေသော ဂျပန်အရာရှိတစ်ဦးက သူ့ဓားကို ထုတ်၍လိုက်သဖြင့် ရိုစလင်း ခမျာ တစ်တဲပြီးတစ်တဲ တွေ့ကာရှောင်ကာ ပြေးခဲ့ရသည်။ နောက်ဆုံးတွင် သူမကဂျပန်အ ရာရှိကိုမျက်ခြည် ဖြတ်နိုင်ခဲ့သည်။ ဂျပန်ဗိုလ်မှူးအား ထိုအပြစ်အပျက်ကို တိုင်ကြားသောအခါ ဂျပန်အရာရှိမှာ ပြင်းထန်စွာ ရိုက်နှက် ခံရကြောင်း ကျွန်မကိုပြောပြခဲ့ပါသည်။

နောက်လ အနည်းငယ်အကြာတွင် သူတို့တစ်တွေကို မြစ်ကြီးနားမှာ ပြင်ဦးလွင်သို့ ပြောင်းရွေ့ ပေးလိုက်သဖြင့် ကျွန်မ၏မိသားစု ဖြစ်လာပါတော့သည်။
သူမသည် ရွှေဇွန်းကို ပါးစပ်တွင်တပ်၍ ရွှေပုံပေါ်၌ခံစားလာသူ ဖြစ်ပါသည်။ သူမတို့မိသားစု နေထိုင်ခဲ့သော အိ(စ်)ရစ်(ခ်ျ) စံအိမ်မှာ ခမ်းနားကြီးကျယ်ပြီင်္း ပန်းခြံများ၊ သယာလှပသော ရှုမျှော် ခင်းများနှင့် ယင်းဒေသ၌ ကျော်ကြား လှပါသည်။

ဗြိတိန်နိုင်ငံဘုရင်မကြီး အယ်လီဇဘက်၏ ညီမမားဂရက် မင်းသမီး၏ ချစ်သူလေသူနဲ ကပ္ပတိန် ပီတာ တောင်ဆင်၏ ဖခင်သည်ပဲခူးတိုင်းမင်းကြီး ဘ၀နှင့် တိုင်းပြည်ပြုဥပဒေ အမတ်အဖြစ် ဆောင် ရွက်ခဲ့စဉ် ကအဆိုပါ စံအိမ်၌နေထိုင်ခဲ့ပါသည်။ ဘေးဆိုးအန္တရာယ် အသွယ်သွယ်ကို အရွယ်နှင့် မလိုက် အောင် ရင်ဆိုင်ခံစားလာရသူကလေး၏ အပြစ်အပျက်များသည် ကြေကွဲစရာ ကောင်းလှ ပါသည်။

ထိုအချိန်အတွင်းမှာပင်ယခင်က အကောက်ခွန်ဋ္ဌာန၌ လုပ်ခဲ့သော မစ္စတာပိုလီဂျစ်(ဗ်) ဆိုသူကို ကျွန်မက ခေါ်ယူ ကျွေးမယ်မွေးထားရပြန်ပါသည်။ သူသည် အားကစားသမာပုံစံမျိုး အရပ်ရှည်ရှည် နှင့် ကိုယ်ကာယ တောင့်တင်း သူတစ်ဦးဖြစ်ခဲ့သည်။ ယခုအချိန်၌မူ ကျန်းမာရေး ချို့တဲ့ပြိး အရိုးပေါ်အရေတင် ဖြစ်နေပါသည်။ သူ့အတွက် တစ်စုံတစ်ဦးက တာဝန်ယူရမည် ဖြစ်ပါသည်။ သို့သော် မည်သူမှ တာဝန်မယူ၍ ကျွန်မကပင် စောင့်ရှောက်ရန် တာဝန်ယူလိုက်ရာ ဖခင်နှင့် ကျွန်မ အပါအ၀င်ပါးစပ်ပေါက်မှာ ဆယ်ပေါက် ဖြစ်လာ ပါသည်။

ကုသိုလ်ကံကောင်းသူများမှာ ကျန်ရှိနေသေးသော ငွေများနှင့် စားစရာမျာကို ၀ယ်ယူစားသောက် နိုင်ကြ ပါသည်။ ငွေကြေးမရှိသူများမှာမှု ဂျပန်တို့ကပေးကမ်းစွန့်ကြဲ သမျှကိုကောင်းဆုံး ဖြစ်အောင် ဖန်တီး စားသောက်နေကြရပါသည်။ ကျွန်မကိုလည်း လူပမာများကမကြာခဏခာရောက် ခေါ်ယူကြ သဖြင့် ကျွန်မ၏ ဆေးကုသမျှကို စားသောက်ကုန်ပစ္စည်းများနှင့် ဖလှယ်ရသည်ဖြစ်၍ ပုံမှန်စား သောက်နိုင်ပါသည်။ မေဘယ် ဒင်နှီရယ်(စ်) ကလည်းကျွန်မတို့ထံသို့ အစားအစာများကို အခွင့်ရတိုင်း ပေးကမ်းထောက်ပံ့လျက် ရှိပ်ါသည်။

ယင်းနောက်ကျွန်မတို့၏ အခြေအနေမှာ ပိုမို၍တိုးတက်ကောင်း မွန်လာပြန်သည်။ ကျွန်မအားအကျဉ်း စခန်းမှ ထွက်ပြီးပြင်ပလူနာများထံ သို့သွားရောက်ဆေးကုသရန် ခွင့်ပြုလိုက်ခြင်း ဖြစ်ပါသည်။ အကျဉ်း စခန်းထဲတွင် ကျွန်မတစ်ယောက်ထည်းသာ အပြင်ထွက်ခွင့်ရပါသည်။ ကျွန်မဘယ်နေရာကို သွားသည်၊ ဘာတွေ လုပ်ခဲ့သည်တို့ကို အကျဉ်းစခန်းမှူးထံ အသေးစိတ်တင် ပြရပါသည်။

အစပထမတွင် ကျွန်မတင်ပြအစိရင်ခံချက်များ မှန်မမှန်လိုက်လံ စစ်ဆးပါသေးသည်။ သို့သော် အချိန်ကြာမြင့်လာသောအခါ သို့မဟုတ်စိတ်ပဲ မ၀င်စားလေရော့သလား မပြောတတ်ပါ။ သူတို့က ဘာမျှ မေးမြန်း စုံစမ်းခြင်း မပြုတော့ပါ။ နောက်ဆုံးတွင် ကျွန်မသည် ၀င်ချင်းသည့်အချိန်ဝင် ထွက်ချင် သည့်အချိန် ထွက် တံခါးမရှိ ဓားမရှိဝင်နိုင် ထွက်နိုင်ခွင့်ရပါသည်။ အစောင့်လုပ်သူအား ကျွန်မတွင်ရှိသော သစ်သား နံပါတ်ပြား ကလေးကို ပြန်ရန်သာဖြစ်ပါသည်။

လွတ်လွတ်လပ်လပ် သွားလာနိုင်ခွင့်ရသောကြောင့် အပိုရိက္ခာများကို တောင်ခံခွင့် ရရုံမျှမက ပရိဘောဂ အစိတ်အပိုင်းများ၊ အိမ်သုံးပစ္စည်းများကို ကျွန်မတို့ရထားသော နေရာအတွက် အသုံးချရန် ယူလာ နိုင်ခဲ့ပါသည်။

တဖြည်းဖြည်းနှင့် ရိုစလင်း၏ ဖက်ခွက်နာများက ပျေက်ကင်းသွားကြသည်။ အရုပ်ဆိုးလှသော ခွက်နေသည့် နေရာ များတွင် အသားများတဖြည်းဖြည်း ပြည့်လာသည်အထိ အချိန်ယူ၍ စောင့်ရ မည်ဟု သူမကရဲရင့်စွာ ခံယူထားပါသည်။

လောက်ကောင်များသည် အမြင်တွင်ရွံ့ရှာဖွယ် ဖြစ်သော်လည်းအနာများကို ပိုးမ၀င်အောင် ကာကွယ် ပေးကြပါသည်။ သူတို့သည် အနာကိုသန့်စင်အောင် လုပ်ပေးသည့်အပြင် မပြန့်ပွား အောင်လည်း ထိန်းထားပေး ကြပါသည်။

ရိုစလင်းသည် ဂျပန်စစ်ဆေးရုံတွင် လူနာများနှင့် လူမမာများအားဆေးပေးခြင်း၊ စောင့်ရှောက်ခြင်း တို့ကို သွားရောက် လုပ်ကိုင်ပါသည်။ ထိုအခွင့်ရေးကို ယူ၍သူမသည် ဆေးအနည်းအကျဉ်းကို အိမ်အပြန်တွင် ခိုးယူ လာလေ့ရှိပါသည်။

ဆောင်းရာသီက တစ်စထက်တစ်စ ချဉ်းကပ်လာနေပြီင်္ ဖြစ်၍၀ရန်တာမှ အပေါကများ ပိတ်ရန် သစ်သားများကို ယူလာပါသည်။ ညနေခင်းများ၌ ကျွန်မသည် အကျဉ်းစခန်း အပြင်ဘက် တစ်ဝိုက်ရှိ သံများ၊ တံခါး မင်းတုပ်များ၊ မှန်အကွဲအစများ၊ သံပြားအပိုင်းအစများကို ကောက်ယူလာ ခဲ့ါပ်သည်။

လေယာဉ်ပျံ လာကြောင်းအချက်ပေး ဥသြမှုတ်သည်နှင့် ကျွန်မသည်အစောင့်အား လူနာများကြည့် ရှုရန်ဟု အကြောင်းပြ၍ မြို့ထဲသို့ထွက်လာပါသည်။ လူနားမျာထံ မသွားပဲ လက်လှမ်းမီရာ ပစ္စည်းများကို ခေါင်းတွင် သယ်ပိုးလာကြောင်း သူ၏အလုပ်မဟုတ်သလို စစ်ဆေးခြင်းမပြုပါ၊ တပ်မှူးကကျွန်မကို အပြင်ထွက်ခွင့် ပေးထားရာ ကျွန်မအပြန်တွင် မည်သည့်ပစ္စည်း သယ်ဆောင် လာပါစေ သူတို့နှင့်မဆိုင်ဟု ယူဆ ထားဟန်တူပါသည်။

ဤနည်းဖြင့် ကျွန်မသည် ပြတင်းပေါက်ပေါင်များ၊ မှန်များ၊ ပျဉ်ပြားများနှင့် အခြားအတိုအထွာ ပစ္စည်းများကို စုဆောင်း မိပါသည်။ ကြိုးစတစ်စ၊ အိတ်ဟောင်းတစ်ခု၊ သွပ်ပြားတစ်ပိုင်းတွေ့ သမျှပစ္စည်းများမှာ ကျွန်မ အတွက်ရွှေမှုန့်ရွှေခဲများ ဖြစ်ပါသည်။ ကျွန်မတို့အတွက် သီးသန့်ပေး ထားသော နေရာအခန်းတွင် အသုံးပြု ပါသည်။ သွပ်ပြားကို ပြန့်ပြူးသွားအောင် အပင်ပန်းခံ ထု၍ မီးဖိုလုပ်ပါသည်။ ကျွန်မတို့ နေရာကိုလည်း သီးသန့်ကာရံထားနိုင်ခဲ့ပါသည်။

ကျွန်မတို့တွင် ထမင်းစား စားပွဲတစ်လုံး ရှိလာသည့်အပြင် ငရုတ်သီး၊ ချင်းနှင့် စားပင်များ စိုက်ပျိုးနိုင်သည့် မြေအိုး များကို ပိုင်ဆိုင်လာကြပါသည်။ ဖခင်ကြီးအတွက်လည်း ဇွန်းခက်ရင်းတစ်စုံကိုပင် ရှာပေးနိုင်ခဲ့ပါ သည်။

ကျွန်မတို့ နေထိုင်လျက် ရှိသောအကျဉ်းစခန်းအတွင်းရှိ အဆောက်အအုံများကို တိုက်ရိုက်ဗုံးထိ မှန်ခြင်း မရှိသော်လည်း ပတ်ဝန်းကျင်၌ဗုံပေါက်ကွဲ မှုများကြောင့်အမိုးနှင့် ကြမ်းခင်းများ သွက်သွက် ခါအောင် လှုပ်ကြပါသည်။ ကျွန်မတို့ပြုပြင်ထားသော အခန်းများကို မကြာခဏပြန်လည် ပြင်ဆင်ရ ပါသည်။ သစ်ပင် များ ပျိုးထားသော အိုးများသည်လည်း ကွဲကုန်ကြပါသည်။

ရိုစလင်းက ကျွန်မကို ပလတ်စတစ်ဖြင့်ပုံသွင်းထားသော "ဗာဂျင်းမေရီ" ရုပ်ထုကို လက်ဆောင် ပေးရာ ကျွန်မ အိပ်ရာအနီးရှိ ထားပါသည်။ ရိုစလင်းက"ဤအရုပ်တုသည် သူမကြုံတွေ့ ဖြတ်သန်းလာခဲ့သော ဘေးအန္တရာယ် အသွယ်သွယ်ကို ကြံ့ကြံ့ခံနိုင်အောင် အားအင်နှင့် သတ္တိကို ပေးကြောင်း"ကျွန်မကို ပြောပြ ပါသည်။ ဗုံးအကြိမ်ကြိမ် ကြဲချရာတွင် ဤရုပ်တုသည် တစ်ကြိမ်တစ်ခါမျှ လဲကျခြင်း မရှိခဲ့ပါ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, February 27, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆၀ အပိုင်း (၃၂)

ဂျပန်အပြေးအမေရိကန်အ၀င်

နောက်တနေ့ မနက်ကိုဂျပန်များ လာရှာဖွေတော့မည်။ အိမ်ကလည်း လူတွေအလွန်များသည်။ ကိုယ် ပျောက် စစ်သားရယ်လို့ အထင်မှားပြီး တယောက်နှစ်ယောက်လောက် ဆွဲသွားလျှင်လည်း ခံရ မည်သာ သည်အထဲမှာ ဆွေတစမျိုးတစ ဖြစ်သူစစ်ဗိုလ်လူထွက် တယောက်အိမ်မှာ ရောက်နေသည်၊ သူကလည်း လစ်လျှင်လစ်သလို လက်မြန်, ခြေမြန်နှင့် ဂျပန်ကို ချခဲသူဖြစ်ကြောင်း နောက်ပိုင်းမှ ပြန်ပြောပြ သဖြင့် သိရသည်၊ စောစောကသာသိရလျှင် သူ့ကိုခဏရှောင် နေရန်ပြောမိ မည်ဖြစ်ပါသည်။

သို့သော် ကံကကောင်းသွားပါသည်၊ နောက်တနေ့မတိုင် မှီသည်သန်းခေါင် လောက်မှာ ကုက္ကိုင်းလမ်း တလျှောက် စစ်လော်ရီကားကြီးတွေ မောင်းပြေးနေသော အသံတို့သည် မိုးချုန်းသလို ဆူညံလျက်ရှိသည်၊ အသံချင်း ဆက်၍ အခါတိုင်းထက်ထူးကဲသည် ဟုစဉ်းစားမိကြသည်၊ သို့သေည်ခေါင်းပြူ ကြည့်၍ဖြစ်သော အချိုန်မျိုး မဟုတ်၊ ဟုတ်သည့်တိုင်အောင် မလှုပ်ဝံ့ ကြသောအ ခိုက်အခါမျိုးဖြစ် နေရာကိုယ့်အိမ်ထဲမှာ သာကုပ်ကုပ် ကလေး ငြိမ်နေကြရပါသည်။

မနက်လင်းသောအခါ ဂျပန်တို့လာရောက်ရှာမည့်ကိစ္စက ဆက်ရန်ရှိသေးသဖြင့် စိတ်တထင့်ထင့်နှင့် ရှိနေကြပါသည်၊ သို့သော်နေအတော် မြင့်လာသည်တိုင်အောင် ဂျပန်စစ်သာများ၏ အရိပ်အခြေကို မမြင်ရပဲတိတ်ဆိတ်ငြိမ် သက်လျက်ရှိနေရာမှ တယောက်စကားတယောက်နားဖြင့် ဂျပန်စစ်သားအား လုံးရန်ကုန်မြို့မှ ဆုတ်ခွာထွက်သွားကြပြီ ဖြစ်ကြောင်း၊ ညဦးပိုင်းမှစပြီး တညလုံးဆူညံနေသော ကားတန်း ကြီးမှာ ဂျပန်စစ်ဗိုလ်စစ်သားများ ဆုတ်ခွာထွက်ပြေး နေခြင်းဖြစ်ကြောင်း သိရတော့သည်၊ ဤတွင်မှ ရင်ထဲမှ အလုံးကြီးကျသွားကြပါသည်။

သို့ရာတွင် မတော်တဆပြန်လှည့် လာကြဦးမလား၊ တနေရာမှာ အကြွင်းအကျန်စစ်သားများ ရှိလေဦး မည်လားဟု ကြောက်စိတ်မပြေနိုင်သူမျာနှင့် နေမြင့်လာပါက ဗုံးလာချကြဦးမည့် အင်္ဂလိပ်ဗုံးကြဲ လေယာဉ်ပျံ တို့အတွက် စိတ်ချ, လက်ချမနေ၀ံ့ ကြသေးပဲအိမ်ထဲမှာ သာအောင်းနေကြရပါသည်။

သို့သော်စစ်ဒဏ်ခံနိုင်ရည် ပြည့်ဝနေသော စားနေကျကြောင်းဖားဖေါက်သည် များကားဂျပန်စစ်သား များပြေး လေပြီးဆိုသည်ကို သိကြရသည်နှင့် တပြိုင်နက်ကိုယ်နှင့် နီးစပ်ရာရပ်ကွက်တ၀ိုက် ရှိဂျပန်တို့ နေထိုင်ရာ အဆောက်အဦးများသို့ ၀င်ရောက်မွှေနောက်ခါ လိုရာပစ္စည်းများကို ဖေါက်တွင်း သယ်ပိုး ယူငယ်ကြသည်၊ တကဲ့ပွဲတော်ကြီးကြုံကြိုက်၍ အူလိုက်သဲလှိုက် ၀မ်းသာနေကြပုံရပါသည်။
ဗိုလ်ချုပ် နှင့်တကွ ဗမာ့တပ်မတော်မှာ မတ်ခ၂၇- ရက်နေ့ကတည်းက တော်လှန်ရေးကြီးကို စတင်လုပ် ကိုင်နေပြီး ဖြစ်၍ တပ်မတော်သားမှန်သမျှက ကိုယ်ရောင်ဖျောက်ထားလိုက် ကြပြီးဖြစ်သောကြောင့် ရန်ကုန်မြို့ ကြီးတမြို့လုံးမှာ အထိန်းအချည်မရှိသော မြို့ကြီးဖြစ်နေပါသည်။

ဂျပန်လက်အောက်ခံဘ၀ ၌လွတ်လပ်ရေးအစိုးရအမည် တပ်ထားသော ဗမာအစိုးရအဖွဲ့မှာလည်း မော်လမြိုင်ဘက်ရောက် နေပြီဖြစ်၍ အုပ်ချုပ်ရေးကင်းမဲ့ လျက်ရှိရာမင်းပြောင်းမင်းလွှဲ၌ လက်ရဲ ဇက်ရဲ ရှိသူတို့၏ ပွဲတော်ရက် မြတ်ကြီးဖြစ်နေပြီး အဓိပတိအရှင် မင်းကြီးအိမ်တော်ဟုခေါ် ကြရလျက် အစိုးရ ဘက်အရာရှိကြီးများ နေ့စဉ်လာရောက် အလေးပြုရသည့် ဟာမစ်တစ်လမ်းရှိ နန်းရင်းဝန် အဓိပတိကြီး ဒေါက်တာဘမော် နေသောအိမ်ကြီးရှိ ပစ္စည်းပစ္စယများမှ ခေတ်ပျက်ဖေါက်သည်တစု ၀င်ရောက် ယုယက် ယူငင်ကြပြီး အိမ်ကြီးတခုလုံးကိုလည်း တနေကထည်းနှင့် မီးရှို့အပျောက်ရှင်း ခံလိုက် ရသည် အထိ သောင်းကျန်း ပစ်လိုက်ကြပါသည်။

ဂျပန်မာစတာကြီးများ လက်ဝါးကြီးအုပ်သိမ်း ဆည်းစုဆောင်းသိုလှောင် ထားခဲ့သော အသုံးအဆောင် အစားအသောက်အထည်ကို ဂိုဒေါင်များကိုလည်း လူစုလူဝေးကြီးနှင့် သမ၀ါယမနည်အရ အပြောင်ရှင်း လိုက်ကြသည်၊ သို့သေည်မကြာမီပင် ကပ္ပလီနှင့် အမေရိကန်စစ်သားတွေ ၀င်လာကြသည်၊ ယခင်ကနိုင်လွန်စ လေထီးနှင့် ရိက္ခာပစ္စည်း ချပေးခဲ့ခြင်းဖြင့် တကြောင်း၊ ကပ္ပလီခေါ် နီးဂရိုးစစ်သား အမေရိကန် စစ်သားများ၌ လွယ်ပိုးပါလာသော စားရေရိက္ခာ ပစ္စည်းများကလည်း ပိုလျှံပေါများလှ၍ အရပ်သူ အရပ်သားများအား ဖြန့်ဖြူးဝေငှ ပေးလေ့ရှိရာ သုံးလေနှစ် ရာသီယိုဘူး၊ ချော့ကလက်၊ သကြားခဲ၊ ဒိန်ခဲများ မှီဝဲစားသုံး ကြရတော့်သည်။

ကျမတို့သည် ရန်ကုန်မြို့ကြီး ပျက်စီးပြာဖြစ်မတတ် ပင်လယ်ဝက အင်္ဂလိပ်ရေတပ် အမြောက်ကြီးများ နှင့် ပစ်ခတ်ခံရမည့် စိုးရိမ်ခြင်းဖြင့် သိမ်ချောင်းရွာသို့ပြောင်း ပြေးစရာ နေရာဌာနများ ကြိုတင်ပြင်ဆင် ထားသော်လည်း ဗရုပ်သုက္ခကြီးမ ဖြစ်ကြရတော့ပဲ ဂျပန်နှင့်အင်္ဂလိပ် အပြောင်းအလဲမှာ ကံကောင်း ထောက်မ၍ကသီ လင်တာမရှိ၊ အိမ်ထဲမှာ အသာနေရင်း ပြဿနာရှင်းသွားသည်။ ဂျပန်တွေ ထွက်ခက်, ခတ်သွားမည့် ဆဲဆဲမှ လွတ်မြောက်ချမ်းသာရာရသဖြင့် လည်း ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြရခြင်းမှာ ဒုတိယကမ္ဘာစစ်ကြီး အပြီးသတ်ရပ်နားသွား ရသောကြောင့် ဖြစ်ပါသည်။

အီတလီပြည်သည်၎င်း၊ ဂျာမဏီပြည်သည်၎င်း၊ ဂျပန်ပြည်မှာ၎င်း စစ်ကြီး၏နဂုံးချုပ်၌ မီးခိုးမသေသေးသော စစ်ရေးစစ်ဒဏ်များ၊ စစ်အနာရောဂါဆိုကြီးများ အနှံ့အပြားကျန်ရစ်ကြသလို ဗမာပြည်မှာလည်း စစ်ကြီး၏ ဒဏ်ရာဒဏ်ချက် အနာတရကြီးများက နေရာအနှံ့အပြား၌ ခံစားရလျက် ရှိနေပါသည်၊ ဒါတွေကို နောက်လာသည့် လူတကာတန်ယူ၍ စားရင်းရှင်းပေးရမည် ထုံးစံအတိုင်း ဖြစ်ပါသည်။ စစ်နိုင်သူတို့၏ အသိုင်းအ၀ိုင်းမှာ အင်္ဂလိပ်အစိုးရလက်ထက်က အိန္ဒိယကို ပါသွားသူတွေက ရှေ့ဆောင်ပြီးလာကြပါသည်။

ဗမာ့ခေတ်သတင်းစာ ဆက်လက်ထုတ်ဝေခြင်း

 အင်္ဂလိပ်ကို မောင်းထုတ်ပြီး အထင်ကြီးခဲသော ဂျပန်နှင့်ပေါင်းမိ၍ အကြောင်းသိဇာတ်ရှည် လယ်လာ ကြသောအခါ ကျားကြောကိုလို့ ရှင်ကြီးကိုးရာတွင် ရှင်ကြီးကျားထက် ဆိုးသောဥပမာကဲ့သို့ ဖြစ်လာရ သဖြင့်နာကျည်းစွာ မောင်းနှင်ပစ်ရပြန်သည်၊ ပြန်လာသော အင်္ဂလိပ်အမေရိကန် စစ်တပ်ကို ဆီးကြိုပြီး ရင်နှီင်္းအောင် ပြုရာ၌ အချို့နိုင်ငံရေ. သမားများမှာ မရဲတရဲဖြစ်နေကြရသော်လည်း ဂျပန်ကဲ့သို့ နှိပ်စက်ကလူပြုမှု တုံ့ပြန်ခြင်းမရှိကြသောကြောင့် အသက်ရှူဖြောင့်သွား ကြပုံရသည်၊ သို့သော်အချို့ အရေးပါ အရာရောက်သူများမှာ ဘွားကနဲရင်မဆိုဝံ့ သေးသဖြင့် သင့်ရာ၌ ခေတ္တရှောင်ရှားနေကြဆဲ ဖြစ်ပါ သည်။

ဂျပန်အတွက်နှင့် အင်္ဂလိပ် ပြန်အ၀င်မှာ အင်္ဂလိပ် ကပြားနှင့်မြန်မာ အစိုးရအရာရှိ ဟောင်းများက ဆိုင်ရာဆိုင်ရာဋ္ဌာန တို့တွင် ပူးတွဲပါဝင်လျက် ရှေ့ဆောင်ရှေ့ရွက်လုပ်ရကာ အခွင့်အရေးနှင့် သြဇာအာ ဏာရသင့်သလောက် ရနေကြပါသည်။ နေ့ချင်းညချင်းဆိုသလို စစ်ဘက်နှင့်တွဲကာ ယာယီမြို့ရွာ အုပ်ချုပ်ရေး လုပ်ငန်းကို စတင်ဖွဲ့စည်းကြပါသည်၊ သတင်းစာတိုက်များကို လည်းအရှိန်မပျက် ဆက်လက် ထုတ်ဝေရန် အား ပေးကြလေသည်။

သတင်းစာဆိုရာမှာ ထိုအချိန်အခါက သူရိယ၊ မြန်မာ့ အလင်းနှင့် ဗမာ့ခေတ်သုံး စောင်သာရှိနေရာတွင် ဗမာ့ခေတ်မှာ ဂျပန်အစိုးရ လက်ထတ်ထုတ်ဝေသော သတင်းစာဝေခြင်းဖြင့် သည်ဒေါက်တာလမော် အဓိပတိ အစိုးရသည် ဂျပန်များနှင့်အတူ ထွက်ပြေးသွား သောအခါကျမခြံထဲမှာ တဲကြီးတခုအပြည့်ရှိ ကြသော သတင်းစာ အယ်ဒီတာအဖွဲ့နှင့် စာစီသမားများ သည်အငေးသား သောင်တင်ကျန်နေရစ်ပါသည်၊ စာစီသမားမျာက အစိုးရပုံနှိပ်တိုက်မှ လခစားများဖြစ် ပြီးအယ်ဒီတာအဖွဲ့မှာလည်း အဓိပတိအစိုးရ၏ လခစားများဖြစ်ကြရာ သူတို့လစာကို ဘယ်သူမှ လာ၍ ရှင်းလင်းပေးနိုင်တော့မည် မဟုတ်၍ ရုတ်တရက် ၀မ်းရေးပြဿနာ ကသာနှင့်မှအစားထိုးမရ၊ သို့ကြောင့် ဂျပန်အစိုးရထွက်ပြေးကြသည့် ရက်မှစပြီး စပ်ကူး မတ်ကူး အချိန်မှာ ကျမတို့က စက္ကူစိုက်ပုံ နှိပ်တိုက်စိုက်ပြီး သတင်းစားကိုရက်မပျက် ဆက်လက် ထုတ်ဝေ ရောင်းချ၍ သူတို့တစုအား ဝေငှစား နိုင်အောင် ကြံဆောင်ပေးနေရပါသည်။

နောက်ဖွဲ့မည့်အစိုးရက နေသားတကျရှိသွားသည့်အခါ အစိုးရပုံနှိပ်တိုက်မှလခစား စာစီအလုပ်သမား တွေမှာဆိုင်ရာလခစား ပြန်ခန့်ခြင်းခံရသည့်တိုငအောင် အယ်ဒီတာအဖွဲ့မှာ တော့ဘယ်သူမှတာဝန် ယူကြမည်မဟုတ်ပါ၊ မြို့ရွာအုပ်ချုပ်ရေး ယာယီအဖွဲ့နှင့် စစ်ဘက်ကက်စဘီ အစိုးရတို့က သတင်းဖြန့် ရာ၌ သတင်းစာများ၏ အင်အားကိုအထူးကူ ညီလိုသည်၊ တိုင်းပြည်လူထုကလည်း စစ်ပြီးအုပ်ချုပ်ရေး သတင်း များကို သိလိုလှသည်။ သို့ကြောင့် အဓိပတိအစိုးရအဖွဲ့မှ စွန့်ပစ်ထားခဲ့သော ဗမာ့ခေတ်သတင်းစာ ကို ကျမ၏ တိုင်းပြည်ပြု ပုံနှိပ်တိုက်မှပိုင်ရှင် အဖြစ်ကောက်ယူပခုံးပြောင်းပြီး ဆက်လက်ထုတ် ဝေလိုက် ရပါတော့သည်၊ သတင်းစာ၏ ၀ါဒမှာလည်း ကိုယ်ပိုင်ဝါဒသာ ဖြစ်ပါသည်။

အစိုးရပုံနှိပ်တိုက်ကို အသားတကျပြန်လည် အုပ်ချုပ်ကြသောအခါ စာစီအလုပ်သမားများနှင့်တကွ ဂျပန် ခေတ်က ပြောင်းရွေ့ ယူလာရသောစာစီ ခုံများကိုမြို့ထည်းရှိ အစိုးရပုံနှိပ်တိုက်ကြီးသို့ ပြန်သယ် သွားကြသည်။ ဤတွင် ကျမ၏တိုင်းပြည် ပြုပုံနှိပ်တိုက်မှာ ဗမာ့ခေတ်သတင်းစာကို ထုတ်ဝေရာ၌ စာစီ အလုပ်သမား အသစ်မားထပ်မံဖြည့် တင်းပြီးဆက်လက် လုပ်ကိုင်ခဲ့ကြပါသည်၊ အယ်ဒီတာအဖွဲ့မှာ အဓိပတိ အစိုးရ၏ လူဟောင်းများနှင့် နောက်ထပ်ဖြည့်စွတ် ခေါ်ယူရသောလက်ထောက် အယ်ဒီတာများ သတင်းထောက် များ၊ အုပ်ချုပ်မှု အလုပ်ဋ္ဌာန၊ ပါဆယ်ဋ္ဌာန၊ သတင်းစာခေါက်ဋ္ဌာန၊ ဓါတ်ပုံဋ္ဌာနများမှ အစ သတင်းစာ တိုက်ကြီး တတိုက်၌ ထားရှိအပ်သော ဋ္ဌာနအစိပ်အပိုင်းများကြောင့် အိမ်နှင့်အပြည့် ဖြစ်လာ ပြန်ပါ သည်။

နောက်ပိုင်းမှာအိန္ဒိယရောက် ဗမာအရာရှိကြီးများမှာ အင်္ဂလိပ်အစိုးရအရာရှိကြီးများ တသုတ်ပြီးတ သုတ်ရောက်လာကြသည်၊ ဗိုလ်ချုပ်အောင်ဆန်း အမှုးရှိသော ကိုယ်ပျောက်တပ်မတော် ကြီးမှာ ပြန်လည် ကိုယ်လုံးပေါ် လာသည်၊ အခြားနိုင်ငံရေးသမား အသီးသီးတို့လည်း ပြန်လည်စုစည်း မိကြသည်၊ ဖက်ဆစ် ဆန်ကျင်းရေး ပြည့်သူ့လွတ်လပ်ရေး အဖွဲ့ကြီးကိုတော် လှန်ရေးသမား၊ နိုင်ငံရေး သမားများစု ပေါင်းဖွဲ့ စည်းထားလိုက်ပြီး ရှေ့ဆက်လက် စခန်းသွားကြရန် ဟန်တပြင်ပြင်နှင့် အလုပ် များလာကြရာ သတင်းစာ များမှာလည်း အရေးကြီးသော သတင်းအမျိုးမျိုးမှန်သမျှ အဘက်ဘက် မှရရှိအောင် ကြိုးစားဖေါ်ပြ နေရသလို ထိုထို ဤဤအလ်ီလီသော နိုင်ငံရေးအဖွဲ့အစည်း များပုဂ္ဂိုလ်အကျော် အမော်များမှာလည်း နီးစပ်ရာ သတင်း စာတိုက်များတွင် ပူးဝင်ရောက်လာလျက် ပခုံးဖက်ခါးဖက်နှင့် အချစ်နလံထကြသည်။

အဘယ်ပါတီဟူ၍ ရုပ်လုံးမဖေါ်မီ၊ မည်သို့မည်ပုံ ကြံစည်ကြမည်၊ ခြေလှမ်းကြမည်ဆိုသော တွက်ကိန်း များအား စားရင်း, သောက်ရင်း တပျော်တပါးကြီး တိုင်ပင်ဆွေးနွေးသမှု ပြုကြသည်။
နောက်ပိုင်း အချိုန်မှာ ကက်စဘီစစ်အစိုးရ ဟုအမည်တက်ထားသည့် အစိုးရအဖွဲ့က ခိုင်ခိုင်မာမာ အုပ်ချုပ်လျက် ရှိနေပါသည်။

ဂျပန်ပြေးမင်းခေါ် ဘုရင်ခံမင်းကြီး ပြန်လာသည့် သတင်း၊ ယူဂန္ဓာရောက် နန်းရင်းဝန်ဟောင်း ဂဋ္ဌုန်ဦးစော ပြန်ရောက်သည့် သတင်း၊ ဦးတင်ထွဋ် စက္ကူဖြူစာတမ်း သတင်း၊ ကန္ဒီ စာချုပ်သတင်း၊ လူထုစည်းဝေးပွဲ ကြီးများ သတင်းတို့မှာ ထိုအခါက ပြည်သူလူထု၏ စိတ်ဝင်စားနေ သောသတင်းများ ဖြစ်ပါသည်။ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းပြီး မြန်မာအစိုးရအဖွဲ့ ဖွဲ့ပေးရာ၌ စစ်အုပ်ချုပ် ရေး လက်အောက်မှာ ထားဦးမည်ဆိုသည် ကိုလည်းမလိုလား နိုင်အောင်ရှိကြသဖြင့် လူထုစည်းဝေး ပွဲကြီးများကို မကြာခဏ ခေါ်ယူကျင်းပလျက် နစ်နာချက်အမျိုးမျိုး များကိုဖော်ပြကာ စည်ဝေးဆုံးဖြတ် ချကတွေချသမျှ သတင်းစာ များကလည်း စာလုံးကြီးများနှင့် ဖြန့်ချီပေးရလျက် ရှိကြပါသည်။

ဂျပန်ပြေး၍ စစ်အုပ်ချုပ်ရေးရောက်လာပြီး နောက်အထက်ပါ ပြည်သူထု ကိစ္စအမျိုးမျိုး တွေပေါ်ပေါက် နေချိန်၌ ကိုယ်ပိုင်သတင်းစာတိုက် ဖြစ်လာသော ကျမအိမ်မှာ နိုင်ငံရေးအဆက်အသွယ်ရှိသူများ တံခါးမရှိ, ဒါးမရှိဝင်ရောက်လာ ကြရုံမကဂျပန်အစိုးရ လက်ထက်က ရာထူးပြန်မရခဲ့သူများလည်း စစ်အစိုးရနှင့် လိုက်ပါလာခဲ့ရသည့်တိုင်အောင် ရန်ကုန်တွင် နေစရာမရှိဟု ဆိုလျှင် ကျမအိမ်တွင် အခမဲ့ ဟော်တယ်အဖြစ်နှင့် သားမယား တပည့်ငယ်သား အစုံအလင်နှင့် ၀င်ရောက်နေထိုင်ကြရန် လက်ခံရ ပြန်ပါသေးသည်။

ဖဆပလခေတ် ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

မြန်မာပြည်၏ ဟယ်လင် အပိုင်း (၂၈)

ယင်းကဲ့သို့ ဆင်းဆင်းရဲရဲနေကြရသဖြင့် အကျဉ်းခံရသူများထဲမှ အတော်များများမှာ ချို့တဲ့လာကြ သည်မှာ အံ့သြစရာ မဟုတ်ပါ။ ကျွန်မကလည်း ဆေးဝါးမရှိသဖြင့် မည်သို့မျှမတတ်နိုင်ပါ။ အသည်းအသန် ဖြစ်နေသူက ကလေးလေးယောက်၏ ဖခင် ဂျေအေကင်း ဖြစ်ပါသည်။ ဆေးရုံတင်ပြီး ကောင်းမွန်စွာ ဆေးကုသ ခွင့်မရခဲ့သော် သူသည် ကြာရှည်စွာ အသက်ရှင်နိုင် လိမ့်မည်မဟုတ်ပါ။ သူကလည်း သူ့အဖြစ်ကို ကြိုတင်သိနေဟန်တူပါသည်။ တစ်နေ့တွင် ကျွန်မအား သူ၏ ကုတင် အနီးသို့ ခေါ်ယူပြီး
    "ဟယ်လင်မင်းငါ့ကို ကတိတစ်ခုပေးပါလား" ဟူ၍ ၀မ်းနည်း ကြေကွဲသံနှင့်ပြောပါသည်။

    "ကျွန်မ တတ်နိုင်တာဆိုရင် ကတိပေးမှာပေါ့"
    "ငါ သေသွားရင ငါ့ကလေးတွေကို စောင့်ရှောက်ပါ"ဟု ပြောရှာပါသည်။
 နှုတ်ဆွံ့စွာဖြင့် ကျွန်မက ခေါင်းညိတ်ပြမိသည်။ သေအံ့ဆဲဆဲ လူတစ်ယောက်ကို ကျွန်မဘာများ ပြောနိုင်ပါမည်နည်း။ ကတိပေးရသည်မှာ အတော်တော့ ဆန်းပါသည်။ ကျွမသည် သူ၏ နာမည် အပြည့်အစုံ ကိုပင် သိသူမဟုတ်ပါ။ ရက်အနည်းငယ်ြာသောအခါ သူကွယ်လွန်သွားခဲ့၏။
 
နေ့ချင်းညချင်းပင် ကျွမသည် မ၀ရေစာ စားသောက်နေရရှာသော ကလေး လေးယောက်၏ အဒေါ်ဖြစ်လာခဲ့၏။ သူတို့အထဲမှ အကြီးမကလေး ဒေါရစ္စမှာ ၀က်ရူးပြန်ရောဂါရှိနေ၍ ကျွန်မပုခုံးပေါ်၌ ၀န်ထုပ် ၀န်ပိုးကြီး ထမ်းထားရသလို ဖြစ်နေပါသည်။ 

 မိသားစုဦးရေတိုးလာပါသော်လည်း ဂျပန်များက ရာရှင်ကို လျှော့ချလိုက်ပါသည်။ ဖခင်ကြီး ခံတွင်း တွေ့မည့် အစားအစာများကို ကျွန်မကျွေးမွေးပါသည်။ အထူးအထွေ လုပ်ပေးနိုင်တော့ မဟုတ်ပါ။ ကျွန်မတို့ တစ်တွေကမူ ဖြစ်သလို စားကြပါသည်။ ကလေးတွေကလည်း ဒေါင်ကျကျ ပြားကျကျ နေထိုင် နိုင်ကြသည်။ သူတို့၏ ၀မ်းနည်းကြေကွဲမှုများကို ဖြေဖျောက်နိုင်ခဲ့ကြပြီး သူတို့၏ ဘ၀သစ်တွင် နေသား ကျသွား ကြပါသည်။

လအနည်းငယ် ကြာသောအခါ လက်ရှိမိသားစုကပင် နည်းနေသေးသည် ထင်သလားမသိပါ။ နောက်ထပ် မိဘမဲ့ကလေး သုံးယောက် မမျှော်လင့်ဘဲကျွန်မတို့မိသားစု၌ တိုးလာခဲ့ပြန်လေသည်။
ဂျပန်များ မြန်မာပြည်တွင်းသို့ ၀င်ရောက်လာကြစဉ်က မိသားစုအတော်များများသည် လေယာဉ်ပျံနှင့် အိန္ဒိယပြည်သို့ စစ်ပြေးရန် မြစ်ကြီးနားမြို့သို့ ရောက်နေကြသည်။ နောက်ဆုံးအခေါက် လေယာဉ်နှင့် ပါမသွားနိုင်ကြသူများပို့လိုက်ပါသည်။ ထိုသူများထဲ၌ ယဗွန်နှင့် လက်စလေပတ်(ခ်)တို့ ပါလာကြသည်။ သူတို့မိခင်မှာ ကွယ်လွန်သွားခဲ့၏။

မစ္စပတ်(ခ်)သည် ဦးပုဆိုသော မြန်မာတစ်ယောက်နှင့် လက်ထပ်ထားစေကာမူ ကလေးများ၏ အမည်ကို အင်္ဂလိပ်ဆန်ဆန် ပတ်(ခ်)ဟုပြောင်းထားပါသည်။ သူတို့နှစ်ယောက်နှင့်အတူ ရိုစလင်း အန်ဒါဆင်ဆိုသော ကလေးမလေးတစ်ဦးပါ ပါလာခဲ့၏။

ရိုစလင်းမှာ အသက်၁၇နှစ်အရွယ် ဆံပင် နီညိုရောင်နှင့် ချောမောလှပသော အင်္ဂလိပ် မိန်းမပျိုလေးတစ်ဦး ဖြစ်ပါသည်။ သူမအရွယ်နှင့်မလိုက်အောင်ပင် ဒုက္ခပေါင်းစုံ ရင်ဆိုင်လာခဲ့ရ သူလေးဖြစ်ပါသည်။ သူမ၏ ခြေထောက်များက ပဲ့ကွာပြီး ဒဏ်ရာရနေပါသည်။ သူမ၏ ခေါင်းနှင့် ခြေထောက်တွင် ရှိနေသော အနာများတွင် ပိုးကောင်များပင် တွယ်နေပါသည်။ တွေ့ကြုံခဲ့ရသော အဖြစ်ဆိုးများကြောင့် စိတ်ဓာတ်များ လုံးဝချောက်ချားနေပါသည်။ အသက်အရွယ်ငယ်ပြီး လှပသော မိန်းမပျိုလေး တစ်ဦးသည် အလွန် သနား စရာ ကောင်းသော ဘ၀သို့ ရောက်ရှိသွားသည် ကို မြင်တွေ့နေရသည်ကပင် ရင်နာစရာ ကောင်းလှပါ၏။

 လက်စလေနှင့် ယဗွန်တို့မှာ မြန်မာသွေး တစ်ဝက်ပါသူများ ဖြစ်၍ ရိုစလင်းထက် ဆင်းရဲမှုဒဏ်ကို ခံနိုင်ရည် ရှိကြပါသည်။ ရိုစလင်းကမူ ဂျပန်တို့ မြန်မာပြည်ထဲ မရောက်သေးမီအထိ စည်းစိမ်ရှိရှိ နေလာ ရသူကလေး ဖြစ်ပါသည်။ သူမ၏ဖခင်သည် ရန်ကုန်မြို့၌ ထင်ရှား၍ လူသိများသော မင်တိုမင်ရှင် ဟိုတယ် ပိုင်ရှင် ဖြစ်ပါသည်။သူမနှင့်တစ်စထက်တစ်စ ရင်းနှီးလာမှ ရိုစလင်းက သူမ၏ အတွေ့အကြုံအားလုံးကို တစ်ခု မကျန် ကျွန်မအားပြောပြရှာပါ သည်။

ဂျပန်တို့ဝင်လာသောအခါ သူမ၏မိခင်၊ အစ်မ ပက်တထရစ်ရှာနှင့် သူမတို့သည် မြစ်ကြီးနားလေဆိပ်၌ အိန္ဒိယပြည်သို့သွားရန်ေ၇ာက်နေကြသည်။ ရန်သူ လေယာဉ်ပျံများက မြစ်ကြီးနားလေယာဉ်းကို ဗုံးကြဲ စက်သေနတ်များနှင့် ပစ်ခတ်ကြသဖြင့် လေယာဉ်အစဉ်း အတက်လုပ်ရန် အသုံးမပြုနိုင်တော့ပါ။ ထိုအချိန်၌ လူပေါင်း ၇၀၀မျှ ထိုလေဆိပ်၌ သောင်တင်နေခဲ့ ကြပါသည်။
 
ရိုစလင်းတို့ မိသားစုနှင့် အသက်၇၆နှစ်အရွယ် အဘွားအိုတစ်ဦး ကလေးငါးယောက်နှင့် မိခင်တစ်ဦး အပါအ၀င် လူအတော်များများသည် အိန္ဒိယပြည်သို့ ကုန်းလမ်းမှ သွားရန် ဆုံးဖြတ်လိုက်ကြသည်။

ကချင်လမ်းပြတစ်ဦးက ခေါင်းဆောင်ကာ သစ်ပင်များ ထူထပ်စွာ ပေါက်နေသော သစ်တောများကို ဖြတ်၍ တောလမ်းဖြင့် ၁၄ရက် တိုင်တိုင် ခြေကျင်လျှောက်လာကြသည်။ မိုးကောင်းသို့ ရောက်သောအခါ ဂျပန်များ ခြေကျင်လျှောက်ကြသည်။ မိုကောင်းသို့ ရောက်သောအခါ ဂျပန်များက သူတို့ထက် အလျင် စောရောက်နေသည်ကို တွေ့ကြရ၏။

 သူတို့ဖြတ်သန်းလာခဲ့ရသော လမ်းတစ်လျှောက် တောတွင်းတိရစ္ဆာန်များ ရန်မမူနိုင်စေရန် ညဘက်များ၌ မီးလင်းဖိုကြီးများကို ဖိုကြရသည်။ မိုးကောင်းအနီးရှိ ရွာကလေးတစ်ရွာ်တွင် ပျက်စီးနေသော တဲတစ်လုံးကို တွေ့ရသဖြင့် မိုးတွင်း ၃လပတ်လုံး ထိုအိမ်ကလေး၌ ခိုလှုံနေကြရသည်။ သူတို့သည် ဆန်နှင့် ဆားကို မှီဝဲပြီး အသက်ရှင်သန်ရေးကို အားထုတ်ကြပါသည်။

သူတို့အားလုံးပင် ငှက်ဖျားမိပြီး ဖက်ခွက်နာများ ပေါက်နေကြပါသည်။ သူမ၏ မိခင်မှာ အဖျားရောဂါကို ပြင်းထန်စွာ ခံစားနေရပါသည်။ ဆေးဝါးနှင့် နွားနို့စသော အာဟာရရှိသည့် အစာများကို မတိုက်ကျွေးနိုင်၍ မကြာမတင် သေးဆုံးသွားခဲ့ပါသည်။ ယင်းနောက် အဘွားအိုနျင့် ကလေးအငယ်ဆုံး၊ ရိုစလင်း၏ အစ်မ ပက်ထရစ်ရှာစသည်ဖြင့် တစ်ယောက်ပြီး တစ်ယောက် ကောက်ကာငင်ကာ သေဆုံးကုန်ကြပါသည်။ သူမတို့ လူစုမှ လူကိုးယောက် သေဆုံးသွားကြသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ချစ်ချစ်ကြီး နဲ့ ရွှေစင်ဦး တို့ရဲ့ ချစ်ခရီး ၂၉ နှစ်

ဒီနေ့ တနေ့ကုန် အမှားတွေ ကျူးလွန်နေတယ်ဗျ..၊ မနက်မိုးလင်းကထဲက ချစ်ညီမ က ခရီးသွား မှာ မလို့ လစာစာရင်း တွေ အကုန် အဆင်သင့် လုပ်တယ် ..၊ အားလုံးလည်း ပြီးသွားပြီ.. ညီမ ကလည်း စိတ်ချ လက်ချ သွားပြီ...၊ ကျနော် နဲ့ လစာ အိပ်ကြီး နဲ့ ကျန်နေတယ်..၊ ကျနော် လည်း.. ပြီး ပြီးရော ငါ့ လက်က လွတ်.. ကျွတ်.. အေးရော ဆိုပြီး အကုန် လစာတွေ ပေးပြစ်လိုက်တယ်..။

ကလေး တွေက အံသြ နေကြတာ.. ဆရာမ ဘာလို့လည်းတဲ့.. ကျနော် က လည်း အဲဒါကို သဘော မပေါက်ဘူး.. နောက်မှ ဒီနေ့ လမကုန်သေးဘူး လေတဲ့....အင်း..စိတ်များ မပြောချင်ပါဘူး..၊ ကဲ မထူးပါဘူး တရက်စော ပေးတာဘဲ.. နောက်ကြ တာမဟုတ်တာ ဆိုပြီး ..ခပ်တည်တည်နဲ့ ငါ့ သားသမီး တွေ ပင်ပန်းလို့ စောပေးတာပေါ့...၊ ခဏနေ ညီမ လုပ်သူက ဖုန်းဆက်လာတယ်.. လကုန်ရက် က မနက်ဖြန် နော်တဲ့ .. ပေးပြီး သွားပြီလို့.. မထူးပါဘူးဗျာ...။

အမှန်တော့ ကျနော်က မနေ့ကထဲက ကျနော့် စိတ်ထဲမှာ..မမေဒါဝီ ပြောတာကို စိတ်စွဲနေတာ ၂၇ ရက် နေ့ ကို အထူးပို့စ် တင်ပါပြောထားတာကို သတိရပြီး...အိပ်ယာထဲ ရောက်မှ အဲ ဒီနေ့ ဒို့ ရဲ့ သမီးရီးစား သက် ၁၁ နှစ်အိမ်ထောင်သက် ၁၈ နှစ် ၂၉ နှစ်ပြည့် ဘဲပေါ့ ဆိုပြီး မမေဓါဝီ ပြောတဲ့  ..အထူးပိုစ့် လည်း မတင် လိုက်ရဘူးဆိုပြီး ချစ်ချစ်ကြီးများ အမှတ်ရ မလားဆိုပြီး ရန်လုပ်မလို့ ကြည့်လိုက်တော့ တခေါခေါနဲ့ အိပ်နေလိုက်တာ... အင်း.. စိတ်ကုန်စရာကြီးပါလား.....ပြီး ခဲ့တဲ့ ၁၈ နှစ် မင်္ဂလာဦးည ကတော့ ဒီရွှေမင်းသမီး လေး ကိုရတာ တကယ်မှ ဟုတ်ရဲ့လားဆိုပြီး ညည ထ ထ စမ်းရတာ မောနေတာဘဲ အခုများတော့ ဗျာ.. မင်းအလုပ်ကြီးဘဲ ဆိုပြီး မျက်စောင်း တထိုးထိုး နဲ့ ယောက်ကျား များ မကောင်း လိုက်တာ.. ။

နောက်ပြီး..ဒီနေ့ ဟာ ဒို့ မင်္ဂလာ ဆောင်တာ ၁၈နှစ် ပြည့်ပါလား ဆိုပြီး ဟို ဝတ္ထုတွေထဲကလို မင်္ဂလာ အထိမ်းအမှတ် စိန်လက်စွပ်လေး ဘာလေး သတိတရ များ ပေးဘို့တော့ ဝေးပေါ့....၊ အခုတော့ စိန်လက်စွပ် အသာထားလို့ လောကကြီး ရင်ဆိုင်ရတာ မောလွန်းလို့ ည ည တယောက် မျက်နှာ တယောက် မကြည့်မိအောင် သတိထား နေရတယ်..၊ ကြည့်မိရင် နင့် ကြောင့် ငါ့ ကြောင့် ပင်ပန်း ရတာဆိုပြီး နဘန်းလုံး မိမှာ စိုးလို့ .. ။

မနက်လင်းတော့ `မောင် ရေ မနေ့က အမှတ်မရလိုက်ဘူး ၊ ချစ် တို့ မင်္ဂလာဆောင်တာ ၁၈ နှစ် သမီးရီးစား သက်တမ်း ၁၁ နှစ် နဲ့ပေါင်းရင် ၂၉ နှစ်ပြည့်ပြီနော်.. မေ့သွားတယ်.. အဟင်း..` ဆိုတော့ ဟုတ်လားတဲ့ မောင်စိတ်ထဲမှာ မင်း နဲ့ မင်္ဂလာ ဆောင်တာ နှစ် ၁ဝ၀ လောက်ရှိသွားပြီလားလို့တဲ့.. ၊ မချစ် မနှစ်သက်တဲ့ သူများ နဲ့ ပေါင်းသင်းနေထိုင်ရရင် တယ်ကြာတာဘဲ.. ချစ်တဲ့သူများ နဲ့ နေရရင် တော့ ၂၉ နှစ်ဟာ ၂၉ရက် လောက် ထင်ရမှာနော်...။

ကဲ..စတာပါဗျာ.. ဒီလောက် ချစ်စရာ ကောင်းလွန်းတဲ့ ယောက်ကျား ကြီး ကို ၁၁ နှစ်တိတိ စောင့်ယူ ထား ရတာဆိုတော့ ...အဟင်း ချစ်ကြပါတယ်ဗျာ..၊ အလုပ် ရှုတ်နေလို့ ဘာအထိမ်း အမှတ်မှ မလုပ်ဖြစ်ပေမဲ့ ကျနော်တို့ ၂ ယောက် ချစ်နေကြ ဆဲပါလို့.....။

(မေ့တာတော့...မေ့သွားတယ်..ရက်မှားပြီး မေ့သွားတယ်.. ၊ တကယ်တော့ ဒီနေ့ မှ ၂၉ နှစ်ပြည့်ပါ......ဒီနေ့ ရက်အမှန်သိလိုက်တာ နဲ့  အမြန်ရေးလိုက်ရတယ်)

မမေဓါဝီ ရေ ကြားတဲ့ အတိုင်းပါဘဲဗျာ..၊ အထူးပိုစ့် မတင်ဖြစ်တဲ့ အတွက် ခွင့် လွှတ်ပါ. နောက်ထပ် ကြုံအုန်း မှာပါ..။

လေးစားစွာဖြင့်

စာရေးသူ-ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Friday, February 26, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆၀ အပိုင်း (၃၁)

ကာမဂုဏ်အာဇာနည်သူရဲကောင်း

ကျမအထင်အားဖြင့် ရက်သတ္တပါတ်ခုနစ်ပါတ်ခန့် ရှိသွားမည် ထင်ပါသည်။  တနေ့သော မွန်းလွဲ အချိန် လောက် တွင် ကင်ပေတိုင် စစ်ဗိုလ်ဂျပန်နှစ်ယောက်နှင့် အတူ အိမ်ပြန်ရောက် လာပါ သည်။ ကင်ပေတိုင် ဂျပန်စစ်ဗိုလ် နှစ်ယောက်ကမော်တော်ကားနှင့် အိမ်တိုင် ယာရောက် ကောင်း မွန်စွာ ပြန်ပို့ လာခြင်း သာဖြစ်ပါသည်။ 

မိတ်ဆွေအဖြစ်နှင့် လား၊ အခြားအကြောင်းကြောင့်လား မသိရပါ။နောက်ပိုင်းတွင် ၎င်းဂျပန် စစ်ဗိုလ်များ အရပ်ဝတ်အရပ်စားနှင့် မကြာခဏ လာလည် တတ်သည်။ အိမ်အောက်ထပ် အလုပ်ခန်း မှာ ထိုင်ပြီး အလုပ် လုပ်ကိုင်နေကြသော အလုပ် သမားများကိုလည်း လိုက်လံ ကြည့်ရှု လေ့ရှိသည်။ သူတို့လာသောအခါ အလွတ်မလာဘဲ လက်ထဲမှာ စားစရာ အထုပ်ကလေးတထုပ်က အမြဲ ပါသည်။ စားစရာမှာ ထိုခေတ်က အဘိုး ထိုက်တန်ရှားပါးသော သကြားဂျုံမှုန့်တို့နှင့် လုပ်ထားသည့် ဂျပန်မုံ့လုံး ကြီးခေါ် မုံ့တမျိုးဖြစ်ပါသည်။

ကင်ပေတိုင်က လူတွေမှန်းသိနေသဖြင့် အကောင်းလာခြင်းလော၊ အဆိုးလားခြင်းလောဟူ သောဝိ၀ါဒ ကြောင့် စိတ်ထဲကတော့ စနိုးစနောင့် ဖြစ်မိပါသည်။ အလုပ်များကလည်း လုပ်မြဲ တိုင်း တွင်ကျယ်စွာ လုပ်ကိုင် လျက်ရှိပြီး အပြင်မှာ လူဝင်လူထွက် တွေလည်း တဖြည်းဖြည်း ပြန်လည်း စည်းကားစ ပြုလာသည်။ အခမဲ့ ဟော်တယ်ကြီးတခု ပမာ လူစုလူဝေး မြောက်မြားစွာနှင့် အိပ်ရာ နေစရာ ပေးစရာ မတတ်နိုင် လောက်အောင် တည်းခိုလာသူများမှာလည်း ယခင်ကအတိုင်း တသုတ်ဆင်း တသုတ်တက် လက်မလယ် နိုင်အောင် ရှိမြဲရှိလာပြန်ပါသည်။
 
ဂျပန်ခေတ်မှ စာရေးဆရာအသင်း ပြဇာတ်များ ကပြရာမှာလည်း ကျမအိမ်မှာဘဲ နေရာကျယ်၍  နေ့ခင်း နေ့လည်း ဇာတ်တိုက်ခြင်းပြုကြသည်။ (ထိုစဥုကခေတ်စားသော ပြဇာတ်ရုံ ဖြစ်ပါသည်) သို့သော်လျက် ဇာတ်ခုံ ပေါ် တက်၍ အ၀င်အထွက် ဇာတ်တိုက်ရပါသည်။

ပြဇာတ် ကို ရုံတင်သည်အထိ နေ့ရက်ပေါင်းများစွာမှာလည်း ပြဇာတ်နှင့် ပတ်သက်သမျှ လိုသော ဗာဟီရ ကိစ္စများကို အချိန်ကုန်ငွေကုန် လူပန်းခံကာ စေတနာအလျှောက် ကူညီခြင်းပြုခဲ့ပါ သည်။
ထိုအချိန်ကာလ အပိုင်းအခြားတွင် ဗမာပြည်သူ ပြည်သား တို့မှာ ဂျပန်ကို ပိုမို၍ ကြောက်ရွံ့ရှာ စွာနှင့် ဆက်ဆံနေချိန်ဖြစ်ပါသည်။ အာရှလူငယ်အဖွဲ့စည်းများလည်း ပေါ်ပေါက်နေပြီး ဖြစ်လျက် ဘီဒီအေ ဗမာ့ ကာကွယ်ရေး တပ်မတော်မှလည်း ဆိုးဝါးရက်စက်လှသော ဂျပန်တို့ အပေါ်တွင် မကျေနပ်မှုကြောင့် လျှိုဝှက် အပ်သော တော်လှန်ရေး အစီအစဉ်များ ပြုနေကြပြီဖြစ် ပါသည်။

ဂျပန်ကိုမှီ၍ စားပေါက်ပွင့်နေသူများ၊ ကင်ပေတိုင် စုံထောက်များ၊ အ၀ယ်တော်ပွဲစားများနှင့် တကိုယ်ကောင်း ဆန်သူ ဂျပန် အလိုတေိာရိများမှ တပါးဗမာမှန်သမျှက ဂျပန်ကို အလွန်အမင်း မုန်းတီး နေကြသဖြင့် တောရောမြို့ပါ အဆင့်အတန်မရွေး လူချင်းရှေ့ကမသိသော်လည်း လက်တွေ့ ကြုံလာ ကြရသော ကိစ္စများ၌ သွေးစည်းညှိနှိုင်းထားသည်နှင့် မခြား လစ်လျှင်လစ်သလို လက်သံ ပြောင် ပြောင်နှင့် ချောင်းမြောင်း လုပ်ကြံမှုကလေးများသည် မခံမရပ်နိုင်သော နှလုံးသားမှ ပေါက်ပွား လာကြ လေသည်။ ထိုလက်ရာ ခြေရာကလေးများက မကြာခဏ လမ်းကြို လမ်းကြား၌ တွေ့ ရသည်။

စစ်မက်ရေးနှင့်ပြည်ထဲရေးခက်သော်လည်း ၀မ်းရေးမခက်စေရသောကျမ၏  ဟော်တယ် သာလာယံ ဇရပ်ကြီး ပေါ်တွင် မပူမပင် အေးအေးနေကြရသူတို့ အထည်းမှ ကာမအာဂအာရုံနှင့် ခြံကုန်စည်းကျော် နေသူများ၏ အတွင်းရေးက တမှောင့်ဖြစ်နေကြပါသည်။ သူတို့၏ အတွင်း ဇာတ်ရှုပ်ကို တိတိကျကျ အလုံးစုံ အသိရ စေကာမူ မိန်းမပိုင်းက မည်သူ မည်သူများသည် မကြာမကြာ အပြင်ပသို့ထွက်၍  ၄-၅ရက် ကြာသည် အထိ အကြောင်းကိစ္စ တခု ခုပြပြီး ထွက်သွား ကျက်စားလေ့ရှိရာမှ ကြာသော် အထုပ်အထည် ပေါ်လာခြင်း ၊အချို့လင်စုံမယား ဘက်ရှိနေရာမှ ကာမဂုဏ်ပစ္စည်း အထုပ်အပိုးကြီး ပေါ်လာသောအခါ လင်ယောက်ျားလုပ်သူ က ငြင်းသူက ငြင်းနှင့်နောက်ပိုင်းအမှုအခင်းတွေ ရှုပ်ထွေးလာလေသည်။

အိမ်ထဲမှာ အကျင့်ယုတ်မာသူ၊ လူ၏ကျင့်ဝတ်ကို မထိန်းသိမ်းနိုင်အောင် ကာမဂုဏ်သောင်း ကျန်းပြီး ဒု သ နာ သော  ဆိုသော ကာမေသုမိစ္ဆာ ကံကြီးထိုက်မည်ကို မကြောက်လန်သူမှာ
ထိုအချိန်အခါကရှာမရသေး၊ ဘယ်သူကိုမှလည်း လက်ညှိုးညွှန်မပြကြဘဲရှိရာ အပြင်မှအမှား အယွင်းကို အိမ်ထဲသို့ သွင်းလာကြသည့်အတွက် အိမ်နေလူကြီးများ နာမည်ပျက်မည်ဆိုပြီး အပြစ်တင်တော့မှ သူတို့ ဘ၀လာလမ်း ဖြစ်သည့် တောရွာဒေသသို့ ပြန်သွားရပါသည်။

ကျမကတော့ အိမ်ရှင်ပီပီ သူတို့မပြေလည်သောပြသာနာမှာ ကျမပင် ၀င်ရှင်းပေးနိုင်တာလည်း ရှိသည်။ အထက်ပါ ကာမေသုမိစ္ဆာကြာကူရီ နောက်မီးလင်းမှုများ၌ တရားခံ ထင်းရှားမပြ၀ံ့ကြ၍ မပြေမလည် ဖြစ်ရသော ကိစ္စများမှာ မတက်စွမ်းနိုင်ပါ။ ဤသို့ လော်လီ ဖောက်ပြန် ကြုံရာနှင့် ယုတ်မာခဲ့မှုကို စောစော စီးစီး က ဖွင့်ဟ ၀န်မခံရုံမက ပေး နိုင်ကျွေးနိုင်မည်ဖြစ်သော လှည်းကျိုး ထမ်းမည်သူကို ကာမဂုဏ်နှင့်မြှူ၍ လူကိုအရ ဘမ်းစားလိုက်သည်။ ဤကိစ္စမျိုး၌ အပြင်သို့ ထွက်၍ မရှာရဘဲ အိမ်ထဲမှာပင် အိတ်ဝင် သပိတ်ဝင် ကိစ္စ  ပြီးအောင် ကြံစည်အားထုတ်လိုက်
သည်။ မိတ်ဆွေ သားမယားရယ်ဆိုလို့ မရှောင် လူသိက္ခာကို မထိန်းသိမ်းသူမှန်က ခံရမြဲသာ ဖြစ်သည်။ မိမိ ကိုယ်ကို လယ်လှပြီ ထင်သူများမှာ ဂျင်ထိပ်ထုံး တို့ခံရသည် တိုင်အောင်လည်း ငါခြံက ထွက်လျှင် ငါ့နွားသား ယူဆ၍ ကာမရာဂ အလိုဖြည့်ရပြီ ရောဟု သဘောထားစေနိုင်စေ ကာမူ ကာယကံ ရှင်နှင့် လက်သယ် တရားခံ အစစ်တို့မှာ ကိုယ့်ဝမ်းနာ ကိုယ်သာသိ၍ တခိခိ ကြိတ်ခါ ရယ်မော လျက် ရှိကြပါသည်။

နောက်ပိုင်းအတွေ့ကြုံတို့၌ အင်္ဂလိပ်ဗုံးကြဲ လေယာဉ်ပျံများသည် တနေ့တခြား ပြင်းပြင်းထန်ထန် လာရောက် တိုက်ခိုက်လျှက်ရှိရာ တညတည်းမှာ ၃-၄ ခါ လေ ကြောင်းအချက်ပေး ဥသြများ ဆွဲရသည်။ လူတွေ လည်းအိပ်ကောင်းခြင်းမအိပ်ရ၊ မကြာမကြာ ထပြီး ဗုံးခိုကျင်းထည်းဆင်း၍ ပုန်းအောင်း ကြရပါသည်။ ဗုံးခို ကျင်းများမှာ အိမ်သူအိမ်သားများ အတွက်လူ၅၀ လောက် ဆန့်သော ကျင်းကြီးတခုက အိမ်နောင်ဖေး မှာရှိ၍ အိမ်ရှေ့ဘက်မှာ အလုပ်သမားများ အတွက် တခု ပြုလုပ်ပေးထားသည်။

ပြန်လည် သတိရမိသမျှ အချက်အလက်အချို့ကို ရေးရလျှင် ထိုစဉ်က ဗုံးခိုကျင်းထဲ သို့ ကြောက်ကြောက် လန့်လန့် ဆင်းပြေးလာကြရာ၌ အိမ်ပေါ်မှာနေသော လင်ရှိမိန်းမတယောက်နှင့် မယားရှိယောက်ျား ကြီးကြီး မားမား တယောက်သည် မကြာခဏ ပျောက် နေတတ်သည်။ လူမစုံ၍ မေးသောအခါ အိမ်ရှေ့ပိုင်းက ဗုံးကျင်း မှာ လိုလို ၊ အိမ်ပေါ်က မဆင်းဘဲ ပေအိပ်နေသလိုလို ၊ ကောင်ကင်ယံမှာ လေယာဉ်ပျံချင်း တိုက်ပွဲ ဖြစ်နေချိန်မို့ တအုံးအုံး၊ တဒိုင်းဒိုင်း ဗုံးချသံ အမြောက်သံတို့က ပစ်ခတ်နေကြဆဲဖြစ်၍ ဗုံးကျင်းထဲက လူတွေမှာ ပြားပြားဝပ်လျက် နားနှစ်လက်ပိတ်နေရသည်။ 

ဒို့ခေါင်းပေါ် ဒါရိုက်ဟစ်ကျလားမလားဟု အသက် ဆံဖျားထိတ်လန့် ကြောက်ရွံ့နေချိန်မျိုးမှာ ဘယ်သူမှ ရာဂမုန်ယိုပြီး ကိလေသာ သောင်းကျန်းမှုကြီး ပြုစွမ်း နိုင်ရန် လမ်းမရှိသဖြင့် မဖြစ်နိုင်သော အတွေး အထင်မျိုး လည်း မထား၊ ထားလျှင်ထားသူသာ ရူးရာကျ ပါလိမ့်မည်။ သို့သော် ထိုကောင်ကင်ယံ တိုက်ပွဲမျိုး မှာ အောက်၌ပင် ကာမဂုဏ် အာဇာနည် သူရဲကောင်းကြီး များ၏  စွန့်စားမှုတရပ်က ရှိနေကြပြီး ဖြစ်ကြောင်း ကို နှစ်ပေါင်းအတော်ကြာမှသိရှိရပါသည်။

ကမ္ဘာစစ် အခြေအနေ

ယင်းသို့ ဗုံးကြဲလေယာဉ်ပျံများသည် တနေ့တခြား သဲသဲမဲမဲလာရောက်လျှက်ရှိရာ နေ့ရော ညပါဆိုသလို ကောင်းကင်ယံ တိုက်ပွဲများ အကြိတ်အနယ် ဖြစ်နေသလောက် ကြောက်ရွှံ့စွာ ပုန်းအောင်းရသည့် ဒုက္ခ ကလည်း ကြီးလေးလှပါသည်။ ထိုစဉ်အခါက စစ်ပြီးသွားမည် ဆိုလျှင် ထကချင် မတတ် ၀မ်းသာအားရ ဖြစ်ကြရပါသည်။ မြို့တွင်း မြို့ပြင် နေရာအနှံ့အပြား မီးလောင်ဗုံးဒဏ်ကြောင့် မီးခိုးတလုံးလုံးရှိသည်။ အပျက်အစီး အသေအပျောက်ဆိုသည်မှာ ရေတွက်မှတ်သား၍ မရနိုင်လောက် အောင်များပြားနေပါသည်။

စိတ်ထည်, ရွှေထည်ပစ္စည်း အချို့ကိုရောင်းချပြီး ၀ယ်ယူချဲ့ထွင်ထားရေသော ပုံနိုပ်စက်များနှင့် သံထည် ကရိယာ ပစ္စည်းတွေကလည်း အိမ်ကြီးပတ်ဝန်းကျင် မှာမသယ်နိုင်, မပိုးနိုင်အောင် များပြားနေ ပါသည်။ သည်ပစ္စည်း တွေမှာ မီးလောင်ဗုံးစာတွေသာ ဖြစ်၍အရေးရှိလျှင် စွန့်ပစ်ပြီးကိုယ်လွတ်, လက်လွတ် ထွက်ပြေး ရသော အခါမျိုးကြုံကြိုက်ပါက ပေါ့ပေါ့ပါးပါးနှင့်ခါးကြားထဲ ထည့်ယူနိုင်မည့် ပစ္စည်း အဖိုးတန် များကို လည်း အသင့်ဖြစ်အောင် ထားရပါသည်။

ဂျပန်ငွေစက္ကူများကို အိတ်ကြီး, အိတ်ငယ်နှင့် စုဆောင်းထားတတ်သော လူအချို့၏လမ်းစဉ်ကို မလိုက်ပါပဲ မကြာခဏ စိန်, ရွှေရတနာ အဖိုးတန် ပစ္စည်းနှင့် လဲလှယ်သိုမှီး ထားလေ့ရှိသဖြင့် ဂျပန်စက္ကူ ဆို၍ နောင်လာ နောင်သား များ ပြစရာဆိုပြီး တဆင့်တန်စက္ကူကစ၍ တရာတန်အထိ သုံးရာဖိုး မျှသာလက် ကျန်ရှိ ပါတော့သည်။

အဖိုးတန် ပစ္စည်းတို့ဖြင့် ထုခွဲရင်းနှီးရသော စက်ကရိယာစသည့် သံထည်ပစ္စည်းများမှာ အလုပ်လုပ်ရင်း ပြွမ်းတည်း ပျက်စီး၍ တန်ဖိုး လျှော့လာပြီး တဖြည်းဖြည်းသံတို မယ်နပစ္စည်း အဖြစ်ရောက်ရမြဲ ဖြစ်သော် လည်း အဖိုးတန် စိန်ရွှေ ရတနာပစ္စည်း များမှာ သိုမှီးထားသမျှ ထိုအခါကတန်းဖိုး အဆမတန် တက်ကြွ လျက်ရှိရာ ပုံနိုပ်လုပ်ငန်းထက် ကျမအလုပ်က ရာခိုနှုန်း၉၀- မျှ အမြတ်အစွန်းဘက်မှ တိုးတက်နေလျက် ရှိပါသည်။ ထိုကြောင့်မီးလောင် ဗုံကျ၍သံထည် စက်ပစ္စည်းများ ပျက်စီးဆုံးပါး သွားမည်ကိုလည်း စိုးရိမ်မှု့ မရှိလှပါ၊ ထိုအခါကအင်္ဂလိပ် ရေတပ်မှနေပြီး ရန်ကုန်ကိုလာသိမ်း မည်ဟုဆိုသော သတင်းစ ကားကလည်း အချင်းချင်း လက်တို့ပြောကြား နားလည်ထားကြ၏။ ဂျပန်ကလည်း ခံစစ်အဖြစ်တိုက် ခိုက်လိမ့်ဦးမည်။

ဗြိတိသျှ နေဗီရေတပ် အမြောက်ကြီးအားသည် ပင်လယ်ဝမှနေပစ် လွှတ်ရုံနှင့် ရန်ကုန်တမြို့လုံး ကုန်အောင် ပြာဖြစ် ပျက်စီးနိုင်သည်။ လေတပ်ကလည်း လေယာဉ်ပျံအုပ်ကြီးနှင့် ချီကာမနားတမ်း လာလိမ့်မည်။ အရေး ဆိုလျှင် ပြေးဖို့, ခိုဖို့နေရာများ ရှာထားရန် အကြံဥာဏ် ထုတ်ကြရသည်။ ဘီဒီအေ ဗမာ့တပ်မတော် မှလည်း တော်လှန်ရေး ခရီးစဉ်ကို ဘယ်နေ့ဘယ်အချိန် စတင်၍ရုပ်လုံးဖျောက် ကြတော့မည်။ အာရှ လူငယ် အစည်းအရုံးဝင် များကလည်း တောရောမြို့ပါ သွေးစည်းညှိနှိုင်း ထားကြသည်စသော သတင်းများမှာ ဗမာ တိုင်းကြားသိနားလည် ထားကြပြီးဖြစ်ပါသည်။
ဂျပန်များကလည်း တက်အားသမျှ သတင်းရသလောက် ဖမ်းဆီးနှိမ်နင်း သတ်ဖြတ်လျက် ရှိပါသည်။

ကျမတို့ ရန်ကုန်၌ တိုက်ပွဲအကြီးအကျယ် ဖြစ်ခဲ့လျှင် အဆင့်သင့်တိမ်းရှောင် နေရန်အလို့ငှါ ငမိုးရိပ် ချောင်းနှင့် ပဲခူးမြစ်အကြားရှိ သိမ်ချောင်းရွာတွင် တဲကြီးတခု သွားထိုးခိုင်းထားရပါသည်။ တဲကြီးမှာ ပွဲရုံကြီး တခု တမျှ ကြီးမားလှ၏။ ပုဇွန်တောင် ချောင်းကမ်းပါးမှ ငါးမိုးရိပ်ချောင်းတလျှောက် ဆန်လျက်ဒီ ရေအထမှာ ချောင်းလက်တက် အတိုင်းလိုက်ခါမျ သိမ်ချောင်းရွာသို့ ရောက်နိုင်ရာအလွယ်တကူ အခါမရွေးသွားနိုင်ရန် သမ္ဗာန် တစင်းကိုပါ အပြီးအပိုင်အဆင်သင့် ၀ယ်ယူထားရပါသည်။

အင်္ဂလိပ်၊ အမေရိကန်၊ ရုရှား၊ ထိုခေတ်အခေါ်လိပ်, ကန်, ရှားတို့ ဘက်မှာ စစ်ရေးအထူးသာလာပြီး ဂျာမဏီ သည် အင်္ဂလန်ကို နိုင်တော့မည်ဆဲဆဲမှာ ရုရားကိုမဲပြီး အလှည့်လိုက်မှာ စစ်ကြောရှည်ပြီး ပန်လာသည်။ အမေရိကန် တို့၏ ပစ္စည်လက်နက် လူအင်အားကြောင့် တဘက်မှအား တောင့်တင်းမြဲ တောင့်တင်း လျက်ရှိသည်၊ သို့သော်ကမ္ဘာ အရှေ့ပိုင်းမှ ဂျပန်တို့အင်အားမှာ တရုပ်ပြည်ကြီး တပြည်လုံးနှင့်တကွ ပသျှူး ကျွန်းဆွယ် မလေးယားမှာ ဖီးလစ်ပိုင် ကျွန်များအထိုဖုံးလွှမ်း မိလျက်ဗမာ ပြည်၏ အနောက်ဘက် အိန္ဒိယ နယ်စပ် အထိ ခြေချမိကြပြီ အာရှတိုက်ကြီး တခြမ်းကိုဝါးမျို ထားရာ ၀င်ရိုးတန်း နိုင်ငံများဟု ထိုခေတ်က အခေါ်ခံရသော ပန်,ဏီ, အိ- သုံးနိုင်ငံမှာ သူအစွာဆုံး၊ အက်အသွတ်ဆုံး နယ်အချဲ့ဆုံးဟု ဆိုရပါမည်။

သို့ရာတွင်ဟီးရှိရှီးမားစသည့် အရပ်တို့၌ အမေရိကန်၏ အနုမြူဗုံးနှစ်လုံးနှင့် ဒုတိယကမ္ဘာစစ်ကြီးအား နိဂုံးကမ္ပတ် အဆုံးသတ်လိုက်သလို ရှိသောကြောင့် အိန္ဒိယနယ်စပ်အထိ လူကျယ်လုပ်နေသော ဂျပန် များသည် အပြေးအလွှားဆုတ်ခွါလာကြသည်။ ဗာမာပြည်အတွင်းမှာလည်း အရေးကြီးသူများကို ကြိုတင် ပြေးစေပြီး ဣနြေ္ဒမပျက်နေကြသေးသော်လည်း တော်လှန်ရေးမျိုးချစ်တို့ လက်ချက်နှင့်တပ် ပျက်တွင် ဗိုလ်လုပ် မနေနိုင်ကြတော့ပဲ မော်လမြိုင်မြို့နှင့်တကွ တနင်္သာရီနယ်ထဲမှာ ဆုတ်ခွါနေထိုင် ကြသည်အထိ ဖြစ်လာ ပါသည်၊ အဓိပတိဒေါက်တာဘမော်နှင့် အစိုးရအဖွဲ့မှာ အရေးပါသူ ၀န်ကြီးအချို့ ကိုလည်း ဂျပန်စစ်တပ် နှင့်အတူ မော်လမြိုင်မြို့နယ်တ၀ိုက်မှာ ပြောင်းရွှေ့နေထိုင်ကြပါသည်။

ရန်ကုန်မြို့မျာ ကျီးကန်းစာစားနေကြ၏။ ဂျပန်က ထွက်ခတ်, ခတ်၍ မသင်္ကာတိုင်း သက်ဖြစတ်သွား ခြင်း ခံရသူ များလည်း အမျာအပြားရှိသည်။ ဟိုအိမ်ဝင်ရှာ- သည်အိမ်ဝင်ရှာနှင့် ဗမာ့တပ်မတော်မူ ကိုယ်ဖျောက် စစ်သားများ ရှိ, မရှိလာရောက် ရှာဖွေမူတွေကလည်း ဘယ်နေ့- ဘယ်သူ့အိမ် ရောက်လာမည် ကိုတထိတ်ထိတ်, တလန့်လန့်ကြည့်နေရသည်။ ရန်ကုန်တွင် တိုက်ပွဲဖြစ်လိမ့်မည် ထင်၍ကျမအိမ်တွင် လာရောက် နေထိုင် သူအိမ်ထောင်သည် သားတွဲလဲ, သ္မီးတွဲလဲများအား ခပ်စောစောပိုင်းကပင် သိမ်ချောင်း ရွာသို့ ကြိုတင်ပို့ထားရလိုက်ပါသည်။ ကျမတို့နေသောရွှေ ဂုံတိုင်ရပ်ကွက်တွင် တအိမ်ဆင်း, တအိမ်တက် ဂျပန်စစ်ဘက်မှ ရှာဖွေခြင်း ပြုလာချေပြီး၊ နှစ်အိမ်ကြား တွင် ပထမနေ့က ရှာဖွေခြင်းကိစ္စ ပြီးလျက် နောက်တနေ့ မနက်ဆိုလျှင် ကျမတို့အိမ်ဘက် ရောက်လာတော့မည် ဖြစ်ပါသည်။

ဂျပန်အပြေး အမေရိကန် အဝင်
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

မြန်မာပြည်၏ ဟယ်လင် အပိုင်း ( ၂၇)

ကျွန်မ အိပ်ရာမှ ထနိုင်သည့်နေ့တွင်ပင် တိုက်ခိုက်ဆိုင် ဂျပန်စစ်သားများက ကျွန်မတို့ နေရာကို လာရောက် ၀ိုင်းထားကြပါသည်။ သူတို့၏ အကျဉ်းစခန်းသို့ ကျွန်မတို့ တစ်အုပ်ကြီးကို နွားမောင်းသလို မောင်းချ သွားကြပါသည်။ ဘရားဘတ်တီးယားရွာသာ ဆက်နေရလျှင် ကျွန်မ၏ ကျန်းမာရေးသည် မူလ အခြေ အနေထိ ပြန်လည် ကောင်းမွန်လာလိမ့်မည်ဟု ယုံကြည်မှု ရှိခဲ့ပါသည်။ ယခုကဲ့သို့ ပြောင်းရွှေ. နေရလျှင် ကျွန်မသည် ခံနိုင်ရည် ရှိနိုင်တော့မည် မဟုတ်ဟု သိနေပါသည်။

ကျွန်မ ကိုယ်အလေးချိန်သည် အဖမ်းခံနေရစဉ်မှာ ၈၄ ပေါင် (၆စတုံ)ထိအောင် ကျဆင်းသွား ခဲ့ပါသည်။ ၎င်းအပြင စိတ်ဆင်းရဲမှု စိတ်ဓါတ်ကျဆင်းမှု ဒဏ်များကို ကျွန်မခံစား နေရပါသေးသည်။ ကျွန်မ ရှိမနေစဉ် အတွင်း ဂျပန်စစ်သားတစ်ဦးက အကြောင်းတစုံတရာ မရှိဘဲ ကျွန်မ၏ ကြက်တူရွေးကလေးကော့်ကီကို သေနတ်နှင့် ပစ်သတ်သွားခဲ့ပါသည်။ ခွေးကလေးနှစ်ကောင် မွေးထားရာတွင် တစ်ကောင်ကတော့ သေဆုံး သွား၍ ရှိတ်ကီဆိုသော ခွေးကလေး တကောင်သာ ကျန်တော့သည်။

သာမန်အချိန်များ၌ ယင်းဆုံးရှုံးမှုများက စိတ်အနှောက်အယှက်ဖြစ်ရုံထက် မပိုသော်လည်း ယခုကဲ့သို့ စိတ်ဓာတ် ကျနေချိန်၌မူ သည်းမခံနိုင်အောင် ၀န်ထုပ်ဝန်ပိုးများ ဖြစ်လာကြပါသည်။
ဂျပန်များသည် ကျွန်မတို့အား လုံးဝ စကားမပြောပါ။ ရက်စက်ခက်ထန်ကြပါသည်။ တစ်ခွန်းတလေမျှ ရှင်းမပြဘဲ နွားအုပ်ကြီးကို ၀န်းရံထားသလို ၀ိုင်းထားကြပြီး“ချီတက်” ဟူ၍ အမိန်.ပေးပါသည်။
 
မြန်မာမိတ်ဆွေ အချို.က ဖခင်ကြီးကို သူ.အိပ်ရာနှင့်အတူနွားလှည်းပေါ်သို. တင်ပေးကြပါသည်။ ကျွန်မတို. တစ်တွေက ခြေကျင် လျှောက်ကြရပါသည်။ ကျွန်မတို.ပိုင် ရနိုင်သမျှပစ္စည်းများကို တောင်းတစ်လုံး ထဲစုထည့်ပြီး ဗမာလူမျိုးများ၏ ထုံးစံအတိုင်း ခေါင်းပေါ်တွင် ရွက်ပြီး သယ်ခဲ့ပါသည်။ကျွန်မတို.သည် အိုးသစ် အိမ်သစ်ရှိရာသို့ ထွက်လာကြခြင်းဖြစ်ပါသည်။ ဘယ်လို ဆောက်ထားသည်ကိုတော့ မသိကြသေးပါ။

ကျွန်မတို့ လူအုပ်ထဲမှ နောက်ကျကျန်နေသူများကို ဂျပန်များက သူတို့၏ လှံစွပ်များနှင့် ထိုးဆွပေးခြင်းဖြင့် လျင်မြန် သွက်လက်စေပါသည်။ကျွန်မ တို့ထဲမှ မလိုက်ပါနိုင်တော့၍ လမ်းဘေးတွင် လဲကျ နေမည် ဆိုပါကဝေဒနာမခံစားရအောင် ကျည်ဆန် သို့မဟုတ် လှံစွပ်ဖြင့် ကုစားပေးကြမည်ကို ကျွန်မတို့ သိနေ ပါသည်။

ဗြိတိသျှတို့၏ ဗုံးကြဲမှုသည် ကျွန်မ အဖမ်းခံနေရသည့် ကာလအတွင်း ရပ်နားသွားခြင်း မရှိခဲ့ပါ။ ဂျပန်များက သူတို့တစ်တွေ ဗုံးဒဏ်မှ သက်သာသွားစေရန် ဟူသော ယုံကြည်ချက်ဖြင့် ကျွန်မတို့ လူစုကို အတင်းအဓမ္မ ခေါ်လာခြင်း ဖြစ်ပါသည်။ ဂျပန်များက ကျွန်မတို့တစ်တွေ သူတို့ စခန်းများ၏ ဗဟိုတွင် ရောက်နေမည် ဆိုပါက ဗုံးကြဲလေယာဉ် ပျံးကြဲလေယာဉ်ပျံးများသည် ဗုံးကြဲ ရပ်သွားလိမ့်မည်ဟု မျှော်လင့်နေကြပါသည်။ သို့သော် ကျွန်မတို့အား သူတို့ အနီးအနား တစ်ဝိုက်သို့ ရွှေ့ပြောင်းထားသည်ကို မဟာမိတ် လေသူရဲ များက သိနိုင် လိမ့်မည် မဟုတ် ဟူသော အတွေးကမူ ဂျပန်တို့ ခေါင်းထဲ ၀င်မလာပါ။

ငြိမ်းချမ်းသော အချိန်က ပြင်ဦးလွင်သည် စစ်စခန်းမြို့ဖြစ်၍ စစ်ကြီးဖြစသည်တွင် ဗြိတိသျှများ စွန်ခွာသွား၍ ဂျပနများ ရောက်လာပြီး အဆောက်အအုံးများ၊ စစ်တန်းလျားများကို သိမ်ပိုက်လိုက်ကြပါသည်။ ဟောင်းနွမ်း နေပြီဖြစ်သော အလက်ဇန္ဒား တန်းလျားများကို ဂျပန်များက သိမ်ထားပါသည်။

ကျွန်မတို့ လူစုကို သံဆူးကြိုးများနှင့် ကာရံထားသော ၀င်းခြံထဲ၌ နေရာချထား ပါသည်။ တစ်ထပ်တိုက် တန်းလျားများသည် ၀င်းခြံထဲ၌ ရှိနေပြီး တစ်ထပ်တိုက် တစ်လုံးကို မြန်မာ ဆက်သွယ်ရေး တပ်က အသုံးပြု နေပါသည်။

ထိုနေရာသည် ကျွန်မ ငယ်ငယ်က စာသင်ခဲ့ရသော စိန်ဂျိုးဇက် ကွန်ဗင့်ကျောင်းနှင့် ကပ်နေပါစည်။ တစ်ကြိမ်က ကျောင်းကလေးများ၏ ရယ်မောသံများနှင့် ဖုံးလွှမ်းနေခဲ့သော ကွန်ဗင့်ကျောင်းတွင် အိန္ဒိယ အမျိုးသား တပ်မတော်မှ တပ်စခန်းချနေပါသည်။ အမှန်အားဖြင့် သူတို့တစ်တွေသည် စစ်အကျဉ်းသား များသာ ဖြစ်၍ ဂျပန်တို့ထံတွင် သစ္စာခံပြီး ဂျပန် ဘက်တော်သားဖြစ်သွားကြသူများပင်။ သူတို့ အလုပ် အကျွေး ပြုမှု၏ ဆုလာဘ်သည် လွတ်လပ်သော အိန္ဒိယပြည် ဖြစ်လိမ့်မည်ဟု ယုံကြည်နေပါသည်။

၎င်းတို့၏ ခေါင်းဆောင်မှာ ဆူဘတ်(စ်)ချန္ဒရာဘို့(စ်) ဖြစ်၍ ဗြိတိသျှနှင့် ကုလားလူမျိုး အချို့က သစွာဖောက် ဟူ၍ သတ်မှတ်ပြီးအချို့ကမူ သူရဲကောင်းဟု လက်ခံထားကြသည်။
မီးရထားဘူတာရုံသည်လည်း မလှမ်းမကမ်းတွင် ရှိ၍ အောလ်စိန့် ဘုရားရှိခိုးကျောင်းဝင်း အတွင်း၌ ဂျပန် အမြောက်တပ်က စခန်းချထားပါသည်။ ဗြိတိသျှ ဗုံးကြဲလေယာဉ်ပျံများအတွက် ကျွန်မတို့၏ နေရာ သည် အကောင်းဆုံးပစ်မှတ်ပင် ဖြစ်ပါသည်။

ကျွန်မတို့သည် နာမည်များပင် စွန့်လွှတ်လိုက်ရပြန်ပါသည်။ သစ်သားပြားကလေး တစ်ခုပေါ်တွင် နံပါတ်များ ရေးထား၍ လူတစ်ဦးစီကို ပေးထားသည်။ ကိုယ်ပိုင်နံပါတ်များ ဖြစ်ပါသည်။ ကျွန်မ၏ နံပါတ်မှာ ၄၁ ဖြစ်၍ ကျွန်မနေသော အခန်း၏ နံပါတ်ကလည်း ၄၁ပင် ဖြစ်ပါသည်။ ဖခင်ကြီး၏ နံပါတ်မှာ ၄၂ ဖြစ်ပါ သည်။
 
ကျွန်မသည် တန်းလျား၏ ၀င်ပေါက်တွင် မတ်တတ်ရပ်လျက် 'ဗြိတိသျှ စစ်တပ်များ ပြန်လည် ၀င်ရောက် လာသည် အထိ ဤနေရာ ဤဒေသသည် ငါ၏ အိုးအိမ်ပါတကား'ဟု တွေးတောနေမိပါသည်။ ဘယ်အချိန် ဘယ်အခါ မှ ရောက်လာမည်ကိုတော့ ဘုရားသခင်မှ တစ်ပါးအခြား မသိနိုင်ပြီ။

ကောင်းကင်၌ မဟာမိတ် လေယာဉ်ပျံများက ကြီးစိုးနေသည်ကို ကျွန်မတို့တစ်တွေ သိနေကြပါသည်။ နယ်စပ်တွင် စစ်အခြေအနေ မည်သို့ရှိသည်ကိုမသိကြပါ။ ဤတန်းလျားသည် တစ်ကြိမ်က စစ်သားများ ခေတ္တ နားနေရန်အတွက် ကြားစခန်း လုပ်ထားသော နေရာပင် ဖြစပါသည်။ နံရံပတ်ပတ်လည်တွင် ခုံရှည် နိမ့်နိမ့် ကလေးများကို ၀ါးများဖြင့် ခွဲစိတ်လုပ်ထားခြင်း ဖြစပါသည်။

စစ်သားများက ကျွန်မတို့အားလုံးကို တန်းလျားအတွင်းသို့ မောင်းသွင်းပြီး သော့ခတ် လိုက်ပါသည်။ ခုံရှည် ကလေးများသည် စားပွဲလိုတစ်မျိုး အိပ်ရာကုတင်လိုတစ်ဖုံ အသုံးပြုနိုပါသည်။ သို့သော် သက်သောင့် တသက်သာ တော့ ရှိသည်မဟုတ်ပါ။ ကျွန်မတို့သည် မိမိတို့ အသုံးပြုမည့် နေရာကို ရွေးချယ်ကြပြီး အဖမ်းခံ ကြရသော ပထမညကို ကုန်လွန်စေပါသည်။

 ထိုနေ့ညတွင် ရယ်စရာ တစ်ရပ် ကြုံတွေ့ရပါသည်။ ပိန်းပိတ်အောင် မှောင်နေသည့်ကြားထဲမှာ အပေါ့အပါး သွားချင်စိတ် ပေါက်လာ၍ အိပ်ရာမှ ထလာခဲ့ပါသည်။ ကိစ္စပြီးသောအခါ ဖခင်၏ အိပ်ရာကို စမ်း၍ ရှာဖွေခဲ့ပါသည်။ နံနက်အိပ်ရာမှ နိုးလာသောအခါ ငယ်ရွယ်သော လင်မယားနှစ်ယောက်နှင့် ပူးကပ်၍ တစ်ညလုံး အိပ်နေခဲ့သည်ကို အံ့အားသင့်စွာ တွေ့ရပါသည်။

 အချိန်များက ကုန်သွားခဲ့ရာ ကျွန်မတို့သည် နိစ္စဓူဝ အလုပ်များကို သတ်မှတ် လုပ်ကိုင်ကြပါသည်။ ကျွန်မ တို့သည် တစ်ဦးနှင့်တစ်ဦး နီးနီးကပ်ကပ်နေကြရသဖြင့် တင်းကျပ်သေ စည်းကမ်းများ မသတ်မှတ်နိုင်ခဲ့လျှင် လူတစ်လုံး သူတစ်လုံးအဖြစ် ရပ်တည်နိုင်ကြမည် မဟုတ်ပါ။ ကြေးတိုင်နှင့် မြေစာရင်းဌာနတွင် လုပ်ခဲ့ဖူး သော ဂျော့နီလတ်(စ်)ကို စခန်း၏ ခေါင်းဆောင်အဖြစ် ကျွန်မတို့ တင်မြှောက်ကြပါသည်။ ကျွန်မကိုလည်း စခန်း ၏ ကျန်းမာရေးမှူးအဖြစ် တာဝန်ပေးကြပါသည်။

 ဖခင်မှာ အတော်ပင် မကျန်းမမာ ဖြစ်နေသောကြောင့် အခန်း၏ အစွန်ဆုံးတွင် သီးသန့် နေရာချ ပေးထားကြသည်။ ပြတင်းပေါက်နားတွင် ဖြစ်၍ အပြင်ဘက်သို့ ကြည့်နိုင်ပါသည်။ ကျွန်မသည် အ၀တ်စများ၊ ကင်းဗတ်စများ ရှာပြီး ကန့်လန့်ကာအဖြစ်ကာပေးသဖြင့် သူ့အနေနှင့် သီးသီးသန့်သန့်ဖြစ်သွားပါသည်။

 ကျွန်မတို့စခန်းကို အုပ်ချုပ်သော ဂျပန်စစ်ဗိုလ်သည် တောဝက်တစ်ကောင်နှင့် နှိုင်းလျှင်ပင် သူနှင့် မတူ မတန် သေးပါ။ ကျွန်မတို့အပေါ် ဂရုတစိုက်မရှိပါ။ ကျွန်မတို့အားလုံးအား ဂျပန်စစ်သားတို့ကို အကာ အကွယ်ပေးသည့် ဘန်ကာသဲအိတ်များသဖွယ် သဘောထားပါသည်။ ကျွန်မတို့၏ မသေရုံတမည် ကျွေးမွေး ၍ ကျွန်မတို့ တောင်းဆိုသော ဆေးဝါးများကိုလည်း မကြားလေဟန်ပြုပါသည်။ ဒီလူတွေ သေချင် သေသွား ကြ ပါစေဟူသော သဘောထားမျိုး သူတို့တွင် ရှိနေသည်ဟု ကျွန်မထင်ပါသည်။

 ဂျပန်တို့က ကျွန်မတို့အား ဆန်(ဆန်ကွဲ) ထုတ်ပေးပါသည်။ ဆန်ကို အမှုန့်ကြိတ်၍ မုန့်လုပ်စား ကြရပါသည်။ မုန့်လုပ်ရာတွင် အနံ့အသက်နှင့် ပြည့်စုံရန် အမွှေးအကြိုင်များ ထည့်ကြပါသည်။
 ကျွန်မသည် ပတ်ဝန်းကျတစ်ဝိုက်၌  ကျောက်ခဲပြားပြားတစ်လုံးကို ရှာဖွေပြီး ဆန်မှုကြိတ်ရာတွင် အသုံးပြု ပါသည်။ ပထမတွင် ဆန်ကြိတ်ရသည်မှာ စိတ်ရောလူပါ နာကျင်ပင်ပန်းလှပါသည်။ ကျွန်မမှာ မန္တလေးတွင် လက်သည်းခွံ အခွာခံခဲ့ရရာမှ ပြန်မပေါက်သေားသောကြောင့် လက်ထိပ်နှင့် ကြမ်းတမ်းသော ကျောက်ပြား မျက်နှာ ပြင်တို့ ထိတွေ့တိုင်း သွေားများ ထွက်ပြီး နာကျင်သော ဝေဒနာကို ခံစားရပါသည်။

တဖြည်းဖြည်းနှင့် လက်ထိပ်များက အရည်ထူ လာပြီး ကျွမ်းကျင်လာသည်။ မုန့်သည် ထူးကဲသော အရသာ မရှိသော်လည်း ဘာမှမစားရသည်ထက်တော့ များစွာ ကောင်းမွန်ပါသည်။ ရက်သတ္တပတ် ပေါင်း များစွာကြာသည်အထိ ဆန်နှင့် လုပ်သောမုန့်သည် ကျွန်မအတွက် အဓိကပုံမှန် အစားအစာဖြစ်ခဲ့ပါသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, February 25, 2010

ခွေး တကောင် အလကား ပေးချင်သည် အပိုင်း (၂)

မနေ့က ခွေးအိုကြီး အလကား ပေးပါမယ်ဆိုတော့ မယူချင်ပါဘူးတဲ့.. ယူချင် တဲ့ သူတွေလည်း သနား တယ်ဗျာ.. ဒီခွေးကြီး အကြောင်းမသိကြလို့ပါ..၊ တော်တော် ယုတ်ကန်းတဲ့ ခွေးအိုကြီး.. နောက်မှ သူ့အကြောင်း ကျနော် ကြုံ ရင် ကြုံသလို ပြောပြပါမယ်...၊ အခုတခါ ပြောချင်တာကတော့ ခွေးပျိုလေး ဗျ.. လှမှ လှ ခါးလျားရှည်လေး နဲ့ အမြီး ဖားဖား လေးနဲ့ သူ့ နာမည် က ဆိုဖီတဲ့.. သူ ကလည်း ကျနော်တို့ အိမ်ပေါက် ခွေးဘဲ... လှလည်းလှ လိမ်လည်း လိမ္မာလို့ ကျနော်တို့ တအိမ်လုံးက တအားချစ်ကြတယ်..။

အဲဒီ ဆိုဖီလေးကလည်း မျက်စိရှေ့တင် အပျိုဖြစ် ယောက်ကျားရ ပြီး ကိုယ်ဝန်ရှိသွားတယ်ဗျ.. ၊ ဒီခွေးမလေး ကတော့ ကိုယ်ဝန်ရှိမှကို တအီအီနဲ့ သခင်တွေ နားကကို မခွာတော့ဘူး ချွဲလွန်းသလားမမေးနဲ့.. တအိမ်လုံး ကတော့ ဆိုဖီလေးနဲ့ သူ့ ဗိုက်ကလေး ကို တကြည့်ကြည့် နဲ့ပေါ့ ဂရုစိုက် ရတာလည်း မောနေတာဘဲ ..ဗိုက် ကလေး ကတော့ သိပ်မပေါ်ဘူး ဗျ.. ဒါပေမဲ့ အပျိုဗိုက် မလိ့ု မပေါ်တာပေါ့...၊ ဒီလိုနဲ့ သူမွေးဖွားချိန် ရောက်လာပါရောဗျာ.. အပေါ်တက်လိုက် အောက်ဆင်းလိုက် နဲ့ ဂဏမငြိမ်ဘူး ဟိုကုတင်အောက်ဝင် ဟိုဘီရိုကြားတိုး နဲ့ သူ့ ဝပ်ကျင်း ကိုရှာနေ တာလည်း မောနေတာဘဲဗျာ..။

သူက အဲဒီလို ဂဏာ မငြိမ်လေ သူ့သခင်တွေက သဲသဲလှုတ်လေ နဲ့ ဟန်ကျနေတာဗျ..ခဏနေ ဟိုစီပီလိုင်း ထဲက သူတို့ family doctor ကိုထွေး ကြီးဘဲ ပြေးခေါ်ရမလား ဟို ကရင်ဆရာဝန်ကြီး ဘဲပြေးခေါ်ရမလား နဲ့ မောင်လေး တွေကလည်း အသင့်ပြင် နေကြပြီ..၊ ဆိုဖီလေး က ပြာယာခတ်နေတာဗျ.. အပေါ်တက်လိုက် အောက်ဆင်းလိုက် နဲ့ ပါးစပ်ကလည်း ညီးညူ နေတော့ တအိမ်လုံး စိတ်မချမ်းသာ လိုက်တာဗျာ..၊ နောက်ဆုံးတော့ ဆရာဝန် ခေါ်ဘို့ သဘောတူ ဆုံးဖြတ်ကြပြီး ကိုထွေးကြီး ပြေးခေါ်ကြတယ်..။

ကိုထွေးလည်း ရောက်လာရော သူ့ကို ချော့ မော့ပြီး စမ်းကြည့်လိုက်တယ်.. အမယ်လေး လေး ဒါ ကိုယ်ဝန် အတုကြီးတဲ့.. တကယ် ကလေး  ရှိတာမဟုတ်ဘဲနဲ့ ကလေး ရှိချင်တဲ့ စိတ်ရောဂါတမျိုး တဲ့ ကျနော် တို့ဖြင့် အံသြယူရရော.. အမလေး ဆိုဖီမ ဟန်ဆောင်ကောင်းလိုက်လေခြင်းပေါ့... ကိုထွေး က ဆက်ပြောပြန်တယ်.. ဒါဟန်ဆောင်တာတော့ မဟုတ်ဘူး.. တကယ် ကို စိတ်ရောဂါ ပါတဲ့ .. လူတွေမှာ လည်း ကလေး သိပ်ရခြင်နေတဲ့ မိန်းမပျိုလေး တွေ မှာ အဲဒီလို ကိုယ်ဝန်နဲ့ တထပ်ထဲ တူတဲ့ လက္ခဏာ တွေ ပေါ် ပြီး နောက်ဆုံးတော့ ကိုယ်ဝန် မဟုတ်ဘူးပေါ့.. ၊ ကြား ကြားဘူးပေါင်ဗျာ.. မဆိုဖီတို့ ကတော့ ကိုယ်ဝန် အတု ဆောင်ပြီး တအိမ်လုံး ဒုက္ခပေးသွားတယ်ဗျ...။

ခွေးပြီးရင် ကြောင်အကြောင်း ဆက်လိုက် ရအောင် ကြောင်စုန်းတဲ့ ကျနော် ထင်တာတော့ ကြောင်စုန်း ဆိုတာ ဇတ်တူသား စားတဲ့ ကြောင်တမျိုး စရိုက်ကြမ်း တဲ့ ကြောင်တမျိုးထင်တာဘဲ.. ကျနော် တို့ အိမ်မှာ ကြောင်မွေး စ ရက်ကလေး တွေဆို ကြောင်စုန်းကို တအား ဂရုစိုက်ရပါတယ်.. ၊ တခါတော့ ကြောင်ပေါက် စကလေး တွေ သတိမေ့ပြီး အုပ်မထားမိဘူး.. တခါထဲ ကြောင်လေး တွေခမြာ မနက်မိုးလင်းတော့ ခေါင်းလေး တွေ ကျန်တော့တယ်. တည ထဲနဲ ၂ကောင် ၃ကောင်လောက် စားသွားတယ်.. ကျနော် တို့လည်း အဲဒီကထဲက ကြောင်စုန်း ဆိုရင် မှတ်သွားတယ်...။

နောက်တခါ တောကြောင် ပေါ့ ..၊ ကျနော် သိတဲ့ တောကြောင် ကတော့ မုဆိုး ဝတ္ထုတွေ ထဲ က အရက်နဲ့ မြီးတဲ့ တောထဲက ကြောင် ဘဲသိတယ်.. ဒါပေမဲ့ အိမ်က မေမေ တို့ ပြောတာတော့ အိမ်မွေးကြောင် တွေ သိပ်ကြီးသွားရင် တော စိတ်ဝင်ပြီး တော ထဲ ထွက်သွားတတ်တယ် ဆိုပြီး ကျနော် ငယ်ငယ် ကတော့ အိမ် က အထွား ဆုံး ကြောင်ကြီး ရွှေဝါ ကို တောစိတ်ပျောက်အောင် ဆိုပြီး အိမ်ထဲ ပိတ်ပိတ် ထားတာတော့ တွေ့ဘူးတာဘဲ..၊ ဟုတ်မဟုတ် တော့ မသိပါဘူးဗျာ...။

အင်း..လူလည်း ကြောင် တွေ ခွေးတွေ အကြောင်းပြောရလွန်းလို့ ညောင် ညောင် အော် ရမလား ဝုတ် ဝုတ် ဟောင် ရမလား တောင် ဖြစ်နေပြီ တော်မှ တော်မှ....။

မတော်ခင် .. အိမ်က ခွေးအိုကြီး အကြောင်း အတင်း နဲနဲ တုတ် လိုက်အုန်းမယ်..၊ အဲဒီ ခွေးအိုကြီး က မျိုး ရိုးမကောင်း တဲ့ ဗမာမျိုး စစ်စစ်ဗျ.. ဒါပေမဲ့ ကျနော် သိတဲ့ ဗမာ မျိုးတွေက တော့ ကောင်းတယ်ဗျ.. သူ့ကြည့် ရတာ မသန့် တဲ့ တခြား မျိုးတမျိုး ရောတယ် ထင်တယ်...၊ လူဆိုရင် တော့ မျိုးရိုးမသန့် ဘူးပေါ့ဗျာ...၊ မိမစစ် ဘမစစ် ကလေ ကချေ မျိုးဆိုတာပေါ့...။

အဲဒီ မျိုးရိုး မသန့်တဲ့ ခွေးမ ကြီး ဟာ လမ်းဘေးခြုံပုတ် တနေရာမှာ ကလေး ၆ ကောင်လောက် အားတိုင်း မွေးပြီး  စားရမဲ့ သောက်ရမဲ့ ဖြစ်နေတုန်း ကျနော့် မေမေ ကတွေ့ပြီး သနားတာနဲ့ ထမင်း သွားသွား ကျွေးတယ်ဗျ.. ။

ခွေးမကြီး အစာဝဝ စားရတာပေါ့.. အဲဒီလို နဲ့ နဲနဲ ပြောင်ပြောင် ရောင်ရောင် ဖြစ်လာတုန်း.. မန္တလေး မှာ လေကြီးမိုးကြီး တွေကြပြီး ဆက်တိုက် မိုးတွေ ရွာတယ်ဗျ.. ခြုံပုတ် ထဲမှာ မလုံမခြုံ နဲ့ ဒုက္ခရောက်နေတဲ့ ခွေးမကြီး ကို မေမေ က ထမင်းသွားကျွေးရင်း နဲ့ မကြည့်ရက်လို့ အိမ်ခေါ်လာတယ်.. သူ့ကလေး တွေထဲက တကောင်က အခု အိမ် က ခွေးအိုကြီး ရဲ့ အမေပေါ့ ဗျာ...။

အဲဒါက မျိုးရိုးမကောင်းတဲ့ ခွေးအိုကြီး ရဲ့ရာဇဝင် အစပါ။ နောက်မှ ကြုံသလို ဆက်ပြောပြပါအုန်းမယ်..။

ကျနော် လည်း အခုရက်ပိုင်း ညည ဆို ကောင်းကောင်း မအိပ်ရဘူး.. ခွေးအိုကြီး ရဲ့ မဲမဲ မြင်တိုင်း တဝွတ်ဝွတ် ဟောင်သံ နဲ့ ဆိုတော့ ( ဝုတ်ဝုတ် အသံက မပီတော့ ဝွတ်...ဝွတ် နဲ့ ) ကျနော် ကလည်း သူ့ဝွတ် သံကို ကြားတိုင်း ကြောက် ကြောက်နေတာ.. အင်း ဒို့ ဘော်ဒါကြီး ဘာတွေများ မဟုတ်တာတွေ လုပ်နေပါလိမ့်.. ဟိုတလောက တအိမ်လုံးပြိုင် လူသတ်မှု့ ကြီး နဲ့ မကင်းမကင်း များ ဖြစ်နေလို့လား.. ဟို Company 10 ခုပြိုင် လာဘ် စားမှု့ နဲ့ များ သက်ဆိုင်နေလို့ ညည ခွေးဟောင်သံကြားတိုင်း အိပ်မရ ဖြစ်နေသလား လို့ အထင်တော်တွေ ကြီးမသွားကြပါနဲ့ ခင်ဗျား...၊ကျနော်ဟာဖြင့် မတရားမှု့ တခုမှ မပြုလုပ်ခဲ့ပါ.. တရားမှု့ များကိုသာပြုလုပ်ခဲ့ပါတယ်..၊ ဒါပေမဲ့ ခက်တာက မ ကလေး နေရာရွေ့ သွားမှာကိုပါဘဲ...။

ပြောရရင် ကျနော် ဟာ ဥပဒေ ကို အင်မတန် လေးစား လိုက်နာတတ်သူပါ..၊ စိတ်မပူကြပါနဲ့ ခင်ဗျား...၊ ဒါပေမဲ့ အခု တလော ကျနော့် ဆိုင်လေး ဟာ ပရိသတ် ရဲ့ ချစ်ခင်မှု့ ကြောင့် အင်မတန် မှ အလုပ်များ နေတဲ့ အတွက် ကျနော် ချစ်သမီးများ ဟာ ဆိုင်မှာ ၂၄ နာရီ အလုပ်ဆင်း နေရတဲ့ အတွက် ဆိုင် မှာ ညမအိပ် စာရင်း (ဧည့်စာရင်း) တိုင်ဘို့ ကျနော် မေ့ မေ့ နေတာကို သွား သွား သတိရပြီး ကြောက် ကြောက် နေတာပါဗျာ..။

ကဲ.. ကျနော် လည်း လေရှည်နေလို့ မဖြစ်တော့ ဘူး.. အလုပ်တွေက တပုံကြီး စောင့်နေတယ်ဗျ..။

လေးစားစွာဖြင့်

စာရေးသူ-ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆၀ အပိုင်း (၃၀)

ကြာကူရီ ဇာတ်ခင်းနေကြသူတွေ

နောက်တနေ့မနက် ၁၀-နာရီ မထိုးမှီ ဘုန်းတော်ကြီးကျောင်းသို့ အရောက်လာရသည်။ ယမန်နေ့ က မန်းမဖော်နှင့် ကျမ ဆိုက်ကားတစီး ဘုန်းတော်ကြီးဦးနာဂါအီအတွက် အသင့်ဖြစ်အောင် အပိုငှား လာသော ဆိုက်ကားက တစီးပါလာသဖြင့် ဘုန်းတော်ကြီးက ရှေ့မှ ဆိုက်ကားတစီးနှင့် ကြွ၍ ကျမတို့ ဆိုက်ကားက နောက်မှ ကပ်လိုက်ရသည်။ နေကလည်း ပူလောင်လှသည်။ ဆောင်းစရာမပါ၊ ဂျပန် ဘုန်းတော်ကြီးခမြာက သင်္ကန်းစ ခေါင်းကာ၍ ကျမတို့ တကာမ နှစ်ယောက်မှာ လည်း ပါလာသော အ၀တ်ထုပ် ကလေး ခေါင်းပေါ်တင်ပြီးနေကာဖြင့် အသုံးပြုရပါသည်။

ပုံသဏ္ဍာန်မှာ တောရပ်ရွာ၌ ငယ်စဉ်က တွေ့မြင်ခဲ့ရဘူးသော အချုပ်ခန်း တရားခံ ရှိရာသို့ တဘက် ကလေး ခေါင်းတင်ပြီး လူဆိုးမယား တဖားဖားဆိုသော စကားပမာ ကြောက်ကြောက်လန့်လန့်နှင့် လာရ ရှာသော အချုပ်တရားခံ၏မယားတဦးပမာ ဖြစ်နေပါသည်။ ဤ ပုံသဏ္ဍာန်ကို  မျက်စိထဲမှာ ရေးရေးပေါ် လာသော်လည်း ကျမဘ၀ဖြစ်စဉ်ကို ၀မ်းနည်း မနေအားပါ။ ယခု လောလောဆယ် ဖြတ်သန်း လာနေရသော ရန်ကုန်မြို့အတွင်းမှာ သင်းချိုင်း သုသာန်တစကဲ့သို့ ငြိမ်သက် တိတ်ဆိတ်လျက် ကြောက်မက် ဖွယ်ကောင်းလှပါသည်။ 

မီးခိုးမသေသေးသော စစ်မြေပြင် စစ်တလင်းပမာ ယမန်နေ့ ညပိုင်းက ကြဲချသွားသော မီးလောင် ဗုန်းများ၏ ဒဏ်ရာ ဒဏ်ချက်တို့ကြောင့် ပျက်စီး မီးလောင် ထားသည့် နေရာ ရပ်ကွက်များကို ဖြတ်ကျော်ခဲ့ရသဖြင့် ကြက်သီးတဖြန်းဖြန်း ကျော တချမ်းချမ်းနှင့် လာခဲ့ ရပါသည်။ ရှေ့ကသွားသော ဘုန်းကြီး၏ ဆိုက်ကားနှင့်လည်း အပျက်မခံဝံ့ဘဲ ရှိသည်. စိတ်တွင်းမှ ကိုယ်စီကိုယ်ငှ အတွေးအခေါ်များက တော့ ခုနေခါ လက်သည်းကို ပလာယာနှင့် ညှပ်ခွါ ခံနေရသလား ရေနွေးလောင်း ပါးရိုက် နားရိုက်စသော ကင်ပေတိုင် ထုံးစံအရ စစ်ဆေးလို့ မပေါ်သမျှ ငရဲသားကဲ့သို့ နှိပ်စက်ခံရသည် ဆိုသော သတင်းများကို ကြားဘူးနားဝ ရှိခဲ့ကြသည်အတိုင်း တွေးမိ ပူပင်မိကြသည်။

ညတိုင်းညတိုင်း ရေဒီယိုနားထောင်ချေဦးမည် ဆိုပြီး တချက်ခုတ် နှစ်ချက်ပြတ် အိမ်အပေါ်ထပ်တက်၍  ဇိမ်ခံမှုများမှ ဆင်းသက် ပေါက်ပွားလာသော ဒုက္ခအမွေအနှစ်ဆိုးကို ကျမက ၀င်ပြီး ဘုမသိ ဘမသိ ထမ်းဆောင် ခွဲဝေခံယူနေရသည်။ ထိုအချိန်က အိမ်ရှေ့ပူ အိမ်နောက် မချမ်းသာဆိုသော သဘော မထား အချိန်မှန် စားရပြီးရောဆိုသော အိမ်သူအိမ်သား အချို့လည်း ရှိသေး၏။ 

ကျမအိမ်ပေါ်တွင် လူတွေ များနေသလောက် နောက်မီးလင်းသူ ကြာကူရီဇာတ်ခင်းနေကြသူတွေ အကျင့်ဖောက် ပြန်နေသူ တွေ မယားတညင် လင်မုဆိုး လုပ်နေကြသူတွေ ရောနှော နေကြသော်လည်း အပြစ် ကျူးလွန်နေ သူများ အား တယောက်တပြန် နှုတ်ပိတ် ဖုံးဖိထားကြသောကြောင့် ဘာအကြောင်းကိုမှ ကျမက မသိရှိရ မရိပ်မိခဲ့ရသေးသူ ပြီပြီ အိမ်တွင်းရေး ဇာတ်ရှုပ်များကို နားမလည် ယခုလည်း ကိုယ်တွေ့ကြုံလာရသော ဒုက္ခ၌ တည်ကြည်ဖြောင့်မတ်သူ ဘ၀ခရီးဖော်တဦးအနေနှင့် အေးလျှင်အတူ ပူလျှင်အမျှ ဒုက္ခတွေ့ လျှင်ဦးပဲ့ ၀င်၍ ထမ်းပြီး မိမိ၏ဘ၀ခရီးကို တက်လှမ်းခဲ့ ရသည်။

များမကြာမီ ကြောက်စရာမြို့ပျက်ကြီးသဘွယ် ဖြစ်နေသော ကန္နားလမ်း ပုလိပ်ရုံးကြီး အနီးသို့ ဆိုက္ကား၂စီး ရောက်လာခဲ့ကြ ပါသည်။ သံဆူးကြိုးအထပ်ထပ်မှ ကျော်ဖြတ် ၀င်ခဲ့ရာမှ ပုလိပ်ရုံးကြီး အ၀င်ဝမှာ လူတွေ ပျားပန်းခပ်မျှ လှုပ်လှုပ်ယွယွ ဆူဆူညံညံ တွေ့မြင်နေရမြဲမှာ ယခုအမြင်မှာ လူသူ မမြင်ရ အပ်ကျသံကို ကြားရမတတ် ငြိမ်သက် တိတ်ဆိတ်ပြီး သဲအိတ်ကြီးတွေ၏ ပြောင်ပြောင် လက်လက် အရောင်ထွက်နေကြသည်ကိုသာ တွေ့ရပါသည်။ ကျမတို့သည် ဘုန်းကြီးနောက်မှ ကုတ်ကုတ် ကလေး ၀င်လိုက်လာရသည်။ 

လှေခါးဝ၏ ဘယ်ဘက် အခန်းကျယ်မှာ စားပွဲတစ်လုံးနှင့် ထိုင်နေသော ဂျပန်စစ်ဗိုလ်တယောက်ကို တွေ့ရသည်။ ဘုန်းကြီးက ဂျပန်လိုပြောသော အခါ ကျမတို့ အား သူ့စားပွဲနားက ခုံတန်းလျားလေး တခုတွင် ထိုင်ခွင့်ပေးသည်။ ထိုနောက် ဘုန်းကြီးက အကျိုး အကြောင်း ပြောပြ ပြန်သောအခါ သူ့စားပွဲ ပေါ်က တယ်လီဖုန်းဖြင့် ပြောပြီး ခေါ်သောကြောင့် အစောင့် တယောက်ထွက်လာသည်။ ဘုန်းကြီးက ကျမတို့အား အပြင်မှ နေရစ်စေပြီး အစောင့်နှင့်အတူ အပေါ်ထပ်တက်သွားသည်။

ဘုန်းကြီး အပေါ်ထပ်သို့ တက်သွားပြီး နောက် အခြားအစောင့်တစ်ယောက်ထွက်လာသည်တွင် ပထမ တွေ့ရသော စားပွဲခုံပိုင်ရှင် အစောင့် စစ်ဗိုလ်က ကျမတို့ယူလာသော အ၀တ်များကို ပေးရန် လက်ဟန် ခြေဟန်နှင့်ပြ၍ တောင်းသော ကြောင့်ပေးလိုက်ရသည်။ စစ်ဗိုလ်သည် အ၀တ်ထုပ်ကို သူ၏ စားပွဲပေါ် တင်၍ ဖြေကြည့်သည်။ အင်ကျီ လုံချည်တို့ကို တလွှာချင်းဖြန့်ကာ ကြည့်သည်။ ဘာတွေပါ သလဲဆိုသော အကြည့်မျိုးဖြစ်ပါသည်။ နောက်သူကျေနပ်သော အခါမှ အတွင်းက ထွက်လာသူ အစောင့် အား သူတို့တွေ ဘာသာစကားဖြင့် ပြော၍ အ၀တ်တွေလုံးထွေးပြီး လှမ်းပေးလိုက်သည်။ 

အစောင့် သည် အ၀တ်များကို ချိုင်းကြားညှ်၍ သူ့စစ်ဗိုလ်ကို အလေးပြုပြီး အထက်ထပ်သို့ တက်သွား ပါသသည်။ ကျမတို့ကလည်း အတော်ကြာကြာ ထိုင်စောင့်နေရပါသည်။  မျက်နှာထား တင်းမာလှသော စစ်ဗိုလ် ကလည်း ဣနြေ္ဒကြီးနှင့် သူလုပ်စရာရှိသည်ကို လုပ်နေပါသည်။ ဒီအချိန်ဆိုလျှင် ဗုံးကြဲ လေယဉ်ပျံတွေ လာနေကျဖြစ်၍ တထိတ်ထိတ် နှင့် ဘုရားကို ကြိတ်၍ တနေရပါသည်။ လေကြောင်း အချက်ပေး ဥသြသံမကြားရပါစေနှင့် ဟုလည်း ဆုတောင်းလျက်ရှိ ၏။ တမေ့တမောကြီး ကြာလာသော အခါ အ၀တ်တွေ ယူသွားသော စစ်သားပြန်ထွက်လာပါသည်။ ဖမ်းဆီးခံရစဉ်က ၀တ်ထားသော လုံချည် ဟောင်း အင်္ကျိဟောင်းများ ပြန်ပါလာပါသည်။ 

ဒါကိုလဲ စစ်ဗိုလ်က သူ့စားပွဲမှာ တင်ပြီး ဖြန့်ခါ စစ်ဆေး ကြည့်သေး သည်။ မသင်္ကာစရာဆို၍ ဘာမှ မပါတော့မှ ကျမတို့ကို လှမ်းပေးလိုက်ပါသည်။ ဤ ကိစ္စပြီး သော်လည်း ဘုန်းတော်ကြီး ဦနာဂါအီမှာ ပြန်ဆင်းမလာသေးဘဲရှိနေပါသည်။ ပြန်ဆင်းမလာဘူးဟု ရေးရသော်လည်း အပေါ်ဆုံးအထပ် တက်သွားခြင်းလား အောက်ထပ်များရှိ အခန်းများတွင်ဘဲ ဆိုင်ရာ မာစတာကြီးကြီးများနှင့် စကား ဆွေးနွေးနေသလား အတတ် မပြောနိုင်ပါ. အကြောင်းကတော့ ကန္နား ရုံးကြီး၏ လှေခါးကျယ် ကြီးတခုလုံးမှာ ၀င်္ဂဘာလမ်းကဲ့သို့ သဲအိတ်တွေ အကွေ့အကောက်ပုံစံ အမျိုးမျိုး နှင့် ခံကတုတ်များ ပြုလုပ်ထားခြင်းဖြစ်ပါသည်။

ကင်ပေတိုင်ဌာနချုပ်အထိ ရောက်ခဲ့ရပုံ

နောက်ထပ်နာရီဝက်နီးပါးရှိမှ ဘုန်းတော်ကြီးဦးနာဂါအီ ပြန်ကြွလာပါသည်. အစောင့်စစ်ဗိုလ်ရှေ့မှာတော့ ဘာစကားမှ မပြောပါ။ ပြန်ကြမယ်ဆိုပြီး ထွက်လာကြရာ စစ်ဗိုလ်က ဘုန်းကြီးကို အရိုအသေပေးပြီး နှုတ်ဆက် သည်ကို မြင်ရပါသည်။ အလာတုန်းကလိုဘဲ ဘုန်းကြီးကရှေ့မှ ကျမတို့က နောက်မှ ဆိုက်ကား နှစ်စီးဖြင့် ပြန်ခဲ့ကြသည်။ နေက က မွန်းတည့်လုပြီ ဖြစ်၍ ခြစ်ခြစ်တောက်ပူလျက်ရှိသည်။ ဘုန်းကြီး ဆွမ်းစားချိန်မှ မှီပါတော့မလားဟု တွေးပူသည်က တမျိုး မိုးပေါ်မော့ကြည့် ကာ ခုနေ လေယာဉ် တွေလာတာနှင့် တိုးနေရဦးမည်လားဟု မြန်မြန်နင်းဘို့ရာ နားပူရပါသည်။ ထို့ကြောင့် ရှေ့က ဆိုက်ကား ဆရာကို နောက်က ဆိုက်ကားဆရာက မြန်မြန်နင်းဘို့ရာ နားပူရပါသည်။   ထို့ကြောင့် ရှေ့က ဆိုက်ကားဆရာကို နောက်က ဆိုက်ကားဆရာက မြန်မြန်နင်းပေးကွ တော်ကြာ လေယာဉ်ပျံ တွေလာတာနဲ့ မိနေဦးမည် ဟု ချောက်လှန့်ပေး၍ ရှေ့ကဆိုက်ကားဆရာကလည်း အတင်းနင်း ပြေးရှာသည်။


ကျောင်းရောက်သောအခါ ဘုန်းကြီးဆီမှ ဘယ်လို အဖြေရမည်ကို မမေးအားသေးဘဲ ဆွမ်းပွဲပြင် စောင့်နေ သော ကျောင်းသားများ ဘက်သို့ ပို့ကာ မွန်းမလွဲမီ ဆွမ်းဘုန်းပေးပါဦး ဟု လျောက်ထား ရပါသည်။ ဘုန်းကြီးခမျာလည်း အပင်ပန်းခံရှာ ပါသည်။ ဘာမှ မစိုးရိမ်ပါနဲ့ အနှိပ်စက်လဲ မခံရပါဘူး ကောင်းကောင်း မွန်မွန်ထားပါတယ်လို့ ကင်ပေတိုင်ဗိုလ်က ပြောလိုက်ပါတယ် စစ်မေးလိုတာလဲ မေးပြီးပါပြီ။ သို့ရာတွင် ဆိုင်ရာ စစ်ဗိုလ်ကြီး ခရီးထွက်သွားသော ကြောင့် သူပြန်လာ သောအခါမှ အပြစ် မရှိလျှင် လွှတ်ပေးဘို့ သူ့အမိန့်ကို စောင့်ရပါမည်ဟု ကြားသိခဲ့ရကြောင်းပြောပြပါသည်။

ကျမတို့ ပြန်ဖိုပ ၀တ်ပြုသောအခါ ဘုန်းတော်ကြီးကပင် ဘာမှမပူပါနဲ့ စစ်ဗိုလ်ကြီးပြန်ရောက် မရောက် မကြာ ခဏ တယ်လီဖုန်းဆက်မေးနေပါမည် ဟု အာမခံလိုက်ပါသေးသည်။ သို့သော် သုံးလေးရက် ရှိလာသည်အထိ စောင့်ကြည့်နေရ တုန်း ဘဲ ဖြစ်ပါသည်။ ပုံနှိပ်လုပ်ငန်းနှင့် သတင်းစာ ရိုက်ပေးသော အလုပ်များ ကတော့ နေ့ညမစဲ လုပ်မြဲလုပ်လျှက်ရှိပါသည်။


ကင်ပေတိုင် ဖမ်းဆီးဆွဲခေါ်သွားသော ကိစ္စနှင့် ပတ်သက်၍ ဘုန်းတော်ကြီး ဦးနာဂါအီနှင့် ကျမတို့သာ လုံးပန်း နေရပါသည်။ ဘယ်သူမှမသီဝံ့သော ကင်ပေတိုင် ဌာနချုပ်နေရာသို့ ကျမသာလျှင် ဘုန်းကြီး အမှီပြု၍ ရောက်ခဲ့ရပါသည်။ ဘယ်နေရာတွင် ထား၍  ဘယ်အမှုနှင့် ဖမ်းဆီးထားခြင်း စစ်ဆေးပြိး၍ ဗိုလ်အကြီးဆုံး ပြန်လာသောအခါ လွတ်ပါမည်ဆိုသော အကြောင်းများ ကလည်း ကျမကသာ သိရှိလာ ခဲ့ရသူဖြစ်၍ အပေါင်းအသင်း ပတ်ဝန်းကျင်လူများက ကျမထံသို့မှသာ တဆင့် သိရှိကြရိခြင်း ဖြစ်ပါသည်။

စောစော ပိုင်းက ဖြီးဖြန်းညာဝါး၍ ကင်ပေတိုင် စစ်ဗိုလ်များနှင့် သိကျွမ်းသည်။ သောက်ပွဲ ကျင်းပပြီး မေးမြန်း စုံစမ်းပေးမည် ဆိုသော ပုဂိုလ် စဖြီးများလည်း စုတ်စ မြုပ်စမပေါ်လာကြတော့ပေ။ ဂျပန် ငွေစက္ကူတွေ တန်ဖိုးမရှိသည့် အခါဖြစ်လို့ နှမြောစရာ မရှိတော့လှပါ။

ဘုန်းကြီးကျောင်းထံ မသွားမှီက ကျမဆန္ဒအရ မဟုတ်ဘဲ အိမ်မှာ အတူလာနေသူ မင်းကတော် တဦးသည် ဗေဒင်မေးချင် လှပါသည်ဆိုပြီး သူအလွန်ယုံကြည်နေသူ ဗေဒင်ဆရာတဦးကို အတင်း ခေါ်လာပြီး မေးပါတော့သည်။ သူခေါ်လာသော ဗေဒင် ဆရာ၏ ပုံပမ်း လက္ခဏာကြည့်ရသည်မှာ လမ်းဘေး ထိုင်ဟောသော ဗေဒင်ဆရာမျိုးတော့ မဟုတ်ပါ ကျမက ထိုလူကြီးကို အထင်သေးစွာနှင့် ကြည်မိ သလောက် မင်းကတော်မမကဖြင့် ယုံကြည်လေးစားနေပုံရပါသည်. သူလုပ်ချင်ရာ လုပ်ပါစေ ဟု ကျမက လွတ်ပေးထားလိုက်ရာ ဗေဒင်ဆရာက တွက်ချက်ပြီး ဟောကိန်းကြီးထုတ်ပါတော့သည်။ နက်ဖြန် ကာ ညနေမုချ လွတ်လာရမည် ဒါတွေ ဒါတွေ ယတြာချေပါ။ 

ဒီလိုဒီလို ဓါတ်ရိုက်ပါဆိုပြီး လုပ်စရာ အစီအစဉ်တွေကို ပြောလေသည်။ ဤ အထည်းမှာ တတ်နိုင်လျှင် ယနေ့ညဖြစ်စေ မနက် စောစော ဖြစ်စေ ကြက်အရှင်တကောင်ကို  ရှာထားပါ ရှာလို့ရလာသောအခါ လာခေါ်ပါ။ ဘယ်ဒေါင့်မှာ ဘယ်လို မန်းမှုတ်ပြီး ဘေးမဲ့လွှတ်မည်။ ယနေ့ညနေသူအိမ်ကနေပြီး ကြက်သားဟင်းချက်၍  ငှက်ပျော ဖက်နှင့်ထုပ်ခါ တနင်္ဂနွေဒေါင့်အရပ်ကို သားပစ်ပေးမည်စသော အစအစဉ်များ ပြောလာဓါတ်ရုက် ယတြာ ချေစရိတ် ငွေတောင်းသည်။


ကျမ,မယုံကြည်၍ မပေးချင်ဘူးဟု မင်းကတော်ကိုပြောသောအခါ သူ့ဗေဒင်ဆရာက အလွန် ဓါတ်ရိုက်ကောင်းပါသည်။ ကိုယ်တွေ့ပါ။ မုံလို့မပေးချင်သေးနေပါ။ ယခု သူစိုက်ပေးထားပါမည်။ မှန်ျှင် နှစ်ဆ တိုးနှင့် သူ့ကို ငွေပြန်ဆပ်ရမည်ဆိုပြီး ငွေစိုက်ထုတ် ပေးလိုက်ပါသည်။ ကြက်အရှင် အကောင် ကိုလဲ ဒီနေ့ညနေမှာဘဲ မရ, အရရှာပြီျး အ၀ယ်ခိုင်းသည်။ ကြက်ရသောအခါ ရှေ့တွင် ယတြာ ချေပေးစေ မည်ဟုဆိုကာ သူ၏ဆရာကို ချက်ခြင်းသွားခေါ်စေပါသည်။ 

မကြာမှီ ဗေဒင်ဆရာသည် အိမ်က စေလွှတ်လိုက်သော သူငယ်နှင့်အတူ ပါလာသောအခါ မျက်စိမျက်နှာပျက်နေသည်။ သူ၏ ပါးစပ်မှ ဂဇော်နံ့ကလည်း တသင်းသင်းပါလာသည်။ မင်းကတော်မှာ သူ့ဗေဒင်ဆရာ၏ ဂဇော်နံ့ကို ရှူမိသော ကြောင့် အောင့်သက်သက်နှင့် မျက်နှာပျက်လာသည်။ ခိုင်းလိုက်သော သူငယ်က ပြောပြ သည်မှာ ဗေဒင်ဆရာသည် ကြက်သားဟင်းတခွက်ကို အမြီးပြုလျှက် ဂဇောခွက်ကိုင်သောက်နေရာမှ ဆွဲခေါ်လာခဲ့ရကြောင်း တီးတိုးပြောပြသည်။ ကျမက သူ့ကိုကြည့်ပြီး ပြုံးလိုက်သောအခါ မင်းကတော်ခမြာ အတော်ရှက်သွားသည်။ သူ့အာမခံနှင့် စိုက်ထားသော ပိုက်ဆံ ပြန်မှ ရပါတော့ မလားဟု နှမြောသွားပုံလည်းရပါသည်။

           
ဗေဒင်ဆရာကို အဆိုးမဆိုသာပါ။ သူတို့လုပ်စားရိုးစားစဉ် လုပ်ငန်းသာဖြစ်၍ ယုံကြည်သူ၏ တာဝန် သာလျှင် ဖြစ်ပါသည်။ ဗေဒင်ဝါသနာပါသူ ယုံကြည်သူအပြင် နတ်ဝင်သည်ခေါ်လာဦးမည့် ၀ါသနာအိုး များ နောက်ထပ်မပေါ်လာခြင်းကိုပင် ကျေးဇူးတင်ရဦးမလို ဖြစ်နေပါသည်။ ထို့ကြောင့် သူ့ဗေဒင် ဆရာသည် ပေးလိုက်သော ငွေနှင့် ကြက်သားဟင်းချက်၍ ဖက်နှင့်ထုပ်ပြီး တနင်္ဂနွေဒေါင့် သွားလွှင့်ပစ် လိုက်မည့်အစား သူ့ဝမ်းဗိုက်တွင်းသို့ ဂဇော်တပုလင်းနှင့် မျှေချလိုက်ခြင်းမှာ သူ့အဘို့ အလဟဿ မဖြစ်စေသလို ယခုနောက်ထပ်ပေးမည့် ဘေးလွှတ်ရမည့် ကြက်အရှင်ကိုတော့ လက်လွှဲ အပ်လိုက်လျှင်  ယခင်လမ်းစဉ်အတိုင်း ဟင်းခွက်ထဲ မရောက်စေချင်သဖြင့် တနေရာမှာ သွားလွှတ်ခိုင်း လိုက်ရပြီး ငွေစိုက်အကုန်ကျခံသူ ဗေဒင်ဝါသနာအိုးအားလည်း သူ့ငွေများအစားပြန်ပေးလိုက်ခြင်းဖြင့် နှစ်သိမ့် စေခဲ့ပါသည်။


ကာမဂုဏ် အာဇာနည် သူရဲကောင်း ဆက်ရန်
.
(အလုပ်များ နေတဲ့ အတွက် နောက်ကျ သွားပါတယ်.. ဆုမရတဲ့ အတွက် စာဖြတ်ခြင်း မဟုတ်ပါ.. အဲဒီလို ထင်မှာကို ချစ်ညီမ က ကြောက်နေတဲ့ အတွက် ညက သူတယောက်ထဲ ရိုက်နေပါတယ်.. သမီးများ မအားပါ...)
.
>>>ဆက်ဖတ်ရန်>>> >>

မြန်မာပြည်၏ ဟယ်လင် အပိုင်း (၂၅)

ဒါက ဘာလဲဟု ကျွန်မက ပြန်မေးသည်။

ဒါက ကြေညာချက်ပဲ မင်းကို တို့က ဖမ်းမထားဘူးဆိုတာရယ် နှိပ်စက် ညှဉ်းပန်းမှု မရှိဘူးဆိုတာရယ် ရေးထားတဲ့ ကြေငြာချက်ပါ။
နောက်ပြီး မင်းဘာတွေ ဖြစ်ခဲ့တယ် ဆိုတာကို ဘယ်သူ့မှ ပြန်မပြောရဘူး ယုတ်စွအဆုံး မင်းရဲ့ ဖခင် ကိုတောင် ပြန်မပြော ပါဘူးလို့ ၀န်ခံ ကတိပေးရမယ် ဟု ဂျပန်အရာရှိက ပြောပါသည်။
ကျွန်မက ခေါင်းယမ်းပြပါသည်။ တစ်ဆက်တည်းပင် လက်မှတ်ထိုးမယ် ဒါမှ မဟုတ်ရင် ကျွန်မ လက်မှတ် မထိုး နိုင်ဘူး ကျွန်မရဲ့ အသက်ကို ၀န်ခံကတိပေးပြီး စွန့်လွတ်ရတဲ့ အဖြစ်မျိုးမဖြစ်ချင်ဘူး ဒါကြောင့် လက်မှတ် မထိုးနိုင်ဘူး ဟု ပြန်ပြောလိုက်သည်။

လှည့်စားထားတာ မဟုတ်ပါဘူး မင်းကို တို့ပြောပြတဲ့အတိုင်းရေးထားတာပါ ဟု ဂျပန်အရာရှိက ပြောပါ သည်။
ကျွန်မအား ညှဉ်ပန်းနှိပ်စက်မှုများ မပြုကြောင်း ကတိဝန်ခံချက်ကို မည်သည့်အတွက် အလိုရှိပါသနည်း ဟူသော အချက်ကို စဉ်းစား၍ မရပါ။ ကျွန်မက အိမ်ခေါင်မိုးပေါ်တက်ပြီး ထိုသတင်းကို ကြေညာပါစေ ကျွန်မ တွေးမိသလောက်ဆိုလျှင် ဂျပန်များက မှုစရမလိုပါ။ တရားဝင်တိုင်ကြားလျှင်လည်း မည်သူကမှ လက်ခံ လိမ့်မည် မဟုတ်။ မိတ်ဆွေ အပေါင်းအသင်များကို ထိုသတင်းပြောလျှင် လေကုန်ရုံသာ ရှိပါမည်။

လူတွေ အတော်များများက ကျွန်မထက်ပင် ကံဆိုးကြသေးသည်။  ဂျပန်များက လူတွေကို ဘယ်ပုံဘယ်နည်း ညှဉ်းပန်းသည်ကို လူအများအပြား သိနေကြပါပြီ။
ဂျပန်အရာရှိ ကိုယ်တိုင်လည်း ကျွန်မတွေးနေသလို တွေးမိနေဟန်တူပါသည်။ လက်မှတ်ထိုးရန် အတင်း တိုက်တွန်းခြင်း မပြုတော့ပါ။ သူ၏မျက်နှာကို အကဲခတ်ကြည့်ရသည်မှာ ကျွန်မ၏ ခေါင်းမာမှုကို တစ်နည်း တစ်ဖုံ လေးစားနေသည်ဟု ထင်မြင်မိပါသည်။ သူသည် အသေးစိတ် ရှင်းပြမနေဘဲ မင်းလွတ်လပ်စွာ သွားနိုင်ပါပြီ ဟု ပြောပါသည်။

ကျွန်မသည် လမ်းမပေါ်သို့ထွက်လာခဲ့၏။ ဘရာဘတ်တီးယားရွာသို့ ရောက်ရှိရန် ၇မိုင်မျှလမ်း လျှောက်ရ ပါဦးမည်။ ဖခင်ကြီးနှင့် ပြန်လည်တွေ့ဆုံရတော့်မည် ဖြစ်၍အားသစ်အင်းသစ် များဝင် လာသည်ဟု ထင်မှတ် ရသည်။

ကိုက်ရာပေါင်း အနည်းငယ်မျှသာ သွားရပါသေးသည်။ ခြေထောက်များ မခိုင်တော့ပါ။ ကိုယ်ကို မထိန်းနိုင် ပဲလဲကျသွားပါသည်။ ကျွန်မသည် လမ်းဘေး၌ တစ်နာရီခန့်နားနေပြီ အားပြည့်လာပြီဟု ထင်မှကြိုးစား လျှောက်ကြည့်ပါသည်။ ကိုက်အနည်းငယ်မျှသာ သွားရပါသေးသည်။ လမ်းပေါ်၌လဲ ကျသွားပြန်ပါသည်။ တစ်ကြိမ် လဲပြီးတိုင်း နောက်တစ်ကြိမ်ပြန်ထရန် ကြိုးစားရာ၌ ပိုမိုခက်ခဲလာပါ သည်။ တစ်ခါတစ်ရံ ပြန်မထ နိုင်၍ လေးဖက်ထောက်ပြီး တွားသွားရပါ၏။

တဖြည်းဖြည်း နေစောင်း၍ သွားပါသည်။ အကူအညီတောင်းရန် အတွက်လူတစ်ဦးတစ်ယောက် နှင့်မျှ မတွေ့ဆုံရသေးပါ။ ကျွန်မတွင် အင်အားများ ကုန်ခန်းနေပါ၍ စိတ်နှလုံးတုံးတုံးချမိပါသည်။ လမ်းဘေး၌ပင် ထိုနေ့ည က အိပ်စက်နားနေ၍ နောက်တစ်နေ့နံနက် အားအင်ပြန်လည် ဖြည့်ဖြိုး လာမှာ ခရီးဆက်ရန် စိတ်ကူး မိပါသည်။

ထို့နောက် ကျွန်မသည် တခွပ်ခွပ်မြည်နေသော မြင်းခွာသံကို ကြားရပါသည်။ အစာရေစာကောင်း မွန်စွာ မစားရ၍ ပိန်လှီနေသော မြင်းတစ်ကောင် ဆွဲလာသည့်မြင်းလှည်းတစ်စီင်္း ချဉ်းကပ်လာသည် ကိုမြင်တွေ့ ရပါသည်။ မြင်းလှည်းပေါ်တွင် လိုက်ပါလာသော မြင်းလှည်းမောင်းသူ ကြားလောက် အောင်ကျွန်မက အော်ဟစ် အသံပြုပါသည်။ မြင်းလှည်သမားသည် မြင်းဇက်ကြိုးကို ဆွဲပြီးကျွန်မ၏ ဘေး၌လာရပ်ပါသည်။ ရွှံ့များနှင့် ပေကျံနေသော ကျွန်မကိုအကဲခတ်ရင်း "တက်လေ"ဟု ပြောပါသည်။
ကျွန်မ တွန့်ဆုတ်ဆုတ် လုပ်နေပါ၍ "ဘာဖြစ်နေတာလဲ"ဟု သူကမေးပါသည်။
"ကျွန်မမှာ ပိုက်ဆံမရှိဘူး"ဟု ပြန်ပြောပါသည်။

ကျွန်မသည် လှည်းနောက်မြီးတွင် ၀င်တိုင်ပြိင်္း မျက်စိနှစ်လုံးကို ပိတ်ထားပါ၏။
ဘရာဘတ်တီးယား ရွာဘက်ဆီသို့ မြင်းလှည်းသည်တရွေ့ရွေ့ သွားနေပါသည်။ ထိုစဉ်ကျွန်မတို့ တူရှုတို့ ပျံသန်း လာသော လေယာဉ်ပျံသံကို နားထဲတွင် ကြားရပါသည်။ လမ်းမများပေါ်တွင် လူအသွားအလာ ရှင်းနေ သည်ကို ယခုမှသဘောပေါက်ပါသည်။

ဗြိတိသျှလေယာဉ် ပျံများသည် အညှာအတာ ကင်းမဲ့စွာဖြင့် ပြင်ဦးလွင်ကို ဗုံးကြဲနေကြဆဲ ရှိပါသည်။
လေယာဉ်ပျံ၏ စက်သံကတစ်စထက်တစ်စ ကျယ်လောက်လာသောအခါ ဗုံးချရန်လာသော လေယာဉ်ပျံ ဖြစ်ကြောင်း ကျွန်မသိလိုက်ပါ၏။ ရုတ်တရက်ချက်ချင်း ခေါင်းထဲ၌ ဖြစ်ပေါ်လာသော အသိစိတ်ဖြင့် မြင်းလှည်း ထဲမှလမ်းဘေးရှိ မြောင်းထဲသို့ ခုန်ချလိုက်ပါသည်။

စက္ကန့်အနည်းငယ် အကြာတွင်ပြင်းထန်သော ပေါက်ကွဲသံကိုကြားရပြီး ကျွန်မ၏တစ်ကိုယ်လုံး ရွှံ့များ ဖုန်များ နှင့် လွှမ်းခြုံ၍သွားပါသည်။
မြောင်းထဲမှ ကျွန်မ ထွက်လာသောအခါ ညှော်နံ့ရပါသည်။ မြင်းလှည်းမှာဇောက်ထိုး မှောက်ခုံဖြစ် နေပါသည်။ ဘီးတစ်ဘီးကလည်နေပါသည်။ သစ်သား အတိုအစများမှာ မီးခြစ်ဆံချောင်းများကဲ့သို့ တစ်စစီ လောင်နေပါသည်။ မြင်းသည်လှည်းတံရိုး နှစ်ခုကြား၌သေနေပါသည်။ မြင်းလှည်းမောင်း သမားကမူ ကိုက်၂၀ခန့် ဝေးသော အမှိုက်ပုံပေါ်၌လဲကျနေပါသည်။

လေသူရဲက ကျွန်မတို့၏ မြင်းလှည်းကိုတမင် သက်သက်ရွေးပြီးပစ်မှတ် အဖြစ်ဗုံးကြဲချခြင်း ဟုတ်ပုံ မရပါ။ လမ်းပျက်စီးသွားစေရန် ကြဲချဟန်တူပါသည်။ ထိုအချိန်၌သွားလာ လှုပ်ရှားမှုများက အလွန်နည်းနေသဖြင့် လေသူရဲက ကျွန်မတို့၏မြင်းလှည်းကို သတိမှုမိဟန်တူပါသည်။

မြင်းလှည်း ဆရာအတွက် ကျွန်မဘာတစ်ခုမှ လုပ်မပေးနိုင်ခဲ့ပါ။ ကျွန်မအပေါ်တွင် စေတနာထားခဲ့ ခြင်းကြောင့် သူသေရလေသလား၊ ကျွန်မအတွက် အချိန်လင့်ခဲ့၍သာ ဗုံးထိမှန်ခံရလေသလား၊ ကျွန်မ ဘက်က သူ့အပေါ် တရားမျှတမှု မရှိဟု ထင်မြင်နေမိပါသည်။

လေယာဉ်ပျံစက်သံ တဖြည်းဖြည်းဝေးသွားခဲ့သည်။ ပြန်လှည့်လာလေဦးမလားဟု စိတ်တထင့်ထင့် ဖြင့် သစ်ပင်များ အောက်၌ ခိုလှုံနေမိသည်။ သို့သော်ကောင်းကင်ယံတွင် တိတ်ဆိတ်မြဲ တိတ်ဆိတ်နေသည်။ ထိုနေရာမှကျွန်မထွက်လာခဲ့သည်။ ကျွန်မသည် အိပ်မက်ထဲတွင် လမ်းလျှောက်နေရသလို အရိုးအစစ်များ ကိုက်ခဲနေသည်ကို လည်းကောင်း၊ ဒဏ်ရာရသောနေ ရာများမှ နာကျင်နေသည်ကို လည်းကောင်း သတိ မထားနိုင်။ သံပတ်ပေးထားသလို တရွေ့ရွေ့ လျှောက်လှမ်းလာခဲ့ပါသည်။

ကျေးရွာများ၌ တစ်ရွာနှင့်တစ်ရွာ အချက်ပေးသတင်းပို့မှုသည် မြန်လည်းမြန် မှန်လည်းမှန်ပါသည်။ ကျွန်မသည် လမ်းခရီး၌ မြင်းလှည်းသမားကလွှဲ၍ မည်သူနှင့်မျှ မတွေ့ဆံရသေးစေကာမှု ကျွန်မကို ကင်ပေတိုင် များက ထိုနေ့မနက်ကလွှတ်လိုက်သည့် သတင်းကမူဘရာဘတ်တီး ယားရွာသို့ ရောက်သွား ခဲ့သည်။ ဂျော့နီကိုလတ်(စ်) ခေါင်းဆောင်းသောမိတ်ဆွေ တစ်စုသည် ရွာအပြင်ဘက် ရှိစမ်းချောင်း ဖြတ်ကူးသော တံတားထိပ်၌ ကျွန်မကိုစောင့်ကြိုနေကြပါသည်။

ဂျော့သည် ကျွန်မကိုကြည့်ရင်း
"ဟယ်လင်ရေ ရွာအရောက်လမ်းလျှောက် နိုင်ပါ့မလား"ဟု ကြင်နာစွမေးပါသည်။
ဒီအထိ ရောက်နေမှတော့ ကျွန်မကိုဘယ်သူဟန့်ထားနိုင်တော့မှလဲဟု ယုံကြည်မှုအပြည့်အ၀နှင့် ပြန်ပြော မိပါသော်လည်း ဖြစ်နိုင်မဖြစ်နိုင်ကတော့ သေချာရေရာသည် မဟုတ်ပါ။
ကျွန်မသည် ဖုန်တထောင်းတထောင်းထနေသော လမ်းမပေါ်၌ဟိုလူပခုံမှီလိုက်၊ သည်လူ့ပခုံးမှီ လိုက် အားပြု လိုက်နှင့် ဂေါ်ရခါးဂရွာနှင့် မလှမ်းမကမ်းတွင်ရှိသော ဂျိုးနှင့်မေဘယ် ဒင်နီရယ်(စ်) တို့အိမ် ရောက်လာ ခဲ့သည်။

သူတို့အိမ်သည် အမိုးအကာများနှင့် သပ်ရပ်စွာဆောက်ထားပါသည်။ ထိုသို့တင်စား၍ ထူးဆန်းသလို ဖြစ်ကြမည်။ ကျွန်မအနေနှင့် ရိုးသားစွာ တင်ပြရပါမူလွန်ခဲ့သော တစ်ရက်နှစ်ရက်က အချုပ်ခန်း၏ နံရံ လေးဘက် လေးတန်ရှေ့တွင် ဤနေရာသည် နောက်ဆုံးမြင်တွေ့ နေရသောနေ ရာပါကလား၊ ဤအခန်း ထဲ၌ နေရသည်ကပင် အသက်ရှင်သန်နေပါသေးကလားဟု ခံစားမိပါ၏။
ဒင်နီရယ်(စ်) မိသားစုမှာနှစ်သက်စရာ ကောင်းသူများဖြစ်သည်။ ကျွန်မကို ရေချိုးပေးကြ၊ ထမင်း ကျွေးကြ ပါသည်။

သန့်ရှင်း စင်ကြယ်သော အိပ်ရာ၊ စောင်၊ ခြင်ထောင်များနှင့် အိပ်ရပါသည်။ မဘယ်က "သူမသည် ဂျပန်အရာရှိများနှင့် တွေ့တိုင်းကျွန်မ စပိုင်တစ်ဦးမဟုတ်ကြောင်း၊ သူမအနေနှင့် တာဝန် ယူကြောင်း၊ ကျွန်မအား ပြန်လွှတ်ပေးပါမည့်အကြောင်း ပြောဆို တင်ပြခဲ့ပါသော်လည်း ဂျပန်များ သည် ခေါင်းများကို ခါယမ်းလျက် အကူအညီမပေးနိုင်ကြောင်း ပြန်ပြောခဲ့သည်"ဟု ကျွန်မကို ပြောပြပါသည်။ သူတို့ အနေနှင့် ကျွန်မ၏ ကိစ္စတွင် မစွမ်းဆောင်နိုင်ကြပါဟု ပြန်ပြောကြောင်း သိရပါသည်။
 
မီးရထား ဋ္ဌာနတွင် ဂျိုးနှင့်သူ့သားနှစ်ယောက် အလုပ်လုပ်နေကြရာ သူတို့၏ပူးပေါင်းဆောင်ရွက် မှုမရပဲ အရေးကြီးသော အစိတ်အပိုင်းများကို ကိုယ်တွယ်နိုင်ခြင်း မရှိ၍ဂျပန်များက မျက်နှာသာ ပေးကြသည်။

ဂျပန်များ ပြင်ဦးလွင်သို့ ရောက်လာကြသောအခါ သူတို့တွင် မီးရထားအလုပ်သမား စာရင်းတစ်ခု ပါလာ သည်။ အင်ဂျင်မောင်း၊ ဆီထိုး၊ မီးထိုး၊ ဂါတ်ဗိုလ် စသည်ဖြင့်နာမည်ပါတွဲ၍ ပါလာရာအလုပ် တာဝန် အသီးသီင်္းတို့ ပြန်လည်ခန့်ထားသောအခါ မည်သူမျှုငြင်းဆန်းခြင်း မပြုပဲအလုပ်ဝင်လုပ် ကြပါသည်။ အကယ်၍ ငြင်းဆန်နေပါကလည်း သေနတ်စာကျွေးပြီး မိသားစုထမ်းငတ်မည့် ကိန်းဆိုက်ပါလိမ့်မည်။

သူတို့အား လစာများ ရက်ရက်ရောရော ပေးသည့်အပြင် အိမ်လွတ်များတွင် ဌားရမ်းနေထိုင်ခွင့်ပေး ပါသည်။ သူတို့အိမ်တံခါးကြီးမျုား၏ အပေါ်၌ဘူသီးငါးပေါင်းကြော် စာတန်းကပ်ထားခြင်း အားဖြင့် မည်သူတစ်ဦး တစ်ယောက် ကမျှ ထိပါးနှောင့်ယှက်ခြင်း မပြုရဲတော့ပေ။

ကျွန်မ အဖမ်းခံနေရစဉ် အချိန်များ၌ ကျွန်မကဲ့သို့သူနာပြုတစ်ဦး ဖြစ်သူ ကျွန်မနှင့်လည်း နှစ်ပေါင်းများစွာ ရန်ကုန်၌ အလုပ်အတူလုပ်ခဲ့သူမေဘယ်က ကျွန်မ၏ဖခင်အိုကြီးကို ခေါ်ယူစောင့် ရှောက်ထားခဲ့ပါသည်။ သူမသည် အံ့သြဖွယ်ကောင်း လောက်အောင် လုပ်ပေးခဲ့ပါသည်။ သို့သော် ဖခင်ကြီး၏ ကျန်းမာရေး ဆုတ်ယုတ် ပျက်စီးသွား သည်ကို တွေ့ရသောအခါ ကျွန်မထိတ်လန့်မိပါ သည်။
သူ့အနေနှင့် လောကကြီးမှာ အသက်ရှင်သန်မနေချင်တော့ ဘူးနဲ့တူတယ်။

အခုလိုမင်းကျန်းကျန်း မာမာနဲ့ရောက်လာတာ သိရင်တော့ပြန်ပြီးနာလန် ထလာနိုင်ပါတယ်ဟု မေဘယ်က ပြောပြ ပါသည်။
ဂျိုးသည် နွားလှည်းတစ်စီး ဌားလာပြီး ကျွန်မတို့သားအဖကို ရွာသို့လိုက်ပို့ပေးပါသည်။ ကျွန်မတို့အတွက် ၀မ်းသာ အားရ ဖြစ်မိပါသည်။ ကြည့်၍ပသာဒရှိသည်တောု့ မဟုတ်ပါ။ မြေကြီးကို ရွှံ့နှင့်မံ ထားသော အခင်းပေါ်၌ ၀ါးကပ်မိုးထားခြင်းပါ။ ကျွန်မတို့အတွက် သီးသန့်ဖြစ်၍ အိမ်ဟုပင် ခေါ်ရပါသည်။ ကမ္ဘာဦး အစက အိမ်းမျိုးပင်ဖြစ်ပါစေ၊ မိတ်ဆွေအပေါင်းအသင်းများကို အချိန်ကုန်လူ ပင်ပန်းခံကာ ကျွန်မတို့ အတွက်ဆောက်လုပ် ပေးထားသည် ဖြစ်၍ကျွန်မအနေနှင့် တန်ဖိုးမဖြတ် နိုင်ပါ။

ရက်ပေါင်းများစွာ အချုပ်ခံထားရသော ဒဏ်၊ နေ့စဉ်ရက်ဆက်နှိပ်စက် ညှဉ်းပန်းခံရမှု ဒဏ်တို့မှ နာလန် ထရန် ရက်ပေါင်း များစွာ ကြာညောင်းခဲ့ပါသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

http://shwezinu.blogspot.com နှင့် မြန်မာဘလော့ အကယ်ဒမီဆုကြီး (၇)

MBBA မြန်မာဘလော့ အကယ်ဒမီဆု ေရွေးချယ်ရေး အဖွဲ့ကြီး

နှင့် ပတ်သက်၍

ရွှေစင်ဦး ၏ ယူဆချက်

အင်း အကယ်ဒမီ ဆု ကြီး နဲ့  ဒီနှစ်တော့ လွဲသွားပြီ (နောက်နှစ်တော့ ရမဲ့အတိုင်း)...၊ စတာပါဗျာ.. ဘယ်နှစ်မှာဘဲ လုပ်လုပ် ကျနော့် ရဲ့ မူဝါဒ နဲ့ မညီတဲ့ အတွက် ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ပါ...၊ ကျနော့် သဘောက ဂုဏ်သိက္ခာနဲ့ ဆိုင်တဲ့ ဆုတွေကို စာရင်းပေးပြီး ပြိုင်တာ မထောက်ခံဘူးဗျ..၊ အနိမ့်ဆုံး ဥပမာဗျာ.. ကျနော်တို့ ပြည်ကြီး မှာ စာပေ နဲ့ပတ်သက်ရင် အမျိုးသား စာပေဆု..၊ စာပေဗိမ္မာန်ဆု.. ဆိုပြီး နှစ်စဉ် ပေးလေ့ ရှိတယ်..၊ ဘယ်လို အနေအထား မျိုးမှာ ဆု ကိုရွေးချယ်လည်း ဆိုတာ ကျနော် သိသလောက် ပြောမယ်.. ကျနော် အမှတ်မှားရင် လည်း ပြင်ပေးကြပါ..။

စာပေဗိမ္မာန်ဆု အတွက်ဆိုရင် ပြိုင်ပွဲဝင်ရတယ်ဗျ..၊ အဲဒီပြိုင်ပွဲဝင် တဲ့ အထဲကမှ အကောင်းဆုံးလို့ ထင်တာကို ဆုရွေးချယ်ရေး အဖွဲ့က ဆုပေးတယ်..၊ နောက်တခါ အမျိုးသား စာပေဆု..၊ ဒီဆုကြတော့ တနှစ်အတွင်းမှာပုံ နှိပ် ထုတ်ဝေထား တဲ့ အထဲက ဆုရွေးချယ်ရေး အဖွဲ့က အကောင်းဆုံး လို့ သတ်မှတ်တဲ့ စာရေးဆရာ က ဆုရတယ်..၊ ပြိုင်ဘို့ မလိုဘူးဗျ.. ခင်ဗျားတို့ စဉ်းစားကြည့်ကြပေါ့ဗျာ.. ဘယ်လောက် ဂုဏ်ခြင်းကွာလည်း ဆိုတာ..၊ အကယ်ဒမီ အဖွဲ့ကြီး အနေနဲ့ ရည်ရွယ်ချက် ကောင်းကောင်း နဲ့ ဆုပေးပွဲ လုပ်တာကို ဝမ်းသာပါတယ်..၊ သို့သော် အားစိုက်ထုတ်မှု့ တခုတော့ လုပ်ပြီး ပြိုင်ပွဲ ဝင်ဘို့ အဆင့်မှီ တဲ့ ဘလော့ဂ် တွေကို တော့ အရင် ရွေးချယ်ပေးသင့်ပါတယ်..။

ဒီနှစ် အတွက် ဆိုရင် ပြိုင်ပွဲဝင် ဘလော့ဂ် တော်တော်များများ ဟာ ကိုယ့်သဘောမပါဘဲ ပြိုင်ပွဲ ဝင်ရတဲ့ သူတွေများ ဖြစ်နေပါတယ်.. စာဖတ်သူများ (သို့မဟုတ်) တယောက်ယောက် ကဂျောက်ချလိုက် လို့ ပါရတဲ့ ဘလော့ဂ် တော်တော် များများ ကျနော် တွေ့လို့ပါဘဲ.၊ စည်းမျဉ်း စည်းကမ်း ထဲမှာ ဘလော့ဂ် ပိုင်ရှင် ကိုယ်တိုင် စာရင်း သွင်းရမယ် ဆိုတာ ထဲ့ ထားပြီး စာရင်း သွင်းသူဟာ ဘလော့ဂ် ပိုင်ရှင် ဖြစ်မှန်း တောင် သိအောင် မစစ်ဆေးနိုင် ဘူး  ဆိုတာ တမျိုးကြီးပါဘဲ...။

နောက်ပြီး တချို့ ဘလော့ဂ် ဆု ခေါင်းစဉ် များဟာ ကိုယ်ကိုကိုယ့် အကောင်းဆုံးလို့ ယူဆပြီး ယှဉ် ပြိုင်ဘို့ မသင့်တော်တဲ့ ဆုများဖြစ်နေပါတယ်ဗျာ..၊ မြန်မာ ဘလော့ဂ်များ တိုးတက်ရေး ဘာ၊ ညာ အော်နေပြီး မြန်မာ ဘလောဂ်ဂါများ ဂုဏ်သိက္ခာ ရှိအောင် စဉ်းစား မပေးတာ လည်း နောက် တမျိုးကြီး ပါဘဲ..။

ကဲနောက်ဆုံး ပြောချင်တာကတော့ ကျနော် ဟာ ကျနော် လိုချင်တဲ့ မူ မဟုတ်တဲ့ မြန်မာ ဘလော့ဂ် အကယ်ဒမီ ဆု ပြိုင်ပွဲကို ဘယ်နှစ်မှာမှ ဝင်ပြိုင်မှာ မဟုတ် ပါဘူး..၊  နောက်ပြီး ကျနော်ဟာ  ပြိုင်ပွဲ မှာ ပြိုင်နိုင် လောက်အောင် လည်း အဆင့် မရှိပါဘူးဗျာ....၊  ဒီနှစ် လည်း ကျနော် ပြိုင်ပွဲ မှာ ပါတယ်ဆိုတာ သိရ တာနဲ့  နှုတ်ထွက် မလို့ပါဘဲ.. ဒါပေမဲ့ ကျနော့် ကို လေးစားလို့ ပေးထားတဲ့ မဲလေး မဲ ကို တန်ဘိုးထား တဲ့ အတွက် နှုတ်ထွက် ခြင်း မပြုခဲ့တာပါ... ဒါက ပြိုင်ပွဲ နဲ့ ပတ်သက်လို့ ပြောချင်တာလေးတွေပါ...။


အရှုံးကိုဝန်ခံခြင်း 

ကဲ အကယ်ဒမီ ပြိုင်ပွဲကြီးလည်း ပြီးသွားပြီ.. နိုင်တဲ့ သူတွေလည်း နိုင်..၊  ရှုံးတဲ့ သူတွေလည်း လဒ မှိုင် မှိုင်လို့  မျောက်ထိုင် ထိုင် နေတယ်..(ကျနော့် ကိုယ် ကျနော် ပြောတာဗျ) ..၊ ဒီနေ့ ဆုရ စာရင်း တွေ ထွက်တယ် ဆိုလို့ (ကိုမိုးကြီး လာပြောတာ..ကျေးဇူးပါ) ကျနော် လည်း ပြိုင်ပွဲ ဆုရစာရင်း တွေ သွားကြည့် ရင်း အင်း ငါတော့ ရှုံးပြီ.. ဒိုမိန်းကြီး နဲ့ လည်း လွဲပြီ ဆိုပြီး စိတ်ညစ်ညစ် နဲ့ ပြန်လာတယ်ဗျ... တကယ်တန်း တော့ ဗျာ.. စာဖတ်သူများ ဟာ အကင်းမပါးကြပါဘူး ..၊ ဘလော့ဂ် လောကကြီး အကျိုး အတွက် ဘယ်သူ က ဆောင်ရွက်နေလည်း ဆိုတာ လည်း မသိကြဘူး .... ကျနော် ဆိုရင် ဘလော့ လောကကြီး စည်ပင် သာယာရေးအတွက် ဘယ်လောက်များ ကြိုးစားခဲ့ ရသလည်း.. လမ်းတွေဖောက် ၊ တံတားတွေဆောက်...(ယောင်သွား လို့ပါဗျာ.. ခုလေးတင် သတင်းစာ ဖတ်ထားလို့ပါ) ဆိုတာ မသိချင် ယောင် ဆောင်နေ ကြ တာတော့ မကောင်းဘူးထင်တယ်ဗျ..။

ကဲ.. ထားလိုက်ပါတော့ဗျာ.. ရှုံးတာလည်းရှုံးပါပြီ.. ဒါပေမဲ့ ရှုံးတာကို ဝန်ခံရဲတဲ့ သတ္တိတော့ ရှိရမယ်ဗျ.. ၊ ကျနော်က ဝန်တော့ ခံချင်ပါတယ်.စိတ်ထဲတော့ သိတ်မပါဘူး..၊ ဒိုမိန်းကြီး နဲ့ ထိုင်းနိုင်ငံ စားရိတ်ငြိမ်း ဆိုတာကြီးက  ဝန်မခံရဲအောင်ကို ဖြစ်နေတယ်..၊ ကြီးလိုက်တဲ့ လောဘ.. ၊ မတော်တရား လုပ်ချင်တဲ့ လောဘ..  ဒီလောက် အများပြည်သူ ရှေ့မှာ..၊ ကမ္ဘာ အရပ်ရပ်က ဂုဏ်သိက္ခာရှိသော လူများရှေ့မှာ မဲပုံးကြီး ထောင်ပြီး ဒီလောက် မဲတွေပြတ်နေတာတောင် .. အရှုံးကို ဝန်မခံနိုင်အောင် ဖြစ်နေတယ်ဗျာ...၊ ဖြစ်နှိုင်ရင် အကယ်ဒမီ ဆုပေးပွဲ ကြီး နောက်တကြိမ်လုပ်ခိုင်းပြီး  မနိုင်မခြင်းပြိုင်ရ ကောင်းမလား လို့ပါ...အကြံဆိုးတွေ.. အကြံဆိုးတွေ .. ....။

ဒါပေမဲ့ ဒီတခါ ပြိုင်ပွဲ လုပ်ရင်တော့ ကျနော် မနှိင် နှိုင်တဲ့ လူတွေ မထည့်တော့ ဘူးဗျ.. ဥပမာ .. ဂုရုကြီးသမီး ဘလော့ဂ်တို့ မြစ်တို့၏ မာယာဘလော့ တို့ ကို မြစ်ကျိုးအင်း တို့ ဆိုရင် ကျနော် စာရင်း ကို အသွင်းမခံတော့ဘူး.. ကျနော့် ငယ်နိုင် တွေ ဖြစ်တဲ့ ကိုကြီးကျောက် တို့ ကိုမောင်တို့ ကိုမိုး တို့ ဆိုရင် လာခဲ့ လာခဲ့... သဘောထားကြီးကြီး နဲ့ ကျနော် ကိုယ်တိုင် မဲရုံကြီး ရှေ့မှာ မဲပုံးကြီး ဘေးထားပြီး ခန့်ခန့်ကြီး ကို ဓါတ်ပုံ အရိုက်ခံ အုန်းမှာဗျ..ကဲ ချစ်သော ဘလော့ဂ် ဂါ တို့ရေ  ဘယ်လိုလည်း ကျနော် မနိုင်မချင်း အကယ်ဒမီ ဆုကြီး အတွက် မဲပုံးထောင်ဘို့ ဘဘောတူကြတယ်နော် ....၊ ကဲ.... ကြာသလား လို့ ကျနော် ဆုရရင် မမေ့ပါဘူးဗျာ.. အတူတူ ဝေမျှ စားကြ တာပေါ့...။

ကဲ..ဒါကတော့  ကျနော် နဲ့ အတူ ပြိုင်ပွဲကို အသဲတထိပ်ထိပ် ရင်တဖိုဖို နဲ့ အရှုံး အနိုင်ကို ပဓါန မထားဘဲ.. ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြတဲ့. ချစ်သော အရှုံးသမား ဘလောဂ်ဂါများ ( မဲတမဲ တိုးသွားတိုင်း တိုးသွားတိုင်း...  တပက် တပက် တီးခဲ့ ကြတဲ့ ဘလော့ဂ်ဂါ အသောက်သမား များ  (ကိုမိုး.. ကိုနွေဆူး..ကိုဏီလင်းညို...)  တို့ကို မရည်ရွယ်ပါ... ) ကို.. အပြုံးလေး နဲ့ အရှုံးကို ယဉ်ဆိုင်ဘို့ စနောက် ပြီး ရေးခဲ့ တာပါ......။

တကယ်တန်းတော့ တသက်တခါ ဒီလိုလေး မဲပုံးထောင်ပြီး လူလိုသူလို အရွေးမခံရဘူး ဘူး ဆိုတော့ အခွင့် အရေး ရတုန်း ကျနော် ကိုယ် ကျနော် အမေရိကန် သမ္မတ ရွေးကောက်ပွဲ လိုလို ဘာလိုလို နဲ့ အရှုံးကို ဝန်ခံတာလေး ဘာလေးနဲ့ လုပ်နေတာပါဗျာ... ။

ကျနော်သာ အရှုံးကို ဝန်မခံရင် ပထမ ရတဲ့ ဘလော့ဂါလေး ခမျာ တလည်လည် နဲ့ တရားဝင် အနိုင်မရမှာ ကို ကိုယ်ချင်းစာပြီး သနားလွန်းလို့ပါ  http://shwezinu.blogspot.com  လေး အရှုံးကို ဝန်ခံပါတယ်. ကျနော် ဟာဖြင့် စာဖတ်သူ ပရိသတ် ကြိုက်အောင် လုပ်မပေးနိုင်ခဲ့ပါဘူး.. ကျနော် တကယ် ရှုံးပါတယ် .. ပထမ ရတဲ့ ဘလော့လေး က တော်လွန်းပါတယ်.. ကျနော်က ရှော်လွန်းပါတယ်.. ကဲ ပထမ ရတဲ့ ဘလော့ဂ် လေး ခင်ဗျား.. ဆက်လက် ပြီးတော့ အစွမ်းရှိသမျှ ကြိုးစား ဆောင်ရွက်နိုင် ပါစေလို့ ဆုတောင်း ပေးလိုက် ပါတယ် ။

နောက်ဆုံးအနေနဲ့ အခု မြန်မာဘလော့ အကယ်ဒမီဆုကြီးကို ဆွတ်ခူးသွားတဲ့ သက်ဆိုင်ရာ ခေါင်းစဉ် အလိုက် ဆုရခဲ့ ကြတဲ့ ချစ်သော ဘလော့ဂါ များကို ဂုဏ်ပြုချီးကျူးရင်း ကျနော် ရွှေစင်ဦး အရှုံးကို ဝန်ခံပါတယ်... ဆိုတာကို စာဖတ်သူများအား အသိပေးပြောကြားပါတယ် ခင်ဗျား.....။

လေးစားစွာဖြင့်

စာရေးသူ-ရွှေစင်ဦး
ဆုကြည်ချင်လျှင်- http://www.mmblogpress.org/for-regt-to-vote-for-vote/
.
(Connection မကောင်းတဲ့ အတွက် ကျနော် အနိုင်ရ ဆုမဲများကို မတင်ပြနိုင်ပါဘူး ဆီပုံးထဲမှာ ကိုမိုးကြီး ပြောထားတဲ့ လင့် အတိုင်းသွားကြည့် ကြပါခင်ဗျာ.. ကျနော် ခေါင်းစဉ် အောက်က ဆိုရင် နှင်းနဲ့မာယာ..၊ နောက်... ကိုပီတာ..၊ ကိုမြစ်ကျိုး တို့ ပထမ ဆုရသွားပါတယ် ဗျား )
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, February 24, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆၀ အပိုင်း (၂၉)

အကြံပိုင်သော ငခွေး

 စစ်ကြို အင်္ဂလိပ်ခေတ်ဖြစ်သော ၁၉၃၉ခုနှစ်မှ ဖွင့်လှစ်အစပြုခဲ့သည့် ကျမတစ်ဦးတည်းပိုင် အမည်တပ် မှတ်ပုံတင်ထားသော တိုင်းပြည်ပြု ပုံနှိပ်တိုက်မှာ ဂျပန်ခေတ် အဓိပတိ ဒေါက်တာဗမော် အစိုးရ ခေတ်မှ အင်္ဂလိပ် များ ပြန်လာ၍ ဗမာ့ လွတ်လပ်ရေး ရသောအချိန်အထိ ကျမအမည်နှင့်ပင် ရှိခဲ့ပါသည်။

အဓိပတိ ဒေါက်တာ ဗမော် အစိုးရ ထုတ်ဝေသော ဗမာ့ခေတ်သတင်းစာကို အငှားလက်ခံရသော အလုပ်နျင့် အခြားသော ပုံနှိပ်တိုက်ဆိုင်ရာ ပြင်ပလုပ်ငန်းများ ကျမ၏ စာအုပ်တိုက်မှ စာအုပ်များ ရောင်းချခြင်းစသော ကျမပိုင်လုပ်ငန်းမှ ၀င်ငွေများ ပေါ်တွင် စည်းကြပ်သော အမြတ်တော်ကြေးခွန်များ ကိုလည်း ကျမတဦး တည်း၏ အမည်နှင့် ကောက်ခံခြင်း ပေးဆောင်ခြင်းပြုခဲ့ရမြဲဖြစ်ပါသည်။ ထိုအခါက အမြတ်တော်ကြေး စည်းကြပ်ခံရသော စာရွက်စာတမ်းများ ပြေစာများသည် ယခုတိုင် ကျမထံ တချို့တလေ ရှိနေပါသေးသည်။

နေ့ရောညပါ အလုပ်သမားတွေ အိမ်ကြီး၏ အပြင်ဘက်မှာ ၀ိုင်းနေကြသလို အိမ်အတွင်းမှာ လည်း အိမ်ပေါ် အိမ်အောက် နေ့ညမဟူ လူတွေ စုံလျှက်ရှိရာ ညဦးပိုင်းတွင် စာဖတ်သူဖတ် စန္ဒယားတီးသူတီး ဘိလိယက် ထိုးသူထိုး ပိုကာကစားသူက ကစားကြသည်။ အချို့က ကိုယ့်အိမ်ရာ ကိုယ်ဝင်ပြီး မအိပ်ချင်ဘဲ လဲလျောင်း ကာ အကြံပိုင်သော ငခွေး ဇာတ်လမ်းကို စဉ်းစား နေကြလျှက် တဦး တယောက် ကလည်း လူအလစ်မှာ အိမ်ပေါ် မကြာခဏ တက်ခါ ရေဒီယိုကို နားသောတ ဆင်ပါသည်။

ထိုခေတ်က ဂျပန်များသည် ရေဒီယို နားထောင်သူများအား နိုင်ငံခြား သတင်းများ နားမထောင် နိုင်အောင် ဖြတ်တောက် ပြီး ပြည်တွင်း သတင်း သူတို့ လွင့်ပေးသမျှလောက်သာ နားထောင်ခွင့် ပေးထားပါသည်။ သို့ရာတွင် သူတို့ဖြတ်ပုံ ဖြတ်နည်းမှာ မအောင်မြင့်ဘဲ နိုင်ငံခြားသတင်းများ ဖမ်းယူ ရရှိနေရာ နားထောင် လိုသူများ သည် ရေဒီယိုတွင် နှစ်ကိုယ်ကြား အသံတီးတိုးထားဖွင့်၍ နားထောင်လေ့ ရှိသည်။ ထိုအခါက နိုင်ငံခြား သတင်း ဆိုသည်မှာ သိပ်ဝေးဝေး ကွာကွာကြီးက မဟုတ်ပါ အိန္ဒိယမှနေ၍ လွှင့်သော ရေဒီယို သတင်း များသာ ဖြစ်၍ စစ်အခြေအနေ သတင်းများဖြစ်ပြီး ဗမာဘာသာနှင့် ဒေါ်မြစိန် ဒေါ်သန်းအေး အိန္ဒိယ ရောက် တက်ဘုန်းကြီး သိန်းဖေ (ဦးသိန်းဖေမြင့်) တို့က အသံလွှင့်ကြပါသည်။

ညဉ့်ဦးပိုင်းမှာ အိမ်အောက်ထပ်၌ လူတွေရှိနေစဉ် ရေဒီယို သွားနားထောင် ဦးမည် ဆိုပြီး အိမ်ပေါ်ထပ် တက်သွား သူကို မည်သူမျှ ယုံမှာ သံသယရှိဘို့မလိုပါ။ ရေဒီယို နားထောင်သူသည် ကိုယ့်အခန်းတွင်းမှာ ပိပိ စီးစီး နားထောင်နေမည်ဟုသာ ထင်ကြပါသည်။ နံရံတချပ်ကို ကျော်လွှား၍ အခြားသော အခန်းများသို့ ကူးသန်း ၀င်ထွက်စရာ အကြောင်းရှိနိုင်မည်မဟုတ်ပါ။ ပါးလွှားသော သစ်သားထရံကာ အခန်းသည် ခြေတလှမ်း နှင့် ရောက်နိုင်ရန် လွယ်ကူ သလောက် ကာ   နှင်ဂုဏ်သိက္ခာ တံတိုင်းကြီးမှာ ရဲတိုက်နံရံကဲ့သို့ ခိုင်ခံ ရပါမည်။ လူ့စည်းကမ်း လူ့သိက္ခာကို စောင့်စည်းရမည့်တာဝန် ကိုယ်စီနှင့် လူ့ဘ၀ အဆင့်အတန်းကို တန်ဖိုး ထားတတ်သူ ဟူ၍ ယူဆ ထားခဲ့ခြင်းရှိသောကြောင့်လည်း ထွေထွေ ထူးထူး တင်ကူး၍ စိတ်ပူပင်မှု မဖြစ် ခဲ့ပါ။

သို့ရာတွင် များမကြာခင် ရေဒီယိုခိုးနားထောင်ခြင်းကို အကြောင်းပြု၍ အမှုပတ်လာပါတော့သည်။ တနေ့သော ညဉ့်၁၀-နာရီ လောက်အချိန်မှာ ဂျပန်ကင်ပေတိုင် အဖွဲ့သည် အိမ်ကို ၀ိုင်းထားပြီး အိမ်တွင်း ၀င်လာကြ သည်။ အပေါ်ထပ် တက်လာပြီး အိမ်ခန်းတံခါးကို ခေါက်၍ ဖွင့်ပေးရသည်။ ကင်ပေတိုင် ကြီးကြီး မာစတာ များ အခန်းထဲသို့ ၀င်လာက (……) သူ့အား ဖမ်းဆီးသည်။ ရေဒီယိုနားထောင်မှုနှင့် ပတ်သက်၍ ရန်သူ့ အဆက် ဟု အမည်တပ်ပြီး ဟုတ်မဟုတ် စစ်ဆေးမည်ဟုဆိုသည်။

ကျမက စိုးရိမ်ပူပန်မှုရှိနေသည်ကို တွေ့ရသော ဂျပန်မာစတာ က ဗမာစကားမပြီမသနှင့် အမေ  အမေ ဒီမှာ ကောင်းကောင်း နေ သူမကောင်းဘူး ခေါ်သွားမယ်ဟု ပြောသည် ညစဉ်ရေဒီယို ခိုးနားထောင်မည်ဆိုပြီး အိမ်ပေါ် တက် တက်သွားဒါလဲ အမှန်ဘဲဖြစ်သည်။
 
ဒါတွေကို ဘယ်လိုလုပ်ပြီး ကင်ပေတိုင်အဖွဲ့ကသိရသနည်း တဦးဦးက အိမ်တည်းမှနေပြီး သတင်းပို့ပေး၍ သော်၎င်း အိမ်ကိုဝင်ထွက်ဆက်ဆံနေသူများက သတင်းပေး၍သော်၎င်း အပြင်မှ မလိုသူများနှင့် ကင်ပေ တိုင် စုံထောက်များ သူလျှိ များနှင့် ပူးပေါင်း၍ မကောင်းကြံ ဂျောက်တွန်းခြင်းကြောင့်၎င်း အကြောင်း အမျိုးမျိုး နှင့် စုပေါင်း ဖွဲ့စည်းလျက် အိမ်ပေါ်တက်၍ ဖမ်းဆီး ခေါ်ယူသွားခြင်း ခံရသည်သာ ဖြစ်ပါသည်။

နောက်တနေ့ နံနက်မှာ ကျမသည် ဘာလုပ်ရမှန်းမသိ ဘယ်ဆီဘယ်နေရာသို့ ခေါ်သွားသည် ဘယ်လို ကြီးကျယ်သော အပြစ်မျိုးနှင့် ယိုးစွပ်သည်ဟု မသိရပါ ကင်ပေတိုင် အချုပ်စခန်း ဌာနများမှာလည်း ရန်ကုန် မြို့ကြီး တ၀ိုက်၌ နေရာ အနှံ့အပြား ရှိသည်။ ကင်ပေတိုင် အချုပ်စခန်းဌာနများအနီးအပါး၌ နေထိုင် သူများနှင့် ဖြတ်သန်းသွားလာသူမိသူများသည် နားမချမ်းမြေ့ ဖွယ်ရာအသံများ ဖြစ်သော လက်သဲခွာ ရေနွေး လောင်း ဇောက်ထိုးဆွဲ ပါးရိုက် နားရိုက်ခံရသူတို့၏ အမလေး အဘလေး တ သ ဟစ်ကြွေးသံ အော်ပစ် ညည်းတွား သံများကို ငရဲပြည်ရောက်သွားသည်နှင့် မခြား ကြားရမြဲ ဖြစ်ပါသည်။
 
အပြစ်မရှိ၍ ကင်ပေတိုင် အချုပ်ခန်းက ပြန်လာရသူများမှာလည်း တော်တော်နှင့် လူစဉ်မမှီဘဲ တချို့လည်း ခြောက်လ ခုနှစ်လရှိလျှင် သေဆုံးသွားရသည်ချည်း ဖြစ်ပါသည်။ သို့ကြောင့် မည်သူမဆို ဂျပန် ကင်ပေ တိုင်က ဆွဲသွားလျှင် အရှင်လတ်လတ် ငရဲပြည် ရောက်ရသည်ဟု ယူဆထား ရသူချည်း ဖြစ်ရကား ဆွဲသွား လျှင် လည်း လူတရာမှာ ၁၀ဦးလောက်သာ ပြန်လွတ်လာတတ်သည်က သာဓကတခုက ရှိနေပြန် သောကြောင့် မျှော်လင့်ချက်မှ ရှိပါ့မလားဟု စိုးရိမ်ကြောင့်ကြမှုမျိုးနှင့် ဘယ်သူ့လိုက် ရှိခိုးရမှန်း မသိနိုင် အောင် အခက်တွေ့ နေရပါသည်။

ကင်ပေတိုင်ဋ္ဌာနချုပ်

သူ့အား ဂျပန်ကင်ပေတိုင်အဖွဲ့က ဆွဲသွားပြီးဆိုသော သတင်းကို ကြားရသောအခါ မျက်စိမလှ မျက်နှာမလှ ဖြစ်ကုန်ကြသည်။ ကြောက်ရွံ့ကြသည်။ အိမ်သာတုန်း ဧည့်လာသလို ၀င်ထွက်နေသူများလည်း ခေတ္တ တံ့နားသွားကြသည်။ ရင်းနှီးသူအချို့နှင့် အစိုးရအဖွဲ့ဝင်အချို့ ၀န်ကြီးအချို့ လာရောက် မေးမြန်းကြ စေကာမူ သူတို့လဲဘာမှ မတတ်နိုင်၊ အကူအညီမပေးနိုင် ရှိနေကြတာ သူတို့ကပါ ဂျပန်ကင်ပေတိုင်အဖွဲ့ အထင်မှား မည်ကို ကြောက်နေရပါသည်။ တနေ့သူတို့ကို ကင်ပေတိုင်က သင်္ကာယနမကင်းလျှင် အချိန် မရွေး ဆွဲနိုင်သော အာဏာရှိနေသော ကြောင့် ဣနြေ္ဒရရနေရသည်။ ဗမာပြည် တ၀ှမ်းလုံးမှာ အလား တူ ဂျပန် ကင်ပေတိုင်အဖွဲ့ကို ကြောက်လန့်နေရပါသည်။

ဤအချိန် ကလေးအတွင်း ဖြီးဖြန်းစားပေါက်ထွင်ရန် ရောက်လာသူ အမျိုးမျိုးနှင့် တွေ့ရသည်။ ဗေဒင် မေးပေးမည်။ ဓါတ်ရိုက်ပေးမည်ဆိုသော အဆွယ်ကောင်းများကို၎င်း၊ ဂျပန်စစ်ဗိုလ်တွေနှင့် ခင်မင် ရင်းနှီး သည်။ သူတို့ကို ထမင်းကျွေးအရက်တိုက်ပြီး ဘယ်နေရာမှာထားသည်။ ဘယ်လိုအပြစ်ကြောင့် ဘမ်းသွား သည်ကို သိအောင် မေးမြန်း စုံစမ်းပေးမည်ဆိုပြီး ငွေလေးငါးရာတောင်းသူမျိုး ကမရှား။
 
ကျမသည် ၀တ္တရားရှိသမျှ ဘယ်ကဲ့သို့ ဆောင်ရွက်ရမည်ကို မတွေးတတ်အောင် ဖြစ်နေဆဲမှာ ဗုဒ္ဓဘာသာ ဂျပန်ဘုန်းတော်ကြီး ဦးနာဂါအီကို သွား၍ သတိရပါသည်။

ဦးနာဂါအီသည် ဂျပန်စစ်ဘက်မှ စစ်ဗိုလ်ကြီးများ ကင်ပေတိုင်က လူကြီးများနှင့် သြာဇာညောင်းသည်၊ ၀င်ဆန့် သည်ကို ယခင်ကပင် သိရှိရပါသည်။ ပုံနှိပ်တိုက်အတွက် လျှပ်စစ်ဓါတ်မီးများ တပ်ဆင် ပေးရာမှာလည်း အကူအညီပေးခဲ့သူ ဖြစ်သည်၊ ကျမက ဆွမ်းတကာမအဖြစ်နှင့် ဆွမ်းချိုင့် ပို့နေခဲ့သည်မှာ တနှစ်နီးပါး ရှိခဲ့ပါသည်။ ဂျပန်တွေ ပေါ် သြဇာ ရှိသော်လည်း ဘုန်းတော်ကြီး ဦးနာဂါအီမှာ ဆွမ်း ကွမ်းကိစ္စ၌ ရသမျှနှင့် ရောင့်ရဲနေရသည် ကို သိရှိရသောကြောင့် ကျမက ဆွမ်းဟင်းကောင်း များနှင့် ဆွမ်းချိုင့် နေ့စဉ် လှူခဲ့ရာ မနက် ၁၀ နာရီလောက်မှာ ကျောင်းသားငယ် ၂ယောက်က အမြဲဆွမ်းချိုင့် လာယူလေ့ရှိပါသည်။ ဘုန်းတော်ကြီး နေထိုင် သီတင်းသုံးရာ ခေတ္တ ကျောင်းစခန်းမှာ အထက်ဂေါ်ဒ၀င် လမ်းနှင့် ဟယ်လပင် လမ်းဒေါင့်ရှိ ခြံကျယ်ကျယ်၏ အလယ်မှာတည်နေသော ဗိုလ်အိမ်ကြီးတလုံး ဖြစ်ပါသည်။

ကျမသည် ဂျပန်ခေတ်က ယဉ်အဖြစ်အသုံးပြုကြရသော လေထိုးဘီးမတပ်နိုင်သားရေလုံးများ နှင့် တပ်ဆင် ထားသည့် ဆိုက်ကားတစီးငှား၍ မိန်းမဖေါ်တယောက်ကို အဖေါ်အဖြစ် ခေါ်လာပြီး ဘုန်းတော်ကြီး ဦးနာဂါအီ ထံသို့ ဆွမ်းချိုင့်ယူလာသော ကျောင်းသားများနှင့် အတူလိုက်လာခဲ့ရပါသည်။ ဘုန်းတော်ကြီး ဦးနာဂါအီမှာ စစ်ကြို ခေတ်ကပင် ဗမာပြည်မှာ လာရောက်သီတင်းသုံးပြီး အနေကြာ၍ ဗမာစကားပြောနိုင်သည်။

၁၉၄၀-ခုနှစ်အထိ အင်းလျား ကန်စောင်းကေ ဘကြီးခြံအလွန်ရှိ တရုပ်ကျောင်းမှာနေပြီး နေ့စဉ် ခြေလျင် လာ၍ ရွှေတိဂုံကုန်းတော်ပေါ်သို့ ဘုရားဖူးတက်သည်။ လာလမ်းတလျှောက်၌ တရားစည်ဖူးတက်သည်။ လာလမ်း တလျှောက်၌ ပလုပ်တုတ် အကြီးစား တမျိုးကို တီးခတ်လာလေ့ရှိပါသည်။

ကျမသည် ဘုန်းတော်ကြီး ဦးနာဂါအီ ထံသို့ ရောက်လာသောအခါအဖြစ်အပျက် အကျိုးအကြောင်းကို ပြောပြ ရပါသည်။ ဖမ်းခေါ်သွားပြီးနောက် ဘယ်နေရာမှာထားသည်၊ ဘယ်အမှု အပြစ်ရှိ၍ ဖမ်းဆီးသည်ကို သိလို ကြောင်း မေးမြန်းစုံစမ်းပေးရန် အပူကပ်ရပါသည်။ ဘုန်းတော်ကြီး ဦးနာဂါအီလည်း ဂျပန်စစ်ဘက်မှာ သူ၏ ကျောင်းနှင့် ဆက်သွယ်ပေးထားသော တယ်လီဖုန်းကို ကောက်ကိုင်ကာ သုံးလေးနေရာ ဆက်၍ မေးမြန်း ပါတော့သည်။ ဂျပန်ဘာသာစကားနှင့်မေးမြန်း ပြောဆိုနေသဖြင့် ဘာမှနားမလည်ပါ အတန်ကြာမှ တယ်လီဖုံးခွက် ကို ချလိုက်ပါသည်။

ကျမသည် ဘုန်းတော်ကြီး ပြောပြမည့် အဖြေကိုသာ နားစွင့်ရပါသည်။ ဦးနာဂါအီက မေးမြန်းလို့ ရပြီ ဖြစ်ကြောင်း၊ ရေဒီယိုလှိုင်း တို့ကို ခိုးနားထောင်မှုအပြင် အခြားမသင်္ကာဘွယ်ရာများ စစ်ဆေးလို၍ ကင်ပေတိုင် အဖွဲ့မှ ဘမ်းဆီးခြင်းဖြစ်သည်။ ထားသောနေရာမှာ ရန်ကုန်မြို့တွင်းရှိ ကင်ပေတိုင်အဖွဲ့မှ ဘမ်းဆီး ခြင်း ဖြစ်သည်။ ထားသောနေရာမှာ ရန်ကုန်မြို့တွင်းရှိ ကင်ပေတိုင် ဋ္ဌာနချုပ်ကြီးအဖြစ် ပြုလုပ် ထားသော ကန္နားရုံးကြီး ရောက်သွားသော အမှုမျိုးသည် အခြား အမှုမျိုးထက်ပို၍ အရေးကြီး တတ်သည်။ အခြေအနေ ဘယ်သို့ရှိမည် သိလိုကြောင်း ဘုန်းတော်ကြီးအား အကူအညီပေးနိုင်သမျှ ပေးစေလိုကြောင်း၊ ရေဒီယို ခိုးနားထောင် မှုမှတပါး အခြား၊ကြီးလေးသော အမှုကိစ္စများကို ပြုလုပ်သူမဟုတ်ကြောင်း ပြောပေး ရန် ထပ်မံနားပူရပြန်ပါသည်။

ဘုန်းတော်ကြီးဦးနာဂါအီသည် တတ်နိုင်သလောက် အကူအညီ ပေးပါမည်ဟု အာမခံရှာပါသည။် ၄င်းပြင် မနက်ဖန် မနက် ၁၀နာရီခန့်သူ့ကျောင်းသို့ လာခဲ့ရန် သူနှင့်အတူ ကန္နားရုံးကြီးရှိ ကင်ပေတိုင်ဋ္ဌာနချုပ်သို့ လိုက်ခဲ့ရန် ခေါ်သည်။ လာသောအခါ အ၀တ်လဲစရာပို့သည့်အနေနှင့် အ၀တ်သစ်တစုံကို ယူခဲ့ရန်မှာ လိုက်ပါသည်။

ထိုခေတ် ထိုအချိန်က ရန်ကုန်ကန္နားရုံးကြးတ၀ိုက်မှာ ဂျပန်ဘက်ဌာနဆိုင်ရာတို့သာ နေထိုင်သော အရေး ကြီး လှသည့် တားကက်ခေါ် ရပ်ကွက်ဖြစ်၍ လေကြောင်း ဒုက္ခပေးအခံရဆုံးဖြစ်ပြီး ကင်ပေတိုင် ရပ်ကွက် အချက်အခြာဋ္ဌာနဖြစ်သောကြောင့်လည်း အနီးအပါးသို့ပင် မည်သူမျှ မသီမကပ်ဝံ့ပါ၊ သွားလာခွင့် လည်း မပြုဘဲ အထူးသဖြင့် ကြပ်တည်းစွာ အစောင့်အထပ်ထပ်ချခထား၍ ဂျပန်စစ်တပ်သား တို့ လှံစွပ်ကြီး တကားကားနှင့် လမ်းသလားနေသောနေရာဖြစ်ပါသည်။ နေ့စဉ်နှင့်အမျှ အင်္ဂလိပ်ဗုံးကြဲလေယာဉ်များ လာတတ်သော အချိန်မျိုး ဖြစ်နေပြန်ရာ မနက်ဖြန်မှာ အသက်ကို ကမ္မသကာ ထား၍ အခြေအနေသို့ ရောက်ရှိ နေပါသည်။

ကြာကူရီ ဇာတ်ခင်းနေသူတွေ ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>