ညီမ မဒမ်ကိုး က အစားအသောက်တွေ နဲ့ ပတ်သက်လို့ ကျန်းမာရေး အသိပေး ပိုစ့်
လေး ဘလော့ဂ် မှာ ရေးခိုင်းပါတယ် ... ကျနော့် အရင်ရေး တဲ့ ဘလောဂါ
တွေရှိပါတယ် ... အင်မတန် အကိုျးရှိပါတယ် ... အတော်ပြည့်စုံပါတယ် ....
ကျနော် မှာတော့ ပညာဗဟုသုတ ကလည်း နည်း ... ရှာဖွေ တူးဖော်ဖို့ ဝိရိယ ကလည်း
မရှိတော့ ... ကျနော် နဲ့နီးစပ်ရာ ကို အစားအသောက် နဲ့ ကျန်းမာရေး ပညာလေး
ပေးကြည့်တဲ့ အတွေ့အကြုံလေးဘဲ ရေးမယ် စိတ်ကူးပါတယ် ....
ဆိုင်မှာ ကလေးတွေ ဟင်းချက်ပါတယ် ... ဆီလျှော့သုံးဖို့ ပညာပေးပါတယ် ... တလ နေတော့ စာရင်းခုျပ် ကြည့်ပါတယ် ... ထူးမခြားနား ပါဘဲ ဒီဆီ ဒီဆီ ကုန်တာပါဘဲ .. ဆက်ပြောရင်လည်း ကပ်စီးအိုး ဖြစ်ရတော့မယ် ဆိုတော့ မပြောတော့ပါဘူး ... ဆိုင်သုံးဖို့ သကြားဝယ်ခိုင်းပါတယ် ... အကောင်းဆုံးလို့ သူတို့ ယူဆတဲ့ အဖြူဆုံး သကြား ကို ဝယ်လာပါတယ် ... ချွတ်ဆေးမသုံးတဲ့ သကြားအညို တွေ ဝယ်ဖို့ ပြောပါတယ် ... သူတို့ နားမလည်ပါဘူး .. ဈေးချိုတဲ့ သကြားဆိုတော့ မကောင်းဘူးလို့ ဘဲထင်ပါတယ် ... ဆရာမ ဂျီးများတယ်ပေါ့ ...
ဟင်းသီးဟင်းရွက် ချက်ရင် ဓါတုဆေးဝါး ဒဏ်တွေ နဲနဲ ခံသာအောင် ... ဆားရည်နဲ့ တနာရီလောက် စိမ်ပြီးမှ ကြော်ဖို့ ချက်ဖို့ ပြောတယ် ... ပြောရင်တော့ ဟုတ်ကဲ့ ပြောတာဘဲ ... လုပ်မလုပ် မသေချာ ပါဘူး .. ဆိုင်မှာ အသီးအရွက် မစားတဲ့ ကလေးတွေ ရှိပါတယ် ... လုံး၀ မစားတာပါ ... ဟင်း အနှစ်နဲ့ ချက်ရင်တောင် အသား ကို ရေဆေးပြီး .. ထမင်း ကို ဆီဆမ်းဆားဖြူး ပြီး အသား သက်သက် နဲ့ စားပါတယ် ... ဟင်းသီးဟင်းရွက် မစားရင် ဖြစ်လာမဲ့ ရောဂါ တွေ ကို အာပေါက် မတတ်ပြောပြပါတယ် ... ကျနော့် ရှေ့တော့ ဟုတ်ကဲ့ ပြောပြီး ထမင်းပန်းကန်ထဲ ထည့်တယ် .. ခဏနေ သွားကြည့်ရင် ဟင်းပန်းကန် ထဲ ပြန်ထည့် တယ်... အမှိုက်တောင်း ထဲ ပစ်ထည့် တယ် ... ကျနော် မမြင်ချင်ယောင် ဘဲ ဆောင်ပါတော့တယ် ...
အိမ်က တူလေးတွေ (https://www.facebook.com/htetmyatayechan.maymyo, https://www.facebook.com/minluaye.chan.7 ,https://www.facebook.com/phyothant.kyaw.18 , နဲ့ တူမချောလေး https://www.facebook.com/sunyeinnyeinchan.mdy ) ဟာ အိတ်ခွံလှလှလေး တွေ နဲ့ ထဲ့ထားတဲ့ Junk food မုန့်တွေ ကို အများကြီး စားပါတယ် .. တခါကများ တူငယ်လေး https://www.facebook.com/minluaye.chan.7 က ကြက်ပေါင်လား .. ကြက်ခြေထောက်လား မသိဘူး ... အိတ်လှလှလေး နဲ့ ထဲ့ထား တဲ့ မုန့် က သိပ်ကောင်းတယ် အစစ်နဲ့ သိပ်တူလို့စားပါလို့ လာကျွေးတယ်... အန်တီ မစားဘူး ... သားလဲ မစားရဘူး ... မကောင်းဘူး .. ရေရှည်ခံအောင် လုပ်ထားတဲ့ အတွက် အန္တာရာယ် များတယ် ... ငှက်ပျောသီး .... ကန်စွန်းဥ.. ပိန်းဥ.. အာတလွတ်ဥ ... ပြောင်းဖူး ..ပဲမြစ် .. မြေပဲပြုတ် ... ထန်းပင်မြစ် စတဲ့ ရာသီပေါ်လေး တွေ ဘဲ စားဖို့ ပြောပြပါတယ် .. လုပ်ပေးပါတယ် ... သူ တို့ မစားပါဘူး ..... ဒါတွေ မှ မကြိုက်ရင် မုန့်ပြစ်သလက်လေး ... မုန့်ပေါင်းလေး .... စားပေါ့ လို့ ပြောတော့ ... အန်တီရွှေစင်ဦး စိတ်မှန်ရဲ့ လားလို့ အကြည့်ခံရပါတယ်...
ချစ်ချစ်ကြီး https://www.facebook.com/thein.soekywe ညီမအလတ် https://www.facebook.com/paukpauk.estateagent နဲ့ ချစ်ညီမ https://www.facebook.com/seesein.shin တို့ ဟာ အအေးဗူး လှလှလေး တွေ ကို ရေခဲသေတ္တာ ထဲက ထုတ်ပြီး တဗူးပြီး တဗူး အားရပါးရ သောက်ကြပါတယ် ... မနေနိုင်တဲ့ ရွှေစင်ဦး က သံပရာသီးလေး ညှစ်ပြီး သကြားလေး ဆားလေး နဲ့ သံပရာရေ လေး ဖျော်သောက်ကြပါလား ပိုကောင်းပါတယ် ... သံပရာ ရေ မကြိုက်ရင်လည်း မန်ကျီးရည် သောက် ... ဟို ဗွီဗွီ ဆိုတာ ကို မသောက်ဘဲနဲ့ (ဝိုင်တပုလင်း နဲ့ မည်သို့ မှ မပတ်သက်ပါ) မီးဖိုချောင်ထဲက ပုလင်းထဲ မှာ အိမ်က မန်ကျီးပင် ကြီး က ရတဲ့ မန်ကျီးသီးမှည့် လေးတွေ ကို အခွံချွတ်ပြီး ဆားနဲ့လုံးထားပါတယ်... အဲဒါလေး ထန်းလျှက်လေး နဲ့ ဖျော်သောက်ပါလား လို့ ပြောပြန်တော့ ကိုယ်ဘဲ တခြားကမ္ဘာက လူသား ... ကိုယ် ဘဲ လူ့ ဂွစာ.. ဖြစ်ရပြန်ပါတယ် ...
အိမ်က ယောင်းမလေး https://www.facebook.com/chan.daughter နဲ့ မောင်အငယ်ဆုံးလေး https://www.facebook.com/nyein.chan.104 တို့ မိသားစု ဟာ မနက်အစောစာ အဖြစ် ရှမ်းခေါက်ဆွဲ .. ဆန်ပြား .. ဖက်ထုတ် .. လိုမျိုး ဆိုင်က အစာ တွေ ကို နေ့တိုင်းစားပါတယ် ... ပိုက်ဆံလည်း ကုန်တယ် .. ရေရှည် ဆိုရင် ဆိုင်အစားအစာ ဆိုတော့ ကျန်းမာရေး အတွက်မကောင်းဘူး ... မနက် အစောထပြီး ထမင်းအိုးလေး တည် ထမင်းပူလေး နဲ့ ပဲပြုတ်လေး .. အကြော်လေး နဲ့ စားကြပါလား ... လို့ ပြောဖို့ ကြံရွယ်ပါတယ် ... မနက်မိုးလင်း က မိုးချုပ် စာသင်ရတဲ့ ယောင်းမလေး မျက်နှာပြန်မြင်ပြီး ပြောချင်တာတွေ မြို့ချထားရပါတယ် ...
နောက်ဆုံးတော့ ကျနော့် ဖေဖေ မကွေးပြောင်းတုန်း က ကြုံရတာလေးတွေ ပြန်သတိရမိတယ် .. လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာ က ကျနော်ရဲ့ ဖေဖေ မကွေးတက္ကသိုလ် ကိုပြောင်းရတယ် ... အဲဒီအချိန်က တက္ကသိုလ် ဖြစ်ပြီလား မဖြစ်သေးဘူးလားတော့ မမှတ်မိတော့ပါ..
ထမင်းစားချိန်ရောက်ရင် ကျောင်းသား တခိုျ့ ရဲ့ ခါးမှာ ပုလင်းလေးတွေ အသီးသီး ထိုး လို့ ... တခိုျ့ ကျောင်းသားတွေ ကတော့ ပုလင်းလေးတွေ ကိုင်လို့ ထမင်းစားဆောင် Dining room ကို သွားကြတယ် ... အစောပိုင်းကတော့ ဘာရယ်မသိတတ်ဘူး ... နောက်တော့မှ ဆီပုလင်းလေး တွေ ဆိုတာသိလာတယ် ... အညာသားတွေ ဆီကြိုက်ပုံ က ဘာဟင်းချက်ချက် ဆီမဆမ်း ဘဲ မစားတတ်ကြဘူး .... အိမ်က မောင်အကြီးဆုံး https://www.facebook.com/zaw.maymyo ကလည်း ဆီသိပ်ကြိုက်တယ်.. ဘာဟင်းချက်ချက် ဆီဆမ်းလိုက် ရမှ ဆားဖြူး လိုက်ရမှ ကျေနပ်တယ် ..... ဒီခေတ်လိုမိုျး ဆီမသန့် တာတွေ... ဆီကြောင့် ဖြစ်တဲ့ ရောဂါတွေများ ရကြရင် အညာသားတွေ ဒုက္ခရောက်ပြီပေါ့ ....
အဲဒီခေတ် ကတော့ ကိုယ့် ပဲခင်းထဲက ရတဲ့ ပဲနဲ့ ကိုယ့်ကြိတ်ဆုံ နဲ့ ကိုယ်ဘာသာ ကြိတ်တဲ့ ဆီ ဆိုတော့ ပြဿနာ သိပ်မရှိဘူးထင်ပါရဲ့ ... အခု ပုံအတိုင်းသာ အဲလို ဆီ ဆက် စား နေရင်တော့ အသက်တိုမှာ သေချာပေါက်ပါဘဲ ... များသောအားဖြင့် တော့ တချို့တလေကလွဲ လို့ နေပုံထိုင်ပုံ စားသောက်ပုံ တွေ သိပ်မပြောင်းကြပါဘူး ..
မကွေးတက္ကသိုလ် မှာ အလုပ်လုပ်နေတဲ့ ကျနော့် ဖေဖေ https://www.facebook.com/hla.myint1 က မိသားစု မပါတော့ ထမင်း ဟင်း ချက်မစားပါဘူး .. ဆိုင်တွေမှာ ကြုံသလို ဘဲ စားပါတယ်... တနေ့တော့ ထမင်းဆိုင် တဆိုင် မှာ ထမင်းစားပါတယ် .. ဆိုင်မှာ ယင်ကောင်တွေ သိပ်များနေတော့ ထမင်းစားတဲ့ ဖေဖေ လည်း ထမင်းစားလိုက် ယင်မောင်း လိုက်နဲ့ အလုပ် ရှုပ်နေတာပေါ့ ... နောက်တော့ ဖေဖေ ဒုက္ခ ကို မကြည့်ရက်တဲ့ ဆိုင်ရှင် အဒေါ်ကြီးက ...
ဆရာ ရယ် ထမင်းစားရတာ ဒုက္ခများလိုက်တာကွယ် ... ယင် စားတာ သိပ်မကုန်ပါဘူး ... ဒေါ်ကြီး ပြန် ထဲ့ ပေးပါမယ် ... ထမင်း သာ အေးအေး စားပါလို့ ပြောတယ်တဲ့ ... ဖေဖေ ခမျာလည်း ယင် မမောင်းဘဲ ထမင်းဆက် စားရရင်လည်း အခက် ... ယင်မောင်းပြန်ရင်လည်း ယင်စားတာလေး တောင် မသဒ္ဒါ တဲ့ လူ့ကပ်စီးအိုးကြီး ဖြစ်ရတော့ မယ် ... ဆိုပြီး ထမင်းမဝ ဘဲနဲ့ ထ လာခဲ့ရသတဲ့ ... (တကယ်တော့ ညစ်ပတ်တဲ့ ဆိုင်တွေကို ဟာသလုပ်ထားတဲ့ ပုံပြင်လေး တပုဒ်လည်း ဖြစ်နိုင်ပါတယ်)
ကျနော်လည်း အခုတော့ ကျနော့် ဖေဖေ လို ထမင်းမဝ ဘဲ ထ ရမဲ့ ဘဝရောက်နေပါပြီ .... အားလုံးဘဲ ကျန်းမာရေး အသိ ကြွယ်စွာ နဲ့ စားသောက် နေထိုင်ပြီး ...အသက် ရာကျော် ရှည်ပါစေဗျာ ....
(ညီမ မဒိုးကန် လည်း ကျေနပ်ပါနော်)
.....................................................................................................................................
မနက်ဖြန် 25 - 10 - 2013 သောက်ကြာနေ့ ကျနော်မွေးနေ့ပါ ... ဝက်သားအိုးကြီးချက် နဲ့ ဆွမ်းလောင်းပါမယ် (နေ့တိုင်းတော့ အရောအနှောလေးပေါ့) ...
ရှစ်ဆယ့်ရှစ် အရေးတော်ပုံပြီးတော့ ကျနော့် မောင်အလတ်လေး https://www.facebook.com/ko.win.1840 စစ်ကိုင်းချောင် တခုမှာ ကိုရင်ကြီး သွားဝတ်ပါတယ် ... သုံးလလောက်ကြာပါတယ် ... ကျနော် တို့အိမ်ကလည်း အစားအသောက် သိပ်မပို့နိုင် ... ချောင်ကလည်း သိပ်ခေါင်တော့ သူခမျာ အစားအသောက် ရှားပါး ပါတယ် ... လူထွက် လာတော့ အိမ်မှာ ကိုရင်ကြီး အတွေ့အကြုံတွေ အမြဲပြောပြပါတယ် .....
တပတ်မှာ တရက် ရွာတရွာက ဘုံဆွမ်းကို ဝက်သားအိုးကြီးချက်နဲ့ လောင်းပါတယ် တဲ့ ... အဲဒီဘုံဆွမ်းလောင်း မဲ့ ရက်များဆို စောစောစီးစီး ထပြီးဆွမ်းခံရတာ တက်ကြွနေတယ်လို့ ပြောပါတယ် ... မောင်လေး က ဝက်သားသိပ်ကြိုက်တယ်လေ .. ဘာဘဲဖြစ်ဖြစ် အာသဝေါ တရားမကုန်ကြသေးတော့ အမြဲတမ်း အမှတ်နဲ့ မစားနိုင်ကြဘူးပေါ့ ... အနည်းဆုံးတော့ ဆွမ်းခံကြွတဲ့ စာသင်သားကိုရင်လေးများ ဝက်သားအိုးကြီးချက် နဲ့ ဆွမ်းစားရင်း သာသနာ တည်မြဲရေးအတွက် တရားစာပေများ ကျက်မှတ်နိုင်ကြ ပါစေ လို့ ဆုတောင်းပြီး မွေးနေ့ ဆွမ်းဟင်းလေး လောင်းပါတယ်ဗျာ ....
ချစ်သော စာဖတ်သူ များ နဲ့ ဘလောဂါ များအားလုံး ... မြန်မာပြည်အတွင်းမှာ... ကမ္ဘာအရပ်ရပ် မှာ နေထိုင်ကြတဲ့ လူမျိုးမရွေး ဘာသာမရွေး လူသား အားလုံး ကျန်းမာချမ်းသာစွာနဲ့ အသက်ရာကျော် ရှည်စေဖို့ မွေးနေ့ ဆုမွန်လေး တောင်းပေး လိုက်ပါတယ်....
(ချစ်သော ဖေဖေ နဲ့ မေမေ ကိုလည်း ဒီစာလေး နဲ့ မွေးနေ့ မှာ ကန်တော့ပါတယ် .. ချစ်သော မောင်နှမ များအားလုံး ချစ်သော တူ တူမ များအားလုံး ကို လည်း ထည့်သုံး ထားတဲ့ အတွက် ဟုတ်သော်ရှိ ... ဟုတ်သော်ရှိ ... ခွင့်လွှတ်ကြပါလို့ ပြောရင်း အမကြီး အတွက် မွေးနေ့လက်ဆောင် ကောင်းကောင်းလေး များပေးကြ ပါ လို့ တောင်းဆိုပါတယ် )
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
အစားအသောက်နဲ့ ပတ်သက်လို့ ပညာပေးရေးကြတဲ့ ပို့စ်လေးတွေ ဖတ်ကြည့် လို့ ရအောင် ထပ်မံ ရှယ်လိုက်ပါတယ် .. တကယ်ဖတ်သင့်တဲ့ ပိုစ့် လေး တွေ ပါဘဲ ...
ညီမဒိုးကန် ရဲ့ ကျန်းမာဘေးကင်းရောဂါရှင်း (သို့ ) ကြိုတင်ကာကွယ် ကင်ဆာအန္တာရာယ်
http://madankoo.blogspot.com/2013/09/blog-post_12.html
ကိုညီလင်းသစ် ရဲ့ ယူရီးယား (သို့) ရင်းနှီးနေသော တစိမ်း
http://nyilinnthit.blogspot.com/2013/09/blog-post_24.html
ညီမ မိုးငွေ့ ရဲ့ အစားအသောက်နှင့် ကင်ဆာ
http://coralnyo.blogspot.com/2013/10/blog-post_8.html
တီတီဆွီ ရဲ့ အာဂျီနိူမိုတို (သို့) အခိုျမှုန့် (သို့) MSG (သို့) ၆၂၁ ရှာပုံတော်
http://auntysweet.blogspot.com/2012/07/msg-621_23.html
.
>>>ဆက္ဖတ္ရန္>>> >>