မနေ့က ခွေးအိုကြီး အလကား ပေးပါမယ်ဆိုတော့ မယူချင်ပါဘူးတဲ့.. ယူချင် တဲ့ သူတွေလည်း သနား တယ်ဗျာ.. ဒီခွေးကြီး အကြောင်းမသိကြလို့ပါ..၊ တော်တော် ယုတ်ကန်းတဲ့ ခွေးအိုကြီး.. နောက်မှ သူ့အကြောင်း ကျနော် ကြုံ ရင် ကြုံသလို ပြောပြပါမယ်...၊ အခုတခါ ပြောချင်တာကတော့ ခွေးပျိုလေး ဗျ.. လှမှ လှ ခါးလျားရှည်လေး နဲ့ အမြီး ဖားဖား လေးနဲ့ သူ့ နာမည် က ဆိုဖီတဲ့.. သူ ကလည်း ကျနော်တို့ အိမ်ပေါက် ခွေးဘဲ... လှလည်းလှ လိမ်လည်း လိမ္မာလို့ ကျနော်တို့ တအိမ်လုံးက တအားချစ်ကြတယ်..။
အဲဒီ ဆိုဖီလေးကလည်း မျက်စိရှေ့တင် အပျိုဖြစ် ယောက်ကျားရ ပြီး ကိုယ်ဝန်ရှိသွားတယ်ဗျ.. ၊ ဒီခွေးမလေး ကတော့ ကိုယ်ဝန်ရှိမှကို တအီအီနဲ့ သခင်တွေ နားကကို မခွာတော့ဘူး ချွဲလွန်းသလားမမေးနဲ့.. တအိမ်လုံး ကတော့ ဆိုဖီလေးနဲ့ သူ့ ဗိုက်ကလေး ကို တကြည့်ကြည့် နဲ့ပေါ့ ဂရုစိုက် ရတာလည်း မောနေတာဘဲ ..ဗိုက် ကလေး ကတော့ သိပ်မပေါ်ဘူး ဗျ.. ဒါပေမဲ့ အပျိုဗိုက် မလိ့ု မပေါ်တာပေါ့...၊ ဒီလိုနဲ့ သူမွေးဖွားချိန် ရောက်လာပါရောဗျာ.. အပေါ်တက်လိုက် အောက်ဆင်းလိုက် နဲ့ ဂဏမငြိမ်ဘူး ဟိုကုတင်အောက်ဝင် ဟိုဘီရိုကြားတိုး နဲ့ သူ့ ဝပ်ကျင်း ကိုရှာနေ တာလည်း မောနေတာဘဲဗျာ..။
သူက အဲဒီလို ဂဏာ မငြိမ်လေ သူ့သခင်တွေက သဲသဲလှုတ်လေ နဲ့ ဟန်ကျနေတာဗျ..ခဏနေ ဟိုစီပီလိုင်း ထဲက သူတို့ family doctor ကိုထွေး ကြီးဘဲ ပြေးခေါ်ရမလား ဟို ကရင်ဆရာဝန်ကြီး ဘဲပြေးခေါ်ရမလား နဲ့ မောင်လေး တွေကလည်း အသင့်ပြင် နေကြပြီ..၊ ဆိုဖီလေး က ပြာယာခတ်နေတာဗျ.. အပေါ်တက်လိုက် အောက်ဆင်းလိုက် နဲ့ ပါးစပ်ကလည်း ညီးညူ နေတော့ တအိမ်လုံး စိတ်မချမ်းသာ လိုက်တာဗျာ..၊ နောက်ဆုံးတော့ ဆရာဝန် ခေါ်ဘို့ သဘောတူ ဆုံးဖြတ်ကြပြီး ကိုထွေးကြီး ပြေးခေါ်ကြတယ်..။
ကိုထွေးလည်း ရောက်လာရော သူ့ကို ချော့ မော့ပြီး စမ်းကြည့်လိုက်တယ်.. အမယ်လေး လေး ဒါ ကိုယ်ဝန် အတုကြီးတဲ့.. တကယ် ကလေး ရှိတာမဟုတ်ဘဲနဲ့ ကလေး ရှိချင်တဲ့ စိတ်ရောဂါတမျိုး တဲ့ ကျနော် တို့ဖြင့် အံသြယူရရော.. အမလေး ဆိုဖီမ ဟန်ဆောင်ကောင်းလိုက်လေခြင်းပေါ့... ကိုထွေး က ဆက်ပြောပြန်တယ်.. ဒါဟန်ဆောင်တာတော့ မဟုတ်ဘူး.. တကယ် ကို စိတ်ရောဂါ ပါတဲ့ .. လူတွေမှာ လည်း ကလေး သိပ်ရခြင်နေတဲ့ မိန်းမပျိုလေး တွေ မှာ အဲဒီလို ကိုယ်ဝန်နဲ့ တထပ်ထဲ တူတဲ့ လက္ခဏာ တွေ ပေါ် ပြီး နောက်ဆုံးတော့ ကိုယ်ဝန် မဟုတ်ဘူးပေါ့.. ၊ ကြား ကြားဘူးပေါင်ဗျာ.. မဆိုဖီတို့ ကတော့ ကိုယ်ဝန် အတု ဆောင်ပြီး တအိမ်လုံး ဒုက္ခပေးသွားတယ်ဗျ...။
ခွေးပြီးရင် ကြောင်အကြောင်း ဆက်လိုက် ရအောင် ကြောင်စုန်းတဲ့ ကျနော် ထင်တာတော့ ကြောင်စုန်း ဆိုတာ ဇတ်တူသား စားတဲ့ ကြောင်တမျိုး စရိုက်ကြမ်း တဲ့ ကြောင်တမျိုးထင်တာဘဲ.. ကျနော် တို့ အိမ်မှာ ကြောင်မွေး စ ရက်ကလေး တွေဆို ကြောင်စုန်းကို တအား ဂရုစိုက်ရပါတယ်.. ၊ တခါတော့ ကြောင်ပေါက် စကလေး တွေ သတိမေ့ပြီး အုပ်မထားမိဘူး.. တခါထဲ ကြောင်လေး တွေခမြာ မနက်မိုးလင်းတော့ ခေါင်းလေး တွေ ကျန်တော့တယ်. တည ထဲနဲ ၂ကောင် ၃ကောင်လောက် စားသွားတယ်.. ကျနော် တို့လည်း အဲဒီကထဲက ကြောင်စုန်း ဆိုရင် မှတ်သွားတယ်...။
နောက်တခါ တောကြောင် ပေါ့ ..၊ ကျနော် သိတဲ့ တောကြောင် ကတော့ မုဆိုး ဝတ္ထုတွေ ထဲ က အရက်နဲ့ မြီးတဲ့ တောထဲက ကြောင် ဘဲသိတယ်.. ဒါပေမဲ့ အိမ်က မေမေ တို့ ပြောတာတော့ အိမ်မွေးကြောင် တွေ သိပ်ကြီးသွားရင် တော စိတ်ဝင်ပြီး တော ထဲ ထွက်သွားတတ်တယ် ဆိုပြီး ကျနော် ငယ်ငယ် ကတော့ အိမ် က အထွား ဆုံး ကြောင်ကြီး ရွှေဝါ ကို တောစိတ်ပျောက်အောင် ဆိုပြီး အိမ်ထဲ ပိတ်ပိတ် ထားတာတော့ တွေ့ဘူးတာဘဲ..၊ ဟုတ်မဟုတ် တော့ မသိပါဘူးဗျာ...။
အင်း..လူလည်း ကြောင် တွေ ခွေးတွေ အကြောင်းပြောရလွန်းလို့ ညောင် ညောင် အော် ရမလား ဝုတ် ဝုတ် ဟောင် ရမလား တောင် ဖြစ်နေပြီ တော်မှ တော်မှ....။
မတော်ခင် .. အိမ်က ခွေးအိုကြီး အကြောင်း အတင်း နဲနဲ တုတ် လိုက်အုန်းမယ်..၊ အဲဒီ ခွေးအိုကြီး က မျိုး ရိုးမကောင်း တဲ့ ဗမာမျိုး စစ်စစ်ဗျ.. ဒါပေမဲ့ ကျနော် သိတဲ့ ဗမာ မျိုးတွေက တော့ ကောင်းတယ်ဗျ.. သူ့ကြည့် ရတာ မသန့် တဲ့ တခြား မျိုးတမျိုး ရောတယ် ထင်တယ်...၊ လူဆိုရင် တော့ မျိုးရိုးမသန့် ဘူးပေါ့ဗျာ...၊ မိမစစ် ဘမစစ် ကလေ ကချေ မျိုးဆိုတာပေါ့...။
အဲဒီ မျိုးရိုး မသန့်တဲ့ ခွေးမ ကြီး ဟာ လမ်းဘေးခြုံပုတ် တနေရာမှာ ကလေး ၆ ကောင်လောက် အားတိုင်း မွေးပြီး စားရမဲ့ သောက်ရမဲ့ ဖြစ်နေတုန်း ကျနော့် မေမေ ကတွေ့ပြီး သနားတာနဲ့ ထမင်း သွားသွား ကျွေးတယ်ဗျ.. ။
ခွေးမကြီး အစာဝဝ စားရတာပေါ့.. အဲဒီလို နဲ့ နဲနဲ ပြောင်ပြောင် ရောင်ရောင် ဖြစ်လာတုန်း.. မန္တလေး မှာ လေကြီးမိုးကြီး တွေကြပြီး ဆက်တိုက် မိုးတွေ ရွာတယ်ဗျ.. ခြုံပုတ် ထဲမှာ မလုံမခြုံ နဲ့ ဒုက္ခရောက်နေတဲ့ ခွေးမကြီး ကို မေမေ က ထမင်းသွားကျွေးရင်း နဲ့ မကြည့်ရက်လို့ အိမ်ခေါ်လာတယ်.. သူ့ကလေး တွေထဲက တကောင်က အခု အိမ် က ခွေးအိုကြီး ရဲ့ အမေပေါ့ ဗျာ...။
အဲဒါက မျိုးရိုးမကောင်းတဲ့ ခွေးအိုကြီး ရဲ့ရာဇဝင် အစပါ။ နောက်မှ ကြုံသလို ဆက်ပြောပြပါအုန်းမယ်..။
ကျနော် လည်း အခုရက်ပိုင်း ညည ဆို ကောင်းကောင်း မအိပ်ရဘူး.. ခွေးအိုကြီး ရဲ့ မဲမဲ မြင်တိုင်း တဝွတ်ဝွတ် ဟောင်သံ နဲ့ ဆိုတော့ ( ဝုတ်ဝုတ် အသံက မပီတော့ ဝွတ်...ဝွတ် နဲ့ ) ကျနော် ကလည်း သူ့ဝွတ် သံကို ကြားတိုင်း ကြောက် ကြောက်နေတာ.. အင်း ဒို့ ဘော်ဒါကြီး ဘာတွေများ မဟုတ်တာတွေ လုပ်နေပါလိမ့်.. ဟိုတလောက တအိမ်လုံးပြိုင် လူသတ်မှု့ ကြီး နဲ့ မကင်းမကင်း များ ဖြစ်နေလို့လား.. ဟို Company 10 ခုပြိုင် လာဘ် စားမှု့ နဲ့ များ သက်ဆိုင်နေလို့ ညည ခွေးဟောင်သံကြားတိုင်း အိပ်မရ ဖြစ်နေသလား လို့ အထင်တော်တွေ ကြီးမသွားကြပါနဲ့ ခင်ဗျား...၊ကျနော်ဟာဖြင့် မတရားမှု့ တခုမှ မပြုလုပ်ခဲ့ပါ.. တရားမှု့ များကိုသာပြုလုပ်ခဲ့ပါတယ်..၊ ဒါပေမဲ့ ခက်တာက မ ကလေး နေရာရွေ့ သွားမှာကိုပါဘဲ...။
ပြောရရင် ကျနော် ဟာ ဥပဒေ ကို အင်မတန် လေးစား လိုက်နာတတ်သူပါ..၊ စိတ်မပူကြပါနဲ့ ခင်ဗျား...၊ ဒါပေမဲ့ အခု တလော ကျနော့် ဆိုင်လေး ဟာ ပရိသတ် ရဲ့ ချစ်ခင်မှု့ ကြောင့် အင်မတန် မှ အလုပ်များ နေတဲ့ အတွက် ကျနော် ချစ်သမီးများ ဟာ ဆိုင်မှာ ၂၄ နာရီ အလုပ်ဆင်း နေရတဲ့ အတွက် ဆိုင် မှာ ညမအိပ် စာရင်း (ဧည့်စာရင်း) တိုင်ဘို့ ကျနော် မေ့ မေ့ နေတာကို သွား သွား သတိရပြီး ကြောက် ကြောက် နေတာပါဗျာ..။
ကဲ.. ကျနော် လည်း လေရှည်နေလို့ မဖြစ်တော့ ဘူး.. အလုပ်တွေက တပုံကြီး စောင့်နေတယ်ဗျ..။
လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.

5 comments:
ကြောင်တွေ တောစိတ်မ၀င်အောင် နှုတ်ခမ်းမွှေးတွေကို ညှပ်ပေးလိုက်ဗျ။ အဲဒီလိုလုပ်ရင် တောစိတ်ပျောက်တယ်။ ခွေးအိုကြီးအကြောင်းကနေ ချစ်သမီးတွေအကြောင်း ကြော်ငြာဝင်လာတော့ နည်းနည်းတောင် အတွေးရှုပ်သွားတယ်။
မရွှေဇင်ရေ...
ကျွန်တော်ကတော့ ခွေးရော...ကြောင်ရော...နှစ်မျိုးလုံးကို ချစ်တယ်ဗျ...း))
အရင်တုန်းက...အိမ်မှာဆို ကျွန်တော့်ရဲ့ကြောင်မလေးတွေသားပေါက်ရင် အိပ်ရေးပျက်ရောလေ...။
ကြောင်အကြီးကြီးတွေ...ညညဆို လာကိုက်တတ်ကြလို့ကိုးးးးးး
ခင်မင်တဲ့
ဏီလင်းညို
ကိုထွေးဆိုလို့ ဘယ်သူများလည်းလို့.. လက်စသတ်တော့ ခွေးဒေါက်တာကိုး...
းဝ)
ခွေးအိုကြီးက မည်းမည်းမြင်တိုင်း ထဟောင်နေတယ်လား။ သူ ဟောင်တာ ဂွတ်ဂွတ်ပါ။ သေချာ စဉ်းစား နားထောင်ကြည့်ပါ။:)
မအယ် က ဘယ်ကြောင်တွေကို ပြောတာလဲဆိုတော့ အသေသာ သတ် ပြောဘူး။:)
မမ...ရန်ဘိုလေးပေးပါဆို မပေးဘူး :( ...ဒါဆိုရင်လည်း ဆိုဖီလေးကိုပေး... :)
ချစ်ညီမလေး
Post a Comment