ဒီနေ့ တနေ့ကုန် အမှားတွေ ကျူးလွန်နေတယ်ဗျ..၊ မနက်မိုးလင်းကထဲက ချစ်ညီမ က ခရီးသွား မှာ မလို့ လစာစာရင်း တွေ အကုန် အဆင်သင့် လုပ်တယ် ..၊ အားလုံးလည်း ပြီးသွားပြီ.. ညီမ ကလည်း စိတ်ချ လက်ချ သွားပြီ...၊ ကျနော် နဲ့ လစာ အိပ်ကြီး နဲ့ ကျန်နေတယ်..၊ ကျနော် လည်း.. ပြီး ပြီးရော ငါ့ လက်က လွတ်.. ကျွတ်.. အေးရော ဆိုပြီး အကုန် လစာတွေ ပေးပြစ်လိုက်တယ်..။
ကလေး တွေက အံသြ နေကြတာ.. ဆရာမ ဘာလို့လည်းတဲ့.. ကျနော် က လည်း အဲဒါကို သဘော မပေါက်ဘူး.. နောက်မှ ဒီနေ့ လမကုန်သေးဘူး လေတဲ့....အင်း..စိတ်များ မပြောချင်ပါဘူး..၊ ကဲ မထူးပါဘူး တရက်စော ပေးတာဘဲ.. နောက်ကြ တာမဟုတ်တာ ဆိုပြီး ..ခပ်တည်တည်နဲ့ ငါ့ သားသမီး တွေ ပင်ပန်းလို့ စောပေးတာပေါ့...၊ ခဏနေ ညီမ လုပ်သူက ဖုန်းဆက်လာတယ်.. လကုန်ရက် က မနက်ဖြန် နော်တဲ့ .. ပေးပြီး သွားပြီလို့.. မထူးပါဘူးဗျာ...။
အမှန်တော့ ကျနော်က မနေ့ကထဲက ကျနော့် စိတ်ထဲမှာ..မမေဒါဝီ ပြောတာကို စိတ်စွဲနေတာ ၂၇ ရက် နေ့ ကို အထူးပို့စ် တင်ပါပြောထားတာကို သတိရပြီး...အိပ်ယာထဲ ရောက်မှ အဲ ဒီနေ့ ဒို့ ရဲ့ သမီးရီးစား သက် ၁၁ နှစ်အိမ်ထောင်သက် ၁၈ နှစ် ၂၉ နှစ်ပြည့် ဘဲပေါ့ ဆိုပြီး မမေဓါဝီ ပြောတဲ့ ..အထူးပိုစ့် လည်း မတင် လိုက်ရဘူးဆိုပြီး ချစ်ချစ်ကြီးများ အမှတ်ရ မလားဆိုပြီး ရန်လုပ်မလို့ ကြည့်လိုက်တော့ တခေါခေါနဲ့ အိပ်နေလိုက်တာ... အင်း.. စိတ်ကုန်စရာကြီးပါလား.....ပြီး ခဲ့တဲ့ ၁၈ နှစ် မင်္ဂလာဦးည ကတော့ ဒီရွှေမင်းသမီး လေး ကိုရတာ တကယ်မှ ဟုတ်ရဲ့လားဆိုပြီး ညည ထ ထ စမ်းရတာ မောနေတာဘဲ အခုများတော့ ဗျာ.. မင်းအလုပ်ကြီးဘဲ ဆိုပြီး မျက်စောင်း တထိုးထိုး နဲ့ ယောက်ကျား များ မကောင်း လိုက်တာ.. ။
နောက်ပြီး..ဒီနေ့ ဟာ ဒို့ မင်္ဂလာ ဆောင်တာ ၁၈နှစ် ပြည့်ပါလား ဆိုပြီး ဟို ဝတ္ထုတွေထဲကလို မင်္ဂလာ အထိမ်းအမှတ် စိန်လက်စွပ်လေး ဘာလေး သတိတရ များ ပေးဘို့တော့ ဝေးပေါ့....၊ အခုတော့ စိန်လက်စွပ် အသာထားလို့ လောကကြီး ရင်ဆိုင်ရတာ မောလွန်းလို့ ည ည တယောက် မျက်နှာ တယောက် မကြည့်မိအောင် သတိထား နေရတယ်..၊ ကြည့်မိရင် နင့် ကြောင့် ငါ့ ကြောင့် ပင်ပန်း ရတာဆိုပြီး နဘန်းလုံး မိမှာ စိုးလို့ .. ။
မနက်လင်းတော့ `မောင် ရေ မနေ့က အမှတ်မရလိုက်ဘူး ၊ ချစ် တို့ မင်္ဂလာဆောင်တာ ၁၈ နှစ် သမီးရီးစား သက်တမ်း ၁၁ နှစ် နဲ့ပေါင်းရင် ၂၉ နှစ်ပြည့်ပြီနော်.. မေ့သွားတယ်.. အဟင်း..` ဆိုတော့ ဟုတ်လားတဲ့ မောင်စိတ်ထဲမှာ မင်း နဲ့ မင်္ဂလာ ဆောင်တာ နှစ် ၁ဝ၀ လောက်ရှိသွားပြီလားလို့တဲ့.. ၊ မချစ် မနှစ်သက်တဲ့ သူများ နဲ့ ပေါင်းသင်းနေထိုင်ရရင် တယ်ကြာတာဘဲ.. ချစ်တဲ့သူများ နဲ့ နေရရင် တော့ ၂၉ နှစ်ဟာ ၂၉ရက် လောက် ထင်ရမှာနော်...။
ကဲ..စတာပါဗျာ.. ဒီလောက် ချစ်စရာ ကောင်းလွန်းတဲ့ ယောက်ကျား ကြီး ကို ၁၁ နှစ်တိတိ စောင့်ယူ ထား ရတာဆိုတော့ ...အဟင်း ချစ်ကြပါတယ်ဗျာ..၊ အလုပ် ရှုတ်နေလို့ ဘာအထိမ်း အမှတ်မှ မလုပ်ဖြစ်ပေမဲ့ ကျနော်တို့ ၂ ယောက် ချစ်နေကြ ဆဲပါလို့.....။
(မေ့တာတော့...မေ့သွားတယ်..ရက်မှားပြီး မေ့သွားတယ်.. ၊ တကယ်တော့ ဒီနေ့ မှ ၂၉ နှစ်ပြည့်ပါ......ဒီနေ့ ရက်အမှန်သိလိုက်တာ နဲ့ အမြန်ရေးလိုက်ရတယ်)
မမေဓါဝီ ရေ ကြားတဲ့ အတိုင်းပါဘဲဗျာ..၊ အထူးပိုစ့် မတင်ဖြစ်တဲ့ အတွက် ခွင့် လွှတ်ပါ. နောက်ထပ် ကြုံအုန်း မှာပါ..။
လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.
16 comments:
မမရွှေစင်...
မင်္ဂလာချစ်ခရီး နှစ်၁၀၀တိုင်ပါစေ...
ဖြတ်မရတဲ့..နွယ်
သတ်မရတဲ့..နွယ်
ဖယ်မဖြစ်တဲ့..အရိပ်
တွယ်ရစ်တဲ့..အရိပ်
တကယ်ချစ်တဲ့ စိတ်ကြောင့်လား
သြော် ၂၉ နှစ်ကြီးများတောင် ရှိသွားပါကော့လား..
ရာသက်ပန် ပျော်ရွှင်ချမ်းမြေ့ကြပါစေ။….
မရွှေစင်ဦး ချစ်ချစ်ကြီး နဲ့ က ၂၉ နှစ်ချစ်ခရီးတိုင်ခဲ့ လား။ ဆထက်တပိုးတိုးချစ်နိုင်ပါစေဗျာ။
ဒီအချိန်တော့ ငယ်သေးတယ်ဗျ။
အသက် ၇၀ ၈၀ လောက်မှ ချစ်မ၀ ရှု့ မ၀ ဖြစ်လာတာ။
ဘာပြောမယ်မှတ်တုန်း ........
အိမ်က အဘွားကြီး ရော?????
အိမ် က အဘိုးကြီး ရော?????
အဲဂလို အဲဂလို ချစ်နေကြတုန်းဗျ။
ခင်မင်သော
မောင်မောင်
မင်္ဂလာ...ရှိသော မင်္ဂလာနှစ်တွေပေါ့..
မင်္ဂလာတွေထပ်ပီး ချစ်ချစ်ကြီးနဲ့အတူ ... ရာသက်ပန်
ချစ်ပွဲဝင် နိုင်ကြပါစေ။
မင်္ဂလာဆုတောင်း
ချစ်လျက် ချစ်မြဲ
ချစ်ဆဲ ကမ္ဘာမှာ
မေတ္တာခိုင်မြဲ ရွှေလက်တွဲကာ
ပျော်ရွှင်မဆဲ တသဲသဲနှင့်
ချစ်ရည်လောင်းကာ မြတ်နိုးစွာနှင့်
နှစ်ပေါင်းအသင်္ချေ ရွှေလက်တွဲစေကြောင်း
တောင်းဆုဝေကာ ပို့သလိုက်ပါတယ်...အမတော်..။
ရွှေစင်...၂၉ နှစ်ကြီးများတောင်...ရွှေစင် ဘယ်နှနှစ်မှာ ရည်းစားစထားတုန်း...ဖြေပါ...:))
မရွှေစင် ၂၉ နှစ်ပြည့် မင်္ဂလာမှသည် ... နှစ်ပေါင်းများစွာ ချစ်ချစ်ကြီးနဲ့ လက်တွဲပြီး မင်္ဂလာရှိသော နေ့ရက်များသာ ပိုင်ဆိုင်ပါစေ ... ။
ဒီကနေ့က ထူးခြားတယ်။ တပေါင်းလပြည့်နေ့လဲ ဖြစ်နေလို့နော်။
အထူးပို့စ်မဟုတ်လဲ ခုလို အမှတ်တရ ပို့စ်တင်ပေးတာကို ကျေးဇူးအများကြီး တင်ပါတယ် မရွှေစင်ရေ .. ။
ဒီပို့စ် ဖတ်ရတာ ရယ်လဲရယ်ရတယ်။ ကြည်နူးဖို့လဲ ကောင်းပါတယ်။ ရွှေမင်းသမီးလေးကို ထထ စမ်းရတာ ဆိုတော့ အဟုတ်ကို ရယ်မိတာ။ ဘာပဲဖြစ်ဖြစ် သမီးရည်းစား သက်တမ်းတလျှောက်ရော အိမ်ထောင်သည် သက်တမ်းတလျှောက်ရော တယောက်နဲ့ တယောက် နားလည်မှုရှိရှိ လက်တွဲခဲ့ကြလို့ ခုလောက်ထိ ခိုင်မြဲနေတာပေါ့။
မရွှေစင် ပြောတာ ဟုတ်ပါတယ်... ဘာအထိမ်းအမှတ်မှ မလုပ်ပေမဲ့ ချစ်နေကြရင် ပြီးတာပဲ ... မရွှေစင်တို့ ဇနီးမောင်နှံအတွက် ၀မ်းသာ ဂုဏ်ယူမိပါတယ်။
Mama Shwezin,I think when there is the true love between a couple,life is worth as every time may be thought so short,if someone's love is beside him/her.
You two are very wonderful couple just like being matched by the good spirits.
I admired alot.
Yours lovingly,Watma.
Mama Shwezin,I think when there is the true love between a couple,life is worth as every time may be thought so short,if someone's real love is beside him/her.
You two are very wonderful couple just like being matched by the good spirits.
I admired alot.
Yours lovingly,Watma.
အားကျလိုက်ပါဘိ အစ်မရေ
၂၉နှစ်ကြီးတောင် ချစ်ချစ်ကို ဘယ်လိုများ ထိန်းခဲ့လဲဟင်..
နည်းလမ်းလေး သိပါရစေ.. ရည်းစားသက် ဒီလောက်ကြာတယ်ဆိုတာ နည်းတဲ့ ကုသိုလ်ဟုတ်ဘူးနော်..
ချစ်ခရီး ၂၉နှစ်မှသည် နှစ်ပေါင်းတစ်ရာတိုင်
သားတစ်ရာမြေးတစ်ဖြာနဲ့ ပျော်ပါစေနော်...
၂၉ နှစ် ရှိပြီလား။ အားကျ စရာ ကောင်းလိုက်တာ။ ရွှေရတုကျ ပွဲလုပ်နော်။
နောင်နှစ်ပေါင်းများစွာတိုင်အောင် တူနှစ်ကိုယ် မင်္ဂလာရက်မြတ်များစွာကို ကျော်ဖြတ်နိုင်ပါစေဗျာ။ ဂုဏ်ယူပါတယ် အစ်မကြီးရယ်။ ချစ်ချစ်ကြီးကိုလည်း ပြောလိုက်ပါ။ မောင်မိုးတစ်ယောက် သိပ်အားကျနေပါတယ်လို့။ ကဲ..ကဲ ချစ်ချစ်ခင်ခင် နေကြနော်.။
ယခုနှစ် ၁၀၀ မှသည် နောင် နှစ်ပေါင်း သုံး..လေးရာတိုင် တဦးကိုတဦး သည်းငြီးခံ ပေါင်းသင်းနိုင်ကြပါစေကြောင်း...
းဝ)
အောင်မြတ်လေး...ရည်းစားသက်ပါပေါင်းပြီး ကြေငြာနေရသေး....ရည်းစားစကားစအပြောခံရနေ့ကစပြီးတွက်ရမှာ..
ပေါင်းလာတာ အနှစ်၁၀၀ ကျော်ပြီထင်နေတာတဲ့ လား
အားရပါးရရယ်သွားတယ် မမ ဟိဟိဟိ
အနှစ် ၅၀၀ ကျော်ပါစေလို့ ဆုတောင်းလိုက်ပါတယ်
အင်း...အားကျစရာကြီးပါလား ငါ့အစ်မရယ်...ကုသိုလ်ကံကောင်းလိုက်တာ...
ငါ့အစ်မနဲ့ မမရဲ့ချစ်ချစ်ကြီးနဲ့ ၂၉နှစ်တင်မဟုတ်ဘူး ဖြစ်နိုင်ရင် နောင်နှစ်ပေါင်း ၂၉၀ အထိ မပြောင်းလဲသော အချစ်တွေနဲ့ ဆထက်တပိုး တိုးပြီးချစ်သွားနိုင်ကြပါစေ....
ချစ်ညီမလေး
မင်္ဂလာသက်တမ်း တစ်ဆယ့်ရှစ်နှစ်၊ ဂုဏ်ယူပါတယ်နော်၊
Post a Comment