ဒီနေ့ ဆိုင်မှာ သမီးတွေက မနက်စာ ဝက်သားနဲ့ ကျောက်ဖရုံသီး သပြွန်းဟင်းချက်တယ်၊ ပိတ်စွယ်ချဉ်ကို ကျော်တယ်၊ အရင်က အိမ်မှာ ပိတ်စွယ်ချဉ် စားလေ့မရှိဘူး၊ အခုကျနော်တို့ ဆိုင်မှာ ချက်စားတော့ အခုနှစ်ပိုင်း မန္တလေးမှာ ခေတ်စားလာတဲ့ ပျံကျဈေးလေးတွေကို သွားမှ အဲဒီအချဉ်ကိုတွေ့ဘူးတာ၊ စားလို့ကောင်းလို့ ညီမ ကလည်း အမြဲတန်း တွေ့ရင်ဝယ်လာတယ်၊ လပ်ဆတ်မှ စားလို့ကောင်းတယ်၊ ကျနော်တို့ ကြာဇံဟင်းထဲ ထည့်လေ့ရှိတဲ့ ပိတ်စွယ် ဖြူဖြူနုနုလေး တွေကို အချဉ်တည်ထားတာ ကျော်စားရင် စိမ့်ပြီးချဉ်ဖြုန်းဖြုန်းလေး စားလို့ ကောင်းတယ်။
ညနေစာ ဘာဟင်းချက်မလည်းလို့ မေးတော့ ဝက်သား ကျန်တာနဲ့ ဂေါ်ရခါးသီးနဲ့ သပြွန်းပြန်ချက်မယ်တဲ့ ကျနော်လည်းစိတ်ပိန်သွားတယ် ညမနက် သပြွန်းတော့ မစားချင်တာနဲ့ ဝက်သားဟင်းလေးချက်မယ် လုပ်တော့ သရက်သီးခြောက်ကမရှိဘူး၊ ဒါနဲ့ ဝက်သား ရိုးရိုးဘဲချက်လိုက်ရတယ်၊ ဝက်သားချက် ရင်းနဲ့ ကျနော် ဘလော့ထဲမှာ ကျနော်တို့ မန္တလေး မှာ ချက်လေ့ချက်ထရှိတဲ့ ဝက်သားဟင်းလေးချက် ချက်လိုက်အုန်းမယ်လို့ စိတ်ကူးရတယ်။ သူငယ်ချင်းတွေ ငိုနေရအောင်လေ၊ ကျနော် ရဲ့နိုင်ငံခြားရောက် သူငယ်ချင်းတွေ ကျနော့် ဘလော့ဖတ်ပြီး ငိုရတယ်ဆိုလို့လေ၊ သူတို့မျက်ရေတွေ ကိုချူယူရမယ်၊ ဟဲ..ဟဲ။

ကျနော်တို့ မေမေ က ဟင်းချက်ကောင်းတယ်၊ အချဉ်တည် တာတို့၊ ဝိုင် ဖောက်တာတို့ လည်းတတ်တယ်၊ Christmas ရောက်ရင် သူကိုယ်တိုင် စိမ်ထားတဲ့ ဝိုင်ကို နှစ်ယောက်ထဲ သောက်လေ့ရှိတယ်၊ ဟား...ဟား။ ကျနော်တို့ ခိုးသောက်ထားတဲ့ ကျန်တာကိုမှပါ။
ကျနော် ရဲ့ ဘလော့ဖတ်တဲ့ သူငယ်ချင်းတွေကို တောင်းပန်ရအုန်းမယ်၊ ကျနော်က မန္တလေးသူ ဆိုပေမဲ့ ဆရာဆူးငှက် တို့လို မန္တလေးဗဟုသုတ လည်းမကြွယ်ဝ၊ ဆရာ သိုက်ထွန်းသက်တို့၊ ဆရာညိုထွန်းလူတို့၊ ဆရာဝင်းစည်သူုတို့လို ဆရာမျိုးတွေနဲ့ တခြားမန္တလေးက စာရေးဆရာကြီးတွေလို့ အနုပညာအား ကလည်း မကောင်းတော့ သည်းညည်း ခံပြီးတော့ ဖတ်ကြပါလို့။
ကျနော်တို့ မန္တလေး က ရပ်ကွက်တွေမှာ နှစ်စဉ် ဘုရားပွဲ ကျင်းပလေ့ရှိတယ်၊ သီတင်းကျွတ် ပြီးတဲ့ အချိန် ကစပြီးတော့ တောက်လျှောက်ပေါ့၊ ကျနော် တို့ ရပ်ကွက် ဆိုရင် ရန်မျိုးလုံရပ်ကွက်လို့ ခေါ်တယ်၊ အဲဒီရပ်ကွက်ထဲမှာ မှ သူ့လမ်းသွယ်လေးနဲ့သူ ဘုရားပွဲ လုပ်လေ့ရှိတယ်၊ ကျနော်တို့ လမ်းဆိုရင် လှည်းတန်း လို့ခေါ်တယ်၊ အခု အစိုးရ လက်ထက်မှာ နံမည်လှလှလေး ပြောင်းပေးထားတယ်၊ သရဖီလမ်း တဲ့။
ကျနော်တို့ ရပ်ကွက်တွေက ဘုရင် လက်ထက်ကလက်လုပ် လက်စား တွေသာနေလေ့ ရှိတဲ့ မြို့အစွန်အဖျားက ရပ်ကွက်တွေထင်တယ်၊ လှည်းထောင်တဲ့ လူတွေ အနေများတဲ့လမ်းကို လှည်းတန်း၊ ရေစည်လှည်း ဆွဲတဲ့သူတွေအနေများတဲ့ လမ်းကိုရေစည်တန်း၊ မြေနက်ရွာက လူတွေအနေများတဲ့ လမ်းကို မြေနက်တန်း၊ မုံတီတန်း စသည်စသည်ဖြင့်ပေါ့လေ ....။
အဲဒီလို နံမည်လေး တွေရှိတဲ့ လမ်းသွယ်လေး တွေကလည်း ဘုရားပွဲ နှစ်စဉ်လုပ်လေ့ရှိတယ်၊ ရပ်ကွက်ကြီးတခုမှာ အဲဒီလိုလမ်းသွယ် တွေအများကြီးရှိတော့ ည ညဆို ဘုရားပွဲက ဆိုင်းသံဘုံသံတွေနဲ့ မနက်မနက် ဆိုရင်တော့ ဘုန်းကြီးတွေ စာရေးတံမဲဖောက် တဲ့အသံတွေကို တဆောင်းတွင်း လုံးလိုလို ကြားရလေ့ရှိတယ်၊ ကျနော်တို့ လှည်းတန်းဆိုရင် အိမ်ခြေ ၁၀၀လောက် ဘဲရှိမယ်၊ လူတွေကလည်း လက်လုပ်လက်စားတွေများပါတယ်၊ ဒါပေမဲ့ ဘုရားပွဲကို နှစ်စဉ် အပြိုင်အဆိုင် ကျင်းပ နိုင်တယ်၊ အပြိုင်အဆိုင်လို့ ပြောရတာကတော့ဗျာ ကျနော်တို့ မန္တလေးမြို့မှာ မျိုးချစ်စိတ် အတော်များတဲ့ လူတွေတော်တော်ပေါတယ်၊ တိုင်းပြည်ခြင်း ယှဉ်ရင် ကိုယ့် မြန်မာပြည်၊ မြို့ခြင်းယှဉ်ရင် ကိုယ့်မန္တလေးမြို့၊ အဲဒီလိုဘဲ ရပ်ကွက်ခြင်းယှဉ်ရင်လည်း ကိုယ့်ရပ်ကွက် ကလုပ်တာမှ အကောင်းဆိုတော့ ဘုရားပွဲလုပ်တဲ့ နေရာမှာလည်း အပြိုင်အဆိုင်တွေပေါ့ဗျာ။
ပွဲငှားတဲ့ အချိန်က စပြီးတော့ပေါ့၊ ဒို့ရပ်ကွက်က အောင်ကျော်ညွန့် ၊ ဒို့ရပ်ကွက်ကတော့ မြို့တော်သိန်းအောင်က တပြားမှ မလျှော့ဘူးဆိုတာမျိုးတွေပေါ့၊ စာရေးတံမဲ ဆိုတာလည်းရှိသေးတယ်၊ ဘုန်းကြီးတပါးကို စာရေးတံမဲ တခုနဲ့ သပိတ်တလုံးယူရတယ်၊ စာရေးတံထဲမှာ ကိုယ်တတ်နိုင်ရင် တတ်နိုင်သလောက်လှုကြတယ်၊ ကျနော်တို့ ငယ်ငယ်ကဆိုရင် စာရေးတံထဲမှာ ဧကုတင်တွေ၊ ဘီရိုတွေပါတယ်၊ စောင်တွေ ၊ ခြင်ထောင်တွေ မျက်နှာသုပ် ပဝါအကြီးကြီးတွေ နောက်ပြီး ပိုက်ဆံတွေကို ပဒေသာပင်သီး တာတွေလည်းပါသေးတယ်၊ သိတ်မတတ်နိုင်တဲ့ သူတွေ နဲ့ ကထိကထ သိပ်မခံနိုင်တဲ့ သူတွေကတော့ ပြကဒိန်မှာ ပိုက်ဆံကပ်ပေး လိုက်ကြတာပေါ့၊ မနက်ဆိုရင် ဘုန်းကြီးတွေကို မဲဖောက်ပေးတယ်၊ ကိုယ့်အိမ်ကစာရေးတံလှူတဲ့ဘုန်းကြီး ဘာပေါက်လည်း ဆိုတာ ရပ်ကွက်ထဲက အိမ်တွေကလည်း သိချင်တော့ စာရေးတံမဲဖောက်တဲ့ ဇရပ်လေးနားမှာ လူတွေအုံလို့ပေါ့ ဗျာ၊ ဘုန်းကြီးတွေကလည်း ရင်ခုန်သံ တွေမြန်လို့ပေါ့၊ ကိုယ့်ဘုန်းကြီးများ ကောင်းကောင်း ပေါက်သွားရင် အော်လိုက်ရတာဆူညံလို့။
ဒီရပ်ကွက်ထဲမှာ ဒီလိုရပ်ကွက်သားခြင်း အနီးအနားက ဘုန်းကြီးကျောင်းက ဒါမှမဟုတ် ရပ်ကွက်ထဲမှာ ဆွမ်းခံကြွလေ့ရှိတဲ့ ဘုန်းကြီးတွေကိုဘဲ ကိုးကွယ်ကြတာ ဆိုတော့ များသောအားဖြင့် ဘုန်းကြီးတပါးကို စာရေးတံ မဲ ၃၊ ၄ ခုလောက် ရလေ့ရှိတယ်၊ ကျနော်တို့ ကလေးတွေ ကတော့ ကိုယ့်ဘုန်းကြီးစွန့်ကျဲမယ့် ငှက်ပျောသီးဖီး တို့ မုံတို့ပြကဒိန်တို့ ဘာတို့ကို မျှော်ကိုးရင်းနဲ့ ဘုန်းကြီးရလာမဲ့ ပစ္စည်းတွေကို ကူသည်ပေးရတာပေါ့။
ကျနော်တို့ စာရေးတံမဲယူတဲ့ အိမ်တွေက ဆွမ်းဟင်းနဲ့ဆွမ်းတွေကို သပိတ်နဲ့လောင်းလှုတဲ့အချိန်မှာ သပိတ် အဖုံးကိုသုံးလေ့မရှိဘူး၊ ငှက်ပျောသီးဖီးတို့ လက်သုပ်ပဝါတို့ မုန့်ထုတ်တို့လိုမျိုးတွေနဲ့ သပိတ်အဖုံးလုပ်ပေးလိုက်လေ့ရှိတယ်၊ ဆွမ်းဟင်းဝတ်ခွက်တွေ ကိုလည်း ငှက်ပျောရွက်နဲ့ဘဲ ထိုးလေ့ရှိတယ်။ အဲဒီအချိန်မှာမှ ကျနော်ရဲ့ ဝက်သား ဟင်းလေးချက်က ချက်ဘို့ အချိန်ရောက်လာပါပြီ၊

ကျနော်တို့ အိမ်မှာတော့ ဘုရားပွဲ ဆိုရင် ဝက်သားအိုးကြီးချက်၊ ဒါမှမဟုတ် ဝက်သားဟင်းလေးချက် ချက်လေ့ရှိတယ်။
အဲဒီအချိန်မှာမှ များများနဲ့ ကောင်းကောင်းစားရတာဆိုတော့ ကျနော်တို့ကတော့ တအားပျော်တယ်၊ ရပ်ကွက်ထဲက အိမ်တွေက များသောအားဖြင့် ဘုရားပွဲမရောက်ခင် တရက်ထဲက ဝက်သား တို့ဘာတို့ကို ကြိုတင်ပြီး order မှာထားလေ့ ရှိတယ်၊ အသားကောင်းကောင်း သုံးထပ်သားတို့ ပေါင်သားတို့ ဘာတို့ပေါ့ဗျာ၊ မေမေ စပြီးဟင်းချက်ကထဲက ကျနော်တို့က ဘေးကနေဝိုင်းရှုတ် အဲလေ ဝိုင်းကူပြီး ပျော်နေကြပြီပေါ့၊ မေမေ ကဝက်သားချက်ပြီဆိုရင် အတုံးအကြီးကြီးတွေ အရင်တုံးထားတယ်။
ပြီးတော့မှ ပဲငံပြာရည်၊ ကြက်သွန်နီဥ လေးစိတ်စိတ်၊ ကြက်သွန်ဖြူ အမြှောင်းလိုက်၊ ဂျင်း၊ ခရမ်းချဉ်သီး ကတော့ နဲနဲဘဲထည့်တယ်၊ နောက်ပြီး ကြာညို့နည်းနည်း၊ အရောင်တင်၊ ဆနွင်းနဲနဲ ထည့်ပြီးတော့ မှ ရောနဲ တယ်၊ ပြီးမှ ဆီတွေ အများကြီးလောင်းထည့်၊ ရေ နည်းနည်းထဲပြီး စတည့်ပါပြီ၊ ပြီးတော့ မှ ဝက်သား နူးအိလာတဲ့ အထိ ရေနည်းနည်း ခြင်းထည်ထည့် ပြီး တည်တာ၊ ဝက်သားတွေက နူးအိနေပြီး အနှစ်တွေ အများကြီးနဲ့ စားလို့ အရမ်းကောင်းပါတယ်။

နောက်တခါ ဟင်းလေးချက် တဲ့ နှစ်တွေဆိုရင်လည်း၊ ဆီဖြူသီး တွေအရင်ပြုတ်၊ ဆီဖြူသီး တွေနူးအိနေမှ အစေ့ထုတ်ပြီး ငရုတ်ဆုံနဲ့ကြေနေအောင် ထောင်းရပါတယ်၊ နောက်တခါ မေမေက သရက်သီးစိမ်းတွေ ပေါ်ချိန်ကြရင် ပါးပါးလှီးပြီး အခြောက်လှမ်းထားတဲ့ သရက်သီးခြောက်တွေ ရှိပါတယ်၊ ဈေး ထဲမှာလည်း သရက်သီးခြောက်ရောင်းပါတယ်၊ ဒါပေမဲ့ ကိုယ့်အိမ်မှာ လှမ်းတဲ့ သရက်သီးခြောက်က ပိုကောင်းပါတယ်၊ သရက်သီးခြောက် လှမ်းမယ်ဆိုကထဲက သရက်သီးအမျိုးအစားကို ရွေးဝယ်ရပါတယ်၊ အမျိုးမကောင်းတဲ့ တောသရက်တွေဘာတွေဆိုရင် အနံမကောင်းဘူး၊ အနှစ်ရရင်လည်း မကောင်းဘူး၊ နောက်ပြီး ကိုယ်အိမ်မှာ ကိုယ်လှမ်းတာဆိုတော့ သန့်ရှင်းတာပေါ့ဗျာ၊ ဟိုအခြောက် ဒီအခြောက် တွေမပါ တော့ဘူး ပေါ့။
ခုနက သရက်သီးခြောက် တွေကိုလည်းပြုတ်၊ နူးလာတဲ့ အချိန်ကြမှ ညက်နေအောင်ထောင်း၊ ဝက်သား ကတော့ ခုနက လိုဘဲပြင်ဆင်ရတာဘဲ၊ ဒါပေမဲ့ ကြက်သွန်နီ လျှော့ထည့် ခရမ်းချင်သီး မထည့်ရတော့ဘူး၊ ဝက်သား တော်တော်နူးနေမှ ခုနကထောင်းထားတဲ့ ဇီးဖြူသီး၊ သရက်သီး တွေကိုထည့်ရပါတယ်၊ ပြီးမှ ရေထည့်ပြီး ဆီများများထည့် ရပါတယ်၊ ဟင်းလေးချက်ကတော့ ဆီတော်တော် ထည့်ရတယ်၊ နောက်ပြီး သူက အကြာကြီး ထားလို့ရတယ်၊ ကျက်လို့စားတဲ့အချိန်ကြရင်လည်း အရသာက တအားကောင်း ပါတယ်။
ဘုရားပွဲ မှာ ဆိုရင် ကျနော် တို့မေမေက အဲဒီလို ဝက်သားဟင်းကတခွက်၊ ဘဲဥကြော် (ကြက်ဥ) မဟုတ်ဘူးနော်၊ ကျနော်တို့ မန္တလေး သားတွေက ကြက်ဥဆိုရင် ကြက်သွန်တွေဘာတွေနဲ့ ကြော်လေ့ မရှိဘူး၊ မကျက်တကျက် ဆိုရင်သာ ကြက်ဥ သုံးတာ၊ ဘဲဥကြော်ရင်လည်း ကြက်သွန်နီ ပါးပါးလှီးခရမ်းချဉ်သီးပါးပါးလှီးပြီးမှ ရောမွှေပြီး အချပ်လိုက် ကြော်တာ၊ ပြီးတော့ သရက်ချဉ်သုတ်၊ ကြက်သွန်နီပါးပါးလှီး၊ ငရုပ်သီးစိမ်းပါးပါးလှီး၊ နံနံပင်တို့ဘာတို့နဲ ဆီများများ နဲ့ရောသုတ်တာ၊ တခြားဟင်း တွေကတော့ နဲနဲပါးပါး ဆွမ်းဝတ်ခွက်များရုံဘဲ၊ ဝက်သားချက် သလိုတော့ ရှယ်မဟုတ်တော့ဘူး။
သြ မေ့လို့ ငါးပိကြော် လည်းပါသေးတယ်၊ ဟဲ ဟဲ ပုဇွန်ခြောက်များများ၊ ကြက်သွန်နီနီများများနဲ့ ငပိနဲနဲ နဲ့ ရှယ်လေ၊ ဘုရားပွဲနေ့ဆိုရင် အဲဒီဟင်းနံကျွေးနံတွေက အရပ်ထဲမှာ ဖုန်းလွှမ်းနေတယ်၊ မန္တလေး ရဲ့ဘုရားပွဲအနံလေးပေါ့။ ဒါက ဘုန်းကြီး သပိတ်ထဲထည့်ဘို့နဲ့ အိမ်သားတွေ စားဘို့၊ ထမင်းကျွေး ဧည့်သည်လာရင်လည်း ကျွေးရတာပေါ့ဗျာ။

နောက်တခါ ရှိသေးတယ်၊ ဧည်သည့်တွေလာရင် ဧည့်ခံဘို့ ကျွေးမွေးဘို့၊ အဲတာကတော့ တတ်နိုင်ရင် တတ်နိုင်သလို ကျွေးလေ့ရှိတယ်၊ ကြာဇံဟင်းတို့မုန့်ဟင်းငါးတို့၊ လဘက်ရည်နဲ့မုံ တို့ ပဲမြစ်ထောင်း (အုန်းသီး မြေပဲဆံဖြူး)၊ နောက်ပြီး မုံဆမ်း၊ မုံဆမ်းကတော့ ရှယ်ပေါ့ဗျာ အုန်းသီးများများနဲ ကောင်းသလား မမေးနဲ့ နောက် ထိုးမုန့် မန္တလေး အိမ်တွေကထိုးမုန့်ကို အိမ်မှာဘဲထိုးကြတယ်၊ နောက် အုန်းနို့ ကျောက်ကျော၊ မပါမဖြစ် နောက်တမျိုးကတော့ ဇီးဖြူသီးဆားရည်စိမ်နဲ့ ငပိကြော် ပါဘဲ။
အားလုံး စားသောက်ပြီးရင် အချိုပိတ်လေ၊ ဘုရားပွဲ မတိုင်ခင်၁လလောက် ကထဲက ဇီးဖြူသီး အလုံးကြီးကြီးတွေ ဝယ်ထားပြီး ဆားရည်စိမ် ထားရတာလေ၊ အဲဒါနဲ့ ငါးပိကြော်နဲ့ ပေါ့၊ ကျနော်တို့ အိမ်မှာတော့ ကျနော် အဒေါ်တွေ အပျိုဘဝတုံးကဘဲ ဧည့်သည် ဧည့်ခံတာပါ၊ ကျနော် တို့လက်ထက်မှာတော့ ဟဲ ဟဲ သူများအိမ် တွေ လိုက်စားတာဘဲ ရှိတော့တယ်၊ အိမ်မှာ မကျွေးတော့ဘူး၊ ကျနော်တို့ကတော့ ရင်းနီုးတဲ့ သူငယ်ချင်းတွေ လာရင် ပွဲဈေးတန်းဘဲ လိုက်ကျွေးလိုက်တယ်၊ အိမ်မှာ မေမေကလည်း ကလေးတွေနဲ့ မလုပ်နိုင် ဖေဖေ ကလည်း စကားတအားများတာ။
ဘုရားပွဲ ဖြစ်တာကို နားညည်းလို့ ဘာလို့နဲ့ရွတ်နေတာ၊ ဘုရားပွဲ ကိုယောင်လို့တောင် တချက်လဲှ့ကြည့်တာမဟုတ်ဘူး၊ မြန်မာ့ ရိုးရာစရိုက်များကို လုံးဝလက်မခံသော၊ စိတ်လည်း မဝင်စားသော အဖေ တယောက်ဆိုတော့ သူငယ်ချင်းများကို အိမ်မှာ ဧည့်မခံနိုင်ပါ၊ တခြား အရပ်များမှာ ကျင်းပသော ဘုရားပွဲများမှာတော့ သမီးလုပ်တဲ့ သူက အဝလိုက်စားလေ့ရှိပါတယ်။ ကျနော်တို့ သူငယ်ချင်းတွေက ဘုရားပွဲလိုက်စားရင် တော်ပြီနဲ့ တကယ်တော်ပြီ ကို ပြောလေ့ရှိတယ်၊ တော်ပြီ ဆိုတာ ထပ်ထည့် အုန်းဆိုတဲ့ သဘော လူကြားထဲဆိုတော့ ထည့်ပါဆိုရင်မကောင်းတော့ တော်ပြီဆိုရင် ထပ်ထည့် ရတယ်။
တကယ်တော်ပြီဆိုမှ အထဲရပ်ရတယ်၊ ဒါကကျနော်တို့ သူငယ်ချင်းတွေရဲ့ တာဝန်နဲ့ဝတ္တရားဘဲ။ ဘုရားပွဲ မှာ တော့ များသောအားဖြင့် ဇာတ်ကြီးတွေဘဲ ငှားလေ့ရှိတယ်၊ သိပ်ပြီးစီးပွား အဆင်မပြေတဲ့ နှစ်တွေ မှာတော့ အငြိမ့်တွေဘာတွေငှားတယ်၊ တခါတလေ ကြရင်တော့ တရက်ကို တငြိမ့်နှုန်းနဲ့ ငှားလေ့ရှိတယ်၊ အငြိမ့်ကမယ်ဆိုရင်တော့ လမ်းထဲမှာ စင်ထိုးပြီးကထဲက တရပ်ကွက်လုံး ဖျာအစုတ်တွေ မိုးကာစတွေ ခုံတန်းလျှားတွေနဲ့ နေရာဦးကြတော့တာဘဲ၊ ဆူလို့ညံလို့ ပွက်လောရိုက်လို့ပေါ့၊ အဲ ဇာတ်ကမယ် ဆိုရင်တော့ ပွဲကြည့်စဉ်တွေ စဆောက်ဘို့ ဝါးလုံးကားကြီးလာချ ကထဲက ဘုရားပွဲရဲ့အနံအသက်တွေ ရနေပြီပေါ့ဗျာ။
တရပ်ကွက်လုံး ပျော်ရွှင်နေကြတာလေ၊ စဉ်ဆောက်မယ့် လူတွေလာပြီ ဆိုရင်တော့ တရပ်ကွက်လုံးအတွက်အလုပ်က စပါပြီ၊ ကလေးတွေကတော့ ဝါးလုံးတွေပေါ်တက်ဆော့၊ လူကြီးတွေကတော့ စင်ထိုးတာထိုင်ကြည့်ရင်းနဲ့ အတင်းတုတ် ကြပေါ့၊ အလုပ်ရှိရင်လည်း အိမ်ရှေ့မှာဘဲ ထိုင်လုပ်လေ့ရှိကြတယ်၊ ပဲအခွံချွတ်တာတို့ ၊ ဟင်းရွက်သင်တာတို့ပေါ့။
နောက်ပြီး စင်ထိုးတာကို ကြည့်ရင်း ` ဟေ့ ဒီနှစ်တော့ နှင်းမိုးတွေထည့်တယ်ဟ၊ မထည့်ရင်လည်း အေးလို့သေရောပေါ့တို့` `စဉ်တွေများ တယ်ဟေ့ မင်းသားက ကောင်းတာကိုးတို့` ဟာဒီနှစ် စဉ် တွေကကျဉ်းလိုက်တာတို့` ဒို့ဝယ်ရင် ဘယ်နားက ဝယ်မယ်တို့` ဘာတို့ပေါ့ဗျာ၊ အလုပ်တွေက စဖြစ်နေကြပြီ၊ စဉ်တွေထိုးပြီးတာနဲ့ စဉ်လက်မှတ် တွေ စဝယ်ကြပြီ၊ ကိုယ်ကြိုက်တဲ့ နေရာရအောင်ပေါ့၊ အဲဒီ အချိန်မှာ ကျနော်တို့တော့ မပါဘူး၊ ကျနော် ဖေဖေ နဲ့ မေမေ က ပွဲကြည့်တာ ဝါသနာ မပါတော့ ကျနော်တို့လည်း မကြည့်ရဘူးပေါ့၊ ကျနော်လည်း ဝါသနာမပါဘူး။
ဒါပေမဲ့ အားလုံး လှုတ်လှုတ်ရှားနဲ့ ပျော်ရွှင်နေကြတော့ ကြည့်ချင်တာပေါ့၊ ကျနော်တို့အိမ်ကလမ်းထိပ် တည့်တည့် မှာ ဆိုတော့စဉ်တွေဆောက်ရင်လည်း အိမ်ရှေ့တည့်တည့်မှာ ဆောက်ထားတာ၊ ပွဲကရင်လည်း အကုန် ကြားနေရတာ၊ ကျနော် တို့ကတော့ ဖေဖေ အိပ်ရင်တော့ ထွက်ကြည့် ချင်ကြည့်လိုက်တာဘဲ၊ လူရွှင်တော် ပျက်လုံးတွေကိုဘဲ ကြိုက်တာ၊ နှင်းမိုးစဉ် တွေမပါတဲ့နှစ် ဆိုရင် အိမ်ပေါ်က လှမ်းကြည့်ရင်တောင်မြင်ရတယ်၊ ဆရာဆူးငှက်တို့လို အနုပညာပါရမီမပါတော့ ဘာမှမခံစား တတ်ခဲ့ဘူး၊ ကျွဲပါး စောင်းတီးသလိုပေါ့ဗျာ။
ပျက်လုံးတွေ ဆိုလို့ပြောရအုန်းမယ်၊ ကျနော် တို့ရပ်ကွက်ထဲမှာ အငြိမ့်ထောင်တဲ့ အိမ်တအိမ်ရှိတယ်၊ ကျနော်တို့နဲ့ အရမ်းရင်းနှီးတယ်၊ လူရွှင်တော် သောင်းဒန်တို့ ဂျော်လီတို့ မိတ်ဆက်တို့ဆိုတာ တခေတ်တခါ ကမန္တလေးမှာ နံမည်ကြီးတွေပေါ့၊ အဲဒီမှာခုနပြောတဲ့ ဦးဂျော်လီက ကျနော်တို့လမ်းထဲက အငြိမ့်ထောင် ပိုင်ရှင်ပေါ့။
အဲဒီဦးဂျော်လီသမီးက ကျနော်ထက် ၅နှစ်လောက်ကြီးမယ်။ ညီမ အရင်းတွေလို နေလာကြတာ၊ မေမေတို့ရဲ့မွေးစားသမီးလိုဘဲပေါ့၊ ဝမ်းတူးတူးဝမ်း ရယ် အငြိမ့်နံမည် တွေမေ့နေတယ်၊ နောက်မှ ပြန်ပြောပြပါမယ်၊ ခေါင်းဆောင်မင်းသမီး (အခုရုပ်ရှင်မင်းသမီး ဒေါ်နွဲ့နွဲ့စန်းတို့နဲ့ အတူတူလက်တွဲ လုပ်ခဲ့ကြတာပေါ့)၊ အဲဒီ ဦးဂျော်လီ တို့ အငြိမ့်က ကျနော်တို့ လမ်းထဲမှာ တနှစ် က ပြပါတယ်၊ အဲဒီမှာ ကျနော် စပြီး ပျက်လုံးတွေကို ခံစားတတ်လာတာပါ။
အခုခေတ်မှာတော့ အဲဒီပျက်လုံးတွေက တော်တော်ရိုးသွားပါပြီ။ အဲဒီအချိန်တုန်းကတော့ အတော်ဆန်း ခဲ့တာပေါ့၊ ဦးဂျော်လီတို့ဆိုရင် အချုပ်ထဲမှာ ခဏ ခဏ အနားယူရတာပေါ့၊ ဦးဂျော်လီ ကလည်းခေသူတော့ မဟုတ်ဘူး၊ တရုပ်တို့ ရုရှား တို့ကို အနုပညာကိစ္စနဲ့ အစိုးရကစေလွှတ်တာခံရသူပေါ့၊ အဲဒီညတုန်းက လည်းရဲစခန်းက ခေါ်သွားတာခံရတယ် ထင်တယ်။
ကျနော် တို့ ကလည်းဒီညတော့ ကိုယ်သိတဲ့သူကမှာဆိုတော့ စိတ်ဝင်တစားပေါ့၊ ဦးဂျော်လီ သမီး နဲ့မိန်းမ တို့ကတော့ အရပ်ထဲမှာ ကတာကိုရှက်လို့တဲ့ သူတို့အကြောင်းဘာမှ မပြောနဲ့ပေါ့၊ ဦးဂျော်လီ ကအနုပညာရှင်စစ်စစ် ကြီးပါ မိန်းမနဲ့သမီးမှာတာမပြောနဲ့၊ ဦးနေဝင်း မှာတာတောင် နားထောင်တဲ့ သူမှမဟုတ်တာ၊ အခုပျက်လုံးကလည်း ဦးနေဝင်းနဲ့ တိုက်ရိုက် သက်ဆိုင် ပါတယ်။
ပျက်လုံးအတိအကျတော့ မမှတ်မိတော့ဘူး၊ သဘောတရားကိုတော့ မှတ်မိနေလို့ ပြောလို့ရပါတယ်၊ သူတို့ မိသားစု ကဆင်းရဲတော့ အသားမစားနိုင်ဘူးပေါ့၊ အဲဒါနဲ့ အသားစားချင်လို့ ချောင်းဘေးမှာ ငါးသွားမျှား တော့ ငါးလေးတကောင်မိခဲ့ တယ်ပေါ့။
အိမ်ရောက်တော့ မိန်းမရေ ငါးလေးကြော်ပေးပါဆိုတော့ မိန်းမက `ရှင်ရူးနေသလား ဘယ်မှာလည်း ဆီပေါ့၊ ကျုပ်တို့ လုပ်သားပြည်သူတွေ ဆီမမြင်ရတာ ဘယ်လောက်ရှိပြီ လည်းပေါ့၊ အဲဒါဆိုလည်း ငါ့ကို ဒီ ငါးလေးတော့ ရေလုံပြုတ်လေးဘဲ လုပ်ပေးပါပေါ့၊ အဲဒီတော့ မိန်းမက ငါးပြုတ်စရာ မီးသွေးလည်းမရှိဘူး ထင်းလည်းမရှိဘူး၊ ဝယ်စရာ ပိုက်ဆံလည်း မရှိဘူးဆိုတော့ `ကဲ ကဲ မိန်းမရေ ရှိစေတော့ ` ဆိုပြီး ငါးလေးကို ချောင်းထဲ ပြန်လွှတ်လိုက်သတဲ့။
ဟဲ.....ဟဲ ငါးလေးက ` မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌကြီး ဦးနေဝင်းကျန်းမာပါစေ၊ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ အောင်ရမည်` လို့ ဆုတောင်း ပြီး ရေကူးသွားသတဲ့ ဟား..... ဟား....ဟား။

ကျနော့် ရဲ့ ဘုရားပွဲ ဆောင်းပါးလေးကို ဒီတင်ဘဲ တကယ်တော်ပါရစေတော့ဗျာ..
2 comments:
har har...
:))
ကောငးပါသည်။
Post a Comment