Monday, September 28, 2009

ငယ်ဘဝများ(၇)နှင့်မတရားတဲ့အမိန့်အာဏာမှန်သမျှဆန့်ကျင်ကြ (၂)

ကျနော်ရဲ့ငယ်ဘဝများ(၇)ရဲ့Title နဲ့ကျနော်ရေးထားတဲ့ အကြောင်းအရာတွေကို conflict ဖြစ်တယ် လို့ထင်တဲ့ သူတွေအတွက် ကျနော်ပြန်လည်ဖြေရှင်းပြပရစေ၊ comment ထဲကပြောရင် အားလုံး မဖတ်မိ မှာစိုးလို့ post တခုအနေနဲ့တင်ပေးလိုက်ပါတယ်။

ကျနော် ဖေဖေ အမိန့်ကို မဆန့်ကျင်ရဲပါဘူး၊ ကျနော်လို ဘာမဟုတ်တဲ့ သူငယ်နှပ်စား ၁၀ နှစ်၁၁နှစ် အရွယ် ကလေး တယောက်ဟာ အိမ်ရဲ့အာဏာရှင် အဲလေ ယောင်လို့ အိမ်ထောင်ဦးစီး တယောက်၊ အဖေ တယောက်ကို တိုက်ရိုက်တော့ ဘယ်ဆန့်ကျင် ရဲပါ့မလဲ။

ဆန့်ကျင်ခဲ့ရင် အနဲဆုံး အဆူတော့ခံရမယ်၊ (အရိုက်တော့ ခံချင်မှခံရမယ်) အဖေဖြစ်နေလို့လေ၊ ပထွေး ဆိုရင်တော့ သေနိုင်တယ်ဗျာ၊ မေမေ ကန်တော့နော်၊ ပထွေးဆိုတော့ နည်းမျိုးစုံနဲ့ နှိုတ်စက်တော့မှာဘဲ၊ ကျနော်တို့ လူမျိုးတွေက မျိုးချစ်စိတ် အပြည့် ရှိတယ် မဟုတ်လား၊ သူ့ရဲ့သမီးအရင်းမဟုတ်တဲ့ ကျနော့်ကို သူ့အမိန်နာခံအောင် လုပ်တော့မှာဘဲ၊ ခုနလိုမျိုး ရှုအိုးအိမ်ပေါ်က မှောက်ကြတာမျိုး (တမင်ဘဲဖြစ်ဖြစ်၊ မတော် တစ ဘဲဖြစ်ဖြစ်) များဖြစ်ခဲ့ရင် အသေသတ်တော့ မှာပေါ့။

အဲဒီတော့ ကျနော်တို့လည်းစဉ်းစားရမှာပေါ့၊ အဖေလားပထွေးလား၊ ပထွေး ဆိုရင်တော့၊ အဖေ ကိုလုပ်တဲ့ နည်း နဲ့တော့ ဘယ်ရတော့မလဲ၊ ကျနော်တို့မှာ ပထွေးကို ရင်ဆိုင်နိုင်တဲ့ စွမ်းအားတွေရှိပြီလား၊ ပထွေးကို ဆန့်ကျင့်နိုင်တဲ့ အင်အားတွေရှိရင်တော့ ရပါပြီ၊ ခင်ဗျားတို့ မတရားဘူးထင်တဲ့ အမိန့်အာဏာမှန်သမျှ ဆန့်ကျင် လို့ ရသွားပါပြီ။

အခုကျနော် ရင်ဆိုင်ရတာက အဖေ အရင်းဆိုတော့ ဒီလောက်တော့ လုပ်လို့ရတာပေါ့၊ ဖေဖေက ကျနော် မလုပ်ချင်တဲ့ အလုပ်၊ ကျနော် မတရားဘူးထင်တဲ့ အလုပ်တွေကို ခိုင်းခဲ့ရင် တတ်နိုင်သမျှတော့ အနဲဆုံး ကျနော်တော့ မလုပ်ရအောင် ကျနော်တတ်နိုင် သလောက်အစွမ်းနဲ့ လုပ်ဆောင်ခဲ့ပါတယ်ဆိုတာ ပြောပြတာပါ (အဖေ အရင်းအပေါ် ကိုပြောတာပါ) ။

ပထွေးဆိုရင်တော့ အခုနေ အသက်တောင် ရှင်ချင် မှရှင် မယ်နော်၊ နှိုတ်စက်ခံရတာတွေများလွန်းလို့ သေရင်တောင်သေသွားနိုင်တယ်။ ခင်ဗျားတို့လည်း သဘော ပေါက်ပေါ့ဗျာ၊ မတရားတဲ့ အမိန့်အာဏာ မှန်သမျှဆန့်ကျင်ကြ ဆိုပေမဲ့လည်း အဖေလား ပထွေး လား ဆိုတာကိုတော့ နားလည်ကြပေါ့။ ဒါပါဘဲဗျာ.....

အားလုံးကို ကျေးဇူးတင်ပါတယ်..
.

1 comment:

အင်ကြင်းသန့် said...

သားသမီးတွေအပေါ်မှာထားတဲ့ အဖေအရင်းရဲ့ စိတ်ဓါတ်နဲ့ ပထွေးရဲ့ စိတ်ဓါတ်ကလည်း တော်တော်လေးကွာသေးတာကိုး....